သထုံမြို့၊ "ကျောက်လုံးကြီးဘုန်းတော်ကြီးပညာသင်ကျောင်း" နှင့် မော်လမြိုင်မြို့ ကင်းရွာ "ပရဟိတလူငယ်ကျောင်း" သို့ သွားရောက်လှူဒါန်းရန် ဖိတ်ကြားခြင်း

7 views
Skip to first unread message

လူစိမ်း

unread,
Nov 24, 2014, 11:10:26 AM11/24/14
to myanma_ar...@googlegroups.com, Myanma ArunThit
မွန်ပြည်နယ်၊ သထုံမြို့၊ ပေါ်တော်မူကျေးရွာရှိ " ကျောက်လုံးကြီးဘုန်းတော်ကြီးပညာသင်ကျောင်း" ၏
စာသင်သာမဏေ(၈)ပါးနှင့်၊  ကျောင်းသား/သူ(၁၅၄ယောက်) (သူငယ်တန်းမှလေးတန်းထိ)အတွက် အရေးတကြီး လိုအပ်လျှက်ရှိသော လျှပ်စစ်မီး၊ ကျောင်းအသုံးအဆောင် ပရိဘောဂ (စာအုပ်ထည့်ရန်ဘီဒို၊ စာသင်ဘော)၊ တနေ့တာအာဟာရဒါနနှင့် အ၀တ်အထည်များ လှူဒါန်းခြင်း။ မော်လမြိုင်မြို့ ကင်းရွာ "ပရဟိတလူငယ်ကျောင်း" ရှိ မိဘမဲ့စာသင်သား ကိုရင်(၅၄ပါး)အတွက် သင်္ဃန်း(၅၄စုံ)၊ စုစုပေါင်းလှူဒါန်းရန် တန်ဖိုးငွေ ကျပ်2000000/-(ကျပ်သိန်းနှစ်ဆယ်ခန့်)အား "မြန်မာ့အရုဏ်သစ်ပရဟိတ(အွန်လိုင်း) လူမှုကူညီရေးအဖွဲ့"မှ 20.12.2014(စနေနေ့)တွင် သွားရောက် လှူဒါန်းကြမည်ဖြစ်ပါသည်။
သို့ပါ၍ စေတနာရှင် သူငယ်ချင်း၊ ညီအကို၊ မောင်နှမများမှ မိမိတတ်အားသရွေ့ အလှူတော်ငွေများအား ထည့်ဝင်ကူညီပေးကြပါရန်နှင့်၊ လှူဒါန်းမှုဒါနအစုစုအတွက် အတူတကွမုဒိတာပွားများနိုင်ရန် လိုက်ပါနိုင်ကြပါကြောင်း နိဗ္ဗာန် အကျိုးမျှော်နိုးဆော်အပ်ပါသည် သဒ္ဒါကြည်လင်ပါရမိရှင် အပေါင်းတို့ခင်ဗျား.........

ပြည့်ဖြိုးလှိုင်
(မြန်မာ့အရုဏ်သစ်)
ဆက်သွယ်ရန်...
preliminary survey by Myanma Arunthit 4.jpg
School yard.jpg
preliminary survey by Myanma Arunthit 3.jpg
class room image 2.jpg
School image2.jpg
only one Cabinet in the school.jpg
preliminary survey by Myanma Arunthit 2.jpg
survey by Myanma Arunthit.jpg
class room1.jpg
School image1.jpg
Reply all
Reply to author
Forward
0 new messages