Legal Aid Project ဆိုသည်မှာ မြန်မာနိုင်ငံအတွင်း အသက်(၁၈)နှစ်အောက်ရှိ
ပြစ်မှုကျူးလွန်စော်ကားခံရသော ကလေးသူငယ်များ၊ လူငယ်များနှင့် သက်သေများ၊
ပြစ်မှုကျူးလွန်သည်ဟု စွပ်စွဲခံရသော ကလေးသူငယ်များနှင့် လူငယ်များ၊
အသက်(၁၈)နှစ်ကျော်သော်လည်း အမျိုးသမီး ဖြစ်သည့် အတွက်
ပြစ်မှုကျူးလွန်စော်ကားခံရသော () အမျိုးသမီးများအတွက်
အမှုလိုက်ပါဆောင်ရွက်ခ (ရှေ့နေခ) တစ်စုံတစ်ရာ မယူဘဲ ဥပဒေအကြောင်းအရ အခမဲ့
ကူညီပေးသည့် စီမံချက် ဖြစ်ပါသည်။
* ရည်ရွယ်ချက်*
- မသိနားမလည်၍သော်လည်းကောင်း၊ တရားရုံးစရိတ် မတတ်နိုင်၍သော်လည်းကောင်း၊
- ရှေ့နေငှားရမ်းခ မတတ်နိုင်၍သော်လည်းကောင်း၊ မိမိနစ်နာသောအမှုကို
တိုင်းတန်းရန် (သို့) စွပ်စွဲခံရသောအမှုကို ရင်ဆိုင်ဖြေရှင်းရန် အခက်အခဲ
ရှိသူများအတွက် ဥပဒေအကြောင်းအရ အခမဲ့ လိုက်ပါဆောင်ရွက်ပေးရန်
- ပြစ်မှုကျူးလွန်စော်ကားခံရသူ (နစ်နာသူ) အသက် (၁၈)နှစ်အောက် ကလေးသူငယ်၊
- အသက် (၁၈)နှစ် အောက် ကလေးသူငယ်၊ လူငယ်များအား ကျောင်းစရိတ်အခက်အခဲရှိပါက
ကျောင်းစရိတ် ထောက်ပံ့ကူညီရန်
- ပြစ်မှုကျူးလွန် စော်ကားခံရသူ (နစ်နာသူ) များအား ဆေးကုသစရိတ်နှင့်
တရားရုံးသို့ သွားလာစရိတ်နှင့် တရားရုံးသို့ သွားလာစရိတ် အခက်အခဲရှိပါက
လူမှုရေးစရိတ် ထောက်ပံ့ကူညီရန်
- ပြစ်မှုကျူးလွန် စော်ကားခံရသူ (နစ်နာသူ) အား
အသက်မွေးဝမ်းကျောင်းနိုင်ရန်အတွက် အခက်အခဲရှိပါက အ သက်မွေးဝမ်းကျောင်း
သင်တန်းတစ်ခုခုတက်ရောက်နိုင်ရေးအတွက် ထောက်ပံ့ကေူညီရန်
- Legal Aid Project အောက်တွင် အမှုလိုက်ပါဆောင်ရွက်သော ရှေ့နေများအား
ရှေ့နေခ ၊ ခရီးစရိတ်၊ စားစရိတ်၊ စာရွက်စာတမ်းခများကို အမှုသည်များက
လုံးဝ
မပေးရပါ။
- ရှေ့နေများမှ ငွေကြေးတစ်စုံတစ်ရာ တောင်းခံလာပါက စီမံကိန်းမန်နေဂျာထံတွင်
တိုင်တန်းနိုင်ပါသည်။
အသက်(၁၈)နှစ်အောက် ကလေးများ၊ လူငယ်များ ပြစ်မှုကျူးလွန်စော်ကားခံရလျှင်
အသက် (၁၈)နှစ်အောက် ကလေးများ၊ လူငယ်များ ပြစ်မှုကျူးလွန်ကြောင်း
စွပ်စွဲခံရ၍ တရားရုံးတွင် အမှုရင်ဆိုင်ရလျှင်
အသက်(၁၈)နှစ်ကျော်သော်လည်း အမျိုးသမီးဖြစ်သည့်အတွက်
ပြစ်မှုကျူးလွန်စော်ကားခံရလျှင်
အမြန်ဆုံး သတင်းပို့ပါ ဥပဒေကြောင်းအရ အခမဲ့ အကူအညီပေးပါသည်။
ဦးငိုင်ဆာခ့်
(စီမံကိန်း မန်နေဂျာ)
၀၉-၈၆၁၈၁၉၆၊ ၀၁-၃၉၈၃၉၇
၀၉-၅၁၆၀၇၈၄၊ ၀၁-၃၉၈၂၁၅
ရုံးခန်း
အမှတ်(၃၈၅/၃၈၉)၊ (၆)ထပ်၊ အခန်း(ခ)၊ ဂလိုဘယ်တာဝါ၊ မဟာဗန္ဓုလလမ်းနှင့်
ပန်းဆိုးတန်းလမ်းဒေါင့်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
--