Groups
Groups
Sign in
Groups
Groups
မြန်မာ့အရုဏ်သစ် ပရဟိတ လူမှုကူညီရေး အသင်း
Conversations
About
Send feedback
Help
အရူးထောင် - KSN
18 views
Skip to first unread message
လူစိမ်း
unread,
Feb 3, 2014, 9:54:42 AM
2/3/14
Reply to author
Sign in to reply to author
Forward
Sign in to forward
Delete
You do not have permission to delete messages in this group
Copy link
Report message
Show original message
Either email addresses are anonymous for this group or you need the view member email addresses permission to view the original message
to myanma_ar...@googlegroups.com
××××××××
ကျုပ်အခု အရူးထောင်မှာဗျ။ ဗျာ--- (အာ ) သွားလေ့လာနေတာမဟုတ်ဘူး ကျုပ်ကိုယ်တိုင် အရူးတစ်ယောက်အနေနဲ့ ရောက်နေတာပါ။ အဟုတ်ပြောတာ တကယ် ။ နေဦး ကျုပ်ရောက်နေတဲ့ အရူးထောင်အကြောင်း ခင်ဗျားကိုနည်းနည်းပြောပြမယ
်။
ကျုပ်ရောက်နေတဲ့အရူးထောင်ကြ
ီးက အကျယ်ကြီးရယ်။ တောတွေ တောင်တွေလည်းရှိတယ်။ ရေတံခွန်တွေ ချောင်းတွေ မြစ်တွေလည်းရှိတယ်။ ကျေးငှက်သာရကာတွေလည်းရှိတယ်
။ ဥဒဟိုသွားလာနေတဲ့ ယဉ်ကြီးယဉ်ငယ် တွေလည်းရ
ှိတယ်။ ကြည်လင်သန့်ရှင်းစင်ကြယ်တဲ့
လေနုအေးလေးတွေ ရှိတဲ့နေရာ ရှိသလို ကာဗွန်ဒိုင်အောက်ဆိုဒ် ဖုံမှုံ့တွေနဲ့ မွန်းကျပ်နေတဲ့ နေရာလည်းရှိတယ်။ ပြောပီပါပကော အကျယ်ကြီးပါဆိုနေ။
ထူးဆန်းတာက မွန်းကျပ်ပိတ်လှောင်နေတဲ့နေ
ရာကို အရူးတွေတော်တော်ကြိုက်တာဗျ။
အခုကျုပ်လည်း အဲဒီ နေရာမှာပဲ။ အရူးဆိုပေမယ့် ကိုယ့်ကိုယ်ကို ရူးမှန်းတော့ ဘယ်သူသိပါ့မလဲ။ အားလုံး ပျော်နေကြတာပေါ့။ အဲ တစ်ခုထူးဆန်းတာက ဒီအရူးထောင်မှာ အရူးကုဆရာဝန်မရှိဘူးဗျို့။ အဲ ပျောက်ချင်ရင်တော့ ကိုယ့်ဖာသာ ကုပေတော့။ တစ်ခါတုန်းကတော့ ဒီမှာ အရူးတွေကို လွတ်မြောက်အောင် ကုစားပေးတဲ့ ဆရာကြီး တစ်ပါး ရှိခဲ့ဖူးတယ်တဲ့ဗျ။ သူ့မေတ္တာတရားကြောင့်အရူးအတေ
ာ်များများ လွတ်မြောက်ချမ်းသာသွားဖူးတယ
်။ ဆရာကြီးလည်း နောင် အရူးတွေ ပျောက်စေချင်တဲ့ မေတ္တာနဲ့ တပည့်တွေမွေးပြီး ကုနည်းတွေ သင်ခဲ့ပေးပါရဲ့။ ခုတော့ သူ့တပည့်တွေထဲကတောင် အချို့ သွက်သွက်ခါနေမှတော့ အင်းးးး ကျုပ်တို့အရူးတွေပျောက်ဖို့
မျှော်လင့်ချက် မှေးမှိန်စပြုနေပီပေါ့ဗျာ။
ကျုပ်တို့ အရူးထောင်မှာ သံတံတိုင်းတွေနဲ့ ကာရံမထားဘူး။ ကြိုးတွေနဲ့ တုတ်နှောင်မထားဘူး။ ခြေထိပ်လက်ထိပ် မခတ်ထားဘူး။ အရူးတွေကို စောင့်ရှောက်ထိမ်းသိမ်းကြပ်
မတ်ဘို့ ဝန်ထမ်းမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ မလိုလို့ဗျ။ ဟုတ်တယ်။ ဘာလို့လဲဆိုတော့ ကျုပ်တို့အရူးတွေကိုယ်တိုင်
အင်မတန်ခိုင်ပြီး မမြင်ရတဲ့ ကြိုးတွေနဲ့ အရူးအချင်းချင်း နှလုံးသားတွေ ဖောက်ပြီး တုတ်နှောင်ထားတယ်။ အခြား အရာဝတ္တုတွေနဲ့လည်း တုတ်နှောင်ထားတတ်တယ်။ ကိုယ်ကျေကျေနပ်နပ် တုတ်နှောင်ထားတဲ့ကြိုးတွေကိ
ု ကိုယ်တိုင် မဖြုတ်မဖြတ်ချင်မှတော့ဗျာ အခြား ဘာလိုသေးလို့လဲ။
အဆန်းမဟုတ်ပါဘူး။
ကျုပ် အခု မှန်တာပြောရရင် ဒီအရူးထောင်ကနေ လွတ်မြောက်ချင်တယ်ဗျ။ ကျုပ် စိတ်ကူးနဲ့ ရုန်းထွက်ကြည့်သေးတယ်။ ကျုပ်နှလုံးသားနဲ့ ဆက်ထားတဲ့ သံမဏိသံယောဇဉ်ကြိုးကြောင့် သွေးစိမ်း တောက်တောက်ကျအောင် နာကျင်တယ်ဗျို့ မခံစားနိုင်သေးဘူး။ ကျုပ်တောင် ဒီလောက်နာရင် အခြား ကျုပ်နဲ့ ဆက်ထားတဲ့ နှလုံးသားတွေလည်း နာမှာပဲ။ ကျုပ်ဒီလိုတွေးရင်းလက်လျှော
့ခဲ့ရတယ်။အချို့အရူးတွေလည်း
ကြိုးတန်းလန်းနဲ့ အရူးထောင်ကနေ လွတ်အောင် ကြိုးစား ရုန်းနေတာ ကြည့်ပြီး ကျုပ် ပြုံးမိတယ်။ ဒီကြိုးတွေ မပြတ်ဘဲ မဖြတ်ဘဲ ဘယ်အရူးမှ ဒီအရူးထောင်က လွတ်မှာ မဟုတ်ဘဲကိုး။
အချို့အရူးတွေကိုတော့ ကျုပ်လေးစားသဗျ။ သူတို့ ချည်နှောင်ထားတဲ့ကြိုးတွေကိ
ု တစ်ခါတည်း အကုန်အစင် မဖြတ်နိုင်မှန်းသိလို့ ဖြတ်လို့ရတဲ့ကြိုးတွေ ရွေးပြီးဖြတ်နေကြတယ်။ သူတို့ တစ်နေ့ လွတ်မြောက်မှာလို့ ကျုပ်တော့ ယုံကြည်တယ်။ တစ်ခုပဲ တစ်ကြိုးပြတ် တစ်ကြိုးထပ်မချည်ဘူးဆိုရင်ေ
ပါ့လေ။
ထပ်ပြောချင်သေးတယ်
ကျုပ် တကယ်ဒီအရူးထောင်ကနေ လွတ်ချင်ပါတယ်
အခု မလွတ်သေးပေါ့အတူတူတော့ ကိုထီးရဲ့ သီချင်းလေးကို ညည်းလိုက်ဦးမယ်ဗျာ--
``အချစ်ထောင်``တဲ့
အချစ်ထောင်××× သံယောဇဉ်ကြိုးနဲ့ တည်းနှောင်ထားတဲ့×× အကျဉ်းထောင်×× ကိုယ်ဘယ်လိုလုပ်ြ့ပီး ရုန်းမှာလဲ×× မင်းပြောပါ××ကိုယ်ပိုင်တဲ့ ××လွတ်လပ်မှုတွေ အားလုံး×× ဆုံးရှုံးပြီ×× အိုးးး ထာဝရ ချုပ်နှောင်×× မင်းအကျဉ်းထောင်
နေပူပါစေ×× မိုးချုပ်ပါစေ ×× ရတယ်××မှောင်နေပါစေ×× လင်းလွန်းပါစေရတယ်×× ရီပါစေ××ငိုပါစေ×× ပြုံးပါစေ×× မဲ့ပါစေ×× ဘာဖြစ်ဖြစ်ရနေပါတယ်×× အစဉ်မြဲလည်းရပါစေမယ်×× အချစ်×× အကျယ်ချုပ်လားအချစ်×× တကယ်လုပ်မလားအချစ်×× ကျေအက်နှလုံးသား×× စံပြအကျဉ်းသား××-
KSN
link
http://aryonthid-myanmar.blogspot.com/2014/02/ksn.html
Reply all
Reply to author
Forward
0 new messages