Fwd: ကျွန်မဖတ်ဖို့

12 views
Skip to first unread message

TZ Khup

unread,
Nov 28, 2011, 11:42:36 AM11/28/11
to msdrm



 <http://www.99sanay.com/>





<http://www.facebook.com/business/dashboard/>


<http://www.99sanay.com/search/label/%E1%80%80%E1%80%BC%E1%80%BA%E1%80%94%E1%80%B9%E1%80%99%E1%80%96%E1%80%90%E1%80%B9%E1%80%96%E1%80%AD%E1%80%AF%E1%82%94?updated-max=2010-10-12T17%3A31%3A00Z&max-results=20>
  Sunday, October 09, 2011
 ကျွန်မဖတ်ဖို့ (၃၂) <http://www.99sanay.com/2011/10/blog-post_09.html>

(၁) ဂျုးလူမျိုးတို့ရဲ့ သူတော်ကောင်းတရား (၇)ချက်----

(i) သူတစ်ပါးပိုင်နက် မကျူးလွန်နဲ့ (သူတစ်ပါးရဲ့အိမ်ရှေ့မှာ
ကိုယ့်အာဏာကိုမပြနဲ့)
(ii) သူတစ်ပါးစကား ကြားမဖြတ်နဲ့
(iii) အောင်မြင်မှုရဖို့ ဆန္ဒမစောနဲ့
(iv) မေးမြန်းတဲ့မေးခွန်းမှာ ဦးတည်ချက်ပါပါစေ
(v) ဖြေတဲ့အဖြေက အခြေအနေနဲ့ကိုက်ညီပါစေ
(vi) ပြောတဲ့စကားမှာ အစ အဆုံး ရှိပါစေ
(vii) အမှန်တရားကို အခြေခံထားပါ

(၂) လူတွေမှာပါတဲ့ မျက်လုံးနှစ်လုံးက တန်းတူညီမျှတယ်။ ဒါပေမဲ့
လူတွေကိုကြည့်တဲ့အကြည့်က မျှတမှုမရှိဘူး။ လူတွေမှာပါတဲ့ နားတစ်စုံက
ဘယ်ညာနှစ်ဖက်မှာခွဲထားတယ်။ ဒါပေမဲ့ တစ်ဖက်ကိုပဲ
အာရုံစိုက်နားထောင်တတ်တယ်။ လူတွေမှာ
ပါးစပ်တစ်ပေါက်ပဲပါတယ်။ ဒါပေမဲ့ စကားနှစ်မျိုး လှည့်ပြောတတ်တယ်။

(၃) မေတ္တာစိတ် ပေးကမ်းနိုင်သူဟာ အသိပညာရှိသူ၊
ဦးနှောက်ခြောက်စရာတွေကို ချေဖျက်နိုင်သူက ဉာဏ်ရည်ဉာဏ်စွမ်းရှိသူ၊

စိတ်ကူးအိပ်မက်ရှိတာက အသိဉာဏ်တဲ့၊ အဲဒီစိတ်ကူးအိပ်မက်ကို
အကောင်အထည်ဖော်နိုင်တာက အရည်အချင်းဖြစ်တယ်။

(၄) ငွေကြေးကိုဆုံးရှုံးတာက နည်းတဲ့ဆုံးရှုံးမှု
ကျန်းမာရေးကိုဆုံးရှုံးတာက များတဲ့ဆုံးရှုံးမှု
ရဲစွမ်းသတ္တိကိုဆုံးရှုံးတာက အရာအားလုံးကိုဆုံးရှုံးသတဲ့။

(၅) အိမ်ကထွက်တဲ့အခါ လမ်းဖြောင့်ကိုလျှောက်ပါ
ပါးစပ်ကထွက်တဲ့စကား နားဝင်ချိုပါစေ
လက်ကထွက်တဲ့အလုပ် အကျိုးရှိပါစေ

(၆) မျက်နှာကိုလှအောင် လိမ်းခြယ်တာက တတိယတန်းစားလိမ်းခြယ်မှု
စိတ်ဓာတ်ကိုလှအောင် လိမ်းခြယ်တာက ဒုတိယတန်းစားလိမ်းခြယ်မှု
ဘဝကိုလှအောင် လိမ်းခြယ်တာက ပထမတန်းစားလိမ်းခြယ်မှု

(၇) ကျွန်တော်တို့ မလှပလို့ရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကျန်းမာတယ်။
ကျွန်တော်တို့ မကြီးမြတ်လို့ရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဂုဏ်သိက္ခာရှိတယ်။
ကျွန်တော်တို့ မပြည့်စုံလို့ရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကြိုးစားတယ်။
ကျွန်တော်တို့ ထာဝရမတည်မြဲလို့ရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ရိုးသားတယ်။

(၈) သာမန်လူတွေက မျက်လုံးနှစ်လုံးဖွင့်ပြီး လောကကြီးကိုကြည့်တယ်။
အမြဲအကြည့်မှားတယ်။

ထူးကဲတဲ့လူတွေက မျက်လုံးတစ်ဖက်ဖွင့်၊ တစ်ဖက်ပိတ်နဲ့ လောကကြီးကိုကြည့်တယ်။
အရိပ်အကဲကို ရှင်းရှင်းလင်းလင်းမြင်တယ်။

ပိုထူးကဲလွန်တဲ့လူတွေက မျက်လုံးနှစ်လုံးပိတ်ပြီး စိတ်နဲ့လောကကြီးကိုကြည့်တယ်။
အားလုံးကို အောင်မြင်လွှမ်းမိုးတယ်။

(၉) စကားပြောနည်း လိုအပ်ချက်---
(၁) ပြောသင့်ချိန်မှာပြောတာ --- အဆင့်အတန်းရှိတယ်
(၂) မပြောသင့်ချိန်မှာ မပြောတာ ---- ထက်မြက်တယ်
(၃) ဘယ်အချိန်မှာပြောသင့်/မပြောသင့်တာကိုသိတာ ---- အသိဉာဏ်ရှိတယ်

(၁ဝ) သင့်မှာ ဒေါသထွက်ခွင့်ရှိတယ်။ ဒါပေမဲ့ တခြားလူရဲ့ဂုဏ်သိက္ခာကို
မနင်းချေနဲ့။
သင့်မှာ ဆုံးရှုံးခွင့်ရှိတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးမမဲ့စေနဲ့။
သင့်မှာ အောင်မြင်မှုကိုရယူနိုင်ခွင့်ရှိတယ်။ ဒါပေမဲ့ တခြားလူနစ်နာခံရတဲ့
အောင်မြင်မှုမျိုးမဖြစ်စေနဲ့။
သင့်မှာ အငြင်းပွားခွင့်ရှိတယ်။ ဒါပေမဲ့ လက်စားချေ တုန့်ပြန်မှုမျိုးမဖြစ်စေနဲ့။
သင့်မှာ လှပကောင်းမွန်တဲ့ ဘဝရှိခွင့်ရှိတယ်။ ဒါပေမဲ့ လိမ်ညာလှည့်ဖြားပြီး
ရလာတဲ့ ပျော်ရွှင်မှုမျိုးမဖြစ်စေနဲ့။

ကျွန်မဖတ်ဖို့ အင်တာနက်ပေါ်က ဖတ်မိတာတွေကို စုစည်းဘာသာပြန်ပါတယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

   Wednesday, August 31, 2011
 ကျွန်မဖတ်ဖို့ (၃၁) <http://www.99sanay.com/2011/08/blog-post_31.html>

(၁) ဘဝဆိုတာ သင်္ချိုင်းဘက်မောင်းနှင်သွားတဲ့ ရထားတွဲတစ်တွဲပါတဲ့။
မောင်းနှင်ရာလမ်းတစ်လျှောက်မှာ ဘူတာရုံတွေ အများကြီးရှိတယ်။ ခရီးစကနေ
ခရီးဆုံးအထိ ဘယ်သူကမှ သင်နဲ့အတူ အဖော်မပြုနိုင်ပါဘူး။ တွဲပေါ်တက်သူတက်၊
တွဲအောက်ဆင်းသူဆင်းကြတာကို သင်တွေ့ရပါလိမ့်မယ်။ တကယ်လို့ကံကောင်းရင် သင့်ကို
ခရီးတစ်ထောက် အဖော်ပြုသူရှိပါလိမ့်မယ်။ ရထားတွဲကနေ သူဆင်းသွားတဲ့အခါ မခွဲရက်လည်း
ကျေးဇူးတရားကို ရင်မှာထားပြီး လက်ပြနှုတ်ဆက်လိုက်ပါ။ နောက်တစ်ဘူတာမှာ
ပိုဝေးတဲ့ခရီးအတွက် သင့်ကိုအဖော်ပြုနိုင်သူနဲ့ သင်ဆုံကောင်းဆုံနိုင်လို့ပါပဲ။

(၂) လိုချင်ပြင်းပြတဲ့စိတ်မရှိရင် နောက်ဆုံးမှာ ဘာကိုမှ
သင်ပိုင်ဆိုင်လိမ့်မှာမဟုတ်ဘူး။
သိနားလည်ဖို့ ကြိုးစားချင်စိတ်မရှိရင် နောက်ဆုံးမှာ ဘာကိုမှ
သင်သိလိမ့်မှာမဟုတ်ဘူး။
အောင်နိုင်ဖို့ အားထုတ်ချင်စိတ်မရှိရင် နောက်ဆုံးမှာ ဘာကိုမှ
သင်အောင်နိုင်လိမ့်မှာမဟုတ်ဘူး။

(၃) ကမ္ဘာကြီး ၁၈ဝဒီဂရီလှည့်တဲ့အခါ နေ့က ညဖြစ်သွားတယ်။ ကမ္ဘာကြီးနောက်ထပ် ၁၈ဝ
ဒီဂရီထပ်လှည့်တဲ့အခါ ညက နေ့ဖြစ်သွားတယ်။

လူတစ်ယောက်အတွက်နဲ့ ကျွန်တော်တို့၁၈ဝဒီဂရီလှည့်တဲ့အခါ ဝမ်းနည်းကြေကွဲခြင်းက
ကျွန်တော်တို့နောက်နား ရောက်သွားတယ်။ နောက်ထပ် ၁၈ဝဒီဂရီ
ကျွန်တော်တို့လှည့်လိုက်တဲ့အခါ အရာရာကို အသစ်ကပြန်စနိုင်တဲ့
စမှတ်ဆီရောက်သွားတော့တယ်။

(၄) ပွင့်လန်းတဲ့ပန်းတွေက ပျားပိတုန်းတွေကို ဆွဲဆောင်နိုင်တယ်။
ပုပ်သိုးတဲ့အသီးအရွက်တွေက ခြင်ယင်တွေကိုပဲ ဆွဲခေါ်နိုင်တယ်။
ဆိုရိုးစကားတစ်ခုမှာ အတင်းအဖျင်းပြောသူရဲ့လျှာက လူသုံးယောက်ကို သတ်နိုင်သတဲ့။ (၁)
ပြောသူကိုယ်တိုင်ကို သတ်တယ်။ (၂) နားထောင်သူကို သတ်တယ်။ (၃) အပြောခံရသူကို
သတ်တယ်။

(၅) လူ့ဘဝက လုံးဝမျှတတယ်ဆိုတာ မရှိဘူး။ ဒါပေမဲ့ ဆက်စပ်တဲ့မျှတမှုတော့ရှိတယ်။
ချိန်ခွင်တစ်ခုပေါ်မှာ သင့်ဖက်က ရတာတွေပိုများလေ တခြားလူထက် သင်ခံနိုင်ရည်
ပိုရှိရလေဖြစ်တယ်။

(၆) အခက်အခဲ၊ ပြဿနာတွေဆိုတာ အမြဲမပြတ် ဖြစ်ပျက်နေတဲ့အရာတွေပါ။ အဲဒီအခက်အခဲ၊
ပြဿနာတွေကို ဖြေရှင်းဖို့လည်း နည်းလမ်းမျိုးစုံရှိပါတယ်။
အသိဉာဏ်ကိုတိုးမြင့်ဖို့ ဘယ်တော့မှ မမေ့ပါနဲ့။ စိတ်သဘောထားကြီးမြတ်ဖို့
ဘယ်တော့မှ မမေ့ပါနဲ့။ လူ့ဘဝရဲ့ အခက်အခဲ၊ ပြဿနာတွေက နည်းများမဆို လူသွားရာနောက်
အမြဲလိုက်နေမှာပါပဲ။ အသိဉာဏ်ရှိတဲ့လူကမှ အဲဒီအခက်အခဲ၊ ပြဿနာတွေကို
ဘယ်လိုရင်ဆိုင်ရမယ်ဆိုတာ
ခေါင်းအေးအေးထား ဖြေရှင်းနိုင်မှာဖြစ်တယ်။

(၇) ဘာဆင်ခြေနဲ့မှ ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ မကြိုးစားပါနဲ့။ အမှားရဲ့ရှေ့မှာ
ဘယ်သူကမှ အဲဒီဆင်ခြေကို နားထောင်ချင်လိမ့်မှာမဟုတ်ဘူး။

(၈) နာကျင်ကြေကွဲတာကို တွေ့ကြုံခံစားရမှ အရာတချို့ကို သင်သိနားလည်နိုင်တယ်။
စိတ်ထိခိုက်ခံရမှ ကြံ့ကြံ့ခံဖို့နဲ့ နှုတ်ဆိတ်ဖို့ကို သင် သင်ယူနိုင်တယ်။
နာကျင်ကြေကွဲတာနဲ့
ထိခိုက်တာကို ကော်ဖီမှုန့်လို့ဆိုပါစို့။ တွေးတောခြင်းကို
ဆူဗွက်တဲ့ရေလို့ပမာပြုပြီး ခါးသက်မွှေးကြိုင်တဲ့
ကော်ဖီတစ်ခွက်ကိုဖျော်ပြီး သောက်ချလိုက်ပါ။
သင်ကြည်လင်နှိုးထဖို့ ကော်ဖီကကူညီပါလိမ့်မယ်။

(၉) လောကမှာ ဘယ်စာအုပ်၊ ဘယ်ဖွင့်ဆိုချက်ကမှ သင့်အတွက်
ကံကောင်းခြင်းတွေပေးနိုင်မှာမဟုတ်ဘူး။ ဒါပေမဲ့ သင့်ကိုယ်သင်သိစေတဲ့၊
သင့်ကိုယ်သင် အသိအမှတ်ပြုစေတဲ့ ဗဟုသုတ၊ အသိအမြင်ကို ပေးနိုင်ပါလိမ့်မယ်။

(၁ဝ) တစ်လောကလုံးက သင့်ကိုစွန့်လွှတ်သွားပြီ၊ ကျောခိုင်းသွားပြီလို့
သင်ခံစားရတဲ့အခါ.....
သူ(လောကကြီး)ဟာ သင့်ကိုပွေ့ဖက်ဖို့ ခန္ဓာကိုယ်ကို တစ်ပတ်လှည့်နေတယ်ဆိုတာကို
ယုံကြည်လိုက်ပါ။

ကျွန်မဖတ်ဖို့ ဖတ်မိသမျှ ကြိုက်နှစ်သက်တာတွေကို စုစည်းဘာသာပြန်ပါတယ်

နိုင်းနိုင်းစနေ



   Friday, July 22, 2011
 ကျွန်မဖတ်ဖို့ (၃ဝ) <http://www.99sanay.com/2011/07/blog-post_22.html>

(၁) အပြစ်ရှာညည်းတွားတတ်တဲ့ လူတွေဟာ စိတ်သဘောထားမကောင်းသူတွေ မဟုတ်ပေမယ့်
လူတွေအမြဲနှစ်သက်သူတော့ မဟုတ်ခဲ့ဘူး။

(၂) အလုပ်များနေတာက အရေးမကြီးဘူး။ အရေးကြီးတာက ဘာအတွက်အလုပ်များနေလဲ
ဆိုတာပဲဖြစ်တယ်။ လူ့ဘဝရဲ့အကြီးမားဆုံး အနှောင့်အယှက်နဲ့ ပြဿနာက
ဦးတည်ချက်မရှိဘဲ အလုပ်များနေတာပဲဖြစ်တယ်။

(၃) သူငယ်ချင်းဆိုတာ အဖိုးတန်ရတနာပါ။ တစ်ခါတလေမှာ စကားလေးတစ်ခွန်းနဲ့တင်
သင့်ကိုနလန်ထ ပြောင်းလဲစေနိုင်ပါတယ်။

(၄) လူတစ်ယောက်နဲ့ခင်မင်ဖို့ အခွင့်အရေးလိုတယ်။
လူတစ်ယောက်ကို နားလည်ဖို့ အသိဉာဏ်လိုတယ်။
ချစ်ချစ်ခင်ခင်ပေါင်းသင်းဖို့ ခွင့်လွှတ်နားလည်ခြင်းလိုတယ်။

(၅) ကောင်းတာကို ကောင်းတာနဲ့တုန့်ပြန်တယ်။
မကောင်းတာကို မကောင်းတာနဲ့ တုန့်ပြန်တယ်လို့ ကြားဖူးထားတယ်။
ဒါပေမဲ့ အသိဉာဏ်ရှိသူတွေက ကောင်းတာနဲ့ မကောင်းတာကို ဖာထေးတယ်။
အသိဉာဏ်မဲ့သူတွေက မကောင်းတာနဲ့ ကောင်းတာကို ချေဖျက်တယ်။

(၆) လူ့ဘဝမှာ ရက်သုံးရက်ပဲရှိတယ်။
မနေ့ကမှာ ရှင်သန်နေတာက လူကို တွေဝေမိန်းမောစေတယ်။
မနက်ဖြန်မှာ ရှင်သန်နေတာက လူကို စောင့်မျှော်စေတယ်။
ဒီနေ့မှာ ရှင်သန်နေတာကမှ လက်တွေ့ကျတယ်။

(၇) အခွင့်အရေးဆိုတာ သူခိုးတစ်ယောက်နဲ့တူတယ်။ မသိမသာနဲ့ အသံတိတ်ရောက်လာတတ်ပြီး
ထွက်သွားတဲ့အချိန် သင့်မှာ ဆုံးရှုံးနစ်နာမှုတွေ ကျန်ခဲ့တတ်တယ်။

(၈) Jesusက သောကြာနေ့မှာ လက်ဝါးကပ်တိုင်ပေါ်သံရိုက်ပြီး အဆုံးစီရင်ခံခဲ့ရတယ်။
အဲဒီနေ့က တစ်ကမ္ဘာလုံး မျှော်လင့်ချက်မဲ့တဲ့နေ့ဖြစ်တယ်။ ဒါပေမဲ့ သုံးရက်အကြာမှာ
ခရစ်တော်ထမြောက်ပွဲနေ့ (Easter day) ဖြစ်ခဲ့တယ်။

(၉) ကြီးမြတ်သူက ပတ်ဝန်းကျင်ကို ပြောင်းလဲတယ်။
ထက်မြက်သူက ပတ်ဝန်းကျင်ကို အသုံးပြုတယ်။
သာမန်လူက ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေနေတယ်။
လူဖျင်းလူညံ့က ပတ်ဝန်းကျင်ကို အပြစ်တင်တယ်။

(၁ဝ) တစ်ခါတလေမှာ ဆိတ်ဆိတ်နေခြင်း ဒါမှမဟုတ် အေးဆေးတည်ငြိမ်တဲ့အပြုအမူက
စိတ်တိုဒေါသထွက်တာထက် ပိုအင်အားရှိတယ်။

ငြိမ်းချမ်းသိမ်မွေ့တဲ့ အပြောအဆိုနဲ့ အကျိုးအကြောင်းကို ဆင်ခြင်သုံးသပ်တာက
အော်ကြီးဟစ်ကျယ်၊ ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုတာထက်
တစ်ဘက်လူကို ပိုကြောက်လန့်စေတယ်။

ခွင့်လွှတ်ခြင်းနဲ့နားလည်ခြင်းက
ထိခိုက်နာကျင်ခြင်းနဲ့ ဆဲရေးစော်ကားခြင်းထက်
တစ်ဘက်လူရဲ့ စိတ်ဝိညာဉ်ကို ပိုသိမ်းပိုက်နိုင်သလို
ဘေးကြည့်သူတွေကိုလည်း ဂရုဏာဖြစ်စေတယ်။

ချစ်ခင်ခြင်း၊ ကြင်နာခြင်းနဲ့ ချီးမွမ်းခြင်းတွေက
အကြမ်းဖက်၊ ရိုင်းစိုင်းခြင်းထက်
လူတွေရဲ့စိတ်ဝိညာဉ်ကို ပိုတိုးတက်ကောင်းမွန်စေပါတယ်။

ကျွန်မဖတ်ဖို့ အင်တာနက်ပေါ်က စာစုတွေကို ဘာသာပြန်ပါတယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။




   Saturday, July 02, 2011
 ကျွန်မဖတ်ဖို့ (၂၉) <http://www.99sanay.com/2011/07/blog-post.html>

(၁) ကိုယ်ကိုယ်တိုင်ကလွဲပြီး ကိုယ့်ပျော်ရွှင်မှုကို ဘယ်သူကမှ
မခြယ်လှယ်နိုင်ပါဘူး။

(၂) အချိန်က အရာရာကို ကုသပျောက်ကင်းစေလိမ့်မယ်။ အချိန်ကို အချိန်ပေးပါ။

(၃) ဘဝဆိုတာ တိုတောင်းလွန်းတယ်။ တစ်ယောက်ယောက်ကိုမုန်းဖို့
အချိန်မရှိလောက်အောင်ကို တိုလွန်းပါတယ်။

(၄) ထူးခြားဆန်းကြယ်မှုကို ယုံကြည်ပါ။

(၅) နေ့တိုင်းအပြင်ထွက်ပါ။ ထူးခြားဆန်းကြယ်မှုက အရပ်လေးမျက်နှာမှာ
သင့်ကိုစောင့်နေပါတယ်။

(၆) ငြင်းခုန်ရန်ဖြစ်မှုတိုင်းကို သင်အောင်နိုင်စရာမလိုပါဘူး။
သင်သဘောမတူတာတွေကို သဘောတူလိုက်ပါ။

(၇) သင့်ကလေးမှာ ကလေးဘဝဆိုတာ တစ်ကြိမ်တစ်ခါပဲရှိတယ်။ ဒါကြောင့်
အမှတ်တရဖြစ်ထိုက်ပါစေ။

(၈) သင့်ဘဝကို တခြားလူတွေနဲ့ မနှိုင်းယှဉ်ကြည့်ပါနဲ့။ ဘယ်လိုအတွေ့အကြုံမျိုးနဲ့
သူတို့ခရီးဆက်နေတာကို သင် နားမလည်နိုင်ပါဘူး။

(၉) ဘုရားစာ၊ ကျမ်းစာတွေကို ရွတ်ဖတ်ပါ။ အဲဒီစာတွေထဲမှာ
လူတွေရဲ့စိတ်ခံစားချက်တွေပါတယ်။

(၁ဝ) လူ့ဘဝကို ဖဲကြိုးစည်းမထားလည်း လူ့ဘဝဆိုတာ လက်ဆောင်တစ်ခုဖြစ်ဆဲဖြစ်တယ်။


ကျွန်မဖတ်ဖို့ အင်တာနက်ပေါ်ဖတ်မိတာကို ဘာသာပြန်ပါတယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။
*
*--
*Be Happy ,*
* *



Reply all
Reply to author
Forward
0 new messages