ကောက်ရိုးမျှင်တို့ဖြင့် ကျစ်အပ်သော ခိုင်မာသည့် ကြိုးတစ်ချောင်း

6 views
Skip to first unread message

goodluck zaw

unread,
Sep 4, 2012, 6:56:33 AM9/4/12
to myanma_ar...@googlegroups.com

ကောက်ရိုးမျှင်တို့ဖြင့် ကျစ်အပ်သော ခိုင်မာသည့် ကြိုးတစ်ချောင်း


လူတွေ ငယ်စဉ်ကစလို့ ပညာရှာကြသည်။ နောက်ပြီး အိမ်ထောင်ဖက်ရှာကြသည်။ သက်တမ်းအလတ်ပိုင်းမှ သေဆုံးချိန်အထိ ဥစ္စာရှာသည်။ အသက်ကြီးလာလို့ဖြစ်စေ၊ အသက်မကြီးသေးသော်လည်း သဒ္ဒါကြောင့်ဖြစ်စေ တရားရှာကြပြန်သေးသည်။ ရှာတာတွေ များနေသည်။ ဘယ်သူ့အတွက်လဲ။

မိမိအတွက်ရှာသည်ပေါ့။ သို့မဟုတ် မိမိနှင့်နီးစပ်ရာအတွက်ရှာသည်ပေါ့။ ရှာတာတော့ ရှာရပါမည်။ မရှာပဲနေလို့ဘာမှ တိုးတက်လာမည်မဟုတ်သောကြောင့် ရှာရပါမည်။ သို့သော် ဘ၀မှာ မိမိနှင့် ပတ်သက်တာတွေချည်း ရှာဖြစ်နေကြတာပဲများခဲ့သည်။


မြန်မာစကား(ရှမ်း)တစ်ခုရှိသည်။ တစ်မူးရှိလို့ တစ်ပဲလှူတဲ့။ တချို့ကတော့ ဒီလိုလည်း ဆိုကြပါသေးသည် … “ ကိုယ့်မရှိရင် ဘယ်သူမှလာမကျွေးဘူး” တဲ့ ။ မှန်သည်။ မှန်သင့်သလောက်မှန်ပါသည်။ အကုန်မမှန်ဆိုတာတော့ သတိပြုသင့်သည်။ အားလုံးသာ ထိုသို့သောလူများဖြစ်ခဲ့လျှင် ကမ္ဘာကြီးတွင်

ကိုယ်ချင်းစာတရား ဆိတ်သုန်းကုန်ပြီဟု မှတ်ယူလို့ရနိုင်ပြီ။ အကုန်မှန်ခဲ့ရင် ကမ္ဘာမှာ ဒုက္ခရောက်သောသူများကို ကူညီသူများနှင့်ဖွဲ့စည်းအပ်သော ပရဟိတအသင်းအဖွဲ့များ မရှိနိုင်တော့ပြီ။ သင်သည် ဒုက္ခရောက်ဖူးပါသလား။ ထို့ပြင် ဒုက္ခရောက်နေစဉ် ကူညီသူနှင့်ကြုံတွေ့ခဲ့ဖူးပါသလား။  တကယ်တော့ ဒုက္ခမရောက်ဖူးသူ

မရှိနိုင်ပါ။ ကြီးတာသေးတာပဲ ကွာခြားမည်။ အကယ်၍ ဒုက္ခဆိုတာ ဘာလဲဟု မသိနားမလည်နိုင်အောင် ချမ်းသာလွန်းသူဖြစ်ပါကလည်း တစ်ချိန်ချိန်တွင်တော့ အခက်အခဲဒုက္ခဖြစ်ခဲ့ဖူးလိမ့်မည်၊ ထိုဒုက္ခကို သတိမပြုမိတာလည်း ဖြစ်နိုင်သည်။ သေချာတွေးကြည့်လျှင် ဒုက္ခဟူသည် လူတန်းစားမရွေး

ဘာသာမရွေး ငွေကြေး ဆင်းရဲချမ်းသာမရွေး ဖြစ်နိုင်ပါသည်။ ထိုအချိန်တွင် ကူညီ ဖေးမမည့်သူ မရှိပါက ထိုသူ့အတွက် ပိုဆိုးတော့မည်သာဖြစ်သည်။ ထိုသူ့နေရာတွင် ထိုသူ့အခက်အခဲဒုက္ခကို သင်သည် လက်ရှိအနေအထားတွင် ချမ်းသာသာ ဆင်းရဲရဲ ခေတ္တခဏလောက် စိတ်တွေးလေးနဲ့ နေကြည့်စေလိုသည်။


ဗုဒ္ဓဘာသာလူဦးရေ များသော မြန်မာနိုင်ငံတွင်သာမက အခြားဘာသာများရှိရာ နိုင်ငံများတွင်လည်း လူမှုကူညီရေးအသင်းများ ရှိကြသည်။ ထိုအသင်းအဖွဲ့များမှ ကူညီသူများသည် ချိုင့်ခွက်များရှိနေသော လမ်းကို အတတ်နိုင်ဆုံးညီညာအောင် ပြင်ဆင်သူများနှယ် အလားသဏ္ဍာန်တူသည်။ သို့သော်

လမ်းကောင်းရန် ပြင်ဆင်ဖို့ ပြင်ဆင်သူများတွင် ဘဏ္ဍာငွေလိုအပ်သည်။ တစ်ယောက်အားဖြင့် မစွမ်းသာလျှင် အများအားဖြင့် ဆောင်ရွက်နိုင်သော သဘောသဘာဝရှိပါသည်။ မိမိအတွက် မုန့်ဖိုး ကွမ်းဖိုး လက်ဖက်ရည်ဖိုးလောက်မျှဖြင့် တစ်ဖက်သားဒုက္ခရောက်သူအတွက်

ဘ၀တစ်ဆစ်ချိုးပြောင်းလဲသွားဖို့လောက်ကြီးတော့ မဖြစ်နိုင်သည်ထားဦး။ အကူအညီ လုံးဝမရတာနဲ့စာရင် ရေနစ်နေသူအတွက် ကောက်ရိုးတစ်မျှင်သည်လည်း အထောက်အပံ့ဖြစ်နိုင်ပါသည်။ ထိုသို့ကောက်ရိုးမျှင်လေးပေါင်းများစွာ စုစည်းပြီး ခိုင်မာအောင် ကျစ်လိုက်လျှင် ခိုင်မာသော

ကြိုးတစ်ချောင်းအဖြစ်ပြောင်းလဲသွားပြီး ရေနစ်နေသူသာမက ချောက်ကမ်းပါးအောက်ရောက်သူ ကိုလည်း ဆွဲတင်နိုင်သော စွမ်းအားများ ဖြစ်တည်လာနိုင်ပါသည်။


ကျွန်တော် ကျွန်မတို့သည် ထိုသို့ ကောက်ရိုးမျှင်လေးများစုစည်းသည့်သဖွယ် ကြိုးတစ်ချောင်းကို ကျစ်ခဲ့ကြပါပြီ။ ထိုအရာသည်ကား သက်ရှိများလို အသက်ရှူသည်တော့မဟုတ်၊ လူများလို အစာစားသည်လည်းမဟုတ် သို့သော် အသက်ဝင်ခဲ့ပြီ။ ပရိဟိတစိတ်ဓာတ်များဖြင့် ကျစ်အပ်သော “  မြန်မာ့အရုဏ်သစ်

ပရဟိတလူမှုကူညီရေးအသင်း’’ သာလျှင်ဖြစ်ပါတော့သည်။


--
မြန်မာ့အရုဏ်သစ် ပရဟိတအဖွဲ့

မြန်မာ့အရုဏ်သစ် ပရဟိတအသင်း၏ စာမျက်နှာ

မြန်မာ့အရုဏ်သစ် ပရဟိတအဖွဲ့ မိတ်ဆက်

လူမှုရေးလုပ်ရန် စိတ်ဝင်စားသူများ ဆက်သွယ်ရန် (ဖောင်ဖြည့်ရန်)


tha dasoe

unread,
Sep 4, 2012, 8:55:18 AM9/4/12
to myanma_ar...@googlegroups.com
goodluckzaw ရေးသားတဲ့ ကောက်ရိုးမျှင်တို့ဖြင့် ကျစ်အပ်သော ခိုင်မာသည့် ကြိုးတစ်ချောင်း ဆိုတဲ့စာသားလေးဟာ အခုလက်ရှိ လှုပ်၇ှားအသက်ဝင်နေပြီဖြစ်တဲ့ မြန်မာ့အရုဏ်သစ် ပရဟိတအဖွဲ့ရဲ့ စုပေါင်းလုပ်ဆောင်ချက်လေးကို ပိုမိုရုပ်လုံးကြွစေပါတယ် ကိုယ်တိုင်လဲကောက်ရိုးမျှင်ပမာခံစားသက်ဝင်ခဲ့ရပါတယ် ကျန်ကောက်ရိုးမျှင်များဖြင့် အမြဲပေါင်းစပ်သွားပြီး ခိုင်မာတဲ့ကြိုးတစ်ချောင်းဖြစ်နေဖို့အတွက် ကြိုးစားသွားပါမယ် ။

--
မိတ်ဆွေသည် "မြန်မာ့အရုဏ်သစ် ပရဟိတ လူမှုကူညီရေး အသင်း" Mailing Group
တွင် အဖွဲ့ဝင်ဖြစ်သောကြောင့် ဤစာကို လက်ခံရခြင်း ဖြစ်ပါတယ်။
ဝက်ပေ့မှဝင်ကြည့်လိုလျှင် http://groups.google.com/group/Myanma_ArunThit_Org?hl=en
ဘလော့ စာမျက်နှာ --- http://aryonthid-myanmar.blogspot.com/
အသင်း အကြောင်း --- https://www.facebook.com/groups/Myanma.ArunThit.Org/members/
ဖေ့ဘုတ်ရှိ Group --- https://www.facebook.com/groups/Myanma.ArunThit.Org
ဖေ့ဘုတ်ရှိ Fan page --- https://www.facebook.com/Myanma.ArunThit.page
အသင်းကိုယ်စားပြု အမှုဆောင်များ ---
https://docs.google.com/spreadsheet/ccc?key=0Au8_XYy82xrgdFJMbGprY0Zmbk4tTWJySjZvdzdVMGc
အမြူတေ မန်ဘာအသစ်လျှောက်လိုပါက ---
https://docs.google.com/spreadsheet/embeddedform?formkey=dDdEenZQX19JSEVIckFVRXFIdmVWTUE6MQ
ရပ်ဝေးမှ ငွေလှူဒါန်းလိုပါက ---
https://docs.google.com/spreadsheet/viewform?formkey=dHlKbk81Q0tWZU5Qb2tBUE5aVnBKYUE6MA
---
You received this message because you are subscribed to the Google Groups "မြန်မာ့အရုဏ်သစ် ပရဟိတ လူမှုကူညီရေး အသင်း" group.
To post to this group, send email to Myanma_Ar...@googlegroups.com.
To unsubscribe from this group, send email to Myanma_ArunThit...@googlegroups.com.
Visit this group at http://groups.google.com/group/Myanma_ArunThit_Org?hl=en.
 
 

soe naing

unread,
Sep 4, 2012, 10:58:15 AM9/4/12
to myanma_ar...@googlegroups.com
စာရေးဆရာမ ``မရှပ်တေး`` ရဲ့ စာတွေကိုဖတ်ပြီး စိတ်ဓါတ်တွေ
တတ်ကြွစေခဲ့ပါတယ်။ ကျေးဇူးပါ။

ကိုပွေလီ(မြန်မာ့အရုဏ်သစ်)

2012/9/4 tha dasoe <thad...@gmail.com>:

Reply all
Reply to author
Forward
0 new messages