26-1-2013 မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာရှိ ဆရာကြီး ဦးဖုန်းမြင့်အောင်၏ သုခမေတ္တာ မိဘမဲ့ ကျောင်းအား အနွေးထည်နှင့် ငွေကြေးသွားရောက်လှူဒါန်းခြင်း

2 views
Skip to first unread message

လူစိမ်း

unread,
Jan 20, 2013, 9:04:45 AM1/20/13
to myanma_ar...@googlegroups.com, ကိုဖြိုးတင့်နိုင်, goodluck zaw
Inline image 2
မြန်မာ့အရုဏ်သစ် ပရဟိတအဖွဲ့ဝင်များခင်ဗျာ ... ဒီတစ်ခေါက် အဖွဲ့၏ ခြေလှမ်းသစ်အဖြစ်
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာရှိ ဆရာကြီး ဦးဖုန်းမြင့်အောင်၏ သုခမေတ္တာ မိဘမဲ့ ကျောင်းကလေးအား အနွေးထည်နှင့် ငွေကြေးသွားရောက်လှူဒါန်းမည် ဖြစ်ပါတယ်။ အနွေးထည်များကို အလှူခံရရှိထားပြီး ဖြစ်ပြီး အလှူငွေကို အသင်းမှ မတညိ၍ ထပ်မံကောက်ခံရရှိသည်များ ဖြည့်စွက်လှူဒါန်းသွားမည် ဖြစ်ပါတယ်။ လှူဒါန်းမည့်အဖွဲ့ စတင်ထွက်ခွာမည့် နေ့မှာ ၂၅ ရက်နေ့ ဖြစ်ပါတယ်။ ခရီးစရိတ်ကို အသင်းအနေဖြင့် မစိုက်ထုတ်ပဲ လိုက်ပါမည့်သူများ *အားလုံး မိမိစရိတ်ဖြင့်သာ ကျခံသွားကြမည် ဖြစ်ပါတယ်။ ထို့ကြောင့် လိုက်ပါမည့် ဗော်လန်တီယာများ ရှိပါက အားနာနာနဲ့ပဲ ဖိတ်ခေါ်အပ်ပါတယ် ခင်ဗျာ။

ကားလက်မှတ်ကြိုတင် စီစဉ်ရမည် ဖြစ်ပါသဖြင့် ရန်ကုန်မှ လိုက်ပါမည့် သူများ ဇန် (၂၂) ရက်နေ့ နောက်ဆုံးထား၍ ကိုဖိုးသကြား https://www.facebook.com/Phothakyar002 ကို အကြောင်းကြားပေးကြပါ။ မန္တလေးမှ လိုက်ပါမည့် သူများ ကိုဇော်မင်း Goodluck Zaw https://www.facebook.com/goodluck.zaw ကို အကြောင်းကြားပေးကြပါ ခင်ဗျာ။

- ဆက်လက်အလှူခံခြင်း ကိစ္စ -
သုခမေတ္တာ မိဘမဲ့ ကျောင်းကလေးအတွက် ထည့်ဝင်လှူဒါန်းလိုသူများ နီးစပ်ရာ အမှုဆောင်မှတဆင့် အချိန်မီ ထည့်ဝင်ပေးနိုင်ပါကြောင်း နှိုးဆော်ပါရစေခင်ဗျာ... ကျေးဇူးတင်ပါတယ်။

- သုခမေတ္တာ မိဘမဲ့ ကျောင်း မိတ်ဆက် -
ဆရာကြီး ဦးဖုန်းမြင့်အောင်သည် မန္တလေးမြို့ အမှတ်(၁၃) အခြေခံပညာ အထက်တန်းကျောင်းမှ အငြိမ်းစား ကျောင်းဆရာတစ်ဦး ဖြစ်ပါသည်။ မိဘမဲ့ကလေးများအား စောင့်ရှောက်လိုသော စေတနာဖြင့် မန္တလေးမှ မိမိပိုင်မြေကွက်ကလေးအား ရောင်းချကာ ပြင်ဦးလွင်မြို့ ပြင်စာကျေးရွာလေးတွင် မိဘမဲ့ကျောင်းကလေး ဖွင့်လှစ်ပေးခဲ့ပါသည်။ ကျောင်းတွင် ရှမ်းပြည်နယ်မှ မိဘမဲ့ ပအိုဝ့်ကလေး (၅၉)ယောက်ကို စားဝတ်နေရေး စောင့်ရှောက်ပေးရုံမက အထက်တန်းကျောင်းတစ်ကျောင်းတွင် အပ်နှံကာ ပညာသင်ကြားပေးလျှက် ရှိပါသည်။ လက်ရှိ ထိမ်းသိမ်းစောင့်ရှောက် ထားသော မိဘမဲ့ကလေးဦးရေမှာ (၆၈) ဦးဖြစ်ပါသည်။ တနေ့တာ စားနပ်ရိက္ခာစရိတ်မှာ ကျပ် ၈၅,၀၀၀/- ဟု ကြားသိရပါသည်။
Inline image 3
- Our Event in Fan page -
https://www.facebook.com/events/494758657243774/
KarlaDarNa26-01-2013.gif
774550_2721096162056_1324692981_o.jpg
Reply all
Reply to author
Forward
0 new messages