Fwd: ဗိုလ်ချုပ်အောင်ဆန်း အတ္တုပ္ပတ္တိရိုက်ကူးရန်အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် ရုပ်ရှင် သရုပ်ဆောင် အနုပညာရှင်များနှင့် တွေ့ဆုံ

5 views
Skip to first unread message

Tz Khup

unread,
Dec 5, 2011, 12:33:39 AM12/5/11
to msdrm
Eleven Media Group

လာမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် မဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် ၀င်ရောက်ယှဉ်ပြိုင်ရန် စဉ်းစားလျက်ရှိနေကြောင်း အဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင်များက ပြောကြားခဲ့ပါသည်။

"လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ၀င်ရောက်
ယှဉ်ပြိုင်တဲ့အခါ ဆင်းရဲနွမ်းတဲ့ ပြည်သူတွေကို ကူညီဖို့အတွက် စဉ်းစားခဲ့ပါတယ်။ ဒီလိုစဉ်းစားပြီးနောက် ရန်ကုန်တိုင်းဒေသကြီးမှာ လွတ်လပ်နေတဲ့ မဲဆန္ဒနယ် ခြောက်နေရာအနက် ကော့မှူးမြို့နယ်ကို စဉ်းစားထားပါတယ်။ ဒါပေမဲ့လို့ အတည်ပြု မဆုံးဖြတ်ရ သေးပါဘူး။ နောက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲ
ကော်မရှင်ကလည်း လာမယ့် ကြားဖြတ် ရွေးကောက်ပွဲအတွက်
ကျင်းပသွားမည့် လစ်လပ်မဲဆန္ဒနယ်များကို တရားဝင်ထုတ်ဖော် ကြေညာခြင်း
မရှိသေးပါဘူး" အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြန်ကြားရေးတာဝန်ခံ
ဦးအုန်းကြိုင်က Eleven Media Group သို့ ယနေ့နံနက်ပိုင်းတွင် ပြောကြားခဲ့ပါသည်။

ပြီးခဲ့သည့် ရွေးကောက်ပွဲ၌ ကော့မှူးမြို့နယ် မဲဆန္ဒနယ်မှ ဦးစိုးတင့်က
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကာ ရွေးကောက်ပွဲတွင်
အနိုင်ရခဲ့ပြီးနောက် လက်ရှိအချိန်၌ ပြည်ထောင်စုအစိုးရအဖွဲ့၊
ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ဒုတိယ၀န်ကြီးအဖြစ်
တာဝန်ထမ်းဆောင်လျက်ရှိနေပါသည်။


ဗိုလ်ချုပ်အောင်ဆန်း အတ္တုပ္ပတ္တိရိုက်ကူးရန်အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် ရုပ်ရှင် သရုပ်ဆောင် အနုပညာရှင်များနှင့် တွေ့ဆုံ

ဝင့်သင်ဇာကျော် (မြစ်မခ)                                                      

 ဒီဇင်ဘာ ၃ ရက်၊ ရန်ကုန်မြို့။

 

ဒီဇင်ဘာလ ၃ရက် နေ့လည် ၂နာရီခွဲဝန်းကျင်တွင် တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် အနုပညာရှင်ပေါင်း ၄၀ ကျော်နှင့်တွေ့ဆုံပြီး  ဗိုလ်ချုပ်အောင်ဆန်းအသက် နှစ်တစ်ရာပြည့်အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်း အတ္တုပ္ပတ္တိကို ဇာတ်လမ်းရုပ်ရှင် ရိုက်ကူးရန်အတွက် တွေ့ဆုံ ဆွေးနွေးတိုင်ပင်ကြကြောင်းသိရှိရသည်။

 

“ကဲအားလုံးဘဲ ၀ိုင်းစဉ်းစားပေးကြပါ ဘယ်လိုလုပ်ရင်ကောင်းမလဲလို့ လူငယ်တွေလည်းထည့်ချင်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်မှ အနုပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်ခဲ့သည်။

 

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ရုပ်ရှင်သရုပ်ဆောင် အနုပညာရှင်များတွေ့ဆုံရခြင်းသည် ဗိုလ်ချုပ်အတ္တုပ္ပတ္တိကို ဇာတ်လမ်းရိုက်ကူးရန်ဖြစ်ကြောင်း ကိုဇာဂနာထံမှ သိရှိရသည်။

 

“လာမဲ့ ၂၀၁၅ ခုနှစ်မှာ ပြည့်မဲ့ ဗိုလ်ချုပ်အောင်ဆန်းအသက် နှစ်တရာပြည့် အထိမ်းအမှတ်အနေနဲ့ ဗိုလ်ချုပ်အတ္တုပတ္တိအကြောင်းကို ရိုက်မှာပါ အဲ့ဒါကြောင့် အနုပညာရှင်တွေနဲ့ တွေ့ဖြစ်တာပါ”ဟု ရုပ်ရှင် သရုပ်ဆောင်ကိုသူရ (ခေါ်) ဇာဂနာက ပြောသည်။

 

 

အဆိုပါရုပ်ရှင်အတွက် ဇာတ်လမ်း ဖြစ်မြောက်ရေးအတွက် ကိုဇာဂနာမှ တာဝန်ယူထားပြီး ဇာတ်လမ်းကော်မတီ ဖွဲ့ရာတွင်လည်း ၊ မောင်မျိုးမင်း ၊ အောင်လွင် ၊ ၀ိုင်း ၊ ဦးမိုးသူ နှင့် ဇင်ဝိုင်း ၊ ကိုလူမင်း နှင့် ကိုကျော်ဇောလင်းတို့ ပါဝင်ကြောင်း သိရှိရသည်။

 

“ကျွန်တော်ကိုယ်တိုင်ကလည်း ထောင်ထဲမရောက်ခင်က ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတ္တုပတ္တိကို ရိုက်ချင်တဲ့ဆန္ဒ ရှိတယ် ကျွန်တော်ကိုယ်တိုင်ကလည်း ဇာတ်ညွှန်းရေးနေတာဆိုတော့ ပွဲဖြစ်မြောက်ရေးမှာလဲ ကျွန်တော်ပါဘဲ ဒီကော်မတီမှာ ဘကြီးမိုးတို့ ၊ ဦးအောင်လွင် ၊ ၀ိုင်း ၊  ၊ ဇင်ဝိုင်း ၊ ကိုလူမင်း ၊ ကိုကျော်ဇောလင်း နောက် မောင်မျိုးမင်းတို့ ပါတယ်” ဟု အဆိုပါပွဲဖြစ်မြောက်ရေး တာဝန်ယူထားသော ကိုသူရ (ခေါ်) ကိုဇာဂနာက ပြောသည်။

 

အဆိုပါ ဇာတ်လမ်းရိုက်ကူးရန်အတွက် ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ ဒါရိုက်တာ မောင်မျိုးမင်း ၊ လူမင်း၊ ဦးမိုးသူ ၊ ကျော်သူ ၊ နေဆန်း ၊ ရန်အောင် ၊ရဲအောင် ၊ကိုလူမင်း ၊ ပြေတီဦး ၊ ရဲတိုက်၊ နေတိုး ၊ ဇေယျာသော် ၊ ကင်းကောင် ၊ အရိုင်း ၊ ကောင်းကျော်၊ မင်းမော်ကွန်း၊ နန္ဒ ၊ သီးလေးသီးမှ ညီအကိုမောင်နှမများ ၊ အိနြေ္ဒကျော်ဇင် ၊ ထွန်းအိနြေဗိုလ် ၊ ချိုပြုံး ၊ မြင့်မြင့်ခင် ၊ ခင်လေးနွယ် ၊ ဖွေးဖွေး ၊ သျှီ ၊ ပုလဲဝင်း ၊ သင်ဇာဝင့်ကျော် နှင့် အခြားသော အနုပညာရှင်များလည်း လာရောက် တွေ့ဆုံခဲ့သည်။






ဒီဇင်ဘာ ၃ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် ရုပ်ရှင်နှင့် ဂီတနယ်ပယ်မှ အနုပညာရှင်များနှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံစဉ်.။






--

Reply all
Reply to author
Forward
0 new messages