မြန်မာ့ အရုဏ်သစ် ၏ (၁၇) ကြိမ်မြောက် အလှူအဖြစ် သာကေတမြို့၊ မဟာဂန္ဓာရုံ
ဘုန်းတော်ကြီးသင် စာသင်ကျောင်း၏ စာသင်ကျောင်းအမိုး ပြုင်ခြင်းအတွက်
ဝတ္တုငွေ ပါဝင် လှူဒါန်းမည် ဖြစ်ပါတယ်။ နေ့ရက် 2013-09-29 Sun
မဟာဂန္ဓာရုံ ဘုန်းတော်ကြီးသင် စာသင်ကျောင်းဟာ သာကေတမြို့၊ (၉) ရပ်ကွက်
နဝရတ်(၅)လမ်းထိပ်မှာ ရှိပါတယ်။ မဟာဂန္ဓာရုံ ပရိယတ္တိစာသင်တိုက် မဟုတ်ပါ။
မဟာဂန္ဓာရုံ ဘုန်းတော်ကြီးသင် စာသင်ကျောင်း ဟာ မဟာဂန္ဓာရုံ
ဘုန်းကြီးကျောင်းရဲ့ ဘေးကပ်လျက်ပါ။ သတ်သတ်စီ ဖြစ်ပါတယ်။ ၂၀၁၃ စက်တင်ဘာ
(၂၉) ကျနော်တို့ အလှူသွားရန် စုရပ် နဲ့ နှစ်မှတ်တိုင်ခန့် ကွာပါတယ်။
စုရပ်သို့ နံနက် ၉း၀၀နာရီ ဆက်ဆက် ရောက်အောင်လာပါရန်။ စုရပ်ကတော့ သာကေတ
အဝိုင်း တစ်ရာ့ရှစ်တောင် ဘုရား မှတ်တိုင် ဖြစ်ပြီး စုရပ်မှာ ၁၅ မိနစ်
စောင့်ပြီးလျှင် မဟာဂန္ဓာရုံ ဘုန်းတော်ကြီးသင် စာသင်ကျောင်းသို့
ရောက်ချိန် ခန့်မှန်း ၉း၃၀ ဖြစ်ပါတယ်။
မှတ်ချက်။ ကားငှါးလာမည့် သူတွေက အဝိုင်းမှာ မဆင်းပဲ ၎င်းနဲ့
နှစ်မှတ်တိုင်ကွာဝေးသော (၉) ရပ်ကွက် နဝရတ်(၅)လမ်းထိပ်ရှိ မဟာဂန္ဓာရုံ
ဘုန်းတော်ကြီးသင် စာသင်ကျောင်း ကိုသာ ၉း၃၀ အမှီ တန်းလာခဲ့ကြပါရန်။
အမှုဆောင်အဖွဲ့ကိုယ်စား /KO LU ZEIN/
မဟာဂန္ဓာရုံ ဘုန်းတော်ကြီးသင် စာသင်ကျောင်းပြ မြေပုံကို ဖော်ပြပါတယ်။
ဝင်ရောက် ကိုးကားပါရန် -
https://mapsengine.google.com/map/edit?mid=z51UQHhXhFKc.k0HhkQEN7mX0