စိမ်းလန်းမြေ ပရဟိတ အခမဲ့စာသင်ကျောင်း တည်ဆောက်မည့် အစီအစဉ်၏ ပထမဆုံးသော
ခြေလှမ်းအဖြစ် (၂၀၁၂-၂၀၁၃) ပညာသင်နှစ်အတွက် မိတ္ထီလာ၊ သာစည်၊
ဝမ်းတွင်းမြို့နယ်များမှ ဆင်းရဲနွမ်းပါးသော ဆယ်တန်း ကျောင်းသား/သူ
စုစုပေါင်း အယောက် (၂၀)အား ရွေးချယ်ခေါ်ယူ၍ ဆယ်တန်းတစ်နှစ်လုံးစာ အတွက်
တာဝန်ယူပေး
သွားမည် ဖြစ်ပါသည်။ ထိုသို့စီစဉ်ထားရာတွင် ကျောင်းသား၊ ကျောင်းသူများ
ပညာသင်ကြားမှု၌ ဖိဖိစီးစီး၊ ထိထိရောက်ရောက် ရှိစေရေးအတွက် စိမ်းလန်းမြေ
ပရဟိတအဖွဲ့မှ အဖွဲ့ဝင်တစ်ဦး၏ အကူအညီဖြင့် ကျောင်းသားဆောင်စီစဉ်ပြီး
ကျောင်းအိပ်၊ ကျောင်းစား လေ့ကျင့် ပေးသွားမည် ဖြစ်ပါသည်။
ထို့အပြင်
Section ချိန်တွင် နီးစပ်ရာ (၁၀)တန်းကျောင်းသား ကျောင်းသူများကို
လက်ခံသင်ကြား ပေးသွားရန် ဆုံးဖြတ်ထားပါသည်။ ထိုကဲ့သို့ကျောင်းသားဆောင်
စီစဉ်ရာတွင် မိထ္ထီလာစက်မှုဇုန်အနီးမှ စီးပွားရေးတက္ကသိုလ်
ကျောင်းသားဆောင်ဝင်းတစ်ခုကို တစ်လလျှင် ကျပ်၅၀,၀၀၀ နှုန်းဖြင့်
ငှားရမ်းထားရြှိပီးဖြစ်ပါသည်။ အဆိုပါ ကျောင်းသားဆောင်ဝင်းအတွင်းရှိ
အဆောင်အချို့နှင့် ရေချိုးခန်း၊ အိမ်သာ စသည်တို့တွင် ပြုပြင်မွမ်းမံရန်
လိုအပ် နေပါသဖြင့် ပြုပြင် နိုင်ရန် တစ်ဦးခြင်းသော်လည်းကောင်း၊
စေတနာရှင်များ စုပေါင်း ၍သော်လည်းကောင်း၊ ကုသိုလ်ပါဝင် နိုင်ကြပါရန်
လေးစားစွာ အသိပေးတင်ပြအပ်ပါသည်ခင်ဗျာ...။
ကနဦး ပါဝင်လှူဒါန်းနိုင်သော နေရာများ .....မြေဖို့ရန်
မြေသယ်ကားတစ်စီး = ၁၅၀၀၀ ကျပ်
(ခန့်မှန်း မြေသယ်ကား ၅ စီး စာခန့် မြေဖို့ရန် လိုအပ်ပါသည်။)
အဆောက်အဦ ပြုပြင်ရန်
ထရံတစ်ချပ် (ဒေသပေါက်ဈေး) = ၇၅၀၀ ကျပ်
(ခန့်မှန်း ထရံ ၁၀ ချပ်ခန့် လိုအပ်ပါသည်။)
လူနေရန်
သစ်သားကုတင်တစ်လုံး = ၂၅၀၀၀ ကျပ်
(ကျောင်းသား ကျောင်းသူ ၂၀စာ ကုတင် ၂၀ လုံး လိုအပ်ပါသည်။)
စာသင်ရန်
စာသင်ခုံ အရှည်တစ်စုံ = ၃၀၀၀၀ ကျပ် (၆ စုံ လိုအပ်ပါသည်။)
စားပွဲခုံ ၁ လုံး နှင့် ထိုင်ခုံ ၄ လုံး = ၃၀၀၀၀ ကျပ်
လစဉ် ပါဝင်လှူဒါန်းနိုင်သော နေရာများ ကျောင်းသား၊ ကျောင်းသူ တစ်ဦးချင်းစီ အတွက် ပညာသင်နှစ်
တနှစ်လုံး အတွင်းမှာ တစ်လလျှင် ပညာသင်စရိတ် ပရဟိတ အလှူငွေ
၃၀၀၀၀ ကျပ်
( အလှူရှင်နေရာ ၂၀ နေရာ လိုအပ်ပါသည်။)
ကျောင်းသား/သူများ
အစစအရာရာ ပြီးပြည့်စုံစွာနဲ့ ပညာရေး တစ်ခုတည်းမှာပဲ
အာရုံစိုက်သင်ကြားနိုင်ကြဖို့ အတွက် လိုအပ်သမျှ စားစရိတ် စသဖြင့် လိုအပ်တဲ့
အရာမှန်သမျှ အတွက် ကုန်ကျခံသုံးစွဲရန်
တစ်လလျှင် အလှူငွေ ၃၀၀၀၀ ကျပ်
(အလှူရှင်နေရာ ၂၀ နေရာ လိုအပ်ပါသည်။)
စိမ်းလန်းမြေ ပရဟိတအဖွဲ့သို့ ဝင်ရောက်လိုပါက
ဆက်သွယ်လှူတန်းလိုပါက