အပျိုစင်ဘ၀ကို ခွဲစိတ်ခြင်းမှ ရယူရန်၊
Adult Expo တွင် အကြိုက်များခဲ့သည့် လိင်ဖျော်ဖြေမှု အသုံးအဆောင်များ၊
ရုရှားအစိုးရ အမှုထမ်းများတွင် မော်စကို မြို့တော်ဝန် အချမ်းသာဆုံးအဖြစ် သတ်မှတ်ခံရ ၊
အသက် ၁၆ နှစ်အရွယ် ဗြိတိန်နိုင်ငံမှ သန်းကြွယ် သူဌေး ၊
နေပြည်တော် အမျိုးသား အထိမ်းအမှတ်ဥယျာဉ်နှင့် သိုက်ချောင်းလမ်းဆုံ Baggy Bus များ စတင်ပြေးဆွဲ ၊
အခြေခံပညာ သင်ယူနေကြသော ကျောင်းသားအချို့ မြန်မာစာဘာသာရပ် တတ်ကျွမ်းမှု အားနည်းချက်များ ရှိသည့်အပြင် ယင်းဘာသာဖြင့် ကျရှုံးသူများပင်ရှိ ၊
အထင်ကြီးချင်အုံး နိုင်ငံခြား၊
ငလျင်ဒဏ် ကာကွယ်ရေး ကုတင် တရုတ် နိုင်ငံသား တီထွင် ၊
ကမ္ဘာပေါ်တွင် လူငယ်အလုပ်လက်မဲ့ ၈၁ သန်းအထိ စံချိန်တင်မြင့်တက် ၊
နေနှင့်ဆင်တူသည့် ကြယ်တစ်လုံး နက္ခတ်ဗေဒ ပညာရှင်များ ရှာဖွေတွေ့ရှိ ၊
Top Ten Thai Curries
အပျိုစင်ဘ၀ကို ခွဲစိတ်ခြင်းမှ ရယူရန် .
ကမ္ဘာပေါ်ရှိ
ဖွံ့ဖြိုးပြီး နိုင်ငံများတွင် လက်ထပ်ခါနီး သတို့သမီးလောင်းများသည်
“အပျိုစင်
ဖြစ်အောင် ခွဲစိတ်ပြင်ဆင်မှု”
('virginity repair) ဟုခေါ်သော ခွဲစိတ်ပြုပြင်မှုမျိုးကို လက်မထပ်မီ
ပြုလုပ်မှုများ သိသာစွာ မြင့်တက်လာနေကြောင်း သိရသည်။
ဗြိတိန်တွင် ဆေးခန်းသီးသန့် ထိုင်သော ဆရာဝန်များထံမှ ကောက်ယူထားသော
စစ်တမ်းများအရ ဤကဲ့သို့သော ခွဲစိတ်မှုမျိုးကို ပြုလုပ်ရန် လာရောက်
ဆွေးနွေးသော
အမျိုးသမီးအရေအတွက်သည် အများဆုံး နေ့များတွင် တစ်နေ့ကို သုံးဦးအထိပင်
ရှိကြောင်း၊ ထိုအမျိုးသမီးများသည် ဆေးပညာအရ Hymenoplasty
(အပျိုမြှေးပြန်ထည့်ပေးခြင်း) ဟုခေါ်သော ထိုခွဲစိတ်မှု၏ ရလဒ်ကို
မင်္ဂလာဦးညတွင်
“သူတို့သည် ထိုည မတိုင်မီ ယောက်ျားနှင့် ပတ်သက်သော အတွေ့အကြုံ လုံးဝမရှိဘဲ
ဖြူစင်ပါသည်” ဟူသော လှည့်စားချက်အနေဖြင့် အသုံးချရန် ရည်ရွယ်ကြပြီး
ခွဲစိတ်မှုမှ အသက်အန္တရာယ်ပင် မမှုဘဲ ခံယူလာကြသည်ဟု တွေ့ရှိရသည်။
အဆိုပါ ခွဲစိတ်မှုမျိုးကို လန်ဒန်မြို့ Harley Street အထူးကုစင်တာတွင်
ပေါင်
၁၈၅၀ ယူ၍ ပြုလုပ်ပေးနေကျဝါရင့်ခွဲစိတ်အထူးကု တစ်ဦး၏ ပြောစကားအရ လွန်ခဲ့သော
နှစ်များကနှင့် ယှဉ်လျှင်ပင် ယခုနှစ်၌ ဤခွဲစိတ်မှုမျိုး ခံယူရန်
လာရောက်ပြသမှု
အရေအတွက် ၃ ဆခန့် တိုးမြင့်လာခဲ့ကြောင်း သိရသည်။
ထိုခွဲစိတ်မှုသည် အမျိုးသမီး တစ်ဦး၏ အပျိုမြှေးကို မွေးရာပါ သဘာဝအတိုင်း
(အပျိုစင်များအတိုင်း) ပြန်လည်တပ်ဆင်ပေးသော လုပ်ငန်းစဉ်ဖြစ်ပြီး
ခွဲစိတ်ခံရပြီးသူ၏ အပျိုမြှေးပါးသည် မင်္ဂလာဦးညတွင် ပြန်လည် ပေါက်ပြဲကာ
(အပျိုစင်များအတိုင်း) သွေးထွက်ဦးမည် ဖြစ်သည်။ ဤကဲ့သို့
ဘ၀တစ်လျောက်လုံးနှင့်ချီ၍ လွန်စွာ အရေးပါသော ခွဲစိတ်မှုသည် နာရီဝက်ခန့်သာ
ကြာမြင့်မည် ဖြစ်ပြီး ထုံဆေးဖြင့်ပင် လန်ဒန်မြို့ရှိ Regency ဆေးခန်းတွင်
Consultant Gynaecologist (အတိုင်ပင်ခံ သားဖွားမီးယပ် အထူးကုဆရာဝန်ကြီး)
ဒေါက်တာ မက်ဂ်ဒီဟန်းက ပြုလုပ်ပေးနေပြီး ၁၈၅၀ ပေါင် ကျသင့်မည် ဖြစ်ကာ
အချို့နေရာများတွင်မူ ပေါင် ၄၀၀၀ (မြန်မာငွေ သိန်း ၆၀ နီးပါး) အထိ
ဈေးပေါက်နေသည်ဟု သိရသည်။
ထိုခွဲစိတ်မှုသည် ဆေးပညာအရ တရားဝင်ခံယူခွင့် ရှိပြီး ခွဲစိတ်ခံယူသူ
မည်သူကမျှ
အမည်၊ လိပ်စာစသော ကိုယ်ရေးအချက်များကို အမှန်မပေးကြဟု သိရသည်။
လူမှုရေးပုံမှားရိုက် လှည့်ဖျားခြင်းတစ်ခုအဖြစ် သက်ရောက်မှု ရှိနေသော်လည်း
ဥပဒေအရ တားမြစ်ပိတ်ပင်ပိုင်ခွင့် ပြဌာန်းခြင်းကို မည်သည့်သတင်းတွင်မှ
လက်ရှိ
သတင်းရေးနေသည့် အချိန်အထိ မကြားရသေးပါ။
အဆိုပါဆရာဝန်ကြီးက “ဟိုးအရင်တုန်းက ဆိုရင် တစ်ပတ်မှ ဒီခွဲစိတ်မှုမျိုး
တစ်ခုနှစ်ခုဆိုတာ အလွန်ဆုံးပါပဲ။ ဒါကလည်း ကျန်းမာရေးပြဿနာ တစ်ခုခုကြောင့်သာ
ဖြစ်ပြီး အခုလို လူမှုရေးကိစ္စသဘောမျိုးအတွက် မဟုတ်ပါဘူး။ အခုတော့
တစ်နေ့တည်းတောင် ၂ ခု သို့မဟုတ် ၃ခု လောက် လုပ်ပေးနေရပါတယ်။ ခွဲစိတ်မှု
ခံချင်သူ အားလုံးနီးပါးဟာ မင်္ဂလာ ဆောင်တော့မယ့် သူတွေ ဖြစ်ပြီး တစ်ချိန်က
သူတို့ရဲ့ အတွေ့အကြုံ အဖြစ်အပျက်တွေကို သူတို့ရဲ့ သတို့သားနဲ့ မိသားစုတွေ
မသိအောင် ဖုံးကွယ်ချင်ကြတဲ့ သဘော ရှိကြပါတယ်။ ဒါဟာ ဘာသာရေး သဘောမဟုတ်ဘဲ
လူမှုရေးသဘော ဆောင်နေပါတယ်။ အကယ်၍ သတို့သမီးတစ်ယောက်ဟာ မင်္ဂလာဦးညမှာ
သွေးမထွက်လို့ အပျိုမဟုတ်ဘူးလို့ သတ်မှတ်ခံရရင် ဒါဟာ မိသားစုနဲ့ သူ့အတွက်
အကြီးအကျယ် ရှက်စရာပဲ ဖြစ်ပါတယ်။ ဒီလိုဖြစ်လို့ ယောက်ျားက သူ့ကို
စွန့်ခွာသွားမှာ၊ တစ်ဘ၀လုံး သံသယနဲ့ ငြိုငြင်နေမှာ အမျိုးသမီးတိုင်း
အရမ်းကြောက်ကြပါတယ်။ ဒါကြောင့် ဒီလို ခွဲစိတ်မှုတွေအကြောင်း တစ်ဆင့်တစ်ဆင့်
ကြားသိလာကြပြီး လုပ်ဖို့ အရမ်းဆန္ဒ ရှိလာကြတာ ဖြစ်ပါမယ်” ဟု ပြောပြခဲ့သည်။
(စာဖတ်သူ မရှင်းမလင်း မေးချင်နေသော အချက်များ အားလုံးအတွက် ကျွန်တော်၏
ကွန်မန့်ကို သတင်းဆောင်းပါးအပြီး အောက်တွင် ဆက်လက် ဖတ်ရှုနိုင်ပါသည်။
ဆန္ဒမစောပါနဲ့။ သတင်းကိုသာ အေးဆေး ဆက်လက် ဖတ်ရှုပါ)
Consultant Surgeon (အတိုင်ပင်ခံ ခွဲစိတ်ဆရာဝန်ကြီး) ဒေါက်တာ အက်ရှ်မိုစာဘီ
ကမူ
“ဒီနေ့ခေတ် နိုင်ငံအသီးသီးမှာ အနောက်တိုင်းယဉ်ကျေးမှု လွှမ်းမိုးသော
နေထိုင်မှုပုံစံ (westernized lifestyles) တွေကို လက်ခံကျင့်သုံး
နေထိုင်သူတွေ
အရမ်းများပြားနေပြီး ဒီလိုနေရတာကို အတုယူသဘောကျတဲ့ စိတ်နဲ့ မိမိရဲ့
အရှက်သိက္ခာကို ရရာနည်းနဲ့ ထိန်းချင်ကြတဲ့ စိတ် ထိပ်တိုက်တွေ့ကြတာ
ဖြစ်ပါတယ်။
မိန်းမတစ်ယောက်အနေနဲ့ ဘာကိုမှမမှုဘူး ဆိုသည့်တိုင်အောင် မင်္ဂလာဦးညမှာ
အဆင်မပြေ
ဖြစ်ခဲ့ရင် အကြီးအကျယ် ပြစ်တင်ရှုံ့ချစရာ ဖြစ်ပြီဆိုတဲ့ အဖြစ်ကိုတော့
မှုပါတယ်။
ဒီလိုဖြစ်မှာ ကြောက်ရင် အစောကတည်းက ကိုယ့်ဘ၀ကိုကိုယ်
တန်ဖိုးထားထိန်းသိမ်းသင့်တာပေါ့။ အားလုံးပြီးသွားတော့မှ ခွဲစိတ်ခန်းထဲဝင်ပြီး
အပျိုစင်ဘ၀ ပြန်ရချင်တယ်ဆိုတာတော့ တကယ်စိတ်ပျက်စရာ တစ်မျိုးပါပဲ” ဟု သူ၏
ကိုယ်ပိုင်အမြင်ကို ပွင့်လင်းစွာ ထုတ်ဖော် ပြောဆိုခဲ့သည်။
၎င်းနှင့်အတူပင် ထိုခွဲစိတ်မှုမျိုးကို ဥပဒေထုတ် တားမြစ်သင့်သည်ဟူသော
တောင်းဆိုခြင်းများလည်း ပေါ်ပေါက်နေကြောင်း သိရသည်။ သို့ရာတွင်
ဗြိတိန်ကျန်းမာရေးဦးစီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတစ်ဦးက
၎င်းတို့၏
NHS ခေါ် National Healthcare Services ပိုင်ဆေးရုံများတွင် အပျိုမြှေး
ပြန်လည်တပ်ဆင်ပေးသော ခွဲစိတ်မှုကို ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာ
လိုအပ်မှုများ အတွက်သာ ပြုလုပ်ပေးလျက် ရှိပြီး မည်သည့်
လူမှုရေးအကြောင်းပြချက်
အတွက်နှင့်မှ ပြုလုပ်ပေးခြင်းမရှိကြောင်း ငြင်းချက်ထုတ် ပြောဆိုသွားသည်။
*ကျွန်တော် ပြောပြလိုသော ကျန်းမာရေး အသိပညာများနှင့်
ဝေဖန်သုံးသပ်ချက်တို့ကို
အမှတ်စဉ်တပ်ကာ ဆက်လက်ဖော်ပြပေး ထားပါသည်။ ဤသို့ ရေးသားဖော်ပြပေးသည်ကို
ဟီရိသြတပ္ပ တရားတို့မှ ကင်းလွတ်သည်ဟု မယူဆကြစေလိုဘဲ လူတိုင်းသိသင့်သော
ကျန်းမာရေးဗဟုသုတ၊ လူမှုရေးဗဟုသုတ ပေးခြင်းဟုသာ မှတ်ယူကြစေလိုပါသည်။
သေချာမသိလျှင် မြန်မာ့လူဘောင်တွင် သို့လော သို့လော နှင့် မလိုလားအပ်သော
လူမှုရေးပြဿနာများ ပေါ်ပေါက်နိုင်ခြင်းကြောင့် တင်ပြပေးလိုက်ပါသည်။
*
(၁) အပျိုစစ်မစစ် ဘယ်လိုခွဲမလဲ
အပျိုစင် စစ်ပါက ပထမဆုံး အတွေ့အကြုံတွင် သွေးထွက်ရမည်၊ အပျိုမြှေး
မစုတ်ပြဲဘဲ
ရှိနေရမည်မှာ ယေဘုယျသဘော မှန်သော်လည်း သွေးမထွက်ရုံ၊
အပျိုမြှေးမရှိရုံဖြင့်လည်း ထိုမိန်းမသည် အပျိုစစ်စစ် မဟုတ်ပါဟု
တပ်အပ်မစွပ်စွဲနိုင်ပါ။ အဘယ့်ကြောင့် ဆိုသော် အပျိုစစ်ခြင်းသည် အပျိုမြှေး
ရှိခြင်းသာ ဟူ၍ ကျဉ်းမြောင်းစွာ အဓိပ္ပာယ် ဖွင့်ဆို၍ မရနိုင်သောကြောင့်
ဖြစ်သည်။
အပျိုမစစ်သော်လည်း အပျိုမြှေးကျန်နေသော အမျိုးသမီးများလည်း
ဤကမ္ဘာကြီးပေါ်တွင်
ဒုနှင့်ဒေး ရှိကြသည်။ (အချို့ဆိုလျှင် ယောက်ျားနှင့်နေတိုင်း
သွေးထွက်နေသဖြင့်
အပျိုမြှေးဖယ်ရှားသော ခွဲစိတ်မှု လုပ်ရသည်အထိ ရှားရှားပါးပါး ရှိတတ်သည်)
ထိုကိစ္စထက် အရေးကြီးသော ကိစ္စမှာ အပျိုမြှေးမရှိ၍
သွေးမထွက်ရုံ
တစ်ချက်တည်းနှင့်လည်း အပျိုစင် မဟုတ်ပါဟု တပ်အပ်မပြောနိုင်ခြင်း ဖြစ်သည်။
အကြောင်းကြောင်းကြောင့် ငယ်စဉ်ကတည်းက စုတ်ပြဲသွားသူတွေ မရှိတော့သူတွေ
ရှိနေနိုင်သည်။ အားကစားလိုက်စားသူတွေ၊ အလုပ်ကြမ်းလုပ်ရသူတွေ၊
အလေးအပင်မသူတွေ၊
စက်ဘီးဆိုင်ကယ် နေ့စဉ်စီးရသူတွေမှာ တစ်ခါတစ်ရံ စုတ်ပြဲပြီးသား သို့မဟုတ်
မရှိတော့ဘဲ ဖြစ်နိုင်သည်။ ထိုအမြှေးပါး မကျန်တော့လျှင်ဖြင့်
သိသာများပြားအောင်
သွေးမထွက်နိုင်တော့ပါ။
ဒီအကြောင်း ဂဃနဏ မသိလျှင်ဖြင့် ပြဿနာတွေ တက်ကြပေမည်။
ပညာရှင်များကိုယ်တိုင်ကပင်
“အမျိုးသမီးတစ်ယောက် အပျိုတကယ်စစ်မစစ် စစ်ဆေးနိုင်ခြင်း ဆိုသည်မှာ မရှိဘဲ
အပျိုမြှေးရှိမရှိသာ စစ်ဆေးနိုင်ပါသည်” ဟု ၀န်ခံထားသည်ကို
ထောက်ရှုနိုင်သည်။
ထိုအမြှေးပါးကိုယ်တိုင်က ဝေေ၀၀ါးဝါး အနေအထား ရှိသမို့ သူ့အပေါ်ကြည့်၍
ဆုံးဖြတ်ခက်လည်း ထိုနည်းလည်းောင်း ဖြစ်ပါသည်။
သို့ဆိုလျှင် ခွဲနိုင်သောနည်းလမ်း မှန်ကန်သော နည်းလမ်း မရှိတော့ဘူးလားဟု
မေးစရာ
ရှိသည်။ ရှိပါသည်။ အကြမ်းဖျဉ်း လမ်းလျှောက်စဉ် ကိုယ်ခန္ဓာအမူအရာ
လှုပ်ရှားပုံနှင့် ခွဲနိုင်သည်ဟု ပြောကြသည်။ ထိုထက် သေချာသော အချက်
တစ်ချက်မှာ
စည်းကျော်ဖူးသော မိန်းမသည် မည်မျှ အိနြေ္ဒကောင်းနေစေကာမူ မကျော်ဖူးသော
မိန်းမနှင့် မျက်လုံးအကြည့်၊ စကားအပြောအဆို လေသံအနိမ့်အမြင့်၊
ကိုယ်ဟန်အမူအရာ
စသည်တို့၌ စည်းမကျော်ဖူးသော မိန်းမနှင့် သေချာကြည့်တတ်လျှင် ကွာပါသည်။
ရင်းနှီးတာကြာလာလေ အကဲခတ်ရတာ ပိုလွယ်လေ ဖြစ်ပါသည်။
(စည်းတစ်ခါမှ မကျော်ဖူးသော မိန်းမသည် မည်မျှပင်သွက်လက် ပွင့်လင်းစေကာမူ၊
စာတွေ့မည်မျှပင် သိစေကာမူ ကျော်ဖူးသူနှင့် မတူပါ ဆိုသည့်အချက်ကို
လူကဲခတ်ကောင်းသော ကိုကိုများ လက်ခံသဘောပေါက်ကြမည် ထင်ပါသည်။ ဆောင်းပါးနှင့်
သွေဖီသွားမည် စိုး၍ ဤနေရာတွင် ရပ်ပါမည်)
အမျိုးသားများ အနေဖြင့် မိမိတို့ဘ၀လက်တွဲဖော်၏ စာရိတ္တနှင့်
မိန်းမကောင်းတန်ဖိုးကို မိမိတို့၏ နှလုံးသား၊ ဥာဏ်ပညာတို့ဖြင့်သာ
ချိန်စက်မှတ်ကျောက်တင် အဆုံးအဖြတ်ပေးနိုင်ရန် မရှိမဖြစ် လိုအပ်သည်ဟု
ယုံကြည်ပါသည်။
(၂) မိန်းမတစ်ယောက်ရဲ့ တကယ့်တန်ဖိုး
(ပထမဆုံးအကြိမ် အိမ်ထောင်ပြုခြင်းမဟုတ်သော အမျိုးသမီးများနှင့်
အနိုင်ကျင့်ခံရသော အမျိုးသမီးများအတွက် မဆိုလိုပါ)
တစ်ညတာ ကျော်လွန်သွားပြီးချိန်တွင် ပေါက်ပြဲသွားမည် ဖြစ်သော
အမြှေးပါးတစ်ခုသည်ကပဲ တစ်ဘ၀လုံးစာ အရေးကြီးဆုံးလား၊ မိမိလက်တွဲဖော်၏
စိတ်နေစိတ်ထားနှင့် မိမိအပေါ် ထားသော မေတ္တာ၊ အရည်အချင်း စသည်တို့ကသာ
လက်တွေ့ဘ၀တွင် ပိုအဓိကကျသည်ဟု ဆိုချင်သူများလည်း ရှိကြပါသည်။
ထိုစကားကိုလည်း
လက်ခံပါသည်။ သို့သော် အတိုင်းအတာတစ်ခု အထိသာ ဖြစ်ပါသည်။
အထက်တွင် စကားဦး ဆိုထားခဲ့သလို တစ်ပင်လဲ၍ တစ်ပင်ထူကြသူများကို ဘာမှ
အပြစ်မပြောလိုပါ။ သို့သော် မိန်းမတစ်ယောက်၏ တန်ဖိုးသည်
ထိုအမြှေးပါးမဟုတ်သော်လည်း ထိုအမြှေးပါးကို ထိန်းသိမ်းထားနိုင်သည့်
ဂုဏ်သိက္ခာသည်သာ မိန်းမတစ်ယောက်၏ တန်ဖိုးဖြစ်ပါသည်။ သူ့ဘ၀မှာ
အရေးကြီးဆုံးသော
ထိုအရာကိုမျှ ထိန်းမထားနိုင်သော မိန်းမသည် အခြားမည်သည့်အရာကိုမျှ
ထိန်းသိမ်းစောင့်ရှောက်ထားရန် ခက်ပေလိမ့်မည်။ (ထပ်ပြောပါမည်။ ပထမဆုံးအကြိမ်
အိမ်ထောင်ပြုခြင်းမဟုတ်သော အမျိုးသမီးများနှင့် အနိုင်ကျင့်ခံရသော
အမျိုးသမီးများအတွက် မဆိုလိုပါ)
ထိုသို့သော မိန်းမတွေဘက်က ရှေ့လိုက်သူများကတော့ ယောက်ျားတွေ
မကောင်းလို့ပါဟု
လျှောက်လဲချက် ပေးချင်ကြမည်။ တကယ်လက်တွဲရမည့်သူ (ဖူးစာရှင်ဆိုသူ)နှင့်
မတွေ့ရသေးခင် အရင်တွေ့သူကို ယုံ၍ ချစ်၍ ပုံအပ်လိုက်ခြင်း ဖြစ်ပါသည်ဟု
လျှောက်လဲချက် ပေးလျှင် လက်ခံခွင့်လွှတ် မေ့ပျောက် ပေးပါသည်ဟု သင်ကော
ပြောမည်လား။ ဒီစကားဖြင့် အတိတ်ကို လွဲဖယ်ခေါင်းရှောင်၍ မရနိုင်။
တစ်ခါက ကျွန်တော်ရေးခဲ့သော ဟာသထဲကလို မွေးကတည်းက သော့ခလောက်ဘ၀ပိုင်ရှင်
မိန်းကလေးများ အနေဖြင့် မိမိတို့၏ ဘ၀ကို မိမိတို့နှင့် သက်ဆိုင်ရာ
တကယ့်သော့တံစစ်စစ် ဆီမှာသာ (သေချာပြီဆိုသော အချိန်ရောက်မှ) အပ်နှံခြင်း
သည်သာ
မိန်းမတစ်ယောက်၏ အမြင့်မားဆုံး၊ မြတ်နိုးဖွယ်ရာ အကောင်းဆုံးသော
တန်ဖိုးဖြစ်သည်ဟု ကျွန်တော့်ကိုယ်ပိုင်အမြင်အရ ဆိုချင်ပါသည်။
(ထိုတန်ဖိုးသည်
သိပ္ပံခေတ်မကလို့ ဘယ်ခေတ်ရောက်ရောက် မရှိမဖြစ် ထိန်းသိမ်းထားရမည်သာ
ဖြစ်ပါသည်)
(၃) ဂလိုဘယ်လိုက်ဇေးရှင်းခေတ် သမီးပျိုများနှင့် ခွဲစိတ်ပြုပြင်မှု
ဤခွဲစိတ်မှုသည် အနာကျက်ရန် လုံလောက်သော အချိန်ပြီး၍ အသားကျပြီးသွားပါက
မည်သို့မျှ ခွဲခြားရန် လွယ်ကူမည်မဟုတ်သည် မှာတော့ သေချာသည်။ သို့သော်
ဤခွဲစိတ်မှု၏ တန်ဖိုးအရ တကယ်ပြည့်စုံကြွယ်ဝသူ လူတန်းစားများသာ လုပ်နိုင်မည်
ဖြစ်သဖြင့် တစ်ကမ္ဘာလုံးရှိ အမျိုးသမီးပေါင်း သန်းသုံးထောင်ကျော်
အတိုင်းအတာအထိ
ကျယ်ပြန့်လာစရာတော့ မရှိ။
(မြန်မာနိုင်ငံတွင်လည်း ဤခွဲစိတ်မှုကို လုပ်ပေးနိုင်သော ဆရာဝန်နှင့်
အထောက်အပံ့ပစ္စည်း ပေးနိုင်သော နေရာများ လက်ချိုးရေတွက်ရန်ပင် နည်းသေးသည်ဟု
သိရသည်)
ခေတ်မီနည်းပညာများကြောင့် Globalization ဖြစ်လာခြင်းသည်
ကိုယ်ကျင့်သိက္ခာနှင့်
ယဉ်ကျေးမှုပုံစံများ လျှော့ချကြပါတော့ဟု မဆိုလိုပါ။ ဤကမ္ဘာကြီးပေါ်တွင်
လူသားမျိုးနွယ်ချင်းသာတူ၍ မည်သည့် အသွင်သဏ္ဍာန်မှ မတူညီသော
လူသားမျိုးနွယ်များ
စုဝေးနေကြရာတွင် ယဉ်ကျေးမှု ကူးယူကျင့်သုံးခြင်းများကို အထိုက်အလျောက်
လက်ခံပေးရမည် မှန်သော်လည်း အမျိုးသမီးဘ၀ကို ရရှိထားသူများ ဖြစ်နေလျှင်တော့
မိန်းမတစ်ယောက်ရဲ့ တကယ့်တန်ဖိုး ဆိုသည့်အရာကိုတော့
သိရှိထိန်းသိမ်းသင့်ပါသည်။
ဤသတင်းအပေါ် ဘောလုံးအားကစားဆန်ဆန် ဝေဖန်ပြောရလျှင်ဖြင့် လူသားတို့၏ ပကတိသဘာဝ
များထဲက တစ်ခုဖြစ်သော အပြစ်ရှောင်လွဲလိုခြင်းက မန်နေဂျာလုပ်ထားသည့်
ခေတ်မီနည်းပညာပေါင်းစုံအက်ဖ်စီနှင့် (မည်သူမျှ စပွန်ဆာမပေးလိုသော) ပြိုင်ဖက်
အရှိတရားယူနိုက်တက် တို့၏ ဗိုလ်လုပွဲကတော့ လူ့သမိုင်း မိနစ်ကိုးဆယ်
အဆုံးအထိ
တစ်ဖက်တစ်ဂိုးစီသရေပဲလား၊ မည်သူနိုင်မလဲဆိုတာကိုတော့ ဆက်လက်
စောင့်မျှော်ကြည့်ရှုရဦးမည်သာ ဖြစ်ပါသည်။
မှတ်ချက်။ ။ထိုပွဲစဉ်ကို ဒဂုံစင်တာရှေ့ရှိ LED တီဗီကြီးတွင်
တိုက်ရိုက်ပြလိမ့်မည် မဟုတ်ပါ။
Adult Expo တွင် အကြိုက်များခဲ့သည့် လိင်ဖျော်ဖြေမှု အသုံးအဆောင်များ
အာရှဆိုင်ရာ Adult Expo မှ လိင်ဆိုင်ရာ ဖျော်ဖြေမှု တစ်ခု © Tiffany Lam/CNNGo
အာ
ရှဆိုင်ရာ Adult Expo တွင် လိင်ဆိုင်ရာ ဖျော်ဖြေမှု
ကိရိယာများ ထုတ်လုပ်သူများအတွက် ကျေနပ်စရာ
ဖြစ်ခဲ့ရသည်။
ဟောင်ကောင်တွင် ပြီးခဲ့သည့် သီတင်းပါတ်ကုန်က ကျင်းပသော
Expo တွင် ကမ္ဘာ့အသေးဆုံး Vibrator နှင့် အမေရိကန်
သမ္မတ ဘာရတ်အိုဘားမားနှင့် ဆင်တူသော လိင်ဖျော်ဖြေ
အရုပ်တို့မှာ ပရိသတ်အကြိုက် ဖြစ်ခဲ့သည်။
လိင်ဖျော်ဖြေမှု ပစ္စည်းများ ထုတ်လုပ်သည့် ဒိုင်အိုရှီ
ပလပ်စတစ် အရုပ်လုပ်ငန်းမှ ဂျန်မင်းလီက မိမိတို့သည်
သမ္မတ အိုဘားမား၏ ပုံတူရုပ်ကို ဖန်တီးရန်
စိတ်ကူးရခဲ့ကြောင်း၊ ၎င်းသည် ကမ္ဘာ့ခေါင်းဆောင်များအနက်
မိမိတို့အတွက် စည်းမျဉ်းများနှင့် ကင်းလွတ်ပြီး
ဥပဒေကြောင်းအရ ငြိစွန်းမှု မရှိနိုင်သည့် တစ်ဦးတည်းသော
ပုဂ္ဂိုလ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဂျပန်
အဖော်အချွတ်နှင့် အပြာရုပ်ရှင် မင်းသမီး
အန်နာဟိုင်ဆာကီသည်လည်း ဂျပန်လိင်ဖျော်ဖြေမှု ပစ္စည်းများ
ထုတ်လုပ်သည့် ကုမ္ပဏီ တင်ဂါ၏ အရောင်းရဆုံး Flip
Liteပစ္စည်းအတွက် သရုပ်ပြခဲ့သေးသည်။ တရုတ်မှ
ယုန်ရုပ်ပုံစံ ဝတ်ဆင်ထားသည့် မော်ဒယ်အချို့ကလည်း
Playboy အမှတ်တံဆိပ် ကွန်ဒုံးများ ကြော်ငြာပြခဲ့သည်။
ယခုနှစ် Expo သို့ စုစုပေါင်း ဧည့်သည် ၃၀၀၀၀ ကျော်
လာရောက်ကြည့်ရှုခဲ့ရာ ယမန်နှစ်ကထက် ၂၀ ရာခိုင်နှုန်း
တိုးပွားလာခြင်းဖြစ်ကြောင်း သိရှိရသည်။
|
| မော်စကိုမြို့တော်ဝန် ယူရီလူဇာကော့ဗ် |
မော်စကို၏ အငြင်းပွားဖွယ် သက်တမ်းရှည် မြို့တော်ဝန် ယူရီလူဇာကော့ဗ် သည်
ရုရှားတွင် အချမ်းသာဆုံး အစိုးရ ၀န်ထမ်းဖြစ်ကြောင်း ဖော့ဘ်စ်မဂ္ဂဇင်း
(ရုရှားမူ)တွင် သြဂုတ်လ ၂၅ ရက်နေ့က ဖော်ပြသည်။
ရုရှားနိုင်ငံရေး အဆင့်မြင့် အသိုင်းအ၀ိုင်းတွင် အချမ်းသာဆုံးလူများကို
စာရင်းပြုစုခဲ့ရာ ယူရီလူဇာကော့ဗ်သည် ဒေါ်လာ တစ်ဘီလျံခန့် ချမ်းသာပြီး
အချမ်းသာဆုံး ဖြစ်ကြောင်း ဖော့ဘ်စ် က ဖော်ပြခဲ့သည်။
ဆောက်လုပ်ရေး လုပ်ငန်းနှင့် အိမ်ခြံ မြေလုပ်ငန်း အင်ပါယာကြီးတစ်ခုကို
ဦးဆောင်နေသော လူဇာကော့ဗ်၏ ဇနီး ရီလီနာဘာတူရီနာ သည် ရုရှားတွင်
အချမ်းသာဆုံး အမျိုးသမီးဖြစ်ပြီး ဒေါ်လာသန်း ၆၈၀ ကြွယ်ဝကြောင်း ဖော့ဘ်စ်က
ဖော်ပြသည်။
လူဇာကော့ဗ်သည် မော်စကို
မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်နေသည်မှာ ၁၈ နှစ်ခန့် ရှိပြီဖြစ်သည်။
အသက် ၇၃ နှစ်အရွယ် လူဇာကော့ဗ် မြို့တော်ဝန် သက်တမ်းသည် လာမည့်နှစ်တွင်
ကုန်ဆုံးမည် ဖြစ်သည်။
ရုရှားအစိုးရ
ဝန်ထမ်းများ ဥပဒေပြု အမတ်များ နိုင်ငံပိုင် လုပ်ငန်းကြီးများ၏ ဥက္ကဋ္ဌများ
ပိုင်ဆိုင်မှုများကို ပထမဆုံးအကြိမ် စာရင်းပြုစုသော ဖော့ဘ်စ်က
ဖော်ပြခဲ့ခြင်း ဖြစ်သည်။
ရုရှား၏
အချမ်းသာဆုံး အစိုးရ၀န်ထမ်းများထဲတွင် ပါလီမန်အမတ် ကိုးဦးက
ထိပ်ဆုံးစာရင်းတွင် ပါဝင်နေသည်။ ၎င်းတို့ထဲတွင် နှစ်ဦးမှလွဲလျှင်
ကျန်ခုနစ်ဦးသည် အာဏာရ United Russia ပါတီမှ ဖြစ်သည်။ ရုရှား၏
ဒုတိယအချမ်းသာဆုံး အစိုးရ အမှုထမ်းမှာ အထက်လွှတ်တော်အမတ် ဆာဂေးပူဂါချက်စ်
ဖြစ်ပြီး မိသားစု ၀င်ငွေမှာ ဒေါ်လာ ၉၇ ဒသမ ၇ သန်းရှိသည်။
ရုရှားသမ္မတ ဒီမီထရီမက်ဗီဒက်က ခြစားမှုကို နှိမ်နင်းရန် ကြိုးပမ်းသည့်
အနေဖြင့် အစိုးရ တာဝန်ရှိသူများ ကိုယ်ပိုင် ၀င်ငွေနှင့် မိသားစု
ဝင်ငွေများကို ကြေညာရန် ယမန်နှစ်က အမိန့်ထုတ်ခဲ့သည်။
ဒုတိယ၀န်ကြီးချုပ် အီဂေါရူပါလော့သည် ၀န်ကြီးများထဲတွင် အချမ်းသာဆုံး
ဖြစ်ပြီး မိသားစုဝင်ငွေသည် ဒေါ်လာ ၂၁ သန်းရှိသည်။ ဖော့ဘ်စ် ၏ အစိုးရ
ချမ်းသာသူများ စာရင်းတွင် သမ္မတ မက်ဗီဒက်နှင့် ၀န်ကြီးချုပ် ပူတင်တို့
နှစ်ဦးစလုံး မပါဝင်ခဲ့ပေ။
အသက် ၁၆ နှစ်အရွယ် ဗြိတိန်နိုင်ငံမှ သန်းကြွယ် သူဌေး
အသက် ၁၆ နှစ်အရွယ် ဗြိတိန်နိုင်ငံမှ သန်းကြွယ်သူဌေး ခရစ်စတီယန်အိုဝင် © dailychilli
ဗြိတိန် နိုင်ငံမှ ကျောင်းသားလေး တစ်ဦးသည် အသက် ၁၆ နှစ် အရွယ်နှင့်
သန်းကြွယ် သူဌေး ဖြစ်လာကြောင်း သိရသည်။ ကွန်ပျူတာ ကဝေ ပေါက်စလေး အဖြစ်
တင်စားခံရသည့်
ခရစ်စတီယန် အိုဝင်သည် ၎င်း ပိုင်မုန့်ဖိုးများကို စုဆောင်းကာ
အသက် ၁၄ နှစ် အရွယ်တွင် ကွန်ပျူတာ ဝန်ဆောင်မှု လုပ်ငန်း စထောင်ခဲ့သည်။
ယင်း သည် Apple ၏ Mac Computer တွင် အသုံးပြု နိုင်မည့် Application များကို
ဈေးလျှော့ Package များအဖြစ် ၂၀၀၈ ခုနှစ်က စတင် ရောင်းချခဲ့ရာ ယခုအခါ
ပေါင်စတာလင် ၇၀၀၀၀၀ ကျော်ထိ ဝင်ငွေ ရရှိနေပြီ ဖြစ်သည်။ ယင်းသည်
အမေရိကန် ဒေါ်လာ ၁ သန်းကျော်နှင့် ညီမျှသည်။ ယခုအခါ အိုဝင်သည် လူလတ်ပိုင်း
ဝန်ထမ်း ၈ ဦးကို ဗြိတိန်နှင့် အမေရိကန်တို့တွင် နည်းပညာအကူဝန်ထမ်းအဖြစ်
ခန့်ထားကြောင်းလည်း သိရသည်။
အိုဝင်က ၎င်းသည် Apple ၏ CEO စတိဂျော့ကို
အလွန်လေးစား အားကျပြီး ၎င်းပိုင် Brachr ကုမ္ပဏီနှင့် အရောင်းဝက်ဆိုက်ကို
ပေါင်စတာလင် သန်း ၁၀၀ ကျော် တန်ဖိုးရှိသည့် လုပ်ငန်းကြီးအသွင်
ပြောင်းပစ်ရန် ရည်ရွယ်ထားကြောင်း ပြောဆိုသွားသည်။
နေပြည်တော် အမျိုးသား အထိမ်းအမှတ်ဥယျာဉ်နှင့် သိုက်ချောင်းလမ်းဆုံ Baggy Bus များ စတင်ပြေးဆွဲ
''နေပြည်တော်
အထိမ်းအမှတ် ဥယျာဉ်ကြီးကို ရပ်ဝေးရပ်နီးမှ လာရောက်
ကြည့်ရှုလေ့လာအပန်းဖြေသူများသွားလာမှု အခက်အခဲမရှိစေရေးရည်ရွယ်ပြီး ရန်ကုန်-
မန္တလေးလမ်းထိပ် သိုက်ချောင်းလမ်းဆုံက နေ အမျိုးသားဥယျာဉ်အတွင်း မိန်းဂိတ်ဝ
အထိ ခရီးသည်၂၂ဦးဆံ့ Baggy Busတွေနဲ့ ခေါက်ပြန်လူတစ်ဦး
ကျပ်၂၀၀နှုန်းနဲ့ပြေးဆွဲ ပေးနေပါတယ်''ဟု နေပြည်တော်အမျိုးသား အထိမ်းအမှတ်
ဥယျာဉ်အုပ်ချုပ်မှုမန်နေဂျာ ဦးဇေယျာမြင့်ဆွေကပြောသည်။
အမျိုးသားဥယျာဉ်ကြီး၏စီစဉ်မှုဖြင့် လူ၂၂ဦးဆံ့ Baggy Bus များကို သြဂုတ်
၁၃ ရက်မှစတင်၍ သိုက်ချောင်းလမ်းဆုံမှ အမျိုးသားအထိမ်းအမှတ်ဥယျာဉ်သို့
နေ့စဉ် လွန်းပြန်ပြေးဆွဲပေးနေပြီဖြစ်ကြောင်း သိရ သည်။
''သိုက်ချောင်းလမ်းဆုံကနေ အမျိုး သားဥယျာဉ်ကြီးအထိ Baggy Bus တွေ
ပြေးဆွဲပေးနေတော့ လာရောက်အပန်းဖြေ လေ့လာကြည့်ရှုသူတွေ၊ ရပ်နီးရပ်ဝေး
အများသူငါတွေအတွက် အများကြီးအဆင် ပြေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီ
သိုက်ချောင်းလမ်းဆုံကနေ အမျိုးသား ဥယျာဉ်ကြီးအထိ ခရီးအတော်လှမ်းတယ်။
လမ်းလျှောက်သွားဖို့ မလွယ်ဘူး။ သုံးမိုင်၊ လေးမိုင်လောက် ဝေးသေးတယ်။
ဒီသိုက် ချောင်းလမ်းဆုံနဲ့ အမျိုးသား ဥယျာဉ်ဘက် သွားတဲ့လိုင်းကားဆိုလို့
တော်ဝင်ဘတ်စ် ကားတွေပဲမြင်တယ်။ တော်ဝင်ဘတ်စ် ကားက အမျိုးသားဥယျာဉ်
အ၀င်မုခ်ဦးအ ထိပဲ။ မုခ်ဦးကနေ အတွင်းမိန်းဂိတ်ရောက် အောင်
အတော်သွားရသေးတယ်။ လိုင်း ကားစီးပြီးလာတဲ့သူတွေအတွက် အခက် တွေ့တယ်။
လိုင်းကားဆိုတာက သိုက် ချောင်းလမ်းဆုံမှာတင်ချပေးတာ။ ဟိုဘက်
ဆက်သွားဖို့ကားမရှိဘူး။ အခု Baggy Bus တွေထားပေးတော့ အမျိုးသားဥယျာဉ်
လာရောက်လေ့လာကြည့်ရှုအပန်းဖြေသူ တွေအတွက် အများကြီးအထောက်အကူ
ဖြစ်တယ်''ဟုဒေသခံတစ်ဦးကပြောသည်။
အခြေခံပညာ သင်ယူနေကြသော ကျောင်းသားအချို့မြန်မာစာဘာသာ
ရပ်တတ်ကျွမ်းမှု အားနည်းချက်များ ရှိသည့်အပြင် ယင်းဘာသာဖြင့်
ကျရှုံးသူများပင်ရှိလာကြောင်း ပညာရေး အသိုင်းအ၀ိုင်းများထံမှ
စုံစမ်းသိရှိရပါသည်။
ထို့ပြင် မြန်မာစာရေးသားရာတွင် အရေးကြီးဆုံး မှန်သုံးမှန်ဖြစ်သည့်
စာလုံးပေါင်းသတ်ပုံမှန်ကန်မှု၊ အသုံးအနှုန်းမှန်ကန်မှုနှင့်
ဝါကျဖွဲ့ထုံးမှန်ကန်မှုတွင် ပထမဆုံးအဆင့် ဖြစ်သည့် စာလုံးပေါင်းသတ်ပုံ
မှန်ကန်မှုအဆင့်တွင်ပင် အမှားအယွင်း များစွာသုံးစွဲလျက်ရှိသည်ကို ယနေ့
ခေတ်ကျောင်းသားများသာမက လုပ်ငန်းခွင်ဝင်ရောက်နေသော ဘွဲ့ရလူငယ်များတွင်ပင်
တွေ့မြင်နေရသည်ဟု ၀ါရင့်စာရေးဆရာကြီး တစ်ဦးက ပြောပြခဲ့သည်။
"ကွန်ပျူတာ၊ အင်တာနက်၊ တခြားဘာသာစကားတွေ သင်ယူမှုကြောင့် ပညာရေးကို
မထိခိုက်နိုင်ပါဘူး။ ဒါပေမယ့် လေ့လာမှုတွေ အားလုံးဟာ
သာတူညီမျှဖြစ်သင့်ပါတယ်။ မြန်မာစာ၊ မြန်မာစကားဟာ ကိုယ့် ဘာသာစကားဆိုပြီး
ပေါ့လျော့လို့ မရပါဘူး။ ကိုယ့်ဘာသာစကားမို့
ပိုပြီးပိုင်နိုင်ကျွမ်းကျင်မှုပဲ ရှိသင့်တယ်။ အခုနောက်ပိုင်းကျောင်းသားတွေ
အတော်များများ မြန်မာစာ အားနည်းလာကြတာကို တွေ့နေရတယ်။ တက္ကသိုလ်ဝင်တန်း
ဖြေဆိုမယ့် ကျောင်းသားတစ်ယောက်ရဲ့ မှတ်စုထဲမှာ
ဆရာပီမိုးနင်းရဲ့'တက်ကျမ်း'စာအုပ်ဆိုပြီး မှတ်ထားတာ 'တက်ကျမ်း' ကို
'တက်ကြမ်း'လို့ မှတ်ထားတာ တွေ့လိုက်ရတယ်။ အမှန် ကိုသိရဲ့သားနဲ့
အမှတ်တမဲ့ရေးလိုက် တာဆိုရင်တော့ နောက်ဆိုသတိထားနိုင်ပေမယ့်
စာလုံးပေါင်းအမှန် မသိလို့ဆိုရင်တော့ အဲဒီကျောင်းသားရဲ့
မြန်မာစာတတ်ကျွမ်းမှုဟာ တော်တော်အားနည်းနေတာပါ။ မြန်မာဘာသာမှာ
အောင်မှတ်မရရင်လည်း စာမေးပွဲတစ်ခုလုံး ကျရှုံးနိုင်တယ်ဆိုတာ ကျောင်းသားတွေ
သတိပြုသင့်ပါတယ်" ဟုအငြိမ်းစား ကျောင်းအုပ်ဆရာကြီးတစ်ဦးက ပြောကြားခဲ့ပါ
သည်။
တက္ကသိုလ်ဝင်တန်း၌ မြန်မာစာ ဂုဏ်ထူးထွက်သူဦးရေမှာ
အင်္ဂလိပ်စာ ဂုဏ်ထူးထွက်သူထက် နှစ်စဉ်ထက်ဝက်ကျော် နည်းနေဆဲဖြစ်ကြောင်း
နှစ်ပေါင်းသုံးဆယ်ကျော်ကြာ တက္ကသိုလ်ဝင်တန်း စာစစ်အတွေ့အကြုံရှိ
သူဆရာတစ်ဦးက ပြောပြခဲ့သည်။ မြန်မာစာဂုဏ်ထူး ထွက်ရှိမှုနည်းရခြင်း၏
အချက်များအနက် အများစုမှာ စာစီစာကုံးကို အဆင့်မီ စွာရေးသားနိုင်ခြင်း
မရှိသည့်အတွက် ဖြစ်ပြီး ယင်းအတွက်ပေးထားသည့် အမှတ်ပေါင်း ၂၀ တွင် ရှစ်မှတ်
အနည်းဆုံးရရှိမှသာ ဂုဏ်ထူးထွက်ရှိမှုနှင့် ကိုက်ညီသည်ဟု သတ်မှတ်ကြောင်း
မြန်မာစာစာစစ် အတွေ့အကြုံရှိသူတစ်ဦးက ရှင်းပြခဲ့သည်။
ထို့ပြင်
ပြီးခဲ့သည့်ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း ကျရှုံးခဲ့သည့်
ကျောင်းသားတစ်ဦးကလည်း "မြန်မာစာကို အပေါ်ယံကြည့်လိုက်ရင်
ကိုယ့်ဘာသာစကားဆိုတော့ လွယ်မလိုလိုနဲ့ လျှော့တွက်ပြီး စာမေးပွဲနီးမှ
အကုန်ပေါင်းကျက်မယ်ဆိုပြီး ထားခဲ့တာ။ စာမေးပွဲနီးမှကျက်တော့ ဘယ်လိုမှ
မရတော့ဘူး။ ခက်ဆစ် တွေလည်း ရော၊ နောက်ဆုံးဘယ် ကဗျာကို ဘယ်သူရေးတယ်၊
ဘယ်ခေတ်မှာ ရေးတယ်ဆိုတာက အစ ရောနေတော့ မြန်မာစာမှာ တော်တော်
မဖြေနိုင်ခဲ့ဘူး။ ဒါကြောင့် ကျတယ်ထင်တာပဲ"ဟု ပြောကြားခဲ့ပါသည်။
"ကျတဲ့သူကတော့ စာပုံမှန် မကျက်တာရယ်။ ပြီးတော့ စပေါ့ လိုက်တဲ့သူတွေပါ။
မြန်မာစာကို မြန်မာလူမျိုး တစ်ယောက်အနေနဲ့ ကျွမ်းကျင်မှုမရှိဘဲ အားနည်းတဲ့
အခြေခံအချက်က လူငယ်တွေစာဖတ် အားနည်းလွန်းလို့ပါ"ဟု မြောက်ဒဂုံမြို့နယ်ရှိ
မြန်မာစာဆရာမတစ်ဦးက ပြောပြခဲ့သည်။
ယနေ့ခေတ်အခါတွင်
လူငယ်များသည် ခေတ်သစ်နည်းပညာများ နောက်သို့ လိုက်လျက်ရှိနေကြရာ မိမိတို့၏
ဘာသာစကား၊ မိမိတို့၏ စာပေပညာရပ်တွင် အားနည်းချက်များ ရှိနေကြောင်း၊
ခေတ်နှင့်အမီ လိုက်နိုင်ရန် ခေတ်သစ်နည်းပညာကို သင်ယူလေ့လာခြင်းသည်
မျိုးဆက်သစ်များ၏ တာဝန်ဖြစ်သကဲ့သို့ မိမိတို့၏ အမျိုးသားစာပေပညာတွင်လည်း
ကျွမ်းကျင်မှုရှိရန် လိုအပ်ကြောင်း ပညာရှင်များက သုံးသပ် ပြောကြားခဲ့ကြသည်။
အထင်ကြီးချင်အုံး နိုင်ငံခြားသူငယ်ချင်းတို့ ရေ သူငယ်ချင်းတို့  သိပြီးသားဖြစ်ချင်လဲဖြစ်မယ်
မသိရသေးဘူးဆိုရင်တော့  မလေး၇ှားလာမယ့် မိန်းကလေးများအတွက်တော့  ကောင်းတဲ
့စာလေးတစ်ခု ဖြစ်မယ်လိုထင်ပါတယ် ရေးချင်တာတော့ ကြာပါပြီးဒါပေမယ်
့မရေးဖြစ်ဘူး ဖြစ်နေလို့ ပါ ခုတော့  ရေးဖြစ်သွားတာပါ
ဒီစာလေးကိုမလေး၇ှားရောက် ဘုန်းတော်ကြီးတစ်ပါးရဲ့ 
အယ်ဒီတာတစ်ယောက်ကရေးသားထားတာပါ သူရေးထားတာကတော့ ဒီလိုပါ အခြေအနေတွေက
အရမ်းမဆိုးသေးလိုးမပြောတာပါ ခုတော့ ပြောမှရတော့ မယ့်  အခြေအနေမို
့ပြောတာပါ၊ကျွန်တော်တို့  မလေး၇ှားမှာ မိန်းကလေးတွေ တော်တော်များများ
ဒုကရောက်နေကြပါတယ်။မိန်းကလေးတွေတင်မဟုတ်ဘူး ယောက်ျားလေးတွေပါ
ဒုကရေက်ြနေသူတွေတစ်ပုံတစ်ပင်ကြီး၇ှိပါတယ်။ဒါပေမယ့် ယောက်ျားလေးတွေက
ဒေါင်ဒေါင်ကျကျပြားပြားကျကျ
နေနိုင်သူတွေဖြစ်လိုမိန်းကလေးတွေကိုသာဦးစားပေးရေးရချင်ဖြစ်ပါတယ်။အခုမလေး၇ှားရဲ
့ စီးပွားရေးအခြေအနေဟာအောက်ကို ထိုးစိုက်ကြနေပါပြီး။ကုန်ဈေးနှုန်းတွေမြင်
့တက်လာသည့်  အတွက် ပိတ်လိုက်ရတဲ့  စက်ရုံပေါင်း ၁၀၀ကျော်နေပါပြီး။
ဟက်ရုံတွေပိတ်လိုက်ရသည့်  အတွက်ပြန်ရသည်
့ညီအကိုမောင်နှမတွေတော်တော်များနေပါပြီး။မြန်မာပြည်က
ညီအကိုမောင်နှမတွေကို ဒီအကြောင်းတွေသိစေချင်ပါတယ်။ဒါမှနောက်ထပ်လာမယ်
့အမျိုးကောင်းသမီးလေးတွေကို တားဆီးနိုင်မှာဖြစ်ပါတယ်။ဒီရေက်ြနေတဲ့ 
မိန်းကလေးတော်တော်များများဟာ အလုပ်ကိစရော လစာပါ
လုံးဝအဆင်မပြေကြပါဘူး။မြန်မာနိုင်ငံကစီးပွားရေးအခြေအနေကြောင့် 
ဒီကိုအားကိုးတစ်ကြီးလာကြပေမယ့်  ဖွတ်ထွက်မှတောင်ပို့ မှန်းသိဆိုသလို
ဒီရောက်မှဒုကအကြီးအကျယ်ရောက်ကြရတော့ တာပါပဲ။
မြန်ာအေးဂျင့် တွေကလစာဘယ်လောက်ရမယ် အိုဗာတိုင်ဘယ်နှစ်နာ၇ီ၇ှိတယ်ဆိုပြီး
ပြောသမျှကိုအဟုတ်ထင်ပြီး အထင်ကြီးလာခဲ့ သမျှဟာ ဒီရောက်မှအေးဂျင့် တွေရဲ
့လိမ်ညာမူမှန်းသိသောလဲဘာမှမတတ်နိုင်တော့ ပါဘူး။ဒီဘက်ကအေးဂျင်
့တွေပြုသမျှနုရတော့ တာပါပဲ မြန်မာအေးဂျင်
့တွေကပိုက်ဆံရပြီးရောဆိုပြီးလွှတ်တယ် ဒီကအေးဂျင့် တွေကလဲပိုက်ဆံရမှာမို
့လိုခေါ်တယ် သူတို့ ရဲ့ လောဘကြားမှာသားကောင်ဖြစ်သွားရတာကျွန်တော်တို့ ရဲ့ 
မြန်မာမိန်းကလေးတွေပါပဲ ။
မြန်မာပြည်ကအလုပ်ကောင်းတယ်ဆိုပြီး လာပေမယ့်  မလေး၇ှားမှာတစ်လကြာပေမယ့် 
ဘာအလုပ်မှမရသေးတဲ့  မိန်းကလေးတွေ၇ှိပါတယ်။free calling တွေနဲ့ လာကြပေမယ်
့ပတ်စ်ပို့ တွေကိုအေးဂျင့် တွေကပဲသိမ်းထားကြတာပါ။အလုပ်ကိုရရင်ပြီးရောဆိုတဲ
့သဘောနဲ့  ရရာအလုပ်မှာဝင်လုပ်စေပါတယ်။ပြီးတော့ ရတဲ
့လခထဲကဖြတ်တောက်ယူငင်ပါသေးတယ်။
ကိုယ့် ရဲ့ အခက်အခဲတွေကိုပြန်လည်ပြောဆိုဖို့ ကလဲ
ဘာသာစကားအခက်အခဲမိန်းကလေးဖြစ်သောကြောင့်  အားငယ်တတ်ခြင်းစတာတွေကြောင့် 
လုပ်သမျှမတရားပေမယ့်  ငြိမ်ကြည့် နေရပါတယ်။မြန်ာပြည်ကလာတဲ့ အကြွေးမကျေမှက
စိုးရိမ်တာကတစ်မျိုး ဒီမှာအလုပ်မကောင်းလိုစိတ်ပျက်အားငယ်နေတာကတစ်မျိုးနဲ့ 
သူတို့ တွေရဲ့ ထွက်ပေါက်ကဘာဖြစ်မယ်လိုထင်ပါသလဲ။စဉ်းစားသာကြည့် ပါ။
ပထမစက်ရုံမှာ အလုပ်ကောင်းကြသူတွေ၇ှိပေမယ့်  စက်ရုံပိတ်သွားတော
့နောက်အေးဂျင့် ဆီမှာပဲ ပြန်ပြီးသောင်တင်တာပါပဲ၊အေးဂျင်
့တွေကအလုပ်အလွယ်တစ်ကူရရှိတဲ့  စားသောက်ဆိုင် သန့် ၇ှင်းရေးအလုပ်တွေမှာထည်
့ပေးကြပါတယ်။နောက်ပြီးအဲအလုပ်တွေကအာမခံချက်လုံးဝမ၇ှိပါဘူး။ဘယ်နေရာမှာလို
့လည်းသေချာရေရာမှရိပါဘူး။ဒီနေရာကနေပြီးနောက်တစ်နေရာ နောက်တစ်နေရာကနေပြီး
နောက်ထပ်တစ်နေရာ သူတို့ စိတ်ကြိုက်လှောက်ပြောင်းတော့ တာ။
လစာကလဲသူတို့ ပေးသလောက်ယူကြရပြီး အလုပ်ကလဲပင်ပန်းတော့  over stay
ေ၇ှာင်သွားတဲ့ သူတွေလဲ အများအပြားပေါ့ ။over stayေ၇ှာင်သွားကြတဲ
့မိန်းကလေးတွေ၇ဲ့ အနရာယ်ကတော့  မလေး၇ှား၇ဲတွေ၇ဲ့ အနရာယ်ပါပဲ စနေ တနင်္ဂနွေနေ
့တိုင်း ကွာလမ်လမ်ပူအဖွဲ့ အစည်းနဲ့ ရဲတွေပူးပေါင်းပြီး over stay
တွေကိုဖမ်းပါတယ်။ဖမ်းမိသူတွေကိုထိုင်းသဘော်တွေကိုရောင်းစားပါတယ်။ထိုင်းနိုင်ငံကိုပို
့ပြီး အခိုင်းအစေအလုပ်တွေကိုလုပ်စေပါတယ်။ဖမ်းမိပြီးလုံးဝ အစ အန
ပျောက်သွားသူတွေလဲအများအပြားပါ။မလေး၇ှားအစိုးရက ဖမ်းမိရင်ပြန်ပို
့တယ်လိုပြောပေမယ့်  တကယ်တော့  မဟုတ်ခဲ့ ပါဘူး။
နောက်ပြီူအခုနောက်ပိုင်း စီမံချက်တွေနဲ့  နေရာတိုင်းမှာover
stayသမားများကို လိုက်လံ ဖမ်းဆီးနေပါတယ်။ဒါကြောင့်  over stay လုပ်ဖို
့ဆိုတာ မိန်းကလေးတွေအတွက်တော့ မိုက်မဲတဲ့  ရွေးချယ်မူပဲဖြစ်ပါတယ်။
နောက်အနာရာယ်တစ်ခုက မလေး၇ှားမှာနိုင်ငံထဲမှာနေထိုင်ကြတဲ့  ကုလားတွေရဲ
့အနာရာယ်ပါ။မလေးရှားနိုင်ငံဟာ စာ၇ီတာနဲ့ ပတ်သက်ပြီးချို့ ယွင်းနေတဲ
့နိုင်ငံပါ။ကိုယ်ကြိုက်ရင် ကြိုက်သလောက်မိန်းမယူခွင်
့၇ှိတယ်။ယောက်ျားတွေကလဲဖောက်ပြန် မိန်းမတွေကလဲဖောက်ပြန် မွေးလာတဲ
့ကလေးတွေကလဲ မိဘကိုမိဘမှန်းမသိ တစ်လင်တစ်မယားစနစ်ကိုကျင့် သုံးတဲ
့မြန်မာနိုင်ငံရဲ့ အကျင့် စာ၇ိတပိုင်းမှာဘယ်လိုမှယှဉ်လိုမရပါဘူး။
မလေး၇ှားမှာနေထိုင်တဲ့ ကုလားတွေကဂိုဏ်းဖွဲ့ ထားပြီး စိတ်မထင်ရငမထင်သလို
ရန်၇ှာလူသတ်ကြပါတယ်။မလေး၇ှားရဲ့ အဖွဲ
့ကလဲမသိချင်ယောင်ဆောင်နေပါတယ်။ဒါကြောင်
့ကုလားတွေလုပ်ချင်တာလုပ်နေကြတာပါပဲ။ပစည်းလုတယ် ရန်၇ှာတယ်
ပိုက်ဆံတောင်းတယ်။မိန်းကလေးများဆိုရင်ပိုပြီးအနရာယ်များတယ်။ချောင်ကျတဲ
့အရပ်တွေမှဆြိုရင်အိမ်ထဲထိတောင်ဝင်တယ်။
နောက်ထပ်အကြီးမားဆုံးအနရာယ်ကမြန်ာယောက်ျားလေးတွေ၇ဲ့ အနရာယ်ပါပဲ
ရေနစ်သူကိုဝါးကူထိုးသူများပါတယ်။မြန်မာမိန်းကလေးရောက်လာတယ်ဆိုရင်
ကူညီချင်တဲ့ သူတွေကအများကြီးပါ။ဘာမှအားငယ်စရာမ၇ှိအောင်ကို တော်ကီတွေနဲ
့ကူညီကြတာပါ။
ဖုန်းနံပတ်သားပေးမိရင်တော့  ဒီမိန်းကလေးသွားပြီး
တစ်ညလုံးမအိပ်ရဘူးဖြစ်သွားမယ်။ဖုန်းတွေတတီတီနဲ့ လာမယ်။ခေါ်တဲ
့သူကအရက်သောက်မူးနေရင်ပိုဆိုးပြီးသာမှတ်။
ဒီမှာရောက်နေတဲ့ မိန်းကလေးတွေစဥ်းစားမိလိမ်
့မယ်။မလေး၇ှားလာမိတာအရမ်းစမ်းပွင့် တာပဲလို့ ၊ဒါဟာစန်းပွင်
့တာမဟုတ်ပါဘူး။ဘ၀တစ်ခုလုံးလန်းထွက်သွားဖို့ အစပါပဲ။
မလေး၇ှားမှာရောက်နေကြတဲ့ ယောကျာ်းလေးတွေမှာ လူပျိုလူလွတ်တွေပေါသလို
မိန်းမနဲ့ ကလေးတွေ ကျန်ခဲ့ သူတွေလဲအများအပြားပေါ
့။မိန်းမတွေအကြောင်းကိုနောကျေနေတဲ
့ယောက်ျားတွေဖြစ်ပါတယ်။နောက်ပြီးမိန်းမနဲ့ ခွဲနေရတာကြာပြီးဆိုတော
့စဉ်းစားသာကြည့်ပါတော့ ဗျာ။နောက်ပြီးစည်းလွတ်ဘောင်လိုပျော်လို့ ရတဲ
့နေရာဆိုတော့  စိတ်သွားတ်ုင်းကိုပါတယ်။အရက်သေစာ လောင်းကစား ဆေးဝါး မိန်းမ
အားလုံးရရှိနိုင်တဲ့ နေရာဆိုတော့  စိတ်မနိုင်တဲ့ သူတွေဆိုရင် အရက်ပုလင်း
ဘီယာပုလင်းတွေထဲကကိုမတက်နိုင်ကြတော
့ဘူး။မိန်းမလိုက်စားသူတော်တော်များများကလဲ လူအိုတွေပဲများပါတယ်။
ရောက်လာကြတဲ့ မိန်းကလေးတွေက ကိုယ်ကို့ ကိုယ်စန်းပွင့် နေကြင်္ပြးလို
ဘ၀င်တွေမြင့် နေကြလိမ့် မယ်၊ဖုန်းပေးမယ် အ၀တ်အစားပေးမယ်
အိမ်ကိုပျုက်ဆံလွှဲပေးမယ်ဆိုရင် နောက်ကြောင်းကိုမသိပဲ
ဘ၀ကိုပုံအပ်ကြတယ်။မြန်မာပြည်မှ၇ှိတဲ့ မိန်းမဆီမှစာလာမှ
အရှက်တကွဲအကျိုးနည်းနဲ့  နောက်ပြန်ဆုတ်လို့ မရတော့ ဘူး
ရပြီးသားလူတွေကလဲလက်မလွှတ်ကြတော့ ဘူး။အစားထိုးတွေလေသိတယ်မှလား။
ကျွန်တော်မျက်စိေ၇ှ့မှာကလေး၂ယောက်အဖေတွေ ၃ယောက်အဖေတွေနဲ
့ဖြစ်ချင်တိုင်းဖြစ်နေတဲ့  မိန်းကလေးတွေကိုတွေနေရတော့  သူတို
့တွေဘယ်လိုခံစားရမလဲတော့ ကျွန်တော်မသိဘူး။ကျွန်တော်ကတော့ သူတို့ အစား
သူတို့ မိဘမောင်ဖွားတွေအစားရင်နာတယ်။
ဒီမှာရောက်နေတဲ့ မိန်းကလေးတော်တော်များများဟာ အရက်သမားတွေနဲ
့ဖြစ်ကြတယ်။၆၀ရာခိုင်နှုန်းကတော့  လူအိုတွေနဲ
့ဖြစ်ကြတယ်။၂၀ရာခိုင်းနှုန်းကလူအိုတွေနဲ့ ဖြစ်ပြီး
ကျန်၂၀ရာခိုင်းနှုန်းကတော့ ဒီနိုင်ငံသားအပေအတေတွေနဲ
့ဖြစ်ကြတယ်။ခုဆိုရင်သွားလေရာနေရာတိုင်းမှာ
မြန်မာအတွဲတေံပလုံစီနေတာပဲ။ဗီဒီယိုတွေ
ဗီစီဒီတွေထွက်လာကြပြီး။ဗီစီဒီတွေဆိုတာမြန်မာနော်မြန်မာဆိုပြီး တော
့အော်ရောင်းနေတာ။ကောင်းတာတွေတော့ မဟုတ်ဘူး။
စက်ရုံတွေမှာမြန်မာတွေဘယ်လောက်နဲ့ ခေါ်လိုရတယ်ဆိုရင် လက်သီးနဲ
့အချက်ပေါင်းများစွာထိုးပစ်ချင်လောက်အောင်ရင်နာတယ်။ဒီကိုရောက်လာပြီးကိုယ်
ကိုကိုယ် ထိန်းသိမ်းနိုင်တဲ့ သူတွေ၇ှားပါတယ် မရှိဘူးမဟုတ်ဘူး၇ှိပါတယ်။
ဒါပေမယ့် ၁၀၀မှာ၁ယောက်ပါ။အဲသည်တစ်ယောက်ဟာလဲအရမ်းဝနေလိုသော်လည်းကောင်း
ရုပ်ဆိုးနေလိုသော်လည်းကောင်း ယောက်ျားလေးစိတ်ပေါက်နေသော်လည်းကောင်း
အဲသည်အထဲကတစ်ခုခုဖြစ်နိုင်ပါတယ်။
ကျွန်တော်တို့ မြန်မာလူမျိုးတွေပါ အိနြေသိကာနဲ့  စာ၇ိတကိုအလေးထားတဲ
့လူမျိုးပါ။.အသက်ထက်အရှက်ကို
ဦးစားပေးတယ်ဆိုတာမြန်မာလူမျိုးတွေအတွက်ပါ။တိုင်းတစ်ပါးမှာေ၇ာက်နေတဲ
့ကျွန်တောတို့ ခင်ဗျာတို့ နှမတွေကို စောင့်ေ၇ှာက်မယ့် သူတွေထက်
ချောက်ချဖို့ ချောင်းနေတဲ့ သူတွေအများအပြားပါ။
ဒါကြောင့် နောက်ထပ်လာမဲ့ မြန်ာမာအမျိုးသမီးများ၇ှိရင် သေချာစုံစမ်းလေ
့လာပြီးမှလာပါလို
့ပြောချင်ပါတယ်။သူငယ်ချင်းမိတ်ဆွေတွေထဲမှလြာမယ်သူများ၇ှိရင်တားဆီးပေးကြပါ။
အခုတော့  ကျွန်တော်ပြောတဲ့ အကြောင်းအရာအားလုံးဟာ
အားလုံးအမှန်တွေကြီးပါ။ကျွန်တော်ပြောတာတွေ ဟုတ်မဟုတ်ကို
မလေး၇ှားမှာေ၇ာက်နေတဲ့  ဘယ်သူကိုမဆိုစုံးစမ်း မေးမြန်းနိုင်ပါတယ်။
ညီအကိုမောင်နှမစိတ်ဓာတ်ဖြင့်  သတိပေးရခြင်းဖြစ်ပါတယ်။
ကိုယ့် လူမျိုး အထူးသဖြင့်  ကျုယ့် မြန်မာမိန်းကလေးတွေမဖြစ်သင်
့တာမဖြစ်ရအောင် ကြိုတင်ပြင်ဆင် ဆင်ခြင်ချိန်ရစေလိုသော စေတနာကြောင်
့ဖော်ပြလိုက်ရခြင်းဖြစ်ပါတယ်။
ငလျင်ဒဏ် ကာကွယ်ရေး ကုတင် တရုတ် နိုင်ငံသား တီထွင်
တရုတ်နိုင်ငံသား တီထွင်သည့် ငလျင်ဒဏ် ကာကွယ်ရေး ကုတင်တစ်ခု © dailychilli
အလုပ်မှ
အငြိမ်းစား ယူထားသည့် တရုတ် နိုင်ငံသား တစ်ဦးသည် ၎င်း၏ စိတ်ကူး ဉာဏ်ရည်ဖြင့်
ငလျင်ဒဏ် ကာကွယ်ရေး ကုတင် တစ်ခုအား တီထွင် လိုက်ကြောင်း သိရသည်။
ယင်း ကုတင်သည် အင်အား ပြင်းထန်သော ငလျင် တစ်ခု လှုပ်ခတ် လာပါက
ခိုင်မာလှသည့် သေတ္တာ တစ်ခု အဖြစ် ချက်ချင်း ပြောင်းသွားပြီး ကုတင်ပေါ်တွင်
အိပ်နေသူအား အကာအကွယ် ပေးနိုင်မည် ဖြစ်သည်။ အသက် ၆၆ နှစ် အရွယ်ရှိ
ဝမ်ဝန်ဇီးက ကုတင်က ကာရံ ပေးထားသည့် အချိန်တွင် လေးလံ လှသည့် ပစ္စည်းများ
ပြိုကျ ဖိမိ လာသည့်တိုင် အကာအကွယ် အပြည့် ရနေမည်ဟု ဆိုသည်။ ထို့အပြင်
ငလျင် လှုပ်ခတ်သဖြင့် သေတ္တာ အတွင်း ပိတ်မိ နေပါကလည်း သောက်ရေ၊ အစား အသောက်
စသည့် အသက်ဆက်ရေး လိုအပ်သော ရိက္ခာများ သိုလှောင် ထားနိုင်ပြီး
တူတစ်ချောင်း၊ အကူအညီ တောင်းခံ နိုင်မည့် အော်လံ တစ်ခုနှင့် အခြား
လိုအပ်သော ပစ္စည်း ကိရိယာများပါ ထည့်ပေး ထားကြောင်း ဝမ်က ရှင်းပြခဲ့သည်။
၂၀၀၈ ခုနှစ် ဆီချွမ် ငလျင်ကြီးကြောင့် လူပေါင်း ၇၀၀၀၀ ကျော် အသက်
ဆုံးရှုံးခဲ့ပြီးနောက် ယခု ကုတင်အား တီထွင်ရန် စိတ်ကူးရလာကြောင်း
ဝမ်ကဆိုသည်။ ထိုစဉ်က တရုတ်တွင် ပြင်းအားအဆင့် ၈.၀ ရှိသော ငလျင်ကြီး
လှုပ်ခတ်သွားခြင်းဖြစ်သည်။ ယခုနှစ် ဧပြီ လကလည်း ယူရှူတွင် ပြင်းအား ၆.၉
ရှိသော ငလျင်တစ်ခု လှုပ်ခဲ့ရာ လူပေါင်း ၂၇၀၀ ကျော် သေကြေပျက်စီးခဲ့သည်။
ဝမ်သည် ဝါသနာအလျောက် တီထွင်မှုများ ပြုလုပ်ရာ အော်တိုမက်တစ်
ဝရိန်ဆော်မျက်နှာဖုံး၊ ယာဉ်များအတွက် အရေးပေါ် ဘရိတ်နှင့်ကလက်စနစ် အပါအဝင်
ပစ္စည်းခြောက်မျိုးကို တီထွင်ထားပြီးဖြစ်သည်။
ကမ္ဘာပေါ်တွင် လူငယ်အလုပ်လက်မဲ့ ၈၁ သန်းအထိ စံချိန်တင်မြင့်တက်
ဂျီနီဗာ-
လွန်ခဲ့သည့်နှစ်က ကမ္ဘာ့အလုပ် လက်မဲ့လူငယ်များ စံချိန်တင်မြင့်တက်ခဲ့ရာ
အလုပ်အကိုင်မရှိသူ လူငယ် ၈၁သန်းရှိခဲ့ပြီး မျှော်လင့်ချက်မဲ့ကာ
လမ်းပျောက်နေသော မျိုးဆက်တစ်ဆက်ဖြစ်လာမည့် အလား အလာရှိနေခဲ့ကြောင်း
သိရသည်။ အသက် (၁၅)နှစ်မှ (၂၄)နှစ်အရွယ် အလုပ်လက်မဲ့ များ
၁၃ရာခိုင်နှုန်းတိုးပွားလာခြင်းက ၂ဝဝ၇ ခုနှစ် ကမ္ဘာ့စီးပွားရေးကျဆင်းမှုကာလက
လူငယ်အလုပ်လက်မဲ့ ၁၁ဒသမ၉ရာခိုင်နှုန်း နှင့် နှိုင်းစာလျှင်
အလုပ်လက်မဲ့နှုန်းများစွာ တိုးပွားလာခြင်းဖြစ်ကြောင်း နိုင်ငံတကာလုပ်
သားအဖွဲ့အစည်း(ILO)မှ ပြောကြားခဲ့သည်။
ILO၏အစီရင်ခံစာတွင် ကြိုတင်
ခန့်မှန်းချက်အရ ယခုနှစ်တွင် လူငယ်လူရွယ် အလုပ်လက်မဲ့များ ၁၃ ဒသမ ၁
ရာခိုင်နှုန်း ပို၍တိုးပွားလာမည်ဟု ဆိုသည်။
ကမ္ဘာပေါ်တွင်
အသက်(၁၅)နှစ် မှ (၂၄)နှစ်အရွယ် လူငယ်သန်း ၆၂ဝရှိပြီး
၂ဝဝ၇ခုနှစ်နှောင်းပိုင်းနှင့် လွန်ခဲ့သည့်နှစ် ကုန်အကြားတွင်
လူငယ်အလုပ်လက်မဲ့ အရေအတွက် ၇ ဒသမ ၈သန်းအထိရှိလာ ခဲ့သည်ဟု သိရသည်။
လက်ရှိလူငယ် အလုပ်လက်မဲ့အရေအတွက်မှာ ILO ၏ ရေတွက်မှုအရ
အမြင့်ဆုံးပင်ဖြစ်သည်ဟု ILOမှ မစ္စဆာရာအယ်လ်ဒါက ပြောကြား ခဲ့သည်။
အစီရင်ခံစာတွင်ဖော်ပြချက်အရ လူငယ်များအား ဖွံ့ဖြိုးတိုးတက်နေသော
နိုင်ငံများနှင့် စီးပွားရေးဖြစ်ထွန်းနေသော နိုင်ငံများရှိ
လုပ်သားဈေးကွက်များမှ ထုတ် ပစ်ခဲ့ခြင်းကို တွေ့ရှိရပြီး ထိုသို့သော အခြေ
အနေက လူငယ်တို့အား လုပ်ငန်းခွင်ရှိရာ သို့ ပြန်လာရန်
စိတ်ဓာတ်ကျဆင်းမှုကိုဖြစ် ပေါ်စေသည်ဟုဆိုသည်။ လမ်းပျောက်ဆုံး နေသော
မျိုးဆက်အမွေကို ဆက်ခံခြင်းက လူငယ်များကို လုပ်သားဈေးကွက်မှဖယ်ခွာ
စေသည့်အနေအထားကို ဖြစ်ပေါ်စေမည် ဟု ဆိုသည်။
ဖွံ့ဖြိုးဆဲနိုင်ငံများတွင် လူငယ်များ သည် ကမ္ဘာ့လူဦးရေ၏
၉ဝရာခိုင်နှုန်းရှိပြီး ထိုလူငယ်များ အလုပ်လက်မဲ့ဖြစ်မှုနှင့် ဆင်း
ရဲချို့တဲ့မှုက စီးပွားရေးတွင် အားနည်းချက် ကို ပိုမိုဖြစ်ပေါ်စေမည်ဟု
ကုလသမဂ္ဂလုပ် သားအေဂျင်စီမှ ပြောကြားခဲ့သည်။ ထိုသို့ သော အခြေအနေက
စိုးရိမ်ဖွယ်ရာသော ပဲ့တင်ရိုက်ခတ်မှုကို ဖြစ်ပေါ်စေမည်ဖြစ်ပြီး
လူငယ်များအနေဖြင့် အလုပ်အကိုင်ရှာဖွေ နိုင်ခြင်းမရှိပါက အသုံးမကျသော၊
ပျင်းရိ သော အသိစိတ်ကို ဖြစ်ပေါ်စေမည်ဖြစ်ကာ ထိုမှတစ်ဆင့် ရာဇဝတ်ပြစ်မှု၊
စိတ်ကျန်းမာ ရေး ပြဿနာ၊ အကြမ်းဖက်မှု၊ ပဋိပက္ခနှင့်
မူးယစ်ဆေးသုံးစွဲမှုများကို တိုးပွားစေမည် ဟု ဆိုသည်။ အစီရင်ခံစာတွင်
ဆက်လက် ဖော်ပြထားသော ကြိုတင်ခန့်မှန်းချက်အရ လာမည့်နှစ်တွင်
လူငယ်အလုပ်လက်မဲ့များ ဆက်လက်တိုးပွားနေမည်ဖြစ်ပြီး အမေရိ ကန်ပြည်ထောင်စု၊
ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံ ၂၇နိုင်ငံတို့တွင် လူငယ်အလုပ်မဲ့များကို
ဆက်လက်တွေ့မြင်နေရမည်ဟု ILO မှ ပြောကြားခဲ့ကြောင်း သိရသည်။
နေနှင့်ဆင်တူသည့် ကြယ်တစ်လုံး နက္ခတ်ဗေဒ ပညာရှင်များ ရှာဖွေတွေ့ရှိ
နက္ခတ်ဗေဒပညာရှင်များ ရှာဖွေတွေ့ရှိသည့် နေနှင့်ဆင်တူသည့် ကြယ်တစ်လုံး © dailymail
နေနှင့်
ဆင်တူသော ကြယ်တစ်လုံးကို ဂြိုဟ်ပေါင်း ၇ လုံးက
ဝန်းရံလှည့်ပတ်နေသည့် နေအဖွဲ့အစည်းတစ်ခုအား နက္ခတ်ဗေဒ
ပညာရှင်များက ရှာဖွေတွေ့ရှိခဲ့သည်။
က
မ္ဘာမှ အလင်းနှစ် ၁၂၇ အကွာတွင် တည်ရှိသော အဆိုပါ
နေအဖွဲ့အစည်းသည် နေကိုကျော်လွန်ပြီး
ရှာဖွေတွေ့ရှိသမျှ နေအဖွဲ့အစည်း အားလုံးတို့တွင်
အကြီးမားဆုံးဟု ယုံကြည်ရဖွယ် ရှိနေသည်။
ပညာရှင်များက ယင်းနေအဖွဲ့အစည်းတွင် ဂြိုဟ် ၅ လုံး
သေချာပေါက် ရှိနေပြီး နောက်ထပ် ၂ လုံး တည်ရှိနေသည်ဟု
ယုံကြည်ရဖွယ် အထောက်အထားများ တွေ့ရှိထားကြောင်း
ပြောကြားခဲ့သည်။ ဥရောပတောင်ပိုင်း နက္ခတ်တာရာ
လေ့လာရေးစခန်းမှ ဒေါက်တာခရစ်စတိုဖာလိုဗစ်က မိမိတို့
ရှာဖွေတွေ့ရှိသမျှအနက် ဂြိုဟ်အများဆုံး ပါဝင်သည့်
နေအဖွဲ့အစည်း တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။
က နေအဖွဲ့အစည်းနှင့် ဂြိုဟ်များကြား အပြန်အလှန်
ဆွဲငင်နေမှုများကို ခြေရာခံကာ ဂြိုဟ်များ၏
အရေအတွက်ကို တွက်ချက်ဖော်ထုတ်ခဲ့ကြောင်း
ရှင်းပြခဲ့သည်။ Neptuneဂြိုဟ်၏ အရွယ်မျှရှိသော
အစိုင်အခဲ ၅ ခုတို့မှ ထင်ထင်ရှားရှား
တုန့်ပြန်မှုများကို ဖမ်းယူနိုင်ခဲ့ပြီး နောက်ထပ်
အစိုင်အခဲကြီး ၂ ခုတို့မှ ထွက်ပေါ်လာသည်ဟု ယူဆရသော
မြေဆွဲအားများကိုလည်း ထောက်လှမ်းဖော်ထုတ်နိုင်ခဲ့ကြာင်း
လိုဗစ်ကဆိုသည်။
ကြယ်နှင့် အနီးဆုံးဂြိုဟ်မှာ နေနှင့်ကမ္ဘာကြား
အကွာအဝေး၏ ၀.၀၆ ရာခိုင်နှုန်းမျှ အကွာဖြင့်
လှည့်ပတ်နေပြီး အဝေးဆုံးဂြိုဟ်မှာမူ နေနှင့်ကမ္ဘာကြား
ကွာဟချက်ထက် ၁.၄ ရာခိုင်နှုန်း ပိုများသည်ဟု
ယူဆရကြောင်းလည်း သိရှိရသည်။
Top Ten Thai Curries
Thai red chicken curry
Step-by-step skinny chicken tikka masala
Prawn and pepper korma
Woman's Weekly tandoori chicken
Chicken balti with sweet potato and aubergine
Malaysian beef and sweet potato curry
Rogan Josh lamb biriyani
Chickpea dhal
Lamb Madras
Jamie Oliver’s vegetable jalfrezi
Top Ten Thai FoodThe following list is a top 10 favorite Thai food dishes that you
must not miss. The consideration and ranking is based on the
popularity, uniqueness and authenticity of these Thai delicacies. Here
are the winners of my Top 10 Thai Food Dishes.
Kai Pad Med Mamuang Himmapan (Stir-Fried Chicken with Cashew Nuts)
|
|
10. Gai Pad Met Mamuang (Stir-Fried Chicken with Cashew Nuts)Even
though Gai Pad Met Mamuang does not represent the overview of Thai food
but it is a very nice treat to your taste buds. Since it is by no means
spicy or hot, this slightly sweet and salty chicken fried with crunchy
cashew nuts is aptly satiating for children or beginners who are not
used to spices. |
Por Pia Tord (Fried Spring Roll)
|
|
9. Por Pia Tord (Fried Spring Roll)Fried spring
roll is one of the most popular appetizers for foreigners because it is
not spicy and comes with sweet and sour dip. Spring rolls are crispy
pastries with fried vegetable fillings. Though spring rolls are
commonplace in many Southeast Asian countries, Thai Por Pia is
different in flavors with a special dip prepared from Japanese apricot. |
Panaeng (Meat in Spicy Coconut Cream)
|
|
8. Panaeng (Meat in Spicy Coconut Cream)Panaeng
can be cooked using either pork, chicken or beef. Panaeng tastes like
Thai red curry but the coconut milk sauce is thicker and richer.
Compared to Thai red curry, Panaeng is mildly spicy and sweet. Paneang
is best served with warm steamed rice. There is nothing to dislike
about Panaeng expect the fact that it can be too meaty for some people
that prefer vegetables with their dishes. |
Som Tam (Spicy Papaya Salad)
|
|
7. Som Tam (Spicy Papaya Salad)Som Tam is one of
the most popular foods among Thai people for its fiercely spicy and
sour flavors. Som Tam, which literally means “Sour Pounded”, is a spicy
salad made from a mix of fresh vegetables including shredded unripened
papaya, yardlong beans and tomato. Som Tam is unique that the spicy
dressing and salad vegetables are pounded and mixed in the mortar using
a pestle. Somtam is usually served with grilled chicken and sticky
rice. Som Tam is good for your health that it contains no fat, low
calorie and high vitamins. This is a truly authentic Thai dish that
will make a great impression. The only reason why I’m ranking Som Tam
at No.7 (though it deserves higher rank) is its strong spiciness that
might leave your tongue burned and swollen. Just say “Mai phed” (not
spicy) to your waiter if you want less chili pepper. |
Moo Sa-Te (Grilled Pork Sticks with Turmeric)
|
|
6. Moo Sa-Te (Grilled Pork Sticks with Turmeric)This
tantalizing sweet-flavored grilled pork sticks are refined with rich,
juicy sauce made of turmeric and curry powder. Moo Sa-Te makes a savory
hors d’oeuvres that will appease any taste buds. These juicy grilled
pork sticks are usually served with two saucy dips – one is a mildly
spicy thick sauce with ground peanuts, coconut milk and curry powder
and another one is a sweet and sour vinegar sauce with chopped shallot,
pepper and cucumber to mitigate its oiliness. |
Tom Yam Kai (Spicy Chicken Soup)
|
|
5. Tom Yam Gai (Spicy Chicken Soup)Chicken soup is
very good to eat when you have a cold but Tom Yam Gai or spicy chicken
soup is a yummy treat that you will fall in love with just in a first
sip. Tom Yam Kai is a clear chicken soup seasoned with a blend of
chili, lime and fish sauce. The broth is simmered with Thai herbs as
lemon grass, shallot and galangal which give it a unique and satiating
aroma. My foreign friends order this tasty soup as a favorite
where-ever they go so you should not miss it by any means! |
Tom Kha Kai (Chicken in Coconut Milk Soup)
|
|
4. Tom Kha Kai (Chicken in Coconut Milk Soup)Although
Tom Kha Kai is another variation of chicken soup, it deserves the No.4
because of its unparalleled taste and popularity. Similar to Tom Yam
Kai, the broth is prepared with many types of Thai herbs with the
special addition of coconut milk that makes this soup unique. Though
the soup is seasoned with chili, lime and fish sauce just like Tom Kha
Kai, thanks to the coconut milk, the broth is milder and less spicy.
This is probably more preffered by non-spicy eaters. |
Kang Keaw Wan Kai (Green Chicken Curry)
|
|
3. Kang Keaw Wan Gai (Green Chicken Curry)Since we
are having three dishes in a row made of “Gai”, you would have guessed
that it is the Thai word for chicken. Chicken is on of the popular
meats used in Thai cuisine; it is usually available in most curry and
soup. Kang Kiew Wan, literally translated as “Sweet Green Curry”, is
nicely sweet and slightly spicy and tastes very delightful with a
proper blend of the spiciness from green curry chili paste, blandness
from coconut milk, sweetness of sugar and saltiness of fish sauce. It
is usually eaten with steamed rice or served as a sauce to rice noodle
known as “Kanom Jeen” a more ’spaghetti-like’ noodle. |
Pad Thai (Fried Noodle)
|
|
2. Pad Thai (Fried Noodle)This national dish
prides itself for its long history traced back in previous centuries.
Pad Thai flaunts the authenticity of Thai culinary arts in using only
fresh and best ingredients and the well-balancing of the five
fundamental flavors. The stir-fried noodle has become popular because
it tastes yummy and is served with a variety of seasonings to suit your
tastes. Through history, Pad Thai has evolved into two different
styles: the classic and the variation. The classic Pad Thai is a
stir-fried noodle with eggs, fish sauce, tamarind juice, red chili
pepper plus bean sprouts, shrimp and tofu and garnished with crushed
peanuts and coriander while another style is relatively dry and
lightly-flavored. The latter is easily found in street vendors and
dominant in Thai restaurants in the West but having classic Pad Thai
freshly cooked in country of origin is the way to go. |
Tom Yam Goong (Spicy Shrimp Soup)
|
|
1. Tom Yam Goong (Spicy Shrimp Soup)No other
dishes can defeat this renowned Tom Yam Goong as the optimal
representative of Thai gourmet. Tom Yam Goong is truly one of a kind
with its fierce spiciness and sourness and a blatant use of fragrant
herbs including galangal, lemon grass, kaffir lime leaves, shallot,
tamarind and chili pepper. There are two styles of Tom Yam; the clear
spicy soup and thick spicy soup. The latter is cooked by adding coconut
milk or milk to the broth in order to thicken the stock and give the
dish a milder flavor. Tom Yam is very versatile and can be made with
prawns, chicken, fish and mix of seafood, and mushroom. Tom Yam Goong
is the most popular variety of Tom Yam since Spicy Shrimp Soup is the
original. Though not very surprising, Tom Yam Goong is definitely a
signature dish of Thailand. |
--
More info :
http://groups.google.com/group/myanmar-daily-info-n-general-knowledge
With Best Regards,
slip
http://www.meepyatite.com/
If u need any IT Notes & Software
u can download free from
http://slip-meepyatite.blogspot.com/
If u wanna listen any musics
http://myl6.blogspot.com/
If u wanna read latest news
http://lighthouse28.blogspot.com/
If u wanna read funny jokes
http://7comrades.blogspot.com/
Welcome to MIET forum
http://mietforum.ning.com/