2011/11/16 May Oo <mayo...@gmail.com>
နံနက်ခင်းမှာစိတ်အေးချမ်းလန်းဆန်းနေမယ်ဆိုရင်အဲဒီနေ့တစ်နေ့လုံးဖြစ်ပျက်လာမယ့်ကိစ္စအဝဝကိုရင်ဆိုင်ဖြေရှင်းနိုင်စွမ်း
ရှိနေမှာပါ။သင့်အတွက်နေ့သစ်တိုင်းရဲ့အစဟာမင်္ဂလာရှိနေစေဖို့လုပ်သင့်လုပ်ထိုက်တဲ့အရာတွေကိုအောက်မှာဖော်ပြပေးလိုက်ပါတယ်။
*၁) “ဒီနေ့ လုပ်ရန်” အစီအစဉ်များ ချရေးပါ*
အိပ်ရာကနေ နိုးထလာတဲ့ အချိန်မှာ အချိန်စက္ကန့် ၃၀ လောက်ပေးပြီး တစ်နေ့တာ
လုပ်ရမယ့် ကိစ္စရပ်တွေကို ချရေးပါ။ ဒီလိုအစီအစဉ် ရေးဆွဲပြီးတဲ့ အခါမှာလုပ်ရမယ့်
အလုပ်တွေ တစ်ဝက်လောက် ပြီးသွားသလို ခံစားရပါလိမ့်မယ်။
*၂) နံနက်စာကို ကောင်းကောင်းစားပေးပါ*
ကာဗိုဟိုက်ဒရိတ်နဲ့ အသားဓာတ်
ရောထားတဲ့အာဟာရရှိတဲ့နံနက်စာနဲ့နံနက်ခင်းကိုစတင်ပေးပါ။လေ့လာမှုတစ်ရပ်အရ
နံနက်စာကို ကဖင်းဓာတ်ပါတဲ့ကော်ဖီတစ်ခွက်နဲ့ တွဲမှီဝဲတာက
စိတ်ခံစားမှုကိုမြင့်တက်စေပြီးဉာဏ်ရည်ကိုထက်မြက်စေကြောင်း သိရပါတယ်။
*၃) လေကောင်းလေသန့် ရှူရှိုက်ပါ*
နံနက်ခင်းမှာအိမ်အပြင်ထွက်ပြီးကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ဆောင်ကာလေကောင်းလေသန့်ကိုရှူရှိုက်ပေးတာဟာ
စိတ်လန်းဆန်းသွားစေပြီးကိုယ့်ကိုယ်ကိုယ် လေးစားစိတ်ကို ပိုမိုမြှင့်တင်
ပေးနိုင်ပါတယ်။
လမ်းလျှောက်ခြင်း၊သစ်ပင်စိုက်ပျိုးခြင်းစတဲ့လှုပ်ရှားမှုတွေကိုအချိန်ငါးမိနစ်လောက်ပေးပြီးလေ့ကျင့်ပေးရုံနဲ့ဒီအကျိုးကျေးဇူးတွေကို
ရရှိလာမှာပါ။
*၄) သဘာဝ၏ အသံကို နားဆင်ပါ*
နံနက်ခင်းမှာရေတံခွန်ကရေကျသံနဲ့ငှက်ကလေးတွေရဲ့တေးသံသာတွေကိုနားဆင်ရတာဟာကြည်နူးစရာကောင်းလှပါတယ်။
နံနက်ခင်းမှာပြတင်းတံခါးကိုဖွင့်ပြီးသဘာဝလောကကြီးရဲ့တေးသံသာကိုနားဆင်ကြည့်ပါ။နေမြင့်တဲ့အထိတော့အိပ်မနေနဲ့ပေါ့နော်။
*၅) ကောင်းသောအရာများကို အာရုံစိုက်ပါ*
အိပ်ရာကနေနိုးပြီးတဲ့နောက်အသက်ပြင်းပြင်းရှူသွင်းရှူထုတ်တာကိုငါးကြိမ်ပြုလုပ်ပါ။အဲဒီလိုအသက်ပြင်းပြင်းရှူသွင်းရှူထုတ်ပြီး
စိတ်ကိုကြည်နူးပျော်ရွှင်အောင်ထားရှိတာဟာတစ်နေ့တာလုပ်ဆောင်ရမယ့်အလုပ်တွေကိုဆုံးဖြတ်ချက်ချနိုင်စွမ်းမြင့်မားလာစေပါတယ်။
*၆) ချောကလက်ပူပူတစ်ခွက်သောက်ပါ*
မကြာသေးခင်ကလေ့လာမှုတစ်ရပ်အရဖလေဗိုးနွိုက်ပါဝင်တဲ့ချောကလက်ပူပူတစ်ခွက်ကိုသောက်ပေးတာကစိတ်ခံစားမှု
ကောင်းမွန်ကာ ကိန်းဂဏန်းနဲ့ ဆိုင်တဲ့ပြဿနာတွေကို ဖြေရှင်းနိုင်စွမ်း
မြင့်တက်လာနိုင်ကြောင်း သိရပါတယ်။
ချောကလက်အညိုရောင်ကိုအဆီထုတ်ထားတဲ့နို့နဲ့ရောဖျော်ပေးပါ။နို့ထဲမှာပါဝင်တဲ့ပရိုတင်းဓာတ်နဲ့ကယ်လ်စီယမ်ဓာတ်ဟာ
သွေးတွင်းသကြားဓာတ်ကိုနေ့ခင်းပိုင်းအချိန်အထိတည်ငြိမ်နေစေပြီးအာရုံစူးစိုက်နိုင်စွမ်းအားကိုကောင်းမွန်နေစေပါတယ်။
*၇) သင့်ကိုယ်သင် သုံးသပ်ရန် အချိန်တို တစ်ခုပေးပါ*
နံနက်ခင်းမှာအိပ်ရာကနိုးနိုးချင်းအိပ်ရာထဲကနေခုန်မထလိုက်ပါနဲ့။အိပ်ရာကနိုးလာချိန်မှာသင့်ခန္ဓာကိုယ်ကိုအာရုံစိုက်ပြီး
ခန္ဓာကိုယ်တောင့်တင်းနာကျင် နေသလားဆိုတာ လေ့လာပါ။ အဲဒီနောက်မှာ
အသက်ပြင်းပြင်းရှူသွင်းရင်း အကြော ဆန့်ထုတ်ပေးပါ။ ဒီနည်းလမ်းဟာ တစ်နေ့တာကို
ရင်ဆိုင်ဖို့စိတ်နဲ့ ခန္ဓာက ခွန်အား ရရှိစေပါတယ်။
*၈) ဘဝမှာ ထူးခြားသော အောင်မြင်မှုများအတွက် ပီတိဖြစ်ပါ*
သင့်ဘဝအတွက်ထူးကဲတဲ့အောင်မြင်မှုရလဒ်တွေအပေါ်ကျေနပ်ပျော်ရွှင်ပါ။စိတ်ကူးယဉ်ခဲ့ဖူးတဲ့အလုပ်မျိုးကိုရရှိနေသလား
ဒါမှမဟုတ် တကယ်ကောင်းတဲ့ဘဝအဖော်ကို ရရှိထားသလား .
.စသဖြင့်ပေါ့။အဲဒီလိုဘဝအပေါ်ကျေနပ်စိတ်ဝင်တာက
ရှေ့ဆက်လျှောက်ရမယ့် ခရီးလမ်းအပေါ် အားသစ်ခွန်သစ် ရရှိစေပါတယ်။
*၉) ပူရှိန်းရေနွေးငွေ့ ရှုပါ*
ပူရှိန်းထည့်ထားတဲ့ရေနွေးငွေ့ကိုရှူရှိုက်ပေးတာဟာခံစားမှုကောင်းစေပြီးအာရုံစူးစိုက်နိုင်စွမ်းကောင်းစေကြောင်းသုတေသန
ပညာရှင်တွေက ဆိုပါတယ်။
သကြားမပါတဲ့ ပီကေဝါးပေးတာကလည်း အလားတူ အာနိသင်မျိုးကို ရရှိစေတယ်လို့ဆိုပါတယ်။
*၁၀) ပြုံးပါ*
ပြုံးတာဟာ သင့်စိတ်ကို ပြောင်းလဲသွားစေတဲ့ ရိုးစင်းသလောက်
ထိရောက်တဲ့နည်းလမ်းလေးပါ။ပြုံးတာဟာနံနက်ခင်း ကာလကစပြီး တစ်နေ့တာလုံးအထိ
စိတ်ကိုရွှင်ပျနေစေ ပါတယ်။