25th May - MoeMaKa Daily

3 views
Skip to first unread message

Maung Yit

unread,
May 25, 2012, 1:06:31 AM5/25/12
to sfbcir...@moemaka.info, moemak...@moemaka.biz, burm...@googlegroups.com, moemaka

လျှပ်စစ်မီးအပြည့်အ၀ရရှိရေး ကိုယ်တိုင်ဆန္ဒ̔ထုတ်ဖော်နေသူတဦး၏ ပန်ကြားလွှာ
နီနီမာ (ပေါင်းတည်)။ မေ ၂၅၊ ၂၀၁၂
ဒီနေ့  မြန်မာနိုင်ငံတနိင်ငံလုံးတွင်   လျှပ်စစ်မီးအပြည့်အ၀ ရရှိရေး အတွက်   ပြည်သူလူထုမှု ငြိမ်းချမ်းစွာ  ဆန္ဒဖော်ထုတ်ပွဲများ ပြုလုပ်နေကြပါတယ်။ အမှတ်(၂)လျှပ်စစ်ဝန်ကြီးဌာနမှ  ပြည်သူလူထုသို့ 
မေတ္တာရပ်ခံပန်ကြားလွှာထုတ်ပြီး  ပြည်သူကို လျှပ်စစ်မီး အပြည့်အ၀ မပေးနိုင်ခြင်းကို နားလည်ပေးရန်၊ လျှပ်စစ်မီးကို ချွေတာသုံးစွဲခြင်း ဖြင့် ပူးပေါင်းပါဝင်ပါရန် တိုက်တွန်းခဲ့ပါတယ်။
 အခုနောက်ဆုံးပြည်မြို့တွင်  ငြိမ်းချမ်းစွာ လျှပ်စစ်မီးရရှိရေးအတွက်  ဆန္ဒဖော်ထုတ်နေသူများကို ရိုက်နှက်ဖမ်းဆီးခြင်း၊ နောက်တနေ့တွင် ဆန္ဒမပြလျှင် လွှတ်ပေးမည်ဟု ညှိနှိုင်းကာ လူထု၏အခြေခံလူ့အခွင့်အရေးများကို  ထပ်မံချိုးဖောက်ပြီး ဖြေရှင်းနေပြန်သည်ဟု ကြားသိရပါတယ်..။ အခုအခြေအနေဟာ  တိုင်းပြည်ရှေ့ဆက်ရမယ့် ဒီမိုကရေစီခရီးစဉ်အတွက် များစွာစိုးရိမ်ဖွယ် ဖြစ်နေပါပြီ။
တဖန် နိုင်ငံတော် သမ္မတ၏အကြံပေးပုဂ္ဂိုလ်တဦးအနေဖြင့် တရားဝင် သတင်းစာ ရှင်းလင်းပွဲမှ  ပြည်သူလူထုအား  ကိုယ့်အိမ်မှာကိုယ်ဖယောင်းတိုင် မီးထွန်းပြီး မီးမှိတ်နေဖို့ မကြာမီ မိုးရွာပြီး
မိုးရေရလျင် ဒီကိစ္စပြေလည်သွားပါမယ် လို့ လက်လွတ်စပယ် ပြောဆိုလိုက်ခြင်းသည် နှစ်ပေါင်းများစွာ သီးခံ နားလည်ပေးလာခဲ့ရသော ပြည်သူလူထုကို  မစာမနာ စော်ကားလိုက်သလို ဖြစ်နေပါတယ်။
အခုလက်ရှိဖြစ်ပေါ်နေသော  လျှပ်စစ်မီးရရှိရေး  လူထု ဆန္ဒဖော်ထုပ်ပွဲများမှာ အနှစ်နှစ်အလလက  မတရားဖိနှပ်ခဲ့ သဖြင့်   ခေါင်းငုံ့ လည်စင်းသည်းခံလာသော ပြည်သူလူထုကို  ပမာမခန့် စော်ကားစွာ “လျှပ်စစ်မီးတွေ ပိုနေလို့ ထုတ်ရောင်းစားတာပါ”  လို့   တာဝန်မဲ့စွာ ပြောကြားခဲ့သော လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း၏ စကားတခွန်းမှ စတင်ပေါက်ကွဲလာခဲ့တာလို့ ယူဆမိပါတယ်။ ပိုလျှံတယ် လို့ ပြောပြီး တိုင်းပြည်ရဲ့ သယံဇာတတွေကို ထင်သလို ထုတ်ရောင်းစားကာ တိုင်းပြည် တွင်းမှ  ပြည်သူများကို  နားလည် ပေးခိုင်းခြင်းမှာ  မတရားပါ..။
  ယခု ပြည်သူလူထု၏  လျှပ်စစ်မီးရရှိရေးဆန္ဒဖော်ထုတ်ပွဲများကို နိုင်ငံတော်၏ တာဝန်ရှိသူများမှ အကြမ်းဖက် ဖြိုခွဲကာ ဖိနှိပ်ဖမ်းဆီးမှုများ ပြုလုပ်ဖြေရှင်းခြင်းများ၊ အကျိုးအကြောင်း ဆင်ခြင်မဲ့ ရှက်စရာ  စကားလုံးများကို ထပ်မံသုံးစွဲကာ ပြည်သူလူထုအားစော်ကားသလို
ပြုမူခြင်းများဖြင့်  လက်ရှိပြသနာကို ဖြေရှင်းနိုင်မည်မထင်ပါ။
ကိုယ်တိုင်ခံစား ဆန္ဒဖော်ထုတ်နေသော ပြည်သူတယောက်အနေဖြင့်
ပြသနာ၏ အဖြေကို  ချဉ်းကပ်ဆင်ခြင်ကြည့်မိရာ …
 (၁)   နိုင်ငံတော်အနေဖြင့် တိုင်းပြည်တွင်းရှိ ပြည်သူလူထုကို လျှပ်စစ်မီး လုံလောက်အောင်  မပေးနိုင်ရိုးမှန်လျင် တိုင်းတပါးသို့ ထုတ်ရောင်းနေသော လျှပ်စစ်စွမ်းအားရင်းမြစ် သယံဇာတများကို ဆက်လက်ရောင်းချမှု လုံးဝမပြုလုပ်တော့ပါဟု လူထုသို့  တရားဝင်အသိပေး ကြေညာလိုက်ပါ။
(၂)  လူထု ကို စော်ကားပြောဆို ခဲ့ သော  လျှပ်စစ်စွမ်းအင်ဝန်ကြီး ဦးဇော်မင်းကဲ့သို့သော ပုဂ္ဂိုလ်များကို  တာဝန်မှရပ်စဲ အပြစ်ပေးလိုက်ပါ။
ထိုသို့ဆိုလျင်    မိမိတိုင်းပြည်မှ လျှပ်စစ်စွမ်းအင် သယံဇာတ အလျှံအပယ်ရနေပါလျှက်  အမှောင်ထုအတွင်းမှာ ငရဲကျနေရသဖြင့် ခံပြင်းဒေါသထွက်နေသော ပြည်သူ လူထုအနေဖြင့် နိုင်ငံတော်အစိုးရအပေါ်  နားလည်ပေးကောင်း ပေးနိုင်မည်ဟု  မျှော်လင့်မိပါတယ်။ ထိုသို့  အပြန်အလှန် နားလည်မှုများဖြင့်  တည်ဆောက်မှသာ တိုင်းပြည်ရှေ့ဆက်ရမယ့် ဒီမိုကရေစီခရီးကို  ချောချောမွေ့မွေ့လျှောက် လှမ်းနိုင်ပါလိမ့်မယ်။
ဒီထင်မြင်ယူဆချက်များမှာ သာမန်ပြည်သူတယောက်၏ တိုင်းပြည်အကျပ်အတည်းဖြေရှင်းရေး အပေါ် ချဉ်းကပ်ဆင်ခြင်ချက်များဖြစ်ပါတယ်။ တိုင်းပြည်အတွင်းမှ  ပညာရှင်များ၊ နိုင်ငံရေးပါတီကြီးများ၊ နိုင်ငံရေးအစုအဖွဲ့များမှ   ပိုမိုကောင်းမွန်သော ချဉ်းကပ်ညှိနှိုင်း ဖြေရှင်းချက်များ  အမြန်ထွက်ပေါ်လာပါစေ။ နိုင်ငံတော်မှ တာဝန်ရှိသူများကလည်း ပြည်သူ့အသံကို စေတနာမှန်မှန်နဲ့ နားလည်ဖြေရှင်းပေးနိုင်ပါစေ လို့  ဆန္ဒပြုမိပါတယ်။   ။
(ဓာတ်ပုံ - ကာတွန်းပုံကို ကိုင်စွဲပြီး ဆန္ဒထုတ်ဖော်နေသော ရန်ကုန်ကမိဘပြည်သူတဦး၊ ဖေ့စ်ဘွတ်)
Posted by MoeMaKa at 9:30 PM 0 comments

Pan Thee - Facebook Jokes

ပန်းသီး၏ ဖေ့စ်ဘွတ်ဟာသ
မေ ၂၅၊ ၂၀၁၂
သမ္မတနှင့် ပန်းသီး

သမ္မတ ။ ။ မင်းကလူရွင်တော်ဆိုတော့ မင်းကိုဥာဏ်စမ်းရမယ်။ မင်း ငါ့ကိုအရီရဆုံးနဲ့ အငိုရဆုံးပြောပြစမ်းကွာ...

ပန်းသီး။ ။ ကချင်ပြည်နယ်ဘက်မှာဗုံးခဏခဏပေါက်တော့ အပြစ်မဲ့ပြည်သူတွေသေရတယ်ဗျာ။

သမ္မတ။ ။ ဟင့်..ဟင့် ငါလဲစိတ်မကောင်းပါဘူး..မင်းပြောတာငါငိုရတယ် အရီရဆုံးပြောပါဦး

ပန်းသီး ။ ။သမ္မတကြီးခင်ဗျာ မြန်မာပြည်တပြည်လုံး ၂၄ နာရီမီးမှန်နေပြီတဲ့....

သမ္မတ ။ ။ ဟားးးး ဟား....ဟား.....ဟိုက် … သေးထွက်ကုန်ပြီ။
မီးစိတ္တဇ
စိတ္တဇဆေးရုံတွင် ဒေါက်တာပန်းသီးမှ လူနာများအခြေအနေများသိလို၍ စိတ်တ္တဇလူနာများကို
TV မပါဘဲ remote တခုစီပေးထားပြီး ဂိမ်းကစားခိုင်းလေသည်။
လူနာအကုန်လုံးက remote ကိုင်၍ ဂိမ်းကစားနေသော်လဲ လူနာတယောက်မှာ ဂိမ်းမကစားဘဲ ထိုင်နေသည်ကိုတွေ့၍  ဒေါက်တာပန်းသီးမှ ထိုလူနာအားမေးကြည့်ရာ

ပန်းသီး ။ ။ မင်းကဘာဖြစ်လို့ သူများလို ဂိမ်းမကစားတာလဲ

လူနာ ။ ။ ဟာ … ဆရာကလဲ မြန်မာပြည်မှာ မီးမှမလာတာ၊ ဆရာရူးနေလား။

မောင်ပန်းသီး (သီးလေးသီး) - cartoon Saw Ngo

Posted by MoeMaKa at 9:02 PM 0 comments
Labels: Jokes, Pan Thee

Saw Ngo - candle will replace electricity? what a joke !!!

ကာတွန်း စောငို - ဖယောင်းတိုင်နဲ့ လျှပ်စစ်(ပါဝါ) ကို အစားထိုးမယ်တဲ့လား ... ဟားဟားဟား
မေ ၂၅၊ ၂၀၁၂
Posted by MoeMaKa at 8:46 PM 0 comments
Labels: Cartoon Box, Saw Ngo

Myanmar Rice Seminar held in Rangoon


မြန်မာ့ဆန်စပါး စိုက်ပျိုးရေးဆိုင်ရာဆွေးနွေးပွဲ ရန်ကုန်တွင်ကျင်းပ
တာရာဝေယံ။  ရန်ကုန်၊ မေ ၂၅၊ ၂၀၁၂
         ၂၀၁၂ ခုနှစ် မိုးရာသီတွင် မြန်မာ့ဆန်စပါးစိုက်ပျိုးရေး၌ ကြုံတွေ့ရနိုင်မည့် အခက်အခဲများဆိုင်ရာ ဆွေးနွေးပွဲကို ဒီနေ့နေ့လည် ၂း၀၀ နာရီက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်မှာရှိတဲ့ တော်ဝင်နှင်းဆီ၊ သီရိခန်းမမှာ ကျင်းပခဲ့ပါတယ်။ ဒီဆွေးနွေးပွဲကို ဧရာဝတီအင်စတီကျုနဲ့ ဦးထွန်းလွင်ဖောင်ဒေးရှင်းတို့မှ ပူးပေါင်းကျင်းပခဲ့တာဖြစ်ပါတယ်။
ဦးထွန်းလွင်နဲ့ ဧည့်ပရိသတ်များ
         ဆွေးနွေးပွဲမှာ ဒေါက်တာထွန်းလွင်(မိုးလေ၀သ ပညာရှင်)က ဒီနှစ်မိုးရာသီမှာ ကြုံတွေ့ရနိုင်တဲ့ ရာသီဥတု အခြေအနေများအကြောင်း ရှင်းလင်းဆွေးနွေးပြီး ပရိဿတ်မေးမြန်းတဲ့မေးခွန်းတွေကို ဖြေကြားခဲ့ပါတယ်။
 ဒေါက်တာစမ်းဝင့်ခိုင်၊ ဒေါ်စန္ဒာမင်း။  ဒေါက်တာစိုးထွန်း
          ဒီနောက်မှာ ဒေါက်တာစိုးထွန်း (သုတေသနတာဝန်ခံ၊ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း) နဲ့ ဒေါက်တာထွန်းဝင်း (စိုက်ပျိုးရေးပညာရှင်၊ အမေရိကန် စိုက်ပျိုးရေးဝန်ကြီးဌာန)တို့က မြန်မာ့ဆန်စပါး စိုက်ပျိုး ရေးနဲ့ပတ်သက်ပြီး သုတေသနပြုရာ မှာ တွေ့ရှိရတဲ့ အချက်အလက်တွေ၊ ကြုံတွေ့ရနိုင် မယ့် အခက်အခဲတွေနဲ့ ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ၊ အကြံပြုချက်တွေကို ဆွေးနွေးပြီး မေးမြန်းချက်များကို ရှင်းလင်းဖြေကြားခဲ့ကြပါတယ်။ 
 ဒေါက်တာထွန်းဝင်း၊ ဦးဘမျိုးသိန်း၊ ဦးမြင့်အောင်
 မမြင့်မြင့်စန်း၊ ကိုစိန်လှိုင်၊ ကိုဗသက်အောင်၊ ကိုထွန်းမြင့်အောင်
အခမ်းအနားကို ညနေ ၆း ၀၀ နာရီ မှာ အောင်မြင်စွာပြီးဆုံးကြောင်း သတင်း ရရှိပါတယ်။
Posted by MoeMaKa at 8:09 PM 0 comments

Saung Yun La - Bla Bla Bla Poem

ငါ့ကဗျာမှာ Blah Blah Blah တွေမပါဘူး
ဆောင်းယွန်းလ၊ မေ ၂၅၊ ၂၀၁၂

နောက်ကျောကို တေ့တေ့ပြီးပစ်နေတဲ့ စကားလုံးတွေက
ရှေ့တည့်တည့်ရောက်ရင် ငြိမ်းချမ်းနေတဲ့ မြစ်တစင်းပဲ
အလုပ်အကိုင်မရှိတာတောင်
လုပ်စရာနဲ့ ကိုင်စရာကတော့ တခုခုရှိနေတာချည့်ပဲ
ရောက်တတ်ရာရာကို အမြဲတမ်း အကဲစမ်းနေတဲ့ စိတ်တွေက
ရေမရောတဲ့ အပျိုစင်စစ်တယောက်ကို သန္ဒေတားဆေးကြွေးထားတယ်
အကြည့်တွေ နောက်ကျိနေတဲ့ အောက်ကလိအာ လက်သရမ်းမှုဟာ
ဖလမ်းဖလမ်းထနေတဲ့ လူယဉ်ကျေးကြော်ငြာဆိုင်းဘုတ်တခုကို
လူလစ်တဲ့ ဖြတ်လမ်းတနေရာမှာ မသိမသာခိုးချိတ်ထားပြီး
မနက်ခင်းတွေကို ဂုဏ်တော်ပုတီးစိတ်ပြလိုက်တယ်
နားနားနေနေ သွားသွားလာလာ ကျဉ်းမြောင်းလာတဲ့ ကမ္ဘာမှာ
လက်တွေ့ကို မာယာနဲ့ Blah Blah Blah လှည့်ဖြားထားပြီး
အိပ်မက်တွေကိုတော့ အားပါးကလပ်စ်မှာ လေယာဉ်လက်မှတ်ဖြတ်ထားတယ်
ယောင်ရမ်းသမ်းဝေမှုတွေမှာ အမြီးတပ်ထားတော့
ခပ်ကျော့ကျော့နေပြနိုင်ရင် ခပ်ပေါ့ပေါ့မဟုတ်သလိုပေါ့
တစုံတခုကို မြှောက်တင်လိုက်ပြီး လက်နှစ်ချောင်းထောင်ထောင်ပြလိုက်ရင်
ခင်မင်ရာခင်မင်ကြောင်းမှာ နှစ်နာရီလောက်တော့ လုံလောက်တယ်
ညက နေ့ကိုချောင်းမြောင်းနေသလိုမျိုး
သွေးတိုးနေတဲ့ ခွေးသူခိုးတွေကလည်း ဓလေ့ကို အရွေ့ဆိုပြီး ရွှေ့ဖို့ကြိုးစားတယ်
 လူစုံတက်စုံဖြစ်ပြီဆိုရင် အဲဒီအကြောင်းကိုချည့်ပြော …
 မမောနိုင် မပမ်းနိုင် ပန်းတိုင်ရှိစရာမလိုဘူး
ရင်ဘတ်နဲ့ နောက်ကျောမှာ ချောင်းကြည့်ပေါက်တစုံစီဖောက်ထားပြီး
မီးတောက်နေတဲ့ ခရီးကို ထီးအပေါက် ဖိနပ်အပြတ်နဲ့ ဒရွတ်တိုက်ဆွဲ
နောက်ဆုံးပေါ်ဟန်းဆက်ကို လက်နဲ့ဟိုပွတ်ဒီရွှေ့လုပ်တတ်ရင်ရပြီ
ခလုတ်တိုက်ပြီး ချော်လဲရင် မီးမလာတဲ့ နာရီတွေကိုသာ အော်ဆဲလိုက်ကြ
အနိမ့်အမြင့်အတက်အကျ ရစ်သမ်မညီမျှတဲ့ မပီမသဂီတနဲ့
မနေ့တုန်းက ဘလာ ဘလာ ဘလာ ဒီညလည်း ဗလာ ဗလာ ဗလာ
ငါ့ကဗျာမှာ Blah Blah Blah တွေမပါဘူး…..။           ။
Posted by MoeMaKa at 4:46 PM 0 comments
Labels: poem, Saung Yun La

Homelin Farms saved from illegal gold miners

ဟုမ္မလင်းလယ်ယာများ ကျူးကျော်ပြီးရွှေတူးခံရမှုမှ ကာကွယ်နိုင်ခဲ့
မိုးမခပေးစာ၊ မေ ၂၅၊ ၂၀၁၂
"ဟုမ္မလင်းလယ်ယာရွှေတူးခံရ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လယ်သမားတွေတရားစွဲ၊ ကုမ္ပဏီတွေက ရွှေတူးတာရပ်ဆိုင်း …"
       လွန်ခဲ့တဲ့ (၆) လလောက်က ရွှေသတ္တုတူးဖော်ရေးကုမ္မဏီတွေက လယ်ယာတွေအနီးမှာ
ရွှေတွေတူးဖော်ခဲ့ပါတယ်။ လယ်ယာ တွေပါပျက်စီးပြီး ရွှေမျောမီး စွန့်ပစ်ရေများနှင့် သဲများ၊ကျောက်စာခဲများ
လယ်တွေမှာဖုံးလွှမ်းသွားပါတယ်။ ဧက(၃၀၀)ကျော်ခန့် အနည်းဆုံး ပျက်စီးသွားပါတယ်။
ဥပဒေနဲ့မညီညွှတ်တဲ့သတ္တုတူးဖော်တဲ့လုပ်ငန်းဖြစ်ကြောင်း လယ်သမားတွေကိုယ်စား ဥပဒေအတိုင်ပင်ခံ ဦးဖိုးဖြူက တရားမမှုကြီးစွဲဆိုခဲ့တာဖြစ်ပါတယ်။ ၂၀၁၂ခုနှစ်၊ မေလ (၁၁)ရက်နေ့
နံနက်(၁၁း၀၀) နာရီအချိန်မှာ လယ်သမားပေါင်း(၅၀)ဦးခန့်နှင့်အတူ ဦးဖိုးဖြူတို့ရှေ့နေအဖွဲ့က တရားစွဲဆိုပေးခဲ့တာဖြစ်ပါတယ်။ အဲဒီနေပ့မှာပဲ ဥပဒေမဲ့သတ္တုတူးဖော်ရေးကြောင့် ပျက်စီးရသော သဘာဝ
ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို တည်ဆောက်ရန်အတွက် ယာယီတားဝရမ်းထုတ်ပေးပါရန် ဦးဖိုးဖြူက ဟုမ္မလင်းမြို့နယ်တရားရုံးမှာ လျှောက် ထားတောင်းဆိုခဲ့ပါတယ်။ အဲဒီိလိုတရားစွဲဆိုလျှောက်ထားပြီးနောက်ပိုင်း
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်သတ္တုတွင်းဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးတို့၏အစီအစဉ်အရ (၂၂.၅.၂၀၁၂)ရက်နေ့မှာပဲ ရွှေသတ္တုတူးဖော်ရေးကုမ္ပဏီတွေအားလုံး ရပ်ဆိုင်းရုတ်သိမ်းသွားပြီဖြစ်ပါတယ်။
ဇွန်လဆန်းမှာ ဟုမ္မလင်းစစ်တမ်းစာတမ်းဖတ်ပွဲကို ဥပဒေရေးရာရှင်းလင်းချက်အဖြစ် ဖော်ထုတ်ကျင်းပသွားမှာဖြစ်ပါတယ်။
ဆက်သွယ်ရန် - ဦးဖိုးဖြူ
ဥပဒေအတိုင်ပင်ခံ
Purple Equity Law Firm
ဥပဒေရုံး-တိုက်အမှတ်-၁၈၅၊၃လွှာ၊ယာဘက်၊အတွင်းခန်း
အမှတ်(၁)၊၃၈လမ်း၊ကျောက်တံတားမြို့နယ်။
ဖုန်း-၀၉၇၃၀၀၀၄၄၁၊ ၀၉၄၃၀၄၀၇၆၉၊ ၀၁-၃၈၉၂၉၆


(photo from - http://seinmyintmaw1991.blogspot.com/2012/05/blog-post_8444.html )
Posted by MoeMaKa at 12:21 PM 0 comments

Saw Ngo cartoon in Rangoon strike


စောငိုကာတွန်းကိုင်ဆောင်ပြီး ရန်ကုန်တွင် ဆန္ဒပြ
ဓာတ်ပုံသတင်း
မေ ၂၄၊ ၂၀၁၂

ရန်ကုန်လျှပ်စစ်မီးရရှိရေး ဆန္ဒဖော်ထုတ်မှု တတိယနေ့ မြင်ကွင်းတစ်ခု

(အဘ ဥက္ကာကိုကို/Facebook တွင် ဖော်ပြထားသော ဓာတ်ပုံကို ကူးယူသည်)
Posted by Moemaka at 10:12 AM 0 comments
Labels: News in Photos

Great Advisory Ideas

အကြံပေးအရာရှိ ပြောပြသည့် လျှပ်စစ်မီးဆိုင်ရာ အကြံကောင်းများ
ရန်လိုကျွဲ
မေ ၂၄၊ ၂၀၁၂


ယနေ့ သတင်းစာရှင်းလင်းပွဲတစ်ခု သွားတက်သည်။ အန်ကယ်ပြောင်ကြီး ဖောင်ဒေးရှင်း၏ အကြံပေးအရာရှိများ ပြုလုပ်ခြင်း ဖြစ်လေသည်။

Posted by Moemaka at 9:53 AM 0 comments
Labels: Satire

student sports festivals days

အားကစားသမားဘဝ.. အမှတ်တရများ..
ငြိမ်းချမ်းအေး
မေ ၂၄၊ ၂၀၁၂

"..ဝါဒဖြန့် မိန့်ခွန်း အရှည်ကြီးကို အစ အဆုံး၊ တနေကုန် ငုတ်တုတ်အငတ်ခံ စောင့်ရတဲ့ ကလေးတွေမှ အားမနာ ပြောသွားတာပါပဲ..။ ကလေးတွေကတော့ မတ်တပ်ရပ်ရင်း နဲ့ မူးလဲ လို့ ထမ်းထုတ်နေရပြီ.."

"ချင်းတောင်တန်းမှ ဖိတ်ခေါ်သည်" ဆိုတဲ့ သီချင်းလေး ပြန်နားထောင်နေရင်းနဲ့ အတိတ်ကို ခဏ ရောက်သွားတယ်..။

အဲ့သီချင်းကို ချင်းပြည်နယ်မှာ လုပ်တဲ့ ကျောင်းသားအားကစားပွဲ ဖွင့်ပွဲ စတိတ်ရှိုးမှာ အိန္ဒြာကျော်ဇင်ဆိုတာ သတိရမိတယ်...။ ကျောင်းသားတွေက သူ့ကို တက်ဆွဲတော့ Aurora နဲ့လား New Wave နဲ့လား မသိပါလာတဲ့ ကိုရဲလွင်ကြီး နောက် ပြေးပုန်းရတာ မျက်စိထဲ မြင်ယောင်နေသေးတယ်..။ ဆလိုင်းသောန ရဲ့ သီချင်းကောင်းလေး တစ်ပုဒ်ပေါ့..။

Wednesday, May 23, 2012

Daw Suu to visit Bangkok very soon



ဒ်ါအောင်ဆန်းစုကြည် ဘန်ကောက်သို့ ရက်ပိုင်းအတွင်း သွားရောက်မည်
မိုးမခအထောက်တော် အမှတ် ၀၀၁
မေ ၂၄၊ ၂၀၁၂

၂၄ နှစ်အတွင်း ပထမဆုံးအကြိမ် ပြည်ပထွက်မည့် ဒေါ်အောင်ဆန်းစုကြည်။ ယခုလ ၁၁ ရက်နေ့က ပုဇွန်တောင်မြို့နယ် NLD ရုံးခန်း ဖွင့်ပွဲတွင် မိန့်ခွန်းပြောနေခြင်း ဖြစ်သည်။. ဓာတ်ပုံ - Aye Min Soe (NLD)

ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ သွားရောက်မည်ဟု သိရသည်။

ဘန်ကောက်တွင် ရှေ့တပတ် ဗုဒ္ဓဟူးနေ့မှ စတင်၍ ၃ ရက်ကြာ ပြုလုပ်မည့် ကမ္ဘာ့စီးပွားရေး နှစ်ပတ်လည် ညီလာခံ (World Economic Forum) သို့ တက်ရောက်မည်ဟု သတင်းများတွင် ဖော်ပြထားသည်။ ထိုညီလာခံသို့ သမ္မတ ဦးသိန်းစိန်လည်း တက်ရောက်ဖွယ်ရှိသည်ဟု သတင်းများက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံသို့ ရောက်ရှိစဉ် မြန်မာပြည်သားများနှင့် တွေ့ဆုံရန် အစီအစဉ် ရှိမရှိကိုမူ သတင်းများတွင် ဖော်ပြထားခြင်း မရှိသေးပေ။

ထိုင်းနိုင်ငံတွင် မြန်မာပြည်သား အများအပြား နေထိုင်လျက် ရှိသည်။ ထိုင်းနိုင်ငံအနှံ့အပြားတွင် အလုပ် လုပ်ကိုင်နေသူ မြန်မာပြည်သား ၂ သန်းမှ ၄ သန်းအထိရှိသည်။ စစ်ပြေးဒုက္ခသည် တသိန်း ၀န်းကျင်ရှိသည်။ နိုင်ငံရေးအဖွဲ့အစည်းများ တည်ထောင်ပြီး လှုပ်ရှားနေသူများလည်း ရှိသည်။

ယခု ဒေါ်အောင်ဆန်းစုကြည်၏ ဘန်ကောက်ခရီးစဉ်သည် အနှစ် ၂၀ ကျော်အတွင်း ပထမဦးဆုံး ပြည်ပခရီးစဉ် ဖြစ်လာမည်။

ယခင်က ပြည်ပခရီးသွားရောက်ခြင်း မရှိခဲ့သည်မှာ မြန်မာပြည်သို့ ပြန်ဝင်ခွင့် မရမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်ဟု အများက သုံးသပ်ကြသည်။

နော်ဝေး အပါအ၀င် ဥရောပနိုင်ငံတချို့သို့ သွားရောက်မည်ဟု သတင်းများ ထွက်ပေါ်ပြီးနောက် ဘန်ကောက်ခရီးစဉ်သတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။

ပြီးခဲ့သည့် အနှစ် ၂၀ ကျော်အတွင်း ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ပခရီးထွက်ရန် အချိန် နည်းပါးခဲ့ပြီး နှစ်ပေါင်းများစွာ ထိန်းသိမ်းခံရခဲ့ရသည်။


--
Send email to - edi...@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives
Reply all
Reply to author
Forward
0 new messages