16th Jan - MoeMaKa Daily

27 views
Skip to first unread message

Maung Yit

unread,
Jan 16, 2013, 11:44:51 AM1/16/13
to sfbcir...@moemaka.info, moemak...@moemaka.biz, burm...@googlegroups.com, moemaka
ရွှေတွံတေးဆရာတော် ငြိမ်းချမ်းပါစေ ကမ္ဘာမြေ နိုင်/ချုပ် စာအုပ်ရောင်းပွဲသို့ကြွရောက်
ချမ်းမြ (မိုးမခအထောက်တော်)
ဇန်န၀ါရီ ၁၆၊ ၂၀၁၃


နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်(နိုင်/ချုပ်) ကပြုလုပ်သော စာအုပ်ရောင်းပွဲကို ရန်ကုန်မြို့ ကန်တော်ကြီး ကရ၀ိတ်ဥယျာဉ်တွင် (15.1.2013 မှ 18.1.2013) နေ့ထိ ကျင်းပရာရွှေတွံတေးဆရာတော်နှင့် နိုင်ငံခြားသား ရဟန်းတော်များဧည့်သည်တော်များလဲကြွရောက်ခဲ့ကြသည်။ နိုင်/ချုပ် စာအုပ်ရောင်းပွဲမှရရှိသော အမြတ်ငွေကို ကချင်ဒုက္ခသည်များနှင့် မိဘမဲ့ခလေးများ ပညာရေးအတွက်ထောက်ပံ့မည်ဖြစ်ရာ
 ရွှေတွံတေးဆရာတော်နှင့် ဧည့်သည်များက အလျူငွေများပေးအပ်ခဲ့သည်။







နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများကွန်ယက်  ဦးဝင်းတင်ဖောင်ဒေးရှင်းနှင့် နိုင်/ချုပ်တို့သည် ဒုက္ခ သည်များနှင့် ခက်ခဲရင်ဆိုင်နေရသူများအကျဉ်းစံများကို ကူညီစောင့်ရှောက်ပေးနေကြသည်။

ရွှေတွံတေးဆရာတော်က “ဒီအဖွဲ့တွေ ရည်ရွှယ်ချက်ကောင်းလို့ အားပေးတာပါ။ ထောင်ထဲမှာရှိတဲ့ အကျဉ်းသားတွေအားလုံးကိုလဲ ချက်ချင်းလွှတ်ပေးစေချင်တယ်။ ကချင်ဒေသမှာလဲ စစ်ပွဲတွေ ချက်ချင်းရပ်စေချင်တယ်။ အင်အားကြီး ပါဝါကြီးတဲ့သူက သဘောထားကြီးပေး လိုက်ရင် ငြိမ်းချမ်းသွားမှာပဲ။ ဆရာတော်ကိုယ်တိုင်က ငြိမ်းချမ်းပါစေလို့ ပြောနေကြမို့ အခုကျင်းပတဲ့ ငြိမ်းချမ်းပါစေ ကမ္ဘာမြေ စာအုပ်ရောင်း ပွဲကို ကြွဖြစ်တာပါ” စသည်ဖြစ်မိန့်ကြားပါသည်။
Posted by Aung Htet at 7:47 AM 0 comments 

Virus

ဗိုင်းရပ်စ်
မြတ်သောခေတ်
ဒီဇင်ဘာ ၁၆၊ ၂၀၁၃

မြတ်သောခေတ် ရေးသားသည့် ဤ၀တ္ထုတိုမှာ ပြီးခဲ့သည့်လထုတ် ရွှေအမြုတေ မဂ္ဂဇင်းတွင် ပါရှိခဲ့သော ၀တ္ထုတို ဖြစ်သည်။ဤ၀တ္ထုတိုနှင့် ပတ်သက်ပြီး  အလင်းတန်းဂျာနယ်တွင် ဝေဖန်သုံးသပ်ချက်ဆောင်းပါးတပုဒ်ကို တွေ့ရသည်။  
ဝေဖန်သုံးသပ်ချက် 
စာမျက်နှာ ၁ စာမျက်နှာ ၂ 


-------------------------------------------------------------
ရှေ့တည့်တည့်ရှိ မော်နီတာကို ငေးစိုက်၍ ကြည့် နေသော ရောဘတ် စိတ်တို့ ဂနာ မငြိမ် ဖြစ်နေ၏။

ချောမော လှပ၍ စွဲမက်ဖွယ် ခန္ဓာကိုယ် အချိုးအဆစ် နှင့် သူ မတူအောင် လှချင်တိုင်း လှနေသော မိန်းမပျိုလေးတစ်ဦးကလည်း မော်နီတာ ဖန်သားပြင်က တစ်ဆင့် ရောဘတ်ကို ခပ်တွေတွေ ပြန်ကြည့်နေသယောင် ထင်ရသည်။ ထိုမိန်းမပျိုကား တခြား မဟုတ်။

Posted by Moemaka at 3:30 AM 0 comments 
Labels: Short Stories

TUESDAY, JANUARY 15, 2013

Letter to NLD (Hinthada) Conference


(ဟင်္သာတ(ဧရာဝတီတိုင်း) ဇန်န၀ါရီ ၁၂၊ ၂၀၁၂ )
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ညီလာခံအဆင့်ဆင့် အောင်မြင်စွာကျင်းပနိုင်ရေးသို့ 
ဘက်မလိုက်နိုင်ငံရေးအဖွဲ့ (ဧရာဝတီတိုင်း)  ၁၅/၁/၂၀၁၃ (စာ - ၂) ဆ/ရ
ဇန်န၀ါရီ ၁၆၊ ၂၀၁၃
ဟင်္သာတမြို့ နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် အထူးတင်ပြစာ
ကျွန်ုပ်တို့၏ မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်က တိုင်းတစ်ပါး၏ အုပ်ချုပ်မှုအောက်မှ လွတ်မြောက်ခဲ့သည်ကားမှန်ပါ၏။ သို့သော် ပြည်သူများ လွတ်လပ်ရေး၏ အသီးအပွင့်များကို အပြည့်အဝ ခံစားရပါသလား။ အဖြေကား ရှင်းပါ၏။ မရပါ။ တိုင်းတစ်ပါး၏ ကျွန်ပြုမှုအောက်မှ လွတ်မြောက်ပြီး (၁၀) နှစ် ကြာသောအခါ စစ်အာဏာရှင်အောက် (၂) နှစ် ခန့် ရောက်ခဲ့ ပြီးနောက် ၁၉၆၂ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ အာဏာသိမ်းစစ်အစိုးအောက်တွင် ပြည်သူများ ဒုက္ခအပေါင်းကို ခါးစီးခံခဲ့ရပြီး ၁၉၇၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ တစ်ပါတီ (မဆလ) အာဏာရှင် အစိုးရအောက်တွင် ပြည်သူများ လွတ်လပ်ခွင့်အားလုံး ဆုံးရှုံးခဲ့ရလေသည်။ တိုင်းပြည်လည်း အဆင်းရဲဆုံးနိုင်ငံအဖြစ်သို့ ရောက်ရှိခဲ့ရလေသည်။ (ဖိနှိပ်မှုအားလုံးတွင် တန်ပြန် သက်ရောက်မှုရှိသည်)
၁၉၈၈ ခုနှစ်တွင် ၈၈၈၈ ရှစ်လေးလုံး အရေးတော်ပုံကြီး အံမခမ်းနှိုင်အောင် ပေါ်ပေါက်လာကာ တစ်ပါတီအာဏာရှင်စနစ်သည်လည်း ချုပ်ငြိမ်းခဲ့ရေပေတာ့သည်။ သို့ သော် စစ်အာဏာရှင်တို့၏
ချယ်လှယ်စိုးမိုးမှုအောက်သို့  ရောက်ခဲ့ရပြန်လေသည်။ ပါတီစုံစနစ်ဟုဆိုကာ လမ်းခင်းပေး၏။ ၁၉၉၀ ရွေးကောက်ပွဲ လုပ်ပေးပြန်၏။သို့သော် အနိုင်ရပါတီကို အာဏာမလွှဲဘဲ သူတို့ ပါဝါသာ မြဲလေသည်။
ဤသို့ဖြင့် ရွေးကောက်ပွဲအနိုင်ရပါတီကြီး ဖြစ်သည့် အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်သည်   စစ်အာဏာရင်တို့၏  ဖိနှိပ်ချုပ်ချယ်မှုအမျိုးမျိုးအောက်တွင် လူးကာလွန့်ကာဖြင့် မပြိုမလဲရုံတမယ် ကြံ့ ကြံ့ ခံကာ ရပ်တည်ခဲ့ရသည်မှာ ရာစုနှစ် လေးပုံတစ်ပုံနီးပါး ကြာမြင့်ခဲရပေသည်။ အသက်များစွာနှင့် ဘဝများစွာ ပေးဆပ်ခဲ့ရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် အာဏာမရခဲ့သော်လည်း ပြည်သူ့တို၏ မေတ္တာနှင့် ဂရုဏာကိုတော့ အပြည့်အ၀ ရခဲ့ပေသည်။ အနှစ်၂၄ နှစ်ကျော် ကြာသည်အထိ အဖွဲ့ချုပ် မြို့ နယ်ရုံးများကို မပြိုမလဲအောင် စောင့်ရှောင့်ခဲ့ကြသည့် မြို့ နယ်စည်းရုံးရေးအဖွဲ့ ဦးဆောင် ဦးရွက်ပြုသူများကို အထူးလေးစားပါကြောင်း၊ ဤစာ၌ ထည့်သွင်းဖေါ်ပြ အပ်ပါသည်။
၂၀၁၂ ဧပြီလတွင် ကျင်းပပြုလုပ်ခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ရာနှန်းပြည့်နီးပါး အနိုင်ရရှိခဲ့သည့်အဖွဲ့ ချုပ်သည် ၂၀၁၅ တွင် အာဏာရပါတီဖြစ်ရန်မှာ အထူးအရေးကြီးသော အခန်း ကဏ္ဍတခု ဖြစ်ပေသည်။ မည်သည့်နိုင်ငံတွင်မဆို အာဏာရပါတီသည် ပြည်သူကိုဦးဆောင် ဦးရွက်ပြုရန် တာဝန်ရှိပေသည်။ မိမိတို့၏ တိုင်းပြည်တိုးတက်ဖွံ့ဖြိုးရန်မှာ အာဏာရပါတီအပေါ်တွင် များစွာ မူတည်နေသာကြောင့် ပါတီခေါင်းဆောင်များ အရည်အချင်းပြည့်ဝရန်၊ (သို့မဟုတ်) အရည်အချင်းပြည့်ဝသည့် ခေါင်းဆောင်များကို ရွေးချယ်ပေးရန်မှာ ရွေးချယ်ပေးလိုက်သူများ၏အရေးအကြီးဆုံးတာဝန်ဟု ဆိုပါက မမှားနိုင်ပါ။ ပါတီညီလာခံ အဆင့်ဆင့်အတွက် ညီလာခံကိုယ်စားလှယ်များ ရွေးချယ်ရာတွင် ညံ့ဖျင်းသောသူများကို မရွေးချယ်မိစေဖို့ လိုပါသည်။
အချို့ ဒေသများတွင် မိမိ(သို့ မဟုတ်) မိမိအလိုရှိသော
သူများ ရွေးချယ်ခံရရေးအတွက် အခြားညီလာခံကိုယ်စားများကို နှိမ့်ချ ပြောဆိုနေခြင်းသည် လုံးဝမဖြစ်သင့်သည့် ကိစ္စဖြစ်ပေသည်။
ထိုသို့  ပြောဆိုနေသူများသည်
(၁) မိမိ၏ ညံ့ဖျင်းမှု
(၂) နိုင်ငံရေးသ၀န်တိုမှု
(၃) ဒီမိုကရေစီ၏ အနှစ်သာရကို သဘောမပေါက်မှု
(၄) ရွေးကောက်ပွဲဆိုင်ရာ စည်းရုံးရေးစည်းမျဉ်း စည်းကမ်းများကို မလေ့လာမှု
(၅) လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖေါက်နေမှု
(၆) အာဏာရှင်ဆန်နေမှုကို မသိမြင်မှု
(၇) အဖွဲ့ ချုပ်ဥက္ကဋ္ဌ၏ သဘောထားနှင့် ဆန့်ကျင်နေမှု
(၈) တရားမျှတစွာ ယှဉ်ပြိုင်ခြင်းကို မလေးစားမှု
(၉) ပါတီအတွင်း စည်းလုံးညီညွှတ်မှုကို ပြိုကွဲစေမှု
(၁၀) အသရေပျက်စေမှု
စသည့် မိမိတို့၏ ချို့ယွင်းချက်ပေါင်းများစွာကို ဖေါ်ပြရာရောက်နေပေသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်ချိန်မှ ယနေ့အချိန်အထိ တစ်ခါမှ  ဗဟိုညီလာခံ ကျင်းပနှိုင်ခြင်း မရှိခဲ့ချေ။ ဖေဖ်ါဝါရီလအတွင်း ကျင်းပရန်ရှိကြောင်း သိရှိရသဖြင့် ဝမ်းမြောက်ဝမ်းသာစွာဖြင့် ကြိုဆိုလျှက်ရှိပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၉၀ ခုနှစ် အချိန်က အကိုင်းအခက်စုံလင်ပြီး ပြည်သူတို့အတွက် အေးမြသာယာသော အရိပ်အာဝါသကို ပေးနိုင်နေသည့်အချိန်ရောက်ခါမှ အကိုင်းကြီး၊ အကိုင်းငယ်၊ အခက်ကြီး၊ အခက်ငယ် အားလုံးကို ခုတ်ဖြတ်ခြင်း ခံခဲ့ရပေသည်။  ယခုအချိန်တွင် ထွက်ခါစ အကိုင်းနု၊ အခက်နုတို့ ဖြင့် ဝေဖြာကာစ အချိန်ဖြစ်ပေသည်။ ထိုအချိန်တွင် မိမိအကိုင်းအခက်ကို မိမိကိုယ်တိုင် မချိုးမိစေဘို့  အထူးအရေးကြီးပေသည်။
ဆိုလိုသည်မှာ မူဝါဒက ပြဿနာမဖြစ်ပါဘဲ၊ လူအချင်းချင်း မိမိတို့အဖွဲ့ဝင် ညီအစ်ကိုအချင်းချင်း ပြဿနာဖြစ်နေပါက တစ်ဖက်ပြိုင်ဖက်များအတွက် အားဖြည့်ပေးရာ ကျပါလိမ့်မည်။ ဤအချက်ကို အထူးသတိမူကြရန်လိုအပ်ပါသည်။ ပြည်သူအတွက် တည်ဆောက်ထားသောပါတီတစ်ခုသည် ပြည်သူ့အကျိုးအတွက်ကိုသာ ဦးထိပ်ထား၍ စည်းရုံးလှုပ်ရှားရမည် ဖြစ်ပါသည်။ မိမိကိုယ်ကျိုးအတွက် ရှေ့တန်းတင် မစည်းရုံးသင့်ပါ။ ပါတီသည် ပြည်သူ့အတွက် ဖြစ်ရမည်။  ပြည်သူအားလုံး၏အကျိုးကိုသာ ရှေ့တန်းတင် ရပါမည်။ အမျိုးသားဒီမီုကရေစီအဖွဲ့ ချုပ်ပါတီဝင်
တိုင်း ကိုယ်ကျိုးမျှော်နိုင်ငံရေးသမား မဟုတ်ကြဘဲ ကိုယ်ကျိုးစွန့် နိုင်ငံရေးးသမားများသာ ဖြစ်သင့်ပါသည်။ ဖြစ်လည်း ဖြစ်စေလိုပါသည်။
ကျွန်ုပ်တို့ ဘက်မလိုက်နိုင်ငံရေးအဖွဲ့  (ဧရာဝတီတိုင်း)သည်  ၉/၁/၂၀၁၃ ရက်စွဲဖြင့် ဟင်္သာတမြိုနယ် အမျိုသားဒီမီုကရေစီအဖွဲ့ချုပ်မြို့ နယ်ညီလာခံကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်၎င်း၊ လူကောင်းလူတော်များ ရွေးချယ် တင်မြှောက်နှိုင်ရေးအတွက်၎င်း၊ အကြံပြုချက်သဘောထားဆောင်သည့် စာတစ်စောင်ကို ပြုစုရေးသားတင်ပြပြီး ဖြစ်ပါသည်။ ယခုစာမှာ ဒုတိယအကြိမ် ရေးသားပြုစုတင်ပြထားသည့် စာဖြစ်ပါသည်။ ပထမစာတွင် ပါရှိသည့် (ရွေးချယ်ခံထိုက်သူများ၏ ကိုယ်ရေးရာဇ၀င်များကို တောင်းခံတင်ပြပါမည်)။ အကြာင်းအရာအတွက် ၄င်းတို၏ ခွင့်ပြုချက်လိုအပ်ပါသဖြင့် ကြန့်ကြာနေမှုကို နားလည်ခွင့်လွှတ်ပါရန် အနုးအညွတ် တောင်းပန်အပ်ပါသည်။ နောင်တွင်လည်း အခါအားလျှော်စွာ ဆက်လက် တင်ပြသွားမည်
ဖြစ်ပါကြောင်း အမျိုသား ဒီမိုကေရစီအဖွဲချုပ်ပါတီဝင်များနှင့် ပြည်သူအပါင်းအား လေးစားစွာဖြင့် …

ဘက်မလိုက်နိုင်ငံရေးအဖွဲ့  (ဧရာဝတီတိုင်း) ၁၅/၁/၂၀၁၃(စာ - ၂) ဆရ
Posted by Maung Yit at 10:09 PM 0 comments 

Prayer for Peace in Kachin - Invitation


ကချင်ပြည်နယ်ငြိမ်းချမ်းရေးဆုတောင်းပွဲ ဆန်ဖရန်ဘေး၊ ဥက္ကလံမြို့၊ ချပ်ကျောင်းမှာ ကျင်းပမည်
မိုးမခရွာဆော်ကြီး၊ ဇန်န၀ါရီ ၁၆၊ ၂၀၁၃
လာမယ့် ဇန်န၀ါရီ ၂၀၊ တနင်္ဂနွေနေ့၊ ညနေ ၆ နာရီ၊ ကချင်ဘပ္ဗစ်ချပ်ကျောင်း (20th of January (Sunday), at 6:00 pm @ San Francisco Kachin Baptist Church, 3534 Lakeshore Avenue, Oakland, California, 94610. )   မှာကျင်းပမယ်လို့ စိတ်ဝင်စားသူများကို ဖတ်ကြားထားပါတယ်။
Posted by Maung Yit at 8:45 PM 0 comments 

Letter from Retiree - U Myint Hlaing, Agriculture and Irrigation Minister, Corruptions


လည်ယာ ဆည်မြောင်း ၀န်ကြီး ဦးမြင့်လှိုင် အလွဲသုံးစားမှုများ
လယ်/ဆည်မှ အငြိမ်းစားဝန်ထမ်းတဦး၊ ဇန်န၀ါရီ ၁၆၊ ၂၀၁၃
            ၂ဝ၁၅ မတိုင်မီ ပြည်သူပိုင်စက်ရုံများကို ငှားရမ်းရောင်းစားခြင်းနှင့် ဌာနမှ စက်-ယန္တရား-ဆီ-လုပ်သားအင်အားများကို ကိုယ်ကျိုးရှာ အလွဲသုံးစားအစွမ်းကုန်လုပ်နေသော လယ်ယာနှင့်ဆည်မြောင်း ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်
ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်သည် လယ်/ဆည်ဝန်ကြီးဌာနအောက်ရှိ စက်ရုံ- အလုပ်ရုံများ မြေနေရာများကို အရှုံးပေါ်နေသည့်ဟု အကြောင်းပြကာ လာဘ် ပေးသော တရုတ်နောက်ကျောပြု ကုမ္ပဏီများအား ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ခေါင်းစဉ်အောက်တွင် အဆောတလျင် နှစ်ရှည်ငှားရမ်း ရောင်းချ၍ အလွဲသုံးစား ပြုနေပါသည်။
ဦးမြင့်လှိုင်သည် ၎င်းနှင့်ပတ်သက်သည့် တရုတ်ကျောထောက်နောက်ခံ ပြုထားသည့်Young Investment Group Industry Co.,Ltd (YIG)  အား ၎င်း၏ ဝန်ကြီး ဌာနလက်အောက်ရှိ စက်ရုံ အများအပြားအား နှစ်ရှည်ငှားရမ်း ထား ပါသည်။
-           စက်ရုံများအား ငှားရမ်းရာတွင်လည်း ပွင့်လင်းမြင်သာမှုမရှိဘဲ သတင်းစာထဲမှ တင်ဒါခေါ်ကာ အချိန်(၇)ရက်သာ ပေး၍ ငှားရမ်းပါသည်။ ငှားရမ်းမည့်ကုမ္ပဏီမှလည်း တင်ဒါကြော်ငြာ မပါမှီကပင် မြေတိုင်းခြင်း၊ အခြားနိုင်ငံခြားကုမ္ပဏီများအား တစ်ဆင့်ပြန်လည်ပြသခြင်းများ ပြုလုပ်နေခြင်းသည် နဂိုကပင် စည်းဝါးရိုက်ထားမှန်း သိသာနေပါသည်။
-           ဝန်ကြီးဦးမြင့်လှိုင်သည် မိဘအမွေပေးထားသော ခိုင်းနွားများကို အကျိုးရှိစွာ အသုံးမချဘဲ မသုံးတတ်ဘဲ သားသတ်သမားလက်သို့ ရောင်းချစားသောက်နေသူနှင့်တူသော ပြည်ဖျက်ကိုယ်ကျိုး ရှာသူဖြစ်နေပါသည်။

ဥပမာ(၁) ပျဉ်းမပင်ပန်ကာကြိုးစက်ရုံ (မြန်မာ့စက်မှုလုပ်ငန်းသုံးရာဘာ ပစ္စည်းစက်ရုံ)ကိုအရှုံးပေါ်သည်ဟု အကြောင်းပြကာ( YIG)  သို့ တစ်လလျှင် ၂၅သိန်းနှင့် ငှားရမ်းထားပါသည်။ ၂ဝ၁၁ ဧပြီလမှ စတင် ငှားရမ်းထားပြီး စက်ရုံမှာ ယခုထိ ပြန်လည်လည်ပတ်ခြင်းမရှိဘဲ စက်ရုံအား ပိတ်ထား ခြင်းမှာ မြန်မာတို့၏ ကုန်ထုတ်လုပ်ငန်းအား ပိတ်ထားပြီး တရုတ်ပစ္စည်းများ သွင်းနိုင်ရန် ရည်ရွယ်ချက်နှင့် လုပ်နေသလား ထင်မှတ်ရပါသည်။  
၎င်းစက်ရုံသည် ယခင်က လယ်ယာသုံးတာယာများ ၊ ပန်ကာကြိုးများကို စွမ်းအားပြည့် ထုတ်လုပ်နေသော စက်ရုံဖြစ်ပြီး ရပ်နားထားသည်မှာ (၁)နှစ်ခွဲ ကျော်နေပြီ ဖြစ်ပါသည်။ လုပ်ကိုင်မစားတတ်သော ဝန်ကြီးသည် အဆင်ခြင်မဲ့စွာ မိမိကိုယ်ကျိုးအတွက် ငှားရမ်းရောင်းစားလိုက်ပါသည်။
စက်ရုံရပ်ထားခြင်းသည် ငှားရမ်းစဉ်က စာချုပ်ပါစည်းကမ်းနှင့် မကိုက်ညီပါ။ တိုင်းပြည်၏ GDP ကျဆင်းစေပါသည်။ သို့သော်လဲ မိမိပိုက်ဆံရပြီးဖြစ်၍ မည်သို့မျှ အရေးယူဆောင်ရွက်ခြင်းမရှိဘဲ YIG မှ လက်ညှိုးထိုးသမျှ အကုန်ငှား ရမ်း၍ ကိုယ်ကျိုးရှာနေ ပါသည်။

ဥပမာ(၂) (၉)မိုင် အမှတ်(၁) လယ်ယာသုံးစက်ကိရိယာစက်ရုံ သည်လည်း (၁ဝ-၃-၁၉၅၆)နှစ်တွင် သခင်ကျော်ထွန်းမှ အုတ်မြစ်ချပြီး မြန်မာ့စက်မှုလယ်ယာကဏ္ဍကို အစဉ်အလာဖြင့် အကျိုးပြုခဲ့သော စက်ရုံဖြစ်ပါသည်။ အမျှော်အမြင်ကြီးသောနိုင်ငံခေါင်းဆောင်များဝန်ကြီးများ အစဉ်အဆက်ပြုစုပျိုးထောင်ခဲ့ သောစက်ရုံဖြစ်ပါသည်။
ယခုလဲ နှစ်စဉ် လယ်ယာသုံးလက်တွန်းထွန်စက်များ ၂ဝဝဝ ကျော် လုပ်ပြီး အမြတ်ရအကျိုး ဖြစ်ထွန်းနေသော စက်ရုံဖြစ်ပါသည်။ အဆင်ခြင်မဲ့သော ဦးမြင့်လှိုင်သည်  YIG ကုမ္ပဏီမှ လိုချင်နေသဖြင့် စက်ရုံအရှုံးပေါ်နေပါသည်ဟု စာရင်းလိမ်ပြကာ ခိုင်းနွားအား သားသတ်သမားသို့ လက်လွှဲပေးနိုင်ရန် အသည်းအသန် ကြိုးစား နေပါသည်။
Young Investment Group Industry Co.,Ltd (YIG)  အား သည် (၉) မိုင် လယ်ယာသုံးစက်ကိရိယာ စက်ရုံ(၁)ကို လိုချင်သည်မှာ လယ်ယာသုံးစက် ထုတ်လုပ်ရန်မဟုတ်ဘဲ နေရာကောင်းသဖြင့် ဟိုတယ်ဆောက်ရန် (သို့) လက်လွှဲရောင်းချရန်ဖြစ်ပါသည်။
YIG သည် လယ်ယာသုံး စက်ကိရိယာထုပ်လုပ်မှုအတွေ့အကြုံမရှိပါ။ မြန်မာများ လယ်ယာသုံးစက်ကိရိယာများ ထုတ်လုပ်မှုရပ်တန့်သွားစေရန်နှင့် နေရာကို ဦး၍ ရောင်းစားရန်သာ ဖြစ်ပါသည်။ စာချုပ်ပါ စည်းကမ်းလိုက်နာမှု ရှိမရှိကို စောင့်ကြည့်ပါ။

ဥပမာ(၃) မကွေး(ပွင့်ဖြူ)ဝါစက်ရုံကိုလည်း  YIG သို့ ငှားရမ်းထားပါသည်။ထုပ်လုပ်မှုရပ်ထားပါသည်။
ဥပမာ(၄) သင်္ဃန်းကျွန်းဆီသန့်စက်ရုံကိုလည်း YIG သို့ ငှားရမ်းထားပါသည်။ထုပ်လုပ်မှုရပ်ထားပါသည်။

လုပ်ငန်းမတူသော အတတ်ပညာခြင်းမတူသောဈေးကွက်ခြင်းမတူသော စက်ရုံများကို ကုမ္ပဏီ တစ်ခုတည်းမှ ငှားရမ်း နေခြင်းသည် မရိုးသားပါ။ နောက်ကွယ်တွင် ရည်ရွယ်ချက်ကြီးကြီးတစ်ခု ရှိနေပါသည်။ ၎င်းရည်ရွယ်ချက်ကို မမြင်ဘဲ မိမိကိုယ်ကျိုးစီးပွားအတွက် မိမိမပြုတ်ခင် အားလုံးလုပ်သွားမည်ဟု ရည်ရွယ်ချက်ဖြင့် တိုင်းပြည်မျက်နှာ ပြည်သူမျက်နှာ ဝန်ထမ်းများမျက်နှာကို မကြည့်ဘဲ ထင်ရာစိုင်းနေသော ဦးမြင့်လှိုင်သည် ဝန်ကြီးနေရာနှင့်မတန်ဘဲ နွားပွဲစားသာ လုပ်သင့်ပါသည်။
စက်ရုံများအား ပုဂ္ဂလိကပိုင် ပြုလုပ်ရာတွင်လည်း မိမိလက်အောက်ရှိ ပညာရှင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၏ အကြံဥာဏ်များကို ရယူခြင်းမရှိဘဲ အတင်းအဓမ္မ အရှုံးပေါ် နေသည်ဟု စာရင်းလိမ်ပြခိုင်းကာ မိမိနှင့်ဆက်နွယ်နေသော ကုမ္ပဏီများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနေပါသည်။ ငှားရမ်းပြီးသော စက်ရုံများကိုလည်း စာချုပ်ပါစည်းကမ့်း လိုက်နာခြင်း ရှိမရှိ မစစ်ဆေးဘဲ ၎င်းင်းကုမ္ပဏီအား မည်သို့အရေးယူ ဆောင်ရွက်ခြင်းမရှိဘဲ တစ်ရုံပြီးနောက်တစ်ရုံဆက်တိုက် ငှားရမ်းရောင်းချလျှက် ရှိပါသည်။


ဦးမြင့်လှိုင်၏ အကျင့်ပျက်ချစားမှုများ
ဦးမြင့်လှိုင်သည် မိမိပိုင်(သို့)မိမိနှင့် ဆက်နွယ်နေသော ကုမ္ပဏီများသည် သူတစ်ပါး လယ်ယာမြေများကို အဓမ္မသိမ်းယူထားပါသည်။ မြင့်ဇေယျာကုမ္ပဏီသည် ဦးမြင့်လှိုင်ပိုင် ကုမ္ပဏီဖြစ်ပြီး ဂျာနယ်များက ရေးကြသဖြင့် ဆန်းမွန်းစတား (Sun Moon Star) နာမည်ပြောင်းကာ လိမ်ပြန်ပါသည်။
၎င်းပိုင်လယ်ယာထွန်ယက်စိုက်ပျိုးရေးအား ဌာနပိုင်စက်ယန္တရားများ၊ ဒီဇယ်ဆီများ၊ ဝန်ထမ်း အင်အားများကို သုံးစွဲကာ ကိုယ်ကျိုးရှာပါသည်။
နိုင်ငံတော်သမ္မတ၏လယ်ယာကိုလည်း ဌာနပိုင်စက်ယန္တရားများ၊ ဒီဇယ်ဆီများ၊ ဝန်ထမ်းများကို အလွဲသုံးစားပြုကာ ၎င်းရာထူး တည်မြဲရေးအတွက် ဖေါ်လံဖားပြန်ပါသည်။
၎င်းနေထိုင်မည့် အိမ်ကိုလည်း ၎င်းအောက်မှ ညွှန်ကြားရေးမှူးချုပ်များအား တစ်ယောက်တစ်မျိုးစီ လုပ်ခိုင်းပါသည်။
စပါးဈေးကျ၍ တောင်သူများ ဒုက္ခရောက်နေချိန်တွင် စပါးအထွက်တိုး အကြောင်းပြကာ တတ်သိပညာရှင်များအား ဘေးချိတ်ပြီး နိုင်ငံပိုင်သတင်း၊ ရုပ်မြင်သံကြားများတွင် ၎င်းနာမည် ပါရေးအတွက် မတတ်မသိဘဲ ထင်ရာစိုင်းကာ တောင်သူများ၊ လုပ်ငန်းရှင်များကို အတင်းအဓမ္မ စပါးစိုက်ခိုင်းကာ နာမည်ကောင်းရရန် ကြိုးစားနေပါသည်။
သဘောကောင်း၊ စေတနာကောင်း တိုင်းပြည်အကျိုးလိုလား၍ အားနာတတ်သော နိုင်ငံတော်သမ္မတကြီးအား လိမ်လည် လှည့်ဖြား နေပါသည်။
ဌာနလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း တတ်သိပညာရှင် ညွှန်ကြားရေးမှူးချုပ်များ၏ အကြံဥာဏ်များကို ရယူခြင်းမရှိဘဲ ယခင်ခေတ်ဟောင်းကလို တစ်သွေးတစ်သံတစ်မိန့်ဖြင့် ကပ်ပါးကုမ္ပဏီများအလိုကျ မိမိကိုယ်ကျိုးစီးပွားအတွက် အဆင်ခြင်မဲ့စွာ ဆောင်ရွက်နေပါသည်။ ဌာနတွင်း ဒီမိုကရေစီ ဆိတ်သုဉ်းနေပါသည်။
နိုင်ငံခြားကုမ္ပဏီများမှ ဝန်ကြီးဌာနအား လက်ဆောင်ပေးသော စက်ယန္တရားများကိုလည်း မိမိပိုင်ကုမ္ပဏီ မိမိ၏လယ်ယာထဲတွင် ဌာနစက်သုံးဆီများနှင့် လုပ်ငန်းဆောင်ရွက်လျှက် ရှိနေပါသည်။
ဦးမြင့်လှိုင်သည်မိမိနှင့်မိမိဆက်စပ်သူများပိုင်လယ်ယာများကိုဌာနမှစက်ယန္တရားများ၊ဒီဇယ်ဆီ၊လူအင်အားဖြင့် မြေပြုပြင်ပြင်ခြင်း၊ ထွန်ယက်ခြင်း အလွဲသုံးစားမှုမှာ (၂)နှစ်စာ ခန့်မှန်းတွက်ကြည့်ရာ ကျပ် သန်း ရှစ်ရာ ခန့်ရှိမည်ဟု ခန့်မှန်းရပါသည်။ ယင်းသတင်းအား (စစစ)မှ စုံစမ်းဖေါ်ထုတ်ရာစုံစမ်းသူ တာဝန်ခံအရာရှိအရေးယူခံရပါသည်။
ခေတ်ပြောင်းစနစ် ပြောင်းသော်လည်း မပြောင်းလဲသော ဦးမြင့်လှိုင်၊ မိဘအမွေပေးထားသော ခိုင်းနွားအား လုပ်ကိုင်မစားတတ်ဘဲ ရေတို မိမိအကျိုးအတွက် သားသတ်သမားလက်သို့ အပ်သော အဆင်ခြင်နည်းသော လူတစ်ယောက်နှင့်တူသော ဦးမြင့်လှိုင်သည် ပြည်ထောင်စုဝန်ကြီးဟူသော ရာထူးနှင့် ထိုက်တန်ပါ၏လောဟု သမ္မတနှင့် အစိုးရတစ်ဖွဲ့လုံး စဉ်းစားဆွေးနွေးရမည့် အချိန်ဖြစ်ပါသည်။ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံး ပုပ်မည့်ကိန်းမဆိုက်ခင် ဆောင်ရွက်ကြစေလိုပါသည်။

လယ်/ဆည်မှ အငြိမ်းစားဝန်ထမ်းတဦး

Posted by Maung Yit at 8:09 PM 0 comments 

Dhamma Beri Ashin Wiriya - Fatherhood


 “ ဖခင်များ မဟုတ်ကြလေရော့သလား ... ’’
ဓမ္မဘေရီ အရှင်ဝီရိယ(တောင်စွန်း)၊ ဇန်န၀ါရီ ၁၆၊ ၂၀၁၃
            အင်္ဂုတ္တရနိကာယ်၊ တိကနိပါတ်၊ အဓိပတေယျသုတ်မှာ မြတ်စွာဘုရားရှင်က၊ လောကသာသနာ၊ နှစ်ဖြာ ကောင်းကျိုး၊ များတိုးစေဖို့အတွက် အလေးအနက်ထားရမယ့်တရား သုံးပါးရှိတယ်။
            (၁) မိမိကိုယ်ကိုယ် အလေးအနက်ထားခြင်း (အတ္တာဓိပတေယျ)။
(၂) မြင်အပ်,မမြင်အပ်တဲ့ မိမိပတ်ဝန်းကျင်လောကအပေါ် အလေးအနက်ထားခြင်း (လောကာဓိပတေယျ)။
(၃) ကောင်းတာပြုရင် ကောင်းကျိုးနဲ့တုံ့ပြန်၊ မကောင်းတာပြုရင် မကောင်းကျိုးနဲ့ တုံ့ပြန်တတ်တဲ့   လောကပါလ ဓမ္မအပေါ် အလေးအနက်ထားခြင်း(ဓမ္မာဓိပတေယျ) ဆိုတဲ့ တရားသုံးမျိုးတို့ပါ။
            “အတ္တာ ဟိ အတ္တနော နာထော” ဆိုတဲ့ မြတ်ဗုဒ္ဓရဲ့လမ်းညွှန်ဩဝါဒအတိုင်း လူတိုင်းအတွက် အရေး အကြီးဆုံး ပထမလူဟာ မိမိတို့ ကိုယ်တိုင်ပဲဖြစ်လို့ “လူတိုင်းဟာ ပထမဦးဆုံး မိမိကိုယ်ကိုယ် အလေးအနက် ထားရမယ်”လို့ မြတ်ဗုဒ္ဓက ဟောညွှန်ထားတာပါ။ ဒီနေရာမှာ “မိမိကိုယ်ကိုယ်”ဆိုတာ မိမိတစ်ဦးတစ်ယောက် ကိုသာ ဆိုလိုတာမဟုတ်ပါဘူး၊ မိမိအပါအဝင် မိမိကိုအခြေခံပြီး တိုးတက်ပေါက်ဖွားလာမဲ့ မိမိရဲ့သားစဉ်မြေးဆက် အားလုံးကိုပဲ “မိမိကိုယ်တိုင်”အဖြစ် အလေးအနက် ထားကြရမှာပါ။
            လူတိုင်းဟာ မိမိတို့လုပ်ကိုင်ဆောင်ရွက်တဲ့ ကောင်းမှုဆိုးမှုများအတိုင်း “ရရှိခြင်း ဆုံးရှုံးခြင်း”။ “လေးစား သိမှတ်ခြံရံပေါများခြင်းနဲ့ အထီးကျန်ခြင်း”။ “လေးစားမြတ်နိုးတန်ဖိုးထားချီးမွမ်းခံရခြင်းနဲ့ ကဲ့ရဲ့ပြစ်တင် ရှုတ်ချခံရခြင်း”။  “ကိုယ်ရောစိတ်ပါ ချမ်းသာသုခရခြင်းနဲ့ ဆင်းရဲဒုက္ခရခြင်း” ဆိုတဲ့ လောကဓံရှစ်မျိုး (လေးစုံ)ကို မငြင်းမဆန် လက်ခံရမြဲ ဖြစ်ပါတယ်။
            ဒီလောကဓံရှစ်မျိုးထဲမှာလဲ အဆိုးလောကဓံမျိုးနဲ့ကြုံရတဲ့အခါမှာ မိမိတစ်ဦးတစ်ယောက်ထဲက ခံစားလို့ ရနိုင်ပေမဲ့ အကောင်းလောကဓံတရားလေးမျိုးမှာတော့ လောကုတ္တရာချမ်းသာသုခဖြစ်တဲ့ နိဗ္ဗာန်ချမ်းသာက လွဲလို့ လောကီကောင်းကျိုးဖြစ်တဲ့ လောကဓံကောင်းမှန်သမျှဟာ လောကကြီးကအသိအမှတ်ပြုခြင်းနဲ့ ဆက်စပ် ပြီးတော့မှသာ ခံစားချမ်းသာနိုင်တာပါ။ အသိအမှတ်ပြုပေးတဲ့ ပတ်ဝန်းကျင်လောကမရှိဘူးဆိုရင် သတ္တလောက ဆိတ်သုဉ်းနေတဲ့ သုညကမ္ဘာဆိုတာမျိုးမှာ လေးကျွန်းလုံးကို အာဏာစိုးပိုင်တဲ့ စကြာဝတေးမင်းကြီးဖြစ်နေဦးတော့ ခြံရံခစား လေးစားသိမှတ်သူမှမရှိဘဲ ဘယ်လိုလုပ် ချမ်းသာသုခတို့ ဂုဏ်သတင်းကျော်စောခြင်းတို့ဆိုတာ ဖြစ်နိုင်မလဲ။ ဒါကြောင့် လောကီလူသားတိုင်းဟာ ဒုတိယဦးစားပေးအဖြစ်နဲ့ ပတ်ဝန်းကျင် လောကအပေါ် အလေးအနက် ထားရမယ်လို့ ဆိုတာပါ။
            ဒီလိုတွေ့ကြုံခံစားရတဲ့ ကောင်းကျိုးနဲ့ဆိုးပြစ်များဟာလဲ ပုဂ္ဂလာဓိဋ္ဌာန်အားဖြင့် ဘယ်သူ့ကိုမှ ဘက်မလိုက် တဲ့ ကမ္မနိယာမတရားကသာ အဆုံးအဖြတ်ပေးတာဖြစ်လို့၊ မိမိတို့ရဲ့အထွတ်အထိပ်အဖြစ်နဲ့ အမှန်တရားဆိုတဲ့ “ဓမ္မ”ကို အလေးအနက်ထားရမယ်လို့ ဟောညွှန်တော်မူတာပါ။
            အေလးအနက္ထားရမဲ့ ဒီအဓိပေတယ်တရား သံုးပါးထဲက “အတၲာဓိပေတယ်”ဆိုတဲ့ မိမိနဲ့ မိမိရဲ့ သားစဉ်မြေးဆက်များ အပေါ် အလေးအနက်ထားခြင်းနဲ့ပတ်သက်လို့ ပစ္စက္ခမျက်မှောက်မှာ အတုယူအားကျ လိုက်နာစရာ သာဓကတစ်ခုအနေနဲ့ ကဗျာဆရာကြီးဦးတင်မိုးရဲ့ “ငါကား ဖခင်ဖြစ်ချေပြီ”ဆိုတဲ့ ကဗျာဟာ တကယ်ကို ကောင်းမွန်ပြောင်မြောက်လှပါတယ်။
            (ဒီကဗျာကို ပဲခူး အ.ထ.က(၃)ကထုတ်တဲ့ အမျိုးသားနေ့ ရွှေရတုသဘင်အထိမ်းအမှတ်မဂ္ဂဇင်းမှာ ရေးခဲ့တာ ဖြစ်ပေမဲ့ “အတွေးအမြင်” မဂ္ဂဇင်းမှာ ဆရာမောင်ဝံသက ဆောင်းပါးအဖြစ် ပြန်ရေးပြလိုက်မှ ပိုပြီးကျယ်ကျယ် ပြန့်ပြန့် သိခွင့်ရကြတာပါ)
ဆရာတင်မိုးရဲ့ကဗျာက-
“တို့အဖေကား
                            ရွှေငွေဥစ္စာ၊ အာဏာမင်းစက်
                            ရာထူးမက်”ဟု
                            သားရှက်မခံတော့ပါပြီ။
                           “တို့အဖေကား
                            နေရာတစ်ခု၊ ရလိုမှုတွက်
                            အလုအယက်၊ ခြေကိုဖက်”ဟု
                            သားရှက်မခံတော့ပါပြီ။
                            ငါ၏စိတ်ထား၊ ငါ့စကားသည်
                            သားတို့တန်ဆောင် သားတို့ခေါင်းဆောင် ဖြစ်ချေပြီ ... တဲ့။
ဒီကဗျာနဲ့ပတ်သက်လို့ ဆရာမောင်ဝံသအိမ်မှာ ဆရာတင်မိုးနဲ့ဆုံမိပြီး စကားစမြည်ပြောဖြစ်တဲ့အခါ ဆရာတင်မိုးက-
            “ဆရာမင်းသုဝဏ်ရဲ့ ဩဝါဒစကားတစ်ခုရှိတယ်ဗျ၊ လူဆိုတာ သေခါနီးပြန်စဉ်းစားမိတဲ့အချိန်မှာ ကိုယ်တိုင်သာဓု ခေါ်သွားနိုင်တဲ့ အလုပ်မျိုးကို လုပ်နိုင်ခဲ့ဖို့ ကြိုးစားရမယ်တဲ့။ ကျွန်တော်ကတော့ ကိုယ်လုပ်ခဲ့ တာတွေအတွက် ကိုယ့်သားသမီးတွေ ရှက်စရာမဖြစ်အောင် ကြိုးစားနေရတုန်းပါဗျာ”လို့ လေးတွဲ့စကား ဆိုပါသတဲ့။ (မောင်ဝံသ၊ ဒုတိယအတွေး၊ ၁၀၂။)
            အတွေးအမြင်မဂ္ဂဇင်းမှာ ဒီကဗျာအကြောင်းကိုဖတ်ရတဲ့ နယ်ကကျောင်းဆရာတစ်ဦးရဲ့ အတွေ့အကြုံ  အဖြည့်ပိုဒ်ကလေးတစ်ခုကိုလဲ ဆရာမောင်ဝံသရဲ့ ဆောင်းပါးတစ်ပုဒ်မှာ ဖတ်လိုက်ရဖူးပါတယ်။
            နယ်က အထက်တန်းကျောင်းတစ်ကျောင်းမှာ အာဇာနည်နေ့နဲ့ပတ်သက်ပြီး အခမ်းအနားတစ်ခုအတွက် ကြိုတင်ပြင်ဆင်ကြတဲ့အခါ အဲဒီကျောင်းဆရာက သူ့တပည့်များထဲက စာစီစာကုံးအရေးအသား အလွန်တော်တဲ့ တပည့်တစ်ယောက်ကို အာဇာနည်နေ့ ဟောပြောပွဲ၊ ပြိုင်ပွဲများမှာ မပျက်မကွက်တက်ရောက်ဖို့ လက်ရွေးစင်အဖြစ်  နဲ့ ရွေးချယ်သတ်မှတ်လိုက်ပါသတဲ့။
            လူရှင်းတဲ့အချိန်ရောက်တော့ အဲဒီလက်ရွေးစင်ကျောင်းသားက ဆရာ့အခန်းရောက်လာပြီး မရွှင်မပျ မျက်နှာနဲ့ သူမတက်ရောက်နိုင်တဲ့အကြောင်း အသနားခံ ခွင့်တောင်းလာတယ်။ ဘာ့ကြောင့်လဲလို့ မေးတော့၊ သူ့အဖိုးက အာဇာနည်ကြီးတွေကို လုပ်ကြံတဲ့အထဲမှာ ပါဝင်နေတဲ့အတွက် သူ လိပ်ပြာမသန့် ဖြစ်ရကြောင်း၊ မျက်ရည်ဝဲပြီး ပြောခဲ့ပါသတဲ့။
            ဒါ့ကြောင့် သူ့အနေနဲ့ ဆရာဦးတင်မိုးရဲ့ ကဗျာထဲမှာ -
                                                “တို့အဖေကား
                                     တိုင်းပြည်မျက်နှာ၊ မညှာမထောက်
                                     သစ္စာဖောက်ဖျက်၊ သူပြုရက်”ဟု
                                     သားရှက်မခံတော့ပါပြီ။
ဆိုတဲ့အပိုဒ် တစ်ပိုဒ်လောက် ထပ်ပြီးဖြည့်စွက်လိုက်ချင်ပါတယ်လို့ စာရေးလာပါသတဲ့။
            ဒီနေ့ အရပ်သတင်းတွေမှာရော၊ ဂျာနယ်သတင်းတွေ၊ အင်တာနက်သတင်းတွေမှာရော ရွှေငွေဥစ္စာ အာဏာ မင်းစက်အတွက် အမျိုးဘာသာသာသနာကိုပင် မထောက်မညှာဘဲ၊ တို့ဘိုးဘွားပိုင် အမွေစစ်သယံဇာတတွေကို တိုင်းတစ်ပါးလက် ဝ,ကွက်ပြီး ထိုးအပ်နေကြတာတွေ။ နိုင်ငံပိုင် မြေပေါ်မြေအောက် သယံဇာတတွေကိုရော၊ ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်စားသောက်နေကြတဲ့ တောင်သူလယ်သမားတို့ရဲ့ မြေယာတွေကိုရော၊ ကြိုက်သလို ခြယ်လှယ်သိမ်းယူနိုင်ဖို့အတွက် အထက်လူကိုခြေဖက်၊ အောက်လူကိုခြေကန်လုပ်နေကြတဲ့ ခရိုနီ ဆိုသူတွေ။ ကဗျာဆရာတစ်ယောက်ရဲ့ ကဗျာထဲကလို “တိုင်းပြည်ကိုလု၊ လူထုကိုနှိမ်၊ စည်းစိမ်ကိုခံ၊ ရေနံကိုသိမ်း၊ ကျောက်စိမ်းကိုလစ်၊  ကျွန်းသစ်ကိုယူ၊ ဆန်ဖြူကို စား၊ စပါးကိုခိုး၊ နွားသိုးကိုဆွဲ၊ လယ်တဲကိုဖျက်၊ မြေကွက်ကိုစီး၊ သမီးကိုတောင်း၊ ကားကောင်းကိုဖမ်း၊ ထင်တိုင်း ရမ်းနေကြသူတွေ။” သူ့ဘာသာတရားကို ချဲ့ခွင့်ပေးပြီး၊ ကိုယ့်ဘာသာတရားကို နှဲ့နေကြသူတွေအကြောင်း မမြင်ချင် မကြားချင်အဆုံး၊ မြင်နေ၊ ကြားနေ၊ ကြုံတွေ့နေရတဲ့ အခါ၊ မြတ်ဗုဒ္ဓဟောကြားထားတဲ့ အဓိပတေယျ တရားတော်နဲ့ ဆရာတင်မိုးရဲ့ကဗျာကို သတိရနေမိသလို၊ သတင်းစာဆရာကြီး မောင်မဲ(သခင်တင်ဟိန်း)ပြောပြဖူးတဲ့ “ကိုလိုနီလက်သစ်”ဆိုတဲ့ အကြောင်းကိုလဲ သတိရနေမိပါတယ်။
            ၁၉၉၄-ခုနှစ်လောက်ကပါ၊ ဖားအံ့မြို့၊ တောင်ကလေးကျောင်းတိုက်မှာရှိနေတဲ့ အဖိုးဆရာမဲထံမှာ မိမိက စာရေးသားမှုလက်တွေ့လေ့ကျင့်သင်ကြားရင်း သုံးလလောက်အတူ သွားနေခဲ့ပါတယ်။ အဲဒီတုန်းက သတင်းတွေ၊ သတင်းစာတွေထဲမှာ “ပြည်ပအားကိုး ပုဆိန်ရိုး”တို့၊ “နယ်ချဲ့လက်ပါးစေ”တို့ “ကိုလိုနီလက်သစ်” တို့ ဆိုတဲ့ စကားတွေက နေ့စဉ် ကြားနေ၊ တွေ့နေရတယ်။
            ဒီစကားတွေထဲက  “ကိုလိုနီလက်သစ်”ဆိုတာကို မိမိသိပ်သဘောမပေါက်တဲ့အတွက် ကိုလိုနီမှာ လက်သစ်နဲ့ လက်ဟောင်း ဘယ်လိုထူးသလဲလို့ မေးကြည့်တဲ့အခါ၊
အဖိုး(ဆရာမဲ)က-
            “ကိုလိုနီဆိုတာ (၁) တိုင်းပြည်နယ်မြေကိုသိမ်းပိုက်လိုခြင်း၊ (၂) သယံဇာတကို အပိုင်စီးလိုခြင်း၊ (၃) လူမျိုးကို ကျွန်ပြု လိုခြင်းဆိုတဲ့ ရည်ရွယ်ချက်သုံးခုအတွက် လက်နက်နဲ့ တိုက်ခိုက်သိမ်းပိုက်ပြီး ဇွတ်အတင်းဝင်ရောက်အုပ်ချုပ် တာပေါ့။ ဒီသုံးမျိုးလုံးကိုပဲဖြစ်ဖြစ်၊ တစ်မျိုး နှစ်မျိုးကိုပဲဖြစ်ဖြစ် ထိုးအပ်လိုက်ရပြီဆိုရင်၊ အဲဒါ သူ့ ကိုလိုနီ ဖြစ်သွား တာပဲ၊ ဒါက ကိုလိုနီလက်ဟောင်းပေါ့။”
            ဒီလိုဝင်ရောက်သိမ်းပိုက်ပြီးအုပ်ချုပ်တဲ့အခါ အအုပ်ချုပ်ခံနိုင်ငံအတွက် လုံခြုံရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေးစတဲ့ အထွေထွေတာဝန်တွေကိုလဲ ကိုလိုနီပြုတဲ့သူက တာဝန်ယူရတယ်။ မြန်မာပြည်ကို အင်္ဂလိပ်က ကိုလိုနီပြုပြီး အုပ်ချုပ်တုန်းကလိုပေါ့။ ပြီးတော့ ဒီလိုလုပ်တဲ့အတွက် အချုပ်အခြာပိုင်နိုင်ငံတစ်ခုကို ကျူးကျော်ဝင်ရောက်မှုလဲဖြစ်တယ်။ အအုပ်ချုပ်ခံရတဲ့ နိုင်ငံသူနိုင်ငံသားက မကျေနပ်လို့တော်လှန်ပုန်ကန်တာ မျိုးဖြစ်ရင် အုပ်ချုပ်သူတွေဘက်က သေကြေ ပျက်စီးရတာမျိုးလဲ ရှိလာတယ်။
            ဒါတွေကိုကြည့်ပြီး ခုခေတ်မှာတော့ သူတစ်ပါးတိုင်းပြည်ထဲကို ဝင်ရောက်သိမ်းပိုက်အုပ်ချုပ်တာမျိုး မလုပ်ကြတော့ဘူး။ လက်နက်အင်အား၊ ဓနအင်အားတွေနဲ့ တိုင်းတစ်ပါးအပေါ် ခြိမ်းခြောက်လွှမ်းမိုးပြီး သယံဇာတကို လက်ဝါးကြီးအုပ်ရယူတာတို့၊ လူမျိုးကို ကျွန်ပြုတာတို့ပဲ လုပ်ကြတော့တယ်။ တန်ရာတန်ကြေး မပေး, မကျွေးဘဲ ကိုယ်လိုသလို ချယ်လှယ်နိုင်အောင် လုပ်ထားတာပေါ့။ ဒါဟာ ကိုလိုနီလက်သစ်ပေါ့။ သူကျတော့ သူ့ကိုလိုနီ ပြုတဲ့နိုင်ငံအပေါ် ဘာမှ တာဝန်မယူရတော့ဘူး။ သယံဇာတနဲ့ လူမျိုးကိုပဲ ထင်သလို ချယ်လှယ်တော့တာပေါ့။ အဲဒီလိုအဖြစ်မျိုးရောက်သွားတဲ့ နိုင်ငံကို “ကိုလိုနီလက်သစ်နိုင်ငံ”လို့ ခေါ်ကြပြီး၊ ကိုယ့်နိုင်ငံကိုယ် အဲဒီအဖြစ်မျိုး ရောက်အောင် လုပ်နေကြတဲ့ သူတွေကိုလဲ “ကိုလိုနီလက်သစ်၊ နယ်ချဲ့လက်ပါးစေတွေ”လို့ ခေါ်ကြတာပေါ့။ အဲဒီလိုကြည့်လိုက်ရင် ဒီနေ့ - နယ်ချဲ့ လက်ပါးစေ၊ ပြည်သူ့ပုဆိန်ရိုး၊ ကိုလိုနီလက်သစ်ဆိုတာ ဘယ်သူတွေ ဖြစ်မလဲဆိုတာကတော့ ကိုယ့်ဟာကိုယ် စဉ်းစားကြည့်ပေါ့” ဆိုတဲ့အကြောင်း ရှင်းပြခဲ့ဖူးပါတယ်။
            ဒီနေ့ တွေ့မြင်ကြားသိနေရတဲ့ ကမ္ဘာမကြေနိုင်လောက်အောင်၊ မြန်မာကြေရတဲ့ လုပ်ရပ်တွေကို လုပ်ဆောင်နေကြတဲ့ ပုဂ္ဂိုလ်များနဲ့ပတ်သက်လို့ အခုပြောခဲ့တဲ့ စာရေးဆရာကြီးနှစ်ဦးတို့ရဲ့ ကဗျာနဲ့စကားအတိုင်းဆိုရင် ဘယ်လိုများ ကောက်ချက်ချရမလဲ၊ ဆရာတင်မိုး ပြောသလို ဖခင်များ မဟုတ်ကြလေရော့သလား၊ ဒါမှမဟုတ် ဆရာကြီးမောင်မဲ ပြောသလို ... ။            ။

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

                                                                                                                        
Posted by Maung Yit at 6:45 PM 0 comments 

White Card issued for Bingali in Rakhine not legal


ဘင်္ဂါလီများအား ယာယီသက်သေခံကဒ် (white card) ထုတ်ပေးခွင့် ကို ဥပဒေတွင် ပြဌာန်းထားခြင်း မရှိ 
By Nang Si Phaung Yiစစ်တွေ ၊ ၁၅ ဇွန်န၀ါရီ ၂၀၁၃ ၊ Coral Arakan News ၊ [ သတင်း ]
(နိုင်ငံမဲ့ နှင့် ခိုးဝင်) ဘင်္ဂါလီများအား ယာယီသက်သေခံကဒ်ပြားများထုတ်ပေးမှုနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် လွှတ်တော်တွင် မေးခွန်းထုတ်သည်ကို ပြည်နယ်လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက ၁၉၅၄ မှတ်ပုံတင်ရေး နည်းဥပဒေအရ ထုတ်ပေးခဲ့သည် ဟု ဖြေကြားခဲ့သော်လည်း၊ ၄င်း ရည်ညွှန်းပြောကြားသော ဥပဒေ နည်းဥပဒေ တို့အရ ယင်းကဲ့သို့ ထုတ်ပေး၍ မရကြောင်းတွေ့ရသည် ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဗဟိုကော်မတီဝင် တစ်ဦးက Coral Arakan အားပြောကြားသည်။
ပဉ္စမအကြိမ်မြောက် ရခိုင်ပြည်နယ်လွှတ်တော် (၁၂)ရက်မြောက်နေ့တွင် ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်း က နှုတ်ဖြင့် ဖြေကြားရာတွင် ၁၉၅၁-ခုနှစ် မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး နည်းဥပဒေ ပုဒ်မ ၁၃/၁ ပုဒ်မခွဲ (က)(ခ)(ဂ) တို့အရ ထုတ်ပေးခဲ့သည် ဟု ဖြေကြားခဲ့သည် ဟု ဆိုသည်။
သို့ရာတွင် ထိုပုဒ်မများသည် “ယခင် ရှိနှင့်ပြီးသော” သက်သေခံကဒ်ပြား ပျောက်ဆုံးခြင်း၊ ပျက်စီးခြင်း၊ မထင်မရှားဖြစ်ခြင်း စသည့် တစ်ခုခု အတွက် သက်သေခံကဒ်ပြားပိုင်ရှင်အနေဖြင့် ယာယီ အသုံးပြုရန် အတွက်သာ ထုတ်ပေးပိုင်ခွင့်ရှိကြောင်းတွေ့ရပြီး၊ ယခင်က သက်သေခံကဒ်ပြား ပိုင်ဆိုင်မှု မရှိဖူးသူများကို အလွယ်သဘော ထုတ်ပေးရန် ခွင့်ပြုထားခြင်း မရှိ ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ၏ လွှတ်တော် အထောက်အကူပြု ကော်မတီ က လေ့လာ တွေ့ရှိထားသည့်အတွက် မည်ကဲ့သို့ဆက်လုပ်သင့်သည်ကို စဉ်းစားနိုင်ကြရန် ဗဟိုကော်မတီဝင်များအားလုံး နှင့် မြို့နယ် ဥက္ကဌများ အားလုံးထံ စာရွက်စာတမ်းများ ပေးပို့ထားသည် ဟု အဆိုပါ ဗဟိုကော်မတီဝင်က Coral Arakan အား ပြောကြားသည်။
၂၀၁၀-ခုနှစ် ရွေးကောက်ပွဲ မတိုင်မီ အချိန်ကလေးတွင်ကပ်၍ ကုလားများမဲပေးနိုင်ရန်အတွက် ပြည်ခိုင်ဖြိုးပါတီ အနိုင်ရရှိရေးအတွက် ဘူးသီးတောင်၊ မောင်တော ၊ ရသေ့တောင်နှင့် အခြားသော ခိုးဝင်ဘင်္ဂါလီများရှိနေသော မြို့နယ်များတွင် နိုင်ငံမဲ့ နှင့် ခိုးဝင် ဘင်္ဂါလီများကို (အဖြူရောင်) ယာယီသက်သေခံကဒ်ပြားများ ထုတ်ပေးပြီး မဲပေးစေရာ ဘူးသီးတောင် နှင့် မောင်တောမြို့နယ် တို့တွင် အစ္စလမ်မစ်ဝါဒီ လွှတ်တော်အမတ်များ ပြည်ခိုင်ဖြိုးပါတီကို ကိုယ်စားပြုကာ အနိုင်ရလာခဲ့ကြသည်။ 
ထို အစ္စလမ်မစ်ဝါဒီများ လွှတ်တော်ထဲသို့ ရောက်သည့် အချိန်မှစ၍ ဗလီဆောက်ခွင့်ပြုရေး၊ ခိုးဝင်ကုလားများ နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ရရှိရေး စသည်တို့ကိုသာ တကျော်ကျော် အော်ဟစ် အဆိုတင်သွင်းခဲ့ကြသည်။ 
ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် အဒူရော်စက် (ခေါ်) ဦးရွှေမောင် ဆိုလျှင် တိုင်းရင်းသားလူမျိုးများအားလုံး နှင့် လက်ရှိအစိုးရ တို့၏ သဘောဆန္ဒအား ဆန့်ကျင်၍ အယ်ဂျာဇီးယား ရုပ်သံအစီအစဉ်တွင် “ရိုဟင်ဂျာ” ဆိုသော လုပ်ကြံဖန်တီး လူမျိုးအတွက် မထီမဲ့မြင် စော်ကားမော်ကားပြောဆိုခြင်း တို့ကို ကျုးလွန်သော်လည်း အစိုးရ နှင့် လွှတ်တော်က မည်သို့မှ အရေးမယူသည်မှာ ကုလားများက သိန်းထောင်ချီပေးကာ ၀ယ်ထားသော မြန်မာအရာရှိကြီးများသည် ပေါက်ရောက်ထိန်းချုပ်နိုင်သော နေရာများတွင် ရှိနေဆဲဖြစ်ကြောင်းကို ညွှန်ပြသည် ဟု စစ်တွေ အခြေစိုက် စောင့်ကြည့်သုံးသပ်သူ တစ်ဦးက Coral Arakan အား ပြောကြားသည်။ 
အလားတူပင် ဖဆပလခေတ်ကလည်း ရခိုင်အခြေစိုက် ရတညပါတီကို အနိုင်ရရေးအတွက် ဖဆပလ ဦးကျော်ငြိမ်း၏ ညွှန်ကြားချက်ဖြင့် ခိုးဝင်ကုလားများကို မဲပေးခွင့်ပေးသည်သာမက သမ္ဗာန်ကြီးများဖြင့် တစ်ဖက်နိုင်ငံမှ ကုလားများကို ဒေသခံဖဆပလများ ကိုယ်တိုင်ခိုးသွင်းကာ မဲပေးစေခဲ့သည်။
မြန်မာပြည်မ ပါတီကြီးတစ်ခုဖြစ်သည့် NLD ၏ ဘူးသီးတောင် မောင်တော အဖွဲ့ဝင် တို့၏ အများတကာ့ အများစုတို့မှာ နိုင်ငံမဲ့ နှင့် ခိုးဝင် ဘင်္ဂါလီများဖြစ်နေရသည့်အထဲ၊ ဒေါ်အောင်ဆန်းစုကြည်က လူများစုက လူနည်းစုကို အနိုင်ယူတာကို လက်မခံဘူး ဆိုသည့်သဘော ပြောကြားလိုက်သည်ကို ခိုးဝင်လင်္ဂါလီများက မိမိတို့ဘက်မှ ဒေါ်အောင်ဆန်းစုကြည် လိုက်နေပြီဟု အထင်ရောက်သွားကာ၊ ၂၀၁၂-ခုနှစ် ဇွန်လ ရှစ်ရက်နေ့တွင် မောင်တောမြို့နယ်အတွင်းရှိ ရခိုင် ဗမာ တိုင်းရင်းသားကျေးရွာ ဆယ်ရွာကို လူဦးရေ အသာစီးရထားသည့် ခိုးဝင်ဘင်္ဂါလီများက အချိန်ကိုက် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ စစ်တွေမြို့တွင်လည်း တပြိုင်တည်း တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ 
၂၀၁၂-ခုနှစ် ဇွန်လအတွင်း ထိုကဲ့သို့ ဘင်္ဂါလီများ ဆူပူတိုက်ခိုက်နေကြစဉ် ကာလအတွင်း ဒေသခံများက NLD အား အမျက်ရှကာ NLD ရုံးခန်း ဆိုင်းဘုတ်ကို ကျောက်ခဲဖြင့် ပစ်ပေါက်ဖြိုဖျက်လိုက်ကြရာ ယနေ့ထက်တိုင် NLD ဆိုင်းဘုတ်တင်ထားခြင်းကို စစ်တွေမြို့ လမ်းမများတွင် မတွေ့ရပေ။
(နန်းစီဖောင်းရီ က CORAL ARAKAN အတွက် ရေးသားသည်။)
Posted by Maung Yit at 6:27 PM 0 comments 

Ku Mo Jo - All Chairman in Burma


ကာတွန်းကူမိုးကြိုး - မြန်မာပြည်မှာ အားလုံးဥက္ကဋ္ဌ
ဇန်န၀ါရီ ၁၅၊ ၂၀၁၃
Posted by Maung Yit at 5:49 PM 0 comments 

Salai Suan pi - Cartoon

ငြိမ်းချမ်းရေး
ကာတွန်း - ဆလိုင်းစွမ်းပီ
ဇန်န၀ါရီ ၁၆၊ ၂၀၁၃

ွှThu Luu - Poem

အချစ်လွန်တော့ စစ်နွံ 
သူ့လူ (ကာရိုလိုင်းနား)
ဇန်န၀ါရီ ၁၅၊ ၂၀၁၃

 
ငါ့ကိုလဲချစ် သူ့ကိုလဲချစ်
အလှကိုလဲချစ် ဘဝကိုလဲချစ်
အပြုံးကိုလဲချစ် အမုန်းကိုလဲချစ်
အဖြူကိုလဲချစ် အမဲကိုလဲချစ်
အနီကိုလဲချစ် အညိုကိုလဲချစ်
အပြာကိုလဲချစ် အစိမ်းကိုလဲချစ်
အလင်းကိုလဲချစ် အမှောင်ကိုလဲချစ်
ငွေကိုလဲချစ် ရွှေကိုလဲချစ်
ကြေးကိုလဲချစ် သံကိုလဲချစ်
တောကိုလဲချစ် တောင်ကိုလဲချစ်
ကောင်းကင်ကိုလဲချစ် မြေကြီးကိုလဲချစ်
အသစ်ကိုလဲချစ် အဟောင်းကိုလဲချစ်
အနုကိုလဲချစ် အကြမ်းကိုလဲချစ် 
အများကိုလဲချစ် အနည်းကိုလဲချစ်
မွှေးတာကိုလဲချစ် နံတာကိုလဲချစ်
ချိုတာကိုလဲချစ် ခါးတာကိုလဲချစ်
ပေါ့တာလဲချစ် ငန်တာလဲချစ်
နိုင်တာလဲချစ် ရှုံးတာလဲချစ်
ရှင်တာကိုလဲချစ် သေတာကိုလဲချစ်
သြော် အချစ် အချစ်...
တဏှာဖြစ်တဲ့ ဒီအချစ်များ
အစွန်းထိ လွန်သွားတာတွေကြောင့်
စစ်နွံထဲမှာ ခုထိကျွံနေကြရ။ ။

Kyaw Thu - FFSS Yangon Activity,

ရှမ်းပြည်နယ်တောင်ကြီး အယူသည်းမှုတိုက်ဖျက်ရေးခရီးစဉ်
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
ဇန်န၀ါရီ ၁၅၊ ၂၀၁၃


၉.၁.၂ဝ၁၃ ရက်နေ့တွင် ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့သို့ ခရီးဆက်ခဲ့ကြသည်။ အထက်မြန်မာပြည် မန္တလေးတိုင်းအတွင်း မြို့/ကျေးရွာအသီးသီးရှိ လူမှုရေးအသင်းအဖွဲ့များ၏ ဖိတ်ကြားချက်ကြောင့် ၅.၁.၂ဝ၁၃ ရက်နေ့မှစတင်ကာ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ သည် ၂ဝ၁၃ ခုနှစ် အယူသည်းမှုတိုက်ဖျက်ရေး (1st Break Out လူမှုရေးဟောပြောပွဲ) ခရီးစဉ်အဖြစ် အသင်းသား/သူများနှင့်အတူ ၈.၁.၂ဝ၁၃ ရက်နေ့အထိ စည်ကားသိုက်မြိုက် အောင်မြင်စွာ အဆုံးသတ်ခဲ့ ပြီးနောက် ရှမ်းပြည်နယ် တောင်ကြီးမြို့သို့ ခရီးဆက်ခဲ့ရာ ၉.၁.၂ဝ၁၃ ရက်နေ့ ည (၆းဝဝ) နာရီအချိန်တွင် ဆိုက်မြိုက်စွာဖြင့် တောင်ကြီးမြို့ အဝင်မုဒ်ဦးမှ “ကရုဏာရှင်” နာမှုကူညီရေး၊ အေးသာယာ၊ စက်မှုဇုန်နှင့် “နမ့်ခုံး” ရှမ်းများပရဟိတအသင်း တောင်ကြီးမြို့ အဖွဲ့သားများတို့သည် ခရီးဦးကြိုဆိုခဲ့ကြသည်။ ထို့နောက် ချမ်းမြေ့ဆရာတော်ကြီးထံသို့ ဝင်ရောက်၍ ကန်တော့ခဲ့ကြပြီး “ချမ်းမြေ့မေတ္တာ” ကုသိုလ်ဖြစ်ဆေးခန်းသို့ ဝင်ရောက်လေ့လာခဲ့သည်။


“နမ့်ခုံး” ရှမ်းများပရဟိတအသင်း တောင်ကြီးမြို့၏ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် “ဟတ်ဟွမ်” ဟိုတယ်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့သားများအတွက် တည်းခိုအနား ယူခွင့်ပေးခဲ့သည်။ ၁ဝ.၁.၂ဝ၁၃ ရက်နေ့ နံနက်ပိုင်းတွင် “နမ့်ခုံး” ရှမ်းများပရဟိတအသင်း ရုံးခန်းနှင့် ကုသိုလ်ဖြစ်ဆေးခန်းရှိရာ တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ ဝေဠုဝန်ကျောင်းဝင်းသို့ သွားရောက်၍ ကူညီပံ့ပိုး ဆောင်ရွက်လုပ်ကိုင်မှုများအား လေ့လာခဲ့ပြီး အဖွဲ့ဝင်များတို့အား အားပေးစကား ပြောကြား ခဲ့သည်။ တောင်ကြီးမြို့၊ အေးသာယာ မြို့လယ်သာသနာ့ဗိမာန်တော်ကြီး၌ ည (၇းဝဝ) နာရီအချိန်တွင် ဒေသခံပြည်သူများနှင့်အတူ နာရေးအသင်းအဖွဲ့များ၊ ပရဟိတအသင်းများနှင့် လူမှုရေးအသင်းအဖွဲ့ (၂ဝ) ကျော်တက်ရောက်ခဲ့ကြရာ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူမှ အသင်း၏ လုပ်ဆောင် ပေးဆပ်မှုများ၊ ကူညီပံ့ပိုးမှုများ၊ ထောက်ပံ့မှုများနှင့် ကိုယ်တိုင်ရင်ဆိုင် ကြုံတွေ့မှုများအား ပြောကြားခဲ့ခြင်း တို့အပြင်၊ သုဿန်မြေနေရာများ ပျောက်ဆုံးနေကြသည့်အတွက် သုဿန်မြေ ရရှိရေးအတွက် တောင်းဆို ရတော့မည့် အနေအထားဖြစ်ကြောင်း၊ သုဿန်မြေများ ကျဉ်းသည့်အတွက် အလောင်းများ မြေမြုပ်ရာတွင် ထပ်နေပြီဖြစ်ကြောင်း၊ မီးသင်္ဂြိုလ်စက်တည်ဆောက်ရန် လူနေရပ်ကွက်နှင့် နီးကပ်သည့်အတွက် ခွင့်ပြု ချက်မရကြောင်း၊ အသင်းအဖွဲ့များ၌ လူကြီး/ငယ် ပြဿနာများရှိသည့်အတွက် နားလည်မှုပြည့်ဝစွာဖြင့် ထမ်းရွက်ကြရန်လိုအပ်ကြောင်း၊ နာရေးအသင်းအဖွဲ့များ၊ လူမှုရေးအဖွဲ့အစည်း၊ ပရဟိတ အဖွဲ့အစည်းများ သာဖြစ်ပြီး နိုင်ငံရေးပါတီ တည်ထောင်ထားသည့် အဖွဲ့အစည်းမဟုတ်ကြောင်း၊ နာရေးကူညီမှုလုပ်ငန်း များသည် မည်သည်ဘုံတွင်မှ လုပ်ယူ၍ မရနိုင်ကြောင်း၊ မွေးဖွားလာခြင်းသည် သေဆုံးရန်ဖြစ်သည့် အတွက် အချိန်တန်တော့လည်း မင်းသားကြီး ဇော်ဝမ်းလည်း သေတာပဲ .. သုမောင်ကြီးလည်း သေတာပဲ .. ကြည်ကြည်ဋ္ဌေးလည်း သေတာပဲ .. ဦးနေဝင်းကြီးလည်း သေတာပဲ .. ဟိုပုဂ္ဂိုလ်ကြီးလည်း သေမှာပဲ .. ကျော်သူကြီးလည်း သေမှာပဲ အစချီ၍ လူ့ပြည်ဋ္ဌာနတွင်သာ ပြုလုပ်နိုင်သည့် နာရေးကိစ္စအတွက် မလျှော့သော ဇွဲလုံ့လတို့ဖြင့် ကြံကြံခံကာ စည်းစည်းလုံးလုံးဖြင့် လုပ်ဆောင်ကြရန်၊ ပရဟိတစိတ်ဓါတ် အပြည့်ဖြင့် အများအကျိုးကို ထမ်းရွက်နိုင်ကြရန်နှင့် ကျွန်တော်တို့၏ သက်တမ်းမည်မျှ ရှိမည်ကို မည်သူမျှ မသိရှိနိုင်သည့်အတွက် မျိုးဆက်သစ် ပရဟိတလူငယ်များအား လက်ကမ်းကြိုဆိုရမည်ဖြစ်ကြောင်း အားပေးတိုက်တွန်း ပြောကြားခဲ့ပြီး ကိုမျိုး(မြန်မာစာ)၏ “မျိုးဆက်နှင့်ကမ်းလက်” ကဗျာအား ရွတ်ဖတ်၍ တောင်ကြီးမြို့ လူမှုရေးဟောပြောပွဲ ခရီးစဉ်အား အဆုံးသတ်ခဲ့သည်။


မျိုးဆက်နှင့် ကမ်းလက်
ကိုမျိုး (မြန်မာစာ)

မဟုတ်သေးပါဘူးဗျာ …
တကောင်းအဘိရာဇာ လက်ထက်ကတည်းက
ဤမြေကမ္ဘာဝယ်
ဦးသိန်းစိန်လက်ထက်ကြမှ
ပိုကျယ်မလာနိုင်တာနဲ့
မျိုးဆက်သစ်တို့ရောက်လာမှာကို
ကြောက်ကြတယ်ဆိုတာ….။

ပြန်တွေးကြည့်ကြစမ်းပါဗျာ …
တို့အဘေး .. တို့အဘိုး .. တို့အဖိုး .. တို့အဖေ တို့ခမျာ …
ချန်ရစ်ချင်လွန်းခဲ့တဲ့ … မျိုးဆက်။
အမွေဆက်ခံစေချင်တဲ့ … မျိုးဆက်။
ကျော်သူတို့လက်ထက်ကြမှ ကမ်းလက်နဲ့မကြိုနိုင်လျှင်
ရိုင်းလိုက်မယ့်ရာဇဝင်….။

ကဲ …
ဒို့မြေ .. ဒို့ရေ .. ဒို့ကမ္ဘာ.. ဒို့နေရာ
ဘယ်လောက်ကျဉ်းကျဉ်း … ဘယ်လောက်ကျယ်ကျယ်
ရယူပိုင်ဆိုင်ချင်စိတ်တွေ လျှော့ချ။
ကိုယ့်တစ်ကိုယ်စာ နေရာချုံ့ရင်း
နောက်မျိုးဆက်တို့အတွက်
ပေးဆပ်အနစ်နာခံချင်စိတ်နဲ့
နေရာကျယ်ကျယ် ချဲ့ပေးပါစို့လား … ။ ။

 

၁၁.၁.၂ဝ၁၃ ရက်နေ့ နံနက်ပိုင်းတွင် “ကရုဏာရှင်” နာမှုကူညီရေး၊ အေးသာယာ၊ စက်မှုဇုန် အသင်း၏ ရုံးခန်းနှင့် တောင်ကြီးမြို့ သုဿန်သို့လေ့လာပြီးသည့်နောက် အင်းလေး “ရေသာဘုရားကျိန်း ကျောင်း” သို့ ညောင်ရွှေမှတဆင့် ခရီးဆက်ခဲ့သည်။ အကြောင်းမှာ ၂ဝ၁ဝ ခုနှစ် နွေရာသီတွင် ရေရှားပါးမှု ပြဿနာများအား မြို့၊ ကျေးရွာနေရာဒေသ အသီးသီးတို့တွင် ရင်ဆိုင်ကြုံတွေ့ချိန်တွင် အင်းလေးရှိ “ရေသာဘုရားကျိန်းကျောင်း” သည်လည်း အပါအဝင်ဖြစ်ခဲ့သည်။ ၂ဝ၁၁ ခုနှစ် အချိန်ကာလများတွင် ဆောက်လုပ်လှူဒါန်း ထားရှိသည့် ရေစစ်ကန်၊ အုတ်တံတိုင်း၊ ရေတိုင်ကီ၊ စက်လှေနှင့် ၂ဝ၁၂ ခုနှစ်တွင် ရေသာဘုရားကျိန်း ကျောင်းဆရာတော်မှ “အင်းလေးရေကြည်စမ်း” ပညာဒါနသင်တန်းကျောင်းအား ဖွင့်လှစ်၍ အင်းသူ/သားများတို့၏ ပညာရေးအား မြှင့်တင်ဖြည့်ဆည်းပေးလိုသည့် ဆန္ဒအဖြစ် နာရေးကူညီ မှုအသင်း(ရန်ကုန်)မှ မတည်အလှူငွေများ လှူဒါန်းခဲ့သည်။ အင်းလေး “ရေသာဘုရားကျိန်းကျောင်း” ရှိ အင်းလေးရေကြည်စမ်း ပညာဒါနသင်တန်းမှ သင်တန်းသား/သူများတို့သည် ည (၇းဝဝ) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့အား ကြိုဆိုသည့်အနေဖြင့် ရှမ်းရိုးရာ ဓလေ့ အကများဖြင့် ဖျော်ဖြေခဲ့ကြသည်။ ရေသာဘုရားကျိန်းကျောင်း ဆရာတော်မှ ရေကြည်စမ်းပညာဒါနနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ပညာဒါနသင်ကြားနေကြသည့် သင်တန်းသား/သူများတို့အား ဦးကျော်သူ မှ ပညာရေး၊ လူမှုရေးနှင့် ပတ်သက်သည့် ဆုံးမစကားများ ပြောကြားချီးမြှင့်ကာ ည (၉းဝဝ) နာရီအချိန် တွင် ပျော်ရွှင်စွာဖြင့် ရုတ်သိမ်းခဲ့သည်။ ၁၂.၁.၂ဝ၁၃ ရက်နေ့ နံနက် (၇းဝဝ) နာရီအချိန်တွင် နာရေး ကူညီမှုအသင်း(ရန်ကုန်)မှ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ လှူဒါန်းခဲ့သည်။ ယနေ့ချိန် တွင် “အင်းလေးရေကြည်စမ်း” ပညာဒါနတွင် အဋ္ဌမတန်း၊ နဝမတန်း၊ တက္ကသိုလ်ဝင်တန်းအပြင် ကွန်ပြူ တာ သင်တန်းများပါ တိုးချဲ့ဖွင့်လှစ် သင်ကြားပေးလျှက်ရှိသည်။

ရှမ်းပြည်နယ်၏ မြို့တော်တောင်ကြီး၏ လူမှုရေးခရီးစဉ် ဟောပြောပွဲနှင့် အင်းလေးခရီးစဉ်တို့အား အစစ အရာရာ ကူညီပံ့ပိုး စောင့်ရှောက်ပေးခဲ့ကြသော ဒေသခံ ဆရာတော်ကြီးများ၊ လူမှုရေးအသင်း အဖွဲ့များမှ လူမှုရေးသမားများ၊ ဒေသခံပြည်သူများ၊ ရွှေစင်စင်္ကြာ  မော်တော်ယာဉ်၊ မော်တော်စက်လှေ များနှင့် ရေကြည်စမ်းပညာဒါန သင်တန်းသား/သူများနှင့် ကျေးဇူးတင်ထိုက်သူများအားလုံးတို့အား ကျေးဇူး ဥပါကာရ တင်ရှိပါကြောင်းဖြင့် Kyaw Thu 1st Break Out အယူသည်းမှုတိုက်ဖျက်ရေး လူမှုရေး ဟောပြောပွဲ ရှမ်းပြည်နယ် တောင်ကြီးခရီးစဉ်အား အောင်မြင်စွာ အဆုံးသတ်ခဲ့သည်။
Posted by Aung Htet at 6:00 AM 0 comments 

Hart kauk - Cartoon

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု
ကာတွန်း - ဟတ်ကော့
ဇန်န၀ါရီ ၁၅၊ ၂၀၁၃

 
Yangon Press International မှ ပြည်လည်ကူးယူပါသည်။
Posted by Aung Htet at 5:39 AM 0 comments 

MONDAY, JANUARY 14, 2013

Burmese Census 2014 - test drive in 2013

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူရာတွင် ထည့်သွင်း ကောက်ယူရမည့် သူများကို ထုတ်ပြန် (Weekly Eleven, ခေတ်လူငယ်)  သတင်းကောက်နုတ်ချက်၊ ဇန်န၀ါရီ ၁၅၊ ၂၀၁၃         ၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူရာတွင် ထည့်သွင်းကောက်ယူရမည့် သူများကို ဇန်နဝါရီလ ၈ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာတွင် ထုတ်ပြန်ကြေညာထားသည်။ 

       အဆိုပါကြေညာချက်တွင် သန်းခေါင်စာရင်း ရည်ညွှန်းချိန် (၂ဝ၁၄ ခုနှစ် မတ်လ ၂၉ ရက်နေ့ ညဥ့်သန်းခေါင်ယံ)တွင် မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း ရှိသူ။ နေထိုင်သူများ၊ သန်းခေါင်စာရင်း ရည်ညွှန်းချိန် ကျော်လွန်ပြီးမှ သေဆုံးသူ များနှင့် နိုင်ငံခြားသို့ ရောက်ရှိနေသော မြန်မာနိုင်ငံ သံရုံးဝန်ထမ်းများ အပါအဝင် နိုင်ငံခြားတွင် နေထိုင် လျက်ရှိသော မြန်မာနိုင်ငံသားများကို ထည့်ကောက်ရမည့်သူများဟု သတ်မှတ်ထားသည်ဟု သိရှိရပါသည်။ 

       အဆိုပါ ၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူရာတွင် အထောက်အကူဖြစ်စေရန် ၂ဝ၁၃ ခုနှစ်တွင် မြို့နယ် ၂ဝ ၌ စမ်းသပ် သန်းခေါင်စာရင်း ကောက်ယူမည် ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။ 
Posted by Maung Yit at 9:21 PM 0 comments 

6th Anniversary of Passing of Poet U Tin Moe - a charity book for U Win Tin Foundation


ကဗျာဆရာကြီး ဦးတင်မိုး ကွယ်လွန်ခြင်း ၆ နှစ်ပြည့် အမှတ်တရစာအုပ် ထွက်မည်
မိုးမခစာအုပ်စင်၊ ဇန်န၀ါရီ ၁၅၊ ၂၀၁၃
လာမယ့် ဇန်န၀ါရီ ၂၂၊ ကဗျာဆရာကြီး ဦးတင်မိုး ကွယ်လွန်ခြင်း ၆ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မြန်မာပြည်က ပဉ္စရူပစာအုပ်တိုက်က ဆောင်းပါးပေါင်းစုံစာအုပ် ထုတ်ပါမယ်။ ဇန်န၀ါရီ ၂၁ မှာ ပြည်တွင်းက စာအုပ်ဆိုင်များကို ဖြန့်ချိမယ်လို့ သိရပါတယ်။ စာရေးဆရာပေါင်းစုံက ဆရာကြီးအကြောင်း အမှတ်တရရေးသားထားတာတွေကို စုစည်းထားပြီး ဓာတ်ပုံမှတ်တမ်းများစွာလည်း ပါဝင်ပါတယ်။ ငွေကြေးအကျိုးအမြတ်အတွက် ထုတ်တာမဟုတ်ဘဲ စာအုပ်က ရောင်းရငွေအကျိုးအမြတ်တွေအားလုံးကို နိုင်ငံရေးအကျဉ်းသားများ နဲ့ မိသားစုများ စောင့်ရှောက်မှု ပြုလုပ်နေတဲ့ ဦးဝင်းတင်ဖောင်ဒေးရှင်းကို လှူဒါန်းမယ်လို့ သိရပါတယ်။
ဒီသတင်းရေးနေချိန်မှာ စာအုပ်ခေါင်းစဉ်နှင့် မျက်နှာဖုံးကို အချက်အလက် မရရှိသေးလို့ ထည့်သွင်းခြင်း မပြုနိုင်ပါ။ အခု ဖော်ပြထားတဲ့ သရုပ်ဖော်က မိုးမခထုတ်ဝေခဲ့တဲ့ ဆရာဦးတင်မိုးရဲ့ မြန်မာကဗျာမိတ်ဆက် အီးဘုတ်အဖုံးသာ ဖြစ်ပါတယ်။
Posted by Maung Yit at 8:27 PM 0 comments 
Labels: Book Shelf

Saw Ngo - Let's meet at Hluttaw


ကာတွန်း စောငို - လွှတ်တော်မှာ ဆုံကြမယ်
ဇန်န၀ါရီ ၁၅၊ ၂၀၁၃


--
Send email to - edi...@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives
Reply all
Reply to author
Forward
0 new messages