လမ်းခရီးတွင် တဘုန်းဘုန်း ပစ်လဲနေသူလည်း ရှိသည် မ Min Min Soe ။ လဲသော်လည်း အားမလျှော့ ပြန်ထပြီး ဆက်တက်သည်။ ကျွန်တော်တို့ တောင်တက်အဖွဲ့တွင် ဇွဲဆုချီးမြင့်ရမည့်သူသုံးယောက်ရှိသည်ဟု
ထင်ပါသည်။ ၁ မ Min Min Soe ။ ၂ အသက် ၁၂ နှစ်သာရှိသေးသည့် မောင်ကောင်းစည်သူ
။ ၃ မ Thain Gi တို့ဖြစ်သည်။ ကို Soe Naing နှင့် မှင်စာတို့မှာ
တကယ့်ပါရမီဖြည့်ဖက်ကောင်းများ ဖြစ်ကြလေသည်။ ကို Soe Naing မှာ မ Min Min
Soe ကို အားပေးကူညီသည်။ မှင်စာမှ မ Thain Gi ကို တွန်းတင် (အဲလေ)
တွဲခေါ်သည်။ စံပြ ဇနီးမောင်နှံအဖြစ် ကျွန်တော်မှ အသိအမှတ်ပြုပါသည်။