Groups
Groups
Sign in
Groups
Groups
Myanmar AU
Conversations
About
Send feedback
Help
ပြည်ထောင်စုလွှတ်တော်တွင် နိုင်ငံတော်သမ္မတကြီး ပြောကြားသွားသည့် မိန့်ခွန်းကောက်နုတ်ချက်
2 views
Skip to first unread message
mg mg
unread,
Mar 1, 2012, 4:08:48 AM
3/1/12
Reply to author
Sign in to reply to author
Forward
Sign in to forward
Delete
You do not have permission to delete messages in this group
Copy link
Report message
Show original message
Either email addresses are anonymous for this group or you need the view member email addresses permission to view the original message
to
15:05
Myanmar Express Group
No comments
From : ကျေးစေတမန်
ဒီနေ့ ပြည်ထောင်စု လွှတ်တော်မှာ နိုင်ငံတော် သမ္မတကြီးက မိန့်ခွန်း ပြောသွားပါတယ်။ မိန့်ခွန်းပါ အချက်အချို့ဟာ အပြင်မှာ ပြောနေကြတဲ့ ကောလဟလ အချို့ကိုလည်း ဖြေရှင်းသွားတာ တွေ့ရပါတယ်။ ဒီနေ့ အသွင်ကူးပြောင်းရေး ကာလဟာ အစိုးရ တစ်ရပ်တည်းရဲ့ လုပ်ဆောင်ချက်ကြောင့် ဖြစ်လာတာမျိုး မဟုတ်ဘဲ၊ နိုင်ငံရေးပါတီ အသီးသီး၊ အရပ်ဖက် လူ့အဖွဲ့အစည်းေးတွ၊ မီဒီယာ လောကသားတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ လွှတ်တော် ကိုယ်စားလှယ်ကြီးတွေ၊ တရားစီရင်ရေး မဏ္ဍိုင်က ပုဂ္ဂိုလ်တွေ စတဲ့ Stateholder ကြီးတွေ အပါအဝင် မိဘပြည်သူ တွေရဲ့ ဦးထမ်းပဲ့ထမ်း ကြိုးပမ်းဆောင်ရွက်မှု တွေကြောင့် ဖြစ်ပေါ်လာခဲ့တာဖြစ်တဲ့ အကြောင်း ပြောကြားသွားပါတယ်။
ဒီနေ့ သတင်း မီဒီယာတွေမှာ အပြောအများဆုံး သတင်းဖြစ်တဲ့ ကချင်ပြည်နယ်က တိုက်ပွဲတွေ အကြောင်း ကိုလည်း ပြောသွားပါတယ်။ တပ်မတော် တပ်ရင်းတပ်ဖွဲ့များ အနေဖြင့် မိမိကိုယ်ကို ခုခံကာကွယ်ရုံမှ လွဲ၍ ထိုးစစ်ဆင် တိုက်ခိုက်ခြင်းမပြုရန် အမိန့်ထုတ်ထားပြီး ဖြစ်ကြောင်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကလည်း တင်းရပ်တပ်ဖွဲ့များကို အမိန့်ထုတ်ပြန်ထားပြီး ဖြစ်ကြောင်း၊ ဒါပေမယ့် တိုက်ပွဲများဆက်လက် ဖြစ်ပွားနေခြင်းနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း၊ ထိုသို့ ဖြစ်နေခြင်း ကြောင့် တစ်ဖက်နှင့်တစ်ဖက် လက်ညှိုးထိုး အပြစ်တင်နေ၍ မဖြစ်ကြောင်း၊ ဦးစွာပထမ အပစ်ရပ်ဖို့ လိုကြောင်း၊ ထိုသို့ဖြစ်ရန် နှစ်ဦးနှစ်ဖက် တာဝန်ရှိကြောင်း ပြောသွားပါတယ်။ လက်နက်ကိုင်တဲ့ လက်တွေကို လက်တော့ကိုင်နိုင်အောင် ဆောင်ရွက်သွားမယ့် အကြောင်း ပြောသွားတာဟာလည်း မှတ်သားစရာ တစ်ခု ဖြစ်ပါတယ်။
အစိုးရ အဖွဲ့အတွင်း ခေါင်းမာသူနှင့် ပျော့ပျောင်းသူဆိုပြီး နှစ်ဖွဲ့ကွဲနေတယ် ဆိုတဲ့ အချက်ကိုလည်း ဖြေရှင်း သွားတာ တွေ့ရပါတယ်။ လူတစ်ဦးချင်းရဲ့ စရိုက်နဲ့အညီ စီမံ ခန့်ခွဲတာက လွဲရင် ခေါင်းမာသူ၊ ပျော့ပျောင်း သူဆိုပြီး ကွဲနေတာ မဟုတ်မှန်ကြောင်းလည်း ပြောသွားပါတယ်။
ကမ္ဘာ့စီးပွားရေး မတည်မငြိမ် ဖြစ်နေတဲ့ အချိန်၊ စီးပွားရေး ပိတ်ဆို့မှုများ မရုတ်သိမ်းသေးသည့် အချိန်၊ ပြည်တွင်း စီးပွားရေး လုပ်ငန်းများ ခိုင်မာအားကောင်းပြီး ရှင်သန်နိုင်ခြင်း မရှိသေးတဲ့ အချိန်မှာ နိုင်ငံသားတွေ စီးပွားရေး လုပ်ငန်းများ အဆင်ပြေစေရန် လုပ်ငန်းလိုင်စင်တွေ၊ ပို့ကုန် သွင်းကုန်တွေ အဆင်ပြေစေရန်၊ ခေတ်စနစ်နဲ့ အညီ မကိုက်ညီတော့တဲ့ အခြေအနေကို ပြုပြင် ပေးခဲ့ကြောင်းလည်း ပြောသွားပါတယ်။
ဝန်ထမ်း လစာတိုးရေးနဲ့ ပတ်သက်လို့တော့ အခြေအနေအချိန်အခါသင့်ရင် သင့်သလို ဆောင်ရွက် ပေးသွားမှာ ဖြစ်တဲ့အကြောင်း ပြောကြားသွားပါတယ်။ ဝန်ထမ်း အရေအတွက်ဟာ (၃.၃) ရာခိုင်နှုန်း ရှိကြောင်း၊ ဝန်ထမ်းမဟုတ်တဲ့ (၉.၆) ရာခိုင်နှုန်းသော ပြည်သူတွေကို ငဲ့ကွက်ဖို့လိုကြောင်း၊ ကိုယ့်ရဲ့ယန္တရား တစ်ရပ်ထဲကို စဉ်းစား၍ မရနိုင်ကြောင်း၊ မိမိတို့ကိုယ်တိုင် မြင့်မားတဲ့ လစာတွေကို ခံစားခြင်းမရှိဘဲ၊ ယခင်အစိုးရ လက်ထက်က လစာအတိုင်းပဲ ခံစားနေကြခြင်း ဖြစ်တဲ့အကြောင်းလည်း ပြောသွားပါတယ်။
ဆင်းရဲမွဲတေမှု လျော့ချနိုင်ရေး အတွက်လည်း ကြိုးပမ်းနေကြောင်း၊ ဆင်းရဲမွဲတေမှု (၂၆) ရာခိုင်နှုန်းကနေ ၂၀၁၅ ခုနှစ် အရောက်မှာ (၁၆) ရာခိုင်နှုန်းအထိ လျော့ချ သွားနိုင်စေရန်နဲ့ အဆင်းရဲဆုံး နိုင်ငံများစာရင်း ကနေ ရုန်းထွက်နိုင်အောင် ကြိုးပမ်းသွားမှာ ဖြစ်ကြောင်းလည်း ပြောကြားသွားပါတယ်။
ရေရှည်ကာလအနေနဲ့ ညီမျှမှုနှင့် မျှတမှုဆိုတဲ့ အခွန်ဥပဒေတစ်ရပ် ပြဌာန်းနိုင်ရန် ကြိုးပမ်းနေကြောင်း၊ သမ္မတ အပါအဝင် နိုင်ငံသားအားလုံး အခွန်ဆောင်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ဖို့ ကြိုးပမ်း သွားမယ့်အကြောင်း၊ အလုပ်လုပ်နိုင်တဲ့ နိုင်ငံသား အလုပ်လုပ်ကိုင်ဖို့ လိုအပ်ကြောင်းလည်း ပြောကြား သွားပါတယ်။
ပညာရေး ကဏ္ဍအနေနဲ့ ခေတ်စနစ်နဲ့ အညီ ဖြစ်ဖို့လိုကြောင်း၊ အခြေခံပညာ စာသင်ကျောင်းတိုင်း၊ တက္ကသိုလ် တိုင်းမှာ စာကြည့်တိုက်တွေ ရှိဖို့လိုကြောင်း၊ အွန်လိုင်း စာကြည့်တိုက်တွေ ရှိဖို့လိုကြောင်း၊ ဆရာ၊ ဆရာမများ ရဲ့အရည်အသွေး၊ စာသင်ကျောင်းသားများရဲ့ အရည်အသွေးကို အဆက်မပြတ် မြှင့်တင်ဖို့လိုကြောင်း၊ ပညာရေး အသုံးစရိတ် တိုးမြှင့် သုံးစွဲသွားမယ့် အကြောင်းကိုလည်း ပြောကြားသွားပါတယ်။
သဘာဝ အရင်းအမြစ်များတွေ ထုတ်ရောင်းတဲ့ စီးပွားရေး စနစ်အစား၊ ကုန်ထုတ်လုပ်မှုကို ဆောင်ရွက် နိုင်မယ့် စီးပွားရေး စနစ်ကို ဆောင်ရွက်သွားမယ့် အကြောင်းကိုလည်း ပြောကြားသွားပါတယ်။
ဂလိုဘယ် လိုက်ဇေးရှင်းနဲ့ ပြတ်ကျန်ရစ်ခဲ့တဲ့ မြန်မာနိုင်ငံအနေနဲ့ ခေတ်သစ်စနစ်သစ်နဲ့ ချိတ်ဆက်ရာမှာ ဘိုးဘွားဘီဘင်တွေ ကျင့်သုံးခဲ့တဲ့ တိုင်းရင်းသား ဓလေ့ထုံစံတွေ မပျောက်ပျက်အောင်လည်း ဆောင်ရွက် သွားကြရမှာ ဖြစ်တဲ့ အကြောင်း ပြောကြားသွားပါတယ်။
နိုင်ငံတော် တည်ဆောက်ရေး အဆင့်ဆင့်မှာ Rule of Law ရှိဖို့ အရေးကြီးကြောင်းလည်း ပြောကြား သွားပါ တယ်။ နိုင်ငံသားတိုင်းဟာ ဒီမိုကရေစီ အမူအကျင့်တွေနဲ့ လိုက်လျောညီထွေရှိဖို့ လိုကြောင်းလည်း ထည့်သွင်း ပြောကြားသွား ပါတယ်။
နိုင်ငံခြားရေး မူဝါဒနဲ့ ပတ်သက်လို့တော့ ခေတ်အဆက်ဆက် ကျင့်သုံးခဲ့တဲ့ လွတ်လပ်ပြီး တက်ကြွတဲ့ နိုင်ငံခြားရေး မူဝါဒကို ဆက်လက် ကျင့်သုံးသွားမယ့် အကြောင်း ပြောကြားသွားပါတယ်။
နိဂုံးချုပ် အနေနဲ့တော့ လုပ်ပိုင်ခွင့်ကို မှန်မှန်ကန်ကန် ကျင့်သုံးဖို့၊ အထက်အောက် တာဝန်သိမှု၊ တာဝန်ယူမှု ရှိရှိနဲ့ ဆောင်ရွက်သွားမယ့် အကြောင်း၊ နိုင်ငံတကာ ရေစီးကြောင်းမှာ နောက်ကျကျန်ခဲ့တဲ့ နိုင်ငံကို အတွင်းအပြင်း သင်ခန်းစာတွေ ရယူပြီး အကျိုးရှိရှိ ဆောင်ရွက်သွားမယ့် အကြောင်း ပြောကြားသွားပါတယ်။ အစိုးရကို မိဘပြည်သူများ ကလည်း ဝိုင်းဝန်ပြီးတော့ ထိန်းကျောင်း တည့်မတ်ပေးကြဖို့၊ လူ့အဖွဲ့အစည်း တိုးတက် ခိုင်မာလာအောင် ဝိုင်းဝန်း ဆောင်ရွက်ပေးကြဖို့၊ အချိန်တိုတိုအတွင်းမှာ အရာထင်လာအောင် ကူညီပေးကြဖို့၊ အလုံစုံ ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသေးစေကာမူ အသက်နဲ့ခန္ဒာကို စွန့်လွှတ်ဖို့အထိ ကတိပြုထားသူများ ပီပီ၊ အရိုးကြေကြေ အရေခန်းခန်း ကြိုးပမ်း ဆောင်ရွက်သွားမယ့် အကြောင်း ပြောကြား သွားခဲ့ပါတယ်။
Myanmar Express
Posted in:
သတင်း
Reply all
Reply to author
Forward
0 new messages