14th August - MoeMaKa - Metta Nanda, Win Maw Oo, ...

20 views
Skip to first unread message

Maung Yit

unread,
Aug 14, 2013, 3:41:33 AM8/14/13
to moemak...@moemaka.com
ကာတွန်းမောင်ရစ် - အိမ်မပိုင်ဘဲ ဂေါ်လီလုပ်တဲ့ ကြိုးကြာ နားခါမှ ကင်စားမည် ...
သြဂုတ် ၁၄၊ ၂၀၁၃

Tuesday, August 13, 2013

Return from Nwe Khwe - Metta Nanda, Interview with Nu Nu & Nge Nge (MoeMaKa)

နွယ်ခွေ – မေတ္တာနန္ဒစာသင်ကျောင်းက ဒုတိယအကြိမ် အပြန်
မိဘ၊ ဆရာ၊ ကျောင်းသားတွေ အားလုံးပြောင်းမှ ပညာရေးကောင်းမှာလို့ ဆိုတဲ့ …နုနု၊ ငယ်ငယ်
 (မြန်မာပြည်က ပြန်လာတဲ့ အထက်တန်းကျောင်းသူ နုနုနဲ့ ငယ်ငယ်)
မိုးမခအင်တာဗျုး၊ သြဂုတ် ၁၄ ၊ ၂၀၁၂
လွန်ခဲ့တဲ့နှစ် အမေရိကန်နွေရာသီကျောင်းပိတ်ရက်တုန်းက ဆန်ဖရန်ဘေးဧရိယာ၊ ဖရီးမောင့်မြို့က ဆယ်ကျော်သက်ကလေး ၂ဦးဖြစ်တဲ့ နုနုနဲ့ ငယ်ငယ်တို့ မြန်မာပြည်ပြန်သွားလည်ကြတယ်။ အဲသည်တုန်းက ၂လတာမှာ ရန်ကုန်၊ မင်္ဂလာဒုံ နွယ်ခွေက မေတ္တာနန္ဒ ဘုန်းတော်ကြီးသင် စာသင်ကျောင်းမှာ အင်္ဂလိပ်စကားပြော စေတနာဝန်ထမ်း အလွတ်သင်ကျောင်းဆရာတွေ လုပ်ခဲ့ကြတယ်။ အဲသည် စာမျက်နှာမှာ အသေးစိတ်ရှုပါ။ (http://moemaka.com/archives/27262)  
ဒီတနှစ်မှာလည်း သူတို့တွေက အဲသည်ကျောင်းက ကလေးတွေကို ပေးခဲ့တဲ့ ကတိအတိုင်း ၂၀၁၃ နွေရာသီပိတ်ရက် နွယ်ခွေက မေတ္တာနန္ဒကျောင်းကို ဒုတိယအကြိမ်ပြန်သွားပြီး အင်္ဂလိပ်စကားပြော သင်ပေးခဲ့ကြပြန်တယ်။ ဒီတခါတော့ ရက်သတ္တ ၅ ပတ်လောက်ကြာတယ်။ နွယ်ခွေက မေတ္တာနန္ဒကျောင်းအပြင် အင်န်အယ်ဒီပညာရေးကွန်ယက်က အမေ့အိမ်စာသင်ကျောင်း တကျောင်းမှာလည်း စာသင်ပေးခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒီတခေါက်မှာလည်း သူတို့လေးတွေနဲ့ တွေ့ဆုံပြီးတော့ သူတို့အတွေ့အကြုံ၊ အတွေးအမြင်တွေကို မေးမြန်းပြီး တင်ပြလိုက်ပါတယ်။

မေး။     ။ ဒီတခေါက် ဘယ်တုန်းကသွားတာလဲ၊ ဘယ်တုန်းက ပြန်လာတာလဲ။
ဖြေ။     ။ ဇွန် ၂၈ ကသွားတယ်။ သြဂုတ် ၃ က ပြန်လာတယ်။ ၅ ပတ်လောက်ကြာခဲ့ပါတယ်။

မေး။     ။ သွားခဲ့တဲ့ ကျောင်းတွေက ဘယ်ကျောင်းတွေလဲ။
ဖြေ။     ။ အရင်သွားခဲ့တဲ့ မေတ္တာနန္ဒကျောင်းနဲ့ ပြီးတော့ အမေ့အိမ် (၁)လှည်းကူး ကျောင်းတွေမှာ စာသွားသင်ခဲ့တယ်။

မေး။     ။ စာသင်ချိန်တွေက ဘယ်လိုလဲ ပြောပါဦး။
ဖြေ။     ။ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသာပတေး၊ မနက် ၉ နာရီက ၁၀ နာရီခွဲ အထိက အမေ့အိမ်ကျောင်း၊ နေ့ခင်း ၂ နာရီက ၄ နာရီခွဲအထိက မေတ္တာနန္ဒကျောင်းမှာ စာသင်ကြတယ်။

မေး။     ။ ဒီတခေါက်က အဖေ၊ အမေတွေထဲက ဘယ်သူက လိုက်ပေးသလဲ။
ဖြေ။     ။ မနှစ်က အဖေလိုက်ပေးထားတော့၊ သည်နှစ်ကတော့ အမေ့ကလှည့်ပေါ့။ မေမေက လိုက်ပြီး အားလုံး နေထိုင်၊ စားသောက်၊ သွားလာတာတွေ စီစဉ်ပေးရတယ်။

မေး။     ။ ဘာလို့ ဒီတခေါက်ထပ်သွားရတာလဲ။
ဖြေ။     ။ သံယောဇဉ်ရှိလို့။ ပြီးတော့ ကျန်ရစ်ခဲ့တဲ့ကလေးတွေမှာ အလားအလာတွေ ရှိလို့၊ သူတို့တွေ ပိုပြီး ကောင်းလာစေချင်လို့။ မနှစ်တုန်းကလည်း သူတို့တွေကို သမီးတို့ (ဆရာမတို့) ပြန်လာမယ်လို့ ကတိပေးခဲ့တယ်လေ။

မေး။     ။ ပြန်သွားတော့ အဲသည်ကလေးတွေနဲ့ ပြန်တွေ့ရသလား။ သူတို့က မျှော်ကော နေသလား။
ဖြေ။     ။ မျှော်နေတယ်။ ပြီးတော့ မနှစ်က ပေးထားခဲ့တဲ့ စာအုပ်တွေ၊ လေ့ကျင့်ခန်းတွေကို သူတို့ သိမ်းထားတယ်။ လေ့ကျင့်ထားတာကို တွေ့ရတယ်။

မေး။     ။ လူတွေ လျော့သွားသလား။
ဖြေ။     ။ လူတွေတောင် တိုးလာတယ်။ ဘုန်းဘုန်းက အတန်းချိန်တွေ စီစဉ်ပေးထားတယ်။ အရင်တုန်းက သူတို့တွေက ၈ တန်း၊ အခု သူတို့တွေအားလုံးက ၉တန်း တက်နေကြပြီ။

မေး။     ။ မနှစ်တုန်းက သင်တာနဲ့ ဒီနှစ်သင်တာ ဘာကွာခြားသွားသလဲ။ ဘယ်လိုတွေ ပြင်ဆင်သွားသလဲ။
ဖြေ။     ။ မနှစ်တုန်းကတော့ သူတို့တွေကို grammer, sentence construction, vocabulary နဲ့ comprehension တွေကို အဓိကထားပြီး သင်ပေးခဲ့ရတယ်။ ဒီတခေါက်ကတော့ သူတို့နဲ့ အဓိက လုပ်တာကတော့ speaking ပဲ။ game ဆော့သလို အပြန်အလှန် စကားပြော၊ မေးခွန်းတွေ မေး၊ လက်တွေ့မှာ အသုံးကျမယ့် အပြောအဆို ဗဟုသုတတွေ ပြောတယ်၊ သင်တယ်။

မေး။     ။ လက်တွေ့မှာ ဘယ်လိုမျိုး အသုံးကျတဲ့ အခြေခံကို သင်တာလဲ။
ဖြေ။     ။ ခရီးသွားတာ၊ ဧည့်သည်တွေကို ဧည့်ခံတာမျိုးကို အပြင်လောကမှာ ပြောနိုင်ဆိုနိုင် လုပ်နိုင်လာအောင် သင်တာမျိုးပေါ့။ tourism and hotel service တွေအတွက် ဆိုတာမျိုး အခြေခံပြီး သင်တာပေါ့။

မေး။     ။ အရင်တခါတုန်းကတော့ အရွယ်ချင်း သိပ်မကွာတဲ့ ကလေးတွေအချင်းချင်း စာလာသင်တာဆိုပြီး သိပ်ပြီး ဂရုမစိုက်ကြဘူး မဟုတ်လား၊ အခုကျတော့ ဘယ်လိုတွေ့ရသလဲ။
ဖြေ။     ။ ဒီတခေါက်မှာတော့ သူတို့တွေက ပိုပြီး သိတတ်လာကြတယ်။ အဝေးကြီးကနေ စေတနာနဲ့ တကူးတကလာသင်တာဆိုပြီး ပိုနားလည်လာကြတယ်။ ပိုပြီး ခင်လာကြတယ်။ ပိုပြီးတော့ ကြိုးစားလာကြတယ်။

မေး။     ။ အတွေ့အကြုံလေးတွေ ပြောပါဦး၊
ဖြေ။     ။ အရင်တုန်းက အင်္ဂလိပ်စာကို ဘာသာရပ်တခုလို သင်တာ။ စာဖတ်တာ၊ စာကျက်တာ၊ လေ့ကျင့်ခန်းတွေ စစ်တာတွေ အများကြီးပါတယ်။ အခုကျတော့ အင်္ဂလိပ်စာကို မြန်မာစကားလိုမျိုး နောက်ဘာသာစကားတခုအဖြစ် ပြောတတ်၊ သုံးတတ်အောင် သင်တာဖြစ်သွားတယ်။ အဲသည်ကျတော့ သမီးတို့တွေနဲ့ ကျောင်းသားတွေကြားမှာ ပိုပြီး ရင်းနှီးသွားတယ်။ ကြောက်နေ၊ စိုးရိမ်နေတာတွေ မရှိတော့ဘူး။ Personal ပိုဖြစ်လာတယ်။ မေးခွန်းတွေ အများကြီးမေးလာတယ်။ သူတို့ပြောချင်တာတွေ ပြောလာတယ်။ သမီးတို့ ဟိုမှာ ဘယ်လို နေသလဲ၊ ဘာစာတွေ သင်သလဲ။ အမေရိကားဆိုတာ ဘယ်လိုနေလဲ။ သူတို့နဲ့ ဘာတွေ ကွာခြားသလဲ။ ဒါမျိုးတွေ အများကြီး ဖြစ်လာတယ်။ သူတို့တွေ ပိုသိချင်လာတယ်။ ပိုတတ်ချင်လာတယ်။

မေး။     ။ သူတို့ကို သမီးတို့ သင်ပေးလိုက်တာတွေက သူတို့နေ့စဉ်ဘ၀အတွက် တိုးတက်ဖို့အတွက် အကျိုးဖြစ်တယ်လို့ သူတို့ယူဆသလား။
ဖြေ။     ။ သင်တန်းတွေပြီးတော့ သူတို့တွေက မြန်မာလိုကော၊ အင်္ဂလိပ်လိုပါ နှုတ်ဆက်တဲ့ စာစီစာကုံးတွေ ရေးကြတယ်။ reflection ပေါ့။ သူတို့တွေက သမီးတို့နဲ့ သင်ကြားခဲ့ရတာတွေကနေ သူတို့ ဖြစ်ချင်တာတွေ၊ သူတို့ လုပ်ချင်တာတွေအတွက် အထောက်အကူဖြစ်တယ်လို့ ရေးကြတယ်။ ဥပမာ tourist တွေနဲ့ ဘယ်လိုစကားပြောမလဲ။ ဆက်ဆံမလဲ။ သူတို့ကိုယ်တိုင် tourist တွေဆိုရင် ဘယ်လိုမျိုး လုပ်မလဲ ဆိုတာမျိုး သူတို့ စဉ်းစားလာကြတယ်။

မေး။     ။ အချိန်က တိုတော့ စာတတ်အောင်၊ ကျက်ခိုင်း မှတ်ခိုင်းတာမျိုးထက်၊ အင်္ဂလိပ်ဘာသာစကားကို သုံးစွဲနိုင်အောင်၊ ဆက်သွယ်ပြောဆိုနိုင်အောင် လုပ်ကြရတဲ့ သဘောမျိုးပေါ့။
ဖြေ။     ။ ဟုတ်တယ်။ အဲဒါက သူတို့တွေအတွက် အချိန်တိုတိုအတွင်း သိချင်၊ တတ်ချင်၊ ပြောချင် ဆိုချင်စိတ်တွေ တည်ဆောက်ပေးသလိုဖြစ်သွားတယ်။ ပြီးတော့ သူတို့ ကျက်နေ၊ မှတ်နေရတဲ့ စာတွေရဲ့ အပြင်ဖက်ကိုလည်း ထွက်ကြည့်ရသလို ဖြစ်သွားတယ်။ သမီးတို့က သူတို့စာသင်ခန်းလေးထဲ၊ သင်ခန်းစာတွေထဲ ၀င်တာမျိုးမဟုတ်ဘဲနဲ့ သမီးတို့နဲ့အတူ သူတို့စာသင်ခန်းအပြင်၊ သင်ခန်းစာတွေအပြင်ကို ထွက်ကြည့်ကြတဲ့ သဘောမျိုး ဖြစ်သွားတယ်။ အဲသည်မျိုးက သူတို့အတွက် အသုံးဝင်မယ်လို့ သမီးတို့က ထင်တယ်။

မေး။     ။ ဒီတခေါက်က သမီးတို့မှာက text book တွေ၊ exercise တွေ၊ teaching and learning material တွေ အများကြီး ပြင်ဆင်သွားရမျိုး မဟုတ်ဘူးပေါ့။
ဖြေ။     ။ မနှစ်တုန်းကတော့ အဲသည်လိုစာသင်ပေးဖို့ ပြင်သွားတာမျိုးနဲ့ သွားကြတာ။ ဒီနှစ်ကတော့ သမီးတို့ကိုယ်တိုင်က tourist တွေလိုမျိုး ဧည့်သည်နဲ့ အိမ်ရှင်တွေနဲ့ အပြန်အလှန် စကားပြောဆိုပြီး ဆက်သွယ်ပြီး လေ့ကျင်သင်ကြားကြတဲ့သဘောမျိုး၊ လက်တွေ့ ကွင်းဆင်းသလိုမျိုး သွားကြတာ။

မေး။     ။ သူတို့က ဘာတွေ မေးကြသလဲ။ သိချင်သလဲ။
ဖြေ။     ။ အမေရိကန်သမ္မတက ဘယ်သူလဲ၊ သူ့မိန်းမ နံမယ်က ဘာလဲ။ သူ့ကလေးတွေ နံမယ် ဘယ်လို ခေါ်သလဲ ဆိုတာမျိုး မေးကြတယ်။ တိုးရစ်တွေလိုမျိုး တွေးပြီး စဉ်းစားတယ်၊ ပြောတယ်။ သမီးတို့ ကျောင်းတွေက ဘာတွေ သင်သလဲ။ ဘယ်လိုတွေ သင်တာလဲ။ သမီးတို့ဆီက ကောလိပ်ဆိုတာ ဘယ်လိုမျိုးလဲ။ ဒါမျိုးတွေ မေးတယ်။ စုံစမ်းတယ်။ သူတို့တွေ အပြင်ကို ထွက်လာကြမယ်ဆိုရင် ဘာတွေ သိထားရမလဲ၊ ပြင်ဆင်ထားရမလဲ ဆိုတာတွေ ပြောလာကြတယ်။ လက်ရှိသူတို့တွေအနေနဲ့ ဘာတွေ လုပ်ကြမလဲ၊ ပြင်ဆင်ကြမလဲ ဆိုတာမျိုးတွေ ပြောလာကြတယ်။

မေး။     ။ သူတို့တွေမှာ ဘာတွေ အားနည်းနေသေးသလဲ။
ဖြေ။     ။ သူတို့မှာက အင်္ဂလိပ်ဘာသာစကားကို second language လိုမျိုး ပြောတတ် ဆိုတတ် ဖြစ်လာဖို့ လက်တွေ့ သူတို့စာသင်ခန်းမှာ မဖြစ်နိုင်ဘူး။ စာသင်ခန်းထဲက ဆရာတွေ၊ ဆရာမတွေနဲ့က မြန်မာလိုပဲ ပြောဆိုပြီး စာသင်နေရတာလေ။ သူတို့တွေ အပြင်မှာ ပြောမယ် ဆိုမယ်ဆိုရင် တကယ်တန်း ဘယ်လိုပြောမလဲ၊ အသံထွက် မှန်လား မှားလား ဘယ်လိုပြင်ပေးမလဲ။ ဒါမျိုးတွေ သူတို့အတွက် မရှိဘူးပေါ့။

မေး။     ။ အဲသည်အတွက် ကျောင်းစာတွေက ပြင်ဆင်ပေးထားတွေ မရှိဘူးလား။
ဖြေ။     ။ စာသင်ခန်းမှာ သင်ရတာတွေ ကျောင်းစာက သင်ထားရတာတွေက အပြင်မှာနဲ့ မတူဘူးလေ။ အတန်းစာထဲက စာတွေ ရေးတတ်၊ ဖတ်တတ်တာနဲ့ အပြင်မှာ သုံးလို့ မရဘူး။ ဥပမာ zoo animals’ တွေအကြောင်း စုံအောင် မသိဘူး။ မခေါ်တတ်ဘူး။ အဲသည် zoo animals’ တွေနဲ့ sentences တွေ မဆောက်တတ်ဘူး၊ မပြောတတ်ဘူး။ ကျောင်းစာထဲကအတိုင်းတော့ သူတို့ ရတာပဲ ရှိတယ်။

မေး။     ။ သူတို့ ကျောင်းစာတွေကို ဖတ်တတ်တယ် မဟုတ်ဘူးလား။ အဲဒါတွေကို ပြန်မရေးနိုင်ဘူးလား။
ဖြေ။     ။ သူတို့ကျောင်းစာတွေကို အဲသည်အတိုင်း ဖတ်တတ်တယ်။ အဲသည်အတိုင်း ရေးတတ်တယ်။ သူတို့ဖာသာ သူတို့ စာပြန်ရေးတာ၊ စာပြန်ပြောတာတွေ မလုပ်နိုင်ဘူး။

မေး။     ။ သမီးတို့နဲ့ ပြောဆိုပြီးတော့ သိလာတာနဲ့ sentence တွေ ပြန်စီတာတွေ၊ ပြန်ရေးတာတွေက သူတို့ အတန်းစာတွေ၊ ကျောင်းစာတွေကို ပြန်အထောက်အကူ မဖြစ်နိုင်ဘူးလား။
ဖြေ။     ။ အဲသည်လိုတော့ ဖြစ်နိုင်ပါတယ်။

မေး။     ။ ကောင်းပါပြီ၊ လှည်းကူးက အမေ့အိမ်ကျောင်းက အတွေ့အကြုံကဘယ်လိုလဲ။ သူတို့က သမီးတို့နဲ့ မနှစ်က မဆုံခဲ့ကြဘူးလေ။
ဖြေ။     ။ မေတ္တာနန္ဒကျောင်းက ၉ တန်းက ၉ တန်းအရွယ်တွေများတယ်။ လှည်းကူးက အမေ့အိမ်ကျောင်းမှာက ၁၀တန်း ကျတွေနဲ့ တွေ့ရတယ်။ အသက်တွေက ၁၆ နှစ်ကနေ ၂၀ လောက်အထိ ရှိတယ်။ သမီးတို့ထက် ကြီးတဲ့သူတွေ ပါတာပေါ့။ သူတို့က နံမယ်ဘယ်လိုခေါ်သလဲ၊ ဘယ်မှာနေသလဲ ဒါမျိုးတွေတော့ ပြောတတ်တယ်။ speaking တော့ရတယ်။ သူတို့က reading တို့ writing တို့ မရဘူး။ ပြီးတော့ မေတ္တာနန္ဒကျောင်းကလိုမျိုး စိတ်ဝင်စားတာမျိုး မတွေ့ရဘူး။

မေး။     ။ ဘာဖြစ်လို့လဲ။
ဖြေ။     ။ မေတ္တာနန္ဒကျောင်းက အဓိကကျောင်းလေ။ အဲသည်က ကလေးတွေကို ကျောင်းမှာသွား စာသင်ရတာ။ အမေ့အိမ်ကျောင်းကတော့ သူတို့တွေအခေါ် ကျုရှင်လိုမျိုးပေါ့။ အပြင် side school လိုမျိုးပေါ့။ သူတို့က normal public school တက်နေကျ ကျောင်းသားတွေပေါ့။ သူတို့တွေကို သမီးတွေက စာဖတ်ပြရတယ်။ ပြန်မေးတယ်။ ဖြေနိုင်တယ်။ ဒါပေမယ့် သူတို့က အပြင်စာတွေ စကားတွေကို သိပ်မသိချင်သေးဘူး။ ကျောင်းစာတွေတော့ ရတာပဲ ရှိတယ်။ ဒါတွေ သင်နေတာလဲ ကြာပြီကိုး၊ အသက်လည်း ကြီးတယ်လေ။

မေး။     ။ သူတို့တတွေက သမီးတို့နဲ့ ရင်းနှီးရလို့ သိကျွမ်းရလို့ အကျိုးရှိတယ်လို့ မထင်ဘူးလား။
ဖြေ။     ။ လောလောဆယ်မှာတော့ မတွေ့ရဘူး။ သူတို့က အပျော်လောက်ပဲ သဘောထားတာ။ မေးခွန်းတွေလည်း မမေးချင်ကြဘူး။ သိလည်း မသိချင်ဘူး။ နောက်တခုက သမီးတို့ထင်တာကတော့ မေတ္တာနန္ဒကျောင်းက ကလေးတွေက မိဘတွေ မရှိဘူးလေ။ မိဘမဲ့တွေ မဟုတ်လား။ သူတို့ကို ဂရုစိုက်တဲ့သူတွေဆိုလို့ သူတို့ကျောင်းနဲ့ ဆရာ၊ ဆရာမတွေနဲ့ ဘုန်းဘုန်းတွေပဲ ရှိတယ်။ ဒ့ါအပြင် သမီးတို့လိုမျိုး အပြင်လောကကနေ ဂရုစိုက်တဲ့သူတွေ တွေ့ရတယ်။ ဒါကို သူတို့က သိတယ်။ ဟိုမှာကတော့ သူတို့ အသိုင်းအ၀ိုင်းနဲ့ မိဘနဲ့ အိမ်နဲ့ ကျောင်းနဲ့ တက်နေရတာ ရှိတယ်။ ကျုရှင်လိုမျိုး တက်ရတာဖြစ်နေတယ်။

မေး။     ။ ဟုတ်ပြီ၊ မနှစ်တုန်းကတော့ သမီးတို့က formal class room teaching ပေါ့။ ဒါကို ဖြည့်ဆည်းပေးတာ၊ ဒီနှစ်ကျတော့ သမီးတို့က informal teaching, interactive learning လုပ်တာမျိုးကို သွားလုပ်တာ ဖြစ်တယ်။ မနှစ်တုန်းကတော့ ကလေးတွေက အတန်းတွေတက်၊ စာမေးတွေ အောင်ရင် ဆရာဝန်ကြီးတွေ၊ အင်ဂျင်နီယာကြီးတွေ၊ ကျောင်းဆရာတွေ လုပ်မယ်လို့ ပြောကြ ရေးကြတယ်။ အခုနှစ်ကျတော့ကော သူတို့တွေက (နွယ်ခွေ၊ မေတ္တာနန္ဒကျောင်း) က ကလေးတွေက ဘာတွေ လုပ်မယ်၊ ဖြစ်ချင်တယ်လို့ ပြောကြသလဲ။
ဖြေ။     ။ သမီးတို့က တိုးရစ်တွေနဲ့ စကားပြောတာမျိုး သွား သင်ကြတာ၊ စကားပြောတတ် မေးမြန်းစုံစမ်းတတ်အောင် သင်တာဖြစ်တယ်။ အဲသည်ကျတော့ ကျောင်းစာအပြင် တခြားလုပ်ချင်တာတွေကို သူတို့ စဉ်းစားပြီး ပြောလာကြတယ်။ tourist guide လုပ်မယ်ဆိုရင် ဘယ်လို လုပ်မယ်၊ တခြားလုပ်ချင်တာတွေ လေ့လာစရာတွေ လိုက်ရှာဖွေလို့ ရတယ်ဆိုတာမျိုး လျောက်ပြီး တွေးလာတယ်။ ချဲ့ပြီး စဉ်းစားလာတယ်။

မေး။     ။ အဲသည်လိုမျိုး ကျောင်းသားတွေ စိတ်ထဲမှာ အမျိုးမျိုးအဖုံဖုံ တွေးတတ်၊ စဉ်းစားတတ်၊ ပြောတတ်အောင် လုပ်နိုင်တယ်ဆိုတော့ ပုံမှန်စာသင်ခန်းမှာ သင်ကြားပေးနေတဲ့ ဆရာတွေ ဆရာမတွေနဲ့ ပတ်သက်ပြီးတော့ရော ဘယ်လိုမျိုး တွေးမိ မြင်မိသလဲ။
ဖြေ။     ။ အစကတော့ ကျောင်းသားတွေ improvement ဖြစ်အောင်လို့ သမီးတို့က သွားကူကြတာလေ။ အမေရိကန်မှာ၊ သမီးတို့ကျောင်းမှာဆိုရင် ဆရာတွေက ဘာသာစုံကို သိတယ်။ သင်နိုင်တယ်။ သမီးတို့နဲ့ သမီးတို့ကျောင်းကဆရာတွေနဲ့က အရမ်းရင်းနှီးတယ်။ သမီးတို့က ဆရာတွေကို ကြောက်နေရတာမျိုး မရှိဘူး။ မြန်မာပြည်က ကျောင်းက ဆရာတွေကော၊ ကျောင်းသားတွေမှာက ကြောက်နေရတာမျိုး စိုးရိမ်နေရတာမျိုးတွေ ရှိနေတယ် ထင်တယ်။ ဆရာတွေဖက်ကလည်း သမီးတို့လိုမျိုး ရင်းနှီးမှုတွေ ကျောင်းသားတွေနဲ့ အပြန်အလှန် interactive လုပ်လာတာမျိုး improvement တွေ လုပ်လာတာမျိုး ဖြစ်လာစေချင်တယ်။

မေး။     ။ ဆရာတွေ ဆရာမတွေနဲ့ အဲလိုဖြစ်လာအောင် ဘယ်လိုလုပ်ရမလဲ။
ဖြေ။     ။ သမီးတို့နဲ့ သူတို့တတွေ စကားပြောကြပေါ့။ သမီးတို့ကို မေးပေါ့။ သမီးတို့ကလည်း ပြောပြမှာပေါ့။ အခုဟာက ဆရာတွေ ဆရာမတွေကလည်း သူတို့အချိန်စာရင်းတွေနဲ့ အပြည့်ဆိုတော့ သမီးတို့နဲ့ တွေ့ဖို့ အချိန်မရှိဘူး။ မစီစဉ်ပေးနိုင်ကြဘူး။ သမီးတို့တွေ ဘယ်လိုစာသင်ခဲ့တယ်။ ဘယ်လို learn လုပ်ရတယ်ဆိုတာမျိုး သူတို့ကို ပြောပြချင်တယ်။ သူတို့တွေနဲ့ seminar တွေ လုပ်နိုင်ရင် ကောင်းမယ် ထင်တယ်။ သမီးတို့ အမေ့အိမ်မှာ စာသင်တော့ ဆရာတွေက လာကြည့်တာမျိုးတော့ ရှိတယ်။

မေး။     ။ assessment တွေ followup တွေ လုပ်ကြဖို့ လိုတယ်လို့ ထင်တာပေါ့။
ဖြေ။     ။ ဟုတ်တယ်။

မေး။     ။ ကောင်းပြီ။ အဲသည်လိုမျိုး ရန်ကုန်က ပညာရေးကွန်ယက် ကွန်ဖရန့်တခုမှာတော့ မြန်မာပြည်က တက္ကသိုလ်ပညာရေးက အကြောက်တရားကင်းစင်သော ပညာရေးဖြစ်ရမယ်လို့ ထုတ်ဖော်ဆွေးနွေးခဲ့တယ်လို့ ဆိုတယ် (မိုးမခ၊ ဘိုးသိန်းရေး ဆောင်းပါးကို http://moemaka.com/archives/37011  ရှု) သမီးတို့ပြောသလိုဆိုရင် အခြေခံပညာရေးမှာကတည်းက ဆရာတွေကလည်း စဉ်းစားကြရမှာပေါ့။
ဖြေ။     ။ ဟုတ်တယ်၊ ကျောင်းမှာ ဆရာတွေ၊ တပည့်တွေမှာ စိုးရိမ်နေတယ်။ မှားမှာစိုးတယ်၊ မေးခွန်းထုတ်ရမှာကို စိုးနေတယ်။ မသိဘူးလို့ ပြောရမှာကို ကြောက်နေတယ်။ မသိလို့ မတတ်လို့ အပြစ်ပေးခံရမှာ၊ အရိုက်ခံရမှာကို ကြောက်နေတယ်။ အဲသလိုမျိုး။ အမေရိကန်မှာက အမှားကနေ သင်တာလေ။ အမှားကနေ သင်ခန်းစာကို ယူရတာ။ learn from mistakes လုပ်ရတာကို သမီးတို့ကျောင်းတွေမှာ သင်ရတယ်။ မှားတာကနေ အမှန်ကို ပြင်ယူရတာကို မကြောက်ဖို့ လိုတယ်လေ။ မသိတာကို ထုတ်မပြောတော့ အဲဒါတွေက ပွင့်လင်း မလာတော့ဘူးပေါ့။ open up မဖြစ်လာတော့ဘူးပေါ့။

မေး။     ။ ဆရာတွေ ကျတော့ရော …
ဖြေ။     ။ ဆရာတွေကလည်း အရမ်းကို respect ကို လိုချင်နေရင် တပည့်တွေနဲ့ close မဖြစ်တော့ဘူးလေ။ အဝေဖန်လည်း မခံနိုင်တော့ဘူး ဖြစ်သွားမှာပေါ့။ တပည့်တွေကလည်း မှားမှာကြောက်တယ်။ ဆရာတွေကလည်း သူတို့မှာ လိုအပ်ချက်တွေ ရှိနေတာကို ၀န်ခံပြီး ပြင်ဆင်ဖို့ကိုလည်း ကြောက်နေပြန်တယ်ဆိုရင် ဘယ်လို နီးစပ်မလဲ၊ တိုးတက်လာမှာလဲ။ သမီးတို့ကိုလည်း မင်္ဂလာပါဆရာမ၊ ကျေးဇူးတင်ပါတယ် ဆရာမလို့တော့ နှုတ်ဆက်ရတာပါပဲ။ ဒါပေမယ့် သမီးတို့နဲ့ ကျောင်းသားတွေမှာ အတားအဆီးကြီး ဖြစ်နေအောင် မနေဘူးလေ။ သူတို့တွေကို ကလေးလေးတွေလိုမျိုး သမီးတို့က treat မလုပ်ဘူးလေ။ သူတို့ကို လူကြီးတွေလိုမျိုးသဘောထားပြီး ရင်းရင်းနှီးနှီး ဆက်ဆံတာပဲ၊ သမီးတို့ကတော့။

မေး။     ။ သမီးတို့ကျောင်းသားတွေက ဆရာတွေ ပြန်မလုပ်ချင်ကြဖူးလား။
ဖြေ။     ။ အင်း … တချို့ကျောင်းသားတွေက သမီးတို့ကို စာရေးတော့ ပြောကြတယ်။ သူတို့ translator တွေ၊ interpreter တွေ ဖြစ်ချင်တယ်။ ပြီးတော့ ဆရာမတို့လိုမျိုး (သမီးတို့လိုမျိုး) ဆရာတွေ ပြန်လုပ်မယ်လို့ ပြောလာကြတယ်။

မေး။     ။ နောက်တခါကျရင်ကော အဲသည် ကလေးတွေနဲ့ စာသွားသင်ဦးမှာလား
ဖြေ။     ။ သင်ဦးမယ်။ သမီးတို့ တတ်နိုင်တဲ့ အဲသည်ကကလေးတွေအတွက် improve ဖြစ်အောင် ထပ်သွားဦးမယ်လေ။ သမီးတို့တတွေ အဲသည်က ဆရာတွေ၊ ဆရာမတွေနဲ့လည်း စကားပြောချင်တယ်။ ရင်းနှီးချင်တယ်။ ဒါပေမယ့် ဗမာတွေဆီမှာက အရမ်းကို မာနတွေ အတ္တတွေ (ego & pride) တွေရှိနေရင် ဘယ်လိုစကားပြောလို့ ရမလဲ၊ ဟောသည် အမေရိကန်ကလာတဲ့ အမေရိကန် ဆယ်ကျော်သက် ကောင်မလေး ၂ ယောက်ဆီက ငါတို့က စကားနားထောင်လို့ ဘယ်ဖြစ်မလဲဆိုရင် သမီးတို့ ဘာမှ မတတ်နိုင်ဘူးလေ။ သမီးတို့ကို မယုံရင်လည်း မသိဘူးလေ။ သမီးတို့ပြောချင်တာတွေက သူတို့ဗမာပြည်က အခြေအနေတွေနဲ့ မတူဘူးဆိုပြီး သဘောထားနေရင် မဖြစ်ဘူးလေ။  

မေး။     ။ ဆရာတွေကို မပြောရင် ဘယ်သူတွေကို ပြောမလဲ။
ဖြေ။     ။ အင်း တဖက်ကစဉ်းစားကြည့်ရင်တော့ အဓိကကျတာက government ပါပဲ။ သူတို့ကိုယ်တိုင်က ပြင်မှ ဖြစ်မှာပါပဲ။

မေး။     ။ အစိုးရကြီးကို မပြောနိုင်ရင်လည်း ကျောင်းထောင်ထားသူတွေ၊ ကျောင်းအုပ်တွေ စီစဉ်သူတွေ၊ ဘုန်းတော်ကြီးတွေကိုကော ပြောလို့ မဖြစ်နိုင်ဘူးလား။
ဖြေ။     ။ ဟုတ်တယ်။ သမီးတို့ အမေ့အိမ် လှည်းကူး ၁ ကျောင်းမှာတုန်းကတော့ ဆရာတွေ လာကြည့်တော့ သူတို့နဲ့ ပြောဖြစ်တာတွေ ရှိတယ်။ သမီးတို့ စာသင်နေတာကို ဗီဒီယိုရိုက်ထားတာမျိုး လုပ်ဖို့ပေါ့။ ပြန်ပြီး ကြည့်လို့ရတာပေါ့။


မေး။     ။ အမေ့အိမ်မှာ တခြားသမီးတို့လိုမျိုး စာလာသင်တဲ့ ပြည်ပကဆရာတွေ ရှိသလား။
ဖြေ။     ။ ရှိတယ်။ နိုင်ငံခြားသား ဆရာတွေ ၃ ဦးလောက် လာတယ်။ သူတို့က ကျောင်းတွေ အများကြီးကို အချိန်နဲနဲပဲ ပေးပြီး စာသင်တာမျိုးလာလုပ်တာဆိုတော့ သမီးတို့လိုမျိုး ကျောင်းသားတွေနဲ့ bond လုပ်တာမျိုး၊ close ဖြစ်အောင် လုပ်တာမျိုး မဟုတ်ဘူး။ ပြီးတော့ သူတို့သင်တာက ကလေးတွေ သင်သလိုမျိုး သင်တာဆိုတော့ ကျောင်းသားတွေကို how are you တို့ what is your name တို့လောက်နဲ့ ပြီးသွားတာပဲ တွေ့ရတယ်။ အဲသည်လိုမျိုးအချိန်ပေးတာနဲ့တော့ မလောက်ဘူး ထင်ပါတယ်။

မေး။     ။ သမီးတို့ကို မြန်မာပြည်မှာရောက်တုန်းက အခြားစိတ်ဝင်စားသူတွေ၊ အဖွဲ့တွေ ရှိသလား။
ဖြေ။     ။ သတင်းဂျာနယ်တွေထဲက စာစောင် ၂ ခု လာတယ်။ ပြည်သူ့ဆန္ဒဆိုတာနဲ့ First Weekly က လာမေးတာ ရှိတယ်။ သမီးတို့နဲ့ နွယ်ခွေက အတွေ့အကြုံတွေ ပြောပြဖြစ်တယ်။

မေး။     ။ နွယ်ခွေ မေတ္တာနန္ဒကျောင်းက ကလေးတွေ အဲလေ ကျောင်းသား၊ ကျောင်းသူတွေနဲ့ game တွေ ဥာဏ်စမ်းတွေလုပ်တော့ ဘယ်လိုမျိုး သူတို့တွေ ဘယ်လိုတုန့်ပြန်ကြသလဲ ပြောပြပါဦး။
ဖြေ။     ။ အရင်တုန်းက ရှက်သလို ကြောက်သလိုဖြစ်နေတဲ့ ကျောင်းသားတွေက ဥာဏ်စမ်းတွေ အလှည့်ကျ မေးရ၊ ဖြေရတော့ အရမ်း တက်ကြွပြီး ပါချင်ကြတယ်။ သူများဖြေနေချိန်မှာလည်း သူတို့အချင်းချင်း အဖြေတွေ ဖြေကြည့်ကြတယ်။ ပြီးတော့ သမီးတို့က အားလုံးကို ပျော်အောင်လို့ ဆုတွေပေးတယ်၊ လက်ဆောင်လေးတွေ မျှဝေပေးတယ်။ လိုတဲ့ ကျောင်းသုံး၊ အသုံးအဆောင်တွေ ၀ယ်ပေးဖြစ်တယ်။ မေတ္တာနန္ဒကျောင်းက ကလေးတွေ ၁၃၀ ကျော်အတွက် မိုးကာတွေလည်း ၀ယ်ခဲ့ဖြစ်တယ်။ ဆုပေး ဒဏ်ပေးတာမျိုး မဟုတ်ဘူးလေ၊ အားလုံးကို အသိအမှတ်ပြုတဲ့သဘောပဲ။ သမီးတို့ ပြန်ခါနီးတော့ သူတို့တွေက လိုလိုလားလားနဲ့ အက်ဆေးတွေ ရေးပြီး နှုတ်ဆက်တဲ့ဆီမှာ သူတို့ခံစားချက်တွေ အများကြီး ထည့်ရေးကြတယ်။ သမီးတို့လည်း အရမ်းခံစားရတယ်လေ။

မေး။     ။ အခုဒီတခါမှာ သမီးတို့ကျောင်းသားတွေရဲ့ ဘ၀တွေ ဘာတွေ တွေ့ရသလဲ။
ဖြေ။     ။ သူတို့တွေက အခု ၉  တန်း ရောက်နေကြပြီလေ။ တခြားကျောင်းကဆိုရင် ၉ တန်း ၁၀တန်းတွေ ဖြစ်နေပြီ။ သူတို့ကျောင်းတွေမှာ သူတို့ အရမ်းအလုပ်များတာပဲ။ မနှစ်ကဆိုရင် သူတို့ပုံမှန်ကျောင်းချိန်ထဲက ဖဲ့ပြီး သမီးတို့အတန်းကို လာတက်ရတာလောက်ပဲ သိထားတာ။ အခုကျတော့ သူတို့စာသင်ချိန်တွေက များမှ များပဲ၊ မနက်ကနေ ကျောင်းတက်နေလိုက်ရတာ ည ၁၀နာရီအထိကို သူတို့တွေက ကျောင်းတက်နေရတုန်း၊ သူတို့အတွက် စာမေးပွဲတွေ အများကြီး၊ ကျောင်းစာတွေကလည်း အများကြီးပဲ။ အဲသည် ကျောင်းစာတွေနဲ့ ပိနေတော့ တခြားအချိန်တွေ အားလပ်ချိန်တွေလည်း သူတို့မှာ မရှိဘူး။

မေး။     ။ ကျောင်းသားတွေပဲ ကျောင်းစာတွေ လုပ်ရမှာ မဟုတ်ဘူးလား။
ဖြေ။     ။ မဟုတ်ဘူးလေ။ ကျောင်းစာတွေအပြင် အပြင်ဝါသနာပါတာတွေ၊ ပျော်စရာတွေ၊ အားကစားတွေ သူတို့မှာ လုပ်စရာ မရှိဘူး၊ အချိန်လည်း မရှိဘူးလေ။ သမီးတို့ (အမေရိကန်) ကျောင်းတွေမှာ အားကစားတွေ၊ အနုပညာတွေ၊ ကတာ ခုန်တာတွေ၊ ပွဲတွေလုပ်တာတွေ ရှိတယ် ၀ါသနာပါတာတွေ လိုက်စားကြတယ်လို့ ပြောပြတော့ သူတို့အတွက်က အထူးအဆန်းတွေ ဖြစ်လို့ နေကြတယ်။ အမေ့အိမ်က ကျောင်းသားတွေမှာလည်း ကျောင်းပြီးတာနဲ့ ကျုရှင်တွေ ဆက်နေတယ်။ စနေ တနင်္ဂနွေတွေလည်း သူတို့မှာ မရှိဘူး။ အပြင်က မိဘတွေကလည်း သူတို့ကလေးတွေကို ကျောင်းစာတွေ ကျုရှင်တွေနဲ့ပဲ လုံးပမ်းနေခိုင်းတာ သနားစရာ ကောင်းတယ်။ သနားစရာဆိုတာ ကလေးတွေကော၊ မိဘတွေကောပဲနော်။ မိဘတွေကလည်း ကလေးတွေရဲ့ ကျုရှင်တွေအတွက် နောက်က လိုက်လုပ်ပေးနေရတာကိုး။ သူတို့လည်း life ဆိုတာ ဘယ်ရှိမှာလဲ။

မေး။     ။ ဘာသနားစရာရှိလို့လဲ။
ဖြေ။     ။ ဗမာပြည်မှာက မိဘတွေကော ပတ်ဝန်းကျင်က ကလေးတွေကို စာကျက် စာကျက်၊ စာကျက်မှ အောင်မြင်မှာ၊ စာကျက်မှ အဆင်ပြေမှာ ဒါတွေနဲ့ပဲ stress တွေဖြစ်အောင် လုပ်ခိုင်းထားတယ်။ သူတို့ စာကျက်နေတာတွေက သူတို့ ၀ါသနာပါတာတွေ၊ ဖြစ်ချင်တဲ့ စိတ်ကူးဥာဏ်တွေကို အထောက်အကူဖြစ်မလား၊ မဖြစ်လားလဲ သေချာပြန်မစဉ်းစားခိုင်းဘူး။ ဘ၀မှာ စာကျက်နေရုံနဲ့ အဆင်ပြေသွားမယ်၊ ကောင်းသွားမယ်လို့ သဘောထားလို့ မပြီးဘူးလေ။ သူတို့တွေ ဖြစ်ချင်တဲ့ ဘ၀တွေအတွက် သူတို့ ကျောင်းစာအပြင်က activity တွေ practice တွေ လေ့လာစရာတွေ လိုတယ်လေ။ ကျောင်းစာမှာ မအောင်မြင်တာနဲ့ အပြင်ဘ၀မှာလည်း အောင်မြင်မှာ မဟုတ်ဘူးလို့ လှေနံဒါးထစ် မမှတ်ရဘူးလေ။ ဘ၀မှာ သူတို့အတွက် ကောင်းတာတွေ၊ သင့်တော်တာတွေ အများကြီး ရှိနေသေးတယ်။ ဒါကိုသူတို့တွေ သိထားဖို့ လိုတယ်လေ။ ငယ်ငယ်ကတည်းက စမ်းသပ်လေ့လာနေရမှာပေါ့။ ဘာပဲဖြစ်ဖြစ် ကျောင်းစာအပြင် အခြားလုပ်စရာတွေ ရှိနေတာကို အခွင့်အလမ်းပေးရဖို့ လိုတယ်။ သူတို့တွေက reporter တွေလည်း ဖြစ်လာနိုင်တာပဲ။ အမှတ်ကောင်းတာနဲ့ ဘ၀မှာ လူမှုဝန်းကျင်မှာ အမှတ်တွေ ကောင်းနေမယ်လို့ အာမခံမထားဘူးဆိုတာ မိဘတွေကလည်း လက်ခံပေးရမှာပေါ့။

မေး။     ။ အဲဒါတွေ အဲသည် စိတ်နေ စိတ်ထားတွေကို ပြောင်းဖို့ ဘယ်လိုလုပ်ကြမှာတုန်း။
ဖြေ။     ။ ဒါကတော့ အဖေအမေတွေကော၊ ကလေးတွေကော၊ ကျောင်းသားတွေကောမှာ အပြောင်းအလဲဆိုတာကို လက်ခံမှ ဖြစ်မှာပဲ။ ဘ၀မှာ ပျော်ဖို့ဆိုတာ အဆင်ပြေဖို့ဆိုတာက စာကျက် စာကျက်ဆိုတာနဲ့မှ မပြီးတာ။ ဘ၀မှာ တခြား လုပ်စရာတွေ သိစရာတွေ ဖြည့်စွက်စရာတွေ ရှိတယ်။ ကျောင်းမှာ သင်နေတာတွေက အပြင်မှာအသုံးမ၀င်ဘဲ စာမေးပွဲအောင်ရုံဆိုတာကလည်း ဟုတ်မှ မဟုတ်တာနော်။ အဲသည် cycle ထဲကနေ ပြောင်းမှ ဖြစ်မှာ။ essence of life ပေါ့၊ သူတို့အားလုံးရဲ့ ဘ၀အဓိပ္ဗါယ်ကို သူတို့ကိုယ်တိုင် မေးခွန်းထုတ်မှ ဖြစ်မှာ။

မေး။     ။ သမီးတို့ကိုယ်တိုင်ကော အခုလိုမျိုး စာသင်တဲ့ ကူညီတဲ့ စေတနာ့ဝန်ထမ်းအလုပ်တွေ သွားလုပ်တော့ စိတ်တွေမှာ ဘာတွေ ပြောင်းသွားသလဲ။
ဖြေ။     ။ (ငယ်ငယ်က ဖြေ) သမီးအတွက်ကတော့ ကျောင်းမှာ ကောင်းအောင်တော့ လုပ်ရမယ်။ သမီးက သချာင်္ညံ့တယ်။ ကောလိပ်တက်ဖို့အတွက်က အခုလို community service တွေ များများလုပ်တာ၊ အတွေ့အကြုံကနေ သင်ယူတာကလည်း အကျိုးရှိတယ်။ သမီးကို enrich ဖြစ်စေတယ်ဆိုတာ သိလာတယ်။ အမေရိကန်မှာ ကျောင်းစာတွေချည်း ကောင်းရုံတင်သာမကဘဲ အခုလို လုပ်တာတွေက အထောက်အကူဖြစ်တယ်။ တက္ကသိုယ်ကျောင်းတွေကလည်း သည်လိုမျိုး အတွေ့အကြုံရှိတဲ့ ကျောင်းသားတွေကို စဉ်းစားတယ်ဆိုတာ သိလာတယ်။ I can do more with what I have.
(နုနုက ဖြေ) သမီးကတော့ ဒီမှာ (အမေရိကန်မှာ) သင်ပေးတဲ့ education system ကို ကျေးဇူးတင်တယ်။ သမီးတို့ကို ရိုက်နှက်ပြီးတော့ မသင်တဲ့ ဆရာတွေ ဆရာမတွေကလည်း ကျေးဇူးတင်တယ်။ သမီးတို့ကို မှားခွင့်ပေးတဲ့ ကျောင်းတွေကိုလည်း ပိုပြီးတော့ သဘောကျမိတယ်။ ဒီမှာ ကျုရှင်ပြီးတော့ ကျုရှင်လုပ်မနေတဲ့ အဖေနဲ့ အမေကိုလည်း ကျေးဇူးတင်တယ်။ ဒီမှာ social life ရှိနေတာကို ဗမာပြည်က သမီးကျောင်းသားတွေ ကျောင်းသူတွေကို ပိုပြီး သဘောပေါက်လာစေချင်တယ်။
သမီးတို့ သဘောပေါက်တာတခုကတော့ သမီးတို့အတွက်ကို ကျောင်းကနေပြီး ပညာရေးကနေပြီးတော့ ဖြည့်ဆည်းပေးနေတာ။ ကျောင်းတွေ ပညာရေးစနစ်တွေအကျိုးကို သမီးတွေက ပြန်ပြီး ဖြည့်ဆည်းပေးနေရတာ မျိုး မဟုတ်ဘူး ဆိုတာ သဘောပေါက်လာတယ်။ ဟိုမှာက သူများတွေအတွက် အသက်ရှင်ပေးနေရသလိုမျိုးပဲ။

မေး။     ။ အနည်းဆုံးတော့ သမီးတို့ကျောင်းသားတွေကိုယ်တိုင်တော့ သဘောပေါက်သွားမယ် ထင်ပါရဲ့။ သမီးတို့နဲ့ ခွဲရတော့ သူတို့တတွေ ဘယ်လို ခံစားကြရသလဲ။
ဖြေ။     ။ အရင်တခေါက်ကထက် သူတို့တွေ ပိုပြီး စိတ်ထိခိုက်ကြတယ်။ အရင်တုန်းကတော့ သူတို့တွေနဲ့ သမီးတို့တတွေ သံယောဇဉ်မတွယ်ကြသေးဘူးပေါ့။ အခုကျတော့ ခင်လည်း ခင်သွားကြပြီ။ စေတနာထားတာကိုလည်း သိသွားကြပြီ။ သူတို့တွေ အမှတ်တရအက်ဆေးတွေ ရေးပေးကြတော့ ငိုကြတယ်။ သမီးတို့လည်း စိတ်ထိခိုက်ရတယ်။ သမီးတို့က နောက်နှစ်တွေကို ကောလိပ်တွေ ဘာတွေ တက်ရတော့မှာဆိုတော့ လာနိုင်မယ် မထင်ဘူးဆိုတော့ သူတို့တွေ ပိုခံစားရတာပေါ့။ သမီးတို့က ၂၀၁၄ တော့ လာနိုင်မယ် မထင်ဘူး။ ၂၀၁၅တော့ လာဖြစ်မယ် ထင်တယ်လို့ ပြောလိုက်တယ်လေ။ သူတို့တွေက အက်ဆေးလေးတွေ ရေးပြီးတော့ စာရွက်တွေကို လှအောင် မျိုးစုံခေါက်ပြီးတော့ ပေးတာလေ။ သမီးတို့တွေ ခုချိန်ထိ ဖွင့်ပြီး မကြည့်ရက်သေးဘူး။ အခုတော့ အတူတူ ဖွင့်ကြည့်ပြီး ဖတ်ကြမယ်လေ။

မေး။     ။ ကျေးဇူးတင်ပါတယ် သမီးတို့ရယ်။ အခုသမီးတို့က အသက် ၁၆နှစ်နဲ့ ၁၈ နှစ် ရှိပြီ။ သမီးတို့ အတွေ့အကြုံတွေ အတွေးအမြင်တွေကို မျှဝေပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။ သည်စာကို ဖတ်မိတဲ့ မိဘတွေ၊ ဆရာတွေ၊ ကျောင်းသားတွေလည်း စဉ်းစားစရာတွေ ရသွားလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
(ကလေးတွေရဲ့ စာတွေ အကုန်လုံး ထည့်ပေးလိုက်တယ်။ မြန်မာပြည်က ၁၄၊ ၁၅၊ ၁၆ နှစ်ကလေးတွေ ရေးတဲ့စာတွေ)


 
style=" margin: 12px auto 6px auto; font-family: Helvetica,Arial,Sans-serif; font-style: normal; font-variant: normal; font-weight: normal; font-size: 14px; line-height: normal; font-size-adjust: none; font-stretch: normal; -x-system-font: none; display: block;">    
style="text-decoration: underline;" >Letters from Metta Nanda to Nu Nu & Nge Nge by   style="text-decoration: underline;" >Moe Ma Ka

Ko Myoe - Htoo Eain Thin

ဂရပ်ဖစ် ကိုမျိုး (၈၈) - ထူးအိမ်သင်အမှတ်တရ
သြဂုတ် ၁၄၊ ၂၀၁၃

Khin Lunn - Essay

မ၀င်းမော်ဦး (သို့မဟုတ်) ကမ္ဘာလောကရဲ့ သမီး…
ခင်လွန်း 
သြဂုတ် ၁၄၊ ၂၀၁၃

၈-လေးလုံးငွေရတုအထိမ်းအမှတ်အခမ်းအနား၊ အော်ကလန်မြို့၊ နယူးဇီလန်(၈.၈.၂၀၁၃)


● ၇-၈-၂၀၁၃ (အော်ကလန်၊ နယူးဇီလန်)
အဲဒီ့နေ့က ၈-လေးလုံးအထိမ်းအမှတ် ငွေရတုအခမ်းအနားအတွက် ကျနော်လုပ်ပေးနိုင်တာလေး တွေကူညီဖို့ဆိုပြီး ပထမဦးဆုံး ၈-လေး လုံးကာလကဓာတ်ပုံတွေကို စစုပါတယ်။ အဲဒီမှာ ထိပ်ဆုံးက ပါတာတွေထဲမှာတော့ စစ်ခွေးတွေပစ်ခတ်မှုနဲ့ ကျည်သင့်ထားလို့ သွေးသံ တရဲရဲဖြစ်နေရှာတဲ့ မ၀င်း မော်ဦးလေးကို ဂျူတီကုတ်ဝင်ဆင်ထားသူ ကျန်းမာရေးဝန်ထမ်းနှစ်ဦးက ပွေ့ချီလာတဲ့ကမ္ဘာကျော် ခဲ့တဲ့ပုံပေါ့။

ကျနော့်ဘေးနားမှာက ကလေးတသိုက်။ သူတို့ကလဲ အခမ်းအနားမှာ လိုအပ်မယ့် ဒေါင်းအလံတွေ ကို နဖူးစီးမှာသုံးဖို့ အနီရဲရဲပိတ် ပိုင်းစတွေပေါ်မှာ ကော်ကပ်ပေးနေကြရင်း ကျနော်သုံးနေတဲ့ကွန်ပျူ တာမျက်နှာပြင်ကို မျက်လုံးတွေက ရွက်လွှင့်ထားကြ။ မ၀င်းမော်ဦးရဲ့ ကြေကွဲဖွယ်ထိခိုက်ဖွယ်ပုံ လေးပေါ်လာတော့ ကလေးတသိုက်ဟာ ဗွက်ခနဲထအန်လိုက်တဲ့မီးတောင်လို ဆူဆူပွက်ပွက် ဖြစ် သွားကြတယ်။ “ ဘဘ .. သူ ဘာဖြစ်တာလဲဟင်” တဲ့။ စိတ်စက်မကောင်းတဲ့ မျက်လုံးလေးတွေက အဖြေတခုကို သိချင်နေကြတဲ့ငံ့လင့်မှုနဲ့အတူ လက်ပ ထက်သန်။

ကလေးတွေအကြောင်းကို ပြောပြချင်သေးတယ်။ သူတို့က နယူးဇီလန်က အော်ကလန်ဆိုတဲ့ မြို့ လေးကို ဒုက္ခဘ၀နဲ့ ယခုဆယ် စုနှစ်များတ၀ိုက်မှာ လာရောက်ခိုလှုံနေကြသူတွေပေါ့။ တချို့လဲ ဒီကိုရောက်မှ မြန်မာနိုင်ငံသားမိဘနှစ်ပါးက မွေးဖွားတဲ့ တိုင်းတပါး သားတွေဖြစ်လို့။ သူတို့မိဘတွေ ကတော့ တချိန်က ထိုင်း-မြန်မာနယ်စပ် တောတောင် လျှိုမြောင်တွေအကြား မြန်မာစစ်အာဏာ ရှင်စနစ် ကို နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့ကြတဲ့ ဒီမိုကရက်တစ်တော်လှန်ရေး ရဲဘော်ကြီးတွေပါ။ ခုတော့လဲ သူတို့တွေဟာ ပစိဖိတ်သမုဒ္ဒရာထဲက ကျွန်းနိုင်ငံလေးပေါ် သူတို့မိသားစု ဘ၀ရှေ့ရေး ကိုမျှော်တွေးပြီး ခိုလှုံနေထိုင်ကြရသူတွေ ဖြစ်ခဲ့ကြရ။ ဒါပေမယ့် ဒီလို ၈-လေးလုံး အခါသမယကို ရောက်လေတိုင်း သူတို့မေးရိုးကြီးတွေဟာ ထောင်းထောင်း ထလာကြတာပါပဲ။ အံကိုတင်းတင်း ကြိတ်လိုက်ကြတာပါပဲ။ တက်,ခေါက်သံတွေ သံပြိုင်ထွက်လာကြတာပါပဲ။ လက်သီးတွေကျစ်ကျစ် ပါအောင်ဆုပ်၊ မျက်လုံးတွေက ၀င်းဝင်းတောက် တောက်။ ၈-လေးလုံးအရေးတော်ပုံမှော်ဓာတ်ဟာ သူတို့သွေးကို လှည့်ပတ်စီးဝင် နိုးထစေတော့တာပါပဲ။ သူတို့က ကျနော့်ကိုပြောတဲ့အထဲမှာ ကျ နော် တို့ရဲ့မျိုးဆက်သားသမီးတွေကိုလဲ ၈-လေးလုံးစိတ်ဓာတ် သွင်းပေးချင်တယ်တဲ့။ သူတို့ဖြတ်သန်း ပါဝင်ခဲ့တဲ့သမိုင်းတဖြတ်ကို သူတို့သားသမီးတွေ လက်ဆင့်ကမ်းပေးချင်ပါတယ်တဲ့။

ဒီတော့ ကျနော်ဟာ အခွင့်သင့်နေပြီဖြစ်တဲ့အခြေအနေလေးမှာ ၈-လေးလုံးကာလက စစ်အာဏာ ရှင်ဘီလူးသဘက်တွေလက်ချက်နဲ့ အသက်ပေးခဲ့ရတဲ့ မ၀င်းမော်ဦးရဲ့ရင်နင့်ဖွယ် လေးစားဦးညွှတ် ဖွယ်အဖြစ်ကို သူတို့လေးတွေသိခွင့်ရအောင် ပြောပြနိုင်ပြီပေါ့။ မ၀င်းမော်ဦး ရဲ့သွေးက ၈-လေးလုံး သမိုင်းအရေးနဲ့အတူ လက်ထဲမှာ ဒေါင်းအလံတွေ ကိုယ်စီကိုင်ထားကြတဲ့ သူတို့လေးတွေရဲ့ စိတ် နှလုံးသားတွေဆီ စီးဝင်သွန်းလောင်း နိုးထပေးခဲ့ပြီပေါ့။

တကယ်တော့ တချို့သောကလေးတွေဆို ဒီကျွန်းလေးပေါ်မှာ မွေးဖွားခဲ့ကြရတာမို့ ဗမာစကား တောင် ကောင်းကောင်းပြောနိုင်ကြရှာတာမဟုတ်ဘူး။ သူတို့မိဘတွေ အတန်တန်ဖိအား ပေးထား လို့သာ ဗမာစကားကိုနားလည်နိုင်ကြပေမယ့် သူတို့နှုတ်က ထုတ်ပြောဖို့ရာကြတော့ ခက်နေကြရှာ တာလေ။

ဆိုတော့ ကျနော်က ၈-လေးလုံးအရေးတော်ပုံကာလပုံရိပ်တွေပါတဲ့ ဗီဒီယိုဖိုင်တွေ ဖွင့်ပြရင်း သူ တို့စိတ်မှာစာနာမှုနဲ့အတူ ဂုဏ်ယူနေကြတဲ့ မ၀င်းမော်ဦးလေးအကြောင်းကို ပြောပြရတာပေါ့။

၈-လေးလုံးပုံရိပ်တွေထဲမှာ သူတို့အရွယ်ကျောင်းသားကျောင်းသူလေးတွေ ဗိုလ်ချုပ် အောင်ဆန်းပုံ ကိုရင်ခွင်ပိုက်ပြီး ကြွေးကြော်ချီတက်လာ တာတွေကလဲ သူတို့စိတ်ကို ၀ီရရသတွေ သွန်းလောင်း ပေးနေသလိုပေါ့။ မ၀င်းမော်ဦးလေးဟာ အဲဒီ့တိုက်ပွဲထဲမှာ ကျဆုံးသွားခဲ့ရရှာတယ် ကွယ်လို့ .. ကျနော့်စကားကိုအနားသတ်လိုက်စဉ်မှာတော့ သူတို့လေးတွေရဲ့မျက်ဝန်းမှာ မျက်ရည်ဖြိုင်ဖြိုင် ကျကြရပြီ။

အဲဒီ့နောက် ကျနော်က ၈-လေးလုံးက မွေးဖွားပေးလိုက်တဲ့ စစ်အာဏာရှင်စနစ် ပျက်သုဉ်းရေး တိုက်ပွဲဝင်ကြပုံတွေ၊ တော်လှန်ရေးသမားကြီး တွေဖြစ်သွားတဲ့ သူတို့မိဘ တွေရဲ့ဖြတ်သန်းမှုတွေကို ရှင်းပြတော့ သူတို့မျက်လုံးလေးတွေဟာ ရွှန်းမြလက်ပပြိုး ပြက်လာကြ။ သူတို့ရဲ့မိဘ တွေအတွက် လေးစားဂုဏ်ယူစိတ်ကို ၀င်းဝင်းပပတွေ့ရ။

အဲဒီ့အချိန်မှာ ကျနော့်စိတ်ကူးလေးတချက် ပြက်ခနဲပေါ်လာတယ်။ မ၀င်းမော်ဦးကို သူတို့ကိုယ်တိုင် ဂုဏ်ပြုနိုင်အောင်၊ ပြီးတော့ ငွေရတုတိုင် ခဲ့ပြီဖြစ်တဲ့ ၈-လေးလုံးအရေးတော်ပုံကြီးကို သူတို့ကိုယ် တိုင်ဂုဏ်ပြုနိုင်အောင်။

သူတို့မိဘတွေကလည်း သူတို့ရဲ့မျိုးဆက်သားသမီးတွေကို ၈-လေးလုံးစိတ်ဓာတ် သွပ်သွင်းပေးချင် ကြတယ်မဟုတ်လား။ ကျနော့်စိတ်ထဲမှာ ၈ ရက်နေ့မှာလုပ်မယ့် ၈-လေးလုံးငွေရတုအခမ်းအနားမှာ သူတို့လေးတွေကိုယ်တိုင်ပါဝင်တဲ့ ဒေါင့် (ထောင့်) တထောင့် ဘယ်လိုစီစဉ်ရင် ကောင်းမလဲ တွေး နေတယ်။

● ၈-၈-၂၀၁၃ (အော်ကလန်၊ နယူးဇီလန်)
ဒီနေ့ဟာ ရုံးဖွင့်ရက် ကျောင်းဖွင့်ရက်ဆိုတော့ အချိန်က ကောင်းကောင်းမရတော့ ဘူး။ ပထမ စိတ် ကူးထဲရှိတာလေးရယ် သူတို့လေးတွေလည်း သိပ်ခက်ခက်ခဲခဲ မကြိုးစားရဘဲ ၈-လေးလုံးသမိုင်း ဇာတ်ဝင်ခန်းတခန်းမှာ ကိုယ်တိုင်ခံစားပါဝင်စေချင်တာရယ်ကြောင့် ခပ်မြန်မြန်ပဲ ကျနော်စီစဉ်လိုက် တယ်။ သူတို့ပါဝင်တဲ့အစီအစဉ်လေးကို ၈ ရက်နေ့မှာ ၈-လေးလုံးဝိဉာဉ်နဲ့အသက်ဓာတ်ကို အမိဖမ်း ကျင်းပခဲ့တဲ့ ၈-လေးလုံးငွေရတုအခမ်းအနားကျင်းပရေးကော်မတီက Youtube မှာ တင်ထားခဲ့ပြီ။ စာဖတ်သူတို့လည်း ကလေးတွေ ကိုအားပေးမယ်ဆိုရင် Youtube မှာ 8888 Silver Jubilee in New Zealand 8 August 2013 ဆိုပြီးဝင်ကြည့်ရင် အဖြူအ စိမ်းဝတ် ဒေါင်းအလံနဖူးစီးနဲ့ ဗိုလ်ချုပ် အောင်ဆန်းပုံကိုရင်ခွင်မှာပိုက်ပြီးထွက်လာတဲ့ ကျောင်းသားကျောင်းသူလေး ၈ ယောက်ကို တွေ့ပါ လိမ့်မယ်။ သူတို့ဟာ မ၀င်းမော်ဦးရဲ့သံမဏိစိတ်လိပ်ပြာနဲ့ သတ္တိဗျတ္တိကို ဘယ်လိုမွေးစားကူးယူပြီး သေနတ်သံတွေကို ဘယ်လိုရင်ဆိုင်ခဲ့ကြသလဲဆိုတာတွေ့ရပါလိမ့်မယ်။ အစီအစဉ်အားနည်းချက် တချို့ကြောင့် တင်ဆက်ချိန်က တိုတောင်းလှပါတယ်။  တမိနစ်စာလောက်ပဲ ဖြစ်ပါတယ်။ အား ပေးကြစေချင်ပါတယ်။ ပြီးတော့ အဲဒီ့ Performance အကွက်လေးနဲ့တဆက်တစပ်ထဲဖြစ်တဲ့ ကဗျာ တပုဒ်ကို ကျနော်က ရွတ်ဆို ဂုဏ်ပြုထားပါတယ်။

၈-လေးလုံးငွေရတုအထိမ်းအမှတ်အခမ်းအနား၊ အော်ကလန်မြို့၊ နယူးဇီလန်(၈.၈.၂၀၁၃)

ကဗျာက “ ကမ္ဘာလောကရဲ့ သမီး ” ဆိုတဲ့ နာမည်ကျော်ကဗျာတပုဒ်ပါ။ တော်လှန်ရေးနယ်ပယ်က ထုတ်ဝေတဲ့ စာစောင် ဂျာနယ်တို့မှာ အကြိမ်ကြိမ်ယနေ့ထက်တိုင် ရိုက်နှိပ်ထုတ်ဝေ ဖော်ပြလို့မဆုံး တဲ့ကဗျာပါ။ ၈-လေးလုံးအရေးတော်ပုံကို၊ မ၀င်းမော်ဦးနဲ့တကွ ၈-လေးလုံး အရေးတော်ပုံအတွင်း အသက်ပေးလှူကျဆုံးသွားခဲ့တဲ့ ကျောင်းသားကျောင်းသူလေးများကို ဂုဏ်ပြုစပ်ဆိုထားတာပါ။

ကဗျာဆရာက ယနေ့ထက်တိုင် တော်လှန်ရေးထဲမှာ ခိုင်ခိုင်မာမာ ရပ်တည် တိုက်ပွဲဝင်နေတဲ့ ဆရာ ဌေးအောင်ဖြစ်ပါတယ်။ ကဗျာကိုလည်း မသိရှိသေးတဲ့စာဖတ်သူများ ဖတ်ရှုခံစားနိုင်ဖို့ဖော်ပြပေး လိုက်ပါတယ်ခင်ဗျာ။
=========
ကမ္ဘာလောကရဲ့ သမီး
ဌေးအောင် 

ဆီရွှဲပြီး နက်ပြောင်နေတဲ့ ဆံပင်ကို
အကျအနဖီးလို့
သနပ်ခါးကို မှုန်နေအောင် လိမ်းထားတဲ့
သမီးလေးဟာ
စိမ်းမြတဲ့ ရွက်နုတွေအကြား
ငုံနေတဲ့ စပယ်ဖြူလေးလို
လှပလန်းဆန်းနေတယ်။

အိပ်ရာထ၊ မျက်နှာသစ်၊ အ၀တ်လဲ
ကျောင်းသွားဖို့
ပြင်ဆင်နေတဲ့
သမီးလေးဟန်ပန်က
လေပြေနဲ့အတူ
ယိမ်းနွဲ့နေတဲ့ စပယ်ငုံလေးပေါ့။

သမီး
လမ်းကူးရင် သတိထားနော်
ဆော့လည်းမသွားနဲ့
ကျောင်းလွှတ်ရင် အိမ်ကိုတန်းပြန်ခဲ့
ဟုတ်လား… သမီး၊
နားထောင်နေတဲ့ သမီးလေးဟာ
ပါးချိုင့်လေးနဲ့ တခါပြုံး
အဖေ့ပါးကို တစ်ချက်နမ်းလို့
ပေါ့ပါးစွာပြေးထွက်သွားခဲ့တယ်
လွယ်အိတ်လေးကို
မနိုင့်တနိုင်ဆွဲလို့
ဂါဝန်လေးက လေမှာလွှဲလို့
ပြန်ရောက်မလာတော့ပါလား၊

“ကလေးတွေ သတ္တိ ရှိလိုက်ကြတာ
ခွေးတွေ ရက်စက်လိုက်ကြတာ
ကောင်မလေးတစ်ယောက်ဆိုရင်….”
အို…
တော်ကြပါတော့ တော်ကြပါတော့
ဆက်မပြောကြပါနဲ့တော့ဗျာ၊

သမီးလေးရယ်
အဖေနဲ့အမေတို့ရဲ့
အချစ်တွေနဲ့တင် မလုံလောက်လို့
ကမ္ဘာလောက တစ်ခုလုံးရဲ့အချစ်ကို
သိမ်းကြုံးပြီး အရယူသွားလေရော့သလကွယ်။

ဌေးအောင်

(မ၀င်းမော်ဦး - ၁၆နှစ် ၊၁၉.၉.၁၉၈၈ ၊ ည ၇း၃၅တွင် ကျဆုံး )
 ========
သရုပ်ပြကွက် 

Zun Pwint - Essay

ဖေဖေ့အကြောင်း 
ဇွန်ပွင့်
သြဂုတ် ၁၄၊ ၂၀၁၃

 


(၂၀)
ကာတွန်းဆရာဖြစ်လာမယ့် ဖေဖေ့ရဲ့ ငယ်စဉ်ဘ၀ မှတ်မှတ်ရရအကြောင်းအရာတွေကို တစ်ခါတလေ ပြောပြလေ့ရှိပါတယ်။  
ဖေဖေ နှစ်သားအရွယ်ကပါ။ ကလေးက ထွေးခံကို ကြမ်းမှာ ခေါက်လိုက်၊ လှိမ့်လိုက်နဲ့ ဆော့ နေပါတယ်။ နောက် ကလေးသံ တစ်ချက်ငြိမ်သွားရာကနေ လှိုဏ်သံပါတဲ့အော်ငိုသံကြားတာ နဲ့ လူကြီးတွေက ကြည့်လိုက်တော့ ထွေးခံက ခေါင်းကို စွတ်လျက် ကလေးက ငိုလျက်။ ဒါနဲ့ လူကြီးတွေလည်း ခေါင်းကိုကိုင်သူကိုင် ထွေးခံကို ချွတ်ဆွဲသူဆွဲနဲ့။ ထွေးခံကိုဆွဲချွတ်လေ ကလေးက ပိုငိုလေပါပဲ။ ဒါနဲ့ လူကြီးတစ်ယောက်က လွတ်နေတဲ့ အိုးနှုတ်ခမ်းကနေ လက် ထည့်စမ်းတော့ ကလေးရဲ့ နားကားကားလေးက ခံနေတာပါ။ ကလေးကိုချော့ပြီး နားကို ရေဆွတ်၊ ဆပ်ပြာပွတ်ပြီး လျှောထုတ်လိုက်တော့မှ အလိုက်သင့် ကျွတ်သွားပါလေရော။ 

ဖေဖေ ၁၀နှစ်သားလောက်က ပုသိမ်ခြံထဲမှာ အဖွားဒေါ်ခင်ရယ်၊ ကြီးကြီး ဒေါ်စောအုံရယ် ဖေဖေတို့မိသားစုရယ် အတူနေကြပါတယ်။  

“တစ်နေ့ အဖွားက အိမ်ကြီးပေါ်ကနေ အိမ်အောက်ဆင်းမယ့် ဖေဖေ့ကို လှမ်းပြီး “ဗိုလ်နီ ဒီဟာယူပြီး ပစ်လိုက်စမ်း” ဆိုပြီး ညှိုးနေတဲ့ ဘုရားပန်းအိုးကို ပေးလိုက်တယ်” 

“ ဖေဖေကလည်း ကစားဖို့ စိတ်စောနေတော့ အမြန်လှမ်းယူပြီး အပြေးထွက်သွားတာပေါ့” 

ဘုရားပန်းလဲနေတဲ့ အဖွားက ဗိုလ်နီ (ဖေဖေ့ အိမ်နာမည်ပါ) ပန်းအိုး လာအပေးကို စောင့်နေ ပေမယ့် အတော်ကြာတဲ့အထိ ရောက်မလာတာနဲ့ အဖွားက ထင်တာနဲ့ အမှိုက်ပစ်တဲ့ ခြံထောင့် က ကျင်းထဲ သွားကြည့်တော့ ပန်းရော အိုး ပါပစ်ထားခဲ့တာကို တွေ့တယ်။  

ဒီတော့ ကစားပြီးပြန်လာတဲ့ ဖေဖေ့ကို မေးတော့ ဖေဖေက “အဖွားပဲ ဒီဟာ ပစ်လိုက်ဆို” လို့ အတွန့်တက်လိုက်တယ် အဖွားတော့ ဖေဖေ့စကားကြားတော့ ပြုံးပြီးခေါင်းတ ညိတ်ညိတ်နဲ့ ပေါ့”။ 

ဖေဖေက လူကြီးတွေကို အမြဲ အလိုက်တသိ ကူညီပေးတတ်တာ ငယ်ငယ်ကတည်းကပါ။ ဦးဘတင်က ပြည်သူ့ဆက်ဆံရေးဌာန၊ ဒုတိယပြန်ကြားရေးဝန်အဖြစ် ရန်ကုန်ကို ပြောင်းတော့ မိသားတစ်စုလုံး လိုက်သွားပါတယ်။  

လူထုဒေါ်အမာနှင့် ဦးဖေသိန်း

ဖေဖေကတော့ ကြီးကြီးဒေါ်စောအုံနဲ့နေခဲ့ပြီး ပုသိမ်မှာပဲ ကျောင်းတက်ပြီး ကျန်နေရစ်ခဲ့ ပါတယ်။ အိမ်ကြီးက ကျယ်ပြီး ကြီးကြီးရယ်၊ အကူလာနေပေးတဲ့ ဒေါ်စောရယ်၊ ဖေဖေ ရယ်ပဲရှိတဲ့အတွက် အိမ်ကို ကန့်ပြီး နယ်ကျောင်းသားတွေကို အဆောင်ထားပါတယ်။ ထမင်း ဟင်းလည် အရံသင့် ချက်ကျွေးပါသေးတယ်။  

“အဲဒီနေ့က ကန်စွန်းရွက်ချဉ်ဟင်းချက်တဲ့နေ့၊ ဖေဖေလည်း ကြီးကြီးကို ကူပြီး ကန်စွန်းရွက် သင်ပြီး ဆေးပေးတယ်” 

“အဆောင်သားတွေအတွက် အသီးသီးခွဲခပ်ထည့်ပြီး သုံးယောက်သား စားကောင်းကောင်းနဲ့ စားလိုက်ကြတာ၊ ဟင်းအိုးဆေးဖို့ လှယ်လိုက်မှ ချဉ်ရည်အိုးထဲ ပန်းကန်ဆေးတဲ့ အ၀တ်စုတ် ဖတ်ကြီး ပါလာတယ်”လို့ ရယ်ရယ်မောမော ပြန်ပြောလေ့ရှိပါတယ်။ 

ဂျပန်ခေတ်မှာ ဖေဖေ့အသက် (၁၉)နှစ် အာရှလူငယ်အသင်းဝင်တစ်ဦး ဖြစ်နေပါပြီ။ ပုသိမ်မြို့ ထဲ ဗုံးကြဲတော့ မိသားစုတွေ ခြံထဲကနေ ကျောက်ချောင်းကြီးကို ရှောင်နေဖို့ စီစဉ်ပါတယ်။ ညဘက်ဖြစ်ပေမယ့် လှေကိုချောင်းလယ်က နေခပ်သွားရင် မလုံခြုံတဲ့အတွက် ကမ်းစပ်တစ် လျှောက် မျှောသွားရပါတယ်။ ဒီတော့ လူငယ် ဖြစ်တဲ့ ဖေဖေက ရေထဲဆင်းပြီး လှေကို ချောင်း တစ်လျှောက်လုံး တွန်းမျှောပေးရပါတယ်။ ကျောက်ချောင်းကြီးကမှတစ်ဆင့် ကန်ကြီးဒေါင့်က ဦးဘတင်ရဲ့ တပည့်တစ်ဦးရဲ့အိမ်မှာ သွားနေကြရပါတယ်။ ဖေဖေကတော့ ခြံထဲမှာ ကြီးကြီးနဲ့ အတူ ပြန်နေပါတယ်။ ထူးခြားတာတစ်ခုကတော့ ဂျပန်ခေတ် ပုသိမ်တစ်မြို့လုံး ဗုံးဒဏ်ထိပေ မယ့် ခြံကြီးထဲမှာတော့ ဗုံးတစ်လုံးမှ မကျခဲ့ပါဘူး။  

တစ်နေ့ ဖေဖေ ပုသိမ်ကနေ ကန်ကြီးဒေါင့်ကို ညဘက်အရောက် ညီဖြစ်တဲ့ ဝေနီ(၀င်းမောင် တင်)က ရောက်မဆိုက်ဘဲ “အစ်ကို ဒီမှာ အာရှလူငယ်တွေကို လိုက်ဖမ်း သတ်ဖြတ်နေပြီ၊ မိတဲ့လူတွေလည်းမိနဲ့ စိတ်မချရဘူး၊ ပုသိမ်ကို ခုပဲ မြန်မြန်ပြန်”လို့ အလောတကြီးသတိပေး တာနဲ့ အမေနဲ့ အဖေကို ကန်တော့ပြီး ပုသိမ်ကို ညရထားနဲ့ အမြန်ပြန်ရပါတယ်။  

ဘလေးဝေနီသတိပေးမြန်လို့ပါ မဟုတ်ရင် ငယ်ငယ်က ထွေးခံစွတ်မိတဲ့ခေါင်းလေး ဂျပန့်လက် ချက်နဲ့ ပျောက်မသွားတာ ဖြစ်ပါတယ်။
====== 

(၂၁) 
အမှတ်(၅၆၈/၃၂)၊ စွပ်ကျယ်စက်လမ်း၊ မာလကာခြံ၊ (၆)မိုင်၊ ပြည်လမ်း၊ ရန်ကုန်မြို့ လိပ်စာနဲ့ပဲ ၁၉၆၉ခုနှစ်ကစပြီး ကာတွန်းဆရာကန်တော့ပွဲကို နှစ်စဉ် ကျင်းပခဲ့ပါတယ်။ ကာတွန်းကန်တော့ပွဲလုပ်တဲ့နှစ်တိုင်းမှာလည်း (၁၃လမ်း-အောက်) ဦးဘဂျမ်းလမ်း ကာတွန်း မီးထွန်းပွဲနဲ့ ကာတွန်းပြိုင်ပွဲကျင်းပလေ့ရှိလို့ အကြိုတစ်ရက်နှစ်ရက်ကတည်းက အိမ်မှာ ကာတွန်းဆရာတွေ တရုန်းရုန်းနဲ့ပါ။ အရင်နှစ်များမှာတော့ ကာတွန်းဆရာကြီး ဦးဟိန်စွန်းကို ကန်တော့တဲ့အတွက် ဆရာ့နေအိမ်ဖြစ်တဲ့ ပုဇွန်တောင်မှာကျင်းပခဲ့တာ ဖြစ်ပါတယ်။ 

၂၀-၁-၁၉၇၄ ရက်နေ့ အသက်(၅၀)ပြည့် ဖေဖေ့မွေးနေ့မှာ ပုသိမ်အမျိုးသားကျောင်းက ဆရာ ဆရာမဟောင်းများကို ပူဇော်ကန်တော့ပွဲနဲ့ ငယ်သူငယ်ချင်းများနဲ့တွေ့ဆုံပွဲကို အမှတ်တရ ကျင်းပပါတယ်။ ပုသိမ်ကနေ ရန်ကုန်ရောက်နေတဲ့ ဆရာများကို အိမ်အရောက် ကားငှားပြီး ခေါ် ပြန်ပို့တဲ့အထိ တာဝန်ယူပြီး ဆရာတွေ ငြိုငြင်မှုမရှိအောင် ဖေဖေက စီစဉ်ပါတယ်။  

ဆရာဦးဝင်းတင် မန္တလေး ဟံသာဝတီသတင်းစာတိုက်ကို ပြောင်းရွှေ့ရတဲ့ အထိမ်းအမှတ် အဖြစ်လည်း ဖေဖေ့အိမ်မှာပဲ စာပေအပေါင်းအသင်းမိတ်ဆွေတွေ တွေ့ဆုံနှုတ်ဆက်ပွဲကို ပျော်ပျော်ပါးပါး ကျင်းပပေးပါတယ်။  

၁၉၈၈ခုနှစ်အပြီး ဆယ်နှစ်နီးပါး ကာတွန်းကန်တော့ပွဲ မလုပ်ဖြစ်ပါဘူး။  

ဦးဖေသိန်း လက်ရာတခု

၁၉၉၄ခုနှစ်၊ “ဖေဖေ့အသက် ၇၀ပြည့်က စပြီးအထူးသဖြင့် ပန်းချီဆရာ၊ ကာတွန်းဆရာတွေ ကိုဖိတ်ပြီး မွေးနေ့ပွဲအဖြစ် တွေ့ဆုံကျွေး မွေးချင်တယ်” လို့ ကျွန်မတို့ကို ပြောပါတယ်။ တကယ်တော့ ဖေဖေ့မှာ အသက်ကြီးလာတာနဲ့အမျှ အိမ်ထဲအနေများလာ တဲ့အတွက် သူ့ကာတွန်းဆရာတွေ နဲ့ တွေ့ချင် စကားဖလှယ်ချင်တာလည်း ဖြစ်ပါလိမ့်မယ်။ တိုင်းပြည် သတင်း၊ ကမ္ဘာ့သတင်းအပြင် စာပေလောကထဲက “သတင်းပုလင်း”လေးတွေလည်း ကြားချင် မှာပေါ့။ ဒါကိုသိတဲ့ မေမေနွယ် က ဖေဖေ့ဆန္ဒကို ဖြည့်ပေးပါတယ်။  

၁၉၉၆ခုနှစ်၊ မွေးနေ့ဖိတ်စာ အမှာစကားကတော့ “ယနေ့ခေတ်သစ်၏ ကာတွန်းအနှစ်သာရကို မခံစားတတ်ဖူးဆိုရင် ကျောက် ခေတ်ကိုသာ ပြန်သွားပါ” (ကျောက်နဲ့ ကြောက်ကို အသံတူ ယူထားဟန်တူပါတယ်)။ 

၁၉၉၆ခုနှစ် ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကပြန်လွတ်ချိန်၊ အမှတ် (၅၄/၅၆)ခြံထဲ၊ ကြာသပတေးနေ့ ဟောပြောပွဲမျာ ဖေဖေက “မြန်မာနိုင်ငံနဲ့ ကာတွန်း”အကြောင်းကို ခေတ်နဲ့ ယှဉ်ပြီး ဟောပြောခဲ့ပါသေးတယ်။ အဲဒီနှစ် ၀ါကျွတ်မှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဖေဖေ့ဆီကို လာပြီး ဂါရ၀ပြုပါတယ်။ ဖေဖေနဲ့မတွေ့ဖြစ်လိုက်ပါဘူး။ ဘာလို့လဲဆိုတော့ ဖေဖေ က ကျွန်မတို့ကလေးတွေနဲ့အတူ ဖေဖေနဲ့မေမေနွယ်ဘက်က လူကြီးသူမတွေကို သွား ကန်တော့တဲ့အချိန်နဲ့ တိုက်နေလို့ပါ။ 

၁၉၉၇ခုနှစ်။အသက် (၇၃)နှစ် “ကာတွန်းကြည့်ပြီး ပါးစပ်နဲ့သာ ဖြဲမရယ်ပါနဲ့၊ နှလုံးသားနဲ့ တွေးပြုံးပါ” ဖိတ်စာမှာ စကားပါးထားပါတယ်။ 

၁၉၉၇ခုနှစ်လယ်ပိုင်းကတည်းက ဂျာနယ်တွေ မဂ္ဂဇင်းတွေ စုံစုံလင်လင် ထွက်လာပါပြီ။ အဲဒီဂျာနယ်တွေထဲမှာ “မဟာအနုပညာ”ဂျာနယ်လည်း အပါအ၀င်ဖြစ်သလို ဂီတမှာလည်း ဇော်ဝင်းထွဋ်ရဲ့ “မဟာ”သီချင်းကလည်း စီစီညံနေတဲ့အချိန်ပါ။  

၁၉၉၈ခုနှစ် ဖေဖေ့အသက် (၇၄)နှစ်မွေးနေ့ဖိတ်စာမှာ ဖေဖေက -“မဟာ အနုပညာရှင် မဖြစ် ချင်ဘူး၊ ဧရာမအနုပညာရှင်ကြီးပဲ ဖြစ်ချင်တယ်” လို့ အနုပညာလောကနဲ့ ခေတ်ကို သရော် ထားပါတယ်။  

၂၀၀၇ခုနှစ် ဧပြီလ၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ မှာတော့ “ကြေးမုံသတင်းစာ နှစ်ငါးဆယ်ပြည့်” ကို ကြေးမုံအဖွဲ့သားများနဲ့အတူ ကျင်းပခဲ့ပါတယ်။ 

ဆရာဦးဝင်းတင် လွတ်ပြီး ဒီဇင်ဘာလ ဆန်းမှာတုန်းက အိမ်မှာပဲ ဖေဖေနဲ့ တွေ့ပြီး ရှေး ဟောင်းနှောင်းဖြစ်တွေ ပြောဖြစ်လိုက်ကြပါသေးတယ်။ ဖေဖေတို့နှစ်ယောက် ဒီတစ်သက် မတွေ့ဖြစ်တော့ဖူးလို့ ထင်ထားတာ တွေ့ကြရတာ အတော့်ကို ၀မ်းသာနေကြပုံရပါတယ်။ 

၂၀၀၉ခုနှစ်၊ အသက်(၈၅)နှစ်ပြည့်ကို ဆရာဦးဝင်းတင်က ပထမဦးဆုံးနဲ့ နောက်ဆုံးအကြိမ် တက်ရောက်ခဲ့ပါတယ်။  

ဖေဖေမှာ ဒီတစ်သက် မတွေ့ရတော့ဘူးလို့ ဆုံးဖြတ်ထားတဲ့သူ တစ်ဦးကတော့ ဆရာအောင် ဗလပါ။ ဆရာအောင်ဗလ နေမကောင်းဘူး ဆိုတာလည်း တစ်ဆင့်စကားနဲ့ သိထားပြီးဖြစ်ပေ မယ့် တွေ့ဖို့ ဘယ်လိုမှ မဖြစ်တော့ပါဘူး။ ဒါပေမယ့် တစ်နေ့တော့ ဖုန်းလာပါတယ်။ ဆရာ အောင်ဗလက ဖေဖေနဲ့စကားပြောချင်လို့ ဆက်တာပါ။ ဖေဖေနဲ့ နှုတ်ဆက်ပြီးမကြာပါဘူး ဆရာအောင်ဗလ ဆုံးတဲ့သတင်းကို ကြားသိရပါတယ်။ ဖေဖေ့မှာ အတော်စိတ်ထိခိုက်ခဲ့ရ ပါတယ်။ 

အမှတ်(၅၆၈)၊ ဓမ္မာရုံလမ်းမကြီး၊ ခပေါင်းလမ်းသွယ်၊ ၆မိုင်ခွဲ၊ (၁၀)ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ဆိုပြီး လိပ်စာပြောင်းရေးပေမယ့် ကာတွန်းဦးဖေသိန်းအိမ်ကတော့ ကာတွန်း ဦးဖေသိန်းအိမ်ပါပဲ။  

ဒီအိမ်မှာ ကာတွန်းဆရာတစ်ဦးရှိခဲ့တယ်။ ဒီအိမ်မှာ ပန်းချီဆရာ၊ ကာတွန်းဆရာများနဲ့အတူ စာပေလောကသားတွေ၊ အာရှလူငယ်တွေ၊ နိုင်ငံရေးသမားတွေ၊ ကာတွန်းကိုချစ်တဲ့သူတွေ အားလုံး နှစ်လေးဆယ်နီးပါး ပျော်ပျော်ပါးပါး လွတ်လွတ်လပ်လပ်တွေ့ဆုံခဲ့ကြပါတယ်။  
ဒီအိမ်မှာပဲ ကိုယ့်အမြင်ကို လွတ်လပ်စွာ ပြောဆို ငြင်းခုံကြရင်း အမြင်ကွဲပေမယ့် လည်ပင်း ဖက် ပြန်သွားကြသူတွေကိုကြည့်ရင်း ဖေဖေ့မှာ အမြဲပဲ ပီတိဖြစ်ကျန်ရစ်ခဲ့ပါတယ်။ 
======

(၂၂) 
ဖေဖေက ခေါင်းကြီးသတင်းကာတွန်းကို စဉ်ဆက်မပြတ်ရေးဆွဲခဲ့သူပါ။ မြန်မာနိုင်ငံအစိုးရ အဆက်ဆက် ၀န်ကြီးချုပ်ဆိုတဲ့သူကို သရော်ထားတဲ့ကာတွန်း အများစုက ဦးနုကို ဦးဖေသိန်း က ရေးခဲ့တာအများဆုံးပါ။ 

၁၉၈၈ခုနှစ် ကြားဖြတ်အစိုးရဖွဲ့စည်းရေးကို ဦးနုက ပြောတဲ့အခါ ဖေဖေက ထောက်ခံသင့် ကြောင်း၊ ဘာကြောင့်ထောက်ခံသင့်တယ်ဆိုတာကိုပါ ရှင်းပြပါတယ်။ ဖေဖေက ဦးနုကိုရေး ထားတဲ့ သတင်းကာတွန်းတွေကို စုပြီး လက်ဆောင်ပေးဖို့ ဆန္ဒရှိခဲ့ပါတယ်။  

၁၉၅၇-၆၀နှစ်ပိုင်းတွေမှာ ဖဆပလ၊ တည်မြဲသန့်ရှင်း၊ ပမညတ၊ ပထစ၊ နေတိုးဆီးတိုး၊ ဦးဗိုလ်သခင်၊ သမ၀ါယမ စတဲ့ ဗမာ့နိုင်ငံရေး အရှုပ်အရှင်းတွေထဲမှာ ညပ်ပါလာတာကတော့ ပရဟိတဆိုတဲ့ အဖွဲ့အစည်းအမည်ပါ။ ပရဟိတ လုပ်နေတဲ့သူတွေကို ကာတွန်းနဲ့ မွှန်းပြ ထားပါတယ်။ 

အဲဒီတုန်းက ဖေဖေရေးနေတဲ့ သတင်းစာတွေကတော့ ဟံသာဝတီသတင်းစာမှာ မြင်ကွင်း ကျယ်၊ ကြေးမုံမှာ နီတိ ကဏ္ဍတွေကို နေ့စဉ်ရေးပြီး လုပ်သားနဲ့ မြန်မာ့အလင်းမှာတော့ ကြို ကြားကြိုကြား ရေးပါတယ်။ 

ကျွန်မမှတ်မိ သတိထားမိတဲ့အရွယ်ကတည်းက မနက် သတင်းစာတွေလာရင် ခေါင်းကြီး သတင်းဖတ်ပြီး နောက်နေ့မနက်အတွက် Idea ရပြီး ချက်ချင်းရေး၊ နေ့လည်နှစ်နာရီလောက် ကျတော့ သတင်းစာတိုက်ကို သွားပေးပါတယ်။  

ကျွန်မ အထက်တန်းကျောင်းနဲ့ တက္ကသိုလ်တက်တဲ့တစ်လျှောက်တော့ မဂ္ဂဇင်းအတွက် ကာတွန်းပုံရေးပြီးပြီးချင်း ကျွန်မရှိနေရင် ကျွန်မကိုပြပြီး နားလည်မလည် စမ်းစစ်ပါတယ်။ ဖေဖေ့အမေးက “သမီး ဘယ်လိုနေလဲ….” ပါပဲ။ ဖေဖေက ကျွန်မတို့မောင်နှမတွေကို သူ့ ကာတွန်းပုံတွေနဲ့ နိုင်ငံရေး၊ လူမှုရေးအတွေးအခေါ်နဲ့ဆင်ခြင်ထုံတရားတွေကို သင်ပြပေးပါ တယ်။ Idea ကောင်းကောင်းထွက်ပြီး ထိထိမိမိဆော်ထားတဲ့နေ့ဆိုရင် ဖေဖေ့မျက်နှာ ပိုရွှင် တယ်လို့ ကျွန်မထင်ပါတယ်။ 
======

(၂၃) 
အေးနိုင်အောင် (သခင်လူမင်း -၀ါးခယ်မရဲ့ မြေး) အမေရိကားကနေ ခဏပြန်လာတော့ အလှူမှာကျွန်မနဲ့တွေ့တုန်း ဦးသန့်အရေးအခင်း အကြောင်းပြောရင်းကနေ သူက ဖေဖေ့ရဲ့ ဒဿန တစ်ခုကို ထုတ်ပြော ပါတယ်။  

“ပွင့် - ငါ နာရီပတ်မထားကိုတာ နင်သတိထားမိမလားတော့ မသိဘူး” လို့ ပြောရင်း သူ့ရှပ် အကျီလက်ကို ပင့်ပြပါတယ်။ ဟုတ်ပါတယ်။ သူ့လက်မှာ နာရီပတ်ထားတဲ့အရာတောင် မရှိပါ ဘူး။ ဒါနဲ့ မေးကြည့် တော့ “အဲဒါ ဦးဦးဖေသိန်းကို အားကျလို့” သူပြောလိုက်မှ ကျွန်မ ပိုစိတ် ၀င်စားသွားပါတယ်။ ဟုတ်ပါတယ်။ ဖေဖေက ဘယ်တုန်းကမှ လက်ပတ် နာရီမပတ်ပါဘူး။ ကျွန်မ တို့ငယ်ငယ်ကနေ တော်တော် လေးကြီးတဲ့အထိ လျှပ်စစ်တိုင်ကပ်နာရီကြီးတစ်လုံးပဲရှိပါတယ်။ နောက် ဖေဖေပုံဆွဲတဲ့ အံဆွဲထဲမှာ လက်ပတ်က တာပေါ်လင်စ (လို့ ထင်ပါတယ်) ပိတ်စနဲ့ အ၀ိုင်းပုံ ယောက်ျားပတ်နာရီဟောင်းတစ်လုံးထည့်ထားတာရှိပါတယ်။ ကျွန်မမှတ်မိသမျှ ဖေဖေနာရီ ဘယ်တုန်းကမှ မပတ်ခဲ့ပါဘူး။ ဘာကြောင့်လဲလို့လည်း သတိထားပြီး မမေးဖြစ်မိခဲ့ပါဘူး။ ဖေမောင်ငြိမ်း မလေးရှားမှာ အလုပ်သွား လုပ်တုန်းကတော့ ဖေဖေ့အတွက်ဆိုပြီး ဆွဲ သီးနာရီ တစ်လုံး ပို့လိုက်ပါတယ်။ ဒါကိုတော့ သူ့သားပေးတာမို့ သတိတရ အသုံးပြုပါတယ်။ ဖေဖေနဲ့ နာရီ အကြောင်းကိုတော့ အေးနိုင်အောင် ပြောပြမှ သိရတော့မှာပါ။  

“ငါ့အဖိုးက အင်္ဂလန်မှာ သွားနေတုန်းက အင်္ဂလန်က နာရီတစ်လုံး ၀ယ် လာတယ်၊ အမြဲတမ်း ပတ်ထားလေ့ရှိတယ်၊ သူ့နာရီမှာ သူ့နာရီပေါ့လေ၊ တစ်နေ့တော့ လက်ပတ်နာရီကို သိပ်ကြိုက်တဲ့ အဖိုးက ဦးဦးကို ဘာလို့ လက်ပတ်နာရီမပတ်တာလဲ-လို့ မေးတယ်” ။ 
“ဒီတော့ ဦးဦးက အချိန်နာရီဆိုတာ လူကို ချုပ်ကိုင်ထားတာ၊ ကျွန်တော်က အချိန်နာရီကို ချုပ်ကိုင်ထားတာ- လို့ ပြန်ပြောတယ်” ဘာလို့လဲဆိုတော့ ဘယ်ချိန်ရှိပြီး ငါဘာမလုပ်ရသေး ဘူး၊ ဘယ်အချိန် ဆိုရင် ငါဘာပြီးနေရမယ် စသဖြင့် အချိန်ကကိုယ့်ကိုချုပ်ပြီး လုပ်ရတဲ့ အလုပ်ကို မကြိုက်ဘူး။ အချိန်ကို ကျွန်တော်က ခိုင်းမှာလို့ ဦးဦးက ရှင်း ပြတယ်၊ ငါ့အဖိုးက ဦးဦး အကြောင်းကို ပြန်ပြောပြတယ်။ ငါလည်း အဲဒီ ဒဿနကို ကြိုက်လို့ လက်ပတ်နာရီမပတ်တာ”။ 

ဦးဖေသိန်း လက်ရာတခု

ဖေဖေဟာ လက်ပတ်နာရီကို မပတ်သလိုပဲ ဆေးမှင်ကြောင်ထိုးတာကို လည်း မကြိုက်ပါဘူး။  

ဖေဖေ့က သားခြောက်ယောက်ကို ဆေးမှင်ကြောင်ထိုးခြင်းရဲ့ အပြစ်ကို စကားအလျဉ်းသင့် တိုင်း ဆုံးမ ပြောဆိုပါတယ်။ ဆေးမှင်ကြောင်ထိုးမိရင် သေတဲ့အထိ ပါသွားမယ်၊ ကိုယ်ထိုးထားတဲ့ ဆေးမှင်ကြောင်ကို မှတ်ထားပြီး ရန်ပြုချင်တဲ့သူက မှတ်မိလွယ်တယ်၊ ကိုယ့်ကို အန္တရာယ် ပြုရလွယ်တယ်လို့ အမြဲသတိပေးတဲ့အပြင် ကာတွန်း တွေနဲ့လည်း ရေးဆွဲပြီး သတိပေးထားပါသေးတယ်။ 

ဖေဖေလေဖြတ်ပြီးစ ၁၉၉၂-၃ ခုနှစ်လောက်ထင်ပါတယ်။ ကာတွန်း ဆရာ ၀ဏ (သမိန်ပေါသွပ်) က ကာတွန်းပြပွဲအတွက် ဂျပန်နိုင်ငံသွားဖို့ ဖေဖေ့ကို လာနှုတ်ဆက်တော့ ဖေဖေက “၀ဏ- မင်း အကျီ လက်ရှည် ၀တ်သွား၊ မင်းထိုးထားတဲ့ ဆေးမင်ကြောင်ကြောင့် မင်းကို ရာခူဇာ ဂိုဏ်းကလို့ ထင်နေဦးမယ်” လို့ ဟာသလုပ်ပြီး သတိပေးလိုက်ပါ သေးတယ်။ ဒိအပြင် သူ့ညာ လက်မှာရှိတဲ့ ဂျပန်ခေတ်တုန်းက အနာ ပဆုတ်ဆိုတဲ့ အနာကြီးပေါက်ပြီး သေရာပါ အမာရွတ်ကိုပြပြီး “ငါ့မလဲ ဒီအမာရွတ်ကြောင့် ဂျပန်မသွားရဲတာ”လို့ ရယ်ရယ်ပြောပြော သော လိုက်ပါသေးတယ်။ 

(ဆက်ပါဦးမယ်)
အပိုင်း (၂၀၊ ၂၁၊ ၂၂၊ ၂၃) လေးပိုင်း ပါဝင်ပါသည်။ ဓာတ်ပုံများအား ကာတွန်း ဦးဖေသိန်းဖေ့ဘုတ်ခ်မှ ယူပါသည်။


Min Nyunt Hlaing - Poem

လွဲသူတို့ပွဲ
မင်းညွှန့်လှိုင်
သြဂုတ် ၁၄၊ ၂၀၁၃



အလွဲဟာ သဘင်သည်ဆန်ဆန်ထွက်လာတယ်
ဗိန်းမောင်းသံနဲ့ ဘီလူးဆိုင်းနဲ့
အလွဲက အသံတုဝိဇ္ဇာ
တီးလုံးအမျိုးမျိုး စာသားအဖုံဖုံ အာဂုံဆောင်လို့မို့
အလွဲဟာ မျက်နှာဖုံးဟောင်းစွပ်ထားတယ်
ကယ်တင်ရှင်ဆိုတဲ့ တံဆိပ်အတုကြီးကပ်လို့
အလွဲဟာ ကျောက်မျက်စုဆောင်းသူ
ခန်းလုံးပြည့် စိန်ရောင်တဖျတ်ဖျတ်လက်လို့
အလွဲဟာ ကျန်းမာရေးလိုက်စားတယ်
စိတ်ကြွဆေးမှီဝဲလိုက် မေ့ဆေးမော့လိုက်နဲ့
အလွဲက မျိုးပွားအားကောင်းတယ်
တစ်ခါပေါက်ရင် အကောင်အစိတ်ပဲ
အလွဲကအကျိုးဆောင်သူကြီး
စေတနာသုံးတန်နဲ့အရောက်ပို့တတ်တယ်
အလွဲက အိမ်လည်ကျူးလို့မို့
ညကြီးမင်းကြီး တံခါးခေါက်လားခေါက်ရဲ့
အလွဲက ပညာပေးတတ်သေးတယ်
အိပ်မက်ထဲအထိ လက်မည်းကြီးထိုးသွင်းလို့
အလွဲက တိကျတယ်
မြွေတစ်ကောင်ရဲ့ ကြင်နာမှုမျိုးနဲ့
အလွဲကခိုင်လုံတယ်
လွဲတော့မယ်ဆိုရင်တောင် အကိုးအကားနဲ့
အလွဲက ကြီးကျယ်တယ်
ငါတို့အလွဲ စကြာဝဠာခဲရမည်ဆိုပဲ
အလွဲက ခမ်းနားတယ်
တွေ့လား မုသာဝါဒတဖားဖားနဲ့ လှမ်းကြွလာရဲ့

မျက်နှာဖုံးစွပ်က ပွဲခန်းမထဲ ။                ။

Wutt Hmoe - Articles

တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ
ဝတ်မှုန် (၀န်ထမ်းဟောင်းတဦး)
သြဂုတ် ၁၄၊ ၂၀၁၃




မြန်မာ့စက်မှုလုပ်ငန်းလေးများအား ရပ်ဆိုင်း၊ လူများအလုပ်လက်မဲ့ဖြစ်စေသော တရားမဝင် တရုပ်ကုန်ပစ္စည်းများ ဝင်လာသည့် မူဆယ်မြို့ ကုန်ကားကြီးများလွန်ခဲ့သော ခြောက်လခန့်က အလွန်ငွေသုံးနိုင်သော အစိုးရဌာန၊ စစ်တပ်အရာရှိများအသိုင်းဝိုင်းမှ မိတ်ဆွေတစ်ဦးက .. မှောင်ခိုဖမ်းသောအဖွဲ့ဝင်များ အလွန့်အလွန် ငွေအမြောက်အများသုံးစွဲ၊ ပိုင်ဆိုင်နေကြောင်းကို ပြောပြသည်။ တရားမဝင် ဝင်ရောက်လာသော တရုပ်ပစ္စည်းများစွာ လိုက်လံဖမ်းဆီးခြင်းလုပ်ငန်းဖြစ်သည်။ အောက်ပါသတင်းအရ ထိုအဖွဲ့အစည်းသည် ၈လအတွင်း US$ 6 million ဖိုးခန့်သာ သိမ်းဆည်းနိုင်သည် ဟုဆိုသည်။ ဝန်ထမ်းမည်မျှနှင့် မည်သို့လိုက်လံဖမ်းဆည်းနေသည်ကိုတော့ မသိရပါ။ သူခိုးပေါ်သူဝှက် လုသကဲ့သို့ လုပ်မည့်ဝန်ထမ်းများကြောင့် အုပ်ချုပ်ရေးတာဝန်ယူရသူများ အလွန်အခက်ခဲရှိမည်ကို မြင်ယောင်ပါသည်။

● Eleven Media သတင်း 13-Aug-2013
ထိုအဖွဲ့စည်း ရေရှည်ရပ်တည်ရန်နှင့် မှောင်ခိုတင်သွင်းသူ ဝိသမလောဘသားများစ၏ တန်ဖိုးများမှ ၃၅ ရာနှုန်းအား ခွဲဝေခံစားခွင့်ပြုရန် တောင်းဆိုထားကြောင်း အဆိုပါအဖွဲ့မှ ဒုတိယညွန်ကြားရေးမှုးချုပ် ဦးညွန့်အောင်က ပြောကြားသည်။ အကျိုးခံစားခွင့်တောင်းဆိုရာတွင် သတင်းပေးများအတွက် ၁၅%၊ တရားမဝင် ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးဗဟိုကော်မတီ အတွက် ၃၅%၊ အထိ ခွဲဝေပေးရန် တောင်း ဆိုတားကြောင်း သိရသည်။ 

“သတင်းပေးမရှိတဲ့အခါကျရင် နိုင်ငံတော် ဘတ်ဂျတ်ကို ၆၅% အထိ သွားမယ်၊ ကျွန်တော်တို့အနေနဲ့ မှောင်ခိုပစ္စည်းတွေကို ဖမ်းဆီးစစ် ဆေးတဲ့အခါမှာ ရေရှည်ရပ်တည်နိုင်ဖို့အတွက် ဆုကြေးခွဲဝေ ခံစားခွင့်ရရှိဖို့ လိုအပ်တယ်။ ဒါမှလည်း ရေရှည်ရပ်တည်နိုင်မှာဖြစ်သလို ဝိသမလောဘသမားတွေရဲ့ လာတ်ပေး၊ လာဘ်ယူဖို့ ဆွဲဆောင်မှုကိုလည်း ရှောင်းကွင်းနိုင်ပါမယ်”  ဟု ဦးညွန့်အောင်က ဆိုသည်။ 
တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ကော်မတီဖွဲ့စည်း တည်ထောင်ပြီးသည့် ခုနှစ်လကာလအတွင်း မူဆယ်-မန္တလေးလမ်းကြောင်း၊ မြဝတီ-ရန်ကုန်လမ်းကြောင်း၊ မူဆယ်ထုတ်နုတ်အင်အား၊ တာချီလိတ်ထုတ်နုတ်အင်အား၊ တမူးထုတ်နုတ်အင်အား၊ တန်ပိုက်တီး OSS အင်အား စသည့် အဖွဲ့များဖြင့် ဖမ်းဆီးခဲ့ပြီး၊ ပညာပေးကာလတွင် ခွင့်ပြုချက်မဲ့ ကုန်စည်များ တင်သွင်းခဲ့သည့်အတွက် ဖမ်းဆီးမိသည့် အမှုတွဲပေါင်း ၈၉မှုနှင့် ကျပ်သန်းပေါင်း ၃၉၄ဒသမ၉၁၃ ဖမ်းဆီးမိခဲ့ကာ အရေးယူကာလတွင် အမှုတွဲပေါင်း ၁၇၁၆မှုနှင့် ကျပ်သန်းပေါင်း ၅၉၂၄ဒသမ၉၄၀ ဖိုးသိမ်းဆည်းခဲ့မိပြီး၊ စုစုပေါင်း ကျပ်သန်းပေါင်း ၆၃၁၉ဒသမ၈၅၃သန်း (US$6.3 million , 1USD=K1000) အား နိုင်ငံဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။ 
ထိုကဲ့သို့ ကျပ်သန်း ၆၀၀၀ ကျော်သိမ်းဆည်းနိုင်သည့်အတွက် ခံစားခွင့်ရရှိခြင်း မရှိသော်လည်း ဆက်လက်ဖမ်းဆီးမည့် လုပ်ငန်းစဉ်များတွင် ဖမ်းဆီးမိမည့် ကုန်စည်များအတgက် အကျိုးခံစားခွင့် တောင်းဆိုခြင်းဖြစ်ကြောင်း သိရသည်။ ဖြိုးဝေ 

● ကျွန်ုပ်ကောက်နုတ်ချက်
နယ်စပ်များတွင် အထူးသဖြင့် တရုတ်လူသုံးကုန်နှင့်၊ စားသုံးကုန်ပစ္စည်းများ မြန်မာပြည်တွင်းသို့ အခွန်မဲ့၊ ဒလဟော ဝင်လာမှုကြောင့် မြန်မာပြည်အသေးစားလုပ်ငန်းများ ပြုန်းပြုန်းပြုတ်ခြင်းမှာ အလွန်ဝမ်းနည်းစရာဖြစ်သည်။ နှစ်ပေါင်း ရာနှင့်ချီရပ်တည်နေသော မြန်မာ့ စောင်လုပ်ငန်း၊ ချည်ထည်လုပ်ငန်းများမှာ တရုပ်စက်ရုံထုတ်များကို ဈေးနှုန်းမယှဉ်နိုင်သဖြင့် လုပ်ငန်းအားလုံးနီးပါး ရပ်နားရသည်။ မွေးမြူရေး၊ လူသုံးကုန်ပစ္စည်း စသည့်လုပ်ငန်းတွင်လည်း တရုပ်၊ တိရိစ္ဆာန်အစာများကို ဝယ်သုံးရခြင်း၊ ပြည်တွင်းမှတရားမဝင်အခွန် (ဌာနဆိုင်ရာများက တောင်းရမ်းမှုများ) ကြောင့် အမြတ်နည်းပါးလာသည့်အတွက်တစ်ကြောင်း၊ ပြည်တွင်းကုန်ဈေးနှုန်းကြီးလာခြင်း (အိမ်မြေငှားရမ်းခ)၊ လျှပ်စစ်မီး အခက်ခဲကြောင့်တစ်ကြောင်း ..လုပ်ငန်းငယ်များရပ်တည်ရန် အလွန်ခက်ခဲရသည်။ မြန်မာများ ပေါ်ပင် ငွေရလွယ်သောအလုပ်များမှာ လောင်စာဆီတင်သွင်းခွင့်၊ ကျောက်စိမ်း၊ကြေးနီထုတ်ခွင့် ကဲ့သို့သော သွင်း/ထုတ် ပါမစ်များဖြင့် ခရိုနီများ အကြီးကျယ်အမြက်ထွက်၊ အဆင်ပြေနေသော်လည်း၊ လုပ်ငန်းရှင်ကလေးများမှာ နယ်စပ်မှ လူသုံးကုန်များကိုသာ သွင်း/ထုတ် လုပ်စား နေရသည်။ ကုန်ကားကြီးများပိုင်ရှင်ကလည်း လောင်စာဆီဈေးကြီးသဖြင့် သိပ်မကိုက်... ။ ခေတ်ကမကောင်းလှပါ။ အဆင်တော့ပြေ သွားမည်ဖြစ်သော်လည်း မည်မျှကြာမည်မသိ။ 

နံပါတ် (၁) အချက်မှာ တရုတ်ပြည်မှ ကုန်ပစ္စည်းများ တရားမဝင် ဝင်ရောက်လာခြင်းဖြစ်သည်။ နိုင်ငံတော်မှ အရေးပေါ်အဖွဲ့ တရားမဝင်ကုန် သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီဖြင့် အခွန်လိုက်ကောက်သည့်လုပ်ငန်း၊ တနည်းအားဖြင့် တရားဝင်လပ်ဘ်တောင်းရန်၊ ဖွဲ့ပေးလိုက်သောကြောင့် ထိုအဖွဲ့သည် အလွန်ဝင်ငွေကောင်းလှပေသည်။ လုပ်ခွင့်ရလျှင်လူတိုင်း ၁၀၀% ပစ္စည်းသိမ်းလိုမည် (သို့မဟုတ်) တကယ်ပေးရမည့်အခွန် ဥပမာ နိုင်ငံခြားစီးကရက်နှင့်အရက်ဆိုလျှင် ပစ္စည်းတန်ဖိုး၏ ၁၀၀%ကို အခွန်တောင်းမည်လော၊ ပစ္စည်းအားလုံးကို သိမ်းဆည်းပြီး၊ အမှုလုပ်လိုက်မည်လော .. ထိုအဖွဲ့တွင် ဥပဒေရှိမည်ဖြစ်သည်။

နိုင်ငံတော်အတွက်အရေးကြီးဆုံးလုပ်ငန်းမှာ စိတ်ဓါတ်မြင့်မြတ် No Corrupt ဖြစ်သည့် ပြုပြင်ပြောင်းလဲရေးကာလဖြစ်သည်။ ထိုအချိန်တွင် နိုင်ငံတော်ရရှိနေသောအခွန် 4% of GDP မှာ ကမ္ဘာ့နိုင်ငံများ 30% to 40% နှင့်ယှဉ်လျှင် နည်းပါးလွန်းခြင်းလှသည်။ ထို့ကြောင့် မြန်မာ သည် ကမ္ဘာပေါ်တွင် လပ်ဘ်အစားဆုံးနိုင်ငံအဖြစ် ဂုဏ်အသရေမဲ့စွာ ရပ်တည်နေရသည်။

လုပ်ရမည့်တာဝန် (၂) ရပ်မှာ
၁။ အခွန်ကို မှန်ကန်စွာကောက်နိုင်ရန်
၂။ ကောက်ရသောအခွန်ကို မှန်ကန်စွာသုံးနိုင်ရန် ..ဖြစ်သည်။

ထိုလုပ်ငန်း၂ခုအတွက် အဖွဲများဖွဲ့စည်းရာတွင် နိုင်ငံတော်၏ အခြားအစိုးရအဖွဲ့အစည်းများက ပံ့ပိုးကူညီရမည်။ ဥပမာ.. ဥပဒေရေးဆွဲရေး။ အမှုစစ်ဆေးရေးတို့အတွက် မလိုလားအပ်သော ကြံ့ကြာမှုများသည် လပ်ပေးမှုကို ထပ်ဆင့်ဖြစ်ပေါ်စေနိုင်သည်။ အမှုစစ်ဆေးစဉ် ကာလအတွင်း ဖမ်းမိပစ္စည်းများ ပျောက်ဆုံးသွားခြင်းမျိုးလည်း ရှိသည်။ တရုပ်၊စင်ကာပူ၊ဗီယက်နမ်များတွင် တရားမဝင် ကုန်ပစ္စည်းများ ကို On the spot အခွန်ကောက်လိုက်သည်။ မပေးနိုင်ပါက ပစ္စည်းသိမ်းပြီး၊ လူကို တရားစွဲ ဒဏ်ငွေရိုက်သည်။ ဥပမာ သိန်း၁၀၀ဖိုး အရက်၊ စီးကရက် တင်သွင်းလာပါက အခွန်း ၂၀၀% သိန်း၂၀၀ ဒဏ်ငွေရိုက်သည်။ ဝန်ထမ်းများ ပစ္စည်းသိမ်း၊ ဖမ်းဆီးလိုက်ခြင်းဖြင့် ရဲအမှုဖြစ်ပြီး၊ ရဲနှင့်တရားရုံးက ဒဏ်ငွေသိန်း၂၀၀ ရအောင် ရုံးတင်စစ်ဆေး၊ ဒဏ်ငွေရိုက်၊ ထောင်ချသည်။ မူရစ်ဆေးတင်သွင်းလာပါက သေဒဏ်ချသည်။ သူတို့ကို နိုင်ငံတကာ စာရင်းစစ်  Private Audit Firm အဖွဲ့ဖြင့် စစ်ဆေးသည်။ မြန်မာနိုင်ငံတွင် အစိုးရစာရင်းစစ်အဖွဲ့တစ်ခုတည်းသာ စာရင်းစစ်နေရသည်ဟု သိရသည်။ မကြာမီ နိုင်ငံတကာကဲ့သို့ ပုဂ္ဂလိက စာရင်းစစ်ကုမ္ပဏီလေးများ၊ CPA certified auditor များဖြင့် အစိုးရစာရင်းစစ်အဖွဲ့ကို လုပ်ပိုင်ခွင့်ပေးမည် မျှော်လင့်ပါသည်။ 


ISO 9000 ဆိုသည်မှာ ပြောတဲ့အတိုင်းလုပ်၊ လုပ်တဲ့အတိုင်းပြော၊ လုပ်တာပြောတာ စာရင်းရှိရသည်။ QS9000 ဆိုသည်မှာ ထိုစာရင်းများ ဟုတ်မဟုတ်ကို စာရင်းစစ်ရခြင်းဖြစ်သည်။ ကွန်ပြူတာရှိစရာမလိုပါ။ မြန်မာများ လုပ်လျှင်အလွယ်လေးဖြစ်သော်လည်း ခြစားစရိုက်များ (အရိုးစွဲနေသော၊ နှုတ်အမိန့်မရလျှင်မလုပ်ရဲသည်အကျင့်) ရှိနေဦးမည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ထိုလုပ်ငန်းကို ကြိုဆိုရမည်ဖြစ်သည်။ 
၁၉၈၉ ပထမ အကြိမ် ချင်းအမျိုးသား ညီလာခံ
အမ်းမ်လောင်ရွှီ၊ သြဂုတ် ၁၄၊ ၂၀၁၃
                    ၂၀၁၃ မေလအတွင်းက ပြည်တွင်းပြည်ပသတင်းဌာနများက ချင်းအမျိုးသားညီလာခံ ကျင်းပမည့် သတင်းများကိုဖေါ်ပြနေကြသည်။စာရေးသူလည်း ချင်းတစ်ဦးဖြစ်သဖြင့် ချင်းလူမျိုးများ တိုးတက် ဖွံ့ဖြိုးရေး၊ ချင်းစာပေယဉ်ကျေးမှု ထိန်းသိမ်းရေး၊ ချင်းများစည်းလုံးညီညွတ်ရေးတို့နှင့် ပတ်သက်လျှင် စိတ်ဝင်စားမြဲ ဖြစ်ပါသည်။
                    သတင်းပါအချက်များအနက် မှားခြင်းမကမှားလေသော အချက်၂-ချက်ကို သတိပြုမိသည်။ သတင်းရေးသူ၏အမှားလား၊ သတင်းပေးသူ၏အမှားလားဟု မသိတတ်နိုင်။
                    ပထမအမှားမှာ ချင်းလူမျိုးတို့တွင် အမျိုးကွဲပေါင်း ၅၀-ကျော်ရှိသည် ဟူသော ဖေါ်ပြချက်ဖြစ်သည်။ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်တို့က တိုင်းရင်းသား ၁၃၅-မျိုးပင် ရှိသည်ဟုမမှန်မကန် ကာလကြာရှည် ဖေါ်ပြခဲ့ကြရာ၌၊ ချင်းအမျိုးကွဲ ၅၀-ကျော်ဟုထည့်သွင်းခဲ့၏။ထို ၅၀-ကျော်ကိုယခုတိုင် သတင်းဌာနများက သံယောင်လိုက်ပြီး၊ကိုးကားနေကြဆဲ ဖြစ်သည်။ချင်းအားလုံးသည် ဘာသန္တရစကားအားဖြင့် တစ်မျိုးတည်းသာ ဖြစ်သော်လည်း ၊ဒေသန္တရစကားများ ကွဲပြားမှုကြောင့် တစ်ဦးနှင့် တစ်ဦး ချက်ချင်း ပြောဆိုဆက်သွယ်နိုင်မှု ခက်ခဲခဲ့ကြ၏။ ထားဝယ်စကားပြောသူနှင့် ယောစကားပြောသူ  အပြောအဆိုခက်ခဲကြခြင်းမျိုး ဖြစ်သည်။
                    ထားဝယ်နှင့် ယောသည် ဗမာတိုင်းရင်းသားများချည်းသာ ဖြစ်၏။ မြန်မာစာပေက လည်းကောင်း၊ မြန်မာရှင်ဘုရင်တို့၏ လွှမ်းခြုံ အုပ်ချူပ်ရေးက လည်းကောင်း၊ မြန်မာတိုင်းရင်းသားများကိုသာ မက၊ အခြားတိုင်းရင်းသားများကိုပါ စုစည်းပေးသကဲ့သို့ဖြစ်ခြင်းကြောင့် မြန်မာစကားသည် ဘုံစကားကဲ့သို့ ရှိနေခြင်းဖြစ်သည်။ ချင်းတို့တွင် မူလက စာပေမရှိခဲ့ပါ။ ရှိအောင် တီထွင်ပြန်တော့လည်း၊ ဘုံစာပေ မရှိခြင်းကြောင့်လည်းကောင်း၊ အနေဝေးခဲ့ကြသောကြောင့်လည်းကောင်း စုစည်းမှု အားနည်းခဲ့သည်။ ထိုအားနည်းချက်က ချင်းမျိုးကွဲများစွာရှိသည်ဟု အထင်ရောက်စေခဲ့သည်။ ထို့အပြင် ထိုသို့ အထင်ရောက်စေသူတို့ရှိခဲ့သည်။
                    ချင်းအမျိုးကွဲ ၅၀-ကျော်ကို ထည့်သွင်းတွက်ချက်ရာ၌ ရယ်ဖွယ်လိလိ အချက်များကို တွေ့ရသည်။ ဥပမာ- မျိုးရိုးအမည် (သို့မဟုတ်) ဒေသအုပ်စုအမည်ကို လူမျိုးအမည်အဖြစ် မှားယွင်းတွက်ချက်ထားခြင်းမျိုး ဖြစ်သည်။ တဖန် အံ့သြဖွယ်ကောင်းသောအချက်တစ်ခုမှာ၊ ရခိုင်ပြည်နယ်နေ ချင်းမျိုးနွယ်အချို့ကို ရခိုင်တိုင်းရင်းသားအုပ်စုထဲ၌၊ ထည့်သွင်းထားခြင်းဖြစ်သည်။ထိုမျိုးနွယ်များမှာ ၂-ခါ ထပ်နေသဖြင့် ၁၃၅- မျိုးရေတွက်ခြင်းမှာ ကချော်ကချွတ် နိုင်လွန်းလှသည်။ဖြစ်ကတတ်ဆန်းနိုင်လွန်းလှသည်။
                    ဘာသာဗေဒ ပညာရှင်များ၊မနုသဗေ ပညာရှင်များသာမက ဒေသသခံတိုင်းရင်းသားများကပါ ထို ၁၃၅-မျိုး ရေတွက်ထားခြင်းသည် ဘယ်လိုမှ ယုတ္တိမရှိကြောင်းအထောက်အထားများဖြင့်၊ တင်ပြလာခဲ့ကြသော်လည်း စစ်အုပ်ချုပ်ရေးကာလတလျှောက် မည်သို့မျှ မပြင်ဆင်ခဲ့ကြချေ။ ဆရာ မနုဿကျော်ဝင်းက ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားအမည်အချို့မှာ နှိမ်လိုသဖြင့်၊ ကဲ့ရဲ့ရှုတ်ချသော အသုံးအနှုံးများအဖြစ် အခြားသူတို့ကခေါ်ဝေါ်ခဲ့ကြ၏။ ထိုတိုင်းရင်းသားများကိုယ်တိုင်က အမည်ပြောင်းပေးရန် တင်ပြခဲ့ကြသော်လည်း ၁၃၅-မျိုးစာရင်းပါ အတိုင်းသာ ဆက်လက်ခေါ်စေခဲ့ကြောင်း၊ သဘာဝ မကျကြောင်း ဟောပြောခဲ့ဖူး၏။
                    ပလောင်ဟု အခေါ်ခံခဲ့ရသူတို့က တအာင်း (တအန်း)ဟု ခေါ်ရန် လိုလားနေကြ၏။
                    ချင်းတို့တွင် ပြောဆိုသော ဒေသန္တရစကားများကို စိစစ်ပြီး၊ တူရာတူရာ စုလိုက်လျှင် ၇-စု လောက်သာရှိ၏။ ဇိုမီး၊ မီဇိုး၊ လိုင်၊ လိုင်ဇိုး၊ ခမီး၊ ချိုး၊ အရှို ဟုဖေါ်ပြကြ၏။ အချို့ကလည်း ၆-စုလောက်သာ ရှိသည်ဟုဖေါ်ပြကြ၏။
                    ၂၀၁၃ မေလတွင် မြန်မာနိုင်ငံရှိတိုင်းရင်းသားပါတီများအစည်အဝေးတစ်ခု၌ (တိုင်းရင်းသား ၁၃၅-မျိုးရှိသည်ဟု ဖေါ်ပြခဲ့ခြင်းမှာ စစ်တပ်က ကာလကြာရှည်အာဏာယူထားလိုသဖြင့် အကြောင်းပြခဲ့ခြင်းသာ ဖြစ်ကြောင်း၊ ထိုအချက်ကို ကန့်ကွက်ကြောင်း) တင်ပြခဲ့ကြ၏။ စာရေးသူ ထိုတင်ပြချက်ကို လုံးဝ ထောက်ခံပါသည်။
                    ဒုတိယအမှားမှာ ယခုကျင်းပမည်ဟုဆိုသော ချင်းအမျိုးသားညီလာခံသည် ချင်းလူမျိုးတို့၏ ပထမဆုံးညီလာခံဖြစ်ကြောင်း ဖေါ်ပြချက်ဖြစ်သည်။ လုံးဝ မှားပါသည်။ ၁၉၈၉-ခုနှစ်တွင် ဖြစ်မည်။ ထိုစဉ်က ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ၏ ဦးဆောင်မှုဖြင့် ချင်းအမျိုးသားညီလာခံကို အခက်အခဲပေါင်းစုံကြားမှ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။ ထိုညီလာခံသို့ မြို့နယ်ပေါင်းစုံ၊ မျိုးနွယ်ပေါင်းစုံ၊ အလွှာပေါင်းစုံမှတက်ရောက်ခဲ့ကြ၏။ CNLD၏ ဥက္ကဌအဖြစ်ဆောင်ရွက်ခဲ့သူ ဆရာဆလိုင်းရမ်လိန်မှုန်းကတော့ ကွယ်လွန်ခဲ့ပြီ။ အထွေထွေအတွင်းရေးမှုး၊အတွင်းရေးမှုးအဖွဲ့ဝင်များ သက်ရှိထင်ရှား ရှိနေကြပါသေး၏။ (အတွင်းရေးမှုးတစ်ဦးဖြစ်သူ ဆလိုင်းအောင်ထွန်းကတော့ ရဟန်းတော်ဦးအာလောကဘဝဖြင့် ပျံလွန်တော်မူခဲ့ပေပြီ။)
                   ချင်းအမျိုးသားတပ်ဦး( CNF)တွင် ဒေါက်တာလျှံမှုန်းဆာခေါင်းအဖြစ် ပြန်လည်ပေါ်ထွက်လာသူ ဆလိုင်းလျန်မှုန်းသည်(CNLD)တွင် အထွေထွေအတွင်းရေးမှုး လုပ်ခဲ့သူဟု စာရေးသူ အမှတ်ရနေသည်။ ထိုစဉ်က အတွင်းရေးမှုးတစ်ဦးဖြစ်သူ ဆလိုင်းငိုင်ဆာခ်သည် ပါတီမှထွက်ကာ မြို့နယ်တရားသူကြီးအဖြစ် ဆောင်ရွက်ခဲ့ဖူးသည်။ ယခု တရားလွှတ်တော်ရှေ့နေဖြစ်ကာ၊ INGOလုပ်ငန်းများလည်း ဆောင်ရွက်ခဲ့၊ ဆောင်ရွက်ဆဲဟု သိရသည်။ယခုအခါ ဦးဇိုဇမ်တို့၏ ချင်းအမျိုးသားပါတီတွင် ပါဝင်နေသလိုလိုလဲ ကြားရသည်။ကိုလျှန်မှုန်း ၊ကိုငိုင်ဆာခ်တို့မှာ ကိုရမ်လိန်မှုန်းတို့နှင့်အတူ ချင်းအမျိုးသားညီလာခံကို အပင်ပန်းခံဖေါ်ဆောင်ခဲ့ကြသူများဖြစ်ရကား၊ သူတို့ အသိဆုံးဖြစ်ပါသည်။
         ချင်းအမျိုးသားညီလာခံသို့ ကန်ပက်လက်မြို့နယ်မှ တက်ရောက်လာကြသူများတွင် ဦးဆလိုင်းဟန်လင်း၊ မိုင်နန်းချယ်ရီတို့ ပါဝင်သည်။ မင်းတပ်မြို့နယ်မှ တက်ရောက်လာကြသူများတွင် ကုန်သည်ကြီး ဦးအောင်ရှိန်း (နောင်တွင် ကားမှောက်ကာ ကွယ်လွန်သူ)လည်း ပါဝင်သည်။ ဂန့်ဂေါမြို့နယ်၊ ရှုံးရှီရွာကြီးမှ ကိုစန်းမောင်(ရှေ့နေ)လည်း ပါဝင်သည်။ ထို ၄-ယောက်မှာ ဗုဒ္ဓဘာသာဝင်များဖြစ်ပြီး၊  အခြားသော ဗုဒ္ဓဘာသာဝင် ကိုယ်စားလှယ်များလည်း ရှိပါသေးသည်။
         ညီလာခံ ဖွင့်လှစ်သောအခါ ခရစ်ယာန်ဓမ္မဆရာတစ်ဦးက ဆက်ကပ်ဆုတောင်းသည်။ ဗုဒ္ဓဘာသာဝင် ကိုယ်စားလှယ်များက ကန့်ကွက်ခြင်းတော့မပြုကြပါ။ သို့သော် သူတို့နှင့် လွန်စွာရင်းနှီးသော ဥက္ကဌ ကိုရမ်လိန်မှုန်းကို ရီစရာလိုလို ပြောကြသည်။
                    (ရမ်လိန်ရေ … နောက်တခါ ညီလာခံ အခမ်းအနားဖွင့်လှစ်ရင် သံဃာပင့်၊ ပရိတ်ရွတ်ပြီးမှဖွင့်ရင် ပိုမကောင်းဘူးလား။ ဗုဒ္ဓဘာသာကိုလည်း အလှည့်ပေးအုံးလေ။)
                    ကိုရမ်လိန်မှုန်းမှာ မျက်နှာပျက်သွားသော်လည်း၊ အိဒြေ္ဓဆည်ပြီး ပြော၏။
                    (ဓမ္မဆရာတွေ၊ အသင်းတော်တွေရဲ့ ပံ့ပိုးမှု၊ အားပေးမှုလည်း ရထားတော့ သူတို့ဝမ်းသာအောင်လည်း လုပ်ပေးရတယ်။)
                    ပန်းဥယျာဉ်တွင် ပန်းတစ်မျိုးထဲသာ ပွင့်နေခြင်းထက်၊ပန်းမျိုးစုံလင်စွာ ပွင့်နေလျှင်ပိုပြီး လှပသည်။ ချင်းမျိုးနွယ်ပေါင်းစုံသည် နှစ်သက်ရာဘာသာ ကိုးကွယ်ကာ၊ ညီညွတ်နေလျှင် ပိုမိုဂုဏ်ယူစရာ ကောင်းသည်ဆိုသော သဘောထားကြီးမှုမျိုး ရှိခဲ့ကြပါသည်။ (ချင်းပြည်နယ်ကို …… ဘာသာပြည်နယ် ဖြစ်ရမည်ဟု ကြုံးဝါးနေသူတို့ သတိပြုကြပါကုန်။ သင့်ဘာသာရေး အစွန်းရောက်မှုကြောင့် စည်းလုံးရေး မပြိုကွဲပါစေလင့်။)
                      ချင်းအမျိုးသားညီလာခံကျင်းပသောတစ်နေ့တွင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင်များ တက်ရောက်လာကြပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် အလွန်မှတ်သားထိုက်သော စကားများပြောကြားခဲ့သည်။ ဆရာဆလိုင်းဟန်လင်းက ပြန်ပြောပြခဲ့ဖူးသည်။
        (ဒေါ်အောင်ဆန်းစုကြည်ဝင်လာတော့ ရမ်လိန်မှုန်းက တဦးချင်းစီနဲ့ မိတ်ဆက်ပေးတယ်။သူက ရန်ကုန်တက္ကသိုလ်မှာ နည်းပြလုပ်ခဲ့ဖူးတဲ့ ဆရာဆလိုင်းဟန်လင်းပါလို့ မိတ်ဆက်ပေးတော့၊ ဒေါ်အောင်ဆန်းစုကြည်က လှိုက်လှဲဖေါ်ရွေစွာလက်ဆွဲနှုတ်ဆက်ပြီး၊ စကားတစ်ခွန်း ပြောလိုက်တယ်။ ဝါးကနဲ ပွဲကျသွားတော့တာပဲ။ “ဟာ… ဆရာက တယ်စွံပါလား။ ဘယ်တစ်ယောက်၊ ညာတစ်ယောက် ဝိုင်းလို့နော် …” တဲ့။ ငါ့ ဘယ်ညာမှာ ချင်းရိုးရာဝတ်စုံဝတ်ထားတဲ့ ချင်းအမျိုးသမီး ၂-ယောက် ရှိတာကိုး။ သူတို့ နေရာချပေးတဲ့ အတိုင်း ထိုင်တာပါ။)
             ထိုညီလာခံ မှတ်တမ်းများမှာ အချို့သူတို့ထံတွင် စုံစုံလင်လင် ရှိပေလိမ့်မည်။ ဖေါ်ထုတ်သင့်ပါသည်။ ထိုချင်းအမျိုးသားညီလာခံသည် ပထမဆုံးကျင်းပသောချင်းအမျိုသားညီလာခံ ဖြစ်ဖွယ်ရှိပါသည်။ ၁၉၄၇-လွတ်လပ်ရေး ရခါနီးတွင်၊ ထီးလင်းမြို့၌ ကျင်းပသော ချင်း-ဗမာ ချစ်ကြည်ရေးညီလာခံ ဆိုတာလည်း ရှိပါသေး၏။
                    ဒီးဒုတ်ဦးဘချိုက ဗိုလ်ချုပ်အောင်ဆန်းကိုယ်စား တက်ရောက်ခဲ့၏။ ဦးဝမ်းသူမောင်တို့ ဦးဆောင်သော ညီလာခံဖြစ်၏။
             ထို့ကြောင့် ၂၀၁၃-တွင် ကျင်းပမည်ဆိုသော ချင်းအမျိုးသားညီလာခံသည် ဒုတိယအကြိမ် ဖြစ်မည်။ အခက်အခဲအပိတ်အဆို့ကြား၌ပင် ပထမအကြိမ် အောင်မြင်ခဲ့သေး၏။ လွတ်လပ်ပွင့်လင်းမှု အတန်ငယ် ရှိလာသော ယခုအချိန်တွင်၊ ဒုတိယအကြိမ်သည်   ပထမအကြိမ်ထက် ပိုမိုကျယ်ပြန့်သင့်၏။ ပိုမိုလေးနက်သင့်၏။ ပိုမိုစည်းလုံးသင့်၏။ ပိုမိုကာ သဘောထားကြီးသင့်၏။
                    ပထမအကြိမ်ကို မသိမီလိုက်သူများ ရှိနိုင်သည်။ပထမအကြိမ်ကို တန်ဖိုးမထားဘဲ ဖျောက်ဖျက်ပစ်လိုသူများလည်း ရှိကောင်းရှိနိုင်သည်။ ယခင်ကရှိခဲ့သော အစဉ်အလာကို တန်ဖိုးထား ဆက်ခံမှသာ  ၊ယခုလုပ်နေသောအစဉ်အလာကို နောက်လူတွေက တန်ဖိုးထားမည်။အရေးကြီးသောစကားကို ထပ်ပြီးပြောပါရစေ။ ၁၉၈၉-တုန်းက ချင်းအမျိုးသားညီလာခံကိုလုပ်ရတာ၊ အခက်အခဲကြား အနောက်အယှက်ကြား၊ အန္တရယ်ကြားထဲကနေ လုပ်ကြရတာဖြစ်ကြောင်း မမေ့သင့်ပါ။ ယခုအချိန်လို အတိုင်းအတာတစ်ခုအထိ ပွင့်လင်းမြင်သာမှု မရှိခဲ့ပါ။ ဆန်တစ်အိတ်ထမ်းပြီး ပြေးရတာချင်း အတူတူ နောက်က ကျားလိုက်လို့ ပြေးရခြင်းလား၊ ကျားမလိုက်ပဲ မှန်မှန်သွားရခြင်းလား၊ ကွာပါသည်။
                       မိမိက နေရာတကာ ပထမလုပ်ပြတာဟု ဂုဏ်ယူလိုခြင်းထက်၊ ယခင်အစဉ်အလာကို ဆက်ခံခြင်းက ကောင်းမြတ်သောအင်အား ၂-ဆကို ရနိုင်သည်။ မျက်စိကန်းသူသည် မျက်စိကန်းသူကိုလည်း မမြင်။ မျက်စိကောင်းသူကိုလည်း မမြင်ပါ။ မျက်စိကောင်းသူသည်  မျက်စိကန်းသူကိုလည်း မြင်သည်။ မျက်စိကောင်းသူကိုလည်း မြင်သည်။အမြော်အမြင်ရှိခြင်းက မျက်စိကောင်းခြင်းနှင့် တူပါသည်။

(၂၀၀၃ မေလ၊ ချင်းညီလာခံဆိုင်ရာ ဆက်စပ်သတင်းများ

-       http://www.phophtawnews.org/burmese/index.php/news/internal-news/item/294-2013-05-13-12-07-11.html (ချင်းအမျိုးသား ညီလာခံ ကျင်းပရန် ချင်းပါတီများ ပြင်ဆင်)

MoeMaKa - Remembering Playnoy Sein Lwin


စတီရီယို အဆိုကျော် စိန်လွင် (ပလေးဘွိုင်) အမှတ်တရ
မိုးမခ၊ သြဂုတ် ၁၄၊ ၂၀၁၃
စတီရီယို အဆိုတော် စိန်လွင် (Playboy)
၁၉၈၀ ခုနှစ်များ ရဲ့ ခင်မောင်ထူး၊ ဂျက်မြသောင်း၊ အောင်ရင်၊ ပြည်မိုး အစရှိတဲ့ စတီရီယို အဆိုတော် များ က စလို့ နောက်ဆုံး ၁၉၉၀ ခုနှစ်များ ၏ ရင်ဂို အထိ အဆိုတော် အများအပြား ဟာ စတီရီယို ခေတ်ဦး ပလေးဘွိုင် (တူရိယာလုလင်) တေးဂီတ အဖွဲ့ က စိန်လွင်၊ သန်းနိုင် ညီအစ်ကို အဆိုကျော် နှစ်ယောက် ရဲ့ ဆိုဟန် လောင်းရိပ် အောက်က မလွတ်ဘူးလို့ ဆိုနိုင်ပါတယ်။  သူတို့ သြဇာ ကြီးခဲ့ပါတယ်။  ၁၉၆၉/ ၁၉၇၀ ခုနှစ် လောက်က စတင်ခဲ့တဲ့ စတီရီယို ဂီတ လို့ နာမည်တွင် သွားတဲ့ အနောက်တိုင်း ခေတ်ပေါ် အီလက်ထရော်နီ ဂီတတူရိယာများ အခြေပြု ဗမာ့ခေတ်ပေါ်ဂီတ မှာ သူတို့ ရဲ့ အခန်းကဏ္ဍ က ကြီးမားပါတယ်။  ၁၉၇၀-၈၀ လူငယ် တိုင်း လိုလို ဟာလည်း ပလေးဘွိုင် ပရိသတ်ချည်းပါပဲ။
ဆိုခဲ့သလို သြဇာကြီး အောင်မြင်ခဲ့တဲ့ ပလေးဘွိုင် အဖွဲ့က ပင်တိုင် အဆိုတော် စိန်လွင် တယောက် ဆုံးပါးသွားခဲ့တာ ပြီးခဲ့တဲ့ သြဂုတ်လ (၁၂) ရက်နေ့က (၃၁) နှစ် ပြည့်ခဲ့ပါတယ်။  နိုင်ငံကျော် အဆိုကျော် တဦးဖြစ်တဲ့ အပြင် လေယာဉ်မောင် တဦးပါ ဖြစ်သူ (ဦး) စိန်လွင် ဟာ လျှမ်းလျှမ်းတောက် အောင်မြင်နေစဉ် ငယ်ငယ်ရွယ်ရွယ်မှာပဲ တာဝန်ထမ်းဆောင်ရင်း ကွယ်လွန်သွားရှာခဲ့သူပါ။  အခု နှစ်လည် အချိန်မှာ မိုးမခ ပရိသတ် အတွက် အဆိုတော် စိန်လွင် အမှတ်တရ မိသားစု ဝင်တဦးရဲ့ အလွမ်းစကားစု တခု နဲ့အတူ စိန်လွင် ဆို နာမည်ကြီး သီချင်း တချို့ တင်ဆက်လိုက်ပါတယ်။
ဓာတ်ပုံ မျှဝေသူ - ရာဇာ
ဒီနေ့ သြဂုတ်လ ၁၂ ရက်နေ့ဟာ ကျမတို့ အကိုတ၀မ်းကွဲ အဆိုတော် ကိုစိန်လွင် ကွယ်လွန် အနိစ္စ ရောက်တာ ၃၁ နှစ်တင်းတင်း ပြည့်တဲ့နေ့ပါ။
၁၂-၈-၁၉၈၂ နေ့က ကျမတို့ မိသားစု ညစာစားနေကြတုန်း ကျမ သူငယ်ချင်းတယောက်က တယ်လီဖုန်းဆက်ပြောလို့ ကိုစိန်လွင် ကလေး-ကျောက်ထုဘက် မှာ လေယာဉ်ပျက်ကျကြောင်း ရုတ်တရက် သိလိုက်ရပါတယ်။
ကျမ ဖုန်းပြောပြီး ထမင်းဆက်စားနေပေမယ့် စားလို့ မ၀င်တော့ပါ။  မျက်ရည်တွေ ထမင်းပန်းကန်ထဲ တပေါက်ပေါက်ကျနေတာကို ဖေဖေက သတိထားမိတော့ “သမီးဘာဖြစ်လို့ငိုနေတာလဲ” လို့မေးတယ်။

 
သပြေ တေးမဂ္ဂဇင်း ဝမ်းနည်းမှတ်တမ်း
ဓာတ်ပုံ မျှဝေသူ - Doney MP

ကျမ ကြားသိရတဲ့သတင်းဆိုးကို မျက်ရည်တွေနဲ့ ညစာထမင်းဝိုင်းမှာ အားလုံးသိအောင် ပြောပြလိုက်တယ်။  မိသားစုအားလုံး ညစာစားပွဲကို အဆုံးသတ်ပြီး ဘကြီးဦးဘဖြူတို့ အိမ် ခြံနံပါတ် ၃၀၊ ပြည်လမ်းကို ထွက်လာခဲ့ကြတယ်။
“ပန်းသီးဖီလင်” စီးရီးဖြန့်ချီအပြီး ၁၉၈၁ နှောင်းပိုင်းက စလို့ ပလေးဘွိုင်အဖွဲ့ကွဲပြီး ကတည်းက ကျမတို့ မိသားစုနဲ့ ကိုစိန်လွင်၊ ကိုသန်းနိုင်တို့ မိသားစု (ဘကြီးဦးဘဖြူတို့မိသားစု) နဲ့ စကားမပြောကြဘဲ အဆက်အသွယ် ပြတ်တောက်နေခဲ့ကြပေမယ့် ဒီသတင်းဆိုးကြောင့် ဖေဖေဟာ သူမာန်မာန သူရိုက်ချိုးပြီး ‘ငါက ညီအငယ်ဆုံးဘဲ … အကိုလေးက စိတ်ဆိုးပြီး မောင်းထုတ်ရင်လဲ ငါခံမယ်။ သူတို့မိသားစု ဒီလို ပူဆွေးသောကရောက်နေချိန်မှာ ညီငယ်တယောက် ၊ ဦးလေးတယောက်အနေနဲ့ ငါနဲ့ ငါ့မိသားစုဟာ အားပေးနှစ်သိမ့်ဖို့ သူတို့အနားမှာ ရှိနေသင့်တယ်’ … လို့ပြောကာ ဘကြီးဖြူတို့ အိမ်ကို ထွက်လာခဲ့ကြတယ်။
ညီအကိုတွေပဲလေ … ဘယ်.. ပြတ်နိုင်ကြမလဲ ။
ကျမတို့ မိသားစုကို ဘကြီးဖြူ ၊ ကြီးကြီးခင်မနဲ့ မိသားစုက ကြိုဆိုပြီး ချေချေငံငံ ဆက်ဆံပါတယ်။ အခြေအနေကို စုံစမ်းနေဆဲဖြစ်လို့ အားလုံးကို စိတ်အေးအေးထားကြဖို့လဲ ပြောပါတယ်။
ကျမအနေနဲ့ ဖေဖေတို့ ညီအကိုတွေ အခုလို ပြန်လည်သင့်မြတ်သွားကြတာ မြင်ရလို့ ၀မ်းသာပေမယ့် ကြားသိရတဲ့ ကိုစိန်လွင်ရဲ့သတင်းဟာ သတင်းအမှားသာ ဖြစ်ပါစေလို့ ဘကြီးအိမ်က ဘုရားခန်းမှာ ဘုရားရှိခိုးပြီး ဆုတောင်းခဲ့မိပါတယ်။
သို့သော်လည်း … ကျမဆုတောင်း မပြည့်ခဲ့ပါ။

 
ဓာတ်ပုံ မျှဝေသူ - ရာဇာ
ကျမတို့ရဲ့ တ၀မ်းကွဲအကို …
ဦးဘဖြူ - ဒေါ်ခင်မမတို့ရဲ့ သားကြီးသြရဿ
ကိုသန်းနိုင် (ပလေးဘွိုင်) နဲ့ မမြသီတာတိုရဲ့ အကိုကြီး
မလဲ့လဲ့မြင့်နဲ့ တဦးတည်းသောသား ပြည့်ဖြိုးမောင် တို့ရဲ့ ခင်ပွန်း/ဖခင် …
မြန်မာ့စတီရီယိုသမိုင်းမှာ ထူးခြားတဲ့အသံပိုင်ရှင် အဆိုတော် ကိုစိန်လွင် ဟာ သူချစ်တဲ့ မိသားစု ၊ ဆွေမျိုး ၊ မိတ်ဆွေများနဲ့ တေးချစ်သူအားလုံးကို “ဝေဟင်မှာပဲ နေတော့မယ်” ဆိုတဲ့ သီချင်းလေး တပိုင်းတစနဲ့ အပြီးအပိုင် စွန့်ခွာသွားခဲ့ပါပြီ။
လူသေသွားပေမဲ့ သူ့အနုပညာကတော့ ယနေ့တိုင် ရှင်သန်နေဆဲပါ။
“တိမ်ညိုနဲ့စန္ဒာ” မှသည် …
“မိုးပေါ်မှာနေချင်တယ်” အလယ် …
“ဝေဟင်မှာပဲနေတော့မယ်” အဆုံး …
သီချင်းတွေနဲ့ လူတွေရဲ့ ဟဒယနှလုံးကို ပြုံးပျော် ကြည်နူးမှုတွေပေးခဲ့သူ ကိုစိန်လွင် ကောင်းမွန်ရာ ဘုံဘ၀မှာ ပျော်ရွှင်စွာ နားခိုနိုင်ပါစေ။
ကျမ ပြုသမျှ ကုသိုလ်အစုစုကို အမျှ - အမျှ ပေးဝေပါတယ်။
ရောက်ရာဘုံဘ၀မှ ကိုဘိုဘိုး (ကိုစိန်လွင်) သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ပါစေ။
ချစ်ညီမ
နှင်းနှင်းအေးဘသိန်း
၁၂ ၊ သြဂုတ် ၊ ၂၀၁၃

မိုးပေါ်မှာနေချင်တယ် ၊ တေးရေး - မောင်ဆွေနွယ် ၊ တေးဆို စိန်လွင်
Music Video URL: http://youtu.be/Urd9zWl_8-c

နွေကျောင်းပိတ်ရက်မလိုချင်ပါ ၊ တေးရေး - မောင်ဆွေနွယ် ၊ တေးဆို စိန်လွင်
Music Video URL: http://youtu.be/-BCG702epJI

အဓိပတိလမ်းကလူ တေးရေး - သိဒ္ဓတ္ထလှိုင် (နောင် သုခမိန်လှိုင်) ၊ တေးဆို - စိန်လွင်

(မိုးမခမီဒီယာအတွက် စီစဉ်သူ ငြိမ်းချမ်းအေး ကို ကျေးဇူးတင်ပါကြောင်း)

Maung Wuntha - Funeral Service Program Announced


ဆရာမောင်ဝံသ ဈာပန အခမ်းအနား အချိန်ပြောင်းလဲခြင်း
မိုးမခရွာဆော်ကြီး၊ သြဂုတ် ၁၄၊ ၂၀၁၃
ဆရာမောင်ဝံသ၏ ဈာပန အခမ်းအနားကို ရေဝေးသုဿာန်၌ သြဂုတ် ၁၅၊ (ကြာသာပတေး) နေ့လည် ၄ နာရီမှ ၆နာရီ အထိ ကျင်းပမည်ဖြစ်ပါသည်။ အမှတ်(၃၀၀) အခန်း 6A မဟာဗန္ဓုလပန်းခြံလမ်းနေအိမ် မှ ရေဝေးသုဿာန်သို့ နေ့လည် ၂ နာရီခွဲတွင် ကားများထွက်ခွာပါမည်။ ဗိုလ်ချုပ်လမ်းပေါ်တွင် ကားများ စီစဉ်ပေးထားပါမည်။

--
Send email to - edi...@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives
Reply all
Reply to author
Forward
0 new messages