Groups
Groups
Sign in
Groups
Groups
မြန်မာ့အရုဏ်သစ် ပရဟိတ လူမှုကူညီရေး အသင်း
Conversations
About
Send feedback
Help
Fwd: သာဓုခေါ်စွာဖြင့် ...
1 view
Skip to first unread message
လူစိမ်း
unread,
Jul 3, 2013, 1:40:39 PM
7/3/13
Reply to author
Sign in to reply to author
Forward
Sign in to forward
Delete
You do not have permission to delete messages in this group
Copy link
Report message
Show original message
Either email addresses are anonymous for this group or you need the view member email addresses permission to view the original message
to myanma_ar...@googlegroups.com, Myanma ArunThit
လုပ်သင့်သော်လည်း လုပ်နိုင်ခဲသည် ကောင်းမှုတစ်ခုအတွက် သာဓု ခေါ်ပါသည်။
လမ်းဘေးတွင် လဲနေသည့် အိုကြီးအိုမ တစ်ဦးကို ခရီးသွားလာရင်း ရှောင်တခင် တွေ့ပါက သင် မည်သို့ အရေးယူပေးမည်နည်း။ ခေတ်ကာလ အခြေအနေအရ အတော်ပင် အဖြေရကျပ်သည့် မေးခွန်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ဤသို့ အခြေအနေမျိုးတွင် အရေးတယူ တုံ့ပြန်ပေးသည့် ``သူမ`` ကို ဤစာဖြင့် အမှတ်တရ ဂုဏ်ပြုလိုက်ပါသည်။
သူမသည် ဂျပန်စကားပြော တိုးရစ်ဂိုက်တစ်ဦးဖြစ်သည်။ အလုပ်ကိစ္စဖြင့် ရန်ကုန်မြို့ထဲသို့ ယနေ့ (၃ ရက် ဇူလိုင်လ ၂၀၁၃ခု) ရောက်ခဲ့သည်။ ဆူးလေဘုရားနားအရောက် ပလက်ဖောင်းပေါ်တွင် တွေ့လိုက်ရသည်က လဲလျောင်းနေသည့် ဘုန်းကြီးတစ်ပါး။ ဖြတ်သွားဖြတ်လာများဖြင့် မစဲအောင်ရှိနေသော်ငြား မည်သူမှ ဂရုမစိုက်အား၊ မိမိဝမ်းစာရေးအတွက် သွားလာလှုပ်ရှားမပြတ်။ မနက်ဖန် ဘားအံသို့ ခရီးထွက်ရမည့် သူမအဘို့ ယနေ့ အတွက်တော့ အားနေသည်ဟု ဆိုရမည်။ တိုးရစ်စ်ဂိုက်တစ်ယောက်အဘို့ ခရီးတစ်ခါထွက်ရန် အထုပ်အပိုးပြင်ခြင်းသည် ရေးကြီးခွင်ကျယ်မဟုတ်တော့။ လဲနေသူ ဘုန်းကြီး၏ အနီးတွင် ကူဖော်လောင်ဘက် တစ်ဦးမှ မရှိ။
ထို့ကြောင့် သူမ အခြေအနေကို စနည်းနာဘို့ ဆုံးဖြတ်လိုက်သည်။ ဘုန်းကြီး၏ အနားသို့ ချဉ်းကပ်လိုက်၏။ အို... ဘုန်းကြီးအိုကြီး တစ်ပါးပါလား။ အတော်ခရီးနှင်လာခဲ့ပုံပေါ်သည်။ ချဉ်စုပ်စုပ် အနံ့ပေါင်းစုံဖြင့် ရောပြွမ်းနေ၏။ နှာခေါင်း ရှုံ့မနေအား...။ အသံပြုကြည့်လိုက်၏။ မတုံ့ပြန်။ အသာအယာလှုပ်ကြည့်၏။ တုပ်တုပ်မလှုပ်။ အေးစက်နေ၏။ ဗုဒွေါ ဘုရား.... ပျံလွန်သွားခဲ့ပြီလား။ တုန်လှုပ်စွာဖြင့် အနားမှ လူများကို အော်ဟစ် အကူအညီတောင်းရ၏။ လူများ ဝိုင်းအုံစ ပြုလာသည်။
လူငယ် တစ်ဦးမှ ဘာအကူအညီပေးရမလဲ မေးလာ၏။ အားကိုးတကြီးဖြင့် အနီးအနားတွင် ဆရာဝန်ပင့်ပေးဘို့ ပြောလိုက်သည်။ လူငယ်လေး အနီးအနား ဈေးဆိုင်များကို ဟိုမေး၊ ဒီစမ်းဖြင့် ဆရာဝန်တစ်ဦး ရောက်လာပါ၏။ စမ်းသပ်ပြီး အသက်ငွေ့ငွေ့ ရှိသေးကြောင်းပြော၏။ ဘုန်းတော်ကြီး သတိရ နိုးထလာသည်။ ရင်ထဲမှ အောင့်နာနေကြောင်းပြော၏။ ဆရာဝန်မှ ဆေးရုံပို့က သင့်တော်ကြောင်း ပြော၏။
ဆရာဝန်အား ကျေးဇူးတင်စကား သုတ်သုတ်ပြောပြီး ဘုန်းဘုန်းအား အငှါးကား တစ်စီး ငှါး၍၊ ဆေးရုံကြီး အရေးပေါ် ဌာနသို့ ပြေးပို့ရလေသည်။ လူငယ်လေးလည်း လိုက်ပါကူညီပါ၏။ ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာနသို
့ ရောက်၍ မြန်မြန် ဆေးကုသမှု ပြုပေးပါရန် တောင်းပန်တိုးရှိုး နိုးဆော် ရလေသည်။ ထုံးစံအတိုင်း မှုခင်းစစ် ရဲအရာရှိနှင့် ရင်ဆိုင်ရပါ၏။ စစ်စစ်ပေါက်ပေါက် မေးသမျှကို ခရေစေ့တွင်းကျ ဖြေရပါ၏။ သူ့တာဝန် အတော် ကျေပွန်ပါသည်။ မိမိမှာ ကူညီ၍ ဆေးရုံလာပို့သူသာ ဖြစ်ကြောင်း လူငယ်လေးမှလည်း အပြန်အလှန် သက်သေခံပေးပါ၏။
ဘုန်းဘုန်း၏ အိပ်ကို လှန်လှောရှာဖွေရာမှ ဖုန်းနံပတ်များ ၃ - ၄ လုံးခန့် တွေ့ရသည်။ ဆက်သွယ်သော်လည်း အဆင်မပြေ။ ချိတ်ဆက်၍ မရချေ။ (စကားချပ်။ ည ဆယ်နာရီခန့်တွင်မှ ဘုန်းဘုန်း၏ အမျိုးတော်သူ ဒကာမ တစ်ဦးနှင့် အဆက်အသွယ် ရပါသည်။ ဧရာဝတီတိုင်းအတွင်းရှိ မြို့တစ်မြို့မှ ဖြစ်ပါသည်။) ဘုန်းဘုန်းအတွက် လိုအပ်သည် ဆေးဝါး++ များ ဝယ်ခြမ်းပေးပြီးမှ ဆေးရုံမှ ညနေ ၆ နာရီခန့် ထွက်ခွာလာခဲ့သည်။
ကုန်ကျငွေမှာ ကျပ်နှစ်သောင်းကျော်သာသာ။ စိတ်ပင်ပန်း လူပင်ပန်း ဖြစ်ရသော်လည်း၊ လူ့အသက်တစ်ချောင်း ထို့ထက်ပိုရလျှင် ဘုန်းဘုန်းတစ်ပါး၏ အသက်ကို ကယ်လိုက်ရသည်က သူမ အနေနှင့် ပင်ပန်းတာ အလွန်ထိုက်တန်သည် ထင်မိ၏။
ထိုစဉ်က ဝိုင်းအုံကြည့်နေသော လူအုပ်ကြီးကို ကူညီဖော်မရခြင်းကြောင့် စိတ်တိုရမည်လား? ဒါမှမဟုတ် ၎င်းတို့၏ ကူညီဖော်မရခြင်းကပင် သူမအတွက် မဟာဒုတ်မဲ ကျသည့်အလား ပရဟိတ ကုသိုလ်ပြုခွင့် တစ်ခု တိုက်ဆိုင်စွာ ရလိုက်သည်ပေလား ? သူမ ရှည်ရှည်ဝေးဝေး မစဉ်းစားချင်တော့ပေ။
ကျနော်တို့ မြန်မာ့အရုဏ်သစ်မှ အမြူတေမန်ဘာ အမြဲတမ်း အလှူရှင် မလှကြည်ထွေး ခေါ် Innocent Nay အား သူမ၏ ကောင်းမှုတစ်ခုအတွက် ဤဆောင်းပါးဖြင့် အမှတ်တရ ဂုဏ်ပြုလိုက်ပါသည် ခင်ဗျား။
image:
www.panoramio.com
ဖေ့ဘုတ်တွင် ဖတ်ရန် ဒီလင့်ကို နှိပ်ပါ။
IMG_0790.JPG
Reply all
Reply to author
Forward
0 new messages