14th oct - moemaka daily

20 views
Skip to first unread message

Maung Yit

unread,
Oct 14, 2012, 3:50:42 AM10/14/12
to sfbcir...@moemaka.info, moemak...@moemaka.biz, burm...@googlegroups.com, moemaka

“ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်” အမှတ် (၄၄၁)
မာမာအေး
အောက်တိုဘာ ၁၄၊ ၂၀၁၂


သောတရှင်များ ကျန်းမာတော်မူကြပါစရှင် ...


ဗိုလ်ကလေးတင့်အောင် (ဓာတ်ပုံ -ရွှေအမြုတေ မဂ္ဂဇင်း)
မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။


သောတရှင်တို့ရေ … အရင်တပါတ်က သံယောဇဉ်သီချင်းလေး ကြားရတာ ဘ၀င်ဝမ်းမှာ ရွှင်လန်းစေလိမ့်မယ် ထင်ပါတယ်ရှင်။ အဲဒီသီချင်းလေးကို ဘယ်သူကစပြီးဆိုခွင်ရခဲ့တာလဲ ဆိုတာကိုတော့ ဒီသီချင်းရေးတဲ့ မာအေးရဲ့ ဂီတ အဖေ ဗိုလ်ကလေးတင့်အောင် ခု အသက် (ကိုးဆယ်) ပြည့်တိုင် မာအေး မမေးမိလို့ မသိနိုင် ဖြစ်နေတုန်းပါဘဲ။

မာအေးရှေ့မှာ 'မမထား' ဆိုခဲ့တာကတော့ သေချာပါတယ်။ ဘာလို့သိနိုင်တာလဲ ဆိုတော့ 'မေမြတ်နွယ်' ရုပ်ရှင်ဇာတ်ကါးကြော်ငြာအတွက် ဂီတလုင် မောင်ကိုကိုရဲ့ တေးဂီတ တဖွဲ့လုံး ကါးကြီးပေါ်မှာ အလှအပတွေ ဆင်ပြီး ရန်ကုန်မြို့လုံးပါတ် ဖြော်ဖြေဖို့ ထွက်တဲ့အခါက အဲဒီကြော်ငြာကါးနဲ့အတူ မာအေးက လိုက်ဆိုပေးခဲ့ရလို့ပေါ့ရှင်။ ရုပ်ရှင်ထဲမှာ မမထား ဆိုတယ် လို့ ဒယ်ဒီကိုက ပြောတယ်ရှင့်။
မမထားကို သိတ်မသိသေးဘူး၊ အဲဒီရုပ်ရှင်မှာ မာအေး ဆိုပေးရတဲ့သီချင်းက "ဇော" တဲ့။ အဲဒါလဲ ကြော်ငြာတော့ ဆိုခဲ့တာပါဘဲ၊ အဲဒီကြော်ငြာကါးမှ အတူလိုက်ဆိုခဲ့တဲ့ အဆိုတော်ကတော့ 'ကိုသက်ဦး'ပါ။ နောင်တော့ ဂီတစာဆိုကျော်တဦးဖြစ်လာတဲ့ 'ကိုသက်ဦး' ဖြစ်ပါတယ်။ ဒယ်ဒီကိုလဲ သီဆိုဖျော်ဖြေပါတယ်။

မေမြတ်နွယ်ကြော်ငြာကါးဟာ သင်္ကြန်အလှကါးထွက်သလို မြို့ပါတ်ဆိုတာမျိုးပါ။ ရောက်တဲ့နေရာက ရင်းနှီးတဲ့တချို့အဆိုတော်တွေလဲ ကြုံတာနဲ့ ကါးပေါ်တက်လာ ၀င်ဆိုပျော်ကြလေတော့ အဆိုတော်များများ ကါးပေါ်လိုက်စရာ မလိုပါဘူး။ 
စင်ပွဲဆိုတာ အငြိမ့်ခုံနဲ့ဇါတ်ခုံဘဲရှိသေးပြီး၊ အိနြေ္ဒကို အလေးပေးတဲ့ မိန်းမသားတို့ရဲ့ခေတ်လဲဖြစ်တော့ အပြင်လောကလူအုပ်ထဲမှာ မတိုးရဲတဲ့ အမျိုးသမီးအဆိုတော်တွေ ကါးပေါ် မလိုက်လိုတာလဲရှိမယ်ပေါ့။ ကိုယ်ကသာ မြီးကေါင်ပေါက်အရွယ်ပေမယ့် ယောက်ျားမိန်းလေ၊ ရှက်ရမှန်း ကြောက်ရမှန်း သိတ်ကြည့်နေတာမှမဟုတ်ဖဲ၊ ဇါတ်ထဲတုန်းကလဲ ဒီလိုဘဲ ကြော်ငြာလှည့်ရင် လိုက်သွားလိုက်ဆိုနေခဲ့တာ ဘာဆန်းတာလိုက်လို့ ဆိုပြီး ဆိုခဲ့တာပါဘဲ။ ပရိသဒ်တို့ရဲ့ မေတ္တာဇါတ်ခုံပေါ်မှာထဲက ဆိုရင်း သရုပ်ဆောင်ရင်း ရဖူးခဲ့တာဆိုတော့ သီချင်းဆိုပြရမှာကို မကြောက်တတ်တော့ဘူး။ လူနည်းရင် ပျင်းတောင်ပျင်းသေးတယ်။ ဒီလို ကါးတွေနဲ့ လှည့်ရတဲ့ကိစ္စဟာ  အတော် ကရိကထများတယ်ရှင့်။ အနည်းဆုံး ကါးကြီး နှစ်စီး လိုတာကိုး။ တီးဝိုင်းဆင်ဘို့တကါး - နောက်ကါးတစီးက လျှပ်စစ်အားထုတ်ပေးတဲ့ စက်တင်မောင်းဘို့နဲ့ အသံချဲ့စက်ဆင်ဘို့ ဖြစ်ပါတယ်။ တချို့ကလဲ တနေရာက နောက်တနေရာ ကြိုသွားဆက်သွယ်ရအောင် ဂျစ်ကါးတစီး ရှေ့ပြေးအဖြစ် သုံးကြပါသေးတယ်။ 
မှတ်မှတ်ရရကတော့ မေမြတ်နွယ်ရယ်၊ စာရေးဆရာ သခင်တင်ဦး ခေါ် ဗိုလ်သခင်ဆရာ ကိုယ်တိုင် ရေးတဲ့ဝတ္ထုကို ကိုယ်တိုင်ဒါရိုက်တာမင်းသားလုပ်ပြီး ရိုက်တဲ့ 'လင်ကုန်ကူးမယ်' ဇါတ်ကါးအတွက်ရယ်၊ အဖိုး သခင်ကိုယ်တော်မှိုင်း ဦးဆောင်ခဲ့တဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး ဆန္ဒပြပွဲကြီး အကြောင်းပြုပြီးတော့ ငြိမ်းချမ်းရေးတေးသီချင်းတွေ လှည့်ပတ် သီဆိုခဲ့တုန်းကရယ်ပေါ့ရှင်။ အော် ... မေ့လို့ ဗွီစီးကရက်နဲ့ လန်ဒန်ဂိုးဖလိတ်စီးကရက် ကုမ္ပဏီတွေရဲ့ ကြော်ငြာကါးနဲ့လဲ လိုက်ဆိုဖူးပါသေးတယ်ရှင်။

မေမြတ်နွယ် ကြော်ငြာကါးက အဦးဆုံး ဆိုဖြစ်သလို အဖေကြီး ဗိုလ်ကလေးတင့်အောင်ရဲ့ သီချင်းတွေထဲမှာလဲ 'ဇော' ဆိုတဲ့ သီချင်းက စဆိုဖြစ်ခဲ့ပါတယ်ရှင်။ မေမြတ်နွယ်ကြောင့် မာအေး ဂီတဥာဏ်ပွင့်ခဲ့တာ တကြိမ်တိုးပါတယ်။ အနောက်ပိုင်း (၁၂)လမ်းထဲက အိမ်တအိမ်ရှေ့မှာ ရပ်ပြီး ခဏ နားကြပါတယ်။ ကါးဆက်ထွက်မယ် ပြင်တော့ အဲဒီအိမ်ထဲက အသားညိုညို အရပ်အမောင်း ကေါင်းကေါင်း ခန့်ခန့် လူရည်သန့်တယောက် ကါးပေါ် တက်ရောက်လာပါတယ်။ အကိုလေးက "အခု ကူညီသီဆိုပေးမယ့်သူကတော့ ခင်ဗျားတို့လမ်းသား အဆိုတော် မင်းနောင်ပါဘဲ၊ သံယောဇဉ်သီချင်းဆိုမယ်တဲ့ဗျာ၊ နားဆင်တော်မူကြပါဦး" လို့ ကျေညာလိုက်တဲ့အခါမှာ 'သံယောဇဉ်' သီချင်းကို မင်းနောင်ဆိုတတ်တဲ့ မင်းနောင်ဆိုလေ့ရှိတဲ့ အဆွဲအငင်၊ အတိုးအကျယ်၊ အဆုတ်အတက်တွေနဲ့ ဆိုသွားလိုက်တာ မာအေးဆိုတဲ့ခလေးမလေးက ငေးကျန်ရစ်ခဲ့ပါတယ်။

မင်းနောင် ဆိုတဲ့ အဆိုတော်ကြီးရဲ့ သီချင်းတွေကို ရေဒီယိုမှာဘဲ ကြားဖူးပြီး လူကိုရော အပြင်မှာဆိုတာကိုရော ခုမှ ကြုံဖူးမြင်ဖူးရတာကိုး။ သံယောဇဉ်ကို ဒီလိုမျိုး ဆိုပေါက် အလှည့်အပတ်တွေနဲ့လဲ ဆိုနိုင်သားပါလား လို့ ဥာဏ်နား ပွင့်သွားတာလို့ ခံစားမိခဲ့တယ်။ ဒါကြောင့်မို့ ရှေ့မှာ - ရုပ်ရှင်ထဲမှာ မာအေးထက် ရှေ့ 'ထား'ဆိုပါတယ်၊ အကိုကြီးမင်းနောင်က အသံလဲမလွှင့်၊ ဓါတ်ပြားလဲမသွင်းဘဲနဲ့ ဒီသီချင်းရနေတော့ကါ အရင်ဆိုခဲ့ဘူးတဲ့သူ ရှိလို့နေမှာပေါ့ လို့ မသိတဲ့အကြောင်း ပြောခဲ့တာပါ။

ကဲ - ချစ်ဆွေတို့၊ လူပုဂ္ဂိုလ်တွေအကြောင်းကို သူတို့မရှိတော့မှ ပြောပြဖြစ်တာက များတယ်မို့လား။ မာအေး ပြောတာတွေ သူတို့ ဘယ်ကြားနိုင်တော့မှာလဲနော်။ အခု ဘိုးသက်ရှည်ကြီးကိုတော့ နားဆင်နိုင်သေးတယ်ဟဲ့ လို့ ရှင်သခိုက် အကြိုက်ပြောပါရစေ လို့ ခွင့်တောင်းပါတယ်နော်။ သူ့သီချင်းလေးတွေလဲ ပြန်ကြားစေ့ချင်လို့ပါ။ သူ့လုပ်ဆောင်ချက်လေးတွေလဲ ပြောပြချင်လို့ပါနော်။

ဒီဘိုးတော်ကြီးကို မာအေးကတော့ တည်ကြည်ခြင်းတ၀က်၊ ပျော်ရွှင်ခြင်းတ၀က်နဲ့ နေတဲ့ တီထွင်ဖန်တီးကြံတွေးရှငလို့ မြင်နေရပါတယ်။ သူဘာတွေ တီထွင်သလဲ၊ ဘာတွေဖန်တီးသလဲ၊ ဘာတွေကြံတွေးတတ်သလဲ ကိုယ်တွေ့လေးတွေ ကြားချင်တယ်မို့လား၊ နားထောင်နေပေါ့နော်၊ ဒီနေ့တော့ သူ့ဖန်တီးချက်ကြောင့် မြန်မာ့အသံ အဘ ဦးသန်းမြင့်က ၀တ္ထုဇါတ်ညွှန်း ရေးဖြစ်ခဲ့တယ်၊ မာအေးလဲ သရုပ်ဆောင် ရုပ်ရှင်မင်းသမီး လုပ်ဖြစ်ခဲ့တယ်၊  'မြခြူသံ'တေးဇါတ်လမ်းကြီးဟာ မူလက "လမင်းသာချိန် နေကွယ်ချိန်" လို့ နာမည်ပေးတင်ဆက်ခဲ့တဲ့ မြန်မာနိုင်ငံ ခေတ်ပေါ် ဂီတကေါင်စီ - ဂီတပဒေသာကပွဲအတွက် ဂီတစာဆို မောင်ကြေးမုံ ရေးပြီး၊ ဂီတလုင်မောင်ကိုကို အသံသွင်းပေးခဲ့တဲ့ ရွှေတိုင်ညွှန့်ရဲ့ မိဘမေတ္တာပြ  သီချင်းပုဒ်တချို့ကို အခြေခံထားတဲ့ မိနစ် ၂၀ စာ တေးသရုပ်ဖေါ်ဖြစ်ပါတယ်။  'မြခြူသံ'ဇါတ်ကါးမှာကျတော့ ဒါလောက် ရှည်လို့မှမရကိုး၊ အဓိကကျတဲ့ အပိုဒ်တွေကိုသာ ယူပြီး၊ မြခြူသံရှေ့နိဒါန်းပိုဒ်ကို သူကိုယ်တိုင် ဖန်တီးရေးဖွဲ့ခဲ့တာ ဒီလိုပါရှင်။

(မြခြူသံ မှ)
မြခြူသံ ... နှိုင်းစံပုံပြု နုလေသော ... သံစဉ်ခွန်နှစ်လီ ... ရင်မှဖြစ်သော သွေးနဲ့အရင်းတည်၊ ရင်သွေးရတနာ မာလာပန်းဝတ်ရည်၊ ရယ်သည် ငိုသည်၊ တီတာခွန်းချို စကါးဆိုသံ မပီတပီ၊ တအားငိုသံ တကျီကျီ၊ ဘယ်လိုပင်ဖြစ်ပေစီ၊ အပြစ်တွေမသိ၊ ချစ်နေမည်၊ တလောကလုံး ရှိသမျှ အမိအဖ စိတ်ဝမ်းငြိမ်းချမ်းသာယာကြည်၊ ဘ၀င်မှာသိမ့်သိမ့်၊ ရွှင်ကါငြိမ့်ငြိမ့်၊ တသိမ့်သိမ့်တုန် လှိုင်းဂယက်ခုန်သည်၊ သာယာအေးမြ တေးအလှပမာညီ၊ မြခြူသံရောင်ပြန် ... မြူးကွန့်ချီ xxx


ဘီဘီစီ အသံလွှင့်ဌာန http://www.bbc.co.uk/burmese/ ၏ ထုတ်လွှင့်ချက်ကို ကူးယူ ဖော်ပြသည်။


စာစီစာရိုက် လုပ်အားပေး- မျိုးဇော်
Posted by Moemaka at 12:11 AM 0 comments  
Labels: Mar Mar Aye

SATURDAY, OCTOBER 13, 2012

Social Service with Creativity - Interview with Kyaw Thu (FFSS Yangon) by MoeMaKa


 ပေးဆပ်သူတဦးရဲ့ ထာဝရအနုပညာ
နာရေးကူညီမှုအသင်း (ရန်ကုန်)၊ ကျော်သူ နဲ့ မေးခွန်းများ အပိုင်း ၁
မိုးမခ၊ အောက်တိုဘာ ၁၃၊ ၂၀၁၂
အောက်တိုဘာလ ၈ ရက်၊ ညနေခင်းမှာ နာရေးကူညီမှုအသင်း (ရန်ကုန်)ရဲ့ ဦးဆောင်သူတဦးဖြစ်တဲ့ ရုပ်ရှင်အနုပညာရှင် ကိုကျော်သူနဲ့ မိုးမခမီဒီယာတို့ ပထမဦးဆုံးအကြိမ် တွေ့ဆုံခွင့် ရခဲ့ပါတယ်။ ဆန်ဖရန်ဘေးဧရိယာရဲ့ မြို့တော်တခုဖြစ်တဲ့ ဒဗ္ဗလင်မြို့ကို ကိုကျော်သူ ခေတ္တရောက်ရှိခိုက်မှာ သွားရောက်တွေ့ဆုံခွင့် ရခဲ့ပါတယ်။
ဆန်ဖရန်စစ္စကိုဘေးဧရိယာ မြန်မာကွန်မြူနီတီရဲ့ လူမှုရေး အလှူဒါနဆောင်ရွက်မှုတွေနဲ့ နှစ်ပေါင်းများစွာ ရင်းနှီးကျွမ်းဝင်ပြီးသူ ကိုကျော်သူနဲ့ တွေ့ဆုံရချိန်မှာ ပထမဦးဆုံး အမှတ်တရပြောဖြစ်တာကတော့ ၂၀၁၀ ဇွန်လတုန်းက ပဲခူးဒေသ ရေရှားပါးဘေးဒဏ်သင့်ချိန်မှာ ဘေးဧရိယာမြန်မာမိသားစုများက ရန်ပုံငွေပွဲပြုလုပ်ပြီး အလှူငွေရှာခဲ့ကြတဲ့အကြောင်းဖြစ်ပါတယ်။
 အဲသည်တုန်းက ကိုကျော်သူ၊ မရွှေဇီးကွက်၊ ဒေါ်သန်းမြင့်အောင်တို့ ဆောင်ရွက်နေတဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်)ကနေတဆင့် ထိုဘေးသင့်ဒေသကို လှူဒါန်းကြမယ်ဖြစ်ကြောင်း ကိုကျော်သူ့ထံ ခွင့်တောင်းခဲ့ကြတယ်။ ကိုကျော်သူတို့ဖက်ကလည်း ထိုအချိန်က အကန့်အသတ်ရှိနေတဲ့ အခြေအနေတွေကြားထဲက စဉ်းစားပြီး ခွင့်ပြုခဲ့တယ်။ အဲသည်တုန်းက ပဲခူးရေရှားပါးမှုအရေးပေါ် ကူညီမှု ရန်ပုံငွေအလှူပွဲကို ဆန်ဖရန်ဘေးဧရိယာ မြန်မာမိသားစုများ ပျော်ရွှင်တက်ကြွစွာ ဆောင်ရွက်ခဲ့ကြပြီး နာရေးကူညီမှုအသင်း (ရန်ကုန်)မှ တဆင့် ပေးပို့လှူဒါန်းနိုင်ခဲ့ကြပါတယ်။ အဲသည်နောက်မှာတော့ဖြင့် မြန်မာပြည်ရဲ့ အရေးကိစ္စ လိုအပ်ချက်များ၊ နာရေးကူညီမှုကစလို့ ကိုကျော်သူတို့ရဲ့ လူမှုရေးအသင်းကနေ ပေးပို့လှူဒါန်းမှုတွေ ဆောင်ရွက်နိုင်ခဲ့ကြပါတယ်။
နောက်ဆုံး ရန်ပုံငွေပွဲတခုဖြစ်တဲ့ ရခိုင်ပြည်နယ်က ဒုက္ခသည်တိုင်းရင်းသားများ အရေးပေါ်ကူညီရေး အလှူများကိုလည်း နာရေးကူညီမှုအသင်း (ရန်ကုန်)ကနေ တဆင့် လှူဒါန်းနိုင်ခဲ့တဲ့ အကြောင်း၊ ဘေးဧရိယာရောက် မြန်မာတိုင်းရင်းသားများနဲ့ ကိုကျော်သူတို့ရဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်) တို့ဆိုတာဟာ မိသားစု၊ ညီအကို မောင်နှမများသဖွယ် ရင်းနှီးချစ်ခင်မှု တည်ဆောက်နိုင်ခဲ့ပြီ ဖြစ်ကြောင်း အမှတ်တရ စကားလက်ဆုံ ပြောဖြစ်ခဲ့ကြပါတယ်။
ပြောဆိုဖြစ်ခဲ့ကြတဲ့ အထဲက ကောက်နုတ်တင်ပြရမယ် ဆိုရင် …
 
မေး။     ။ အခုလက်ရှိမှာ အကိုတို့အသင်းက နာရေးကူညီမှုတခုတင် မဟုတ်တော့ဘူးလို့ ပြောရမယ် ထင်တယ်။
ဖြေ။     ။ သဘာဝဘေး၊ စစ်ဘေးဒုက္ခသည်အရေးတွေပါ ကူညီအားပေးနိုင်ဖို့တွေ လုပ်နေရတယ်။ နောက်ပြီးတော့ ပညာရေးပေါ့။ အခု ခမ်းမကြီးတခု ဆောက်ပြီးပြီ၊ ကျနော်တို့ ၀င်းထဲမှာ ၂ ထပ်ကျောင်းဆောင်တခု ဆောက်တော့မယ်။ အင်္ဂလိပ်စာအပြင် ဘာသာပေါင်းစုံကို သင်ပေးနိုင်ဖို့ လုပ်နေကြပြီ။ ကျနော်ကသာ ဘွဲ့မရခဲ့တာ အခုကျနော်တို့ဆီမှာ ၀ိုင်းပြီး ဆောင်ရွက်ပေးနေသူ ဆရာ၊ ဆရာမတွေက ဘွဲ့ရ ပညာတတ်တွေ၊ အတွေ့အကြုံ ရှိတဲ့သူတွေ တတ်သိပညာရှင်တွေက လုပ်ပေးနေလို့ အခုလို ဖြစ်နေတာလို့ ပြောရမယ်။

မေး။     ။ အခုလိုမျိုး အသင်းကြီးက သက်တမ်း ၁၀စုနှစ် တခုကျော်ပြီ။ လုပ်စရာတွေ လုပ်နေတာတွေကလည်း အများကြီးပဲ။ အသင်းသားတွေ၊ လုပ်အားပေးတွေ၊ စေတနာရှင်တွေကလည်း တိုးတက် ပွားများလာနေတယ်။ ဒါဆိုရင် ဘယ်လို ပြုပြင် ပြောင်းလဲမှုတွေ၊ ချင့်ချိန်မှုတွေနဲ့ သွားနေတယ်လို့ ပြောရင် ရမလဲ။
ဖြေ။     ။ အားလုံးက volunteer တွေချည်းပဲ ဆိုရင်လည်း သူတို့ပေးဆပ်တဲ့ လုပ်အားတွေ၊ ခွန်အားတွေက ပြည့်ပြည့်၀၀ ရနိုင်ဖို့၊ ထိထိရောက်ရောက် အသုံးချနိုင်ဖို့ မဖြစ်နိုင်ဘူး။ အဲသည်တော့ ကျနော်တို့က ပြန်ချိန်တယ်။ ဥပမာ “ဘက” ကျောင်းတွေမှာ ဆရာ၊ ဆရာမတွေက လစာ ၂ သောင်းလောက်ရတယ်။ ဆရာတော်တွေက ကျောင်းတွေက စိုက်ထုတ်ပေးတယ်ဆိုရင် ကျနော်တို့က နောက်ထပ် ၂ သောင်း၊ ၃ သောင်း ဖြည့်ပေးလိုက်တယ်။ ဒါဆိုရင် ဆရာတွေ ဆရာမတွေအနေနဲ့ ရပ်တည်ရေးအတွက် သိပ်ပူစရာ မရှိတော့ဘူး။ ပိုပြီး အချိန်ပေးပြီး လုပ်အားပေးလာတယ်လေ။ အဲလိုသဘောပဲ၊ ပညာရှင်ပိုင်းကိုလည်း ကန်တော့တဲ့ အနေနဲ့ဖြစ်ဖြစ် လစာအနေနဲ့တော့ မဟုတ်ဘူးပေါ့။ သူတို့တွေ အချိန်တွေ၊ အလုပ်တွေ လာရောက်ပေးဆပ်နေတာကို ပြန်ပြီး တခုခုပေးချင်တယ်။ အဲလိုမျိုး လုပ်ရတော့မယ်။ ဒါတွေ လိုအပ်လာပြီ လို့ ပြောချင်တယ်။

မေး။     ။ ဒါဆိုရင် လုပ်အားပေးချင်တဲ့ ပညာရှင်တွေ ရှိနေပြီ။ အားပေးကူညီချင်သူတွေ အဖွဲ့အစည်းတွေလည်း ရှိနေပြီ။ ဒါဆိုရင် ဘာတွေကို သတိပြုရမလဲ။ အခက်အခဲတွေ ဘာတွေ ရှိနိုင်သလဲ။ သူတို့တွေမှာကော အခြား အခက်အခဲတွေ၊ ကန့်သတ်ချက်တွေ ရှိတာကို တွေ့နေရသလဲ။

ဖြေ။     ။ နိုင်ငံတော်က နည်းနည်း ပွင့်လင်းလာပြီ။ ပြည်တွင်းမှာ အင်န်ဂျီအိုအဖွဲ့တွေကလည်း အများကြီးပဲ။ ရည်ရွယ်ချက်ကလည်း မျိုးစုံရှိတာကို တွေ့နေရတယ်။ ကိုယ်ကျိုးလုပ်တာပါတယ်။ နံမယ်ကြီးချင်လို့ လုပ်တာပါတယ်။ တကယ်ကို ကူညီချင်လို့ လုပ်တာလည်း ရှိတယ်။ စီးပွားရှာချင်တဲ့ အဖွဲ့တွေလည်း ပါတယ်။ ဒီလိုမျိုး အဖွဲ့တွေကို ပြည်ပကနေထောက်ပံ့ပြီ၊ Proposal တွေနဲ့ တောင်းလာကြပြီ ဆိုတဲ့အခါမှာ တကယ်တန်း အလုပ်လုပ်နေတဲ့ အဖွဲ့တွေလက်ထဲကို ရောက်ရှိသွားဖို့ လိုအပ်တယ်ဆိုတာကို ပြောချင်တယ်။ ပြည်သူလူထုအတွက် ထိရောက်မယ်လို့ ပြောချင်တယ်။ အဲသည်အတွက်လည်း အားလုံးက ၀ိုင်းဝန်းစောင့်ကြည်ကြဖို့ လိုပါတယ်။
            နောက် ကူညီချင်တဲ့ ပညာရှင်တွေပေါ့လေ။ မျက်စိဆေးခန်းဆိုရင် ကျနော်တို့ဆီမှာ ၂ နှစ် ရှိသွားပြီ။ ခွဲစိတ်ခွင့် မပြုဘူး။ မျက်စိကုဆရာဝန်ကြီးတွေ ရှိတယ်။ ခွဲခန်းလည်း ရှိပြီ၊ လူနာတွေလည်း ရှိပြီ။ အဲဒါကို ခုထိခွင့်မပြုသေးဘူး။ အဲသည်တော့ တိုင်းပြည်အပြောင်းအလဲလုပ်တယ် ဆိုတာ ဘာလဲ။ အဲဒါကို ကျနော် မေးချင်တယ်။ မြို့နယ် ကျန်းမာရေးကလည်း စစ်ပြီးပြီ၊ တိုင်းကျန်းမာရေးကလည်း စစ်ပြီးပြီ။ အဲဒါကို ဗဟိုက အတည်မပြုပေးသေးလို့တဲ့။ ဗဟိုက နေပြည်တော်က၊ မန္တလေးက ဆိုလား ဆရာဝန်ကြီး ၃ ယောက်တဲ့ သူတို့ အားတဲ့ရက်မှ လာကြည့်မယ်တဲ့။ အဲဒါ သူတို့တွေ မဆုံကြသေးလို့ တဲ့။ အခု ဗဟိုက ချမပေးတာ ၄၊ ၅၊ ၆ လ ရှိသွားပြီ။ အဲသည်အတွက် မျက်စိဝေဒနာသည် လူနာတွေမှာ အများကြီး နစ်နာနေတာတွေ ရှိတယ်။

မေး။     ။ အင်း နောက်တခုကတော့ ကိုယ်ထူကိုယ်ထ လှုပ်ရှားမှုတွေအနေနဲ့ပေါ့၊ ဥပမာ ဆန်ဖရန်ဘေးဧရိယာမှာ ဆိုရင် ကလေးစာအုပ်တွေ အလှူခံပြီး မြန်မာပြည်ကို ပို့တဲ့ လှုပ်ရှားမှုလိုမျိုး ရှိတယ်။ အကိုတို့ သုခအလင်းစာကြည့်တိုက်ကို လှူကြတယ်၊ နောက်ပြီးတော့ အမေ့အိမ်စာသင်ခန်းတွေ၊ ရပ်ကွက် မြို့နယ်တွေထဲက လူငယ်တွေရဲ့ ကိုယ်ထူကိုယ်ထ စာဖတ်အသင်းတွေကို လှူကြတာမျိုးတွေ ရှိတယ်။ နောက်ပြီးတော့ သူတို့လိုမျိုး ဆယ်ကျော်သက်တွေ၊ လူငယ်တွေကနေပြီးတော့ အဲသလို လှုပ်ရှားမှုတွေကနေ မြန်မာပြည်ကို အမေရိကန်ရဲ့ နွေရာသီကျောင်းပိတ်ရက်တွေမှာ ပြန်လာမယ်။ ကိုယ်တိုင် လုပ်အားပေးမယ်၊ စာသင်တာတွေ၊ စာကူဖတ်တာတွေ လုပ်လာကြမယ်။ တလောကတော့ ဖရီးမောင့်မေတ္တာနန္ဒကျောင်းက ဆရာတော်ဦးဓမ္မပီယရဲ့ ဘကကျောင်းမှာ စာသွားသင်ကြတဲ့ သားအဖတွေအကြောင်း မိုးမခမှာ တင်ဖြစ်တယ်။ အကိုတို့နဲ့လည်း တွေ့ဖြစ်တယ် အဲသည်တုန်းကလေ။ အဲသည်လို ကိုယ်ထူကိုယ်ထ လူငယ်တွေရဲ့ လှုပ်ရှားမှုတွေနဲ့ ဘယ်လိုမျိုး ချိတ်ဆက်မလဲ။

ဖြေ။     ။ အဲသည်မှာ တခုရှိတာက မြန်မာနွေရာသီကျောင်းပိတ်ရက်နဲ့ အမေရိကန်နွေရာသီ ကျောင်းပိတ်ရက် မတူဘူး ဆိုတာ ပြောချင်တယ်။ ကျနော်တို့ နွေရာသီဆိုတာက မတ်၊ ဧပြီ၊ မေပေါ့။ အဲသည်မှာ ကျနော်တို့ဆီမှာ နွေရာသီ သင်တန်းတွေ ရှိတယ်။ ဒီက နွေရာသီဆိုတာက ဇွန်၊ ဇူလိုင် ဆိုတော့ ဟိုမှာက ကျောင်းတွေ ပြန်ဖွင့်တဲ့ မိုးရာသီဖြစ်ပြီ။ အဲသည်တော့ ခုနင်ကလို ကလေးတွေက အပြင်သင်တန်းတွေ တက်နိုင်တော့မှာ မဟုတ်ဘူး။ ကျောင်းစာရှိမယ်၊ အချိန်ပိုသင်တန်းတွေ၊ ကျုရှင်တွေ တက်ရတော့မယ် ဆိုတာကို သိထားစေချင်တယ်။ အဲလိုမျိုး လူငယ်တွေ လာချင်တယ်ဆိုရင်တော့ ကျနော်တို့က နွေရာသီကတည်းက ကြေညာပေးထားပြီးတော့ ကလေးတွေကို စုပေးထားတာမျိုးတော့ လုပ်ပေးနိုင်မယ်။ အများကြီးတော့ လုပ်ပေးနိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် ပြည်ပကမြန်မာလူငယ်တွေက မြန်မာပြည်နဲ့ အဆက်အစပ်ရှိဖို့ လှုပ်ရှားမှုတခုအနေနဲ့ဆိုရင်တော့ သူတို့ ကျောင်းအားရက်မှာ ပြန်လာပြီးတော့ လာကူတာမျိုး လုပ်နိုင်တယ်။ စာကြည့်တိုက်မှာ ကူမယ်။ ကွန်ပျူတာသင်တန်းတွေမှာ ကူမယ်။ လူငယ်စကားဝိုင်းတွေ လုပ်ပေးမယ်။ သူတို့တွေက ဒီကလူငယ်တွေနဲ့ စကားပြောကြမယ်၊ အတွေ့အကြုံဖလှယ်ကြမယ် ဒါမျိုးတွေ လုပ်ကြတာမျိုးတော့ ဖြစ်နိုင်မယ် ထင်တယ်။
 
မေး။     ။ အကိုတို့ဆီက နွေရာသီ ပြင်ပသင်တန်းတွေအကြောင်းနဲ့ အဲသည်က ကလေးအင်အားဘယ်လောက်ရှိလဲ ပြောပြပါဦး။
ဖြေ။     ။ ကလေးတွေက အဲသည်နွေရာသီသင်တန်းကာလမှာဆိုရင် ဦးရေ ၆၀၀ လောက် ရှိတယ်။ မတ်၊ ဧပြီ၊ မေ မှာ ရှိတယ်။ ၃ တန်းကနေ ၈တန်း ၉ တန်းအထိပေါ့။ အသက်အရွယ်အပိုင်းအခြားက။ ရန်ကုန်တိုင်းတခုလုံးက ကလေးတွေ လာကြတယ်။ ကလေးတွေကို ပညာရေးအဆင့်သိရအောင် ရေးဖြေ ဖြေခိုင်းတယ်။ သူတို့ အဆင့်အတန်းလိုက် အတန်းလေးတွေ ခွဲပေးလိုက်တယ်။ အစတုန်းက ဆိုရင် ကျနော်တို့တွေရဲ့ သင်တန်းသားတွေက ချို့ချို့ငဲ့ငဲ့ကလေးတွေများတယ်။ မိဘတွေက ခြေကျင်၊ ဘတ်စကား၊ ဆိုက်ကားနဲ့ လာပို့ကြတာ များတယ်။ အခုတော့ ကျနော်တို့ နာရေးကူညီမှုရဲ့ နွေရာသီကျောင်းကို လာပို့တဲ့သူတွေထဲမှာ ကားနဲ့၊ တက္ကစီနဲ့ လာပို့ကြတဲ့ သူတွေတောင် ရှိလာပြီဆိုတော့ ကျယ်ပြန့်မှုရှိတယ်၊ စိတ်ဝင်စားမှုရှိတယ်လို့ ပြောရမယ် ထင်တယ်။ အဲသည် နွေရာသီသင်တန်းတွေမှာ ၁၀တန်းအောင်ပြီးသား လူငယ်တွေက လုပ်အားလာပေးတယ်၊ စာကြည့်တိုက်တို့ ကင်တီးန်းတို့မှာ လုပ်အားလာပေးတဲ့ လူငယ်တွေ ရှိတယ်။ ခုနကလိုမျိုးပေါ့ မြန်မာပြည်လူမှုပတ်ဝန်းကျင်နဲ့ ဆက်စပ်မှုရှိအောင် လာပြီး လုပ်အားပေးကြမယ်ဆိုရင် ကျနော်တို့ကတော့ ကြိုဆိုပါတယ်။ ကျနော်တို့ သွားနေတဲ့ နာရေးလမ်းကြောင်းတွေကိုလည်း အတွေ့အကြုံရအောင် ထည့်ပေးလိုက်နိုင်တယ်။ အဲသည် လူငယ်တွေဟာ သူတို့ကိုယ်ပိုင် အတွေ့အကြုံတွေနဲ့ ဆက်စပ်ပြီး သူတို့လျောက်စရာ လမ်းတွေ တွေ့သွားကြလိမ့်မယ်၊ ဖော်ဆောင်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

မေး။     ။ ဟုတ်ကဲ့ပါ။ လက်ရှိမှာ အမေရိကန်ပြည်ကို ၂ ကြိမ်ဆက်တိုက် ရောက်ရှိခဲ့ပြီ ဆိုတော့ ဒီမှာရှိနေတဲ့ မြန်မာမိသားစုအသိုင်းအ၀ိုင်းတွေရဲ့ မြင်ကွင်းကိုလည်း အကို့အနေနဲ့ မြင်တွေ့ သိရှိသလောက်တော့ သိသွားပြီပေါ့နော်။ ဘယ်လိုနေသလဲဗျာ။ တိုင်းပြည်အရေး၊ လူမှုရေး၊ သာရေး၊ နာရေး ထက်သန်အားထုတ်နေကြတယ် ဆိုသော်လည်း တခြား ဘာတွေ တွေ့သလဲ။

ဖြေ။     ။ ပြောရရင်တော့ပေါ့ဗျာ … အယင်တခေါက်လာတုန်းက အက်ကြောင်းတွေ တွေ့ခဲ့တာ အခုတခေါက်လာတော့ ဟက်တက်တွေကွဲကုန်ကြတယ်ပေါ့ဗျာ။ ဒါပေမယ့်လည်း ဒီဟာတွေက ပြီးသွားမှာပါ။ အချင်းချင်းဖြစ်တဲ့ကိစ္စတွေဆိုတာမှာ အဓိက ကျနော်ပြောချင်တာကတော့ အတ္တဖြုတ်ကြဖို့ပါပဲ။ အားလုံးအတွက်လုပ်တာ၊ ငါတို့နိုင်ငံအတွက် လုပ်တာဆိုတာမျိုး သဘောထားစေချင်တယ်။ အခုဟာက နေရာလိုချင်တဲ့သူများနေတယ်။ ပြီးတော့ ဟိုဖက်ဒီဖက် အကုန်လျောက်လိုက်လုပ်နေတာတွေလည်း တွေ့နေရတယ်။ ဒေါ်စုလာတယ်ဆိုတော့ ဒေါ်စုနဲ့လည်း တွေ့တယ်။ အစိုးရဖက်က ၀န်ကြီးဦးစိုးသိန်းတို့နဲ့လည်း တွေ့ကြ။ ဒါမျိုးတွေ ဖြစ်နေတာတွေ တွေ့ရတယ်။ ဒေါ်စုပြောသလိုပေါ့လေ၊ အင်အားကြီးတဲ့သူတွေကို မပံ့ပိုးပါနဲ့ ဆိုတာမျိုးပေါ့ဗျာ။

မေး။     ။ ဒါက မြန်မာပြည်ပမှာမို့လို့ ဖြစ်နေတယ်။ မြန်မာပြည်တွင်းမှာကော အဲသလိုမျိုး မဖြစ်ဘူးလို့ ပြောလို့ရမလား။ မြန်မာတွေက ဘယ်နေရာပဲရောက်ရောက် အားလုံး အတူတူပဲ မဟုတ်ဘူးလား။

ဖြေ။     ။ ဘယ်နေရာပဲရောက်ရောက် ဒါကတော့ အတူတူပါပဲ။ ပြည်ပက လူတွေနဲ့ ပတ်သက်ပြီး ကျနော် မြင်တာပြောရရင် ပြည်ပကလူတွေက သေဋ္ဌေးတွေမဟုတ်ဘူး။ တနေ့လုပ်မှ တနေ့စားပြီး ရုန်းကန်နေကြသူတွေချည်းပါပဲ။ ပြည်ပကလူတွေကိုယ်တိုင်မှာ လှူနိုင် တန်းနိုင်ဖို့ ပင်ပင်ပန်းပန်း လုပ်ကိုင် ရှာဖွေပြီး လှူကြ၊ တန်းကြတာကို တွေ့ရတယ်။ ဒီမှာ ဘာကောင်းသလဲ ဆိုတော့ စည်းကမ်းစနစ်က ပိုကောင်းတယ်။ စည်းကမ်းနဲ့ စနစ်တွေက ထိန်းသိမ်းထားတယ်။ ပြည်တွင်းမှာကျတော့ တချို့နေရာတွေမှာ ရေသာခိုလို့ ရတာမျိုးတွေ ရှိတယ်။ အိမ်ဖော်တွေ၊ ဒလ၀မ်တွေ၊ မာလီတွေ ဘယ်နှစ်ယောက်ထားချင်သလဲ။ ထားပြီး နေလို့ရတာမျိုးတွေ ရှိတယ်။ ဒါကြောင့်မို့လို့ ပြည်တွင်းကနေပြီးတော့တချို့က ပြည်ပကလူတွေ ဘာဖြစ်တယ်၊ ဘာညာပြောဆိုချင်တာမျိုးတွေ ရှိတယ်။ သူတို့တွေကို ဒါတွေကို သိစေချင်တယ်။
 
မေး။     ။ ကောင်းပြီ။ ကျနော်တို့တတွေက အများအကျိုးဆိုပြီး လုပ်ကြတဲ့နေရာမှာ တဦးချင်းပဲ လုပ်လုပ်၊ အစုအဖွဲ့နဲ့ပဲ လုပ်လုပ် အကွဲအပြဲတွေ၊ အငြင်းအခုံတွေ ရင်ဆိုင်ကြရတယ်။ နာရေးကူညီမှုအသင်းကြီးဆိုရင် ၁၃ နှစ် ရှိပြီ၊ ပင်မလုပ်ငန်းတွေ စည်ပင်သလို၊ မြို့နယ်တွေ၊ လုပ်ငန်းခွဲတွေ၊ မဟာမိတ်တွေ၊ ကွန်ယက်တွေနဲ့ ကျယ်ပြန့်မှုတွေ ရှိနေပြီ ဖြစ်တယ်။ အဲသည်လို အခက်အခဲတွေ အကွဲအပြဲတွေ အငြင်းအခုံတွေကို အကိုတို့က ဘယ်လိုလုပ်ပြီး ရင်ဆိုင် ဖြတ်သန်း ကျော်လွှားသလဲ။

ဖြေ။     ။ ကျနော်တို့ ခံယူချက်နဲ့ ဦးတည်ချက်ကို မပျက်ဘူးပေါ့။ နာရေးကူညီမှု ဆိုတာရဲ့ ခံယူချက်ကို အမြဲပဲ ဆုပ်ကိုင်ထားတယ်။ ကျနော်တို့ဆီက အသင်းသားတွေ၊ လူငယ်တွေကလည်း ဒါကို ဖျက်မပစ်ဘူး။ အဲဒါနဲ့ပဲ ရပ်တည်နိုင်ခဲ့တယ်လို့ ဆိုရမယ်။ ဒီကြားထဲမှာလည်း အုပ်စုကွဲတာမျိုးတွေ ရှိတယ်၊ ၂ ခါ ရှိခဲ့ပြီ။ ဒါပေမယ့် ကျနော်တို့ရဲ့ အခြေခံက နာရေးကူညီမှုပဲ။ နာရေးကို ကူဖို့ပဲလေ။ ကာယကံရှင်တွေ ကျေနပ်အောင် ကျနော်တို့က ပေးဆပ်တယ်။ ကျနော်တို့မှာက လုစရာဆိုလို့ မသာပဲ ရှိတယ်။ မသာလုပွဲတွေလည်း ကျင်းပနေစရာမလိုဘူးလေ။

မေး။     ။ အင်း … ဒါပေမယ့် လုတဲ့သူတွေက လုခဲ့ကြတာပဲ မဟုတ်လား။ အကိုတို့လို လုပ်ငန်းမျိုး လုပ်မယ်ဆိုပြီး လုပ်တဲ့ အာဏာပိုင်အဖွဲ့အစည်းတွေ ရှိခဲ့ဖူးတယ်လေ။ တားဆီးပိတ်ပင်တာတွေ လုပ်ခဲ့တာတွေ ရှိခဲ့တယ်လေ။

ဖြေ။     ။ ကျနော်တို့က ကျနော်တို့ ခံယူချက်နဲ့ ဦးတည်ချက်ကို မစွန့်လွှတ်ခဲ့ဘူး။ အခု လုခဲ့တဲ့သူတွေ ဘာဖြစ်သွားလဲဆိုတာကို ပြန်ကြည့်လေ။ နောက်တခုပြောချင်တာကတော့ မင်းတို့က နာရေးကူညီမှုမို့လို့ တခြားအလုပ်တွေနဲ့ မတူဘူးလို့ ပြောချင် ပြောမယ်။ စောဒကတက်ချင် တက်နိုင်တယ်။

မေး။     ။ ဟုတ်တာပေါ့။ သို့သော် အကိုတို့ဆီမှာက နာရေးကူညီမှုအပြင် အခြား ပညာရေးတွေ၊ ကျန်းမာရေးတွေ ပရဟိတကူညီမှုလုပ်ငန်းတွေလည်း ရှိနေ လုပ်ကိုင်နေတာတွေလည်း ရှိနေပြီပဲ။ ဒီအလုပ်တွေမှာလည်း အကိုတို့က အဆက်မပြတ် လုပ်နေရတာပဲ။

ဖြေ။     ။ ဟုတ်ပါတယ်။ အဲသည်မှာ ကျနော်တို့အနေနဲ့ အခြားသော ကျန်းမာရေး၊ ပညာရေး၊ ပရဟိတလုပ်ငန်းတွေ၊ အသင်းအဖွဲ့တွေနဲ့ လက်တွဲပြီး လုပ်ကိုင်ကြတာတွေ ရှိတယ်။ ရိုင်းပင်းကူညီကြတာတွေ ရှိတယ်။ တယောက်နဲ့ တယောက်လည်း ဘာမှ ပုတ်ခတ်နေစရာမလိုဘူး။ သံသယရှင်းရှင်းနဲ့ လုပ်ကြရတာ ဖြစ်တယ်။

မေး။     ။ သံသယရှင်းရှင်းနဲ့ လုပ်တယ်ဆိုတော့ အကိုတို့ နာရေးကူညီမှုအသင်းက ဘယ်လို ထင်သာ မြင်သာရှိမှုမျိုးတွေနဲ့ အလုပ်လုပ်နေတယ်လို့ ပြောရင်ရမလဲ။

ဖြေ။     ။ ကျနော်တို့ အသင်းကြီးမှာ အောင်မြင်တယ် မအောင်မြင်ဘူးဆိုတာမှာ အလှူငွေတွေ ကျဆင်းမှု ရှိ၊ မရှိနဲ့ တိုင်းတာလို့ရတယ်။ အလှူငွေတွေ ကျတယ်ဆိုတာ ၂ ခု ပြောလို့ ရတယ်။ တခုက အသင်းကြီးကို လုပ်နေတဲ့သူတွေအပေါ် လူတွေက မယုံကြည်တော့ရင် အလှူငွေတွေ ကျဆင်းမယ်။ နောက်တခုက တိုင်းပြည်က ဒီထက်ပိုပြီး ဆင်းရဲမွဲတေလာမယ်ဆိုရင် အလှူရှင်တွေ ရှားပါးပြီးတော့ အလှူငွေတွေ ကျဆင်းမယ်။ ဒါပဲ။ ကျနော်တို့က ငွေစာရင်းရှင်းတမ်းဆိုရင် လစဉ်ကို မြို့နယ်ကော၊ တိုင်းကိုကောပါ စာရင်းတင်ပေးတယ်။
အရင်တခေါက်တုန်းက ကျနော်တို့ အတိုင်ခံရတယ်၊ ဥက္ကဋ္ဌက ကျော်သူ၊ ဘဏ္ဍာရေးမှုးက ရွှေဇီးကွက်၊ သူ့မိန်းမ၊ သည်တော့ သူတို့တွေက အလှူငွေတွေကို လုပ်ချင်တိုင်း လုပ်နေတယ်ဆိုပြီးတော့ တိုင်တယ်။ တိုင်းဒေသကြီးက လာစစ်တယ်။ ၄၊ ၅၊ ၆ ရက် နေ့ည လာစစ်တယ်။ ပြီးတော့ အဲသည်တုန်းက ဗိုလ်ချုပ်မြင့်ဆွေက ညွှန်ကြားချက်ထုတ်တယ်။ နောင်ဆိုရင်တဲ့ မှတ်ပုံတင်ထားတဲ့ အသင်းအဖွဲ့တွေက နာရေးကူညီမှုအသင်းရဲ့ ကျင်ထုံးတွေ စည်းကမ်းတွေ၊ စာရင်းဇယားတွေကို နမူနာယူပြီး လုပ်ကြဆိုပြီး ပြောတယ်။
ကျနော်တို့ကတော့ ကိုယ့်သီလကို ယုံတဲ့အတွက် လုပ်ရဲတယ်လို့ ပြောချင်တယ်။ နောက်ပြီး နာရေးအသင်းဆိုတာက ကုသိုလ်ကောင်းမှုလုပ်တာပဲလေ။ လုတာ ဘာညာလည်း မရှိပါဘူး။ လုတဲ့သူတွေလည်း သူဟာနဲ့သူ သွားတာပဲလေ။ နေရာလုတဲ့သူတွေကလည်း သူစာရိတ်နဲ့ သူ သွားတာပါပဲ။ ကျနော့်မှာ ကပ်စရာ ဗိုလ်ချုပ်တွေ ဘာတွေလည်း မရှိဘူးလေ။ ကျနော့်မှာ ဆိုစရာ သစ္စာပဲ ရှိတယ်။
(အပိုင်း ၂ နောက်ဆုံးပိုင်းကို ဆက်လက်ဖော်ပြပါမည်)
Photo - MoeMaKa, 8th Oct 2012, SF bay area
Posted by MoeMaKa at 11:08 PM 0 comments  
Labels: InterviewKyaw Thu

ကချင်ပြည်နယ်နှင့်ရခိုင်ပြည်နယ်ဆီသို့ “ပန်းခရမ်းပြာ၏အိမ်မက်များ”


ကချင်ပြည်နယှ်င့်ရခိုင်ပြည်နယ်ဆီသို  “ပန်းခရမ်းပြာ၏အိမ်မက်များ”

နေ့ရက်။  အောက်တိုဘာလ ၂၈ ရက်(တနင်္ဂနွေနေ့) ၂၀၁၂ ခုနှစ်
အချိန်   နံနက် ၁၁ နာရီမှ နေ့လည် ၁နာရီအထိ ရန်ပုံငွေ ရိုးရာအစားအစာမျိုးစုံဈေးရောင်းပွဲ

နေ့လည်  နာရီခွဲမှ ညနေ  နာရီ အထိ
စာရေးဆရာမဒေါ်သန်းမြင့်အောင် (ဒု-ဥက္ကဋ္ဌ၊ နာရေးကူညီမှုအသင်း၊ ရန်ကုန်) တေးရေး ကိုရဲလွင်(မဇ္ဈိမလှိုင်း) တေးရေး၊ တေးဆို ဆောင်းဦးလှိုင် တို့၏ပြည်ပရောက်မိသားစုများနှင့်တွေ့ဆုံဆွေးနွေးပွဲ နှင့် နယူးယောက်မြို့ခံ Exit Band  ပူးပေါင်းတီးခတ်သီဆို ဖျော်ဖြေမှုအစီအစဉ်

နေရာ။  Aviation Career & Technical Education High School
45-30 36th Street , Long Island City, NY 11101

ရန်ပုံငွေများကို ကချင်ပြည်နယ်နှင့်ရခိုင်ပြည်နယ်ရှိလူမှုရေးလုပ်ငန်းများအတွက်နာရေးကူညီမှုအသင်း - ရန်ကုန် နှင့် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့တို့ကတဆင့်လှူဒါန်းသွားမှာဖြစ်ပါတယ်။

ဒုတိယပိုင်းအစီအစဉ်အတွက်လက်မှတ်များ ဆက်သွယ်ရန်၊
Ma Sandar 347-840-0282, Ma Mu Mu Win-646-483-1092
Ma Chaw Su 718-2074279, Khin Mar Thet 718-651-9496 (Fuji Store)
~~~~~~~~~~~~~~~~~~~~~~~~~~~

Posted by MoeMaKa at 10:54 PM 0 comments  

Ku Mo Jo - Nobel Peace is tricky


ကာတွန်းကူမိုးကြိုး - မျက်နှာလိုက်တဲ့ နိုဘယ်ဆု …
အောက်တိုဘာ ၁၄၊ ၂၀၁၂
Posted by MoeMaKa at 10:48 PM 0 comments  

No OIC in Burma - opposition parties


OIC မည်သည့်ပုံစံဖြင့်လာလာ ဆန်ကျင်မည် ဟု စစ်တွေခေါင်းဆောင်များက ဦးထွေးလှအားပြောကား
သောင်းကြွယ်၊ စစ်တွေ  ၁၄ အောက်တိုဘာ ၂၀၁၂  Coral Arakan News  [သတင်း]

OIC နှင့် နားလည်မှုစာချွန်လွှာရေးထိုးခဲ့သူ နယ်စပ်/စည်ပင် ညွှန်ကြားရေးမှူးချုပ်ဦးထွေးလှ နှင့် စစ်တွေမြို့မှ ဦးဆောင်ဦးရွက်ပြုသူ အချို့တို့ ယမန်နေ့ညနေ ခုနစ်နာရီခန့်တွင်အလွတ်သဘောတွေ့ဆုံကြရာတွင်၊ OIC က အသွင်တစ်မျိုးမျိုးဖြင့် ၀င်လာမှုကို ဆက်လက်ဆန့်ကျင်သွားကြမည် ဖြစ်ကြောင်း တွေ့ဆုံခဲ့သူများက ပြောကြားခဲ့သည်ဟုယင်းအစည်းအဝေးပြုလုပ်ရာနေရာတွင် ရှိနေခဲ့သူတစ်ဦးက Coral Arakan အားပြောကြား သည်။
OIC စစ်တွေမြို့တွင် ရုံးဖွင့်မည်ဆိုသည်မှာ မဟုတ်ကြောင်း နောက်ဆုံးထုတ် Voiceဂျာနယ်ရှေ့ဖုံးပါ ၄င်းနှင့်အင်တာဗျူးကို ပြသရင်း ဦးထွေးလှက ဒီက ဒေသခံများ၏ စကားသံကိုကြားချင်သောကြောင့် ယခုလိုတွေ့ဆုံရသည်ဟု ရှင်းလင်းပြောကြား ပြီးနောက်၊ဒေါက်တာအေးမောင် (ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ဥက္ကဌ ဦးထွန်းကျော်(အင်းပေါက်ဝကုမ္ပဏီ) ဦးကျော်ဇောဦး (၀ံလက်ဖောင်ဒေးရှင်း ဦးအောင်မြကျော် (ပြည်နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် ဒေသခံ လုပ်ငန်းရှင်တစ်ဦးတို့ဝင်ရောက်ဆွေးနွေးခဲ့ကြသည် ဟု အဆိုပါ အမည်မဖော်လိုသူက ပြောကြားသည်။
ပြည်ထောင်စုအဆင့် နိုင်ငံရေးခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါက်တာအေးမောင်ကစစ်တွေမှာသာမဟုတ်၊ ရန်ကုန်မှာထားလျှင်လည်း ဆန့်ကျင်ရမည် ဖြစ်ကြောင်း၊မြန်မာပြည်သူတစ်ရပ်လုံးအား နစ်လုဆဲဆဲနွံတွင်းထဲမှ ဆွဲထုတ်ရမည် ဖြစ်ကြောင်းဆွေးနွေးသွားသည်။
အခုမြန်မာနိုင်ငံဒေသအသီးသီးမှာ OIC ရုံးစိုက်မှာကို ကန့်ကွက်ဆန္ဒပြနေကြခြင်းသည် အစိုးရကခြေလှမ်းမှား တစ်လှမ်းကျွံနေသည်ကို ခြေပြန်နှုတ်ခွင့်သာအောင် ပြည်သူများက၀ိုင်းဝန်းဆန္ဒပြနေကြခြင်းဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် ဆန့်ကျင် ကန့်ကွက်မှုများကိုဆက်လက်လုပ်ဆောင်သွားမည့်အလားအလာ ရှိနေကြောင်း ၄င်းက ပြောကြားသွားသည်။
ဦးကျော်ဇောဦးက အစ္စလမ်လောကသားတို့ စည်ပင်ဝပြောပြန့်ကားရေးကိုရည်ရွယ်ချက်ထားသည့်၊ အစ္စလမ်ရှရီးယားနှင့်အညီ လူ့အခွင့်အရေးစံကို အခြေခံသည့်၊နိုင်ငံတကာ၏ အကြမ်းဖက်သမားသတ်မှတ်ချက်ကို လက်မခံသည့် OIC  အန္တရာယ်အလားအလာကို ထောက်ပြပြောဆိုသည်။
ထို့အပြင် လက်နက်ကိုင် အဖွဲ့အစည်းများ အပါအ၀င် ရိုဟင်ဂျာအဖွဲ့ (၂၅)ဖွဲ့ကိုစုစည်းကာ Arakan Rohingya Union အဖြစ် OIC က ကမကထပြုကာ ၂၀၁၁-ခုနှစ်အတွင်းဖွဲ့စည်းပေးခဲ့သည့် အချက်ကိုလည်း ၄င်းက ထောက်ပြခဲ့သည်။
ထို့အပြင် သံသယဖြစ်ရသည့်အလားတူ ဖြစ်ရပ်ကို ၄င်းက နှိုင်းယှဉ်ပြရာတွင်၊Humanitarian Freedom Flotilla to Arakan ကို အသွင်ပြောင်းကာ PK1Mမလေးရှားအဖွဲ့အဖြစ် မကြာမီက စစ်တွေသို့ ရောက်လာသည့် အဖွဲ့သည် ဂါဇာကမ်းခြေကိုအတင်းကပ်ဖို့ကြိုးစားသဖြင့် အစ္စရေးက အတင်းဟန့်တားခဲ့ရသည့် Freedom Flotilla နှင့်အလားတူ နေကြောင်း၊ OIC အပါအ၀င် အစ္စလမ်မစ် မစ်ရှင်များ အနေဖြင့် သိုဝှက်ထားသည့်ရည်မှန်းချက်များ ရှိတတ်သည်ကို စိုးရိမ်မိကြောင်း ၄င်းကပြောပြခဲ့သည် ဟု ဆိုသည်။
တတ်နိုင်သမျှစစ်ဆေးသည့်ကြားမှ ယင်းမလေးရှားထောက်ပံ့ရေးအဖွဲ့ PK1M ထောက်ပံ့ရေးပစ္စည်းပုံးခွံကတ်ထူများတွင် ရေစိုသည့်အခါမှ ပေါ်လာအောင် လုပ်ထားသည့်မလိုလားဖွယ် ဓါတ်ပုံများ ပါရှိနေသည်ကို တွေ့ကြရသည်မှာ နှစ်ရက်မျှရှိပြီ ဖြစ်သည်။ယင်းထောက်ပံ့ရေးပစ္စည်းများကို အကြောင်းပြု၍ လက်နက်များ ဖောက်ခွဲရေးပစ္စည်းများခိုးသွင်းလာမည်ကို စစ်တွေမြို့သူမြို့သားများက စိုးရိမ်နေကြသည်။
OIC  ကိုယ်စားပြု iNGO ပုံစံဖြင့် လာခြင်းကို သော်လည်းကောင်း  OICယာယီရုံးဖွင့်ခြင်း ကိုသော်လည်းကောင်း  ရန်ကုန်မှ နေ၍ မြန်မာပြည် တစ်နေရာရာ အတွက်အလုပ်လုပ်ပေးခြင်း ကိုလည်း ဆွေးနွေးသူများက မလိုလားကြောင်း ပြောကြသည်ဟု ဆိုသည်။ထို့အပြင် လူသားချင်း စာနာထောက်ထားရေး အကူအညီ အတွက်သာ လာမည် ဆိုသည်ကိုလည်းသံသယဖြင့် လက်မခံနိုင်ကြပေ။
ရခိုင်ဒေသအတွင်း လှုပ်ရှားခဲ့ကြသော နိုင်ငံတကာ iNGO များသည် မလိမ့်တပတ်ဖြင့်ဒေသတူနေတိုင်းရင်းသားများ လုံးဝမပါစေပဲ ခိုးဝင်လာသူ ဘင်္ဂါလီ နိုင်ငံခြားသားများအားနှစ်ပေါင်း နှစ်ဆယ်နီးပါး အင်အားကြီးသထက်ကြီးအောင် ထောက်ပံမှုများ ပြုနေခဲ့ကြရာ၊ရခိုင်ပြည်သူများက OIC ကိုမဆိုထားနှင့်၊ အစ္စလမ်မစ်အသွင်မဆောင်သည့် ပြည်ပအဖွဲ့အစည်းများNGO များကိုပင် စိစစ်ကြရတော့မည် ဖြစ်ကြောင်း ဒေါက်တာအေးမောင်နှင့် ဒေသခံများကဆွေးနွေးခဲ့ကြသည်။
စစ်တွေအခြေစိုက် လုပ်ငန်းရှင်တစ်ဦးကလည်း OIC  လှုပ်ရှားမှုကို ပြည်သူများက အစီအစဉ်မဲ့တုံ့ပြန်မိသောကြောင့် (သေကြေ၊ ဒဏ်ရာရ  ဖမ်းဆီးခံရ အစရှိသည့်နစ်နာမှုများ ဖြစ်လာမိမှာကိုစိုးရိမ်မိကြောင်း ပြောကြားသွားသည်။

Click the following link to go to the article.



--
Send email to - edi...@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives
Reply all
Reply to author
Forward
0 new messages