မြန်မာ့အရုဏ်သစ် ပရဟိတ လူမှုကူညီရေး အသင်း

1–30 of 70

    

အရုဏ်သစ်ဆိုတာ
 နေ့သစ်အနာဂတ်ကို
ခွန်အားနဲ့ မွေးဖွားပေးမဲ့ အစပါ။
တိုးတက်ပွင့်လန်းလာတော့မည့်
 မြန်မာ့အရုဏ်သစ်အတွက် လူငယ်တွေစုစည်းပြီး
ပရဟိတအသိုက်အ၀န်းလေး တစ်ခု ဖန်တီးတည်ထောင်ခဲ့ပါပြီ။
ပိုမို ငြိမ်းချမ်းကောင်းမွန်တဲ့ အနာဂတ် နှစ်ကာလတွေ
ရာစုတွေကို ဖန်ဆင်းဖို့အတွက် လက်တွဲဝန်းရံ ရုန်းကန်တည်ဆောက်ကြပါစို့။


မြန်မာ့အရုဏ်သစ် ပရဟိတလူမှုကူညီရေးအသင်း၏ အသင်းဝင်များအတွက် အသိပေးချက်များ

  1. မြန်မာ့အရုဏ်သစ်သည် ပရဟိတအဖွဲ့ဖြစ်ပါသောကြောင့် မြန်မာ့အရုဏ်သစ်၏ Mailing Group ၏ခေါင်းစဉ်အောက်တွင်၊ ပရဟိတနှင့်မပတ်သက်သော အခြားမည်သည့် အကြောင်းအရာများကိုမဆို တင်ပြခွင့် (လုံးဝ) ခွင့်မပြုပါ။  ဆောင်းပါးများ၊ ကဗျာများ၊ စာစုများ(ပရဟိတစိတ်ဖြစ်ပေါ်လာရန်) အတွက် ပို့ပေးနိုင်ပါသည်။
  2. Mailing Group အတွင်းတွင် အသင်းဝင်အချင်းချင်း ခင်ခင်မင်မင် ရင်းနှီးနွေးထွေးစွာ တစ်ဖက်သားသည်းခံနိုင်သည့် အတိုင်းအတာအထိ စ နောက်နိုင်ပါသည်။ (သို့သော် လွန်ကဲစွာ စ နောက်မိ၍ တစ်ဖက်မှ စိတ်ဆိုးလျှင် တောင်းပန်ရပါမည်။)
  3. အသင်းဝင်များသည် အပြုသဘောဆောင်သော ဆွေးနွေးချက်များကိုသာ ပိုစ့်တင်နိုင်/ ရီပလိုင်းပြန်နိုင်ပါသည်။ မိမိသဘောနှင့် သူတပါးနှင့် မကိုက်ညီလျှင်လည်း ရိုင်းစိုင်းစွာ ပြန်လည် ရေးသားခြင်းမပြုရ။
  4. အကြောင်းအရာ တစ်စုံတစ်ရာဖြစ်ပေါ်ပါက အသင်း၏ EC များမှ မှန်ကန်စွာ ဆုံးဖြတ်ပါမည်။ ECများ၏ဆုံးဖြတ်ချက်ကို မကျေနပ်ပါက အေးဆေးစွာဖြင့် ပြန်လည်ချေပနိုင်ပါသည်။ 
  5. မြန်မာ့အရုဏ်သစ်အသင်းဝင်များသည် ပရဟိတလုပ်နေကြသည်ဖြစ်သောကြောင့် အသင်းဝင်တိုးပွားရေး၊ အချင်းချင်း ရင်းနှီးနွေးထွေးစွာ ပြောဆိုခြင်းနှင့် အလှူငွေရရှိရေးကို မိမိတတ်နိုင်သလောက် ကူညီပေးခြင်း၊ အခြားသူများအား နှိုးဆော်ပေးခြင်းကိုလည်း ပြုပေးကြရန် လိုအပ်ပါသည်။
  6. အသင်းဝင်များပို့သော ပိုစ့်များ၊ ရီပလိုင်းများသည် မော်ဒရိတ်ခံထားသောကြောင့် ချက်ချင်း အခြားအသင်းဝင်များထံသို့ မရောက်ရှိနိုင်သေးပါ။ အက်ဒ်မင်များမှ အားလျှင်အားသလို စိစစ်လွှတ်ပေးပါမည်။ အကယ်၍ အရေးကြီးပါက မိမိသိစေလိုသောသူထံ ပါဆင်နယ်မေးလ်ပို့ကြပါရန်။
  7. အသင်းဝင်များသည် အချင်းချင်း စိတ်ဝမ်းကွဲစေမည့်စကားများအား ရှောင်ရှားကြရပါမည်။ မိမိရေးသော အကြောင်းအရာ၏ အမှားအမှန်ကို တာဝန်အပြည့်ယူရပါမည်။
  8. အသင်းဝင်များသည် အသင်း၏ ရည်ရွယ်ချက်များကို သိရှိနားလည်ပြီး ဖြစ်ရပါမည်။