29th July - MoeMaKa Daily

22 views
Skip to first unread message

Maung Yit

unread,
Jul 29, 2012, 3:51:58 AM7/29/12
to sfbcir...@moemaka.info, moemak...@moemaka.biz, burm...@googlegroups.com, moemaka

မိုးမခထံ ဧရာဝတီတိုင်းက ပေးစာများ
ဇူလိုင် ၂၉ ၊ ၂၀၁၂
ဧရာဝတီတိုင်းဒေသကြီးက တရားစီရင်ရေး … နိုင်ငံတော်နှင့် ပြည်သူ သိစေရန်
မျက်မြင်တဦး (ကျုံပျော်) ဇူလိုင် ၂၉ ၊ ၂၀၁၂
ဧရာဝတိတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ မြို့နယ်တရားရုံးဍ် ဇူလိုင် ၂၅ ရက်နေ့ ညနေ ၃း၃၀ နာရီ အချိန်က မြိုနယ်တရားသူကြီးက ထောင်ဒဏ် ၉  လ ချမှတ်ခဲ့တယ်။ချမှတ်ခံရသော ကိုမြအုန်းနှင့်  ဇနီး မကြည်ကြည်မာတို့မှာ မတရား အမှုဆင်ထောင်ချခြင်း ခံရတာ ဖြစ်ပါတယ်။တရားလိုဖြစ်သည့်
ဦးယဉ်ထွန်း (ကျုံပျော်သတင်းတပ်ဖွဲ့ တာဝန်ခံ) မှ ငွေချေးစာချုပ် အလွတ်တခုတွင် ၎င်းတို့အား လိမ်ညာ လက်မှတ်ထိုးခိုင်းထားပြီး ပုဒ်မ ၄၁၇ ဖြင့် ငွေသိန်း ၁၆၀ အတွက် တရားစွဲဆို ခြင်း ဖြစ်ပါတယ်။ အဆိုပါ ချေးငွေကို အတိုး ၅ ကျပ်နှုန်းဖြင့် ငွေတိုးချေးစားခဲ့ရာ အဆိုပါ လင်မယားက ပေးဆပ်ပြီး ဖြစ်တယ်လို့ဆိုပါတယ်။ ထိုသို့ ထောင်ချလိုက်သဖြင့် ထိုမိဘ ၂ပါးက မွေးထားသော မူလတန်းအရွယ် ကလေးသူငယ်လေးမှာ ထောင်ပြင်တွင် ခိုကိုးရာမဲ့ ကျန်ရစ်တယ်လို့ ဆိုပါတယ်။


ဟင်္သာတပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဦးကြည်စိုးက ၀န်ကြီးဆရာအဖြစ် အာဏာပြ
မျက်မြင်တဦး (ဟင်္သာတ)
နေပြည်တော်အစိုးရနှင့် ကျန်းမာရေးဝန်ကြီး၏ ဆရာတပည့်ဖြစ်သည်ကိုအကြောင်းပြပြီး
အာဏာပြခြင်းနှင့် ဈေးသည်များအပေါ်နှိုင်ထက်စီးနှင်းလုပ်ခြင်းကိစ္စ …
ဆရာဝန်ကြီးက ဆေးရုံဝင်းထဲက ငုံးဥရောင်းတဲ့ ကလေးငယ်တွေကို ခေါ်ပြီး ဗန်းတွေ သိမ်း၊ ရဲလက်အပ်မယ်ဟု ခြိမ်းခြောက်တာတွေ လုပ်ပါတယ်။ ကလေးတွေက ဆေးရုံဝင်းထဲမှာ နေ့စဉ်စားဝတ်နေရေးအတွက် ရုန်းကန်နေကြတာ ဖြစ်ပါတယ်။ ဆေးရုံပေါ် တက်ရောင်းတာလဲ မဟုတ်ပါဘူး။
ဆေးရုံဝင်းထဲက စားသောက်ဆိုင်တွေ၊ ၀န်ဆောင်မှုဆိုင်တွေကို လစဉ်ကြေး ပျက်ကွက်တာနှင့် ဆိုင်ပိတ်ပစ်တာမျိုးလည်း လုပ်ပါတယ်။ ဆေးရုံအပြင်က ဆိုက်ကားဂိတ်ကို ရှုပ်လို့ ဆိုပြီး စည်ပင်ကို ဖျက်ခိုင်းထားလို့ ဆိုက်ကားသမားတွေ နေစရာ အဆောင်မဲ့၊ နေပူ မိုးရွာထဲမှာ ရပ်နားနေတာပါတယ်။
ဆေးရုံကို Round လှည့်နေစဉ်မှာ အသည်းအသန်လူနာတွေကို ဆေးရုံထဲ အရေးပေါ် ၀င်ခွင့်မရပါ။ Roundပြီးမှ ဆေးရုံ တက်ရပါတယ်။ လူနာတွေနဲ့ လူနာရှင်တွေအတွက် အလွန် စိတ်ပူပင်သောက ဖြစ်စေပါတယ်။
ဝန်ကြီးတွေကို သူပိုင်တယ်၊ တိုင်လို့ လာစစ်တဲ့သူတွေကလည်း သူ့တပည့်တွေချည်းပဲလို့ ပြောပါတယ်။ အာဏာလည်း အလွန်ပြပါတယ်။ ၀န်ထမ်းတွေ ဆေးပင်စင်တင်တဲ့အခါ ထောက်ခံစာ သွားတောင်းရင်လည်း ကင်ဆာဖြစ်နေတာတောင်မှ ကိုယ်တိုင် လာပြီး ပြရမယ်လို့ ဆင့်ခေါ်ပါတယ်။ အခြားဆေးစာတွေထက် သူကိုယ်တိုင် မြင်ရမှ ပေးမယ်လို့ ကပ်သပ်ပြီး ပြောသူ ဖြစ်ပါတယ်။
ရဲဝန်ထမ်းတွေ ဆေးခွင့်တင်ရင်တောင် ဟင်္သာတဆေးရုံမှာ မပြရင် မပေးနိုင်ဘူးဆိုပြီး သူ့ကိုယ်သူ လူမှန်ကြီးလို့ ပြောသော်လည်း မုဒိန်းမှုတခုမှာ တရားခံဖက်က ငွေယူပြီးတော့ မိန်းကလေးအသက်ကို အရွယ်ရောက်သူဖြစ်အောင် ပြောင်းပေးတာတွေ လုပ်ပါတယ်။
ဆေးရုံထဲက စာရိတ်မျှပေး ကျန်းမာရေး ဆေးခန်းတွေက အပြင်ဆေးခန်းတွေထက် ဈေး ၂ ဆ ကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆေးရုံအုပ်ကြီးကို ဆေးဆိုင်က တလကို ငွေ ၁၀ သိန်းကျောင် ပေးဆပ်နေရလို့ ဈေးတင်ထားတာလို့ ပြောပါတယ်။
အထက်လူကြီးမင်းများ စုံစမ်းကြပါရန် တင်ပြပါတယ်။

 အလုပ်မလုပ်သည့် ဟင်္သာတစည်ပင်နှင့် အမှိုက်ပုံကြီးများ
ဆွေးမင်းထက်၊ င်္ဟသာတ၊ ဇူလိုင် ၂၉ ၊ ၂၀၁၂
ဧရာဝတီတိုင်းဒေသကြီး။ဟင်္သာတမြို့  အ.လ.က(၁) အမျိုးသားကျောင်းနှင့် ဟင်္သာတမြို့ ၏ တစ်ခုတည်းရှိသော မြို့ တော်ခန်းမနောက်ဘက်တွင် အမှိုက်ပုံကြီး သုံးပုံကိုဟင်္သာတစည်ပင်သာယာမှ ၀န်ထမ်းများ မျက်ကွယ်ပြုထားသောကြောင့် အလွန်ဆိုးဝါးညစ်ပတ် နံစော်ပြီး ပတ်ဝန်းကျင်ကို ထိခိုက်နေပြီ ဖြစ်ပါသည်။ ကျောင်းသူကျောင်းသားများ၏ ကျန်းမာရေး၊ မြို့အင်္ဂါရပ်နဲ့ မညီညွတ်ခြင်း၊ အများမြင်သောနေရာ
VIP သွားသောနေရာများတွင်သာ ရှင်းလင်းပြီး ကျန်အမှိုက်ပုံများကို
အပေါ်က သဲတွေအုပ်ပြီး ရှင်းသလိုလုပ်ပါတယ်။
ဒ့ါအပြင် သမိုင်းဝင် ငါးမျက်နှာစေတီတော်မြတ်ကြီး မုဒ်ဦးအ၀င်ပေါက်တွင်အမှိုက်ပုံကြီးများနှင့် ဘုရားဖူးဧည့်သည်များ ၀င်ထွက်သွားရာလမ်းကြောင်းတွင်ဆိုင်များ၏ ထီးများ၊ အမိုး အစွန်းများနဲ့ ပိတ်နေပါတယ်။ လမ်းကြောတွေပိတ်တယ်၊ကားတွေကြောင့်လို့ ပြောတာ တွေကိုကြည့် လိုက်ရင် ကားတွေကြောင့်မဟုတ်ဘဲ စည်ပင်ရုံးက ဈေးကောက်များ စည်းကမ်းမဲ့ကောက်နေခြင်း၊ လမ်းဘေးဈေးရောင်းချခွင့်ကို ဗရမ်းဗတာ ခွင့်ပြုနေခြင်းတို့ကြောင့် လမ်းတွေ ကျဉ်း၊ ပိတ်၊ ကားတွေ ကြပ်ဖြစ်ကုန်တာ ဖြစ်ပါတယ်။
ဘုရားကြီးရပ်ကွက်ပိုင် စံထွန်းကွမ်းသီးဂိုဒေါင်မှထွက်သော
ကွမ်းသီးချွတ်ဆေးရည်များ။ကန့်အရည်များ၊ အနံဆိုးအရည်များ ရပ်ကွက်ထဲဝင်ရောက်လို့
ပတ်ဝန်းကျင်က ထပ်ခါ ထပ်ခါ တိုင်ကြားသော်လည်း ပိုင်ရှင်များ၏ လာဘ်ပေးထားမှုတွေကြောင့် စည်ပင်က ဘာမှ အရေးယူဆောင်ရွက်ခြင်း မပြုပါဘူး။
တိုင်းစည်ပင်ဝန်ကြီးကလည်း ဟင်္သာစည်ပင် အလုပ်မလုပ်တာကို သိသော်လည်း ဘာမှ အရေးမယူပါ။  ဟင်္သာတ စည်ပင်အမှုဆောင်အရာရှိ ဗိုလ်ကြီးခင်မောင်မြင့်က နေပြည်တော် စည်ပင်သာယာမှ ဗိုလ်မှူးကြီးသိန်းညွန့် ၏ သားတပည့်ရင်းဖြစ်နေတာတွေကြောင့်လို့ ပြောပါတယ်။



Posted by MoeMaKa at 12:47 AM 0 comments  

SATURDAY, JULY 28, 2012

စာအုပ် (ကမာပုလဲ)


ခေတ်ကိုလည်း ကိုယ်စားပြုတယ်
အရပ်ဒေသမရွေး မှတ်ကျောက်တင်ခံတယ်။

စကားလုံးတွေက သိပ်သည်းကျစ်လျစ်
အနက်အဓိပ္ပာယ်တွေက ရိုးရှင်း ကျယ်ပြန့် ... ။

သင်က သူ့ကို တရွက်ခြင်း လှန်သွားစရာမလိုဘူး
သူကသာ သင်တို့ကို တမျက်နှာချင်း လှန်သွားလိမ့်မယ်။


နား၊ မျက်လုံးများနဲ့ ဖတ်လို့ မရနိုင်ဘူး
ဘဝကို ဘဝချင်းထပ်ပြီး ဖတ်မှ
ခံစားနားလည် သဘောပေါက်သွားနိုင်တယ် ...။

အဆုံးသတ်သွားတဲ့အခါ
သူ့မှာ ဘာတခုမျှ မရှိခဲ့ဘူး
ဒါပေမယ့်
အရာအားလုံး
သူ့အတွင်းထဲမှာ အသေအချာကို တည်ရှိနေတယ် ...။ ။

ကမာပုလဲ 
ဇူလိုင်၊ ၂၀၁၂
Posted by MoeMaKa at 11:27 PM 0 comments  
Labels: Kamar Pale, Poems

Ku Mo Jo - Burmese Lovers



ကာတွန်းကူမိုးကြိုး - မြန်မာပြည်က ဆေးမရှိတဲ့ လိမ်တူချစ်သူများ
ဇူလိုင် ၂၉ ၊ ၂၀၁၂

Posted by MoeMaKa at 7:19 PM 0 comments  

Shwe Nya Wah Dhamma Tallk Invitation at Oakland Monastery

 ရွှေည၀ါဆရာတော် အရှင်ပညာသီဟ ဥက္ကလံ ဓမ္မဧရိပ်တွင် ပထမဦးဆုံးတရားပွဲ ကျင်းပမည်
မိုးမခရွာဆော်ကြီး၊ ဇူလိုင် ၂၈၊ ၂၀၁၂
အမေရိကန်ခရီးစဉ်၏ ပထမဦးဆုံး တရားပွဲအဖြစ် ဆန်ဖရန်ဘေးဧရိယာ ဥက္ကလံမြို့ ဓမ္မဧရိပ်ကျောင်းတိုက်တွင် ဇူလိုင် ၂၉ ၊ ၂၀၁၂၊ တနင်္ဂနွေနေ့၊ ညနေ ၆ နာရီမှ ၉  နာရီအထိ ကျင်းပမည်ဖြစ်၍ ရပ်နီး ရပ်ဝေးက ဓမ္မမိတ်ဆွေများကို ဖိတ်ကြားလိုက်ပါတယ်။
 ဥက္ကလံကျောင်းမှာ ဇူလိုင် ၂၇ က ယဉ်ကျေးလိမ္မာသင်တန်းတွင် တွေ့ရသော ဆရာတော့်၏ ရုပ်သံ

Posted by MoeMaKa at 6:49 PM 0 comments  

Gem trade in China Burma border

တရုတ်မြန်မာနယ်စပ် ကျောက်မျက်ဈေးကွက်
BBC
ဇူလိုင် ၂၉၊ ၂၀၁၂



တရုတ်-မြန်မာနယ်စပ်က ရွှေလီ-ကျယ်ကောင် ကျောက်ဈေးကွက်ကြီးဟာ အဓိကအားဖြင့် ကျောက်စိမ်းတွေပဲ အများဆုံး ရောက်နေတာကြောင့် ကျောက်စိမ်း ဈေးကွက်ကြီး အဖြစ်နဲ့ပဲ လူသိများနေရပေမဲ့ တကယ်ကတော့ ကျောက်စိမ်း အမျိုးမျိုးတွေအပြင် ကျောက်စိမ်း မဟုတ်တဲ့ တခြားသော အဖိုးတန် ကျောက်မျက် အမျိုးမျိုးတွေလဲ နည်းမျိုးစုံနဲ့ ရောက်ရှိ ရောင်းဝယ်နေကြတဲ့ ဈေးကွက်ကြီးတခုဖြစ်ပါတယ်။

‘အနီ နဲ့အပြာ’ လို့ပဲ လွယ်လွယ်ကူကူ ခေါ်ဝေါ်နေကြတဲ့ ပတ္တမြားနဲ့ နီလာတွေအပြင်၊ အညံ့ပန်းရောင်စုံ၊ ထပ်တရာ၊ ပြောင်ခေါင်းစိမ်း၊ မျောစိမ်း မျောဖြူ၊ ဖရဲအူတွေသာမက၊ စလင်း နဲ့ ပယင်း တွေအပါအဝင် ကျောက်မျက်မျိုးစုံ ဝင်ပါတယ်။

အပြာ (နီလာ) တွေကတော့ မိုးကုတ်နဲ့ သပိတ်ကျင်းဖက်ကပဲ လာတာ အများဆုံးဖြစ်ပေမဲ့ အနီ (ပတ္တမြား) တွေကတော့ မိုးကုတ် ကျပ်ပြင်၊ ဝါးဖြူတောင်၊ သပိတ်ကျင်းထွက်တွေသာမက မိုင်းရှူး နဲ့ နမ့်ခမ်းထွက် အနီတွေလဲ ရှိသလို အာဖရိကလို့ ခေါ်တဲ့ အာဖရိကအနီတွေလဲပဲ ကျောက်ဈေးထဲမှာ ရှိနေပါတယ်။

အနီ အပြာနဲ့ ကျောက်မျက်မျိုးစုံဝင်ရာမှာ ‘တာပလာ’ ‘လုံးချော’ စသဖြင့် သွေးထားပြီးသား အပွင့် တွေနဲ့ အသင့်ဝတ် လက်ဝတ် ရတနာ ထည်တွေ သာမက၊ အရိုင်း အတိုင်း - ပုံဆောင်ခဲ (crysatl) အတိုင်း အရောင်းအဝယ်ပြုနေကြတဲ့ ကျောက်မျက်မျိုးစုံတွေလဲ ရှိပါတယ်။

မသွေးရသေးတဲ့ အနီအပြာ၊ အညံ့ပန်းရောင်စုံ၊ ဂေါ်မိတ်၊ ဥဒေါင် စတဲ့ ကျောက်မျက်မျိုးစုံတွေလဲပဲ ဝင်သလို၊ ထပ်တရာ နဲ့ ဖရဲအူတွေဆိုရင်၊ အရိုင်းခဲ အတိုင်း ‘ခရစ်စတယ်ဈေးကွက်’ အဖြစ်နဲ့တောင် အရောင်းအဝယ် ရှိပါတယ်။

ရွှေလီ-ကျယ်ကောင်ကျောက် ဈေးကွက်ကြီးအတွင်းမှာ အနီအပြာ ကျောက်ဈေးကွက်ဟာလဲ လိုင်းတလိုင်းအနေနဲ့ တွင်တွင်ကျယ်ကျယ်ရှိခဲ့တာကြောင့်၊ အနီအပြာကျွမ်းကျင်တဲ့ မိုးကုတ်သူမိုးကုတ်သား
တော်တော်များများ- ရွှေလီကျောက်ဈေးကွက်အတွင်းမှာ အထိုင်ချ နေထိုင် ရောင်းဝယ် နေကြတာတွေ ရှိရုံမက၊ ‘အနီ-အပြာ’သပ်သပ်ကိုပဲ ကျောက်သွေး ကျောက်ဖြတ်၊ ‘အရောင်တင်-ကွင်းတင်’လုပ်ငန်း
လုပ်ကိုင် စားသောက်နေကြသူတွေလဲ ရှိနေပါတယ်။

ဒါပေမဲ့ - ဒီနှစ်ထဲမှာကတော့ - တရုတ်ပြည်မှာ အဓိကကျောက်ဖြစ်တဲ့ ကျောက်စိမ်းဈေးကွက်ကြီးတခုလုံးတောင် အရောင်းအဝယ်တွေ ထိုင်းမှိုင်း အေးစက်နေ လေတော့၊ အနီအပြာနဲ့ (ကျောက်စိမ်းမဟုတ်တဲ့ )တခြားသော ကျောက်မျက်မျိုးစုံတွေရဲ့ အရောင်းအဝယ်တွေဟာလဲ ပိုလို့ ပိုလို့တောင် ပါးလျားနေတဲ့ အခြေအနေရှိပါတယ်။

အနီအပြာသမားတွေတချို့၊ အစိမ်း(ကျောက်စိမ်း) လိုင်းဖက် ကူးပြောင်း လုပ်ကိုင်ကြတာတွေလဲ ဒီနှစ်ထဲမှာ တော်တော်များများရှိလာနေပေမဲ့၊ အစိမ်းဈေးကွက်ကလဲ မကောင်းပဲ ဖြစ်နေတာကြောင့်
“မိုးကုတ်မှာကလဲ ကျောက်လုပ်ငန်းအခြေအနေက မကောင်း၊ ဒီဖက်မှာကလဲ ဈေးကွက်က မကောင်း၊ အနီအပြာ မကောင်းလို့ အစိမ်းကို ပြောင်းလုပ်ပြန်တော့လဲ အစိမ်းဈေးကွက်ကလဲ မကောင်းနဲ့ဆိုတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းတောင် မသိတော့ပါဘူးဗျာ”လို့ မိုးကုတ်သား ကျောက်သမား တယောက်ကတော့ ညည်းပါတယ်။

ရွှေလီမှာ စလင်းကျောက်တွေချည်း ဝယ်တဲ့ဆိုင်မျိုးလဲ တွေ့ ရပြီး၊ လတ်တလောနှစ်တွေအတွင်းမှာတော့ ‘ပယင်း’တွေလဲ ဈေးကွက်ထဲကိုတွင်တွင် ကျယ်ကျယ် ရောက်လာခဲ့တာ တွေ့ရပါတယ်။

ကချင်ပြည်နယ် တနိုင်း ဒေသဖက်က ထွက်တဲ့ပယင်းတွေ-ကျယ်ကောင် ရွှေလီဈေးကွက်အတွင်းမှာ တွေ့ရပြီး၊ အရိုင်းတုံးတွေရော အချောတုံးတွေ သာမက ပုတီးလက်စွပ်စတဲ့ လက်ဝတ်လက်ထည်တွေပါ တွေ့ရပါတယ်။

စလင်းတွေက ကီလိုချိန်နဲ့ချိန်တွယ်ရောင်းဝယ်ကြတာဖြစ်ပြီး၊ ပယင်းတွေ ကတော့ တုံးပြတ် အတိုင်း ရောင်းဝယ် ကြတာရှိသလို၊ ‘ဂရမ်ချိန်’နဲ့ ရောင်းဝယ်ကြတာလဲ ရှိပါတယ်။ ပယင်းရဲ့ အရည်အသွေးကိုလိုက်ပြီး (၁) ဂရမ်ကို ယွမ် (၂ဝ)ကနေ ယွမ်(၅ဝ)အထိ လက်ရှိပေါက်ဈေးရှိပါတယ်။

ဘီဘီစီ http://www.bbc.co.uk/burmese/ ဇွန် - ၆ ရက် ထုတ်လွှင့်ချက်
Posted by Moemaka at 5:42 PM 0 comments  

Mar Mar Aye - 432


“ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်” အမှတ် (၄၃၂)
မာမာအေး
ဇူလိုင် ၂၉၊ ၂၀၁၂

“...ဟိုက အဆိုတော်တွေ ဓါတ်ပြားတချပ်လောက် အောင်မြင်တာနဲ့ ထိုင်စားရော့ ဆိုတာမျိုးပေါ့။ ဒီအသိ ရလာတော့ သူတို့ဘာကြောင့် ဒီလိုနေသွားနိုင်တာလဲ - စပ်စုတယ်လေ။ ဒီတော့ ရာခိုင်နှုန်းအသီးသီးနဲ့ သီချင်းလွှင့်တိုင်း ရောင်းတိုင်း သုံးတိုင်း ငွေထပ်ရတဲ့အကြောင်း၊ ကိုယ့်ဆိုနည်း ကိုယ့်သီချင်းကို နောက်တယောက်က သုံးချင်တယ် ဆိုရင်လဲ ကိုယ့်ခွင့်ပြုချက်ပေးမှ ဆိုတာတွေ အို...”

သောတရှင်များ ကျန်းမာတော်မူကြပါစရှင် ...

မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ … ပြီးခဲ့တဲ့အစီအစဉ်မှာတုန်းက ယဉ်ကျေးမှုအမွေ “ရကန်” ဆိုပုံဆိုနည်း ဆရာကြီးစေါင်းဦးဘသန်း ဆိုပြတုန်းက အမှတ်တရ သိမ်းထားတာလေး ဖြန့်ပေးလိုက်တာပါ။ ဟိုနေ့က ပြောစတုန်းကတော့ ဂီတ ဥပဒေလမ်းကြောင်း မြောင်းပေးမလို့ ဆုတောင်းနေတာပါဘဲ။ ငွေပေါ်ဂီတ ထုတ်လုပ်ကြတဲ့အခါ ဘယ်နေရာက လာခိုးမှန်းမသိဘဲ အခွေအတုက အရင်ချည်း ရှေ့က ထွက်နေတာကြောင့် တေးသံသွင်းက ထုတ်လုပ်သူရော ကိုယ်ပိုင်ထုတ်လုပ်ချင်တဲ့ တေးသံရှင်တွေရော အမောသာ အဖတ်တင် ဖြစ်နေကြတယ် တဲ့။ အသစ်ထုတ်လုပ်ဖို့ ဘယ်သူမှ မစွန့်စားဝဲ့လောက်အောင် လမ်းဘေးမှာ ဗျောင်ရောင်း ဗျောင်ဝယ် ခိုးကူးခွေတွေနယ်က ကျယ်လှတယ် ဆိုလို့၊ ကိုယ်ရင်ဆိုင်ခဲ့ဖူးတဲ့ ဂီတဥပဒေကိစ္စ ပြန်ပြောပြမလို့ပေါ့လေ။

ခိုးတဲ့ခေတ်အခြေအနေကို ပြောမယ် ဆိုရင် မခိုးတဲ့ခေတ်ကစမှ ထင်ရှားသိမြင်နိုင်မှာမို့ နောက်လှည့်အကြည့်ကေါင်းလိုက်တာ - “ရကန်” ဆိုနည်းကါးဆီ ပြန်ရောက်သွားတာ ကြားတယ် မဟုတ်လား။ ဟိုနေ့က ဆရာစေါင်းဦးဘသန်း ရွတ်ပြသွားတဲ့ ရကန်ရဲ့ နာမည် ခေါင်းစဉ်သီးသန့် မရှိပါဘူး။ စာဆိုတော်ဦးတိုး ရေးတဲ့ ရာမရကန်ထဲက ကေါက်နှုတ်ထားတဲ့ သဇင်ပန်းအကြောင်းကလေး ဆိုတော့ “သဇင်ပန်းရကန်” ဆိုရင် ဒီကဗျာအပိုင်းလေးဘဲ လို့ သဘောပေါက်လိုက်ပါနော်။

ဒီရကန်လေးရောက်သွားတာဟာ “စိုင်ကော်လို့ခြုံပေါ်ရောက်” တဲ့သဘောဘဲ သောတရှင်တို့ရဲ့။ ရကန်ရဲ့နောက်ဆုံးနားမှာ နန်းတော်ခေတ်ကဥပဒေသကို ခြေရာကေါက်လို့ ရလိုက်တယ်လေ။ “သဇင်ပန်း” ဟာ တော်သုံး တော်ဝင်ပန်းမြတ် စာရင်းဝင်ဖြစ်လို့ နန်းပြင်မှာ ရောင်းဝယ်ခွင့် မရှိကြောင်း ဆိုတာပေါ့။ ဒါကြောင့်လဲ ဘုရင်ထီးဘုရားအတွက် ဖန်တီးထားတဲ့ ဂီတကို မခိုးရဲတာနေမှာဘဲရှင့်။ ဘုရင့်ဘဏ္ဍာတော် ဘုရင်ပိုင်ကိုး။ ခိုးမယ်ကြံရကင် သေမယ့်ပြင်လို့ ချိန်းခြောက်နေစရာကို မလိုတာပါ။ ဘုရင်ကြီးကို ဆက်သပြီးပြီ ဆိုတော့ စာဆိုတော်ကြီးတွေလဲ ကျုပ် မူပိုင်ပါတယ်လို့ ပြောရဲစရာ မရှိလါတော့ ဂီတသံစဉ် အလိုက်တူ စာကွဲ သီချင်းကြီးတေါ ထပ်ပေါ်လာရင်လဲ ဘုရင့်ဆီ ဆက်တာဘဲ ဆိုတော့ ပြဿနာ မရှိဘူးလို့ ယူဆရတော့မှာပေါ့ရှင်။ မဟာဂီတစာအုပ်တွေလိုက်ကြည့်ရင် ထူးမခြားအလိုက်တို့၊ မြမြမောင်းမောင်းအလိုက်တို့ ဆိုပြီး နောက်စာတမျိုးနဲ့ ထပ်ကပ်ရေးထားတာတွေ တွေ့နိုင်ပါတယ်။

မာအေးတို့ခေတ်ဟောင်းသီချင်းတွေအထိ စာဆိုချင်း သူပိုင်တယ် ငါပိုင်းတယ်လို့ ငြင်းကြခုန်ကြတာ မရှိသလောက်ပါဘဲ။ စည်းပွားလမ်းမ မပေါက်သေးတဲ့ အချိန်မှာ ဂီတသမားဟာ ကိုယ့်သီချင်းလေး ပေါ်ထင် လူကြိုက်တာကို ကျေနပ်နေလို့ပါ။

ရှေးရှေးက - မဟာဂီတ၀င် ကဗျာတွေကိုလဲ ရောက်နေတဲ့ကါလမှာ ထွန်းကါးနေတဲ့ အလိုက်အသွားမျိုး ထည့်သွင်းပြန်စပ်တဲ့ သီချင်းတချို့လဲ ရှိပါတယ်။ ချက်ချင်းထုတ်ပြဘို့ရာ ဂီတလုင်မောင်ကိုကို အသံထည့်စပ် သီဆိုထားတဲ့ “သဇင်ပန်း” ရကန် တဖြစ်လဲ “ရွှေသဇင်” သီချင်း ရှိနေလို့ အတော်ပါဘဲ။ နားထောင်ကြည့်ပါဦး။

(*ရွှေသဇင် - မောင်ကိုကို)
စိမ့်ကြီးမြိုင်ကြီး ရိပ်ကြီးတောတောင်၊ နေရောင်မခံ၊ ပန်းပျံပင်ဆင့်၊ မြေနှင့်ရန်ဘက်၊ ခက်လက်စိမ်းမြ၊ မိုးမခဘူး xxx
နွေလသန်ပေါက်၊ ရင့်ချိန်ရောက်ခါမှ၊ နှင်းသောက်ကယ်ရွှင်ရွှင်၊ ပွင့်ဖူးတွေ ဆင်ကြသည် xxx ရွှေပင်ဆင့် ငွေပင်ဆင့်၊ ပတ္တမြားပင်ဆင့်၊ ဂမုန်းအင်ဘက်၊ ဆောင်စက်ရိပ်ခို ရည်တွက်လို့ဆိုတော့မည်။
လက်တန်တိုတမည်၊ လက်တန်ရှည်နှင့်၊ နေရောင်ခြည် လရောင်ဝါ မိုးလုံးပြာ မိုးလုံးမှိုင်း၊ ပုလဲဆိုင်း ပုလဲနှစ်၊ ချစ်စရာ့ လိပ်ပြာတောင်၊
နီလာရောင် တောင်လုံးမြိုင်၊ သုံးပွင့်ဆိုင် ခိုင်လုံးဆန်း * နွယ်တန်းယိမ်း ညှာတံစိမ်းများတို့၊ လေသိမ်းတိုင်းလှ ကိန္နရီကသည်နှယ်၊
တချို့က နီပြာပြာ၊ တချို့က ဖြူဝါ၀ါ၊ တချို့မှာ ချိတ်ပွင့်၊ တချို့မှာ ပန်းရင့်လို့၊ ပင်ဆင့်ပန်းပျံ၊ ဘွဲ့မည်ရည်ခံခြင်းတွင်၊
ဝေယန်နန်းမြင့် ပန်တိုင်းတင့်မို့ မြို့ဝန်မင်းစာ လိပ်မပါဘဲနှင့်၊ ကွယ်ရာဈေးပြင် ရောင်းလို့များ မြင်မလာ့း၊ သေချင်သေ ရှင်ချင်ရှင်၊ အင်မတန့်အင်မတန် ရာဝတ်တော်ခံရသည် မြတ်ပန်တော်ပန်း ခိုင်လုံးလန်းကို၊ ဟိုလောင်ပန်းပွင့် ဘာဂုဏ်ကြောင့် ၀င့်မတုန်း၊ ဘုန်းနှင့်ကံနှင့် ရွှေသဇင် xxx

ဒါကတော့ ကါလပေါ် မြန်မာသီချင်းပုံစံ ဖန်တီးစပ်ဆိုခဲ့တဲ့ “ရွှေသဇင်” သီချင်းပေါ့ရှင်။ မူရင်းရေးသူ ဦးတိုးရဲ့ ရကန်ကဗျာက အသံပြောင်းစပ်ဆိုလိုက်တာကြောင့် မောင်ကိုကိုပိုင်သီချင်း လုံးဝကြီးဖြစ်ဖို့တော့ မသင့်လျော်ဘူးပေါ့နော်။ သူသွင်းလိုက်တဲ့အသံအလိုက်ကသာ သူ့ပစ္စည်းမှန်တာမို့ နိုင်ငံတကါကလိုဘဲ သိသာအောင် ခွဲခြားရေးထားသင့်ပါတယ်။ စာသား (LYRIC by) ဦးတိုး၊ အသံ (MUSIC by) မောင်ကိုကို - ဒါဆို ရှင်းရောပေါ့။ ခုပြောတဲ့အထိဟာ သီချင်းတပုဒ်ရဲ့ စာပိုင်ရှင်နဲ့ အသံပိုင်ရှင်ဘဲ ရှိပါသေးတယ်။

ဒီလိုသီချင်းတပုဒ်ကို ရောင်းတန်းဝင် ထုတ်လုပ်မယ် ဆိုရင်တော့ အဆိုတော်နဲ့ တီးဝိုင်း အသံဖမ်းမယ့် စတူဒီအိုတွေ ပါလာဦးမှာပေါ့ရှင်။ မြန်မာတို့ရဲ့ ဂီတသမားတွေမှာ ၀ါသနာအရင်းခံနဲ့ စကြတာပါ။ အောင်မြင်သူဖြစ်မှသာ အသပြာက သူ့ဟာသူ ပေါ်လာတာမျိုးပါ။ ခေတ်တွေ စံနစ်တွေ ပြောင်းလာသည်နှင့်အမျှ နေရာအသီးသီးမှာ အတွေးအခေါ် အယူအဆ အသိအမြင် တိုးတက်လာမှာ ခေတ်မီလာမှာ ကမ္ဘာကြီးနဲ့ပါ ယှဉ်ထိုးကြည့်ကြမှာမလွဲပါဘူး။ စာတွေ့လဲပါ၊ ငါတွေ့လဲပါပေါ့နော်။

မာအေးကတော့ ငါတွေ့နဲ့ ကိုယ့်ဝန်းကျင်က လူကြီးသူမတွေရဲ့ ကိုယ်တွေ့ပြောပြကြတာတွေကနေ ရလာတဲ့ အသိနဲ့ လောကကြီးကို ထိတွေ့မိတာပါဘဲ။ ဥပမာ ဆိုပါတော့ - မာအေးကို မေတ္တာ စေတနာနဲ့ ဆေးကုပေးကြတဲ့ ဆရာဝန်ကြီးတွေ အသိုင်းအ၀ိုင်းထဲ အလည်ရောက်တဲ့အခါ၊ ညည်းအေ တိုင်းပြည်မှားမွေးလို့သာ - အနောက်နိုင်ငံမှာသာ မွေးရင် သူဌေးဖြစ်မှာ လို့ မာအေးရဲ့ အသံနဲ့ ပါရမီကေါင်းမှုကို အကြောင်းပြုပြီး ပြောတတ်ကြပါတယ်။ နိုင်ငံတကါသွားပြီး ပညာသင်လာတဲ့ ဆရာကြီးတွေပြောတာကတော့ ဟိုက အဆိုတော်တွေ ဓါတ်ပြားတချပ်လောက် အောင်မြင်တာနဲ့ ထိုင်စားရော့ ဆိုတာမျိုးပေါ့။ ဒီအသိ ရလာတော့ သူတို့ဘာကြောင့် ဒီလိုနေသွားနိုင်တာလဲ - စပ်စုတယ်လေ။ ဒီတော့ ရာခိုင်နှုန်းအသီးသီးနဲ့ သီချင်းလွှင့်တိုင်း ရောင်းတိုင်း သုံးတိုင်း ငွေထပ်ရတဲ့အကြောင်း၊ ကိုယ့်ဆိုနည်း ကိုယ့်သီချင်းကို နောက်တယောက်က သုံးချင်တယ် ဆိုရင်လဲ ကိုယ့်ခွင့်ပြုချက်ပေးမှ ဆိုတာတွေ အို ... အများကြီးပါဘဲလေ။ ကိုယ်တွေ့မှာကျတော့လဲ ဥပဒေစာအုပ်တွေ ဖတ်ဖူးတဲ့ဗဟုသုတ မရှိလို့ အနှပ်ခံရတာတွေ ရှိလို ဂီတဥပဒေ ဖြစ်ပေါ်စေချင်မိပါတယ်ရှင်။

ဘီဘီစီ အသံလွှင့်ဌာန http://www.bbc.co.uk/burmese/ ၏ ထုတ်လွှင့်ချက်ကို ကူးယူ ဖော်ပြသည်။

စာစီစာရိုက် - မျိုးဇော်
Posted by Moemaka at 5:21 PM 0 comments  
Labels: Mar Mar Aye

Gyaw Dee and the most crazy guys

“ပဒိုင်းသီး မစားဘဲ ရူးသူများ”
ဂျော်ဒီး
ဇူလိုင် ၂၈၊ ၂၀၁၂


“ဆိုင်ရှင်ဆိုတာကြီးကိုလဲဖွင့်ရော ကျုပ်တို့ရွာဆီကို ရင်းနှီးမြုပ်နှံမှုတွေ အငမ်းမရ တရဟော ၀င်လာတယ်လေ။ အခု ကျုပ်ဆို ဟင်းရွက်အထူးပြု ကမ်ပဏီကြီးက ဖွင့်တဲ့ မိနစ်တို သင်တန်းတွေ တက်ပြီး စီးပွါးရေး နားရော မျက်စိရော အို ....”



ဒီနေ့ ဂျီးတော် တယောက် ခြေထောက်နဲ့မြေကြီး ထိတယ်တောင်မထင်။ ကန်စွန်းရွက် ရေလုံပြုတ်စားနေပြီး ဘာများ အောက်ခြေလွတ်နေရသလဲလို့ အပြစ်တင် မစောကြပါနဲ့။ အနှစ်နှစ်အလလ အလေးပြုခွင့်ကျင်းပခွင့်မရခဲ့တဲ့ အာဇာနည်နေ့ အခမ်းအနား ကို ဂျီးဒေါ်တို့ရွာမှာ ကျင်းပခွင့်ပြုလိုက် လို့လေ။ ဒီလို အခွင့်အရေးမျိုးတော့ ဂျီးဒေါ်တို့က လက်လွတ်မခံ။ သတင်းကြားကြားခြင်း ရွာထိပ်က အာဇာနည်ကျောက်တိုင်ဆီ အသော့နှင်ခဲ့သည်။

အမယ် .... ဖွတ်ငမွဲတိုတောင် အာဇာနည်ခေါင်းဆောင်ကြီးတွေကို အလေးပြုရကောင်းမှန်း သိနေပါ့လား။ ဖွတ်ငမွဲက အာဇာနည်ကျောက်တိုင်နားမှာ ပန်းခွေကြီးတကိုင်ကိုင်နဲ့ ဟန်ရေးပြနေလိုက်တာ။ အရင်က ရွာသားတွေ အာဇာနည်ကျောက်တိုင်နား သွားရင် ဟိုသတင်းပေး ဒီသတင်းပေး နဲ့အတို့အထောင် လုပ်ခဲ့တာ သူတို့မဟုတ်သလိုလို။ အာဘောင်အာရင်းသန်သန် နဲ့ ပြောနေလိုက်သေးရဲ့ ။

“အဟမ်း.... နိုင်ငံတ၀ှမ်း ဖွတ်တို့လွှမ်းအောင် အလေးပြုနည်းအသစ်ကို တီထွင် ဖန်တီးလာတာ တို့ဖွတ်ကွ”

ဟော.... သာဂိတို့လူငယ်တသိုက်ကား ကင်မရာတကားကားနဲ့။ အင်တာနက်ဆိုလား အင်တာဖြူဆိုလား တင်ဖို့ သတင်းဓါတ်ပုံတွေကို တဖျပ်ဖျပ် ရိုက်ယူနေလိုက်ကြတာ။ ဖလင်တွေ ကုန်လိုက်မယ့်ဖြစ်ခြင်း။

ဖွတ်ငမွဲကတော့. .”.ဟေ့တို့အဖွဲ့ကို ထင်ထင်ရှားရှားလေး ဖြစ်အောင် ရိုက်စမ်း” လို့ အာဏာပြနေသေးသည်။

ဂျီးဒေါ်တော့ သူတို့ ရဲ့ နိုင်ငံတ၀ှမ်း လွှမ်းမယ့် အထဲ ပါမှာစိုးလို့ ကိုယ့်လို ပြည်သူတွေကြားပဲ ၀င်တိုးလိုက်ရာ

“ဟယ်.... ကန်စွန်းရွက်သည် ဒေါ်ဆိတ်မပါလား။ အာဇာနည်ကြီးတွေကို အလေးလာပြုတယ်ပေါ့နော်။ ၀မ်းသာလိုက်တာတော်”

“ဂျီးဒေါ်...... စကားပြောလေးဆင်ခြင်နော်။ ကန်းစွန်းရွက်သည် ဒေါ်ဆိတ်မ မဟုတ်တော့ဘူး။ ဟင်းရွက် အထူးပြုကုမ္မဏီ က သီရိ ငါ့ဓါးမ ဒေါ်ဆိတ်မဖြစ်သွားပြီ .. သိလား”

“အလို .. ဘယ်လိုဖြစ ပြီး သီရိ ငါ့ဓါးမ ရသွားတာလဲ။ ငါးစိမ်းသယ် ဒေါ်အာကျယ်ဆီက လုလာတာလား”

“ဆင်ခြင်စရာ တွေ များနေပြီနော်.. ဂျီးဒေါ်။ ခေတ် အပြောင်းမှာ ငါးစိမ်းသယ်ဒေါ်အာကျယ်လဲ ရေလုပ်ငန်းထွက်ကုန်များ အထူးအထူးပြု ကမ်ပဏီက သူခိုးသူ့အမ ဒေါ်အာကျယ်ဖြစ်သွားပြီ”
ဒေါ်ဆိတ်မ စကားအဆုံးမှာ ဂျီေးဒ်ါတယောက် လိုက်မမီတော့။

ဒေါ်ဆိတ်မကား ဂုဏ်ယူဝင့်ကြွားစွာ
“ဒီမှာ ဂျီးဒေါ်.. ခေတ်အပြောင်းမှာ ဟို ဆိုင်ရှင်ဆိုတာကြီးကိုလဲဖွင့်ရော ကျုပ်တို့ရွာဆီကို ရင်းနှီးမြုပ်နှံမှုတွေ အငမ်းမရ တရဟော ၀င်လာတယ်လေ။ အခု ကျုပ်ဆို ဟင်းရွက်အထူးပြု ကမ်ပဏီကြီးက ဖွင့်တဲ့ မိနစ်တို သင်တန်းတွေ တက်ပြီး စီးပွါးရေး နားရော မျက်စိရော အို .... ဒွါရကိုးပေါက်စလုံး ပွင့်ပြီး ကန်စွန်းရွက် တခုထဲ ရောင်းတဲ့ဒေါ်ဆိတ်မ မဟုတ်တော့ဘူး တော့...။ ကျုပ်ဆိုင်မှာ ဟင်းရွက်အစုံရနေပြီ။ ကန်စွန်းရွက်ဆိုလဲ ကျုပ်ဆီလာ။ ချဉ်ပေါင်ရွက် ဆိုလဲ ကျုပ်ဆီလာ။ အမျိုးစုံအောင် တင်ထားတော့ ၀ယ်သူတယောက်ကို လွတ်မပြေးတော့အောင် ထိန်းထားနိုင်တာပေါ့။ အဲဂလို....”

ဘာတွေ မှန်းလဲ မသိ။ သူ့အနားဆက်နေရင် ပဒိုင်းသီးမစားဘဲ ရူးသွားနိုင်တယ်။

အဲဒီတော့ ကိုယ့်လာရင်းကိစ္စ .. အာဇာနည်ခေါင်းဆောင်ကြီးတွေကို ကိုယ့်ဖာသာ အလေးပြုပြီး ပြန်တာပဲ ကောင်းမယ်။

အာဇာနည်ကြီးတွေကို အလေးပြုပြီး ရွှင်လန်း အားရစွာ အိမ်ပြန်လာခိုက် လမ်းတွင် ရွာထိပ် ကုန်စုံဆိုင်က ပေါက်ဖော်ကြီး တယောက် ဒေါသူပုန် ထနေသည်ကို တွေ့လိုက်ရသည်။

“စီရွာက လူတွေက “ ၀” ရောင်းနေကျပေါချောင်ညံ့ပစ္စည်းတွေနဲ့ပဲ တန်တယ် ဆိုတာ မီသိကြဘူး…။ ဒီ ဆိုင်ရှင်ဖွင့်လိုက်တာကို ၀ဒေါသ အားကီးထွက်လယ်။ ခါတိုင်းလို ၀ နှပ်ချချင်တိုင်း နှပ်ချလို့မီရတော့ဘူး။ သူတို့ပစ္စည်း အကောင်းတွေကို စီရွာက လူတွေ ဘယ်သုံးတတ်မှာလဲ။ မီဖြစ်ဘူး။ ၀အကျိုးစီးပွါးအတွက် ပိတ်ထားတဲ့ရွာထိပ်က ရေတံခါးကိုလဲ ဖျက်ရမယ်တဲ့မီတရားဘူး။ ၀နဲ့ပုလင်းတူဗူးဆို့ထားတဲ့ ရွာလူကြီးတွေ နော်။ ၀ စိတ်အားကီးဆိုးနေလယ်”

ဟော
... စိတ်ဆိုးနေတဲ့ပေါက်ဖော်ကြီးအနားကို ရွာထိပ်မှ ၀မ်းတွင်းရူး တာတေ.ကြီး.တယောက် ခုန်ပေါက် ပြီး ပြောင်းဖူးကြီးစားကာ ရောက်လာသည်။

“မခင်းခင်းခင်းခင်း လမ်းတခြမ်းပဲခင်း။ မရူးရူး…ရူးရူး ကျုပ်ဝမ်းတွင်းရူး။ ဘယ်သူ မ၀ယ်ဝယ်ဝယ်ဝယ် ကျုပ်ဝယ်မယ် ပေါက်ဖော်…။ အားငယ်နဲ့နော်။ တရွာလုံးနဲ့ ကျုပ်တယောက်။ ပေါက်ဖော်အားကိုးနဲ့ မကြောက် တူနယ်တယ်နယ်” ပြောချင်ရာ ပြော ဆိုချင်ရာဆို ပြီး ပုဆိုးကွင်းသိုင်း ထွက်ခွါသွားသော ၀မ်းတွင်းရူး တာတေကြီးကို ကြည့်ရင်း သြော် 
... သူလဲ ပဒိုင်းသီး မစားဘဲ ရူးရှာတယ်လို့တွေးမိသေးတယ်။

ဒါနဲ့ ခုတလော ရွာလူကြီးဆော်ကြမ်းတယောက် ငြိမ်ချက်သားကောင်းနေတယ်လို့တွေးရင်း မျက်နှာချင်းဆိုင်က လမ်းလျှောက် လာတဲ့ဆိုက်ကားမာစတာ ကိုစာကလေးကို မေးကြည့်မိတော့။

“ဟုတ်တယ်.
... ဂျီးဒေါ်။ ဒီလူကြီး က အခု ကြိတ်ကြံနေတာဗျ။ ကျုပ်တို့ရွာ ရဲ့  ရွာထောင်စု လွှတ်တော်မှာတင်ဖို့ဆိုလား။ ဥပဒေကြမ်းကြမ်းကြီးတခုကို စိတ်တိုင်းကျ ပြုစု နေတယ် တဲ့။ နေဦး... နံမယ်က ... ငါ့မြင်းငါစိုင်း စစ်ကိုင်း ရောက်ရောက် မီဒီယာ ဥပဒေ ဆိုလား”

“ဟဲ့ဥပဒေတို့ ဥပဒက် တို့ဆိုတာရွာထောင်စုလွှတ်တော်မှာ ရွာလူထုက ရွေးထားတဲ့လွှတ်တော်ကိုယ်စားလှယ်တွေက စုပေါင်းအဆိုပြု ထောက်ခံ ဆွေးနွေး တိုင်ပင်ပြီးမှ ရေးရတာဆို။ ခုလို တယောက်ထဲ ရေးချင်တိုင်း ရေးလို့ရလားဟဲ့”

“ကျနော်လဲ သိပ်တော့ မသိပါဘူးဗျာ။ သာဂိတို့တတွေ ပြောနေတာ ကြားတာကတော့ ကျုပ်တို့ရွာ လွှတ်တော်က ရွာ့နည်းရွာဟန်နဲ့သူများနဲ့မတူ တဲ့ နည်းဥပဒေတွေ သုံးနိုင်တယ်ဆိုပဲ။ အဆို တင်သွင်းတာတွေ မှာလဲ ဟို ရွာလူကြီးတွေ အကျိုး အတွက် အရေးတကြီး လိုအပ်ချက်တွေ ပေါ်လာရင် အီးမေးလ်အရ.ခြုံခိုတိုက်ခိုက် ကတိုက်ကရိုက် အဆို ဆိုတာမျိုးတွေ လဲ တစက္ကန့်အတွင်း အဆိုတင်သွင်း ၊ထောက်ခံ၊ အတည်ပြု လို့ရတယ်တဲ့ ဗျ”

“ဘာလဲဟဲ့အီးမေးလ် ဆိုတာကြီးက”

“သိပါဘူးဗျာ 
... အိပ်မက်အရလို့ပြောတာများလား မသိဘူးနော်။ နောက်ပြီး ရွာလူကြီးဆော်ကြမ်း ခုတလော ငြိမ်ချက်သားကောင်းနေတာကလည်း ရွာထိပ်က ဗေဒထိပ်သီး ဆြာရစ်ကြီးဆီကို ဗေဒင် သွားမေးတော့ သူ့ကိုဆြာရစ်ကြီး ဟောလိုက်တဲ့ ဟောကိန်းကြောင့် ခရေဇိ ဆိုလား သပြေဇိ.ဆိုလား ဖြစ်နေတယ်တဲ့”

“ခရေဇိတွေ သပြေဇိတွေက ဘယ်မှာ စိုက်ထားတာတဲ့လဲ”

ထိုစဉ် သာဂိ ရောက်လာကာ

“ဘယ်က ခရေဇိ ရမှာလဲ။ ခရေဇီ.. ခရေဇီ.. ဗျ။ အင်္ဂလိပ်စာလုံး။ ဆြာရစ်ကြီး ဟောလိုက်တာက အရင်တခါ ရွာထဲမှာ ကြက်ဆူပင်တွေ အတင်း စိုက်ခိုင်းတော့ တနင်္လာနဲ့အင်္ဂါ နာမ်တွဲရွာသူကြီး ခင်ညံ့ ပြုတ်သွားတယ်.။ အခုရွာသားတွေ သုံးတဲ့ ငွေစက္ကူ အသစ်ကြီးမှာ ဆင်နဲ့ကြာတွဲပြီး ယတြာ ချေလိုက်တော့ ရွာလူကြီး ဆော်ကြမ်း သေချင်သေ။ မသေရင် ပြုတ်ပဲ .. တဲ့။ အဲဒီ ဟောကိန်းကြားပြီးကတည်းက ခရေဇီစိတ္တဇဖြစ်သွားတာပဲ တဲ့”

ထိုစဉ် ၀မ်းတွင်းရူးတာတေကြီးတယောက် အနားပြန်ရောက်လာကာနားစွန်နားဖျားနှင့်

“ခရေဇိ ခရေဇိ သပြေဇိ မဟုတ်ပါ။ သူတို့ကရူးတာ။ ခရေဇိ စားလို့ပါ.။ .တုနယ်…တယ်နယ်”

“ဘုရားဘုရား
... ပဒိုင်းသီးမစားပဲ ခရေဇိ စားလဲ ရူးတတ်သကိုး” လို့ ရေရွတ်ရင်း ဂျီးဒေါ်တယောက် လမ်း ဆက်လျှောက်လာရာ မာလတီပါတီ ဦးသာကူးကြီးတယောက်ကို လူငယ်တစုနဲ့ အတူ တွေ့လိုက်ရပြန်၏။

ဦးသာကူးကြီးတယောက် ဘာတွေ အလုပ်ရှုပ်နေပါလိမ့်လို့တွေးရင်း သူတို့နားအရောက် နားစွင့်လိုက်တော့

“ဒီမှာ
... မင်းက ဟို ပွင့်ပွင့်လင်းလင်းနဲ့ ချိတ်ထား။ နောက်တယောက်က ကျောင်းသားအဖွဲ့နဲ့ ချိတ်၊ ကြားလား။ သေချာ ... ချိတ်”

“ဘာနဲ့ ချိတ်ရမှာတုန်း ဦးသာကူး”

“ရတာနဲ့ချိတ်ကွာ။ အဖွဲ့မှန်သမျှ တို့လူတွေနဲ့ချည်း ချိတ်ထား။ ဒါမှ ရွာရဲ့နိုင်ဂံရေးတ၀ှမ်း သာကူးတို့
လွှမ်းရမည်ဆိုတဲ့ဆောင်ပုဒ်အောင်မြင်မှာ။ ကြားလား”

ဂျီးဒေါ် တယောက် ဦးသာကူးရဲ့  အန္တိမ ရည်ရွယ်ချက်ကို ကြားကာ ကန်စွန်းရွက်သည်ဒေါ်ဆိတ်မ .. အဲလေ ဟင်းသီးဟင်းရွက် အထူးပြုကုမ္မဏီမှ သီရိ ငါ့ ဓါးမ ဒေါ်ဆိတ်မရဲ့ စိတ်ကူးနှင့်တူလေခြင်း လို့တွေးလိုက်မိလေသည်။

ဟုတ်သည်။ ဒေါ်ဆိတ်မ ကလည်း လာသမျှ ဈေးဝယ် လက်မလွတ်ရအောင် ဟင်းသီးဟင်းရွက် အစုံ ဆိုင်ပေါ်တင်ထားသည်။
မာလတီပါတီ ဦးသာကူးကလည်း လာသမျှ နိုင်ဂံရေး အဖွဲ့စုံကို လက်မလွတ် စေရအောင် ချိတ်ဆက်ထားသည်…။ ခေတ်ပြောင်း တော်လှန်ရေး ကာလမှာ သူများတွေ ဒီလောက် နားမျက်စိ အပေါက်ရှိ သမျှ ပွင့်နေကြသည်ကိုး။

မဖြစ်ချေ။ ဂျီးဒေါ်လည်းလုံးဝ ခေတ်နောက်ကျ လို့ မဖြစ်။

ကဲ.... ပြောနေကြာတယ်။ ပဒိုင်းသီးမစားဘဲရူးသူတွေ ဒီလောက်ပေါနေတဲ့ခေတ်ကြီးမှာ ပဒိုင်းသီးမစားဘဲရူးသူများ အထူးပြု ကုမ္မဏီ ဆိုပြီး ကွန်ရက်တခု အမြန် တည်ဆောက်ရင် ကောင်းမလား။ အမြန် စဉ်းစား လှုပ်ရှား အကောင်အထည် ဖော်ရပေတော့မည်။ ။










Posted by Ko Oo at 10:27 AM 0 comments  
Labels: Satire

Cartoon Win Pe


ကာတွန်း ၀င်းဖေ - iPhotographer
ဇူလိုင် ၂၈၊ ၂၀၁၂

လွန်ခဲ့သည့် အနှစ် ၅၀ ခန့်က လူထုသတင်းစာတွင် ထည့်သွင်းဖော်ပြခဲ့သော ကာတွန်းဖြစ်သည်။

http://moemaka.com/index.php?option=com_content&task=view&id=8494&Itemid=121

Posted by MoeMaKa at 10:07 AM 0 comments  
Labels: Cartoon Box, Win Pe

treasure of my life, poems from my heart - 36

ဘ၀ထဲက ရတနာ၊ ရင်ထဲက ကဗျာ (၃၆)
တင်မိုး
ဇူလိုင် ၂၈၊ ၂၀၁၂



၁။
နေ့စဉ်နဲ့အမျှ ကမ္ဘာကြီးက မီးလျှံထနေတယ်။ စီအန်အန်၊ ဘီဘီစီ စတဲ့ သတင်းဌာန တီဗွီတွေကို မကြည့်ချင် မြင်ပါလျက်သား မီးတောက်တွေတဖွားဖွား။

တိုင်းပြည်နယ်နိမိတ်လုကြ၊ ပြည်သူလူထုနဲ့ အာဏာရှင်တွေ စစ်ခင်းကြ၊ ရောဂါထူ ငတ်မွတ် စတဲ့ ကပ်ရောဂါတွေနဲ့ နပန်းလုံးရနဲ့ ဒုက္ခတွေ ပင်လယ်ဝေနေပါတော့တယ်။

အဲဒီဒုက္ခအပေါင်းတွေထဲမှာ မဖြစ်သင့် မဖြစ်ထိုက်ပါဘဲနဲ့ ဖြစ်ရတဲ့ဒုက္ခကတော့ ဘာသာရေးအယူသည်းမှုကြောင့် အစွန်းတဖက်ရောက်ပြီး အကြမ်းဖက်ဝါဒတွေ ပေါ်ပေါက်လာခြင်းပါပဲ။ ဘယ်နေရာ၊ ဘယ်စခန်းမှာ အသေခံဗုံးခွဲသမားတွေရဲ့ လက်ချက်နဲ့ အသက်ပေါင်းဘယ်လောက်သေကြမလဲ။ ကမ္ဘာကြီးဟာ ရင်တမမ။

ဘာသာတရားကို လွတ်လပ်စွာကိုးကွယ်ခွင့် ပေးထားတဲ့အတွက် ကိုယ့်ဘုရား၊ သူ့ဘုရား အငြင်းပွားစရာ မလိုပါဘူး။ ကိုးကွယ်မှုနဲ့ ပတ်သက်ရင်လဲ အငြင်းမပွားကောင်းပါဘူး။ ကမ္ဘာပေါ်ရှိ ဘာသာတရားတိုင်းဟာ ငြိမ်းချမ်းရေစင်လောင်း၊ မေတ္တာရေစင် ပက်ဖျန်းကြတာချည်းပါပဲ။ ဘယ်ဘုရားကမှ သတ်ပွဲ ဖြတ်ပွဲ သွေးရဲရဲကို လိုလားကြမယ် မထင်ပါဘူး။ ဒီလိုအတွေးတစ ၀င်လာတာနဲ့ ဒီ “ဘုရားရှိခိုး” ဆိုတဲ့ ကဗျာကလေးတပိုဒ် ရေးစပ်လိုက်မိပါတယ်။

(၂)
“ဘုရားရှိခိုး”

ငါ့ဘုရားမှ ငါ့ဘုရား
ငါ့တရားမှ ငါ့တရားဟူ၍
ကျဉ်းမြောင်းသောစိတ်ထားနှင့်
ဘုရားရှိမခိုး။
ငါ့ဘာသာကမှ သမ္မာဒိဋ္ဌိ
တခြားဘာသာများက မိစ္ဆာဒိဋ္ဌိ
အမှန်မသိ အမှန်မမြင်ဟူ၍
အမြင်မကောင်း
အမြင်စောင်းနှင့် ဘုရားရှိမခိုး။
ငါ့အယူမှ အမှန်
သူအယူက မမှန်
င့ါအရဟံမှ အရဟံ
ငါ့အလံမှ အလံ
ငါ့ဗုဒ္ဓံကမှ အဟုတ်ဟူ၍
ကျွန်ုပ်ရှိမခိုး။
ဘာသာတရားတိုင်း
လေးစားရိုသေထိုက်သည်သာ။
အမိုက်မှောင်ကိုခွင်း၍
အလင်းဆောင်နိုင်စေသည်သာ။
ရိုင်းစိုင်းမှုကိုဆေး၍
ယဉ်ကျေးလိမ္မာစေသည်သာ။
ရက်စက်မှုကို စွန့်ပယ်၍
သနားလွယ်သော ကရုဏာနှင့်
မေတ္တာတရား မွေးမြူစေသည်သာ။
ဘာသာတရားမှန်သမျှ
လူ့လောက၏အလှဆုံး
အဆင်တန်ဆာ
အလင်္ကာဂုဏ်မြောက်သည့်
မြကျောက်ပွင့်ပမာ။
သိမ်မွေ့မှု၊ နူးညံ့မှု
နက်နဲမှု၊ လက်တွဲမှုတို့နှင့်
လူ့အကျိုးငှာ၊ ပွင့်၍လာသည်ဟု
ငါယုံကြည်လျက်
ဘာသာတရား၏ဂုဏ်ရည်ကိုရည်စူးကာ
ဦးချရှိခိုးပါ၏ သုံးပါးသောရတနာ။

အဲဒီလို အမုန်းတရားနဲ့ကင်း၊ နှလုံးသားနဲ့ရင်းရတဲ့ ဘာသာတရားအားလုံးကို လေးလေးစားစား ကြည်ကြည်ညိုညို ရိုရိုသေသေ ရှိခိုးတဲ့ ကဗျာရေးမိပါတယ်။ ဘယ့်နဲ့ ဘာသာတရားက လူသားကို ဘာလို့ဒုက္ခပေးရမှာလဲ။

(၃)
အများအားဖြင့် အယူသည်းတယ်ဆိုတာ ကောင်းကျိုးမပေးတတ်ပါ။ စိတ်နေစိတ်ထား ကျယ်ပြန့်မှုကို အတားအဆီး ပြုတတ်ပါတယ်။

“ဘာသာရေးက၊ စစ်သွေးကြွ
မာနခက်ထန်၊ ဥပါဒါန်
ခိုက်ရန်လိုလား၊ ဒေါမာန်ပွားသတဲ့ ..။
ကိုယ့်ဘုရားမှ ကိုယ့်ဘုရား
သူများဘုရား၊ အကုန်မှား
ယုံစားသောသူ၊ တို့ရန်သူတဲ့ …။
စစ်ပွဲခင်းမလား၊ သတ်ပွဲကျင်းမလား
သွေးခြင်းခြင်းနီ၊ အလောင်းစီပစေ
မထီလေးစား၊ သင်တို့အား
ဘုရားမတူ တို့ရန်သူတဲ့ ..”

ဒီလိုအပြုအမူ၊ အပြောအဆို၊ အတွေးအကြံတွေမှန်သမျှ တဖက်သတ် တံခါးပိတ်ထားတဲ့ အမူအရာ ဖြစ်ပါတယ်။ ကျဉ်းမြောင်းတဲ့လမ်း လျှောက်လှမ်းသူသာ ဖြစ်ပါတယ်။ မိမိလဲသေ၊ တပါးသူတွေလဲ သေစေတဲ့ မရဏလမ်းသွား ဘ၀ရမ်းကားသူသာ ဖြစ်ပါတယ်။

“ဘာသာရေးက၊ မာန်နှိမ့်ချ
လောကပြတင်း၊ လူ့အလင်း။
ကိုယ်ကွယ်ဘုရား၊ မတူငြားလည်း
လူသားချင်းချင်း၊ ချစ်ခင်ရင်း
ညီအကိုရင်း နှမချင်း
ငါတို့သွေးရင်း၊ ဆွေသားချင်း။
ဘုရားမတူ၊ စကားမတူ
အသားမတူ
လူသားအချင်းချင်း၊ ကူရိုင်းပင်း
ယဉ်ကျေးလိမ္မာခြင်း။”

လို့လဲ ကဗျာကို ဆက်လက်ဖွဲ့ဆိုမိပါတယ်။ လူသားဟာ ယဉ်ကျေးမှုအဆင့်မြင့်တဲ့ခေတ်ဆီသို့ တိုးတက်ရောက်ရှိလာပါရက်နဲ့ ဘာလို့ အောက်ပြန်ဆင်းတော့မှာလဲ။ ခေတ်နောက်ပြန်ဆွဲရာ ရောက်ပါတယ်။

လူသားအဖို့ အကောင်းဆုံးရရှိတဲ့လက်ဆောင်က “ဘုရား” ပါ။ ကိုးကွယ်ရာဘုရားတဆူရရှိလာတဲ့လူသားအဖို့ ဆင်ကန်းတောတိုး အကျိုးမမြင်တဲ့လမ်းစဉ်ကို မလိုက်သင့်တော့ပါဘူး။ မိမိတို့ရဲ့ လောဘ ဒေါသ၊ အာဃာတ မာနနဲ့ မောဟတွေအတွက် ဘုရားရဲ့မြင့်မြတ်တဲ့ဂုဏ်ကို ထိခိုက်မှာ စိုးရိမ်သင့်ပါတယ်။

ကမ္ဘာအရပ်ရပ်မှာ သွေးငတ်သွေးဆာနေတဲ့ နတ်မိစ္ဆာတွေ ရှိတတ်ပါတယ်။ သူတို့ဟာ ယုံကြည်ကိုးစားသူတို့ကို လှည့်ဖြားပြီး ဘုရားရဲ့ဂုဏ်တော်ကို ဖျက်ဆီးတတ်ပါတယ်။ သတိရှိရှိ ဆင်ခြင်ကြည့်နိုင်မှ အကြမ်းဖက်သမားဘ၀ လွတ်မြောက်ကြမှာပါ။

ကမ္ဘာ့လူသားတွေရဲ့ နှလုံးခုန်သံဟာ မူမှန်နိုင်ပါစေလို့ ဆုတောင်းမိပါတယ်။ ။

ခေတ်ပြိုင်ဂျာနယ် အတွဲ (၁၂၇)၊ ဒီဇင်ဘာ၂၀၀၃




Posted by Moemaka at 12:41 AM 0 comments  
Labels: Tin Moe

FRIDAY, JULY 27, 2012

မစိုးရိမ်တိုက်သစ် ကျောင်းဆောင် ရေစက်ချပွဲနှင့် ထီးတော်တင်ပွဲ

မစိုးရိမ်တိုက်သစ် ဓမ္မစေတိယကျောင်းဆောင် ရေစက်ချပွဲနှင့် လောကနာထစေတီတော် ထီးတော်တင်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ 
မိုးမခ မိတ်ဆွေ (မန္တလေး) 
ဇူလိုင် ၂၈၊ ၂၀၁၂ 


မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၌ အသစ်ဆောက်လုပ်လှူဒါန်းပြီးသော ဓမ္မစေတီယကျောင်းဆောင်သစ်ကြီး ရေစက်ချပွဲနှင့် လောကနာထစေတီတော် ထီးတော်တင်ပူဇော်ပွဲကို မန္တလေးမြို့ မစိုးရိမ်တိုက်သစ်၌ ယနေ့ ၂၆၊ ၇၊ ၂၀၁၂ ရက်နေ့ မနက် ၇း၀၀ နာရီမှာ စတင်ကျင်းပခဲ့ပါတယ်။




--
Send email to - edi...@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives
Reply all
Reply to author
Forward
0 new messages