တစ်ခါက ဖားအုပ်စုတစ်စုသည် သစ်တောအုပ်တစ်ခုအတွင်းဖြတ်သန်းရင်း ၄င်းတို
့အုပ်စုထဲမှ ဖား၂ ကောင်သည် တွင်းနက်ထဲသို့ မထင်မှတ်ပဲကျသွားသည်။သို
့နှင့်ကျန်သောဖားများအားလုံး ၄င်းတွင်းနက်အနားတွင်စုရုံးလာခဲ့ကြသည်။
၎င်းတွင်းသည် အလွန်တရာနက်သည် ကိုကျန်သောဖားများကတွေ့ မြင်သောအခါ
၎င်းတွင်းထဲသို့ ကျသွားသောဖား၂ ကောင်းအား
ကျန်သောဖားများကသေတာပဲကောင်းပါတယ်လို့ မှတ်ချက်ချပြောဆိုနေပါသည်။ သို
့သော် ၄င်းဖား၂ကောင်သည် ၄င်းတို့ မှတ်ချက်ချပြောကြားချက်ကိုဂရုမစိုက်ပဲ
၎င်းတွင်းမှလွတ်မြောက်အောင်တတ်နိုင်သလောက်ကြိုးစားပြီးခုန်ကြပါသည်။
ကျန်သောဖားများကလည်းဆက်မခုန်ရန်နှင့်အေးအေးဆေးဆေးသေကပိုကောင်းကြောင်းတစ်
ယောက်တစ်ပေါက်ပြောနေကြသည်။ နောက်ဆုံးတော့ တစ်ကောင်သောဖားသည်
အခြားသောဖားများပြောနေသည်ကိုသတိပြုမိပြီးဆက်မခုန်တော့ပဲအရှုံးပေးလိုက်သည်။
ထိုသို့  အရှုံးပေးလိုက်သည်နှင့်၎င်းဖားမှာ လှဲကျပြီးသေဆုံးသွားသည်။ သို
့သော်ကျန်သောဖားတစ်
ကောင်မှာ တတ်နိုင်သလောက်ဆက်ပြီးခုန်နေသည်။ ၄င်းဖားခုန်နေတာကိုကြည့်ပြီး
ကျန်သောဖားများကဆက်ပြီးအနာမခံပဲအေးအေးဆေးဆေးသေရန်ုပြောပြန်သည်။
သို
့နှင့်၎င်းဖားသည်ပိုပင်ကြိုးစားပြီးခုန်နေကာနောက်ဆုံးတွင်၎င်းတွင်းမှလွတ်မြောက်ခဲ့လေသည်။
စာရှုသူများခင်ဗျား- အမှန်မှာ၎င်းလွတ်မြောက်လာသောဖားသည် နားမကြားပါ။
၎င်းအနေဖြင့်အခြားသောဖားများပြောသောအရာကိုဘာမှမကြားပါ။ ၄င်းထင်သည်မှာ
အခြားသောဖားများသည်၎င်းကိုတစ်ချိန်လုံးအားပေးနေသည် ဟု သာထင်ခဲ့ သည်။
ပုံပြင်သည်ကျွန်တော်တို့ ကိုသင်ခန်းစာ ၂ ခုပေးခဲ့ သည်။
၁. လျှာတွင်အသက်ကိုရှင်စေ၊သေစေနိုင်သောစွမ်းအားရှိသည်။
စိတ်ဓာတ်ကျနေသူတစ်ဦးအား အားပေးစကားပြောခြင်းသည်
၎င်း၏စိတ်ဓာတ်ကိုမြှင့်တင်စေနိုင်သည့်အပြင်
၎င်းရင်ဆိုင်နေရသောအခက်အခဲကိုအောင်မြင်ကျော်လွားနိုင်အောင်ကူညီပေးနိုင်သည်။
ထို့ နည်းတူ စိတ်ဓာတ်ကျနေသူတစ်ဦးအားပြောသည့်အပြုသဘောမဆောင်သောစကား
သည်၎င်းကိုယ်၎င်းသတ်သေရန်ဖြစ်စေနိုင်သည်။ သို့ အတွက်ကြောင့်မိမိပြော
သမျှစကားများကိုသတိထားဆင်ဆင်ခြင်ခြင်ပြောကြရန်ဖြစ်သည်။
၂။ ဘ၀လမ်းကြောင်းတွင်းသွားရင်းလာရင်း မိမိနှင့်ထိတွေ
့ဆက်ဆံသူများအားအပြုသဘောဆောင်သော
စကားကိုသာပြောပါ။ တစ်ခါတစ်ရံတွင်အပြုသဘောဆောင်သောစကား၊
အားပေးစကားများသည်
မိမိထင်ထားသည်ထက်ပြီးထိရောက်တတ်သည်ကိုနားမလည်နိုင်အောင်ဖြစ်ရသည်။
သည့်အတွက်ကြောင့် စဉ်းစားချင့်ချိန်ပြီးမှစကားပြောပါ။
သူ
့အကျိုးကိုယ့်အကျိုး၊ရပ်ရွာအကျိုး၊နိုင်ငံ့အကျိုးကိုဖြစ်စေသောစကားကိုပြောနိုင်ကြပါစေ။
ှု Internet မှရယူဘာသာပြန်ထားခြင်းဖြစ်သည်။
Solomon Soe
--