Fwd: ကားစီးရေ နှစ်သောင်းခန့် ကုမ္ပဏီများနှင့် ပြည်ပရောက် မြန်မာလုပ်သားများ သွင်းခွင့်ရမည် ၊ ရွှေ့ပြောင်းမြန်မာလုပ်သားများကို နိုင်ငံသားစိစစ်ရေးနှင့် ယာယီနိုင်ငံကူး လက်မှတ်ထုတ်ပေးရန် ရုံးခွဲငါးခု ထိုင်းတွင် စတင်ဖွင့်လှစ်တော့မည် ၊ မြ

3 views
Skip to first unread message

TZ Khup

unread,
Nov 28, 2011, 12:53:28 AM11/28/11
to msdrm
1. ကားစီးရေ နှစ်သောင်းခန့် ကုမ္ပဏီများနှင့် ပြည်ပရောက် မြန်မာလုပ်သားများ
သွင်းခွင့်ရမည် ၊
2. ရွှေ့ပြောင်းမြန်မာလုပ်သားများကို နိုင်ငံသားစိစစ်ရေးနှင့်
ယာယီနိုင်ငံကူး လက်မှတ်ထုတ်ပေးရန် ရုံးခွဲငါးခု ထိုင်းတွင်
စတင်ဖွင့်လှစ်တော့မည် ၊
3. မြန်မာရွှေ့ပြောင်းအလုပ်သမားတို့ သိသင့် သိထိုက်တဲ့ မလေးရှားနိုင်ငံ၏
အလုပ်သမား ဥပဒေ ၊
4. 6P အစီအစဉ် ဖမ်းဆီးအရေးယူမှု အစိုးရ၀န်ထမ်း ၄ သန်း အသုံးပြုမည် ၊
5. မြန်မာဆရာဝန်များ မလေးရှား တက္ကသိုလ်တက်ရောက်နိုင် ၊
6. နိုင်ငံ ၄၁ နိုင်ငံတွင် အလုပ်လုပ်ခြင်းကို ဖိလစ်ပိုင်ပိတ်ပင် ၊
7. မြန်မာများ စင်ကာပူ အမြဲတမ်းနေထိုင်ခွင့် ရရန် ပိုမိုခက်ခဲလာ ၊
8. မရင်ငြိမ်းပွင့် စင်္ကာပူနိုင်ငံမှာ တိုက်ပေါ်မှခုန်ချ သတ်သေ ၊

ကားစီးရေ နှစ်သောင်းခန့် ကုမ္ပဏီများနှင့် ပြည်ပရောက် မြန်မာလုပ်သားများ
သွင်းခွင့်ရမည်
<http://www.yoyarlay.com/localnews/local-news/lower-myanmar/16588-2011-11-19-10-14-29>

[image: v_7_48_3]

အစိုးရ၏ ကားသွင်းခွင့် မူဝါဒသစ်အရ ယာဉ်ဟောင်း အစားထိုးယာဉ်သစ်
တင်သွင်းခွင့်အပြင် ကုမ္ပဏီများနှင့် ပြည်ပရောက် မြန်မာလုပ်သားများကို
ဝန်ကြီးဌာန ငါးခုမှ တစ်ဆင့် ရက်ပိုင်းအတွင်း ကားစီးရေ နှစ်သောင်းခန့်
တင်သွင်းခွင့်ပေးရန် စတင် လုပ်ဆောင် နေပြီ ဖြစ်ကြောင်း စီးပွားရေးနှင့်
ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးနှင့်
မော်တော်ယာဉ် တင်သွင်းမည့် ကုမ္ပဏီကြီး တစ်ခုတို့က The Voice Weekly ၏ ဆက်သွယ်
မေးမြန်းမှုကို ကို အတည်ပြု ပြောကြားသည်။

ကားသွင်းမယ့် ကုမ္ပဏီတွေ၊ သံရုံး ဝန်ထမ်းတွေနဲ့ မြန်မာလုပ်သားတွေ လျာထားချက်
တောင်းထားပါတယ်။ လာမယ့်တစ်ပတ်မှာ လျာထား ချက်တွေ ရမယ်။ လျာထားချက်ရတာနဲ့
ကားသွင်း ခွင့်တွေစပေးမှာပါဟု အဆိုပါအကြီးတန်း အရာရှိက ရှင်းပြသည်။
ကားတင်သွင်းခွင့်အတွက် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာနက
ကားသွင်းမည့် ဟိုတယ် လုပ်ငန်းရှင်များ လျာထားချက်စာရင်း၊ အလုပ်သမားဝန်ကြီးဌာနက
ကားသွင်း မည့် ပြည်ပရောက် မြန်မာလုပ်သားများ လျာထားချက်စာရင်း၊ ပို့ဆောင်ရေး
ဝန်ကြီးဌာနက ကားသွင်းမည့်သင်္ဘော သားများ လျာထားချက်စာရင်း၊ စီးပွား ရေးနှင့်
ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး ဌာနက ကားသွင်းမည့် ပို့ကုန်လုပ်ငန်း ရှင်များ
လျာထားချက် စာရင်းနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနက ကားသွင်း မည့်ပြည်ပ မြန်မာ
သံရုံးများမှ ကားသွင်းမည့် သံရုံးဝန်ထမ်းများစာရင်းတို့ကို
မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေး ကော်မတီထံသို့ ပေးပို့ရမည်
ဖြစ်ကြောင်း၊ ယင်းကော်မတီက ပေးပို့ လာသောလျာထားချက်စာရင်းပေါ် မူတည်၍
ကားသွင်းခွင့် အမြန်ဆုံးပြန်ချ ပေးမည်ဖြစ်ကြောင်း၊ ယခုအစီအစဉ် အရ ဘဏ်၌
အမေရိကန်ဒေါ်လာ တစ်သိန်းသွင်းထားသောလုပ်ငန်းများ နှင့် ဘဏ်တွင် ဒေါ်လာသုံးသောင်း
သွင်းထားသော လုပ်သားများသာ အကျုံးဝင်ကြောင်း ၄င်းကဆိုသည်။

အခု ကျွန်တော်တို့သိထားတာ အစီးရေနှစ်သောင်းကျော်လောက် ခွင့်ပြု ပေးဖို့ရှိတယ်။
၂၀ဝ၇ ကနေ ၂၀၁၁ မော်ဒယ်လ်အထိ သွင်းခွင့်ပေးမှာ။ ဒီတော့
ပြည်တွင်းနိုင်ငံခြားငွေ ပေါက် ဈေး တစ်ဒေါ်လာကျပ် ၉၀ဝ နီးပါး ပြန်
ရောက်နိုင်တယ်။ နောက် အခု ဂျပန် ဈေးကွက်မှာ ၂၀ဝ၂ မော်ဒယ်လ် အောက်တွေ
ဈေးမြောက်နေတဲ့ပြဿနာ ရှင်းသွားမယ်။ ဂျပန်ဈေးကွက်မှာ ဈေးပြန်ငြိမ်သွားမယ်ပေါ့။

ပြည်တွင်း ကားဈေးတော့ ပြုတ်ကျသွားမယ်လို့ မှန်းတယ် ဟု ကားအရောင်းစင်တာဖွင့်
လှစ်ရန် စီစဉ်နေသူ ပို့ကုန်လုပ်ငန်းရှင် ကြီးတစ်ဦးက သုံးသပ် ပြောကြားသည်။
အစိုးရ၏ ယင်းထပ်တိုးမှုဝါဒ သစ်အရ တင်သွင်းလာမည့်ယာဉ်များ မှာ
ကားဟောင်းအပ်ရန်မလိုသဖြင့် စလစ်ပေါက် ဈေးမရှိတော့ခြင်း၊ မော်ဒယ်လ်
အမြင့်သွင်းခွင့် ရခြင်းတို့ကြောင့် ပြည်တွင်း ကားဈေးကွက်တွင် ကား
ဈေးနှုန်းများ ထပ်မံကျဆင်းနိုင်ကြောင်း၊ Mark II (ရွှေငါး)ကို ဂျပန် ဈေးကွက်တွင်
အလု အယက်ဖြင့် ဈေးမြင့်ပေးဝယ်ထားသူ များ ရွှေငါးဈေးပြုတ်ကျသွားနိုင်သဖြင့်
ထင်ထားသလောက် အကျိုးအမြတ်မရှိနိုင် တော့ ကြောင်း လုပ်သက်နှစ် ၂၀ ခန့်ရှိ
ဝါရင့် ကားဝယ်ရောင်းတစ်ဦးက သုံးသပ်သည်။

အဆိုပါစနစ်ဖြင့် ကားသွင်းခွင့် ပေးရန်အတွက် ဘဏ်စာအုပ်တွင် ဒေါ်လာတစ်သိန်း
ပြနိုင်သော ကုမ္ပဏီအရေအတွက် နိုဝင်ဘာလ ၉ရက်နေ့ အထိ တစ်ထောင်ကျော်ခန့်ရှိပြီး
လတ်တလော ဒေါ်လာ တစ်သိန်းကျော် မပြနိုင် သေးသော်လည်း ရက်ပိုင်းအတွင်းပို့ကုန်
များ တင်ပို့ပြီးပါက ဒေါ်လာတစ်သိန်း ပြည့်သွားမည့် သူများလည်းရှိရာ ၄င်းတို့
ကိုပါ ထပ်ပေးမည်ဟု ယူဆရကြောင်း၊ ပြည်ပရောက် မြန်မာလုပ်သားများနှင့်
သင်္ဘောသားများ၊ သံရုံးဝန်ထမ်းများ မှာလည်း လတ်တလော ဘဏ်စာရင်း တွင်
ဒေါ်လာသုံးသောင်းမပြနိုင်သော် လည်း ၁၀ ရာခိုင်နှုန်းဖြစ်သည့် ဒေါ်လာ ၃၀ဝဝ
အခွန်ဆောင်ထားပြီးပါက သတ်မှတ် ဒေါ်လာ ဘဏ်စာရင်း သွင်းပြီးချိန်တွင်
ခွင့်ပြုသင့်ကြောင်း ပို့ကုန်လုပ်ငန်းရှင် များနှင့် ပြည်ပရောက် မြန်မာလုပ်သား
များက ပြောဆိုသည်။

ရွှေ့ပြောင်းမြန်မာလုပ်သားများကို နိုင်ငံသားစိစစ်ရေးနှင့် ယာယီနိုင်ငံကူး
လက်မှတ်ထုတ်ပေးရန် ရုံးခွဲငါးခု ထိုင်းတွင် စတင်ဖွင့်လှစ်တော့မည်

ရွှေ့ပြောင်းမြန်မာလုပ်သားများအတွက် နိုင်ငံသားစိစစ်ရေး လုပ်ငန်းနှင့်
ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရန်အတွက် ရုံးခွဲငါးခုကို ထိုင်းနိုင်ငံအတွင်း၌
၂၀၁၂ခုနှစ်၊ ဇန်နဝါရီလ ၁ရက်နေ့မှ စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း ဖွင့်လှစ်မည့် ငါးနေရာမှာ Samut Prakarn တွင် တစ်ရုံး၊
Samut Sakorn တွင် ရုံးနှစ်ရုံး၊ ချင်းရိုင်တွင် တစ်ရုံးနှင့် ရနောင်းတွင်
တစ်ရုံး တို့ဖြစ်သည်။ ထိုကဲ့သို့ ဖွင့်လှစ်နိုင်ရေးအတွက် အလုပ်သမားဝန်ကြီးဌာန
ဝန်ကြီး ဒုတိယဝန်ကြီး ဦးမြင့်သိန်း ဦးဆောင်သည့်အဖွဲ့သည် ၂၀၁၁ ခုနှစ်
အောက်တိုဘာ ၁၁ ရက်မှ ၁၃ ရက်အထိ ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနမှ
တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံသို့ စေလွှတ်မည့်အလုပ်သမားသစ်များကို နယ်စပ်သုံးနေရာအပြင်
လေကြောင်းခရီးဖြင့် စေလွှတ်ကြရေးအတွက် သဘောတူညီခဲ့ကြပြီး အလုပ်ရှင်/အလုပ်သမား
သဘောတူစာချုပ်များတွင် လူမှုဖူလုံရေးထည့်ဝင်ကြေး ပေးသွင်းရေးအတွက်
ထည့်သွင်းစာချုပ်ဆိုရေးနှင့် ထိုသဘောတူ စာချုပ်များအား မြန်မာဘာသာဖြင့်
ထည့်သွင်းချုပ်ဆိုရေးတို့ သဘောတူခဲ့ကြကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း တရားမဝင် အလုပ်သမားများကို နယ်စပ်ဂိတ်များတွင်
ပြည်နှင့်မည်ဆိုပါက လူကုန်ကူးမှုမခံကြရစေရန်နှင့် နှစ်နိုင်ငံအသိပေး
အကြောင်းကြားပြီးမှ ပြည်နယ်ရေး၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးတွင် Labour
Attache တစ်ဦးထားကာ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ
အရေးဖြေရှင်းပေးရေးတို့ကိုလည်း သဘောတူခဲ့ကြကြောင်း ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ
မြန်မာကိုယ်စားလှယ်အဖွဲ့မှ ရဲမှူးကြီး ဝင်းနိုင်ထွန်းက ပြောသည်။

အဆိုပါဆွေးနွေးပွဲကို အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်သိန်း
ဦးဆောင်သည့် အဖွဲ့သည် ၂၀၁၁ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့အထိ
ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာန အလုပ်အကိုင်ဌာနမှ ညွှန်ကြားရေးမှူးချုပ်
Mr.Pravit Khiengpol ဦးဆောင်သော အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။

Ref : The Flower News

မြန်မာရွှေ့ပြောင်းအလုပ်သမားတို့ သိသင့် သိထိုက်တဲ့ မလေးရှားနိုင်ငံ၏ အလုပ်သမား
ဥပဒေ

<http://www.thuriyanews.com/2011/02/02/%e1%80%bb%e1%80%99%e1%80%94%e1%80%b9%e1%80%99%e1%80%ac%e1%80%b1%e1%80%9b%e1%82%8a%e1%82%95%e1%80%b1%e1%80%bb%e1%80%95%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%a1%e1%80%9c%e1%80%af%e1%80%95%e1%80%b9/law-on-custody-jurisdiction/>

မေး။ ။ မည်သို့သောအလုပ်သမားသည် မလေးရှားအလုပ်သမားဥပဒေပါ အခွင့်အရေးများကို
ခံစားခွင့်ရှိသနည်း။

ဖြေ။ ။ လစာငွေ ရင်းဂစ် ၁၅ဝဝိ/ အောက်ဝင်ငွေရှိသော အလုပ်သမားအားလုံး
ခံစားခွင့်ရှိသည်။ အထွေထွေအလုပ်သမားများအတွက်မူ လစဉ်ဝင်ငွေဘယ်လောက်ပင်ဖြစ်စေ
အကြုံးဝင်သည်။အလုပ်ရှင်နှင့် စာချူပ်ချူပ်၍ လုပ်ကိုင်နေသော
အလုပ်သမားများ လည်း အကြုံး ဝင်သည်။

မေး။ ။ လုပ်ငန်းသဘောတူ စာချူပ်ဆိုသည်မှာ ဘယ်အရာကိုခေါ်သနည်း။

ဖြေ။ ။ လုပ်ငန်းသဘောတူ စာချူပ်ဆိုသည်မှာ လူတဦးသည် တခြားလူ တဦးထံ၌
အလုပ်သမားအဖြစ် အလုပ်လုပ်ကိုင်ခြင်းကိုဆိုလိုပါသည်။ လုပ်ငန်းသဘောတူ
စာချူပ်တွင် နှုတ်အားဖြင့်၎င်း စာအားဖြင့်၎င်း (၂)မျိုးရှိနိုင်ပါသည်။
အလုပ်သမားအနေဖြင့် လုပ်ငန်းသဘောတူစာချူပ် မိတ္တူတစ်စောင်ကို သိမ်းစည်းထား
ခွင့်ရှိသည်။

မေး။ ။ မလေးရှားအလုပ်သမားဥပဒေ ၁၉၅၅ သည် ရွှေ့ပြောင်းအလုပ်သမားများအတွက်
အကြုံးဝင်ပါသလား။

ဖြေ။ ။ ဟုတ်ကဲ့။ ရွှေ့ပြောင်းအလုပ်သမားများလည်း အကြုံးဝင်ပါသည်။

မေး။ ။ မလေးရှားအလုပ်သမားဥပဒေ ၁၉၅၅တွင် မည်သို့သော အခွင့်အရေးများကို
တွေ့နိုင်ပါသနည်။

ဖြေ။ ။ အလုပ်သမားတို့၏ ရပိုင်ခွင့်အားလုံးပါဝင်ပါသည်။ ဆိုလိုသည်မှာ ပုံ
မှန်အလုပ်ချိန်သတ်မှတ်ချက်၊အချိန်ပိုအလုပ်နှင့်
လုပ်အားခပေးချေမှု၊ လုပ်သက်ခွင့်၊ အများပြည်သူအားလပ်ရက်ခွင့်၊ ကျန်းမာရေးခွင့်၊
လစာငွေစသည်တို့ဖြစ်ကြပါသည်။ ထို့အပြင် အလုပ်ရှင်အနေဖြင့် အလုပ်သမားထံမှ
လစာငွေဖြတ်တောက်ခြင်းကို ဥပဒေဘောင်အတွင်း မှသာ
ဖြတ်တောက်ခွင့်ရှိသည်။ အမျိုးသမီးများအနေဖြင့် မီးဖွားခွင့်ကို
ခံစားခွင့်ရှိသည်။

မေး။ ။ အကယ်၍ အလုပ်သမားတဦးသည် အလုပ်ရှင်နှင့် စာချူပ်ချူပ်ဆို၍
လုပ်ကိုင်ခဲ့သော် ၄င်းအနေဖြင့် ၁၉၅၅ အလုပ်သမားဥပဒေနှင့်အကြုံး ဝင်ပါသလား။

ဖြေ။ ။ ဟုတ်ကဲ့ အကြုံးဝင်ပါသည်။စာချူပ်တွင်မည်သို့သော အခွင့်အရေး များ
ပါဝင်သည်ကို သေချာစွာ ကြည့်ရူပါ။ အလုပ်သမားဥပဒေသည် ကောင်းမွန်သော်လည်း
ထိုအခွင့်အရေးများ သင်၏စာချုပ်တွင် ပါ ဝင်ခြင်းရှိမရှိ
စစ်ဆေးပါ။ မပါရှိခဲ့သော် ဖြည့်စွက်ရေးသားရန် တောင်း ဆိုပိုင်ခွင့်ရှိသည်။

မေး။ ။ ပုံမှန်အလုပ်ချိန်ဆိုသည်မှာ ဘာကိုဆိုလိုပါသနည်း။

ဖြေ။ ။ အလုပ်ရှင်နှင့်အလုပ်သမား လုပ်ငန်းသဘောတူ စာချူပ်ချူပ်ဆိုစဉ်
သဘောတူညီထားသော သာမန်အလုပ်ချိန်ကိုခေါ်ဆိုပါသည်။
ပုံမှန်အလုပ်ချိန်တွင်

၁။ တနေ့လျှင် ၈ နာရီ သတ်မှတ်ပြီး နားရက်ပါဝင်ပါသည်။

၂။ ၅ နာရီဆက်တိုက် အလုပ်လုပ်ခဲ့ရသော် မိနစ် ၃ဝ ထက် မနည်းသော
နားချိန်ကိုရရှိရမည်။

၃။ တပတ်တွင် ၄၈ နာရီ ပုံမှန်အလုပ်ချိန်ရှိသည်။ အပြန်အလှန်ချူပ်ဆိုထားသော
စာချူပ်တွင် တနေ့အလုပ်ချိန် ၉ နာရီ ချူပ် ဆိုနိုင်သော်လည်း တပတ်တွင် ၄၈
နာရီထက် မပိုရပါ။

မေး။ ။ အချိန်ပိုအလုပ်ချိန်ဆိုသည်မှာ ဘာကိုခေါ်ပါသနည်း။

ဖြေ။ ။ အချိန်ပိုအလုပ်ချိန်ဆိုသည်မှာ ပုံမှန်အချိန် ၈ နရီထက်ကျော်လွန်၍
လုပ်ရသော အလုပ်ချိန်ကို

ဆိုလိုသည်။

မေး။ ။ အချိန်ပိုအလုပ်ချိန်အတွက် လုပ်အားခ မည်မျှရနိုင်ပါသနည်း။

ဖြေ။ ။ အချိန်ပိုလုပ်အားခသည် အောက်ဖေါ်ပြပါအတိုင်း ရရှိရမည်း။

၁။ သာမာန်အလုပ်ရက်အတွက် အချိန်ပို ၁ နာရီ လုပ်အားခ သည် သာမာန်အလုပ်ချိန် ၁
နာရီ လုပ်အားခ၏ တဆခွဲ။

၂။ နားရက်တွင် အလုပ်လုပ်ခဲ့ရသော် သာမာန်အလုပ်ချိန် ၁ နာရီ လုပ်အားခ၏ နှစ်ဆ။

၃။ အများပြည်သူ အားလပ်ရက်တွင် အလုပ်လုပ်ခဲ့ရသော် သာ မာန်အလုပ်ချိန် ၁ နာရီ
လုပ်အားခ၏ သုံးဆ ရရှိရမည်။

မေး။ ။ အလုပ်သမားအနေဖြင့် တစ်လတွင် အချိန်ပို အလုပ်ချိန်နာရီမည်မျှ

လုပ်ကိုင်နိုင်သည်ဟုအလုပ်သမားဥပဒေတွင် ကန့်သတ်ထားမှုရှိပါသလား။

ဖြေ။ ။ အလုပ်သမားတဦးအနေဖြင့် တစ်လလျှင် အချိန်ပို ၁ဝ၄ နရီထက်ကျော်လွန်၍
လုပ်ကိုင်ရန် မလိုပါ။

မေး။ ။ လုပ်ငန်းသဘောတူစာချူပ်တွင် လုပ်အားခပေရမည့်အချိန်ကို အသေးစိတ် ဖော်ပြ၍
လိုက်နာ ရန်အချက်အဖြစ် သတ်မှတ်ထားပါသလား။

ဖြေ။ ။ လုပ်ငန်းသဘောတူစာချူပ်တွင် လုပ်အားခ ပေးရမည့်အချိန်နှင့် ပက်သက်၍
အသေးစိတ်ဖော် ပြရမည်။ တစ်လထက်ပို၍ ဖော်ပြခွင့်မရှိ

စေရ။ အကယ်၍မည်သည့်သတ်မှတ်ချက်မှ ဖော်ပြမ ထားခဲ့သော်လုပ်အားခ ပေးရမည့်
အချိန်သတ်မှတ်ချက်ကို တစ်လဟုသတ်မှတ်နိုင်သည်။

မေး။ ။ အလုပ်ရှင်နေဖြင့် လုပ်အားခကို မည်သည့်အချိန်တွင်ပေးရမည်နည်း။

ဖြေ။ ။ လုပ်အားခ ( ဥပဒေနှင့်အညီဖြတ်တောက်ပြီး) ကို လုပ်အားခပေးရမည့်
အချိန်ကျော်လွန်ပြီးနောက် (၇) ရက်ထက် မကျော်လွန်ပဲပေးဆောင်ရမည်။ အကယ်၍
အကြောင်းတဆုံတရာကြောင့် နောက်ကျ၍ ပေးဆောင်ရန်ဖြစ်ပေါ်ခဲ့သော်
လုပ်ငန်းရှင်အနေဖြင့် အလုပ်သမားဌာနညွှန်ကြားရေး မှုးချူပ်ထံသို့တင်ပြပြီး
လျှောက်ထားနိုင်သည်။

မေး။ ။ ဥပဒေနှင့်အညီ လစာငွေဖြတ်တောက်ခြင်းဆိုသည်မှာ ဘာကိုဆိုလိုပါသနည်း။

ဖြေ။ ။ ၄င်းတို့မှာ ဥပဒေအရခွင့်ပြုထားသော အလုပ်သမားဖူလုံးရေးရန်ပုံ

ငွေနှင့် အသက်အာမခံကြေး ပေးဆောင်ရန်အတွက် ဖြတ်တောက်

ခြင်းကို ဆိုလိုပါသည်။ အလုပ်သမားဥပဒေတွင် လွန်ခဲ့သော ၃ လ

က အကြောင်းတစုံတရာကြောင့် အလုပ်ရှင်ထံမှချေးယူထား သော

ငွေအား ဖြတ်တောက် ခွင့်ပြုထားပါသည်။ သို့သော်လည်းတစ်လ

စာလုပ် အားခထက်ပိုသော ငွေကြေး ဖြတ်တောက်ခြင်းကို ခွင့်မပြုပါ။

မေး။ ။ ဥပဒေအရ ခွင့်ပြုထားသော အများဆုံးလစာငွေဖြတ်တောက်ခြင်း

မှာဘယ်လောက်ရှိပါသနည်း။

ဖြေ။ ။ လစာငွေဖြတ်တောက်မည့်ကာလတွင် အလုပ်သမားရရှိခဲ့သော လုပ်

အားခ၏ တဝက်ကိုသာ ဖြတ်တောက်ခွင့်ရှိသည်။ ထိုကြောင့် အလုပ်

သမားအနေဖြင့် လစာငွေ၏တဝက်ကို ရရှိရမည်။

မေး။ ။ လုပ်ငန်းသဘောတူစာချူပ် ပုံမှန်ပြီးဆုံးခဲ့သော် မည်သည့်အချိန်တွင်

အလုပ်သမားအနေဖြင့် လစာငွေရရှိရမည်နည်း။

ဖြေ။ ။ လုပ်ငန်းသဘောတူစာချူပ် ပုံမှန် ပြီဆုံးရန် တစ်ရက်အလိုတွင်အလုပ်

သမားအနေဖြင့် သူ၏လစာငွေကို ရရှိရမည်။

မေး။ ။ ဥပဒေအရ အမျိုးသမီးများ မလုပ်ကိုင်ရန်တားမြစ်ထားသော အလုပ်

များ ရှိပါသလား။

ဖြေ။ ။ ဥပဒေအရ အမျိုးသမီးများ မလုပ်ကိုင်ရန်တားမြစ်ထားသော အလုပ်

အကိုင်များမှာ မြေအောက် တွင်လုပ်ကိုင်ရသော လုပ်ငန်းများကို

အထူးတားမြစ်ထားသည်။ စက်မှုလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများ

တွင်မှု ည ၁ဝ နာရီမှ ၅ နာရီအတွင်း လုပ်ရသော လုပ်ငန်းများအ

တွက် အလုပ်သမား ဌာနညွှန့်ကြားရေးမှူးချူပ်၏ ခွင့်ပြုမိန့် ရရှိမှ

သာ လုပ်ကိုင်နိုင်မည်။

မေး။ ။ ဥပဒေအရ အားလပ်ရက် မည်မျှခံစားခွင့်ရှိသနည်း။

ဖြေ။ ။ အလုပ်သမားအနေဖြင့် တစ်ပတ်တွင်တစ်ရက် အားလပ်ရက် ခံစား

ခွင့်ရှိသည်။

မေး။ ။ အလုပ်ရှင်သည် လုပ်ငန်းလိုအပ်ချက်ကြောင့် အလုပ်သမားကို အား

လပ်ရက်တွင် အလုပ်လုပ်ကိုင်ရန်ခွင့်ပြုပါသလား။

ဖြေ။ ။ အောက်ဖော်ပြပါအချက်များနှင့်ကိုက်ညီမှသာ အလုပ်ရှင်သည် အ

လုပ်သမားကို အားလပ်ရက်တွင် အလုပ်ခိုင်းစေနိုင်ပါသည်။ ဥပမာ

(၁) လူမှုအဖွဲ့ အစည်း၏ဘဝအတွက် မရှိမဖြစ်လိုအပ်သော်

(၂) နိုင်ငံ၏လုံခြုံရေးနှင့် ကာကွယ်ရေးအတွက် မရှိမဖြစ်လို

အပ်သော်

(၃) သစ်ပင်ပန်းမန်နှင့် စက်ပစ္စည်းများအတွက်လက်ငင်းလို

အပ်ချက်

(၄) ကြိုတင်ခန့် မှန်း၍မရနိုင်သော လုပ်ငန်းအနှောက်အ

ယှက်များကြောင့် အလုပ်လိုအပ်ခဲ့သော် တို့ ဖြစ်ကြသည်။

အထက်ပါအချက်များအားလုံးသည် မလေးရှားနိုင်ငံ၏ စီးပွားရေးအတွက်

မလုပ်မဖြစ်လိုမှသာ လုပ်ကိုင်နိုင်သည်။ ထို့ အပြင် ၄င်းလိုအပ်ချက်များနှင့်

ပတ်သက်၍စက်မှုလုပ်ငန်းများဆိုင်ရာ နည်းဥပဒေ ၁၉၆၇ တွင်အသေးစိတ်

ဖော်ပြထားသည်။

မေး။ ။ အားလပ်ရက်တွင် အလုပ်လုပ်ကိုင်ရသော် လစာငွေမည်သို့ ခံစား

နိုင်ပါသနည်း။

ဖြေ။ ။ အားလပ်ရက်တွင် အလုပ်လိုအပ်ချက်ကြောင့် အလုပ်လုပ်ကိုင်ရ

သော် သာမန်တစ်ရက်လုပ်အားခကို အပိုဆောင်းငွေအဖြစ် ထပ်

ဆောင်းခံစားခွင့်ရှိသည်။

မေး။ ။ အလုပ်သမားသည် တနှစ်တွင် အများပြည်သူအားလပ်ရက် မည်မျှ

ခံစားခွင့်ရှိသနည်း။

ဖြေ။ ။ အလုပ်သမားအနေဖြင့် တနှစ်တွင် ၁ဝရက်ထက်မနည်းသော အများ

ပြည်သူ အားလပ်ရက် ခံစားခွင့်ရှိသည်။

မေး။ ။ အများပြည်သူအားလပ်ရက်တွင် အလုပ်လုပ်ကိုင်ရသော် လစာငွေ

မည်သို့ ခံစားနိုင်ပါသနည်း။

ဖြေ။ ။ အများပြည်သူအားလပ်ရက်တွင် အလုပ်လုပ်ကိုင်ရသော် လုပ်အားခ

အနေဖြင့် သာမန်တစ်ရက်လုပ်အားခအပြင် ထိုလုပ်အားခ၏ ၂ဆ

ကိုပါတစ်ပါတည်းခံစားခွင့်ရှိသည်။

မေး။ ။ အလုပ်သမားတွင်လစာနှင့် လုပ်သက်ခွင့် မည်မျှခံစားနိုင်ပါသနည်း။

ဖြေ။ ။ လုပ်ငန်းတွင်

၂နှစ်အောက်လုပ်ခဲ့သော် တစ်နှစ်လျှင် (၈) ရက်၊

၂နှစ်မှ ၅နှစ်အတွင်းလုပ်ခဲ့သော် တစ်နှစ်လျှင် (၁၂) ရက်၊

၅နှစ်နှင့်အထက် လုပ်ခဲ့သော် တစ်နှစ်လျှင် (၁၆)ရက် ခံစားခွင့်ရှိသည်။

လုပ်သက်ခွင့်တွင် ကျန်းမာရေးကြောင့်ယူခဲ့သော ရှောင်တစ်ခွင်ခွင့်နှင့် သား

ဖွားခွင့်ရက်များအကြုံးမဝင်ပါ။

မေး။ ။ တနှစ်တွင်လစာနှင့် နာမကျန်းခွင့် မည်မျှခံစားနိုင်ပါသနည်း။

ဖြေ။ ။ လစာနှင့်နာမကျန်းခွင့်ကို ပြက္ခဒိန်နှစ်အလိုက် အောက်ဖော်ပြပါအ

တိုင်း ခံစားခွင့်ရှိသည်။ လုပ်ငန်းတွင်

၂ နှစ်အောက်လုပ်ခဲ့သော် ၁၄ရက်

၂ နှစ်နှင့်၅နှစ်အကြားလုပ်ခဲ့သော် ၁၈ရက်

၅ နှစ်နှင့်အထက်လုပ်ခဲ့သော် ၂၂ရက်

လိုက်အပ်ချက်ကြောင့် ဆေးရုံတက်၍ကုသရသော် ၆ဝရက် ခံစားခွင့်ရှိသည်။

မေး။ ။ ကျန်းမာရေးခွင့်လစာနှင့်ပတ်သက်၍ အလုပ်သမားအနေဖြင့်ခံစားခွင့်

မရှိခဲ့သော် မည်သိုမည်ပုံ ခံစားခွင့်ရှိသည်ကို အသေးစိတ်ဖော်ပြပါသ

လား။

ဖြေ။ ။ အလုပ်သမားအနေဖြင့် ကျန်းမာရေးခွင့်နှင့် သားဖွားခွင့် လစာများကို

အလုပ်သမားနစ်နာကြေးဌာနမှ ပေးသော နစ်နာကြေးငွေကိုသက်ဆိုင်

ရာ ကာလအပိုင်းအခြားထိ ခံစားခွင့်ရှိသည်။

မေး။ ။ အလုပ်သမားအနေဖြင့် မလိုက်နာသောကြောင့် လုပ်ငန်းသဘောတူ

စာချုပ်ပျက်ပြယ်ခြင်းနှင့် ပတ်သက်၍အသေးစိတ်မည်သို့ ဖော်ပြပါသ

နည်း။ဖြေ။ ။ အလုပ်သမားအနေဖြင့်မလိုက်နာသောကြောင့် လုပ်ငန်းသဘောတူစာ

ချုပ်ပျက်ပြယ်နိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် အလုပ်သမားအ

နေဖြင့် သာမန်အလုပ်လုပ်ရက်တွင် ၂ရက်ဆက်တိုက် ခွင့်မဲ့ပျက်ခဲ့ခြင်း

ကြောင့်ဖြစ်သည်။ သို့ သော် အလုပ်သမားအနေဖြင့် ပျက်ကွက်ခဲ့သော

ခွင့်ရက်အတွင်း အလုပ်ရှင်ထံ အကျိုးသင့်အကြောင်းသင့် ရှင်းပြနိုင်

သော အခွင့်အရေးရှိသည်။

မေး။ ။ လုပ်ငန်းရှင်ဖက်မှ မလိုက်နာသောကြောင့် လုပ်ငန်းသဘောတူစာချုပ်

ပျက်ပြယ်ခြင်းနှင့် ပတ်သက်၍အသေးစိတ်မည်သို့ ဖော်ပြပါသနည်း။

ဖြေ။ ။ လုပ်ငန်းရှင်အနေဖြင့် လုပ်ခလစာငွေအား လုပ်အားခပေးရမည့် အချိန်

၏ ၇ ရက်အတွင်း ပေးဆောင်ရန်ပျက်ကွက်ခဲ့သော် လုပ်ငန်းသဘော

တူစာချုပ် ပျက်ပြယ်ပါသည်။

မေး။ ။ ရွေ့ ပြောင်းအလုပ်သမားများ(နိုင်ငံခြားသား)အလုပ်ခန့် ရန်အတွက်

ပြည်တွင်းမှ နိုင်ငံသားအလုပ်သမားများနှင့် ချုပ်ဆိုထားသော လုပ်ငန်း

သဘောတူစာချုပ်ကို ရပ်ဆဲနိုင်ပါသလား။

ဖြေ။ ။ မရပါ။ ရွေ့ ပြောင်းအလုပ်သမားများ(နိုင်ငံခြားသား)ခေါ်ယူသုံးစွဲရန်

အတွက်ပြည်တွင်းမှ နိုင်ငံသားအလုပ်သမားများနှင့် ချုပ်ဆိုထားသော

လုပ်ငန်းသဘောတူစာချုပ်ကို ရပ်ဆဲ၍မရပါ။( ပုဒ်ခွဲ ၆ဝ) တွင်

မေး။ ။ ရွေ့ ပြောင်းအလုပ်သမားများနှင့် ပြည်တွင်းမှ နိုင်ငံသားအလုပ်သမား

များကို လုပ်ငန်းရှင်အနေဖြင့် ခွဲခြားဆက်ဆံနိုင်ပါသလား။

ဖြေ။ ။ မရပါ။ လုပ်ငန်းရှင်အနေဖြင့် မပြုလုပ်ရပါ။ ဥပဒေတွင် လုပ်ငန်းရှင်

ကြောင့် ပြည်တွင်းမှ နိုင်ငံသားအလုပ်သမားများအနေနှင့် ရွေ့ ပြောင်း

အလုပ်သမားများကို မဖွယ်မရာ ဆက်ဆံခဲ့သော်၎င်း၊ ရွေ့ ပြောင်းအ

လုပ်သမားများအနေဖြင့် ပြည်တွင်းမှ နိုင်ငံသားအလုပ်သမားများကို

မဖွယ်မရာ ဆက်ဆံခြင်းများဖြစ်ပေါ်ခဲ့သော်၊ အသင်းအဖွဲ့ တို၏သ

ဘောတူညီမှု စည်းကမ်းများကို အလေးထားပြီး အလုပ်သမားရုံးတွင်
သွားရောက်တိုင်ကြားနိုင်သည်။

မေး။ ။ အလုပ်သမားလျှော့ချရန် အခြေအနေဖြစ်ပေါ်လာပါက မည်သူ့ ကို

အရင် အလုပ်မှရပ်ဆိုင်းမည်နည်း။

ဖြေ။ ။ သာမန်အားဖြင့်ဆိုသော် နောက်ဆုံးမှရောက်ရှိလာသော အလုပ်သမား

ကို စတင်ရပ်ဆိုင်ရမည်။ သို့ သော်ငြားလည်း ရွေ့ ပြောင်းအလုပ်သမား

များအတွက်မူ ၄င်းတို့ အနေဖြင့် အရင်ဆုံး ရပ်ဆဲခံရမည်။ အလုပ်သ

မားဥပဒေ အပိုဒ်ခွဲ (၆)တွင် လုပ်ငန်းရှင်အနေဖြင့် လုပ်ငန်းကျ

ဆင်းသောကြောင့် အလုပ်သမားလျှော့ချရန် လိုအပ်လာပါက ပြည်တွင်း

အလုပ်သမားကို အရင်လျှော့ချပိုင်ခွင့်မရှိစေရ။ ထိုလုပ်ငန်းတွင် လုပ်

ကိုင်နေသော ရွေ့ ပြောင်းအလုပ်သမားများကို အရင်ဆုံးလျှော့ချရမည်။

ထို့ နောက် ၄င်းအရေအတွက်နှင့်ညီမျှသော ပြည်တွင်းအလုပ်သမားကို

လျှော့ချရမည်ဟု အတိအလင်းဖော်ပြထားသည်။

မေး။ ။ အလုပ်မှရပ်ဆဲခံရသော်၎င်း၊ အလုပ်ဖြုတ်ခံရသော်၎င်း၊ ဥပဒေအရ

မည်သည့်အကာအကွယ်များကို ရရှိနိုင်ပါသနည်း။

ဖြေ။ ။ အလုပ်လုပ်ကိုင်ခွင့်နှင့်ဆက်ဆိုင်သော ၁၉၈ဝ ခုနှစ် ဥပဒေတွင် ယင်း

အချက်များကို အသေးစိတ်ရေးသားထားသည်။
ဘာသာပြန်သူ- ကိုထွန်းထွန်း (ယခုစာစောင်တွင်ပါရှိသော
အခြေခံဥပဒေများအားလုံးသည် အလုပ်လုပ်ပိုင်ခွင့်ဥပဒေ ၁၉၅၅ မှဖော်ပြချက်များကို
အခြေခံ၍အများနားလည်စေ ရန် အတတ်နိုင်ဆုံး ဘာသာပြန်ထားပါသည်။

*သင့်ဒါကိုဖတ်ပြီးမှ သင့်ရဲ့အလုပ်ရှင်အား ဒီဥပဒေအတိုင်း ခံစားခွင့်ရနိုင်မှ
အလုပ်ရှင်နဲ့ လက်မှတ်ရေးထိုးပါ စာရွက်စားတမ်းတွေ မပျောက်မပျက်အောင်ဆည်းထားပါ
သင့်ရဲ့အလုပ်သမားပြဿနာ ကူညီဆောင်ရွက်နိုင်မှာ*

*အလုပ်သမားပြဿနာရှိခဲ့ပါက*

*(ဖုန်းနံပါတ် -012 688 4377 သူရိယဂျာနယ် ဆက်သွယ်မေးမြန်နိုင်ပါသည်)*


6P အစီအစဉ် ဖမ်းဆီးအရေးယူမှု အစိုးရ၀န်ထမ်း ၄ သန်း အသုံးပြုမည်
<http://www.thuriyanews.com/2011/11/05/6p-%e1%80%a1%e1%80%85%e1%80%ae%e1%80%a1%e1%80%85%e1%80%a5%e1%80%b9-%e1%80%96%e1%80%99%e1%80%b9%e1%80%b8%e1%80%86%e1%80%ae%e1%80%b8%e1%80%a1%e1%80%b1%e1%80%9b%e1%80%b8%e1%80%9a%e1%80%b0%e1%80%99/#respond>

KHT/ PUTRAJAYA-6Pအစီအစဉ်ဖြင့် မှတ်ပုံတင်ရန် ပျက်ကွက်ခဲ့သည့် တရားမ၀င်
နိုင်ငံခြား အလုပ်သမားများနှင့် ရှောင်ပြေးခဲ့သည့် အလုပ်ရှင်များကို
အရေးယူဆောင်ရွက်ရန်အတွက် အရာရှိ ၄ သန်းကျော်ကို နိုင်ငံတ၀န်းတွင်
ချမှတ်သွားမည်ဖြစ်သည်။

လူဝင်မှုကြီးကြပ်ရေး (လ၀က)က နယ်စပ်၊ မြို့နှင့် ပင်လယ်များတွင်
ယင်းအရေးယူဆောင်ရွက်မှုများ ဦးဆောင် လုပ်ဆောင်ရန် တာဝန်ယူထားပြီးဖြစ်သည်ဟု
ပြည်ထဲရေး ၀န်ကြီးဌာန အထွေထွေ အတွင်းရေးမှူး Tan Sri Mahmood Adam က ပြောသည်။

“အရေးယူဆောင်ရွက်မဲ့ အဖွဲ့ကို ရဲလာ ၃၀၀၀၊ ရဲအရာရှိ ၁၂၅၀၀၀နဲ့ စစ်တပ် အင်အား
၁၁၀၀၀၀ အသုံးပြုသွားပါမယ်” ဟု ထုတ်ပြန်ချက်တွင် သူက ဆိုသည်။

ယင်းလုပ်ဆောင်မှုကို ပြည်တွင်း သုံးစွဲသူနှင့် ကုန်သွယ်ရေး ၀န်ကြီးဌာန၊
ဒေသဆိုင်ရာနှင့် အိုးအိမ် ၀န်ကြီးဌာန၊ တော်ဝင်
<http://www.thuriyanews.com/wp-content/uploads/2011/11/c3.jpg>

မလေးရှား အခွန်ဌာနနှင့် မလေးရှားနိုင်ငံသား ကာကွယ်ရေး ဌာနတို့က ထောက်ခံခဲ့သည်။

၁၉၅၉/၁၉၆၃ လ၀က ဥပဒေ၊ နိုင်ငံကူးလတ်မှတ် ဥပဒေ ၁၉၆၆ စသည့်တို့ အောက်တွင်
လုပ်ဆောင်ပိုင်ခွင့်ရှိသူများသာလျှင် လုပ်ဆောင်ခွင့်ပေးသွားမည်ဖြစ်ပြီး
ကျန်သည့် အဖွဲ့များက လ၀ကနှင့် ပူးပေါင်းဆောင်ရွက်သွားရန်လိုသည်ဟုလည်း Mahmood
ကပြောသည်။

“အရေးယူဆောင်ရွက်မှုအားလုံးအတွက် ဗျူဟာတွေကို ပြင်ဆင်ဖို့ လ၀က က
တာဝန်ရှိဆုံးပါ၊ ပြည်နယ်အဆင့်တွေနဲ့လည်း လက်တွဲဆောင်ရွက်ဖို့လိုပါတယ်၊
အရေးယူဆောင်ရွက်တဲ့ စာရင်းတွေကို ပြည်ထဲရေး ၀န်ကြီး 6P အစီအစဉ် ကြီးကြပ်ရေး
ကော်မတီကို နေ့စဉ် အစီရင်ခံစာတွေ တင်သွင်းရပါမယ်” ဟု သူက ပြောသည်။

အရေးယူဆောင်ရွက်မည့် အဖွဲ့များ၏ ပထမဆုံး အစည်းအဝေးတွင် ယင်းသို့
ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု Mahmood ကပြောသည်။

“အစည်းအဝေးက အရေးယူဆောင်ရွက်တာကို အစိုးရက စတင်လုပ်ဆောင်ဖို့ဘယ်လို
ချဉ်းကပ်မလဲ၊ ဘယ်လိုနည်းလမ်တွေ သုံးသုံးမလဲ ဆိုတာ ဆွေးနွေးခဲ့တယ်” ဟု သူက
ပြောသည်။

ပြည်ထဲရေးရဲ့ အရေးယူဆောင်ရွက်ခြင်း လုပ်ထုံးလုပ်နည်းများ အပေါ် အခြေခံ၍
မှတ်ပုံမတင်ခဲ့သော တရားမ၀င် နိုင်ငံခြား အလုပ်သမားများနှင့် ရှောင်ပြေးခဲ့သည့်
အလုပ်ရှင်များ တရားစွဲဆိုခြင်းကို ရှောင်ရှားရန်အတွက် ၎င်းတို့ ကိုယ်တိုင်
နိုင်ငံတ၀န်း ရှိ လ၀က ရုံးများတွင် လာရောက်ဝန်ခံရန် အချိန်တခု
ပေးခဲ့ပြီးဖြစ်သည်ဟုလည်း ဆိုသည်။

“တချိန်တည်း အလုပ်ရှင်တွေကလည်း အလုပ်သမားတွေကို မူရင်းတိုင်းပြည်ကို
ပြည်ပို့ဖို့ ဥပဒေနဲ့ ကန့်သတ်ထားပါတယ်၊ ကုန်ကျစရိတ်အားလုံးကို သူတို့
ပေးရမှာပါ” ဟု Mahmoodက ပြောသည်။

နောက်ဆုံး သတ်မှတ်ရက်ကို မကြာမီ ကြေညာရန်မည်ဖြစ်ကြောင်းလည်း သိရသည်။

တနလာင်္နေ့တွင် 6P အစိအစဉ်၏ ဒုတိယ အဆင့်ဖြစ်သည့် တရားဝင်လုပ်ဆောင်ခြင်း အဆင့်ကို
စတင်မည်ဖြစ်သည်။

ဇူလိုင် ၁၃ မှ သြဂုတ် ၃၁ ထိ တရားမ၀င်နှင့် တရားဝင်နိုင်ငံခြားသား စုစုပေါင်း
၂၃၂၀၀၃၄ ဦး မှတ်ပုံတင်ခဲ့ကြောင်း သိရသည်။

ခြံလုပ်ငန်း၊ ဆောက်လုပ်ရေး၊ ထုတ်လုပ်ရေး၊ လယ်ယာနှင့် ၀န်ဆောင်မှု စသည့် ကဏ္ဍ ၅
ခုတွင် အလုပ်သမားများကို ထားသွားမည် ဖြစ်သည်ဟု လက်ထောက် ၀န်ကြီးချုပ် Tan Sri
Muhyiddin Yassin က ပြောကြားခဲ့သည်။

6P အစီအစဉ်တွင် မှတ်ပုံတင်ခြင်း၊ တရားဝင်အဖြစ် လုပ်ဆောင်ခြင်း၊
လွတ်ငြိမ်းချမ်းသာခွင့် စီစဉ်ခြင်း၊ စစ်ဆေးမှုများ ပြုလုပ်ခြင်း၊ အရေးယူခြင်း
နှင့် နယ်နှင်ဒဏ်ပေးခြင်း စသည့်အဆင့် ၆ ဆင့် ပါဝင်မည်ဖြစ်သည်။ သူရိယသတင်းဂျာနယ်

မြန်မာဆရာဝန်များ မလေးရှား တက္ကသိုလ်တက်ရောက်နိုင်

<http://popularmyanmar.com/mpaper/archives/category/features-pollitics>

မလေးရှားနိုင်ငံရှိ UCSI University တွင် မြန်မာနိုင်ငံမှ ဆရာဝန်ဘွဲ့
ရရှိထားသူများအနေ ဖြင့် တက်ရောက်သင်ကြားနိုင်ပြီဖြစ် ကြောင်း Synergy
Education မှ သိရသည်။ အဆိုပါ မာစတာဘွဲ့ သည် Anti-ageing, Aesthetics နှင့်
Regenerative Medicine ဘာသာရပ်သုံးမျိုးကို ပူးပေါင်းထား

ခြင်း ဖြစ်ပြီး ၂ နှစ်ကြာ တက်ရောက် ရမည်ဟု သိရသည်။”နိုင်ငံခြားသား
အများစုအနေနဲ့ ခရီးသွားရင်း အလှအပဆိုင်ရာ ခွဲစိတ်ပြုပြင်တာမျိုးတွေကို မလေး
ရှားမှာ ပြုလုပ်တာ ပိုများ လာတဲ့ အတွက် ဒီ Anti-ageing ဆေး ပညာဘာသာရပ်က
နောက်ပိုင်းမှာ အလုပ်အကိုင်အခွင့်အလမ်း အလား အလာ ပိုကောင်းလာပါတယ်” ဟုSynergy
Education မှ ဒေါ်နန်း မြမာလာမောင်က ပြောသည်။လျှောက်ထားလိုသူများသည်
ဆရာဝန်လိုင်စင်ရှိထားရမည်ဖြစ်ပြီး အင်္ဂလိပ်စာ IELTS(6.0) သို့မဟုတ် TOEFL 550
ရှိထားသူများ ယခုနှစ် ဇန်နဝါရီ ဖွင့်လှစ်မည့် Intake တွင်
တက်ရောက်နိုင်ကြောင်း သိရသည်။
*မင်းသုအောင်*

နိုင်ငံ ၄၁ နိုင်ငံတွင် အလုပ်လုပ်ခြင်းကို ဖိလစ်ပိုင်ပိတ်ပင်
(အေအက်ဖ်ပီ)
ဇာဇာစိုး ဘာသာပြန်သည်။
အတွဲ ၂၈ ၊ အမှတ် ၅၄၃ ( ၁၁ - ၁၇ ၊ ၁၁ ၊ ၂၀၁၁)

ပြည်ပထွက်ခွာမည့် ဖိလစ်ပိုင် အလုပ်သမားများကို တွေ့ရစဉ်။

မနီလာ - နိုင်ငံခြားသားအလုပ်သမားများအား နှိပ်စက်ညှဉ်းပန်းမှုများမှ အကာ
အကွယ်ပေးမှု မရှိဟုဆိုသော နိုင်ငံ ၄၁ နိုင်ငံသို့ ဖိလစ်ပိုင် နိုင်ငံသားများ
သွားရောက်အလုပ်လုပ်ကိုင်ခြင်းကို တားမြစ်လိုက် သည်ဟု ဖိလစ်ပိုင်အစိုးရက
ပြီးခဲ့သည့်သီတင်းပတ်၌ ပြောကြားသည်။

အဆိုပါနိုင်ငံ ၄၁ နိုင်ငံမှာ နိုင်ငံခြားသား အလုပ်သမားများအား ကာကွယ်မှုပေးသော
နိုင်ငံတကာ သဘောတူညီချက်များကို သဘောတူ လက်မှတ်ရေးထိုးထားခြင်းမရှိသည့်
နိုင်ငံများဖြစ်ကြောင်း အလုပ် သမားဝန်ကြီးဌာနက ၎င်း၏ ၀က်ဘ်ဆိုက်ပေါ်တွင်
ဖော်ပြထားသည်။

"ဖိလစ်ပိုင်လုပ်သားများ၏ အခွင့်အရေးများကို ကာကွယ်ပေးမှုနှင့် ပတ်သက်၍"လည်း
၎င်းနိုင်ငံများမှာ ဖိလစ် ပိုင်အစိုးရနှင့် သဘောတူ လက်မှတ် ရေးထိုးထားခြင်း
မရှိကြောင်းနှင့် ၎င်းနိုင်ငံများကိုယ်၌ကပင် နိုင်ငံခြားသား လုပ်သားများကို
အကာအကွယ်ပေးသည့် ၎င်းတို့၏ ကိုယ်ပိုင်ဥပဒေများလည်း မရှိကြောင်း ၎င်းဝက်ဘ်ဆိုက်တွင်
ဖော်ပြ ထားသည်။

အဆိုပါနိုင်ငံစာရင်းတွင် အာဖဂန် နစ္စတန်၊ လစ်ဗျား၊ အီရတ်၊ ဆူဒန်၊ ချက်နှင့်
ပါကစ္စတန်နိုင်ငံများကဲ့သို့ ပဋိပက္ခ ဖြစ်ပွားနေသော နိုင်ငံများ ပါဝင်သည်။

အစိုးရ ပြည်ပအလုပ်အကိုင်ဌာနမှူး ကားလို့စ် ကာအိုက ၎င်းနိုင်ငံ ၄၁ နိုင်ငံတွင်
ဖိလစ်ပိုင်အလုပ်သမားအရေ အတွက် အများကြီးမရှိသော ကြောင့် အစိုးရ၏
တားမြစ်ချက်မှာ အကျိုးသက် ရောက်မှု သိပ်မရှိနိုင်ကြောင်း ပြောကြားသည်။

"နိုင်ငံ အသေးလေးတွေဖြစ်တာကြောင့် သူတို့ဈေးကွက်ကလည်း သေးပါတယ်။
မကောင်းတဲ့အကျိုး သက်ရောက်မှု များများစားစား မရှိနိုင်ပါဘူး"ဟု ၎င်းက
အေအက်ဖ်ပီသို့ ပြောသည်။

ထို့ပြင် ၎င်းတားမြစ်ချက်မှာ ယင်းနိုင်ငံ များအတွင်း လက်ရှိ
အလုပ်လုပ်ကိုင်နေကြသော ဖိလစ်ပိုင်နိုင်ငံသားများ အတွက်လည်း
အကျိုးမသက်ရောက်သည့်အတွက် ၎င်းတို့၏ စာချုပ်သက်တမ်း ကုန်ဆုံးသည့်အထိ
ဆက်လက်လုပ်ကိုင်နိုင်ကြောင်း ကာအိုက ပြောကြားသည်။

အလုပ်သမားဝန်ကြီးဌာန အတွင်းရေးမှူး ရိုဆာလင်ဒါ ဘဲလ်ဒေါ့ဇ်က ၎င်းဥပဒေမှာ စာရင်းပါ
နိုင်ငံများအတွင်း လုပ်ကိုင်နေကြသော အမေရိကန် စစ်စခန်းများနှင့် နိုင်ငံတကာ
ကုမ္ပဏီများကိုလည်း ကင်းလွတ်ခွင့် ပေးထားသည်ဟု ဆိုသည်။

အီရတ်အခြေစိုက် အမေရိကန်စစ် စခန်းများတွင် အလုပ်လုပ်ကိုင်နေကြ သော
ဖိလစ်ပိုင်နိုင်ငံသားဦးရေ ရှစ် ထောင်ကျော်နှင့် အာဖဂန်နစ္စတန်တွင်
ငါးထောင်ခန့်ရှိကြောင်း သိရသည်။

ပြည်ပအလုပ်သမားများအတွက် တက်ကြွလှုပ်ရှားမှုအဖွဲ့၏ ဥက္ကဋ္ဌ ဂါရီ မာတီးနက်ဇ်က
၎င်းဥပဒေကြောင့် စာရင်းပါ ၄၁ နိုင်ငံသို့ တရားမ၀င် သွားရောက်ကြမည့်
ဖိလစ်ပိုင်နိုင်ငံသားများ ပိုမို များပြားလာနိုင်သည်ဟု ပြောကြားသည်။

အစိုးရသည် တားမြစ်ဥပဒေတစ်ခု အတွက် လျော့ရိလျော့ရဲ သတ်မှတ်ချက် တစ်ခု
ချမှတ်ခြင်းထက် ညှဉ်းပန်းနှိပ်စက် မှုများကို သေသေချာချာစုံစမ်းစစ်ဆေးသင့်သည်ဟု
၎င်းက ပြောသည်။

လူဦးရေ သန်း ၉၀ ရှိသော ဖိလစ်ပိုင် နိုင်ငံတွင် ပြည်ပအလုပ်သမားအရေအတွက်မှာ
ခန့်မှန်းခြေ ကိုးသန်းခန့်ရှိပြီး နိုင်ငံ့လူဦးရေ၏ ၁၀ ရာခိုင်နှုန်းခန့် ရှိ
ကြောင်း အစိုးရ စာရင်းအချက်အလက် များအရ သိရသည်။

ဖိလစ်ပိုင် ပြည်ပအလုပ်သမား အများ အပြားမှာ အိမ်အကူများ၊ အလုပ်ကြမ်း
အလုပ်သမားများ၊ သို့မဟုတ် သင်္ဘော သားများအဖြစ် အဆိုပါနိုင်ငံများအတွင်း
ညှဉ်းပန်းနှိပ်စက်မှုများနှင့် ကြုံတွေ့နေ ကြရသော်လည်း
အနောက်နိုင်ငံကြီးများအတွင်း အဆင့်မြင့် အလုပ် ရာထူးများတွင် လုပ်ကိုင်နေကြသော
ဖိလစ်ပိုင်များလည်း အများအပြားရှိကြသည်။


မြန်မာများ စင်ကာပူ အမြဲတမ်းနေထိုင်ခွင့် ရရန်
ပိုမိုခက်ခဲလာ<http://www.news-eleven.com/index.php?option=com_content&view=article&id=10966:2011-11-13-08-12-13&catid=42:2009-11-10-07-36-59&Itemid=112>

၂၀၁၀ ပြည့်နှစ်မှ စတင်ကာ စင်ကာပူ၏ အမြဲတမ်းနေထိုင်ခွင့်ရရန် လျှောက်ထားခဲ့သည့်
မြန်မာများ ပယ်ချခံခဲ့ရမှု များလာသည့်အပြင် လျှောက်ထားရာတွင်
ပိုမိုခက်ခဲလာခဲ့သည်ဟု စင်ကာပူရောက် မြန်မာများ ထံမှ စုံစမ်းသိရှိရပါသည်။

အကြောင်းမှာ စင်ကာပူအစိုးရ၏ အလုပ်သမားရေးရာနှင့် လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ
မူဝါဒ အပြောင်းအလဲများကြောင့် အစိုးရကျောင်းဆင်းများသည်ပင် စင်ကာပူ၏
အမြဲတမ်းနေထိုင်ခွင့်(PR) ရရှိရန်ပိုမို ခက်ခဲလာခဲ့သည်ဟု သိရှိရသည်။

“ကျွန်တော်ဆို Spass နဲ့ စင်ကာပူမှာနေတာ သုံးနှစ်လောက်ရှိပြီ။ လွန်ခဲ့တဲ့နှစ်က
PR ရလိုရငြားလျှောက် ခဲ့တယ်။ ပယ်ချခံခဲ့ရတယ်” ဟု စင်ကာပူရှိ ဘွန်လေးတွင်
နေထိုင်သည့် မြန်မာအင်ဂျင်နီယာ တစ်ဦးက ပြောပြခဲ့သည်။
------------------------------
PR ကိုတော့ မလျှောက်ဖြစ်ဘူး။ အခုအချိန်မှာ ကိုယ်ရတဲ့လစာ အနေအထားက မြင့်နေတယ်။
PR ဆို အခွန်ဆောင်ရတာတွေက အစ နည်းနည်းမြင့်တယ်။ ဒါ့ကြောင့် PR မလျှောက်ဘူး . .
.
------------------------------

“အခုအချိန်မှာ PR လျှောက်တဲ့ နိုင်ငံသားတိုင်းကို အရေအတွက်ပေါ် မူတည်ပြီး
ထိန်းချုပ်မှု၊ ကန့်သတ်မှု အမြောက်အမြား လုပ်ခဲ့တယ်။ စင်ကာပူ
သတင်းစာတွေထဲမှာလည်း အမြောက်အမြား ဖော်ပြထားပြီးခဲ့ပါပြီ။
လွန်ခဲ့တဲ့နှစ်ပိုင်းလောက် ကတည်းက PR ပေးတာတွေ လျှော့ချခဲ့ကြတယ်။
အစိုးရကျောင်း ပြီးထားတဲ့သူတွေထဲမှာတောင် အခုအချိန်မှာ PR လျှောက်ထားရင်
အရမ်းကိုကန့်သတ်ချက် များနေပါသေးတယ်။ ဒါပေမယ့် အစိုးရကျောင်းတက်ပြီး လို့
ဘွဲ့ရတဲ့အခါ သုံးနှစ်စာချုပ်နဲ့ စင်ကာပူမှာ အလုပ်ပြန်လုပ်ပြီးရင်
သူ့ရဲ့အရည်အသွေး၊ လုပ်ဆောင်ချက်ပေါ် မူတည်ကာ PR လျှောက်ထားမှု ပြုနိုင်ကြတယ်”ဟု
အစိုးရတက္ကသိုလ် SMU ၏ Assistant Director Mr. Andrew Low Kim Khoon က
ရှင်းပြခဲ့သည်။

ထို့ပြင် အချို့မှာလည်း နေထိုင်ခွင့်အမျိုးအစားနှင့် လစာကောင်း ရရှိထားမှုပေါ်
မူတည်ကာ စင်ကာပူ PR ကို လျှောက်ထားခြင်း မပြုသူများလည်း ရှိနေကြသည်။

“ကျွန်မဆို ဒီက အစိုးရတက္ကသိုလ်ကြီး တစ်ခုမှာတက်ပြီး အခု ပရောဂျက်တစ်ခု
စ၀င်နေပြီ။ PR ကို တော့ မလျှောက်ဖြစ်ဘူး။ အခုအချိန် မှာ ကိုယ်ရတဲ့လစာ အနေအထားက
မြင့်နေတယ်။ PR ဆို အခွန်ဆောင် ရတာတွေကအစ နည်းနည်းမြင့်တယ်။ ဒါကြောင့် PR
မလျှောက်ဘူး”ဟု NTU တွင် မာစတာပြီးထားသည့် ကျောင်းသူတစ်ဦးက ပြောပြခဲ့သည်။

အောက်တိုဘာလ ၁၃ ရက်နေ့ စင်ကာပူရှိ ပညာရေးဝန်ကြီးဌာန တွင် ပြုလုပ်ခဲ့သည့်
ဟောပြောပွဲ ကောက်နုတ်ချက်များ အရ နောင်တွင် စင်ကာပူကျောင်း တက်ရောက်မည့်
အလယ်တန်းအဆင့် မြန်မာအပါအ၀င် နိုင်ငံစုံမှလူငယ်များမှာ စင်ကာပူအစိုးရ
ချမှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများအတိုင်း လိုက်နာနေထိုင်မည်ဆိုပါက
နိုင်ငံသားအဖြစ် ခံယူခွင့်ကိုလည်း တိုးမြင့်ကူညီသွားမည်ဖြစ်ကြောင်းကို MSI
ပညာရေးဝန်ဆောင်မှု လုပ်ငန်း မန်နေဂျင်း ဒါရိုက်တာက ဖော်ပြထားခဲ့သည်။

မြန်မာကျောင်းသားများ စင်ကာပူ PR အား ၂၀၀၇ ခုနှစ်မတိုင်ခင်အထိ လွယ်ကူစွာ
လျှောက်ထားရ ရှိခဲ့ကြသည့်အပြင် မြန်မာနိုင်ငံမှ ဘွဲ့ရများမှာ စင်ကာပူတွင်
အလုပ်ရရပြီး S passဖြင့် နေထိုင်ကာ PR လျှောက်ခြင်း၊
ပေါ်လီတက်ရောက်ပြီးသူများမှ PR လျှောက်ခြင်းများကို အများဆုံး ပြုလုပ်ခဲ့ကြသည်။

စင်ကာပူတွင် ဇွန်လကုန် လူဦးရေစာရင်း ထုတ်ပြန်ချက်များအရ စင်ကာပူနိုင်ငံသား
ဦးရေ ၃ ဒသမ ၇၉ သန်း၊ နိုင်ငံခြားသား ၁ ဒသမ ၃၉ သန်းရှိပြီး ယင်းတို့ထဲမှ ၃ ဒသမ
၂၆ သန်းမှာ စင်ကာပူ နိုင်ငံသားများ ဖြစ်ပြီး ကျန်သည့် ၀ ဒသမ ၅၃ ဦးရေမှာ
စင်ကာပူတွင် အမြဲတမ်း နေထိုင်ခွင့် ရထားသည့်လူများ ဖြစ်ကြောင်း
ကောက်နုတ်ချက်အချို့ကို Myanmar Search International ပညာရေး ၀န်ဆောင်မှုမှ
သိရှိရပါသည်။

မရင်ငြိမ်းပွင့် စင်္ကာပူနိုင်ငံမှာ တိုက်ပေါ်မှခုန်ချ သတ်သေ


<http://3.bp.blogspot.com/-LUysimX5KDg/TsRtdOgEmCI/AAAAAAAADOw/KjCqFh8bNF4/s1600/384240_111371232310532_108454242602231_61541_2081343017_n.jpg>

[image: 1197 Myanmar_Girl_Committed_Suicide_In_Singapore]
စင်ကာပူနိုင်ငံ၊ Serangoon Central, Block 420 နေ မရင်ငြိမ်းပွင့်သည်
ယနေ့နံနက်ပိုင်းတွင် သူမနေထိုင်ရာ တိုက်ခန်းမှ ခုန်ချပြီး မိမိကိုယ်ကို
အဆုံးစီရင်သွားခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ တုန်လှုပ်ဖွယ်သတင်းသည် Facebook အပါအဝင် လူမှုရေးကွန်ယက်များမှတဆင့်
အလျင်အမြန် ပျံ့နှံ့သွားခဲ့ပြီး လူအများ အနေဖြင့် အကြီးအကျယ်
အံ့အားသင့်သွားခဲ့ရသည်။ သူမ၏ Facebook ပေါ်တွင်လည်း "I Miss Being Happy"
ဆိုသည့် စကားလုံးအား ပုံဖော်ရေးသားထားသည်ကို တွေ့ရှိရမည်ဖြစ်သည်။
သူမအနေဖြင့် မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့ရခြင်းမှာ သူမ၏ချစ်သူဖြစ်သူနှင့်
ပြတ်သွားခဲ့ရခြင်းကြောင့်ဟု ယူဆရပြီး သေဆုံးချိန် တွင်
သူမ၏ချစ်သူဟောင်းဖြစ်သူ၏ နာမည်အား ရင်ဘတ်ပေါ်တွင် tattoo ထိုးထားသည်ကိုလည်း
တွေ့ရှိခဲ့ရသည်။ ထိုနည်းတူ ရဲတပ်ဖွဲ့အနေဖြင့် “Dear, why are you so cruel?”
ဟု ရေးသားထားသည့် သူမနှင့် သူမ၏ချစ်သူဟောင်းတို့ အတူတွဲရိုက် ထားသော
ဓာတ်ပုံအားလည်း ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရှိရသည်။
[image: 1197 Myanmar_Girl_Committed_Suicide_In_Singapore1]
မရင်ငြိမ်းပွင့်သည် မိမိကိုယ်ကို အဆုံးမစီရင်မီ facebook ပေါ်၌ “Please take
care of my boyfriend” ဟု အမည်ပေးထား သည့် နောက်ဆုံးမှတ်တမ်း တစ်ခုအားလည်း
ရေးသားထားခဲ့သည်။ အဆိုပါ မှတ်တမ်းသည် သူမချစ်သူဟောင်း၏ ရည်းစားသစ်ဖြစ်
ဖွယ်ရှိသော မိန်းကလေးတစ်ဦးအား ရည်ညွှန်းပြီး ရေးသားထားခြင်း ဖြစ်သည်ကို
တွေ့ရှိခဲ့ရသည်။
မရင်ငြိမ်းပွင့်သည် အဆိုပါတိုက်ခန်း၏ ၄ လွှာတွင် အခြားမြန်မာအမျိုးသမီး ၇
ဦးနှင့်အတူ နေထိုင်ကြောင်းနှင့် တစ်ဦးတည်း သီးသန့် နေထိုင်တတ်သူ၊
သူမ၏အခန်းတွင်း၌သာ ကွန်ပြူတာနှင့် အချိန်ကုန်ဆုံးစေသူဟု အခန်းဖော်များ၏ အဆိုအရ
သိရှိရသည်။ Facebook ပေါ်၌ပင် သူငယ်ချင်း အနည်းငယ်သာရှိပြီး လတ်တလောကာလတွင်း
သူမ၏လုပ်ငန်းခွင်နှင့် လူမှုဆက်ဆံရေး ကိစ္စများ တွင် အခက်အခဲများရှိနေခဲ့ကြောင်း
သိရှိရသည်။
သူမ၏ချစ်သူဟောင်းသည် လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ နေထိုင်လျက်ရှိသည်ဟု
ယူဆရပြီး သူမထံသို့လည်း မည်သည့်​ယောင်္ကျားလေး တစ်ဦးတစ်ယောက်ကမျှ
လာရောက်တွေ့ဆုံဖူးခြင်း မရှိကြောင်း အခန်းဖော်များက ပြောပြခဲ့သည်။
မရင်ငြိမ်းပွင့်သည် စင်ကာပူနိုင်ငံ နန်ယန်ပိုလီတက္ကနစ်မှ သူနာပြု
ဒီပလိုမာဘွဲ့ရရှိခဲ့ပြီး Kandang Kerbau အမျိုးသမီးနှင့် ကလေး သူငယ်ဆေးရုံတွင်
အလုပ်လုပ်ကိုင်ခဲ့ကြောင်း သိရှိရသည်။

Reply all
Reply to author
Forward
0 new messages