Fwd: iPhone 4 လေယာဉ်ပေါ်တွင် ရုတ်တရက် ပေါက်ကွဲပျက်စီး ၊ ဟင်နရီကလင်တန်နှင့် ဒေါ်အောင်ဆန်းစုကြည်၊ ယောက်ျားအား စိတ်ပျက်ပြီး Craigslist ၌ တင်ရောင်းခဲ့သည့် အမျိုးသမီး

5 views
Skip to first unread message

Tz Khup

unread,
Dec 3, 2011, 3:44:03 AM12/3/11
to msdrm



iPhone 4 လေယာဉ်ပေါ်တွင် ရုတ်တရက် ပေါက်ကွဲပျက်စီး

1281 iphone_exploded_on_plane

မကြာသေးမီက သြစတေးလျလေကြောင်းလိုင်း၏ Regional Express ခရီးစဉ် ZL319 ပေါ်ပါ ခရီးသည်တစ်ဦးပိုင် ပန်းသီး ကုမ္ပဏီ လုပ် iPhone 4* တစ်လုံး အဆိုပါ လေယာဉ်ပေါ်တွင် မီးလောင်ကာ ပေါက်ကွဲ ပျက်စီးခဲ့ကြောင်း အဆိုပါ လေကြောင်းလိုင်းမှ သတင်းမီဒီယာများသို့ ထုတ်ပြန်ခဲ့သော သတင်းများအရ သိရှိရသည်။ (* iPhone 4S မဟုတ်ပါ။)

သြစတေးလျ လေကြောင်းပိုင် အဆိုပါ လေကြောင်းခရီးစဉ်သည် အခင်းဖြစ်ပွားချိန်က Lismore မှ Sidney သို့ပျံသန်းလာနေ ခဲ့ပြီး၊ မြေပြင်သို့ ဆင်းသက်ချိန် မတိုင်မီ၊ လေယာဉ်ပေါ်တွင် လိုက်ပါစီး နင်းလာသော ခရီးသည်တစ်ဦး၏ iPhone 4 မှ ရုတ်တရက် အလိုအလျောက် မီးခိုးငွေ့များ ထွက်ပေါ်လာပြီး မီးတောက်သွားခဲ့သည်။ သို့သော် လေယာဉ်ပေါ်ပါ လေယာဉ်မောင်/မယ် က မီးတောက်အား အချိန်မီ ငြိမ်းသက်နိုင်ခဲ့သည့်အတွက် ထိခိုက်ဒဏ်ရာ တစ်စုံတစ်ခု ဖြစ်ပွားခဲ့ခြင်း မရှိခဲ့ပေ။

လေဆိပ်သို့ လေယာဉ်ဆိုက်ရောက်ချိန်တွင် အဆိုပါ လောင်ကျွမ်းသွားခဲ့သော iPhone 4 အား လေဆိပ်အာဏာပိုင်များအား လွှဲပြောင်းပေးအပ်ခဲ့သည်။ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေဆဲဖြစ်သဖြင့် အဘယ်ကြောင့် ထိုသို့ မီးထတောက်ရသည်ကိုမူ မသိရှိ ရသေးပေ။

ပန်းသီး ကုမ္ပဏီလုပ် ကုန်ပစ္စည်းများမှာ ပေါက်ကွဲ ပျက်စီးမှု မရှိသလောက် လွန်စွာနည်းပါးသော်လည်း၊ ထိုပစ္စည်းများတွင် အသုံးပြုသော lithium ion ဘက်ထရီ၏ တာရှည်မခံမှု၊ ဘက်ထရီ အဆမတန် ပူနွေးမှု စသော... ဘက်ထရီနှင့် ဆိုင်ရာ ပြဿနာများနှင့် လတ် တလောနှစ်များတွင် သုံးစွဲသူများ၏ ညည်းတွားပြောဆိုသံများ မကြာခဏဆိုသလို ကြားနေရသည်။ ထို့အတူ ၂၀၀၅ နှင့် ၂၀၀၆ ခုနှစ် iPod Nano ပထမမျိုးဆက် (first generation) များကိုလည်း ဘက်ထရီ ပြဿနာများကြောင့် ဈေးကွက်မှ ရုပ်သိမ်းခဲ့ ရပြီးဖြစ်သည်။

---

Photo courtesy of Regional Express. All Rights Reserved.



ဟင်နရီကလင်တန်နှင့် ဒေါ်အောင်ဆန်းစုကြည်








ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်တို့ ဒေါ်အောင်ဆန်းစုကြည်ဧ။် နေအိမ်တွင် တွေ့ဆုံနေပြီ ဖြစ်ကြောင်း သိရှိရပါသည်။

Fr: EMG , ( AFP)


ယောက်ျားအား စိတ်ပျက်ပြီး Craigslist ၌ တင်ရောင်းခဲ့သည့် အမျိုးသမီး

1262 Wife_Tried_To_Sell_Husband_On_Craigslist

ယောက်ျားလေးများ သတိထားပါ။ အထူးသဖြင့် ဗီဒီယိုဂိမ်း အသစ်အဆန်းများ အမြောက်အများ ထွက်ရှိလာသော လတ်တလော ကာလအတွင်း အထူးသတိထားပါ။ အဘယ်ကြောင့်ဆိုသော် သင်၏ ဇနီးမယားဖြစ်သူက ဂိမ်းကိုသာ အချိန်ပြည့် ဆော့ကစားနေ​သော သင့်အား အွန်လိုင်းပေါ်တွင် တင်ရောင်းဖွယ် ရှိသောကြောင့်ဖြစ်သည်။

အမှန်တကယ်တော့ ဤကဲ့သို့သော ဖြစ်ရပ်တစ်ခု မကြာမီက အမေရိကန်ပြည်ထောင်စု ယူတားပြည်နယ်တွင် ဖြစ်ပွားခဲ့သည်။

Kyle Baddley အမည်ရှိ အမျိုးသားတစ်ဦးအား ယင်း၏ ဇနီးဖြစ်သူ Alyse က Call of Duty: Modern Warfare 3  ဂိမ်းအား အချိန်ပြည့် ဆော့နေသဖြင့် စိတ်ကုန်ခန်းကာ Craigstlist ပေါ်တွင်ကြော်ငြာကာ ရောင်းချခဲ့ကြောင်း သိရှိရသည်။ (Craigslist သည် အမေရိကန် ပြည်ထောင်စုမှ နာမည်ကျော် အရောင်းအဝယ် ဝက်ဘ်ဆိုဒ်တစ်ခု ဖြစ်သည်။) သူမ၏ ကြော်ငြာချက်တွင် “ကျွန်မ၏ အသက် ၂၂ နှစ်အရွယ် ခင်ပွန်းကို ရောင်းချလိုပါတယ်။” ဟု ဆိုခဲ့ပြီး “သူဟာ အစားစားခြင်းနှင့် ဂိမ်းဆော့ခြင်းတို့ကို အလွန်ခုံမင်ပြီး တစ်နေကုန် ဂိမ်းဆော့တတ်ပါသည်။ သူ့အား ထိန်းသိမ်းရ လွယ်ကူပါသည်။ အစားအစာနှင့် ရေတို့ကိုသာ ၃-၅ နာရီတစ်ခါ ပေးအပ် ရန် လိုအပ်ပါသည်။ သင့်တွင် အင်တာနက်နှင့် ဂိမ်းဆော့ရန် နေရာကျယ်ကျယ်ရှိရန် လိုအပ်ပါသည်။” ဟု ရေးသားပါရှိသည်။

အမှန်တကယ်တော့ ဤကြော်ငြာမှာ နောက်ပြောင်မှုတစ်ခုသာ ဖြစ်သော်လည်း လူအချို့ကမူ စိတ်ဝင်တစား စာပြန်ဆက်သွယ်ခဲ့ကြ သည်။ အမျိုးသမီးတစ်ဦးက ယောက်ျားဖြစ်သူအား လေ့ကျင့်သင်ကြားပေးမည်ဟု အဆိုပြုခဲ့ပြီး၊ အမျိုးသားတစ်ဦးကမူ ယင်းနှင့် နေ ရာခြင်းလဲရန် ပြောကြားခဲ့သည်။

အဆိုပါ ကြော်ငြာအားပြုလုပ်ရန် Alyse ၏ မိခင်ဖြစ်သူက တိုက်တွန်းခဲ့ခြင်းဖြစ်ပြီး သူမကိုယ်တိုင် စားသားကို ရေးသားပေးခဲ့ခြင်း​ဖြစ်သည်။

အဆိုပါ ကြော်ငြာကြောင့် Kyle သည်လည်း ဂိမ်းအလွန်အကျွံဆော့ခြင်းမှ ရပ်ဆိုင်းခဲ့ကြောင်း သိရှိရသည်။

Kyle အနေဖြင့် ယခုဖြစ်ရပ်အား ဟာသတစ်ခုအနေဖြင့်သာ မှတ်ယူထားကြောင်း၊ Modern Warfare 3 ဂိမ်း ပထမဆုံးထွက်ရှိ သည့်နေက ဆိုင်တွင်ဝယ်ယူရန် ယင်းနှင့်အတူ ဇနီးဖြစ်သူက တန်းစီစောင့်ဆိုင်းခဲ့ကြောင်း ဆိုခဲ့သည်။

“ကျွန်တော့်မိန်းမက ကျွန်တော်နဲ့အတူ နာရီအတန်ကြာ တန်းစီစောင့်ပေးခဲ့တာပါ။ ညသန်းခေါင်အထိ ဆိုင်မှာတန်းစီခဲ့ရတုန်းက သူမက ကျွန်တော့်ဘေးမှာပါ။ အခုဖြစ်ရပ်ကတော့ ရယ်ဖို့တော့ ကောင်းပါတယ်။” ဟု ပြောကြားသွားခဲ့သည်။

Craigslist ပေါ်မှ မူရင်းကြော်ငြာကို ဖတ်ရှုလိုပါက ဤနေရာကိုနှိပ်ပါ။ 

---

Photo courtesy of ABC News. All Rights Reserved.

Credits: from ShweLone.com






--


   ___  စိတ်နှလုံးရွှင်လန်းပြီး
                                 အပန်းလဲပြေနိုင်ပါစေ__


                                                                       (ဖြူစင်)
 






--
သင်သည် Jeffylin916 Group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါက jeffy...@googlegroups.com သို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက jeffylin91...@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက jeffylin916...@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။

Reply all
Reply to author
Forward
0 new messages