Groups
Groups
Sign in
Groups
Groups
မြန်မာ့အရုဏ်သစ် ပရဟိတ လူမှုကူညီရေး အသင်း
Conversations
About
Send feedback
Help
များစွာထဲက တစ်ခုသော မြန်မာ့အရုဏ်သစ်၏ မျှော်လင့်ချက် - ဘကြီးစိုး
5 views
Skip to first unread message
လူစိမ်း
unread,
Feb 3, 2014, 9:44:53 AM
2/3/14
Reply to author
Sign in to reply to author
Forward
Sign in to forward
Delete
You do not have permission to delete messages in this group
Copy link
Report message
Show original message
Either email addresses are anonymous for this group or you need the view member email addresses permission to view the original message
to myanma_ar...@googlegroups.com
××××××××××××××××××××××××××
××××××
မြန်မာတို့သည် စကားပုံနှင့် ဆုံးမလမ်းညွှန်မှုများစွာ ထားခဲ့သည်။ သို့ရာတွင် ရှေးထုံးမှန်သမျှ မပယ်ရ ဟူသော တစ်ဖက်ပိတ်အမြင်မျိုးတော့ ကျွန်တော်လက်မခံပါ။ ရှေးထုံးလည်း ပယ်သင့်က ပယ်ရမည်ပင်။ အမြဲမှန်ကန်သော အဆုံးအမ များသာ ရှိမည်ဟု မည်သူအာမခံနိုင်ပါမည်နည်း။
တံငါလောကမှ ပေါ်ပေါက်လာသော ပယ်ရမည့်စကားပုံအဆုံးမ တစ်ခုရှိသည်။
``ဟင်းစားသာပေးပါ ကွန်ချက်မပြပါနဲ့`` ဟု ဆို၏။ အဓိပ္ပါယ်မှာ တံငါထံမှ ဟင်းချက်ရန် ငါးတောင်းခံခဲ့သော် ဟင်းတစ်အိုးစာ ပေးချင်ပေးလိုက်ပါ သို့သော် ထိုငါးရရန် မည်သည့်နေရာတွင် မည်သို့ သောကွန်အမျိုးစားဖြင့် မည်သည့်အချိန်တွင် မည်သို့ ပစ်လျှင် ဤ ငါးကို ရနိုင်သည်ဟု မသင်ပါနဲ့ ဟု အဓိပ္ပါယ် ဖွင့်မိပါသည်။ (မှားလေစွတကား)
``သမုဒ္ဒရာရေသည် တစ်ဦးတည်းသောက်ရုံဖြင့် မကုန်နိုင်`` ဆိုသကဲ့သို့ ပညာ သည်လည်း ဖယောင်းတိုင်မီးကူးသလို မိမိထံမှ စိုးစဉ်းမှ လျှော့နည်းသွားသည့်အရာမဟုတ်
ပေ။
ကျွန်တော်တို့ အွန်လိုင်း သူငယ်ချင်းမိတ်ဆွေများ ပေါင်းစည်းကာ ``မြန်မာ့အရုဏ်သစ်``အမည်ဖြင
့် ပရဟိ လုပ်ငန်းများကို လုပ်ကိုင်ကြရင်း ကျွန်တော်တို့ ကွက်လပ် တစ်ခုကို သတိထားမိသည်။ အခြားမဟုတ် ကလေးငယ်များ စားဝတ်နေရေးအတွက် အလှုရှင်ထံမှ ရာနှုံးပြည့် အကူညီရယူနေရခြင်းဖြစ်သည်။ အလှုရှင်အား လက်အုပ်ချီရင်း ဆုတောင်းပေးရင်း အလှုရှင်များထံမှ သနားဂရုဏာစိတ်ကို တောင်းခံ၇င်း ဖြတ်သန်းနေကြရ၏။ ကိုယ့်အားကို ကိုးစေလိုသည့် စိတ်ဓါတ်များ အနည်းအများမဆို ထိခိုက်လိမ့်မည်ဟု စိုးရိမ်မိပါသည်။
ဗီယက်နမ်နိုင်ငံ မှ ပရဟိတ ဂေဟာလေးတစ်ခုကို ရိုက်ကူးတင်ပြထားသော အစီစဉ်လေးကို ကျွန်တော်ကြည့်ဖူးသည်။ ကျယ်ဝန်းသော ခြံလေးထဲတွင် မီးဖိုချောင်သုံး သီးနှံမျိုးစုံစိုက်ပျိုးထာ
း၏။ (ချဉ်ပေါင် -ဗူးသီး- ခရမ်းသီး-ခရမ်းချဉ်သီး-ရုံပ
တီသီး-သေဘာၤသီး-ငရုပ္သီး)စသ
ည္မ်ား။ အရွယ်ရောက်စ ဆယ်ကျော်သက်များလည်း မွေးမြူရေးကို တစ်နိုင်တစ်ပိုင်လုပ်ထား၏။ေ
နာက်ပြီး အသက်ငယ်ငယ်လေး တွေနှင့် လက်မှုပညာများကို သင်ကြားထား၏။
ကြိမ်ကုလားထိုင်ထိုးနေသူမျာ
း အကျီချုပ်နေသူများ ဖျာရက်နေသူများ -- စသည်ဖြင့် ထို့အပြင် နိုင်ငံခြား ဘာသာတစ်ခု အနည်းဆုံးပြောတတ်စေရန်လည်း သင်ပေးထား၏။ ထို့အပြင်ပရဟိ ဂေဟာမှ အလုပ်တွေကိုလည်း သန့်ရှင်းရေး ချက်ရေးပြုတ်ရေး အချင်းချင်း ပြန်လည်ထိမ်းသိမ်းရေးကိုလည်
း ကြီးသူက ငယ်သူကို (သနားငဲ့ညှာ) မိသားစုစိတ်နှင့် ငယ်သူကလည်း ကြီးသူကို (ရိုသေမြတ်နိုး) စိတ်မျိုးဖြစ်အောင် ပြုစုပျိုးထောင်ပေးထားသည်ကိ
ု အားကျစွာကြည့်ရဖူးပါသည်။ အလှုရှင်များကို ရှိခိုးဦးတင် ကျေးဇူးရှင် အမြင်စိတ်မျိုး မမွေးမြူပေးပါ။ သို့သော် အလှုရှင်တင်မဟုတ် ပါတ်ဝန်းကျင်မှ လူများအားလုံးနှုင့် လိုက်လျောညီထွေ တန်းတူမြင်အောင် `` အောက်ငုံ့သိမ်ငယ်စိတ်``မဖြစ
်စေသလို ``အရွဲ့တိုက် မိုက်ရိုင်းစေမယ့် စိတ်``မျိုးကိုလည်း မဖြစ်အောင် သင်ကြားထားပုံ၇၏။
ကျွန်တော်တို့ နှိင်ငံမှ ပရဟိဂေဟာသည် များသောအားဖြင့် ဘုန်းတော်ကြီးကျောင်းများဖြ
စ်သဖြင့် စီးပွားရေး တွဲဖက်လုပ်ရန် မသင့်တော်ပါ။ ထို့ကြောင့် ပုဂ္ဂလိက ပရဟိတ ဂေဟာများ များများစားစား ပေါ်စေချင်သည်။အလှုရှင်များ၏ စေတနာအလှုကို အခြေခံပြီး ကိုယ့်အားကို ကိုးတတ်တဲ့စိတ်။ လူတွေအပေါ် အကောင်းမြင်တတ်တဲ့စိတ်။ ကိုယ့်ဘဝကို လက်ခံကြည်ဖြူလာအောင်စိတ်။ကိ
ုယ့်ကိုယ်ကို ယုံကြည်လာစေမည့်စိတ်။ ပါတ်ဝန်းကျင်လူ့အသိုင်းဝိုင
်းကို တန်ပြန်ကူညီယိုင်းပင်းတတ်တဲ
့စိတ်။ တစ်ပါးသူထံမှ အသနားခံလက်ဝါးဖြန့်တောင်းပြ
ီး အသက်မွေးရမှာကို ရှက်ရွံ့စေတဲ့စိတ်။ ဘဝတူ မိသားစုအချင်းချင်း ပေါင်းသင်း ဆက်ဆံတဲ့နေရာမှာ စိတ်ဓါတ်ရင့်ကျက်တည်ငြိမ်တဲ
့စိတ်။ အသက်မွေးဝမ်းကျောင်းပညာ တစ်ခုစီကို ဝါသနာ စရိုက်လေ့လာပြီး ကောင်းစွာတတ်ကျွမ်းအောင် သင်ကြားပေးသည့် ကျောင်းများ မျှော်လင့်မိသည်။
ဤသို့ေ၇းခြင်းမှာ လက်၇ှိ လည်ပတ်ကူညီစောင့်ရှောက်နေသေ
ာ ပရဟိ ဘုန်းတော်ကြီးကျောင်းများကိ
ု ကဲ့ရဲ့ဝေဖန်လိုသည့် စိတ်မျိုးအလျည်းတစ်စိုးတစ်စ
ိမှ မရှိပါကြောင်း။ ထိုကဲ့သို့ သဘောသက်ရောက်သွားပါက ကျွန်တော်၏ စာရေးသားတင်ပြမှုချို့ယွင်းမ
ှုကြောင့်ဟု မှတ်ယူစေလိုပါသည်။ အနာဂါတ်တွင် မျှော်လင့်မိသည့် အကောင်ထည်ဖော်လိုသည့် တင်ကြိုစိတ်ကူးမှုသက်သက်ပါ။
ဘကြီးစိုး
မြန်မာ့အရုဏ်သစ်
Reply all
Reply to author
Forward
0 new messages