မောင်း​​သူမဲ့​​​​​လေယာဉ် ပြန်​​ပေး​​ရန် အ​​မေရိကန်​​တောင်း​​ဆိုမှု အီရန်ငြင်း​​ပယ် ၊ ဖိလစ်ပိုင်မုန်တိုင်းဒဏ် သေဆုံးသူ ၆၀၀ ကျော်ပြီ ၊ အိန္ဒိယတွင် အရက်အဆိပ်သင့်မှုကြောင့် လူ ၅၀ ကျော်သေဆုံး ၊ နိုင်ငံ့ဦးလျှောင်ကို ဆန့်ကျင်စော်ကားတဲ့ စကားလုံးကို မိန့်ခွန်းတ

5 views
Skip to first unread message

မီးပြတိုက်

unread,
Dec 18, 2011, 11:04:15 PM12/18/11
to

  1. မောင်း​​သူမဲ့​​​​​လေယာဉ် ပြန်​​ပေး​​ရန် အ​​မေရိကန်​​တောင်း​​ဆိုမှု အီရန်ငြင်း​​ပယ်  ၊
  2. ဖိလစ်ပိုင်မုန်တိုင်းဒဏ် သေဆုံးသူ ၆၀၀ ကျော်ပြီ ၊
  3. အိန္ဒိယတွင် အရက်အဆိပ်သင့်မှုကြောင့် လူ ၅၀ ကျော်သေဆုံး ၊
  4. နိုင်ငံ့ဦးလျှောင်ကို ဆန့်ကျင်စော်ကားတဲ့ စကားလုံးကို မိန့်ခွန်းတွင် ထည့်သွင်းပြောမိ၍ ထောင် ၁၅ နှစ်ကျ ၊
  5. ၀န်ကြီးချုပ်ဟောင်း သက်ဆင်ကို ထိုင်းနိုင်ငံကူးလက်မှတ် ပြန်ထုတ်ပေး ၊
  6.  ဗြိတိန် ညွှန့်ပေါင်း အစိုးရအတွင်း အကြီးအကျယ် သဘောကွဲ ၊
  7. တရုတ်​​ရှေး​​​​ခေတ်ဘုရင်၏ ​​ကျောက်စိမ်း​​တံဆိပ်တုံး​​အား​​ ​​လေလံတင်​​ရောင်း​​ချ  ၊
  8. သမီးဖြစ်သူအား မုဒိမ်းကျင့်သည့် အမျိုးသားကို ကြိမ်ဒဏ်အချက်ပေါင်း ၂၀၈၀ ရိုက်ရန် အမိန့်ချ  ၊
  9. မတော်တဆမှုကြောင့် တရုတ်မင်းသမီး ပရိသတ်ရှေ့အရှက်ကွဲ  ၊
  10. Forbes ၏ ဝင်​ငွေအ​ကောင်း​ဆုံး​ အမျိုး​သမီး​အဆို​တော်စာရင်း​တွင် ​လေဒီဂါဂါဦး​​ဆောင် ၊
  11.  ကျောင်း​​သား​​​​ကျောင်း​​သူ စုံတွဲများ​​ကို အတူတကွ​​ရေး​​ချိုး​​ခွင့်​​ပေး​​သည့်​​​ တရုတ်တက္ကသိုလ်  ၊
  12. ဂျပန်နိုင်ငံ၏ ဟိုက်ဝေးတံတားလမ်းလွှဲစနစ်များ ၊
  13. Libya on the brink of change


မောင်း​​သူမဲ့​​​​​လေယာဉ် ပြန်​​ပေး​​ရန် အ​​မေရိကန်​​တောင်း​​ဆိုမှု အီရန်ငြင်း​​ပယ်

alt

အီရန်မှ သိမ်း​ဆည်း​ထား​​သော ​မောင်း​သူမဲ့​​ အ​မေရိကန် ​လေယာဉ်© dailymail

ပျက်ကျခဲ့​​​သည့်​​​ ​​မောင်း​​သူမဲ့​​​ ​​လေယာဉ်ကို ပြန်​​ပေး​​ရန် အ​​မေရိကန် သမ္မတ ဘာရတ်အိုဘား​​မား​​၏ ​​တောင်း​​ဆိုမှုကို အီရန်က ငြင်း​​ပယ်လိုက်သည်။

အ ​​မေရိကန်ပိုင် အဆိုပါ ​​လေယာဉ်သည် ဒီဇင်ဘာလ အ​​စောပိုင်း​​က အီရန်ပိုင်နက်ထဲတွင် ပျက်ကျသွား​​ခြင်း​​ဖြစ်သည်။ အီရန်တို့​​​က နည်း​​ပညာမြင့်​​​ အဆိုပါ စစ်လက်နက်ကို မိမိတို့​​​ ပစ်ချလိုက်ခြင်း​​ဟု ​​ကြေညာခဲ့​​​​​သော်လည်း​​ အီရန် ရုပ်မြင်သံကြား​​ အစီအစဉ်တစ်ခုက ယင်း​​​​လေယာဉ်ကို ပြသခဲ့​​​စဉ်တွင်မူ မည်သည့်​​​ အထိအခိုက်မျှ မ​​တွေ့​​​ရ​​ပေ။

အ ​​မေရိကန် အစိုး​​ရသည် ယင်း​​ကို အီရန်ထံမှ ပြန်လည်​​တောင်း​​ယူခဲ့​​​​​သော်လည်း​​ အီရန်က မိမိတို့​​​ပိုင်​​မြေတွင် ​​တွေ့​​​ရသည့်​​​ မိမိတို့​​​ ပစ္စည်း​​အဖြစ်သာ ယူဆ​​ကြောင်း​​ တုံ့​​​ပြန်ခဲ့​​​သည်။ အီရန်၏ နိုင်ငံခြား​​​​ရေး​​ ဝန်ကြီး​​ဌာန ​​ပြော​​ရေး​​ဆိုခွင့်​​​ရ အရာရှိ ရာမင် မာမန်ပါရက်က “သတင်း​​​​ တွေလည်း​​ ကြား​​မှာပါ။ အ​​မေရိကန်ဘက်က ဘာကို ပြန်​​တောင်း​​ဆို​​နေသလဲ ဆိုတာကို။ ဒါ​​ပေမဲ့​​​ သူတို့​​​ဟာ အီရန်ရဲ့​​​ ​​လေပိုင်နက်ကို ​​စော်ကား​​ကျူး​​​​ကျော်ခဲ့​​​တယ်ဆိုတာ မ​​မေ့​​​သင့်​​​ဘူး​​။ ဒါဟာ နိုင်ငံတကာ ဥပ​​ဒေကို ​​ဖောက်ဖျက်တာပါပဲ။

တကယ်လို့​​ အ​​မေရိကန်က တရား​​၀င် ​​တောင်း​​ပန်ပြီး​​ သူတို့​​​ရဲ့​​​ အပြုအမူကို ရာဇဝတ်မှု တစ်ခုအ​​နေနဲ့​​​ ဝန်မခံရင် ​​လေယာဉ်ကို ပြန်ရဖို့​​​ ​​မျှော်လင့်​​​နိုင်မှာ မဟုတ်ပါဘူး​​”ဟု ​​ပြောကြား​​ခဲ့​​​သည်။ အီရန်အစိုး​​ရက အ​​မေရိကန်သည် မိမိတို့​​​၏ ငြိမ်း​​ချမ်း​​​​ရေး​​နှင့်​​​ လုံခြုံ​​ရေး​​ကို ထိပါး​​ခဲ့​​​​​ကြောင်း​​လည်း​​ စွပ်စွဲထား​​သည်။ အ​​မေရိကန် နိုင်ငံခြား​​​​ရေး​​ ဝန်ကြီး​​ဖြစ်သူ ဟီလာရီ ကလင်တန်က အ​​စောပိုင်း​​ကတည်း​​က မိမိတို့​​​၏ ​​လေယာဉ်ကို ပြန်​​တောင်း​​ရန် လုပ်​​ဆောင်မှုမှာ ​​အောင်မြင်မည်ဟု ​​မျှော်လင့်​​​မထား​​​​ကြောင်း​​ ​​ပြောကြား​​ခဲ့​​​သည်။



ဖိလစ်ပိုင်မုန်တိုင်းဒဏ် သေဆုံးသူ ၆၀၀ ကျော်ပြီ


Washi တိုင်ဖုံးမုန်တိုင်းဒဏ်ခံခဲ့ရသည့် ဖိလစ်ပိုင်တောင်ပိုင်း Ilgan မြို့ လူနေရပ်ကွက်တစ်ခု။ (ဒီဇင်ဘာလ ၁၇၊ ၂၀၁၁)
ဓာတ်ပုံ Reuters
Washi တိုင်ဖုံးမုန်တိုင်းဒဏ်ခံခဲ့ရသည့် ဖိလစ်ပိုင်တောင်ပိုင်း Ilgan မြို့ လူနေရပ်ကွက်တစ်ခု။ (ဒီဇင်ဘာလ ၁၇၊ ၂၀၁၁)

ဖိလစ်ပိုင်နိုင်ငံမှာ တိုက်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့မုန်တိုင်းကျပြီး ရေးကြီးမှုဖြစ်ပွားခဲ့တာကြောင့် လူပေါင်း ၆၀၀ ကျော် သေဆုံးပြီး ပျောက်ဆုံးနေတဲ့သူ ၈၀၀ ကျော်ကို  ကယ်ဆယ်ရေးဝန်ထမ်းတွေက တနင်္ဂနွေနေ့မှာ ရှာဖွေနေကြပါတယ်။

အဲဒီ တိုင်ဖုံးမုန်တိုင်း ၀ါရှီ (Washi) ဟာ ဖိလစ်ပိုင်တောင်ပိုင်း မင်ဒါနာအို (Mindanao) ဒေသကို သောကြာနေ့က တိုက်ခိုက်ခဲ့တာကြောင့် ဒေသတခုလုံးမှာ လေပြင်းနဲ့ မိုးသည်းထန်စွာ ရွာသွန်းနေခဲ့ပါတယ်။ မုန်တိုင်းကြောင့် ရေကြီးမှုတွေ၊ မြေပြိုမှုတွေက Cagayan de Oro နဲ့ Iligan ကျေးရွာတွေ အပါအ၀င် ရွာပေါင်း ဒါဇင်နဲ့ချီ ရေထဲပါသွားပြီး မိသားစုလိုက် သေဆုံးမှုတွေ ရှိခဲ့တယ်လို့ဆိုပါတယ်။

သေဆုံးသူ အရေအတွက်ဟာ ၆၅၂ ယောက် ရှိသွားပြီး ပျောက်ဆုံးသူကတော့ ၈၀၀ ကျော်ရှိတယ်လို့ ဖိလစ်ပိုင် ကြက်ခြေနီအဖွဲ့က ဒီကနေ့ ပြောပါတယ်။ မုန်တိုင်းတိုက်ပြီး ၂၄ နာရီကြာတဲ့အထိ အလောင်းတွေကို ဘယ်သူမှ လာမယူသေးတဲ့အတွက် မိသားစုလိုက် သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ယူဆလို့ရကြောင်း ဖိလစ်ပိုင်အရှာရှိ တစ်ဦးဖြစ်သူ Gwen Pang က အေပီသတင်းဌာနကို စနေနေ့မှာ ပြောပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်း အများစုကို ကုန်းပိုင်းဒေသမှာ အာရုံစိုက် လုပ်ဆောင်နေပေမဲ့ ကယ်ဆယ်ရေး မော်တော်ဘုတ်တွေက အသက်မသေဘဲ ကျန်နေသူ အတော်များများကို မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ကမ်းရိုးတမ်း ဒေသတလျှောက်မှာ ကယ်တင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အခု မုန်တိုင်းဒဏ်ခံရတဲ့ မင်ဒါနာအို ဒေသဟာ  ဖိလစ်ပိုင်နိုင်ငံရဲ့ အခြားနေရာတွေနဲ့မတူဘဲ အခုလို ပြင်းထန်တဲ့မုန်တိုင်းမျိုး ၀င်ခဲတဲ့အရပ် ဖြစ်တယ်လို့ ဖိလစ်ပိုင်အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ သေဆုံးသူတွေထဲက အများစုကတော့ အိပ်ပျော်နေတဲ့အချိန်မှာ ရေရဲ့ သယ်ဆောင်ရာကို ပါသွားကြသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

ထောင်နဲ့ချီတဲ့ စစ်သားတွေနဲ့ ရဲတွေက ကယ်ဆယ်ရေး လုပ်ငန်းတွေကို ပူးပေါင်း ဆောင်ရွက်နေကြပေမဲ့ လမ်းတွေ ပိတ်ဆို့နေလို့ လျှပ်စစ်မီးမရတဲ့ အခက်အခဲတွေကြောင့် လုပ်ငန်းနှောင့်နှေးမှုတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။



အိန္ဒိယတွင် အရက်အဆိပ်သင့်မှုကြောင့် လူ ၅၀ ကျော်သေဆုံး

အိန္ဒိယတွင် အရက်ကြောင့် အဆိပ်သင့်မှုများ မကြာခဏ ဖြစ်ပေါ်လေ့ရှိပြီး အဓိက ပြဿနာမှာ ဈေးပေါသော တရားမ၀င် အရက်တုများကို လူဆင်းရဲများက ၀ယ်ယူသောက်သုံးနေခြင်းဖြစ်
Posted on Dec 15 11 - 12:17 PM | Hits : 580
အိန္ဒိယတွင် အရက်အဆိပ်သင့်မှုကြောင့် လူ ၅၀ ကျော်သေဆုံး

အိန္ဒိယတွင် အရက်သောက်ရာမှ အဆိပ်သင့်ပြီး လူ(၅၀)ကျော် သေဆုံးခဲ့ကြောင်း သိရှိရသည်။ အနောက်ဘင်္ဂလား ဒေသရှိ မက်ရာဟတ်၊ အက်စသီနှင့် မန်ဒါဘာဇာ ဒေသများတွင် အဆိပ်သင့် အရက်ကို လူအများ သောက်သုံးမိကြခြင်းဟု ရဲတပ်ဖွဲ့ တာဝန်ရှိသူများက ဆိုသည်။ အဆိုပါ အရက်များကို အင်္ဂါနေ့ညက သောက်သုံးခဲ့မိခြင်းဖြစ်ပြီး ယခုအခါ လူ(၄)ဦးကို ရဲများက ဖမ်းဆီးထားသည်။

စိန်ဆိပ်ကမ်း ဧရိယာရှိ ဆေးရုံတွင် လူပေါင်း (၁၀၀)ကျော်ကို ကုသပေးနေရဆဲဖြစ်ပြီး ယခုထက် အသေအပျောက် အရေအတွက် တိုးမြင့်လာနိုင်ကြောင်း သိရသည်။ ယခုအရက်သည် တရားမ၀င် အရက်ချက်ကာ ခိုးရောင်းနေသူများထံမှ ထွက်ပေါ်လာခြင်းဟု ရဲများကဆိုသည်။ ထိုအရက်များကို သောက်မိသူ (၇၀)ကျော်သည် စိုးရိမ်ရသော အခြေအနေတွင် ရှိနေကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးဝန်ကြီး ရှီယာမယ်လ် မန်ဒဲလ်က ပြောကြားခဲ့သည်။ “အရက်အဆိပ်သင့်တဲ့ ဝေဒနာခံစားထားရတဲ့ လက္ခဏာမျိုးတွေ ပြနေတဲ့ လူနာတွေ ထပ်ထပ်ရောက်လာတယ်။ ကျွန်တော်တို့ မျှော်လင့်တာထက်တောင် ဆိုးနေနိုင်ပါသေးတယ်”ဟု မန်ဒဲလ်က AFPသို့ ပြောဆိုသွားသည်။

အိန္ဒိယတွင် အရက်ကြောင့် အဆိပ်သင့်မှုများ မကြာခဏ ဖြစ်ပေါ်လေ့ရှိပြီး အဓိက ပြဿနာမှာ ဈေးပေါသော တရားမ၀င် အရက်တုများကို လူဆင်းရဲများက ၀ယ်ယူသောက်သုံးနေခြင်းဖြစ်သည်။ ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း အဆိုးရွားဆုံးအဖြစ် (၂၀၀၉)ခုနှစ်၊ ဇူလိုင်လက ဂူဂျာရတ်တွင် အရက်အဆိပ်သင့်မှုကြောင့် လူပေါင်း (၁၀၇)ဦး သေဆုံးခဲ့ဖူးကြောင်း သိရှိရသည်။

Source: BBC



နိုင်ငံ့ဦးလျှောင်ကို ဆန့်ကျင်စော်ကားတဲ့ စကားလုံးကို မိန့်ခွန်းတွင် ထည့်သွင်းပြောမိ၍ ထောင် ၁၅ နှစ်ကျ

21:19  Myanmar Express Group  No comments


၂၀၀၈ တုန်းက ဖြစ်ပွားခဲ့တဲ့ ထိုင်းနိုင်ငံ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ နိုင်ငံ့ဦးလျှောင်ကို ဆန့်ကျင်စော်ကားတဲ့ စကားလုံးကို မိန့်ခွန်းတွင် ထည့်သွင်းပြောမိ၍ အမျိုးသမီးခေါင်းဆောင် ဒါယန်နီး ချန်းချွန်ဆီလ်ပါကူလ် (Daranee Charnchoengsilpakul) ကို ဘန်ကောက်မြို့ ပြစ်မှုဆိုင်ရာတရားရုံးတစ်ရုံးကနေ ဒီကနေ့ ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်ပါတယ်။

ဒါယန်နီး ချန်းချွန်ဆီလ်ပါကူလ် ကာ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် (Thaksin Shinawatra) ရဲ့ ထိုင်းရပ်(ခ်)ထိုင်း (Thai-Rak-Thai) ပါတီဝင်ဟောင်းတွေနဲ့ ပြန်ပြီး ဖွဲ့စည်းထားတဲ့ အင်္ကျီအနီဝတ်တွေရဲ့ ပွေထိုင်း (Phue Thai)မှာလည်း ပါတီဝင်တစ်ဦး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလကလည်း နိုင်ငံ့ဦးသျှောင်ကို စော်ကားတဲ့ ဖုန်းမက်ဆေ့ခ်ျ တစ်ခုပို့ ပို့မီလို့ အသက် ၆၁ နှစ်အရွယ် ထိုင်းအမျိုးသားတစ်ဦးကို ထောင် အနှစ် ၂၀ ချခဲ့ပါတယ်။

ထိုင်းနိုင်ငံဟာ အမေရိကန်နှင့် အနောက်ဥရောပ နိုင်ငံများနဲ့ အဆင်ပြေသောနိုင်ငံဖြစ်တာကြောင့် အခုလို နိုင်ငံ့ဦးသျှောင်နဲ့ပတ်သက်ပြီး တင်းကြပ်တဲ့ဥပဒေတွေနဲ့ ပတ်သက်လို့ အနောက်နိုင်ငံတွေက မသိချင်ဟန်ဆောင်နေပြီး ကုလကလည်း ဆိုးရိမ်ကြောင်း မပြောခဲ့ပါဘူး။

ထိုင်းနိုင်ငံသားတွေအနေနဲ့ အင်တာနက်က facebook ပေါ်မှာ နိုင်ငံ့ဦးသျှောင်ကို စော်ကားတဲ့ စာသားကို like ပေးရင်တောင် ထောင်တစ်နှစ်ခွဲ ချနေပေမယ့် အိမ်နီးချင်း မြန်မာနိုင်ငံမှာတော့ နိုင်ငံ့ဦးသျှောင်ကို အဆင့်တန်းမရှိ ရိုင်းစိုင်းစော်ကားနေသူတွေ ရှိနေတာတောင် အရေးယူမှုလုပ်တာမျိုးတော့ တစ်ခါမှ မတွေ့ရသေးပါဘူး။

မြန်မာနိုင်ငံမှာလည်း နိုင်ငံ့ဦးသျှောင်ကို စောင်းမြောင်းတဲ့ စကားလုံးတွေကို မိန့်ခွန်းတွေထဲမှာ ထည့်ပြော၊ တရားတွေထဲမှာ ထည့်ဟော ကြသူတွေရှိပေမယ့် ထိုင်းနိုင်ငံလို ထောင် ၁၅ နှစ် အနှစ် ၂၀ ချ တာမျိုးတော့ မရှိဘူးလို့ သိရပါတယ်။



ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ထိုင်းနိုင်ငံကူးလက်မှတ် ပြန်ထုတ်ပေး

ပြည်ပမှာခိုလုံနေတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်န၀ပ်ကို နိုင်ငံကူးလက်မှတ် ပြန်ထုတ်ပေး လိုက်ပြီလို့ ထိုင်းအစိုးရက ဒီကနေ့ ထုတ်ပြောလိုက်ပါတယ်။ အာဏာ အလွှဲသုံးစာမှုနဲ့ ထောင်ချခံရတာကို ရှောင်လွှဲဖို့ ၂၀၀၈ ခုနှစ်ကတည်းက ပြည်ပမှာ ခိုလုံနေခဲ့တဲ့ သန်းကြွယ်သူဌေး သက်ဆင်ကို ဆန့်ကျင်သူတွေက ပြင်းပြင်းထန်ထန် အတိုက်အခံ လုပ်နေတဲ့ကြားထဲကပဲ အခုလို ထုတ်ပေးလိုက်တာပါ။ ထိုင်း နိုင်ငံခြားရေး ၀န်ကြီးဌာနက လက်ရှိ ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်န၀ပ်ရဲ့ အစ်ကို မစ္စတာ သက်ဆင်အနေနဲ့ ဒီနိုင်ငံကူးလက်မှတ်သစ်ကို အောက်တိုဘာလ ကတည်းက အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံက အဘူဒါဘိုင်း ထိုင်းသံရုံးကနေ လက်ခံရရှိပြီး ဖြစ်တယ်လို့ အတည်ပြု ပြောကြားလိုက်ပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရှိသူ Thani Thongphakdi က အခုလို ရိုးရိုး နိုင်ငံကူးလက်မှတ် ထုတ်ပေးတာက သူ့ကို နိုင်ငံထဲပြန်လာဖို့ ဒါမှမဟုတ် သူ့မှာ အပြစ်ရှိမရှိနဲ့ မဆိုင်ဘူး၊ သူ့ရဲ့ ထိုင်းနိုင်ငံသား ဖြစ်မှုကို အသိအမှတ်ပြုတာပဲ ဖြစ်တယ်လို့ လျှော့ပေါ့ပြောဆိုခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ ၂၀၀၆ ခုနှစ်က အာဏာသိမ်းခံရပြီး လာဘ်စားမှုနဲ့ ထောင်ဒဏ် ၂ နှစ်ကျခံရမှာကို ဒူဘိုင်း နိုင်ငံမှာ တိမ်းရှောင်နေခဲ့တဲ့ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ဟာ ပြီးခဲ့တဲ့ ထိုင်းအစိုးရဟောင်း လက်ထက်မှာ ၂၀၀၉ ခုနှစ်တုန်းက နိုင်ငံကူးလက်မှတ် ပြန်သိမ်းတာ ခံခဲ့ရတာပါ။ အဲဒီနောက်မှာတော့ သက်ဆင်ဟာ မွန်တေနီဂရိုး နိုင်ငံကူးလက်မှတ် သုံးခွင့် ရခဲ့ပါတယ်။ သူ့ကို ထောင်ဒဏ်ချတာဟာ နိုင်ငံရေးအရ ကြံစည် လုပ်ဆောင်တာ ဖြစ်တယ်လို့ ၀န်ကြီးချုပ်ဟောင်း သက်ဆင်က ခုခံကာကွယ် ခဲ့အပြီးမှာ ထိုင်းနိုင်ငံထဲမှာ အဓိက အကွဲအပြဲတွေ ဖြစ်စေတဲ့လူတစ်ဦးအဖြစ်နဲ့ ထင်ရှားလာပြီး ဒီနှစ်ဆန်းကတက်လာတဲ့ သူ့ညီမ ဦးဆောင်တဲ့ အစိုးရသစ်က သူ ပြန်လာနိုင်ဖို့ ဘုရင်ရဲ့ လွှတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ ထွက်တဲ့သတင်းတွေအပေါ် သက်ဆင်ရဲ့ အတိုက်အခံတွေဘက်မှာ မကျေမနပ် တင်းမာမှုတွေ တိုးပွားလာနေခဲ့ပါတယ်။

ဒါပေမဲ့ ထိုင်းအစိုးရဘက်ကတော့ ဘုရင်ရဲ့ခွင့်လွှတ်မှုကို မတောင်းခံထားဘူးလို့ တရားဝင် ငြင်းဆိုထား ပါတယ်။ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ကို ထောက်ခံတဲ့ အင်္ကျီနီဝတ် ဆန္ဒပြသူတွေက ၂၀၁၀ ခုနှစ်မှာ အရင်အစိုးရဟောင်းကို အကြီးအကျယ် ဆန္ဒပြကန့်ကွက်ခဲ့ရာကနေ စစ်တပ်က နှိမ်နင်းခဲ့တာကြောင့် သွေးထွက်သံယိုမှုတွေနဲ့ အဆုံးသတ်ပြီးတော့မှ ဒီနှစ်ဆန်း ရွေးကောက်ပွဲတွေမှာ သူ့ညီမ နေရာရလာခဲ့တာပါ။
တချိန်တည်းမှာပဲ ထိုင်းနိုင်ငံ အမေရိကန် သံရုံးရှေ့မှာ ဆန္ဒပြသူ ၁၀၀ ခန့်က အမေရိကန်နဲ့ နိုင်ငံတကာ အနေနဲ့ ထိုင်းဘုရင်ကို အသရေဖျက်မှု ဥပဒေနဲ့ အပြစ်ပေးတာကို မကန့်ကွက်ကြဖို့ ဒီကနေ့ တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။


ဗြိတိန် ညွှန့်ပေါင်း အစိုးရအတွင်း အကြီးအကျယ် သဘောကွဲ

01:36  Myanmar Express Group  No comments

သဘောထား အကြီးအကျယ်ကွဲနေတဲ့ ကင်မရွန်း နှင့် နစ်ကလက်

ဗြိတိန် ဝန်ကြီးချုပ် ကင်မရွန်း (David Cameron) နဲ့ ဒုတိယ ဝန်ကြီးချုပ် နစ်ကလက် (Nick Clegg) တို့အကြား အကြီးအကျယ် သဘောထား ကွဲလွဲနေကြောင်း သိရပါတယ်။ ယူရိုဇုန် ကယ်တင်ရေး ဆိုင်ရာ ဥရောပ သမဂ္ဂရဲ့ ကြိုးပမ်းချက်ကို ဗြိတိန်ဝန်ကြီးချုပ် ကင်မရွန်း က ပယ်ချခဲ့မှုကြောင်း ဖြစ်ခဲ့တာပါ။ ဗြိတိန်ဟာ သူ့ရဲ့ ဘဏ္ဌာရေး အတွက် သင့်တော်တဲ့ လုံခြုံ စိတ်ချမှု မရခဲ့ဘူးလို့ ပါလီမန်မှာ မိန့်ခွန်းပြောရမှာ ကင်မရွန်းက ပြော ဆိုခဲ့ပါတယ်။

လက်ရှိ အာဏာရ ညွှန့်ပေါင်း အစိုးရ အဖွဲ့ထဲက လစ်ဘရယ် ဒီမိုကရက် ပါတီ ခေါင်းဆောင် နစ်ခ် ကလဲဂ် ကတော့ ကင်မရွန်းဟာ ဗြိတိန်ကို အထီးကျန်ဖြစ်အောင် လုပ်နေပြီး ဒါဟာ လူတွေ အလုပ်အကိုင် ရရှိရေးနဲ့ စီးပွားရေး တိုးတက်မှု အပေါ် ဒုက္ခပေးလိမ့်မယ်လို့ ဆိုပါတယ်။

အတိုက်အခံ ခေါင်းဆောင် အက်ဒ် မီလီဘန်းကတော့ ကင်မရွန်ဟာ ဗြိတိန်ရဲ့ စားပွဲခုံထိပ်က နေရာကို စွန့်လွှတ်ပြီး လက်ဗလာ သက်သက်နဲ့ ပြန်ထွက်လာခဲ့တယ်လို့ ပြီးခဲ့တဲ့ EU အစည်းအဝေးမှာ ဗီတိုသုံးခဲ့တာကို ရည်ညွှန်းပြောဆို ခဲ့ပါတယ်။

ဗြိတိန်အစိုးရအတွင်းမှာ အခုဆိုရင် အကြီးအကျယ် သဘောထားကွဲမှုတွေ ဖြစ်နေတဲ့အပြင် ဥရောပ သမဂ္ဂကလည်း ပြိတိန်ကို တကိုယ်ကောင်းဆန်သူလို့ သက်မှတ်ပြီး ရှုံ့ချထားပါတယ်။

Posted in: ဒီမိုကရေစီနိုင်ငံကြီးများရဲ့ သတင်း

တရုတ်​​ရှေး​​​​ခေတ်ဘုရင်၏ ​​ကျောက်စိမ်း​​တံဆိပ်တုံး​​အား​​ ​​လေလံတင်​​ရောင်း​​ချ

alt

တရုတ်​​ရှေး​​​​ခေတ်ဘုရင်၏ ​​ကျောက်စိမ်း​​တံဆိပ်တုံး​​© dailymail

တရုတ်အင်ပါယာ ဧကရာဇ်မင်း​​မြတ် ကွင်​​လောင် လက်ထက်က သုံး​​စွဲခဲ့​​​သည့်​​​ ​​ကျောက်စိမ်း​​ တံဆိပ်တုံး​​ကို ​​လေလံတင် ​​ရောင်း​​ချခဲ့​​​ရာ ယွမ်​​ငွေ ၁၆၁ သန်း​​ ရရှိခဲ့​​​​​ကြောင်း​​ သိရှိရသည်။

ယခုသီတင်း ​​ပတ် အ​​စောပိုင်း​​က ​​ဘေဂျင်း​​မြို့​​​တွင် ပြုလုပ်​​သော ​​လေလံပွဲအတွင်း​​ အဆိုပါ တံဆိပ်တုံး​​ကို ယခု​​ဈေး​​ဖြင့်​​​ ဝယ်ယူခဲ့​​​ခြင်း​​ဖြစ်သည်။ ထို​​ဈေး​​နှုန်း​​သည် ​​ကျောက်စိမ်း​​ဖြူဖြင့်​​​ ထွင်း​​ထု ပြုလုပ်ထား​​​​သော ပစ္စည်း​​များ​​အတွက် အမြင့်​​​ဆုံး​​ စံချိန်တင် ​​လေလံ​​ဈေး​​လည်း​​ ဖြစ်လာသည်။

မူလက ​​လေလံ တာဝန်ရှိသူများ​​က တံဆိပ်တုံး​​အတွက် ကြမ်း​​ခင်း​​​​ဈေး​​ကို ယွမ်​​ငွေ ၆၈ သန်း​​ဖြင့်​​​ ​​ဈေး​​ဖွင့်​​​ခဲ့​​​ခြင်း​​ဖြစ်သည်။ အဆိုပါ တံဆိပ်တုံး​​ကို ၁၇၉၅ ခုနှစ်က ကွင်မင်း​​ဆက်၏ ဆဋ္ဌမ​​မြောက် ဘုရင်မင်း​​မြတ် ကွင်​​လောင်လက်ထက်တွင် ထွင်း​​ထုပြုလုပ်ခဲ့​​​သည်။

အဆိုပါ နှစ်တွင် တရုတ်မင်း​​​​နေပြည်​​တော်အတွင်း​​ တံဆိပ်တုံး​​ အခု ၂၀ မျှ ပြုလုပ်ခဲ့​​​​​သော်လည်း​​ ယခုတံဆိပ်တုံး​​သည် တစ်ခုတည်း​​​​သော အဝိုင်း​​ပုံသဏ္ဍာန် ဖြစ်​​ကြောင်း​​လည်း​​ သိရှိရသည်။


သမီးဖြစ်သူအား မုဒိမ်းကျင့်သည့် အမျိုးသားကို ကြိမ်ဒဏ်အချက်ပေါင်း ၂၀၈၀ ရိုက်ရန် အမိန့်ချ

alt

ကြိမ်ဒဏ်ပေးနေပုံ© dailymail

ဆော်ဒီအာရေဗျ နိုင်ငံတွင် သမီးဖြစ်သူအား မုဒိမ်းကျင့်ခဲ့သည့် အမျိုးသား တစ်ဦးအား ကြိမ်ဒဏ် အချက်ပေါင်း ၂၀၈၀ ရိုက်ရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

ဆော်ဒီ သတင်းစာ တစ်စောင်က အဆိုပါ အမျိုးသားသည် ယင်းကြိမ်ဒဏ်အပြင် ထောင်ဒဏ် ၁၃ နှစ်ကိုလည်း သီးခြားချမှတ် ခံရကြောင်း ဖော်ပြခဲ့သည်။ ဘာသာရေးအရ မြင့်မြတ်သော မက္ကာမြို့ရှိ တရားရုံးက အဆိုပါ အမျိုးသားသည် ဆယ်ကျော်သက်အရွယ် သမီးရင်း ကို ၇ နှစ်သမီး ကတည်းက မုဒိမ်းကျင့်လာကြောင်း ဖော်ထုတ်တွေ့ရှိခဲ့သည်။

မူးယစ်ဆေး သုံးစွဲပြီးနောက် သမီးရင်းကိုပင် ပြုကျင့်ခဲ့သည့် အမျိုးသား၏ အမည်ကိုမူ Okzaသတင်းစာက မဖော်ပြခဲ့ချေ။ ဆော်ဒီ ဘာသာရေး ရဲများက မိန်းကလေး၏ ဦးလေးတော်စပ်သူက အဆိုပါ ကိစ္စကို ရာဇဝတ်မှုအနေနှင့် တိုင်ကြားခဲ့ကြောင်း ပြောကြားသွားသည်။ ဆော်ဒီတွင် ဘာသာရေးအရ ချမှတ်သော ပြစ်ဒဏ်များအနက် ကြိမ်ဒဏ်သည်လည်း အပါအ၀င်ဖြစ်သည်။

ဆော်ဒီတွင် မွတ်ဆလင် ဘာသာရေးအရ စည်းမျဉ်းများ သတ်မှတ်အုပ်ချုပ်နေပြီး ယခုပြစ်မှုကို ဘာသာရေးရှုထောင့်မှ စီရင်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။


မတော်တဆမှုကြောင့် တရုတ်မင်းသမီး ပရိသတ်ရှေ့အရှက်ကွဲ

alt

မတော်တဆမှုကြောင့် အရှက်ကွဲ© dailymail

တရုတ်နိုင်ငံမှ ရုပ်ရှင်မင်းသမီးတစ်ဦး မတော်တဆမှု တစ်ခုကြောင့် ပရိသတ်ရှေ့တွင် အရှက်ကွဲခဲ့ရသည်။

တရုတ်နိုင်ငံ၏ ၂၀၁၁ ခုနှစ်အတွက် အထူးချွန်ဆုံး အမျိုးသားဆုကို ကြေညာရန် မင်းသမီး ဆန်ဖီဖီက တာဝန်ယူ ဆောင်ရွက်ပေးခဲ့သည်။ သူမသည် TVအစီအစဉ်မှူး ဖန်လင်းနှင့်အတူ စင်ပေါ်တွင် ရှိနေစဉ် ဖန်က သူမ၏ ရှည်လျားသော ဂါဝန်စကို မတော်တဆ နင်းထားမိသည်ကို မသိခဲ့ချေ။ တနင်္ဂနွေနေ့က အဆိုပါ မတော်တဆမှုကြောင့် ဆန်သည် လမ်းလျှောက်ရင်း အင်္ကျီကျွတ်ကာ ရှေ့ပိုင်းမှ အောက်ခံဘရာစီယာပါ ထင်းထင်းလင်းလင်း ပေါ်သွားသည်။

ရုတ်တရက် ထိတ်လန့်သွားသော မင်းသမီးသည် ရှက်ရှက်နှင့် အင်္ကျီကို ဆွဲတင်ပြီးနောက် ပွဲပြီးထိ မနေဘဲ ထွက်ခွာသွားခဲ့သည်။ ဆုပေးပွဲတွင် ချန်ကွန်းက ယခုနှစ်က အကောင်းဆုံး အနုပညာရှင်ဆုကို ရရှိခဲ့သည်။ ဇောင်ဂျီချူက တစ်နှစ်တာ အလှဆုံး အမျိုးသမီးဆုကို ပိုင်ဆိုင်ခဲ့ပြီး ဒန်ချောင်က တစ်နှစ်တာ အထူးချွန်ဆုံး မင်းသားဆုကို ရရှိခဲ့သည်။

ရေကူးသမား ဆန်ယန်း၊ ပန်းချီဆရာ ဇူချန်ယာ၊ ဒါရိုက်တာ ဂူချန်ဝီ၊ မင်းသားများဖြစ်သည့် ဟောင်ဇီမင်နှင့် ဝူဇင်ဘိုတို့သည် တစ်နှစ်တာ အထူးချွန်ဆုံး အမျိုးသားများအဖြစ် ဆုပေးရွေးချယ် ခံရကြောင်း သိရှိရသည်။


Forbes ၏ ဝင်​ငွေအ​ကောင်း​ဆုံး​ အမျိုး​သမီး​အဆို​တော်စာရင်း​တွင် ​လေဒီဂါဂါဦး​​ဆောင်

alt

လေဒီဂါဂါ©dailymail

Forbesမဂ္ဂဇင်း​က ထုတ်ပြန်​ကြေညာခဲ့​​သည့်​​ ၀င်​ငွေအ​ကောင်း​ဆုံး​ အမျိုး​သမီး​အဆို​တော် များ​ စာရင်း​တွင် ​လေဒီဂါဂါက ထိပ်ဆုံး​မှ ဦး​​ဆောင်​နေ​ကြောင်း​ သိရှိရသည်။

၂၀၁၀ ပြည့်​​နှစ် ​မေလမှ ၂၀၁၁ ခုနှစ် ​မေလထိ ၀င်​ငွေစာရင်း​ကို ခန့်​​မှန်း​တွက်ချက်ပြီး​​နောက် Monster Ballစတား​ အဆို​တော်၏ ၀င်​ငွေသည် ​ဒေါ်လာ သန်း​ ၉၀ မျှ ရှိခဲ့​​​ကြောင်း​ ​ဖော်ပြထား​သည်။ ဒုတိယ ​နေရာတွင် သီချင်း​​အေး​​အေး​​လေး​များ​ဖြင့်​​ နာမည်​ကျော်သူ ​တေလာဆွစ်ဖ်က ရပ်တည်​နေသည်။ သူမ၏ ၀င်​ငွေသည် ဂါဂါထက် တစ်ဝက်မျှ ​လျော့​​နည်း​ပြီး​ ​ဒေါ်လာ ၄၅ သန်း​မျှ ရှိမည်ဟု Forbesက ခန့်​​မှန်း​ ထား​သည်။ တတိယ​နေရာတွင် ​ကေတီပယ်ရီက ​ဒေါ်လာ ၄၄ သန်း​ဖြင့်​​ ရပ်တည်​နေသည်။

ဘီယွန်း ​​ဆေး​ကမူ ​ဒေါ်လာ ၃၅ သန်း​မျှ ၀င်​ငွေရှိခဲ့​​ပြီး​ ရီဟာနာက ​ဒေါ်လာ ၂၉ သန်း​၊ Pinkက ​ဒေါ်လာ ၂၂ သန်း​ အသီး​သီး​ ရရှိခဲ့​​သည်။ ကယ်ရီ အန်ဒါဝုဒ်၏ ၀င်​ငွေမှာ ​ဒေါ်လာ သန်း​ ၂၀ မျှ ရှိခဲ့​​ပြီး​ ဆလင်း​ဒီယွန်က ​ဒေါ်လာ ၁၉ သန်း​နှင့်​​ အဒီလီက ​ဒေါ်လာ ၁၈ သန်း​ ၀င်​ငွေပိုင်ဆိုင်ခဲ့​​သည်။

ပရစ်တနီစပီး ​ယား​နှင့်​​ ​အေလီရှာ ကီး​တို့​​မှာမူ ​ဒေါ်လာ ၁၀ သန်း​စီဖြင့်​​ နံပါတ် ၁၀ ​နေရာတွင် ပူး​တွဲရပ်တည်​နေ​ကြောင်း​ သိရှိရသည်။


ကျောင်း​​သား​​​​ကျောင်း​​သူ စုံတွဲများ​​ကို အတူတကွ​​ရေး​​ချိုး​​ခွင့်​​ပေး​​သည့်​​​ တရုတ်တက္ကသိုလ်

alt

တရုတ်တက္ကသိုလ်​ကျောင်း​တစ်​ကျောင်း​၌ ​​ကျောင်း​​သား​​​​ကျောင်း​​သူ စုံတွဲများ​​ကို အတူတကွ​​ရေး​​ချိုး​ခွင့်​​​ပေး​© dailymail

တရုတ်နိုင်ငံ အ​​နောက်​​မြောက်ပိုင်း​​ ရှန်ဇီး​​ရှိ တက္ကသိုလ် တစ်ခုအတွင်း​​ အများ​​သုံး​​ ​​ရေချိုး​​ခန်း​​တစ်ခုတွင် ​​ကျောင်း​​သား​​​​ကျောင်း​​သူ စုံတွဲများ​​ကို အတူတကွ ​​ရေချိုး​​ခွင့်​​​ ​​ပေး​​ထား​​​​ကြောင်း​​ သိရှိရသည်။

ယင်း​​ကိစ္စသည် ပညာ​​ရေး​​နယ်ပယ်တွင် လိင်လုပ်ငန်း​​တစ်ခု ​​ဆောင်ရွက်​​နေခြင်း​​အဖြစ် ​​ဝေဖန်မှုများ​​ မြင့်​​​တက်လာသည်။ အ​​နောက်​​မြောက်ပိုင်း​​ ပိုလီတက္ကသိုလ်တွင် ရှိ​​နေ​​သော အများ​​သုံး​​ ​​ ရေချိုး​​ခန်း​​ တစ်ခုသည် စုံတွဲများ​​အတွက် သီး​​ခြား​​ ​​ရေချိုး​​ခန်း​​ ၇ ခုကို ဖွင့်​​​လှစ်​​ပေး​​ထား​​သည်။ ​​ဒေါင်လိုက်အ​​နေအထား​​ Showerခန်း​​များ​​ ပါရှိ​​သော အခန်း​​ကို ၁၅ ယွမ်၊ ​​ရေချိုး​​ကန်ပါ​​သော အခန်း​​ကို ၁၈ ယွမ်ဖြင့်​​​ ငှား​​ရမ်း​​​​နေ​​ကြောင်း​​ သိရသည်။ အဆိုပါ အခန်း​​ကို တစ်ဦး​​တည်း​​ အသုံး​​ပြုလိုပါကလည်း​​ ထက်ဝက်​​ဈေး​​ဖြင့်​​​ ငှား​​ရမ်း​​နိုင်သည်။

ကိုယ်ပိုင် စာချုပ်ဖြင့်​​​ လုပ်ကိုင်​​နေသူ တစ်ဦး​​က အဆိုပါ ​​ရေချိုး​​ခန်း​​ကို ငှား​​ရမ်း​​ကာ ဖွင့်​​​လှစ်ထား​​ခြင်း​​ဖြစ်သည်။ ​​ရေချိုး​​ခန်း​​၏ ​​အောက် ၂ ထပ်သည် သမား​​ရိုး​​ကျ မိသား​​စု၊ ​​ကျောင်း​​သား​​များ​​ အသုံး​​ပြုနိုင်​​သော သီး​​ခြား​​ ​​ရေချိုး​​ခန်း​​များ​​ဖြစ်​​ နေသည်။ တက္ကသိုလ် ​​ကျောင်း​​၀င်း​​အတွင်း​​ ယင်း​​ကဲ့​​​သို့​​​ ​​ရေချိုး​​ခန်း​​မျိုး​​ ရှိ​​နေခြင်း​​အ​​ပေါ် ​​ကျောင်း​​သူ​​ကျောင်း​​သား​​များ​​၏ အမြင်မှာလည်း​​ အ​​ရော​​ရော အ​​ထွေး​​​​ထွေး​​ဖြစ်​​နေသည်။

ဇူဟု အမည်​​ ဖော်ပြသည့်​​​ ဘွဲ့​​​ရ တစ်ဦး​​က “ကျွန်​​တော်က​​တော့​​​ လက်မခံနိုင်ဘူး​​။ တက္ကသိုလ် ​​ကျောင်း​​သား​​​​တွေဟာ အရွယ်​​ရောက်ပြီး​​သား​​ လူ​​တွေပါ။ ဒီ​​တော့​​​ သူတို့​​​ရည်း​​စား​​နဲ့​​​ ​​ရေတူတူချိုး​​တာကို ကိုယ့်​​​ စိတ်တိုင်း​​ကျ ဆုံး​​ဖြတ်နိုင်တယ်။ ဒါ​​ပေမဲ့​​​ တက္ကသိုလ် ​​ကျောင်း​​၀င်း​​ထဲမှာ ဒါမျိုး​​လုပ်တာက​​တော့​​​ ဆိုး​​ရွား​​တဲ့​​​ စရိုက်တစ်ခုပါ”ဟု ​​ဝေဖန်သွား​​သည်။



ဂျပန်နိုင်ငံ၏ ဟိုက်ဝေးတံတားလမ်းလွှဲစနစ်များ

ဂျပန်နိုင်ငံ၏ ဟိုက်ဝေးတံတားလမ်းလွှဲစနစ်များ




ရှပ်ထွေးပွေလီစွာ သွားလာနေကြတဲ့ ကားရောင်စုံတွေအတွက် လမ်းပိတ်ဆို့မှုမဖြစ်အောင် ပြုလုပ်ထားတဲ့ ဂျပန်နိုင်ငံရဲ့ လမ်းလွှဲစနစ်များအကြောင်းကိုကျွန်တော်တို့လေ့လာကြည့်ကြရအောင် ။ ၀ိုး...ခေတ်မှီ ဗိသုကာလက်ရာတွေနဲ့ ယဉ်ကြောစနစ်တွေက အံမခန်းဖွယ်ရာပါပဲ ။ စက်ဝိုင်းသဏ္ဍာန်တံတားကြီးတွေနဲ့ အကွေ့အကောက်လမ်းမတွေ အရာအားလုံးဟာ သေသပ်လှပစွာနဲ့ ဂျပန်နိုင်ငံရဲ့ခေတ်မှီဖွံ့ဖြိုးတိုးတက်မှုကိုဖော်ဆောင်ပြသလို့နေပါတယ် ။ မိုးထိမြင့်တဲ့အဆောက်အဦးတွေကြားမှာ အကွေ့အကောက်များတဲ့ တံတားတွေက ကောင်းကင်ယံကနေဖြာဆင်းနေသလိုပါပဲ ။



Posted @ www.thettantvillage.com
သက်တန့်ချို


Libya on the brink of change

Rebels swept into the center of Tripoli over the weekend, and the end appeared to be inevitable for the 42-year reign of Moammar Khadafy as leader of Libya, but government forces were still putting up sporadic resistance in pockets of the city. The whereabouts of Khadafy were unknown. He is wanted by the International Criminal Court in The Hague for crimes against humanity. The six-month uprising had been marked by slow progress followed by setbacks, but moved with startling speed over the weekend. Gathered here are pictures from the last few days of the fighting and celebrations. -- Lane Turner.
Libyan rebel fighters run for cover from incoming fire as they advance through the town of Maia, 15 miles from Tripoli, on August 21, 2011. (Bob Strong/Reuters) #

A Libyan rebel tank drives over a sand barricade as rebels advance through the town of Maia on August 21, 2011. (Bob Strong/Reuters) #

Libyan rebels acquire arms form the captured military base "Kilometre 27" west of Tripoli on August 21, 2011. (Filippo Monteforte/AFP/Getty Images) #

A wounded rebel fighter flashes and dancing in obvious joy. (Gianluigi Guercia/AFP/Getty Images) #

Libyan rebel fighters question a man as they search for Khadafy army soldiers in Tripoli on August 22, 2011. Libyan government tanks and snipers put up scattered, last-ditch resistance in Tripoli on Monday after rebels swept into the heart of the capital, cheered on by crowds hailing the end of Moammar Khadafy's 42 years in power. (Bob Strong/Reuters) #

Libyan rebel fighters embrace at the former female military base in Tripoli on August 22, 2011. (Sergey Ponomarev/AP) #

--
--
--

More info : http://groups.google.com/group/myanmar-daily-info-n-general-knowledge/subscribe?hl=en


With Best Regards,

Slip
http://www.meepyatite.info/


Facebook
https://www.facebook.com/pages/%E1%80%99%E1%80%AE%E1%80%B8%E1%80%BB%E1%80%95%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%B9/124452107639442


Simple Views On My Land
http://simpleviewsonmyland.blogspot.com/


Myanmar Social Network
http://myanmar-social-network.socialgo.com/


Computer Technical Notes & Sharing Software
http://slip-meepyatite.blogspot.com/


Myanmar Digital Satellite Navigation Gathering
http://mdsng.blogspot.com/


All Myanmar Blogs
http://allmyanmarblogs.blogspot.com/


Myanmar (Burma)
http://republicoftheunionofmyanmar.blogspot.com/


Music
http://myl6.blogspot.com/


Funny Jokes
http://7comrades.blogspot.com/


MIET Forum
http://mietforum.ning.com/


You received this message because you are member of
"Myanmar Daily Info & General Knowledge" group. To post to this group, send email to
myanmar-daily-info-...@googlegroups.com
To unsubscribe from this group, send email to
myanmar-daily-info-n-gene...@googlegroups.com
For more options, visit this group at
http://groups.google.com/group/myanmar-daily-info-n-general-knowledge?hl=en
If you need any help, you can contact ad...@meepyatite.org & forall...@gmail.com & simplev...@googlemail.com.


Reply all
Reply to author
Forward
0 new messages