Fwd: [Jeffylin916] ခရစ်စမတ်နီးလာပြီ (((ဘာလုပ်ကြမှာလဲ))

20 views
Skip to first unread message

Tz Khup

unread,
Dec 8, 2011, 11:38:30 AM12/8/11
to msdrm


  1. ချစ်သုဝေ ခရစ်စမတ် စတိုင်လ်

  2. ခရစ်စမတ် ဆန်သော ဖက်ရှင် ဒီဇိုင်းများဖြင့် ချစ်စဖွယ် အရှေ့တိုင်း လှပျိုဖြူလေးများ

  3. ခရစ်စမတ် ပွဲတော်ကို ကမ္ဘာတစ်လွား နိုင်ငံအသီးသီးမှ ပါဝင် ဆင်နွဲကြ

  4. မီးရောင်စုံပေါင်း ၂ သိန်း ၆ သောင်း ဖြင့် ခရစ်စမတ် အတွက် အလှဆင်ထားသည့် အိမ်

  5. ခရစ်စမတ် အထိမ်းအမှတ် ဂီတဖျော်ဖြေပွဲ ကျင်းပမည်

  6. လူမစုံတဲ့ ခရစ်စမတ်

  7. ခရစ်စမတ်၊ နှစ်သစ် ၂၀၁၁ အင်တာနက်မှ အဆိုကျော်များ၏ မြန်မာဓမ္မသီချင်းများ

ချစ်သုဝေ ခရစ်စမတ် စတိုင်လ်

 စာသား ရေးသား > KNT စာသား ရေးသား > KNT ဒီဇိုင်း > ကိုနိုင်ထွန်း (အဖြူရောင်သံစဉ်)

ခရစ်စမတ် အချိန်ကာလသို့ ရောက်ရှိလာခဲ့ပြီ။ ဆောင်းနှင်းငွေ့၏ အအေးဓာတ်များအကြား ချစ်စရာ ခရစ္စမတ် သီချင်းသံများနှင့်အတူ ခရစ္စမတ်သစ်ပင် အလှဆင်ယင်ထားမှုတို့ကိုလည်း နေရာအနှံ့ တွေ့မြင်နေရသည်။ ယင်းသို့ ဆောင်းရာသီ၏ အလှတရား၊ ခရစ်စမတ် ကာလ၏ ချိုမြိန်မှုတို့နှင့် လိုက်ဖက်ညီသည့် ၀တ်စားဆင်ယင်မှုတို့နှင့် ယခုတစ်ပတ် လတ်တလော စိတ်ကြိုက်ဖက်ရှင် ကဏ္ဍတွင် ပါဝင်စီးမျောပေးမည့်သူက ခရစ်စမတ် သမီးပျိုလေးတစ်ဦး (သို့မဟုတ်) ချစ်သုဝေ။ သူမ၏ ခရစ်စမတ် အချိန်ကာလကို ဖော်ကျူးထားသည့် ၀တ်စားဆင်ယင်မှု ဒီဇိုင်းတို့နှင့်အတူ လိုက်ဖက်သည့် ခရစ်စမတ်နောက်ခံပြင် ဆင်မှုများအား PARKROYAL Hotel Yangon ၏ ခရစ်စမတ် အလှပြင်ဆင်ထားမှုနှင့် တွဲဖက်တင်ဆက် ဖြစ်ပါသည်။

ခရစ်စမတ် အချိန်ကာလနှင့် လိုက်ဖက်ညီသည့် ဖက်ရှင်ဒီဇိုင်း၊ ခရစ်စမတ် ပုံရိပ်လွှာတို့နှင့် ရောယှက်ပါဝင်ထားသည့် ချစ်သုဝေ၏ စိတ်ကြိုက်ဖက်ရှင်မှာ "ထရီဇာ ဒီကဏ္ဍလေးမှာ ပါဝင်ဖြစ်တဲ့ ဖက်ရှင်ကတော့ ခရစ်စမတ် အချိန်လေးလည်းဖြစ်နေတော့ ခရစ်စမတ်နဲ့ လိုက်ဖက်ညီတဲ့ ဖက်ရှင်ဒီဇိုင်းလေးပါပဲ။ ခရစ်စမတ်နဲ့လိုက်ဖက်တဲ့ ၀တ်စုံဒီဇိုင်းလေး ရွေးချယ်ထားပါတယ်။ ပထမ၀တ်စုံလေးကတော့ ထရီဇာစိတ်ကြိုက် အပ်ထားတဲ့ဝတ်စုံလေးပါ။ ရင်ဖုံးအင်္ကျီနဲ့ ထမီဝမ်းဆက် ငွေရောင်လေးပါ။ ဒီဝတ်စုံလေးမှာ အဓိက အသားပေးထားတာ က စီးကွင့်စ်လေးတွေပါပဲ။ ၀တ်စုံတစ်ခုလုံးကို စီးကွင့်စ်လေးတွေနဲ့ အလှဆင် ယင်ထားတာပါ။ ၀တ်စုံက မြန်မာဆန်ဆန်လေး ဆိုပေမယ့် ငွေရောင်ဝတ်စုံလေးပေါ်မှာ စီးကွင့်စ်လေးတွေ အလှဆင်ထားတာက ခရစ်စမတ်သစ်ပင်လေး နဲ့ရော၊ ခရစ်စမတ်အတွက် အလှဆင်ထားတဲ့အိမ်လေးနဲ့ပါ လိုက်ဖက်နေတာကြောင့် ရွေးချယ်ဝတ်ဆင် ဖြစ်သွားတာပါ။ ဒီဝတ်စုံလေးမှာ မိတ်ကပ်ကို ပန်းရောင်ခပ်ဖျော့ဖျော့လေး လိမ်းထားပြီး ဆံပင်ကိုရိုးရိုးလေးပဲ စည်းထားပါတယ်။ accessories တွေ အများကြီးဝတ်မနေဘဲ ရှင်းရှင်းလေးပဲထားဖြစ်ပါတယ်။ ဖိနပ်ကတော့ ငွေရောင်ဒေါက်အမြင့်လေး ရွေးပြီးစီးဖြစ်တယ်"ဟု ပထမ၀တ်စုံ နှင့်ပတ်သက်၍ ရှင်းပြခဲ့သည်။

ထို့နောက် ဒုတိယ၀တ်စုံနှင့်ပတ်သက်၍ " ဒုတိယ၀တ်စုံကတော့ ခရစ်စမတ်နဲ့ လိုက်ဖက်တဲ့ ၀တ်စုံဒီဇိုင်းလေးကို ဒီဇိုင်နာမပိုးလတ်(Pearl& Poe Latt) က တီထွင်ဖန်တီးပေးထားတာပါ။ ၀တ်စုံရဲ့အရောင်ကိုတော့ ခရမ်းရောင် လေး ရွေးချယ်ထားပါတယ်။ ဂါဝန်က ရိုးရိုးရှင်းရှင်းလေး ဖြစ်နေတဲ့အခါကျတော့ အပေါ်ကအစိမ်းရောင် ခါးပတ်လေးပတ်ပြီး အလှဆင်ထားပါတယ်။ အစိမ်းရောင် ခါးစည်းခါးပတ်လေးမှာ ခရစ္စမတ်ရဲ့ အလှဆင်တဲ့ ပုံစံလေးတွေကို ဒီဇိုင်းတစ်ခုအနေနဲ့ ထည့်သွင်းထားပါတယ်။ ခရစ်စမတ်အတွက် ရည်ရွယ်ပြီး တီထွင်ထားတာဆိုတော့ လေဒီရှူး အနီရောင်လေးနဲ့ တွဲပြီးဝတ်ဆင်ထားပါတယ်။ မိတ်ကပ်ပြင်ဆင်မှုကိုတော့ ခရစ်စမတ်ဝတ်ဆင်မှု လေးနဲ့လိုက်ဖက်အောင် အပြောင်အတောက်လေး ပြင်ဆင်ထားပါတယ်။ ဆံပင်ဒီဇိုင်းကိုတော့ ခပ်မြင့်မြင့်လေး စည်းတာမျိုးပဲ လုပ်ဖြစ်ပါတယ်။ ဒီဝတ်စုံတစ်စုံလုံးကတော့ ခြုံပြီးပြောရရင် ခရစ်စမတ် အချိန်ကာလနဲ့ လိုက်ဖက်ညီတဲ့ ၀တ်စုံပုံစံလေးပါပဲ" ဟု ချစ်သုဝေက ဆက်လက်ပြောပြခဲ့သည်။


ခရစ်စမတ် ဆန်သော ဖက်ရှင် ဒီဇိုင်းများဖြင့် ချစ်စဖွယ် အရှေ့တိုင်း လှပျိုဖြူလေးများ



ခရစ်စမတ် ပွဲတော်သည် အနောက်တိုင်း ဘာသာရေးပွဲတော် တစ်ခုအသွင်မှ နိုင်ငံတကာ ယဉ်ကျေးမှု ပွဲတော်ပုံစံသို့ ကူပြောင်းလာခဲ့ပြီး ကမ္ဘာတစ်ဝှမ်း ပါဝင်ကျင်းပကြသကဲ့သို့ပင် ခရစ်စမတ်ဆန်သော ဖက်ရှင်ဒီဇိုင်းများဖြင့် ချစ်စဖွယ် အရှေ့တိုင်း လှပျိုဖြူလေးများကိုလည်း မြင်တွေ့ရသည်။

Lin Ketong Christmas 01 jpg

Lin Ketong Christmas 02 jpg

Lin Ketong Christmas 04 jpg

Lin Ketong Christmas 06 jpg

Lin Ketong Christmas 08 jpg

Lin Ketong Christmas 10 jpg

Lin Ketong Christmas 11 jpg

Lin Ketong Christmas 12 jpg

Lin Ketong Christmas 16 jpg

Lin Ketong Christmas 18 jpg

Lin Ketong Christmas 21 jpg

Lin Ketong Christmas 22 jpg

Lin Ketong Christmas 23 jpg

Lin Ketong Christmas 24 jpg

Lin Ketong Christmas 25 jpg

Lin Ketong Christmas 28 jpg

Lin Ketong Christmas 30 jpg

Lin Ketong Christmas 31 jpg

Lin Ketong Christmas 33 jpg

An1mA Choi Seul Gi 01 jpg

An1mA Choi Seul Gi 03 jpg

An1mA Yi Eun Hye 01 jpg

An1mA Yi Eun Hye 02 jpg

bolt986 Misc Chinese 03 jpg

bolt986 Seo You Jin 28 jpg

Cutkillavince Korean Girl Christmas 19 jpg

Cutkillavince Korean Girl Christmas 23 jpg

Locutis Gu Ji Sung 02 jpg

Locutis Jung Yuri 01 jpg

Steve MOKO 02 jpg

Steve MOKO 03 jpg

Steve MOKO 04 jpg

Steve MOKO 041 jpg

Steve MOKO 07 jpg

Steve MOKO 08 jpg
PatheinCity News | Photo Source:AsianTown


ခရစ်စမတ် ပွဲတော်ကို ကမ္ဘာတစ်လွား နိုင်ငံအသီးသီးမှ ပါဝင် ဆင်နွဲကြ


ခရစ်ယာန် ဘာသာဝင်တို့၏ ယဉ်ကျေးမှု ပွဲတော်တစ်ခု ဖြစ်သော ခရစ်စမတ် ပွဲတော်သည် ကမ္ဘာ့နိုင်ငံ အတော်များများတွင် တရားဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားသောကြောင့် ယနေ့ခေတ်တွင် အားလပ်ရက်အတွင်း ကျင်းပသော နိုင်ငံတကာ ယဉ်ကျေးမှု ပွဲတော်တစ်ခုအဖြစ် ခရစ်ယာန် နိုင်ငံများတွင်သာ မက ကမ္ဘာ့တစ်ဝှမ်းတွင် လူအများအပြား ပါဝင်ဆင်နွဲ လာကြသည်ကို မြင်တွေ့ရသည်။

ကမ္ဘာ့နိုင်ငံများမှ လူမျိုးအသီးသီးတို့၏ ခရစ်စမတ်ပွဲတော်တွင် ယဉ်ကျေးမှုအလိုက် ပါဝင်ဆင်နွှဲကြပုံများကို မြို့တော်ပုသိမ် ပရိသတ်များအတွက် ကောက်နှုတ် ဖော်ပြလိုက်ပါသည်။

Ankara, Turkey (တူရကီနိုင်ငံ၊ အန်ကာရာ မြို့)

http://patheincity.com/news//HLIC/c4622d59026ad8c921903408e3e825a1.jpg
၂၀၁၀ ၊ ဒီဇင်ဘာလ ၂၄ ရက်နေ့က တူရကီနိုင်ငံ၊ အန်ကာရာ မြို့တွင် Panora shopping center မှ ခရစ်စမတ်အတွက် အလှဆင်ထားပုံများကို ဈေးဝယ်သူများ ကြည့်ရှုစဉ်။ Photo: Xinhua/Zheng Jinfa

Riga, Latvia (လတ်ဗီးယားနိုင်ငံ ရီဂါမြို့)

http://patheincity.com/news//HLIC/0dbafad283e0cd6d70aafdc32c48903a.jpg
လတ်ဗီးယားနိုင်ငံ ရီဂါမြို့တွင် မိန်းကလေးတစ်ဦး ခရစ်စမတ်သစ်ပင်ရှေ့တွင် ဓါတ်ပုံရိုက်ကူးနေစဉ်။ Photo: Xinhua/Yang Dehong

Washington D.C., United States (အမေရိကန် ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီ မြို့တော်)

http://patheincity.com/news//HLIC/321597da1bfd8e1b8b50343e570ee10b.jpgအမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော် ပြင်ပရှိ National Harbor တွင် စန်တာ ကလောစ့် မှ ကလေးများနှင့် ဓါတ်ပုံအတူ ရိုက်ကူစဉ်။ Photo: Xinhua/Zhang Jun

New York, United States, (အမေရိကန် ပြည်ထောင်စု၊ နယူးယောက် မြို့တော်)

http://patheincity.com/news//HLIC/326e5b672f17540bc8eebd0dab8b9bfa.jpg
အမေရိကန် ပြည်ထောင်စု နယူးယောက် မြို့တော်ရှိ တရုတ်တန်းတွင် အရှေ့တိုင်းသားတို့ ပါဝင်ဆင်နွဲသော အနောက်တိုင်း ယဉ်ကျေးမှု ခရစ်စမတ်ပွဲတော်ကို ကျင်းပစဉ်။ Photo: Xinhua/Wu Kaixiang

West Bank town of Bethlehem (ပါလက်စတိုင်းဒေသ၊ ဘာတ့်တလာဟမ် မြို့)

http://patheincity.com/news//HLIC/3433779a7cf62d830d08cc729d0d63b1.jpg
တမန်တော် ယေရှု ၏ မွေးဖွားရာ ဒေသဖြစ်သော ပါလက်စတိုင်းဒေသ အနောက်ဘက်ကမ်းရှိ ဘာတ့်တလာဟမ် မြို့တော်တွင် Nativity ဘုရားကျောင်းရှေ့တွင် ဂီတအဖွဲ့တစ်ခု ခရစ်စမတ် အထိမ်းအမှတ် တင်ဆက်ပြသစဉ်။ Photo: Xinhua/Zhao Yue

Paris, France (ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တော်)

http://patheincity.com/news//HLIC/cf8b38c878b3ac99defb56e2b8ff42c9.jpg
ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်ရှိ Vendome ရင်ပြင် အနီးတွင် ခရစ်စမတ်ကာလအတွက် အလှဆင် မီးများ ထွန်းညှိထားစဉ်။ Photo: Xinhua/Gao Jing

Oxford Street, London (လန်ဒန်မြို့တော်၊ အောက်စဖိုစ့်လမ်း)

http://patheincity.com/news//HLIC/a14a6dde86401ea3cd9127ec38050754.jpg လန်ဒန်မြို့တော် အောက်စဖိုစ့်လမ်းတွင် ၂၀၁၀ ခရစ်စမတ်ပွဲတော်အတွက် မီးများ အလှဆင်ထားသည်ကို တွေ့ရစဉ်။ Photo: Debenhams

Singapore (စင်္ကာပူမြို့တော်)

http://patheincity.com/news//HLIC/c4a63e4610ddb2abae8e485468781c73.jpg
စင်္ကာပူမြို့တော်တွင် ခရစ်စမတ်ကာလ အတွင်း ဘုရားကျောင်းတွင် ခရစ်ယာန် ဘာသာဝင် အများအပြား တက်ရောက် ဝတ်ပြုကြစဉ်။ Photo: Xinhua/Then Chih Wey

Hangzhou, East China (တရုတ်နိုင်ငံ အရှေ့ပိုင်း၊ Hangzhouမြို့တော်)

http://patheincity.com/news//HLIC/4e7f11b3f8ce3cc3d4d693e87451bd8e.jpg
တရုတ်နိုင်ငံ အရှေ့ပိုင်း Zhejiang ဒေသ Hangzhouမြို့တော် တွင် နိုင်ငံခြားသားများ စန်တာကလောစ့် ကဲ့သို့ ဝတ်ဆင်ကာ ခရစ်စမတ် သီချင်းများ သီဆိုနေစဉ်။ Photo: Xinhua/Huang Zongzhi

Beijing, capital of China (တရုတ်နိုင်ငံ၊ မြို့တော်ပေကျင်း )

http://patheincity.com/news//HLIC/e773a7da23c4807f44be84ccd2ce7bd8.jpg
တရုတ်နိုင်ငံ မြို့တော်ပေကျင်း တွင် လာရောက်လည်ပါတ်သူ ၂ဦး စန်တာကလောစ့် နှင့်တွဲ၍ ဓါတ်ပုံရိုက်ကူးစဉ်။ Photo: Xinhua/Zheng Huansong

Taipei, Taiwan (တိုင်ဝမ်ကျွန်း၊ မြို့တော်တိုင်ပေ)

http://patheincity.com/news//HLIC/f125948180b839bb4d9bf3aa2033b7e6.jpg တိုင်ဝမ်၏ မြို့တော်တိုင်ပေတွင် နာမည်ကျော် တိုင်ပေ၁၀၁ မျှော်စင်ကြီးအနီး ခရစ်စမတ် ကာလအတွက် မီးရောင်စုံများဖြင့် အလှဆင်ထားသည်ကို တွေ့ရစဉ်။ Photo: Xinhua/Song Lidong

Macao (မကာအို ကျွန်းမြို့တော်)

http://patheincity.com/news//HLIC/df5231f1169bc401a61ce12e930b300c.jpg
တရုတ်နိုင်ငံ တောင်ဘက်ရှိ မကာအို ကျွန်းမြို့တော်တွင် ခရစ်စမတ်အတွက် အလှဆင်မီးများ လှပစွာ ထွန်းညှိထားသည်ကို တွေ့ရစဉ်။
Photo: Xinhua/Cheong Kam Ka

South China, Guilin (တရုတ်နိုင်ငံ တောင်ဘက်ပိုင်း Guilinမြို့တော်)

http://patheincity.com/news//HLIC/3badf8421a123f4f90fbf4331c08e0bc.jpg
တရုတ်နိုင်ငံ တောင်ဘက်ပိုင်း Guilinမြို့တော်တွင် ကမ္ဘာလှည့် ခရီးသည်များ စန်တာကလောစ့် ဝတ်စုံများဖြင့် ခရစ်စမတ်ပွဲတော် ကျင်းပကြစဉ်။ Photo: Xinhua/Chen Ruihua

Geneva, Switzerland (ဆွစ်ဇာလန် နိုင်ငံ၊ ဂျနီဗာမြို့တော်)

http://patheincity.com/news//HLIC/a681075b79c0202d91165c7a6a102d0f.jpg
ဆွစ်ဇာလန် နိုင်ငံ ဂျနီဗာမြို့တော်တွင် မြို့တော်တစ်ခွင် ခရစ်စမတ် အထိမ်းအမှတ် မီးများဖြင့် အလှဆင်ထားစဉ်။ Photo: Xinhua/Yu Yang

Tehran, capital of Iran (အီရန်နိုင်ငံ မြို့တော် တေရန်)

http://patheincity.com/news//HLIC/ac151fb8c47dfc809fc2d303d1ac753d.jpg
အီရန်နိုင်ငံ မြို့တော် တေရန်တွင် ခရစ်စမတ် အထိမ်းအမှတ် အလှဆင်ထားသည်ကို အီရန်အမျိုးသမီးများ ကြည့်ရှုနေစဉ်။ Photo: Xinhua/Ahmad Halabisaz

Abu Dhabi, UAE (အာရပ်စော်ဘွားများ ပြည်ထောင်စု ၊ မြို့တော် အဘူ ဒါဘီ )

http://patheincity.com/news//HLIC/4b24e07697c62e287083454067ffc66f.jpg
အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE)၏ မြို့တော် အဘူ ဒါဘီ တွင် Emirates Palace ဟိုတယ်၏ ဧည့်ခန်းဆောင်ရှိ အမေရိကန် ဒေါ်လာ ၁၁သန်း တန်ကြေးရှိသော ကမ္ဘာ့တန်ဖိုးအကြီးဆုံး ခရစ်စမတ်သစ်ပင်ကြီးကို တွေ့ရစဉ်။ အမြင့် ၁၃ မီတာရှိသော ခရစ်စမတ်သစ်ပင်ကြီးကို စိန်၊ ပုလဲ၊ မြ၊ နီလာ နှင့် အခြားအဖိုးတန် ကျောက်မျက် ရတနာများဖြင့် အလှဆင်ထားသည်။ Photo: Xinhua/Reuters Photo

Yangon, Myanmar (မြန်မာနိုင်ငံ၊ ရန်ကုန်)

http://patheincity.com/news//HLIC/4afc272151cae13f38769ccba1570943.jpg
မြန်မာနိုင်ငံ၏ အကြီဆုံးမြို့တော် ရန်ကုန်ရှိ ကုန်သည်ကြီးများ ဟိုတယ်တွင် ၂၀၁၀ ခရစ်စမတ် အထိန်းအမှတ် အလှမယ် (Miss Christmas 2010 ) ရွေးချယ်ပွဲကို ကျင်းပနေစဉ်။ Photo: Xinhua/Ma Phyo

Ayutthaya, Thailand (ထိုင်းနိုင်ငံ ၊ အယုဒ္ဓယ)

http://patheincity.com/news//HLIC/a232af011249ee03525630e0b0894126.jpg
ထိုင်းနိုင်ငံ မြို့တော်ဟောင်း အယုဒ္ဓယတွင် စန်တာကလောစ့် ကဲ့သို့ ဝတ်ဆင်ထားသော ဆင်မှ ကလေးငယ်များအား သကြားလုံးများ ပေးဝေနေစဉ်။ Photo: Xinhua/Reuters Photo

Seoul, South Korea (တောင်ကိုရီးယား နိုင်ငံ၊ ဆိုလ်းမြိုတော်)

http://patheincity.com/news//HLIC/4d7f74d779872c64627225931c6fe1ee.jpg တောင်ကိုရီးယား နိုင်ငံ ဆိုလ်းမြိုတော်တွင် စာပို့သမားများ စန်တာကလောစ့် ကဲ့သို့ဝတ်ဆင်ပြီး စာများပို့ဆောင်နေသည်ကို တွေ့ရစဉ်။ Photo: Xinhua/Park Jin Hee

Tokyo, Japan (ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်)

http://patheincity.com/news//HLIC/319d4df0f687cdbfb8beac5bc975cb95.jpg
ဂျပန်နိုင်ငံ တိုကျိုမြို့တော်တွင် ခရစ်စမတ်ပွဲတော်အတွက် လမ်းတိုင်းတွင် အလှဆင်မီးများ ထွန်းညှိထားသည်ကို တွေ့ရစဉ်။ (Photo: ShootTokyo )

မီးရောင်စုံပေါင်း ၂ သိန်း ၆ သောင်း ဖြင့် ခရစ်စမတ် အတွက် အလှဆင်ထားသည့် အိမ်

အမေရိကန် ပြည်ထောင်စု မြို့တော် ဝါရှင်တန် ဒီစီ နှင့် ကီလိုမိတာ ၂၀ ခန့်အကွာ Collingwood လမ်းရှိ ခြံတစ်ခြံသည် ရောင်စုံ မီးလုံးပေါင်း ၂ သိန်း ၆ သောင်း ဖြင့် ခရစ်စမတ်ကာလ အတွက် အလှဆင်ထားသည်ကို အံ့သြဖွယ် မြင်တွေ့ရသည်။

Collingwood Lights ခြံ၏ ပိုင်ရှင်ဖြစ်သော Bill Vaughan သည် လွန်ခဲ့သော ၁၉ နှစ်ခန့်မှ စတင်၍ မိမိ အိမ်နှင့် ခြံဝန်းအား မီးရောင်စုံများဖြင့် အလှဆင်ခဲ့ခြင်းဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း အပြင်အဆင် တစ်မျိုးပြီး တစ်မျိုး ပြောင်းလဲကာ အလှဆင်မီး အရေအတွက်လည်း တိုးလာခဲ့သည်။ ယခုအခါ အလှဆင် မီးရောင်စုံပေါင်း ၂၆၀၀၀၀ အပါအဝင် FM ဂီတသံများ ထုတ်လွှင့်မှုကို ကွန်ပျူတာစနစ် အသုံးပြုကာ ချိန်ညှိထားပြီး ဂီတသံအလိုက် မီးရောင်စုံများ လှုပ်ရှား ပြောင်းလဲအောင် ပြင်ဆင်ထားသည်။

http://patheincity.com/news//HLIC/32634cd0720c4140ebd2dd8861e4972a.jpg

http://patheincity.com/news//HLIC/90f2190247cd64db41145eb75ddad123.jpg

http://patheincity.com/news//HLIC/3c97100030dffbd7e1f98e92adbd0081.jpg

http://patheincity.com/news//HLIC/47423191c051409d12699210472f7455.jpg

http://patheincity.com/news//HLIC/dedb8ec2604e92c3c7777d65f67f61da.jpg

ထိုသို့ ပြင်ဆင်ထားမှုကြောင့် ညပိုင်းအချိန်တွင် Collingwood Lights သည် ထိုဒေသ၏ အကြီးမားဆုံး မီးရောင်များဖြင့် လှုပ်ရှားနေသော အိမ်ဂေဟာအဖြစ် မြင်တွေ့ရသောကြောင့် လာရောက် ကြည့်ရှုသူများကို ဆွဲဆောင်လျက်ရှိသည်။
PatheinCity News | Source:Xinhua

ခရစ်စမတ် အထိမ်းအမှတ် ဂီတဖျော်ဖြေပွဲ ကျင်းပမည်

| ကြာသပတေးနေ့၊ ဒီဇင်ဘာလ ၂၄ ရက် ၂၀၀၉ ခုနှစ် ၂၁ နာရီ ၀၃ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္စျိမ)။     ။ ခရစ်စမတ်နေ့ အထိမ်းအမှတ် အဖြစ် ရန်ကုန်မြို့ရှိ ယုဇနဂါးဒင်း ဟိုတယ်က လူငယ်ထုအကြား ရေပန်းစားသည့် အဆိုတော် ၃ ဦး ဦးဆောင်ဖျော်ဖြေမည့် ဂီတပွဲတရပ် ကျင်းပ သွားမည်ဟု သိရသည်။

R ဇာနည်၊ စိုင်းစိုင်းခမ်းလှိုင်နှင့် ရဲလေးတို့က မနက်ဖြန် ကျရောက်မည့် ခရစ်စမတ်နေ့ အထူး အစီအစဉ်အဖြစ် ကျင်းပသည့် ဂီတပွဲသို့ လာရောက် ဖျော်ဖြေမည်ဟု အလံပြ ဘုရားလမ်းရှိ ယုဇနဂါးဒင်း ဟိုတယ်မှ တာဝန်ရှိသူတဦးက ပြောပြခြင်း ဖြစ်သည်။

“ခရစ်စမတ် သီချင်းရယ်လို့တော့ မဟုတ်ပါဘူး။ သူတို့သီချင်းတွေနဲ့ ဖျော်ဖြေသွားကြမှာ ဖြစ်ပါတယ်။ အမျိုးသမီး အဆိုတော်တွေကတော့ ကြိုကြား ကြိုကြားတော့ ပါမယ်။ ကြော်ငြာတဲ့ အထဲတော့ မပါဘူးခင်ဗျ” ဟု သူက မဇ္ဈိမကို ပြောဆိုသည်။

တစောင်လျှင် ကျပ် ၅၀၀၀ ဖြင့် ကြိုတင် လက်မှတ်များ ရောင်းချနေသည့်အပြင် လူဦးရေ ၃၀၀၀ အထိ ဆန့်သည့် ဟိုတယ်ဝင်းရှိ Parking တွင် ညနေ ၅ နာရီမှ စတင်၍ ည ၁၀ နာရီအထိ ကျင်းပသွားမည် ဖြစ်သည်။

“လာတဲ့သူတွေ အားလုံးက မတ်တပ်ရပ် အားပေးဖို့ ဖြစ်ပါတယ်။ ကြိုက်တဲ့နေရာမှာ မတ်တပ်ရပ်လို့ ရပါတယ်။ အားရပါးရ အားပေးလို့ ရပါတယ်” ဟု ဟိုတယ် ဝန်ထမ်းက ပြောသည်။ 

စိုင်းစိုင်းခမ်းလှိုင်သည် သီဆိုမည့် သီချင်းများ လေ့ကျင့်ရန် ပြင်ပသို့ သွားနေသဖြင့် ဆက်သွယ်၍ မရပါ။ R ဇာနည်မှာမူ ခရီးထွက်နေသော်လည်း မနက်ဖြန်ပွဲသို့ အမီပြန်လာမည့်အကြောင်း ညီမဖြစ်သူက ပြောသည်။

“အကိုက မနက်ဖြန် အဲဒီပွဲကို အမီပြန်လာမယ်လို့ ပြောပါတယ်။ သူတို့ကတော့ ပွဲအမီ သွားလေ့ရှိကြတာပဲ” ဟု သူက ပြောသည်။

ယုဇနဂါးဒင်း ဟိုတယ်အနေဖြင့် ဘာသာရေး အထိမ်းအမှတ် ပွဲများဖြစ်သည့် တန်ဆောင်တိုင်၊ ခရစ်စမတ်နှင့် နှစ်သစ်ကူး ပွဲတော်များတွင် ယခုလို ဖျော်ဖြေတင်ဆက်မှုများ ပြုလုပ်လေ့ရှိသည်။

လူမစုံတဲ့ ခရစ်စမတ်

Christmas

ဟိုအရင်က တို့ရဲ့အိမ်လူစုံဖူးပါတယ်…ဒီနှစ်တော့လေ ဟိုအဝေးကြီးမှာ…
လူမစုံနိုင်တဲ့ Christmas ဖြတ်ကျော်ရဦးမှာ….
မြင်ယောင်နေတယ် ဒီလိုဆောင်းချိန်ရောက်တိုင်းမှာ..ပျော်ရွင်ခဲ့ဖူးတဲ့…
အရိုးဆုံး Christmas တွေ မိသားစုဝိုင်းဖွဲ့ရင်း…အတူတူဆိုဖူးတဲ့…
Christmas သီချင်းတွေလည်း…ဒီအချိန်တစ်ယောက်တည်းပဲ…
ညည်းရင်းသတိရတယ်…Christmas ရောက်လေတိုင်း……

ဟူး…မေ့လို့မရနိုင်ဘူး…အခုထိတမ်းတမိနေတယ်…ဆောင်းညလေးနဲ့…
တို့ အိမ်လေးထဲ…လူမစုံနိုင်တဲ့ Christmas ဟာ ပူလောင်လွန်းပါလား…
(…)မရှိဘူးအနားမှာ…Christmas ရောက်လေပြီ….
ဟိုအရင်က တို့ရဲ့အိမ်လူစုံဖူးပါတယ်…ဒီနှစ်တော့လေ ဟိုအဝေးကြီးမှာ…
လူမစုံနိုင်တဲ့ Christmas ဖြတ်ကျော်ရဦးမှာ….

မြင်ယောင်နေတယ် ဒီလိုဆောင်းချိန်ရောက်တိုင်းမှာ..ပျော်ရွင်ခဲ့ဖူးတဲ့..
အရိုးဆုံး Christmas တွေ မိသားစုဝိုင်းဖွဲ့ရင်း…အတူတူဆိုဖူးတဲ့…
Christmas သီချင်းတွေလည်း…ဒီအချိန်တစ်ယောက်တည်းပဲ…
ညည်းရင်းသတိရတယ်…Christmas ရောက်လေတိုင်း….

ဟူး…မေ့လို့မရနိုင်ဘူး…အခုထိတမ်းတမိနေတယ်…ဆောင်းညလေးနဲ့…
တို့ အိမ်လေးထဲ…လူမစုံနိုင်တဲ့ Christmas ဟာ ပူလောင်လွန်းပါလား…
(…)မရှိဘူးအနားမှာ…Christmas ရောက်လေပြီ…
ဟိုအရင်က တို့ရဲ့အိမ်လူစုံဖူးပါတယ်…ဒီနှစ်တော့လေ ဟိုအဝေးကြီးမှာ…
လူမစုံနိုင်တဲ့ Christmas ဖြတ်ကျော်ရဦးမှာ…

လူမစုံနိုင်တဲ့ Christmas ဟာ ပူလောင်လွန်းပါလား…(…)မရှိဘူးအနားမှာ…
Christmas ရောက်လေပြီ…ဟိုအရင်က တို့ရဲ့အိမ်လူစုံဖူးပါတယ်…
ဒီနှစ်တော့လေ ဟိုအဝေးကြီးမှာ…လူမစုံနိုင်တဲ့ Christmas ဖြတ်ကျော်ရဦးမှာ….



ခရစ်စမတ်၊ နှစ်သစ် ၂၀၁၁ အင်တာနက်မှ အဆိုကျော်များ၏ မြန်မာဓမ္မသီချင်းများ

Friday, 31 December 2010 01:53 Murann
E-mail Print PDF

ခရစ်စမတ်နှင့်နှစ်သစ် ၂၀၁၁
မှတ်မှတ်ရရ အင်တာနက်တွင် တွေ့နိုင်သော မြန်မာဓမ္မသီချင်းများ
31-Dec-2010

ထိုင်းနိုင်ငံရောက် မြန်မာ ၃သန်းခန့်ရှိကြသည်။ ဘန်ကောက်မှာ အခြေပြုတဲ့ အမ်စီအေအသင်းတော်မှ ခရစ်စမတ်အကြို ကိုးကွယ်ဝတ်ပြုခြင်းမှာ မြန်မာရိုးရာ အိုးစည်ဗုံမောင်း ခရစ်စမတ်သီချင်း - ၂၀၀၈ အချိန်ကဖြစ်သည်။

 


အမေရိကားမှာ ခရစ်စမတ်၊ နှစ်သစ်အချိန် နေအိမ်များရဲ့ ဘုရားရှင်ကို ကြိုဆိုဖို့၊ လှပစွာဆင်ယင်၊ပြင်ဆင်ထားကြပါတယ်။ ယခုအခါ လူတိုင်းကင်မရာရှိပြီး၊ အင်တာနက်မှာ အလွယ်တကူ အပ်လုတ်၊ ဒေါင်းလုတ် Upload, Dowload လုပ်ကြတဲ့ခေတ်ကာလဖြစ်နေပါပြီ။ ဒီဇွီဒီယိုကလစ်က အမေရိကန်နယူးဂျာစီက နှင်းတောထဲမှ အမေရိကန်နေအိမ်များ နဲ့ မိတ်ဆွေများ၊ အမေရိကန် အနောက်နိုင်ငံသားတွေ  ခရစ်စမတ်ညစာစားသောက်ပွဲ အမှတ်တရ ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ မြန်မာပြည်က သီတင်းကျွတ် နေအိမ်များ မီးထွန်းပွဲလုပ်သလိုပါပဲ။ ဒါပေမဲ့ သူတို့က ပိုပြီးရုပ်ဝတ္တုချမ်းသာတော့ အပြင်အဆင်တွေဟာ အလွန်လှပပါတယ်။

ခရစ်စမတ် ကာလ ဒီဇင်ဘာ၊ ဇန္န၀ါရီအချိန် စင်ကာပူ အောချပ်လမ်းမကြီးမှာ ပြင်ဆင်ထားတဲ့ပုံစံဖြစ်ပါတယ်။ အိမ်ရှေ့မှာ သူငယ်တော်ဖွားမြင်တဲ့ အရုပ်ကြီးတွေ၊ ဆန်တာခလော့ပုံ၊ လက်ဆောင်ထုပ်၊ ခရစ်စမတ်သစ်ပင်၊ ဒရယ်၊သမင် ရုပ်များ၊ ရောင်စုံ လျှပ်စစ်မီးများ၊ ကြယ်အကြီး၊အငယ်များ ..စသဖြင့် လမ်းသွားလမ်းလာများ တ၀ရှုစားနိုင်ပါတယ်။ သြော် ... အမေရိကားတောရွာ၊ မြို့ငယ်ကလေးများမှာလည်း ထိုကဲ့သို့ပင်ဖြစ်သည်။

ဟိုး တစ်ချိန်အခါက အမေရိကန်ပြည်သူများသည် ကမ္ဘာ့ နိုင်ငံခြားရေးကို ၀င်မပါပဲ၊ ကိုယ်ပြည်တွင်းလေးတွင်  ပျော်ပျော်ရွှင်ရွင်နေခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်မတိုင်မီ တတည်းက အမေရိကားလူများသည် ၀င်ငွေကောင်းပြီး၊ လူတိုင်းအိမ်ဝယ်နိုင်၊ ပျော်ပွဲစား၊ ခရီးသွားလှည့်လယ်၊ ရုပ်ရှင်ကြည့်၊ မိတ်သဟာရများ နဲ့ ဘုရားကို အင်မတန်သိတတ်သူများဖြစ်ပါတယ်။ ယခုတိုင်ပင် နိုင်ငံငွေစက္ကူမှာ In God We Trust ရေးထားပြီး၊ ကမ္ဘာ့ဧ၀ံဂေလိ အသင်းတော်၊ အဖွဲ့စည်းအကြီးများဖြင့် င်ငံတကာ ခရစ်ယာန်ဝိညာဉ်ရေးကို ဦးဆောင်နေဆဲ နိုင်ငံကြီးဖြစ်သည်။ 

တကမ္ဘာလုံးက ဒုက္ခရောက်နေတဲ့ Refugee နိုင်ငံမဲ့များစွာကို ကုလသမဂ္ဂအစီအစဉ်နှင့် ကယ်ဆယ် ခေါ်ယူထားနိုင်ပါသည်။ ၂၀၀၇၊ ၂၀၀၈ အချိန်က မြန်မာဒုက္ခသယ်၊ ၃သောင်းကျော် ခေါ်ယူ စောင့်ရှောက်ထားပြီး၊ မြန်မာလူငယ်ကျောင်းသားများစွာလည်း ပညာသင်ဆုများနဲ့ ပေးနေသော နိုင်ငံဖြစ်ပါသည်။ စီးပွားရေးကပ်နှင့် စစ်အသုံးစရိတ်များကြောင့် သမ္မတသစ် အိုဘားမားအစိုးရ အခက်အခဲများရှိသော်လည်း၊ အမေရိကားသည် ခရစ်တော်အတွက် မားမားမတ်မတ် ရပ်တည်နေတဲ့နိုင်ငံဖြစ်နေဆဲပင်။ 

မြန်မာပြည် မိမိရပ်ရွာများတွင် ပြုလုပ်သော ခရစ်စမတ်ကို ပိုမိုသတိရမြဲဖြစ်ပါသည်။ ပြည်ပရောက် မြန်မာများ ခရစ်စမတ်ဆင်နွဲပုံ ဗွီဒီယိုလင့်အချို့ကိ  အင်တာနက်တွင် လူကြည့်များသော ဓမ္မသီချင်းများနဲ့တွဲပြီး ခရစ်စမတ်၊ နှစ်သစ် ၂၀၁၁ အတွက် စုဆောင်းတင်ပြလိုက်သည်။

 

 



နီဘရာစကာပြည်နယ်၊ အိုမဟာမြို့မှာ ခရစ်စမတ်လက်ဆောင်အဖြစ် ကချင်လူမျိုးများ မြန်မာလိုသီဆိုထားတဲ့ ခရစ်စမတ်သီချင်းကလေးပါ။

ခရစ်စမတ်ရက်မြက် ဒီအချိန်လေးထဲဝယ်.
ဆောင်းတွင်းမြူတွေကြားထဲ ..  သီချင်းလေးသီဆိုရင်းနဲ့
ချစ်တဲ့ညီအစ်ကို အပေါင်းသင်းများဆီဝယ်....
မေတ္တာတွေအပြည့်နဲ့ ...  ချစ်ကြင်နာကြမယ်..
ခရစ်စမတ်ရက်မြက် ဒီအချိန်လေးထဲဝယ်
Cho..  ဒီလိုခရစ်စမတ်အပင်ကလေးကို မေ့မယ်နော်
ဒို့ရဲ့အရှင်ခရစ်တော် ဖွားမြင်လာတယ်လေ
ဒို့များဆုံတွေ့ကာ သီချင်းလေးသီဆိုမယ်
ယေရှုခရစ် ဖွားမြင်လာတာ ဒို့အတွက်လေ....





ဆန်ဖရစ်စစ္စကို FBBC မှ ၂၀၁၀ ကယ်ရိုသီချင်းဆိုအမှတ်တရ ၄မိနစ်ဗွီဒီယို၊ ရိုက်ကူတင်ပြသူ ဒစ်ကီကူး နှင့် ဆရာလတ်ယေရှဲ တို့ဖြစ်ပါတယ်။




ကာလီဖိုးနီးယား၊ ဒေလီစီတီးမြို့လေးက BCFF မိသားစု မြန်မာမိတ်သဟာရလေးမှ ခရစ်စမတ်သီးချင်းဖြစ်သည်။ ထိုကဲ့သို မြန်မာမိတ်သဟာရကလေးများ မြောက်များစွာ အမေရိကားတခွင်တွင် ရှိကြသည်။ ခရစ်တော်အားဖြင့် အသက်ရှင်နေသော အမေရိကားရောက်မြန်မာများ၏ ခရစ်စမတ်မှတ်တမ်းဖြစ်သည်။


ကိုးစားမျှော်ကြည့်ရာ - ရတနာဦး (လူဘ၀ကြီးထဲမှာ နေထိုင်လို့အသက်ရှင်စဉ်)
Bangkok Christ Church  (4,400   31Dec10)


ကားတိုင်လမ်း - စံပီး (တေးရေး၊ ဆို)  (30,493  31Dec10)



လေလွင့်သိုး - စောဝင်လွင်၊  သီချင်းနောက်ကွယ်တွင်ရှိသောဘုရားမေတ္တာ
(30,333   31Dec2010)




ကယ်တင်ရှင်ယေရှု - ရေဘက္ကာဝင်း၊ တေးရေး-စောခူဆဲ  (19,181  31Dec10)




အခမဲ့ - လေးဖြူ  (တေးရေး-စောဝင်းလွင်)၊ ကိုယ်တော်ပေးတဲ့သက်စမ်းရေ
(18,149   31Dec10)




နိုင်းနိုင်း - ဘန်ကောက် အမ်စီအေအသင်းတော်တွင် သီဆိုချီးမွမ်းခြင်း



ရှာရုန်နှင်းဆီ ၏ ခရစ်ယာန်အသက်တာ  (18,000 - 31Dec2010)





ဆုန်သင်းပါ - မေတ္တာအလင်းရှင် (ချီးမွမ်းခြင်းတစ်မျိုးသာ)  ရန်ကုန်



ချစ်စမ်းမောင် - လမ်းပြပါ (ဂီတာထူးခြားစွာတီးခတ်ပြသည်)။ ရန်ကုန် (322,932  31Dec10)





မသက်မွန် - နေ့ရက်စဉ်တိုင်းအသက်မွေးလောက်သောအစာ၊ လုံလောက်ပေသည်
MCA Bangkok  (50,000 31Dec10)




ဆရာဇော်လတ် - မြန်မာသံစဉ်၊ ကျေးဇူးတော် အစုံ ဂုဏ်တော် အနတ္တနဲ့ ပြည့်ဝစုံလင်ပါသော အရှင်

MCA Bangkok  (25,000  31Dec10)




သိုးမဲတွေအကြောင်း
ရေး၊ဆို - ဗဒင်  (ရန်ကုန်၊ 9685  31Dec10)



သခင်သုံးလျှင်  - လေးလေးဝါးသီဆိုပြီး၊ မြန်မာမိုဒယ်များသရုပ်ဖေါ်
တေးရေး - စောဝီလ်ဖရက် (59,916  31Dec10)




ဟိုရှားနာ - ဖြူဖြူကျော်သိန်း  (ယေရှုဘုရားအကြောင်း)
(37,145   31Dec2010)




တခြားကမ္ဘာကလူသားတွေ၊ - မျိုးကြီး၊  တေးရေး-စောဘွဲ့မှုး (၀မ်းမြောက်ခြင်းနဲ့ကောင်းကင်သားတို့အိမ်)
(41,621  31Dec2010)



ကိုယ်တော်သာလျှင် ခိုလှုံရာ - ဆရာဦးသိန်းလွင်  (ဒုက္ခဆင်းရဲရောက်သောအခါ)
မျက်မမြင်များမှ ချီးမွမ်းခြင်း  (12,160  31Dec2010)


ကျေးဇူးတော်ခွက်ဖလားလျှံလျှက်ရှိပါ၏ - ဆရာဦးညွန်လှ


ရေးစပ်၊ သီဆို၊ တီးခတ်၊ ဖြန့်ချိသူများ နှင့် အထူးသဖြင့် အင်တာနက်တွင် တင်ပေးသောမိတ်ဆွေများအား ဘုရားသခင်ဘုန်းတော်ထင်ရှားပါစေ။ ... မုရန်

---
--
စိတ်သည် မည်သည့် အရာပေါ်တွင်မှ ကပ်ညိခြင်း မလျဉ်းမရှိပါစေနှင့်။ကျွန်ုပ်၏ပြိုင်ဘက်မှာ ကျွန်ုပ်၏ စိတ်နှင့် ကျွန်ုပ်သာဖြစ်စေရမည်။
လွမ်းနေသူ®ူ


Reply all
Reply to author
Forward
0 new messages