Enjoy with " Learning English Online websites"
http://www.livemocha.com/
Livemocha လိုင်းကကမ္ဘာ့ပထမဆုံး အွန်လိုင်း social language learning
site လို့ပြောနိုင်တယ်။ ဒီ site ကိုလာတဲ့သူတိုင်း self-study ကို free
လုပ်ခွင့်ပေးထားတယ်။ သင်ခန်းစာတွေ အများကြီးထည့်ထားပေးတယ်။
ကိုယ်နဲ့တွဲပြီး လေ့လာချင်တဲ့သူတွေကို ကမ္ဘာအရပ်ရပ်မှာ ရှာနိုင်တယ်။
အင်္ဂလိပ်စကားပြောတဲ့ နိုင်ငံပေါင်း များစွာက သူငယ်ချင်းတွေက ကူညီဖို့
အသင့်စောင့်နေတယ်။ Livemocha မှာ video တွေ၊ audio တွေကို download
ချယူနိုင်သေးတယ်။ အင်္ဂလိပ်စကားပြောနိုင်ငံတွေက ဆရာတွေရဲ့ ပို့ချချက်တွေ၊
အသုံးဝင်တဲ့ နည်းလမ်းလေးတွေလည်း လေ့လာနိုင်တယ်။
http://www.verbalearn.com/
အင်္ဂလိပ်စာ vocabulary ကြွယ်ဝချင်ရင် ဒီ site ကိုဝင်ပြီးလေ့လာသင့်တယ်။
လေ့လာသင်ယူစရာ နည်းလမ်းပေါင်းစုံနဲ့ လမ်းညွှန်ပေးထားတယ်။
အဲဒီနည်းလမ်းတွေအားလုံးဟာလည်း အဖြစ်နိုင်ဆုံးနဲ့ အကောင်းဆုံး
နည်းလမ်းတွေလို့ ပြောနိုင်တယ်။ အခမဲ့ရနိုင်တဲ့ အထဲမှာ vocabulary
builders, MP3 နဲ့ ရယူနိုင်တဲ့ list တွေအပြင်၊ RSS vocabulary list
ကိုပါတွေ့ရတယ်။ အခြားလေ့လာစရာတွေ အများကြီး ထည့်ပေးထားပါတယ်။
http://www.1-language.com/
အင်္ဂလိပ်စာလေ့လာရာမှာ နားထောင်ခြင်း (listening) ဟာ အခြားဘာသာစကား
သင်ယူမှုထက် ကောင်းတယ်လို့ပြောနိုင်တယ်။ အထူးသဖြင့် အင်္ဂလိပ်စာကို second
language အနေနဲ့ လေ့လာနေကြတဲ့ သူတွေ အတွက် ဒီ site မှာ အခမဲ့ audio
သင်ခန်းစာတွေ၊ လေ့ကျင့်ခန်းတွေ အများကြီး စီစဉ်ထားတယ်။ Tutorial အနေနဲ့
audio သင်ခန်းစာပေါင်း ၄ဝ လောက်ပေးထားတယ်။ လက်တွေ့လေ့ကျင့်နိုင်အောင်
စကား ပြောတွေချည်းပေးထားတယ်။ Language ကို acadimic အနေနဲ့
လေ့လာနေတဲ့သူတွေ အမေရိကန် တက္ကသိုလ်တွေရဲ့သင်ခန်းစာတွေအတိုင်း
လေ့လာနိုင်ပါလိမ့်မယ်။
http://www.bbc.co.uk/
BBC ရဲ့ ဘာသာစကားလေ့လာမှု website ဟာ ဘာသာစကားမျိုးစုံ
လေ့လာဖို့အကောင်းဆုံး site တစ်ခုလို့ဆိုနိုင်တယ်။ အဲဒီအထဲမှာ
အင်္ဂလိပ်လည်းပါတယ်။ Audio နဲ့ video course တွေကို အခမဲ့ပေးတယ်။
အွန်လိုင်း မှာ newsletters, language tips နဲ့ အခြား
သင်ထောက်ကူတွေအစုံအလင် ပေးထားပါတယ်။
http://www.usingenglish.com/
အင်္ဂလိပ်စာကို second language အနေနဲ့ လေ့လာနေကြတဲ့ ကျောင်းသားတွေအတွက်
အထူးအားထားလောက်တဲ့ site ဖြစ်ပါတယ်။ ဒီ site ထဲမှာ reference တွေ
အများကြီးပေးထားတယ်။ ပြီးတော့ English glossary, ESL test, quizzes,
worksheets, English usage article, ESL discussion forum ကဏ္ဍတွေက
စိတ်ဝင်စားစရာကောင်းတယ်။ လေ့လာဖို့ ရင်းမြစ်တွေအစုံပဲ။ လေ့လာရာမှာ
အခက်အခဲ တွေ့နေရင်လည်း "Ask an English Teacher" မှာ မေးလို့ရတယ်။
သိချင်တာတွေကို ပြန်ဖြေပေးနိုင်တယ်။
http://www.about.com/
အင်္ဂလိပ်စာကို second language အနေနဲ့ သင်ခန်းစာ ၈ ခု အခမဲ့ပေးထားတယ်။
အဲဒီ course တွေကို အီးမေးလ်ကတဆင့် ပို့ပေးတယ်။ လေ့လာနိုင်တဲ့ learning
resources တွေကိုလည်း link တွေပေးထားတယ်။ Community forum မှာ
ကျောင်းသားတွေ အနေနဲ့ ကိုယ်လေ့လာထားတာတွေကို ဆွေးနွေးနိုင်တယ်။
http://www.learn-english-online.org/
အင်္ဂလိပ်စာကို နည်းနည်းပဲသိသူတွေ၊ skill နိမ့်သူတွေအတွက်
ဝင်ပြီးလေ့လာသင့်တဲ့ site တစ်ခုဖြစ်တယ်။ ဒီ site ထဲမှာ အခန်း ၁၁ ခန်းနဲ့
အခြေခံအင်္ဂလိပ်စာကို သင်ပေးထားတယ်။ Unit တိုင်းမှာ သင်ခန်းစာတွေ
အများကြီးထည့်ပေးထားတယ်။ စုစုပေါင်း သင်ခန်းစာ ၅ဝ လောက်ကို
အခမဲ့လုပ်ကြည့်နိုင်တယ်။
http://www.word2word.com/
ဒီ site ကတော့ အခမဲ့ရယူနိုင်တဲ့ အွန်လိုင်း language directory
တစ်ခုဖြစ်တယ်။ Free ပေးတဲ့ language course အတော်များများကို link
တွေလုပ်ပေးထားတယ်။ အွန်လိုင်း dictionary တွေ၊ translator တွေ၊ YouTube
ပေါ်မှာ လေ့လာနိုင်တဲ့ ဘာသာစကားတွေ၊ ဘာသာစကားကို chatting လုပ်နိုင်တဲ့
site တွေနဲ့ အခြား ဘာသာစကားသင်ယူမှုဆိုင်ရာ သင်ထောက်ကူပစ္စည်းတွေကအစ
အားလုံး ညွှန်းထားပါတယ်။
http://www.transparent.com/
ဒီ site ကတော့ ဘာသာစကားလေ့လာတဲ့ learning ဆော့ဖ်ဝဲတွေကို ရောင်းတဲ့ site
ဖြစ်တယ်။ ကိုယ်တိုင်လေ့လာနိုင်တဲ့ self-learners build vocabulary
တွေကိုလည်း ဘာသာစကားပေါင်း ၁ဝဝ ကျော် လောက်နဲ့ အခမဲ့ပေးထားတယ်။
သူတို့ပေးထားတဲ့ free resources တွေထဲမှာ games, articles နဲ့ free
downloads တွေလည်းပါတယ်။
http://www.englishclub.com/
အင်္ဂလိပ်စာကို သင်ယူချင်တဲ့သူတွေ၊ သင်ကြားချင်သူတွေအတွက် အားကိုးလောက်တဲ့
site တစ်ခုဖြစ်တယ်။ Videos, lesson, games, chat တွေအစုံအလင်နဲ့
လေ့လာနိုင်တယ်။ အင်္ဂလိပ်စာကို practice လုပ်ဖို့ အကောင်းဆုံး site
တစ်ခုအနေနဲ့ ညွှန်းချင်တယ်။
ကမ္ဘာ့ဘာသာစကားလေ့လာမှုအွန်လိုင်း အဖွဲ့အစည်းကြီးတစ်ခုဖြစ်တယ်။ Web 2.0
concept တွေနဲ့ အင်္ဂလိပ်စာအပြင် အခြား ဘာသာစကားလေ့လာသူတွေကိုပါ
အကူအညီပေးနေတယ်။ ဒီအဖွဲ့မှာ ဂလိုဘယ် partner တွေ၊ lessons, video, audio
နဲ့ အခြား သင်ထောက်ကူတွေအများကြီးကို စီစဉ်ပေးထားတယ်။
http://a4esl.org/
အင်္ဂလိပ်စာနဲ့ပတ်သက်ပြီးတော့ လှုပ်ရှားမှုတွေကို ဒီ site မှာလေ့လာနိုင်တယ်။
Level အသီးသီးကို ဘာသာစကားနှစ်မျိုး (bilngual) နဲ့ဖော်ပြထားတယ်။
အင်္ဂလိပ်စာ လှုပ်ရှားမှုဆိုတာ grammer quizzes, vocabulary quizzes,
bilingual quizzes, crossword puzzles နဲ့ ESL podcasts တွေကို လေ့လာ
ချင်စရာကောင်းအောင် စီစဉ်ပေးထားတယ်။
http://www.digitaldialects.com/
ဒီ site မှာပေးထားတဲ့ ဂိမ်းတွေက ဘာသာစကားကို လေ့လာချင်စိတ်ဖြစ်အောင်ကို
ဆွဲဆောင်သွားပါလိမ့်မယ်။ ဘာသာစကား အမျိုးမျိုးလေ့လာနိုင်တယ်။
အင်္ဂလိပ်စာကို အခမဲ့လေ့လာနိုင်တယ်။ ပထဝီဝင်ဆိုင်ရာ
ဂိမ်းကိုလည်းထည့်ထားပေးတယ်။ အခြား သင်ယူရာမှာ အထောက်အကူဖြစ်စေနိုင်တဲ့
အခမဲ့ site တွေကိုလည်း link တွေ ပေးထားတယ်။
http://rlnvault.com/rln09/
အခမဲ့ အွန်လိုင်း audio lessons တွေကို ဘာသာစကား အမျိုးပေါင်း ၂ဝ နဲ့
သင်ကြားပေးပါတယ်။ အဲဒီအထဲမှာ အင်္ဂလိပ်စာ လည်းပါတယ်။ ကျောင်းသားတွေအနေနဲ့
သင်ခန်းစာတွေကို download ချယူနိုင်တယ်။ ပြီးတော့
ကိုယ့်ကွန်ပျူတာမှာကိုယ်ပြန်ပြီး အေးအေးဆေးဆေးလေ့လာနိုင်တယ်။ MP3 player
နဲ့လည်း အသံဖိုင်တွေကို ဖွင့်နားထောင်ပြီး လေ့လာနိုင်တယ်။
http://www.vocabulix.com/
အင်္ဂလိပ်စာ၊ ပြင်သစ်နဲ့ စပိန် vocabulary တွေကို vocabulary builder
ကတဆင့် လေ့လာနိုင်တယ်။ Verb drills နဲ့ bilingual dictionaries တွေလည်း
ထည့်ပေးထားတယ်။ ဒီ site မှာ vocabulary သင်ခန်းစာပေါင်း ၉ဝ
လောက်ထည့်ထားပေးတယ်။