22th July - MoeMaKa Daily

33 views
Skip to first unread message

Maung Yit

unread,
Jul 22, 2012, 3:16:33 AM7/22/12
to sfbcir...@moemaka.info, moemak...@moemaka.biz, burm...@googlegroups.com, moemaka
မှားပြီးရင်းမှား ၂
သားကြီးမောင်ဇေယျ ။ ဇူလိုင် ၂၂၊ ၂၀၁၂
ကျနော်ဟာ ငယ်စဉ်က မသိလို့မှားခဲ့ပါတယ် ။ မတတ်လို့မှားခဲ့ပါတယ် ။ နောက် တော့ မတော်တဆမှားခဲ့ ပြန်ပါတယ်။ လျှမ်းလို့မှားခဲ့ပါတယ်။ ဒီလိုနဲ့ကျနော်ဟာ မကြာခဏ မှားခဲ့ရာမှ မမှားရမနေနိုင်အောင်ဖြစ်ခဲ့ပါတယ်။ ၀ါသနာ အရမှားတယ်လို့ ဆိုရမယ့် အဆင့်ကိုရောက်ခဲ့ပါတယ်။ အဲဒီမှ တဆင့်အမှား ပါရမီရင့်သန်ခဲ့ပါတယ်။
ကျနော်ဟာ အမှားပါရမီကိုဘယ်လိုဖြည့်စည်းခဲ့သလဲလို့ နောက်ကြောင်းပြန်တွေးမိပါတယ်။
ကျနော် မူလတန်းလောက်မှာ မူလတန်းအဆင့်အမှားများကိုအောင်အောင်မြင်မြင်မှားခဲ့ပြီးနောက် အလယ်တန်း အထက်တန်း အဆင့်တွေမှာလည်း ဂုဏ်ထူးအဆင့်လောက်နဲ့မှားခဲ့ ပြန်ပါတယ်။
တက္ကသိုလ်ရောက်တော့ တက္ကသိုလ် အဆင့်အမှားများကို လည်း ဂရိန် ဖိုးထက် မနိမ့်သော အမှားများမှားခဲ့ပြန်ပါတယ်။
တနေ့ ရန်ကုန်တက္ကသိုလ်ပန်းချီးခန်းမမှာ ကျနော်ဟာ အင်ယားကန်ရူ့ခင်းကလေးကို လွမ်းမောဖွယ် အပြာနုမိုင်းမိုင်း ကလေးတွေနဲ့ရေးဖို့ ပြင်ဆင်ပါတယ်။ ညနေ ညနေ စီတယ်လေ ဆိုတဲ့ သီချင်းသံကလေးတွေပျံဝဲလာပြီမို့ ကောင်းမူ့များကို ပြုလုပ်ရန် အချိန်ကုန်လွန်စ ပြုနေပြီ ဖြစ်ကြောင်းသတိပြုမိပါတယ်။ သီရိဆောင်က အမကြီးတစ်ယောက်ရောက်လာပြီး 
“ဟဲ့ … နင် ဒီနေ့ ဘာကားရေးမှာ မို့လဲ ငါ့ဆေးကုန်လို့ ပန်းချီဆေးတောင့် ငါ့ကိုခဏငှား …”
 လို့ပြောပြီး ပြန်ထွက်သွားပါတယ်။
ကျနော်က ဟုတ်ကဲ့ လို့ပြောယုံကလွဲပြီး ဘာမှ ပြန်မပြောရမယ်သူမို့ ဟုတ်ကဲ့ တစ်လုံးထဲပဲ ပြောမိပါတယ်။
မကြာပါဘူး ကျနော့်နဲ့ ပုလင်းတူဗူးဆို့များ ရောက်လာပြီး သံလမ်း က ဆိုင်ကိုရောက်သွားပါတော့တယ်။
ကျနော်ပန်းချီးခန်းပြန်ရောက်တော့ ည ၁၀း၀၀ နာရီကျော်နေပါပြီ။ ကိုယ့်အပြစ်နဲ့ ကိုယ်မို့ ကျနော်နဲ့ အတူပြန်လားသော သူငယ်ချင်းများ အိပ်နေကြပေမယ့် ကျနော် မအိပ်ပါ။ အိပ်လို့လည်းမဖြစ်ပါ။ ဒီပန်းချီကားကို ဒီည အပြီးရေးရမှာဖြစ်ပါတယ်။ ကျနော်တညလုံး မအိပ်ဖြစ်ပါ။ မနက်လင်းခါနီး ရောင်နီလာ ချိန်မှ မှေးကနဲ အိပ်ပျော်သွားခဲ့ပါတယ်။
ဆူညံသံလိုလို၊ ရယ်သံလိုလိုအသံတွေ ကြားမှ ကျနော် မျက်စိကို အသာကလေးဖွင့် နားစွင့်မိပါတယ်။
ကျနော်တို့ ပန်းချီခန်းက ကျောင်းသား ကျောင်းသူ အချို့ပါ။ ကျနော့်ပန်ုးချီကား ရှေ့မှာ ရပ်ပြီးဝေဖန်နေကြတာပါ။ သူတို့ ဘာပြောမလဲ သိချင်လို့ ကျနော် ဆက်မှေးနေရင်း နားစွင့်မိပါတယ်။
“ဒီကားက မဆိုဘူးနော်”
“သူရေးတဲ့ အထဲမှာတော့ အကောင်းဆုံးပဲ”
“အရောင်တွေက ခံစားချက်ပါတယ်နော်”
“သူ့မှာ အရောင်နဲ့ ပါတ်သက်လာရင် ပါရမီရှိတယ်”
“စိတ်ကူးသစ် အရောင်သစ်တွေပဲ”
“ရေးချက်တွေက ကြမ်းပြီးအသက်ဝင်တယ်”
သူတို့ရဲ့မှတ်ချက်များကို ကျနော်က တိတ်တဆိတ် နားထောင်ရင်း စိတ်ထဲမှာ တမျိုးကြီးခံစားလာရတယ် ။ သူတို့ ကောင်းပြီးဆိုရင် ၊ ကျနော်ကို အဆက်မပြတ် ချီးမွမ်းနေပြီ ဆိုရင် ကျနော် တခုခုတော့ မှားနေပြီ။
ကျနော်အိပ်ရာမှ ထကာ ကျနော်ပန်းချီကားကြည့်နေသော သူငယ်ချင်းများကို အိပ်ရေးမ၀သော အပြုံးများဖြင့် ပြုံးပြီးနူတ်ဆက်ကာ  ညက အိပ်ချင်မူးတူးဖြင့် ရေးထားသောပန်းချီကားရှေ့တွင် သူတို့နှင့်အတူ ကြည့်လိုက်မိပါတယ်။
“ဟာ … သွားပြီ”
အသံကုန် ဟစ်လိုက်မိတယ်။ စိတ်ထဲကပါ။
ပန်းချီကားတချပ်လုံး အနီတွေ ရဲ ဘလောင်းခတ်နေပြီ။
ကျနော်ဘာမှားသွားပါသလဲ။
ကျနော် ပန်းချီရေးရန် ဖွင့်ထားသောဆေးဗူးမှာ အပြာရောင်မဟုတ် အနီရောင်။
“ကိုဇေ … ခင်ဗျားပန်းချီကား ဒေါက်ပေါ်က ပြုတ်ကျ နေလို့ ကျနော်ကောက်တင်ထားတယ်။”
သူငယ်ချင်းတစ်ယောက်က ကျနော့်ကို လာပြောပါသေးတယ်
“သြော် … ဒါကြောင့် ပန်းချီကား ဆေးမခြောက်မီ ပြုတ်ကျသွားလို့ ဆေးတွေ မှာ အစင်းရာတွေထင်ပြီး စုတ်ချက်ကြမ်းကြမ်းနဲ့ ရေးထားသလို ဖြစ်နေတာကိုး ။ ”
ဒါက ဒီလောက်နဲ့မပြီး။
ကျနော်ပန်းချီကားကို တက္ကသိုလ်နှစ်လည်ပန်းချီပြပွဲတင်တော့ စိစစ်ရေးက ပယ်လိုက်ပြန်ပါတယ်။
စိစစ်ရေးလူကြီးမင်းများက ကျနော့် ကိုဘာလို့ အနီရောင်နဲ့ရေးရတာလဲ၊ စုတ်ချက်တွေက ဘာကြောင့် ဒီလောက် ကြမ်းကြမ်းသုံးရတာလဲ တဲ့။

ကျနော်က ဆေးဗူးမှားပြီးဖွင့်မိလို့ အနီရောင်နဲ့ရေးမိတာပါ။ စုတ်ချက်ကြမ်းတာက ပန်းချီကာ ပြုတ်ကျပြီး ဆေးတွေမှာ အစင်းတွေထင်သွားတာပါလို့ အမှန် အတိုင်းပြောပါတယ်။
ဒါပေမယ့် မရပါဘူး။ ကျနော်ပန်းချီကားကို ပြပွဲမှ ပယ်ရုံတင်မက ကျနော်ကို နောက်ယောင်ခံလိုက်ခါ ကျောင်းသားဆိုးအဖြစ် သတ်မှတ်လိုက်ပါတော့တယ် ။
တကယ်ပါ သူတို့ကို ကျနော်အမှန်တိုင်းပြောပါသေးတယ်။ ကျနော်ဆေးဗူးမှားဖွင့်မိလို့ ၊
အိပ်ချင်မူးတူးရေးမိလို့။
အမှန် အတိုင်းမှားမိတာပါ။
ဒီလိုနဲ့ ကျနော်ဟာ မှာပြီးရင်းမှား
သူတို့လည်း မှားပြီးရင်းမှား
ဇူလိုင် ၁၃၊ ၂၀၁၂
Posted by MoeMaKa at 12:03 AM 0 comments  

SATURDAY, JULY 21, 2012

Thazin

“ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်” အမှတ် (၄၃၁)
မာမာအေး
ဇူလိုင် ၂၂၊ ၂၀၁၂



သဇင်

သောတရှင်များ ကျန်းမာတော်မူကြပါစရှင် ...

မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ … မာအေးရဲ့ “ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်” လို့ ခေါင်းစဉ်ပေးထားတဲ့ အစီအစဉ်လေးမှာ ဂီတအကြောင်း၊ ဂီတလေါကထဲကအကြောင်း၊ ဂီတသမားတို့အကြောင်းတွေနဲ့ မာအေးခေါ်တဲ့ သီချင်းသည်မလေးရဲ့ ၀န်းကျင်က အထင်ကရ တွေ့ထိသိမြင် အကြောင်းစုံလင်တွေကို ပြောပြလာခဲ့တါ များလှပါပြီနော်။
ချစ်ရတဲ့ ဂီတမိတ်ဆွေတို့ရဲ့ အချိန်တွေ အဟောသိကံ မဖြစ်တန်ဘူး ထင်ပါရဲ့။ “မသိခဲ့နိုင်တာလေးတွေ သိရတာပေါ့” လို့ ချစ်သူတို့ဖက်က အသံလေးတွေ တက်လာတာ ကြားသိရတဲ့အတွက် ၀မ်းသါ အမောပြေ ကျေးဇူး ကုဋေတင်နေမြဲပါ။

အနေဝေးသော်လဲ - ရေကိုဘဲ ဓါးနဲ့ခုတ်ရင် ပြတ်ချင်ပြတ်လိမ့်မယ်၊ ကိုယ့်မွေးမြေ ကိုယ့်လူတွေနဲ့ မာအေး ပြတ်ဖို့က ဝေးသါးကလား။ စားစားသွားသွား နားနားနေနေ လူမရောက်တာတခုဘဲ ရှိတာလေ။ သိပ္ပံထွန်းကါးတဲ့ ခေတ်ကြီးမှာ ကိုယ့်တိုင်းပြည် ဘာတွေဖြစ်နေသလဲ ဆိုတာက အစ သိနိုင်နေရတော့ နီးနီးဝေးဝေး တူတူပါဘဲ။

လွှတ်တော်ကြီးထဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကြားဖြတ်ရွေးကေါက်ပွဲမှာ အောင်နိုင် အရွေးခံရတဲ့ အမတ်မင်းပေါင်း လေးဆယ်ကျော် တက်ရောက် ကျမ်းသစ္စာကျိန်ဆိုကြတယ် တဲ့။ ပြည်သူချစ်တဲ့ “အောင်ဆန်းရင်သွေး စုကလေး” တို့ ပြည်သူ့ကိစ္စ အကျိုးမျှအောင် စည်းဘောင်အတွင်း ချင်းနင်းဝင်ပေါင်းနိုင်တဲ့ အကြောင်း ကြားရတော့ ငြိမ်းချမ်းဖို့ရာ အလါးအလာ ထင်ရှား ထင်ရှားလာနေတာလို့ အကေါင်းဖက်ကမြင်၊ အကေါင်းဖက်ကတွေး၊ အကေါင်းတွေချည်း ဖြစ်လာပါစေလို့လဲ ဆက်ပြီး ဆုတောင်းရသေးတယ် သောတရှင်တို့ရဲ့။

ကိုယ်က ဂီတအနုပညာသမား ဆိုတော့ တိုင်းပြည်အေးမှ ငြိမ်းချမ်းမှကြိုက်တာ၊ ကိုယ်ထုတ်လုပ်တဲ့ အနုပညာကို မငြိမ်းချမ်းတဲ့ နှလုံးသားနဲ့ နားမထောင်စေ့ချင်ဘူးရှင်။ သူတို့ရင်အေးမှ တေးအလှကို ခံစားနိုင်မှာမို့လို့ ဆုတောင်းဖြစ်တာပါဘဲ။ တိုင်းပြည်ကို ကေါင်းအောင် ခေါင်းဆောင်မယ့်သူတွေ မာအေးတို့ ပန်တျာလောကကိုလဲ သတိရပါစေလို့ ထပ်ပြီး ဆုတောင်းရဥိးမယ်ရှင့်။ မာအေးတို့လောကအတွက် ဥပဒေ ဥပဒက်တွေ လိုအပ်နေလို့ပါ။ ပါးစပ် ဥပဒေနဲ့ အစဉ်အလာကလေး လိုက်နာနေလို့ တချို့ ပြေလည်ကြပေမယ့် ဂီတ ဥပဒေရယ်လို့ အတိအကျမရှိတဲ့အတွက် ဈေးကွက် မတည်ငြိမ်၊ လူလိမ်တွေသာ သူဋ္ဌေးဖြစ်၊ ကြာလေလေ နစ်လေလေ ဖြစ်နေကြလို့ပေါ့ရှင်။

ဂီတသမား အများစုဟာ “စာပေ - ၀တ္ထု၊ ရတု-ကဗျာ၊ ပျို့-လင်္ကါနှင့်၊ သာသည်သီချင်း၊ အဲ ... စောင်းညှင်းကို၊ ဖတ်-ရွတ်-လေ့ကျက်၊ တီးမှုတ်လျက်သာ နေကေါင်းစွာ” လို့ အဖိုး ၀န်ကြီး ပဒေသရာဇာ ရေးခဲ့တဲ့ မှတ်တမ်းအတိုင်း နေလိုက်ကြတယ် ထင်ပါရဲ့။ တီးနေရ - ဆိုနေရရင် ပြီးရော - ဘ၀ကို မျှောထားခဲ့ကြတာများပါတယ်ရှင်။ ရှေးက ဆရာသမား လူကြီးများလို မှတ်တမ်းမှတ်ရာ နှောင်းလာတို့အတွက် ထားရမှာတောင် မေ့နေကြပုံ ပေါ်တယ်။ ရှေးတချိန်ကတော့ ဂီတကို သုံးခဲ့တာ ထီးဘုရင်မင်းနဲ့ နန်းတွင်းမှာပါ။
ပညာရှိဝန်ရှင်တော်တွေရဲ့လက်ထွက် - ဂီတမာလာ တော်ဝင်ပညာတွေအပေါ်မှာ လိမ်ညာကေါက်ကျစ်၊ အရောင်းအ၀ယ်စံနစ်မှ ဖြစ်စရာ မရှိဘဲကိုး၊ ရိုးရိုးအေးအေးနေလို့ ရပေတာပေါ့ရှင်။ နန်းတွင်းက အနုပညာအမွေခံ ပန်တျာသည်တွေဟာလဲ အရှင်နှစ်ပါး ပါတော်မူရှာကါမှ ပြည်သူခေါ်ပင့်ရာ ရပ်ဒီတာကို လိုက်ပါဖြန့်ဝေ ဂီတတွေ ရောက်စေခဲ့တာတွေ ပြောပြီးပါပြီလေ။

ကိုယ့်တိုင်းပြည် ကိုယ်ပြန်ရလာတဲ့အခါ အာဇာနည်အ၀င်အပါ ဆရာကြီး ဒီးဒုတ်ဦးဘချိုရဲ့ အစီအစဉ်နဲ့ အဝေးရောက်မင်းလို့ ခေါ်ကြတဲ့ “ဦးအောင်ကြီး” ကို ရှာဖွေ အထွေထွေသော ယဉ်ကျေးမှု စာပေ ဂီတတွေကို ပြနစုခဲ့ကြရပါတယ်။ မာအေးရဲ့ဆရာ အလင်္ကါကျော်စွာကြီးကိုယ်တိုင်လဲ ဦးထိပ်ပန်ဆင် “ရကန်” အဆိုကို အရ သင်ခဲ့ပါသတဲ့။ မာအေးရဲ့ အဆိုကျောင်းသားတွေကို ဆရာကြီး ဦးဘသန်း ကြွရောက်ပြီး သူ့အတွေ့အကြုံတွေကို ပြောပြ ဆိုပြတုန်းက အမှတ်တရအသံ နာခံကြည့်ရအောင်လားရှင်။

*(ဆရာဦးဘသန်းအသံ+ရကန်) [စကါး] အဝေးရောက် ဦးအောင်ကြီးရဲ့မူဖြစ်ပါတယ်။ ဒီ ဦးအောင်ကြီးရဲ့မူကို ကျနော်ကိုယ်တိုင် နှုတ်နဲ့လဲ သင်ပါတယ်။ နုတ်နဲ့လဲဘဲ လိုက်ရေးထားပြီးတော့မှ ဦးဘချိုရဲ့ ညွှန်ကြားချက်အရ အဝေးရောက်မင်းရဲ့ ရကန်ဆိုပုံဆိုနည်းအတိုင်း ဆိုပြပါမယ်။

(ရကန်) စိမ့်ကြီးမြိုင်ကြီး ရိပ်ကြီးတောတောင် ...၊ နေရောင်မခံ၊ ပန်းပျံပင်ဆင့်၊ မြေနှင့်ရန်ဘက်၊ ခက်လက်စိမ်းမြ၊ မိုးမခဘူး။ ။
နွေလသန်ပေါက်၊ ယဉ်ချိန်ရောက်ခါမှ၊ နှင်းသောက်ကယ်ရွှင်ရွှင်၊ ပွင့်ဖူးတွေ ဆင်ကြသည်၊ ရွှေပင်ဆင့် ငွေပင်ဆင့်၊ ပတ္တမြားပင်ဆင့်၊ ဂမုန်းအင်ဘက်၊ ဆောင်စက်ရိပ်ခို၊ ရည်တွက်လို့ဆိုတော့မည်။ ။
လက်တန်တိုတမည်၊ လက်တန်ရှည်နှင့်၊ နေရောင်ခြည်၊ လရောင်ဝါ၊ မိုးလုံးပြာ မိုးလုံးမှိုင်း၊ ပုလဲဆိုင်း ပုလဲနှစ်၊ ချစ်စရာ့ လိပ်ပြာတောင်။ ။
နီလာရောင် တောင်လုံးမြိုင်၊ သုံးပွင့်ဆိုင် ခိုင်လုံးဆန်း၊ ပင်လုံးလန်း၊ နွယ်တံယိမ်း - ညှာတံစိမ်းများတို့၊ လေသိမ်းတိုင်းလှ ကိန္နရီကသည်နှယ်။ ။
တချို့က နီပြာပြာ၊ တချို့က ဖြူဝါ၀ါ၊ တချို့မှာ ချိတ်ပွင့်၊ တချို့မှာ ပန်းရင့်လို့၊ ပင်ဆင့်ပန်းပျံ၊ ဘွဲ့မည်ရည်ခံခြင်းတွင်။ ။
ဝေယန်နန်းမြင့်၊ ပင်တိုင်းတင့်မို့၊ မြို့ဝန်မင်းစာ လိပ်မပါဘဲနှင့်၊ ကွယ်ရာဈေးပြင် ရောင်းလို့များ မြင်မလာ့၊ သေချင်သေ ရှင်ချင်ရှင်၊ အင်မတန့်အင်မတန် ရာဝတ်တော်ခံရသည်၊ မြတ်ပန်တော်ပန်း ခိုင်လုံးလန်းကို၊ ဟိုလောင်ပန်းပွင့်၊ ဘယ်ဂုဏ်ကြေင့် ၀င့်မတုန်း၊ ဘုန်းနှင့်ကံနှင့် ရွှေသဇင် xxx

ချစ်ဆွေတို့ရေ၊ မြို့ဝန်မင်း ခွင့်ပြုစာ မပါဘဲ၊ 'သဇင်ပန်း'ကို နန်းပြင်မှာထုတ်၊ ရောင်းတုတ်ခဲ့ရင်တောင်မှ ရာဇ၀တ်ဒဏ် အထားခံရမယ်တဲ့ရှင့်။ ကြားလိုက်တယ မဟုတ်လား။ ဘုရင့်စက်တော်ခန်းအတွက် အဖေါ်ဂီတများ ဖြစ်ခဲ့သော ပိုဆိုးလိမ့်မယ် ထင်တယ်နော။ ဒါကြောင့်များ မခိုးယူရဲတာလား အတွေးများမိပါတယ်ရှင်။

ဘီဘီစီ အသံလွှင့်ဌာန http://www.bbc.co.uk/burmese/ ၏ ထုတ်လွှင့်ချက်ကို ကူးယူ ဖော်ပြသည်။


စာစီစာရိုက် - မျိုးဇော်
Posted by Moemaka at 11:57 PM 0 comments  
Labels: Mar Mar Aye

Than Soe Hlaing - Change that benefit and not

ပြုပြင်ပြောင်းလဲရေး အကျိုးခံစားရသူများနှင့် မခံစားရသူများ
သန်းစိုးလှိုင်၊
ဇူလိုင် ၂၂၊ ၂၀၁၂
ပြီးခဲ့တဲ့ ၁ နှစ်ခွဲတာကာလလုံးလုံး ဦးသိန်းစိန် ခေါင်းဆောင်တဲ့ မြန်မာအစိုးရသစ်ရဲ့ ပြုပြင်ပြောင်းလဲရေးဆိုတာကို မြန်မာပြည်တွင်းကသာမက နိုင်ငံတကာ ကပါ စိတ်ဝင်စားနေခဲ့ကြပါတယ်။
ပြည်တွင်းက ပြည်သူတွေအဖို့ မြန်မာပြည်ကြီး ပြောင်းလဲနေပြီ ရှေ့ကိုရွေ့နေပြီလို့ အပြင်ကသူတွေ ပြောတော့မှ မြန်မာပြည်ထဲနေသူတွေက ကိုယ့်ဟာကိုယ် ပြန်ကြည့်ပြီး ဒါကိုရွေ့နေတယ်ခေါ်တာလားလို့ မှတ်ယူလိုက်ရသူတွေလည်း မြန်မာနိုင်ငံမှာ အများကြီးရှိပါတယ်။ ဘာလို့လဲ ဆိုတော့ ပြုပြင်ပြောင်းလဲရေး လုပ်နေပြီ ခေတ်ပြောင်းနေပြီ စနစ်ပြောင်းနေပြီဆိုတာ သတင်းစာမှာ၊ ဂျာနယ်မှာ ဖတ်ရပေမယ့် ကိုယ်တကယ် လက်တွေ့ဆက်ဆံနေရတဲ့ အာဏာပိုင်တွေ၊ လူနေမှု ဘ၀တွေက မပြောင်းလဲသေးလို့ပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ လူဦးရေရဲ့ အများစုဖြစ်တဲ့လယ်သမား လူတန်းစား၊ အလုပ်သမားတွေ၊ ၀န်ထမ်းတွေ၊ ပုဂ္ဂလိက လခစား ၀န်ထမ်းတွေအများစုရဲ့ နေမှုထိုင်မှုဘ၀တွေ အလုပ်အကိုင် အခွင့်အလမ်းတွေ သိသိသာသာ တိုးတက်မလာသေးပါဘူး။

အမှောင်ထဲက အရေးအခင်းများ
လယ်သမားတွေ အဖို့ အခုချိန်ထိ လုပ်ကိုင်နေတဲ့ လယ်တွေသိမ်းခံနေရဆဲပါ။ အချို့က အရင်သိမ်းထားရတဲ့ ကိစ္စတွေ အတွက် သမ္မတကြီးထံကို လိပ်မူပြီး စာရေးတင်ပြနေရဆဲဖြစ်သလို အလုပ်သမားတွေအဖို့လည်း အလုပ်ခွင်အခြေအနေတိုးတက်လာဖို့ လုပ်ခတိုးတက်လာဖို့ အလုပ်အကိုင် အခွင့်အလမ်းပိုရလာဖို့ တောင်းဆိုနေရဆဲပဲ ဖြစ်ပါတယ်။
အရင်ကဆို အလုပ်သမား အခွင့်အရေးလို့ ဆိုလိုက်တာနဲ့ လုံထိန်းကားတွေ အရပ်ဝတ်စုံထောက်တွေ စက်ရုံ အလုပ်ရုံရှေ့ရောက်လာတဲ့ အခြေအနေကနေ အခုတော့ လုံထိန်းကား အစား အလုပ်သမား အရေးဆောင်ရွက်သူတွေနဲ့ မီဒီယာတွေရောက်လာတာကို ပြောင်းလဲတိုးတက်မှုလို့ အဓိပ္ပါယ်ဖွင့်ရင်တော့ ပြောင်းလဲတယ် ဆိုရမယ် ထင်ပါတယ်။
အလားတူ လယ်သမားတွေအဖို့လည်း အခုဆိုရင် သိမ်းခံရတဲ့ လယ်မြေတွေအတွက် ရန်ကုန်မြို့ မြို့ရွာ အိုးအိမ်ဦးစီးဋ္ဌာနရှေ့မှာ ထိုင်သပိတ် ဆန္ဒပြခွင့်ရှိလာတာကို တိုးတက်မှုလို့ ပြောမယ်ဆို ပြောကြပါလိမ့်မယ်။ တကယ်တန်း လယ်သမားတွေအတွက် မြေယာပိုင်ဆိုင်မှု ဥပဒေ ခိုင်ခိုင်မာမာ မရှိသေးတာ၊ စပါးဈေး ကျလို့ ချေးထားတဲ့ ကြွေးတွေ ကြေအောင်မဆပ်နိုင်တဲ့ အခြေအနေမျိုးတွေနဲ့ ရင်ဆိုင်နေရတာကြောင့် လယ်သမားတွေရဲ့ဘ၀ ဒုံရင်းကနေ မတက်သေးပါဘူး။
ဒီမိုကရေစီနိုင်ငံအချို့မှာလို လယ်သမားတွေ အတွက် အစိုးရအနေနဲ့ မျိုးကောင်း မျိုးသန့်၊ အထောက်အပံ့ပေးဖို့ လယ်ယာစိုက်ပျိုးရေး ပေါ်လစီ မှန်မှန်ကန်ကန် ချဖို့ စတာတွေကို တောင်းဆိုရကောင်းမှန်း မြန်မာနိုင်ငံက လယ်သမားတွေ မသိကြသေးပါဘူး။ ကိုယ့်လယ်မြေ အသိမ်းမခံရအောင်၊ သိမ်းခံရတာတွေ ပြန်ရအောင် တောင်းဆိုတဲ့ အဆင့်ပဲရှိပါသေးတယ်။

လုပ်ရလွယ်တဲ့ ပြုပြင်မှု၊ လုပ်သင့်တဲ့ ပြုပြင်မှု
ထင်သာမြင်သာရှိတဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်တဲ့ အတိုက်အခံကို လွှတ်တော်ထဲရောက်အောင် စီစဉ်တာ၊ နကိုက မိုးထိနေတဲ့ကားဈေး ကျဆင်းသွားအောင် ဖြေလျော့တဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုလိုမျိုးတွေက လုပ်ရလွယ်ပေမယ့် ပညာရေး လို လယ်ယာစိုက်ပျိုးရေးကဏ္ဍလို ကိစ္စရပ်တွေမှာ လုပ်ရခက်ခဲသလို အခုချိန်ထိ ထိထိရောက်ရောက် မဆောင်ရွက်နိုင်သေးတာလည်း တွေ့ရပါတယ်။
ပညာရေးမှာ ကျူရှင်ချည်း အားကိုးနေရတဲ့ ပညာရေး စနစ်တွေပြင်ဆင်ပေးဖို့၊ စာမတတ်တဲ့ အဝေးသင်စနစ်တွေ ပြင်ဆင်ဖို့၊ အရည်အချင်းရှိတဲ့ ဆရာတွေဖြစ်ဖို့ အစရှိတဲ့ လုပ်ဆောင်သင့်တဲ့ ပြောင်းလဲမှုအများအပြားကို ကျောင်းသားတွေနဲ့ သူတို့ရဲ့မိဘတွေက ငံ့လင့်နေကြပါတယ်။
တိုင်းရင်းသား ဒေသတွေမှာတော့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးက ပြုပြင်ပြောင်းလဲရေး ဆိုတာကို မှတ်ကျောက်တင်မယ့် အချက် ၂ ချက်ပါ။ ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေးရှိမှသာပဲ ရေရှည်ဖွံ့ဖြိုးရေး ဖေါ်ဆောင်နိုင်မှာပါ။ နို့မဟုတ်ရင်တော့ တိုင်းရင်းသားဒေသများမှ သယံဇာတ ထုတ်ဖေါ်တဲ့ ဖွံ့ဖြိုးရေးမျိုးပဲ ဖြစ်ပြီး ဒေသခံတွေ အားလုံး အကျိုးခံစားရမှာ မဟုတ်ပါဘူး။
၉၀ ကျော် ခုနှစ်တွေတုန်းက ဦးခင်ညွန့်လုပ်ခဲ့သလို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ လက်နက် ဆက်ကိုင်ခွင့်ပေးပြီး မြို့ပေါ်ရောက်လာရုံနဲ့ ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေး မဖေါ်ဆောင်နိုင်သလို ဖွံ့ဖြိုးရေးလည်း မလုပ်ဆောင်နိုင်ပါဘူး။ အဲဒီကာလရဲ့ သင်ခန်းစာကို ယခုတကြိမ်မှာ ယူကြမှ နိုင်ငံရေးအရ ဆွေးနွေးမှု၊ ဖြေရှင်းမှုတွေဆီ ဦးတည်သွားနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

ဘယ်သူတွေ အကျိုးခံစားနေရပြီလဲ
နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနဲ့ စီးပွားရေး ဖြေလျှော့မှု၊ ဆိုတာကြောင့် ဥရောပနဲ့ အနောက်နိုင်ငံအချို့က ပိတ်ဆို့မှုတွေကို ယာယီအားဖြင့် ဒါမှမဟုတ် အပြီးတိုင် ဖယ်ရှားပေးတာတွေရှိလာပါပြီ၊ ဘဏ္ဍာရေး ဆိုင်ရာ တားမြစ်မှုတွေ အတော်လေး လျော့ပေါ့လာတာကြောင့် နိုင်ငံတကာနဲ့ ဆက်သွယ်တဲ့ လုပ်ငန်းရှင်တွေ အထိုက်အလျှောက် အကျိုးခံစား နေရပါပြီ။
နိုင်ငံခြားငွေကြေးလဲနှုန်း တမျိုးထည်းဖြစ်အောင် သတ်မှတ်ဖို့ ကြိုးစားတာ၊ ပုဂ္ဂလိကဘဏ်တွေကို နိုင်ငံခြား ငွေစာရင်းဖွင့်ခွင့်ပေးတာတွေကြောင့် ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်တွေအဖို့ အနည်းငယ် လွယ်ကူလာတဲ့ အခြေအနေတချို့ ရှိလာပါတယ်။
၁၀ စုနှစ်နှစ်ကာလ တခုကျော် သဘာဝမကျတဲ့ ကားဈေးကြီးမြင့်မှုကို တနှစ်အတွင်း ဈေးခေါက်ချိုးအောက်ရောက်အောင် စီးပွားကူးသန်းနဲ့ ကညနတို့က ကန့်သတ်ချက်တွေ ပယ်ဖျက်ခဲ့ပါတယ်။ မြန်မာ့စီးပွားရေး ဦးပိုင်နဲ့ လုပ်ငန်းရှင်ကြီးတချို့သာ ရတဲ့ ကားပါမစ်ကို ဖြေလျော့လိုက်တာ လုပ်သင့်တဲ့ လုပ်ရပ်တခုအဖြစ် အများက ကြိုဆိုကြပါတယ်။
ကားပါမစ် ဖြေလျော့တာလိုမျိုး မိုဘိုင်း တယ်လီဖုန်း လိုင်းတွေ ပုဂ္ဂလိက ကုမ္ပဏီတွေကို လွပ်လပ်စွာလုပ်ကိုင်ခွင့် ပေးဖို့ လိုအပ်နေတာကိုလည်း ထောက်ပြနေကြပါတယ်။ မြန်မာပြည်မှာ ကား၊ မိုဘိုင်းဖုန်း နိုင်ငံတကာနဲ့ နှိုင်းရင် မဖြစ်သင့်တဲ့ ဈေးဖြစ်နေတာက ဆယ်စုနှစ်တခုကျော်လာပါပြီ၊ မိုဘိုင်းဆင်းကဒ် တကဒ် ကျပ် ၃၊ ၄ ၊ ၅ထောင်နဲ့ ရောင်းနိုင်အောင်၊ တမိနစ်ပြောခ ယခုထက် သက်သာအောင် လွပ်လပ်စွာပြိုင်ဆိုင်ခွင့် ပြုမှဖြစ်မှာပါ။
ဆက်သွယ်ရေး ၀န်ကြီးဋ္ဌာနနဲ့ အစိုးရနီးစပ်သူ ကုမ္ပဏီကြီးတွေ လက်ဝါးကြီးအုပ်ထားတဲ့ အခြေအနေကြောင့် နယ်က သူတွေ၊ မြို့ပေါ်က လက်လုပ်လက်စားတွေ ဖုန်းမကိုင်နိုင်ကြသေးပါဘူး။ ခေတ်သစ်စီးပွားရေး မှာ မိုဘိုင်းဖုန်းဟာ အလွန်အရေးပါသလို အများကြီးလည်း အထောက်အကူပြုနိုင်ပါတယ်။ ပညာနဲ့ အသက်မွေးသူက စလို့ လယ်ယာစိုက်ပျိုးရေး နဲ့ အသက်မွေးသူအဆုံး မိုဘိုင်း အင်တာနက် နည်းပညာရဲ့ အကျိုးကျေးဇူးကို အနည်းနဲ့အများ သက်ဆိုင်ခံစားကြရပါတယ်။
ခေတ်ပြောင်း စနစ်ပြောင်းတဲ့ရလဒ်ကို လူတိုင်း ထိတွေ့ခံစားစေချင်ရင် မိုဘိုင်းဖုန်းကို ဈေးနှုန်း အသက်သာဆုံးနဲ့ သုံးနိုင်အောင် အစိုးရက လုပ်ဆောင်ရမှာပါ။ ရင်းနှီးမြှုပ်နှံမှုတွေ အလုပ်အကိုင် အခွင့်အလမ်းတွေဖန်တီးမယ့် စက်ရုံတွေ၊ အလုပ်ရုံတွေက နေ့ချင်း အကောင်အထည် မပေါ်လာနိုင်ပေမယ့် မိုဘိုင်းဆက်သွယ်မှု နည်းပညာဆိုတာက နေ့ချင်းညချင်း အကောင်အထည်ဖေါ်လို့ ရပါတယ်။
ဒါကြောင့် ငါးထောင်တန် ဆင်းကဒ်ဆိုတဲ့ လှုပ်ရှားမှုနဲ့ ဂယက်ဟာ စိတ်ကူးယဉ်မှု သက်သက်မဟုတ်ပါဘူး၊ ပုဂ္ဂလိက ကုမ္ပဏီတခုအနေနဲ့ လုပ်နိုင်တယ်ဆိုတာကို ဖွင့်ချပြလိုက်သလို ဒီရလဒ်ဟာ လူထု မျှော်လင့်တဲ့ အပြောင်းအလဲဆိုတာတွေထဲက တခုဆိုတာ ဖေါ်ပြလိုက်တာလည်း ဖြစ်ပါတယ်။ ဒီအသံကို နိုင်ငံ အုပ်ချုပ်တဲ့ အစိုးရ အနေနဲ့ ကြည့်မြင်နားလည်တတ်ရင် လူထုရဲ့ ဆန္ဒ၊ မျှော်လင့်ချက်ကို အဓိပ္ပါယ်ဖွင့်နိုင်ပါလိမ့်မယ်။
ဈေးသက်သာတဲ့ မိုဘိုင်းဖုန်း ဖြစ်မြောက်ရေးဟာ ဦးသိန်းစိန် အစိုးရ အနေနဲ့ ဘယ်လောက်ထိ ပြုပြင်လွယ်သလဲ၊ အစိုးရနဲ့ ပေါင်းပြီး ကြီးပွားချမ်းသာနေတဲ့ လုပ်ငန်းရှင်ကြီးတွေရဲ့ နှောင်ကြိုးကို ဘယ်လောက် ဖြတ်တောက်နိုင်သလဲ ဆိုတဲ့ အချက်ကိုလည်း မှတ်ကျောက်တင်မယ့် ကိစ္စတရပ်ဖြစ်ပါတယ်။

ပြောင်းလဲမှု မျက်နှာစာ
သတင်းမီဒီယာတွေ အထိုက်အလျောက် လွတ်လပ်ခွင့်ပေးလာတဲ့ အခြေအနေကြောင့် ပြည်ပအခြေစိုက် သတင်းဋ္ဌာနတချို့ ပြည်တွင်း ပြန်ဝင်ပြီး လုပ်ကိုင်နိုင်လာပါတယ်။ ပြည်တွင်း ဂျာနယ်တွေ ယခင်ရေးသားခွင့်မရှိတဲ့ အကြောင်းအရာတွေ ရေးသား လာနိုင်ပါတယ်။
လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေဆီသွားရောက်ပြီး သတင်းယူရေးသား ဖေါ်ပြလာတာတွေ ရှိလာပါတယ်။ ဖေါ်ပြရာမှာ ဝေဘန်ဆန်းစစ်မှု အရေးအသားတွေ ပြည့်ပြည့်၀၀ ဖေါ်ပြနိုင်တဲ့ လွတ်လပ်မှုတော့ မရှိသေးတာ အမှန်ပါ။
နိုင်ငံရေးအဖွဲ့အစည်း၊ အရပ်ဘက် လူမှု အဖွဲ့အစည်းတွေ စုဝေးကာ အထိမ်းအမှတ် အခမ်းအနားတွေ လုပ်ဆောင်လာနိုင်တာတွေက ပြုပြင်ပြောင်းလဲမှုရဲ့ ရလဒ်လို့ပြောရင် ပြောနိုင်ပါတယ်။ အရင်က ဓါးမိုးအုပ်ချုပ်ခဲ့တဲ့ ခေတ်ကနေ အသက်ရှုနည်းနည်းချောင်လာတာက ဒီမိုကရေစီရပြီလို့ မဆိုနိုင်သေးပါဘူး။ လှုပ်သာ လူးသာရှိလာတယ်လို့သာ ဆိုရမယ်ထင်ပါတယ်။
လတ်တလော မီဒီယာ ဖြေလျော့မှု နိုင်ငံရေး ဖြေလျော့မှုတွေကနေ လူတွေအားလုံး ခံစားထိတွေ့နိုင်တဲ့ ပြုပြင်ပြောင်းလဲမှုမျိုး ၀ိုင်းဝန်းလုပ်ဆောင်ကြရဦးမှာပါ။ အုပ်ချုပ်ရေး အာဏာပိုင်တွေရဲ့ လာဘ်စားမှုတွေ၊ တရားစီရင်ရေးဋ္ဌာနရဲ့ လာဘ်စားမှုတွေ၊ တပ်မတော်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ထောက်ပြ ဝေဘန်ပြောဆိုခွင့်ရှိလာပါပြီလား။
ဗိုလ်ချုပ်တွေ ၀န်ကြီးတွေရဲ့ ကိုယ်ကျိုးစီးပွားတွေ တရားဥပဒေနဲ့ ညီမညီ၊ ကန်ထရိုက်ချပေးတာ၊ လုပ်ပိုင်ခွင့်ချပေးရာမှာ ပွင်းလင်းမြင်သာမှု မရှိတာ၊ ခြစားတာ အာဏာအလွဲသုံးမှုတွေကို မီဒီယာက ဖေါ်ထုတ် ဝေဖန်ခွင့်ရှိပါပြီလား။
အဲဒီအချက်တွေ မရှိသေးရင် ပြုပြင်ပြောင်းလဲမှု၊ မြန်မာပြည်ရွှေ့နေပြီဆိုတာ အမှန်တကယ် ဖြစ်ပျက်နေတာပါလို့ ယုံကြည်ဖို့ ခက်ခဲနေရဦးမှာဖြစ်ပါတယ်။
Posted by MoeMaKa at 10:29 PM 0 comments  

U Wirathu's Statement 7


“ဝီရသူ သဘောထား ၇/၇၄”
အရှင်ဝီရသူ၊ ဇူလိုင် ၂၁၊ ၂၀၁၂
            ၁၃၇၄-ခု ဒုတိယဝါဆိုလဆန်း(၇) ၂၀-၇-၂၀၁၂-သောကြာနေ့
မောင်တောမြို့နယ်မှ စတင်ဖြစ်ပွားခဲ့သော ရခိုင်အရေးခင်းနှင့် ပက်သက်၍ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက ဘဒ္ဒန္တဝိစိတ္တာဘိဝံသ.အရှင်ဝီရသူ(မစိုးရိမ်)၏ သဘောထားအမှန်ကို ထုတ်ပြန်ကြေညာ အပ်ပါ သည်။
(က)    ၈-၆-၂၀၁၂-ရက်နေ့မှ စ၍ ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် တစ်ပြိုင်တည်း ဖြစ်ပွားခဲ့သော အရေးခင်းသည် ရခိုင်ကုလား အဓိကရုဏ်းလည်း မဟုတ်ပါ။ ဗုဒ္ဓဘာသာဝင်နှင့် အစ္စလာမ်ဘာသာဝင်တို့ အကြားဖြစ်ပွားသော ဘာသာရေးပဋိပက္ခ လည်း မဟုတ်ပါ။ အမှန်အားဖြင့် အစွန်းရောက် အစ္စလာမ်ဘာသာဝင် စစ်သွေးကြွများ ယုံကြည်လက်ခံထားသည့် ဂျီဟတ်စစ်ပွဲသာ ဖြစ်ပါသည်။
(ခ)      ၃-၆-၂၀၁၂-မှ ၈-၆-၂၀၁၂-အထိ ရက်ပိုင်းအတွင်းသာကြာလိုက်သော တောင်ကုတ်အရေးအခင်းကို အကြောင်းပြု၍ မောတော၊ စစ်တွေ၊ ရသေ့တောင်မြို့နယ်တို့တွင် ဖြစ်ပွားခဲ့သော အရေးခင်းကို လူမျိုးရေး အဓိကရုဏ်းဟု ဆိုဖွယ်ရှိသော်လည်း အကြမ်းဖက် ဘင်္ဂါလီကုလားများသည် ဟိန္ဒူလူမျိုးစုတို့၏ အသက်အိုးအိမ် စည်းစိမ်ကိုပါ ပြောင်ပြောင်တင်းတင်း ပစ်မှတ်ထား၍ ကျူးကျော်တိုက်ခိုက်ကြသည်ကို တွေ့ရသောကြောင့် ရခိုင်-ကုလား လူမျိုးရေးအဓိကရုဏ်းမဟုတ်ဟု ဆိုခြင်းဖြစ်ပါသည်။ မှန်ပါသည်။ ဘင်္ဂါလီကုလားများကို ကာယကံ ဝစီကံတို့ဖြင့် မည်သို့မျှ စော်ကားပြစ်မှားခြင်း မရှိခဲ့သော ဟိန္ဒူလူမျိုးများကိုပါ ပစ်မှတ်ထား၍ တိုက်ခိုက်ခြင်းကြောင့် ရခိုင်-ကုလား လူမျိုးရေးအဓိကရုဏ်း မဟုတ်မှန်းသိသာ ထင်ရှားပေသည်။
(ဂ)      အစွန်းရောက် စစ်သွေးကြွ အကြမ်းဖက် သောင်းကျန်းသူ ဘင်္ဂါလီကုလားများသည် ဗုဒ္ဓရုပ်ပွားတော်၏ မျက်နှာတော်ကို ကျဆုံးသူ ရခိုင်သွေးဖြင့် သုတ်လိမ်းသွားခြင်း၊ ကျောက်ဆင်းတုများ၏ ဦးခေါင်းတော်ကို ဖြတ်တောက်သွားခြင်း၊ ကြေးဆင်းတုတော်များကို မီးတိုက်ခြင်း၊ နားရွက်တော်ကို ဓားဖြင့်ခုတ်ဖြတ်ခြင်း၊ ဘုန်းတော်ကြီးများကို သတ်ဖြတ်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများကို မီးရှို့ခြင်းစသည့် အဓမ္မလုပ်ရပ်များကို ကြည့်လျှင် ဘာသာရေးပဋိပက္ခဟု ထင်ရဖွယ်ရှိသော်လည်း အကြမ်းဖက်ဘင်္ဂါလီကုလားများသည် နစက ရုံးများ၊ စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများကိုပါ ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ ရဲစခန်းဝင်စီး၍ လက်နက်လုခြင်း၊ ပြည်ပမှလက်နက်များ စုဆောင်းထားခြင်းများ ပြုလုပ်လာကြသောကြောင့် ဘာသာရေးပဋိပက္ခ မဟုတ်ဟု ဆိုခြင်းဖြစ်ပါသည်။
(ဃ)    အမှန်အားဖြင့် ရခိုင်အရေးခင်းသည် မောင်တော၊ ဘူးသီးတောင်၊ စစ်တွေမြို့တို့ကို အပိုင်ကြံသော ရခိုင်ပြည်သိမ်းတိုက်ပွဲ (သို့မဟုတ်) အစ္စလာမ်မစ်စတိတ် ထူထောင်လိုသော ဂျီဟတ်ဝါဒီ ဘင်္ဂါလီအကြမ်းဖက် စစ်သွေးကြွများ ဆင်နွှဲသည့် ဂျီဟတ်စစ်ပွဲသာ ဖြစ်ပါသည်။
            ဂျီးဟတ်စစ်ပွဲဖြစ်ကြောင်း ရခိုင်ပြည်သူများ သိမ်းဆည်းရမိသော အချက်အလက်များ၊ ဘင်္ဂါလီကုလားများ၏ မျှော်စင်ဗလီပေါ်မှ အသံချဲ့စက်ဖြင့် ပြိုင်တူအမိန့်ပေးသော စကားများ၊ မော်လဝီဆိုသူ ခေါင်းဆောင်များ၏ ပြောစကားများ၊ ထောင်သောင်းချီ၍ ချီတက်လာသော ကုလားအုပ်ကြီး၏ တပ်လှန့်ကြွေးကြော်သံများကို ကြည့်က သိနိုင်ပါသည်။
            ထို့ကြောင့် ရခိုင်အရေးခင်းသည် အများပြည်သူများ ထင်ထားသလို လူမျိုးရေးအဓိကရုဏ်းလည်း မဟုတ်ပါ။ ဘာသာရေးပဋိပက္ခလည်းမဟုတ်ပါ။ အစ္စလာမ်မစ်စတိတ်ထူထောင်ချင်သော စစ်သွေးကြွ အကြမ်းဖက်ဘင်္ဂါလီကုလားများ၏ ဂျီဟတ်စစ်ပွဲသာ ဖြစ်သည်ဟု ဆိုခဲ့ခြင်းဖြစ်ပါသည်။
(င)      ရခိုင်အရေးခင်း၌ အဓိကတာဝန်ရှိသော နစကကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးအောင်ကြီးနှင့် တပ်ဖွဲ့ဝင်တို့၏ ပေါ့လျော့မှု၊ ညံ့ဖျင်းမှု၊ သစ္စာဖောက်မှုတို့ကြောင့် ရခိုင်ပြည်သူများသည် သွေးဆာနေသော လူရမ်းကားအကြမ်းဖက်သမားများ၏ ဒဏ်ကို ခါးစီးခံခဲ့ရခြင်းဖြစ်ပါသည်။
            ထို့ကြောင့် ရခိုင်ပြည်နယ်အတွက်သာ မဟုတ်ဘဲ မြန်မာတစ်ပြည်လုံးအတွက်ပါ အရေးပါသော ရခိုင်ခံတပ်ခေါ် ပြည်ထောင်စု တံခါးကြီးလုံခြုံရေးအတွက် မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ် အပြည်အဝရှိသော ဝန်ထမ်းကောင်းများ ကိုသာ ရွေးချယ်ခန့်ထားဖို့ လိုကြောင်းနှင့် ရခိုင်ပြည်လုံခြုံရေး၊ အမျိုးသားလုံခြုံရေး၊ တိုင်းရင်းသားနှင့် အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်တို့ လုံခြုံရေးအတွက် စိတ်ချယုံကြည်လောက်သော အစီအမံကောင်းများ စီစဉ်ပေးဖို့ လိုအပ်ပါသည်။
(စ)      ဒုက္ခသည် စခန်းများ၌ မီးလောင်အဖျက်ဆီးခံရသော ရခိုင်ပြည်သူများ၊ အထူးသဖြင့် သေဆုံးသွားသူတို့၏ မိသားစုများ စိတ်ဓာတ်ခွန်အား ပြည့်ဝစေဖို့ စိတ်ဓာတ်မြှင့်တင်ပေးရန် အထူးလိုအပ်လှပါသည်။
(ဆ)    ရခိုင်ပြည်သူများတွင် ကုလားမရှိသော မြို့ရွာများမှာသာ နေလိုကြသူများ၊ လုံခြုံရေးအပြည့်အဝပေးလျှင် ရွာပြန်နေမည်၊ အားကိုးရလောက်သည့် လုံခြုံရေး မပေးနိုင်လျှင် လုံးဝပြန်မနေလိုကြသူများ၊ မိဘများခေါင်းချသွားရာ အရပ်မှာပဲ သေချင်သေပါစေ ပြန်နေပါမည် ဆိုသူများရှိရာ အစိုးရအနေဖြင့် တိုင်းရင်းသားစစ် ရင်သွေးစစ်များ၏ ဆန္ဒကို မိခင်စိတ်အပြည့်အဝထား၍ ဖြည့်ဆည်းပေးဖို့လိုအပ်ပါသည်။
(ဇ)      ကုလားရွာများကြားတွင် ပိတ်မိနေသော ရခိုင်ရွာများ၊ နတလရွာများတွင် ပြည်သူများသည် အပြင်လည်းအထွက်ရဲ၊ မြို့လည်းမတက်ရဲဘဲ ရိက္ခာပြတ်လပ်နေသော ဒုက္ခသည် စာရင်းမဝင်သော ဒုက္ခသည်များ ဖြစ်နေကြပါသည်။ အစိုးရ၏ အထောက်ပံ့ကိုလည်း မရ၊ NGO-တို့၏ အထောက်ပံ့ကိုလည်း မရ၊ မည်သည့်အထောက်ပံ့ကိုမျှ မရလျှင် ရေရှည်ရပ်တည်ဖို့ ခဲယဉ်းနေသော ထိုကျေးရွာများအတွက် ထည့်၍စဉ်းစား စီစဉ်ပေးဖို့ လိုပါသည်။
(ဈ)      ဟိန္ဒူလူမျိုးများသည် ဘင်္ဂါလီမူဆလင်ကုလားတို့၏ ပစ်မှတ်ထားတိုက်ခိုက်မှုကိုလည်း ခံရ၊ တိုင်းရင်းသားမဟုတ်၍ ပစ်ပယ်မှုကိုလည်း ခံနေရပါသည်။ အချို့ဟန္ဒူလူမျိုးများမှာ မူဆလင်ကုလားများနှင့် ရောကာရွှေ့ပြောင်းခံရသည်ကို တွေ့ရပါသည်။ နွားကိုးကွယ်သူနှင့် နွားသတ်သူတို့ကို အတူယှဉ်တွဲထားပါက အင်းအားနည်းသည့် ဟိန္ဒူလူမျိုးတို့သာ အနိုင်ကျင့်ခံရမည် ဖြစ်ပါသည်။
            ထို့ကြောင့် ကုလားများနှင့် ရောပါသွားသော ဟိန္ဒူလူမျိုးများကို အမြန်ဆုံးခေါ်ထုတ်ဖို့ လိုအပ်ကြောင်းနှင့် ဟိန္ဒူလူမျိုးတို့၏ ဒုက္ခကို တိုင်းရင်းသားတို့၏ ဒုက္ခလိုသဘောထားပြီး အလျင်အမြန် ကယ်တင်ဖို့ အကြောင်းသိစေအပ်ပါသည်။
(ည)    ကျေးရွာများပြန်လည်တည်ဆောက်ရာတွင် လူနေအိမ်များကိုသာ စနစ်တကျ မြေပုံကြမ်းဆွဲ၍ တည်ဆောက်ဖို့ပြင်ဆင်နေသော်လည်း မီးရှို့ခံရသော ဘုန်းတော်ကြီးကျောင်းများအတွက် မည်သည့်လုပ်ဆောင်ချက်၊ ပြောဆိုချက်ကိုမျှ အတွေ့ရှိရသေးပါ။ ဝါဆိုဖို့နီးကပ်နေသော်လည်း ဒုက္ခသည်ဘုန်းတော်ကြီးများ၏ အနာဂတ်မရေရာ အသေချာ သေးပါ။
            ထို့ကြောင့် ဘုန်းတော်ကြီးကျောင်းများအတွက် ထည့်သွင်းစဉ်းစားဆောင်ရွက်ပေးဖို့ အထူးလိုအပ်လှပါသည်။
(ဋ)      UN-လက်အောက်ခံ NGO-များ INGO-များသည် ကုလားရွာများအတွက်သာ ငွေကြေးသုံးစွဲနေပြီး ရခိုင်ပြည်သူတို့ အရေးကို အနည်းငယ်မျှပင် ထည့်သွင်းစဉ်းစားမှု မရှိပါ။ အကြမ်းဖက် အစွန်းရောက်များသည် UN-လက်အောက်ခံ အဖွဲ့စည်းများကို အသုံးချကာ ဂျီဟတ်စစ်ပွဲကို ဆင်နွှဲသွားခဲ့ကြသောကြောင့် UN-လက်အောက်ခံ အဖွဲ့အစည်းများကိုယ်တိုင် လူမိုက်အားပေးလုပ်နေခြင်း၊ ရခိုင်တိုင်းရင်းသားများနှင့် ဟိန္ဒူအရေးကို ပစ်ပယ်ထားခြင်း၊ တရားမျှတမှုမရှိခြင်းကို တွေ့မြင်ခဲ့ရပေသည်။
            ထို့ကြောင့် တရားမျှတမှုမရှိသော၊ လူမိုက်အားပေးလုပ်နေသော UN-လက်အောက်ခံ အဖွဲ့အစည်းများကို ပြင်းထန်စွာ ရှုတ်ချအပ်ပါသည်။
(ဌ)      ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် လူမြင်ကောင်းအောင် ဘင်္ဂါလီဒုက္ခသည်များကို လက်မခံဘဲ ဟန်ဆောင်လုပ်ပြနေသော်လည်း ရခိုင်အရေးခင်းတွင် အဓိကတရားခံများဖြစ်သော ရိုဟင်ဂျာဆိုသူ စစ်သွေးကြွများကို တိတ်တစ်ဆိတ်လက်ခံဝှက်ထားပေးနေ သည်ဟု ရခိုင်ပြည်သူတို့ သည့်မြင်ခံစားနေရပါသည်။
            ထို့ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အိမ်နီးချင်းကောင်းပီသစွာ အစွန်းရောက် အကြမ်းဖက်သမားများကို နှိမ်နှင်းဖို့ အတွက်- မြန်မာအစိုးရနဲ့ရော ရခိုင်ပြည်သူများနှင့်ပါ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါသည်။
(ဍ)      ရခိုင်ကို အပိုင်သိမ်းဖို့ ကြံစည်သော အစွန်းရောက်စစ်သွေးကြွတို့၏ ဂျီဟတ်စစ်ပွဲကို ထောက်ခံအားပေးသော မည်သည့်မူဆလင်ကို မဆို ရန်သူအဖြစ် သတ်မှတ်ပါသည်၊ ကိုယ့်အလုပ်ကိုယ်လုပ်၊ ကိုယ်စီးပွားကိုယ်ရှာ၊ ကိုယ့်တရားနှင့်ကိုယ်၊ ကိုယ့်မိသားစုနှင့်ကိုယ် အေးအေးဆေးဆေး ပျော်ပျော်ရွှင်ရွှင် စိတ်ချမ်းသာ ကိုယ်ချမ်းသာနေလိုသော မည်သည့်မူဆလင်ကို မဆို မိတ်ဆွေအပြစ်သက်မှတ်ပြီး လက်တွဲဆောင်ရွက်သွားမည် ဖြစ်ပါသည်။
            ထို့ကြောင့် ဂျီဟတ်စစ်ပွဲ ဆင်နွှဲသော တိရစ္ဆာန်များလို၊ မင်းမဲ့တိုင်းပြည်လို အုပ်စုဖွဲ့အနိုင်ကျင့်မှုများ ပြုလုပ်ခဲ့သော ဘင်္ဂါလီအကြမ်းဖက်သမား လူရမ်းကားများနှင့် အဆက်အသွယ်ရှိခဲ့သူများ၊ အဆက်အသွယ်ရှိနေသူများ အဆက်အသွယ် ဖြတ်တောက်ဖို့ သတိပေးအပ်ပါသည်။
(ဎ)      မြန်မာအစိုးရအနေဖြင့် ၁၉၄၂-ပုံစံမျိုးဖြင့် နယ်ချဲ့ကျူးကျော်ကာ ရခိုင်ပြည်သိမ်းတိုက်ပွဲ (သို့မဟုတ်) ဂျီဟတ်စစ်ပွဲကို တစ်ဖက်သတ် ဦးဆောင်ဆင်နွှဲလာသော ရိုဟင်ဂျာဆိုသူ နာမည်သူခိုး ဖိုးတွန်တီးများဖြစ်ကြသော နယ်မြေဓားပြ အကြီးစားတို့အား ထိရောက်စွာ အရေးယူဖို့လိုသလို၊ ရခိုင်တံခါးလုံခြုံရေးနှင့် လူအုပ်ဖြင့် အနိုင်ကျင့်မှုပပျောက်ရေး၊ ရခိုင်ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးကို အဓိကထားဆောင်ရွက်ရမည့် အပြင် အချုပ်အခြာအာဏာကို ကျူးကျော်စော်ကားလာသူ မှန်သမျှကို မည်သည့်ဖိအားပေးမှုကိုမျှ ဂရုမစိုက်ဘဲ ခုခံကာကွယ်ဖို့လိုကြောင်း အသိပေးအပ်ပါသည်။
(ဏ)                     “ရခိုင်များအား ဘင်္ဂါလီမူဆလင်များ၏ ခြိမ်းခြောက်မှုများ”
            ၁။ ရခိုင်များ နောက်ထပ် နှစ်လသာထမင်းစားနှင့်ကြ၊ ဗမာများပြန်လျှင် နင်တို့အသားကို ငါတို့စားမည်။
            ၂။ ဒီနေရာကို ငါတို့ပိုင်သွားပြီဆိုတာ မသိဘူးလား။
            ၃။ ငါတို့ကို ကမ္ဘာကကူညီနေတာ မသိဘူးလား။
            ၄။ ကမ္ဘာမှာ ငါတို့အမျိုးတွေ(လူမျိုးတွေ)အများကြီးရှိတယ်။ နင်တို့မှ မရှိဘူး။
            ၅။ နင်တို့မှာ သွားစရာသေလမ်းသာ ရှိတယ်။ ထမင်းဝဝစားထားကြ။
            ၆။ ဗမာအစိုးရကို ငါတို့ဝယ်ထားပြီ။
            ၇။ ဆော်ဒီမှာ ဗမာသံရုံးကို ငါတို့ကလစဉ်ပေးထားတာ၊ နင်တို့ပေးနိုင်သလား။
            ၈။ ငါတို့နောက်မှာ ကမ္ဘာကကူညီနေတယ်။
            ၉။ UN-ဟာ ငါတို့မိတ်ဆွေ၊ အမေရိကမှာ ငါတို့သမ္မတ အုပ်ချုပ်နေတယ်။
            ၁၀။ နင်တို့ ပါးစပ်ပိတ်ထားကြ။
            ၁၁။ နင်တို့မိန်းမများ ငါတို့ကို အားကိုးစေရမည်။
            ၁၂။ ရခိုင်များသေဖို့ပြင်ထား။
            ၁၃။ ဗမာပြည်လည်း ငါတို့လူအုပ်ချုပ်မယ်။
            ၁၄။ နင်တို့မြေနဲ့ နင်တို့ပစ္စည်းထားခဲ့။ အခုထွက်သွားကြ။
            ၁၅။ မသေချင်ပြန်မလာကြနဲ့။
            ၁၆။ နောက်ထက် ဒီမြေမှာ မင်းတို့လုံးဝ မနေစေရ။
၁၇။ အလ္လာဝဂ်ကဘာ၊ အလ္လာဝဂ်ကဘာ၊(အလ္လာသခင်သာ အကြီးမြတ်ဆုံး)
      အလ္လာ-ဘီစတိုဘာ၊ အလ္လာ-ဘီစတိုဘာ(အလ္လာသခင် ကောင်းချီးပေးပါ)
၁၈။ နိုင်ငံခြားမှာ စစ်သင်တန်းတက်ထားတဲ့ ငါတို့လူတွေရောက်နေတာ မသိဘူးလား။
၁၉။ နိုင်ငံခြားက ငါတို့အမျိုး (၅၀၀) စစ်သင်တန်း ဆင်းလာတာမသိဘူးလား။
၂၀။ ဒီနေရာကို ပြန်လာရဲလျှင် လာကြည့်။
၂၁။ ငါတို့မှာ ချမ်းသာတဲ့မူဆလင်နိုင်ငံတွေ အများကြီးရှိတာ မသိဘူးလား။
၂၂။ နင်တို့ဘာအားကိုးရှိလို့ ငါတို့ကို နှင်ထုတ်မှာလဲ။
၂၃။ ဗမာအစိုးရလည်း ငါတို့ဘက်က။
၂၄။ ဆော်ဒီဗမာသံရုံးဟာ ငါတို့ငွေကိုယူထားတာ။
၂၅။ အားလုံးမှာ ငါတို့ငွေတွေ။
၂၆။ မင်းတို့မှာ ဘာရှိလို့လဲ။
၂၇။ ဗမာပြည်ကို ငါတို့အုပ်ချုပ်မှာ နင်တို့ကို အရှင်မထားဘူး။

ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
ဘဒ္ဒန္တဝိစိတ္တာဘိဝံသ
ဓမ္မသဟာယကျောင်းနာယက
မစိုးရိမ်တိုက်သစ်
မန္တလေး။
ဇူလိုင် ၂၀၊ ၂၀၁၂

(နိုင်ငံတကာသတင်းများတွင် အီရန်ကဲ့သို့သော နိုင်ငံများ၊ ဘာသာရေးအစွန်းရောက်အဖွဲ့များနှင့် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့များကိုယ်တိုင်က မြန်မာပြည်တွင် မူဆလင်ဘာသာဝင်များကို အစုလိုက်အပြုံလိုက် သတ်ဖြတ် မျိုးတုံးနေပြီဟု သတင်းထုတ်ပြန်ခြင်း၊ ကန့်ကွက်မှုများ ပြုလုပ်နေခြင်းတို့ကြောင့် ပြည်တွင်းမှ အများသူငှာ ပြည်သူတို့ လေးစား ယုံကြည်မှု ရှိသူ လူ၊ ပုဂ္ဂိုလ်တို့၏ မိမိဂုဏ်သိက္ခာ အမည်နာမကို တာဝန်ယူ ဖော်ထုတ်ပြီး သဘောထားပြောဆိုချက်တို့ကိုလည်း သိရှိနိုင်စေရန် အရှင်ဝီရသူ၏ သဘောထားကို မူရင်းအတိုင်း မိုးမခမီဒီယာက ထုတ်ပြန်လိုက်သည်။ မိမိတို့၏ သဘောထားမှာလည်း ဒေသဆိုင်ရာ အကြမ်းဖက်မှု အဓိကရုဏ်း၊ ပဋိပက္ခကြီးအဖြစ် ရှုမြင်ပါသည်။ ရခိုင်ဒေသခံများ၊ နယ်စပ်ဒေသက ဘင်ဂါလီလူမျိုးစုများ၊ ဗုဒ္ဓဘာသာ၊ ဟိဒ္ဒူဘာသာ၊ မူဆလင်ဘာသာ၊ ခရစ်ယာန်ဘာသာဝင်များ အားလုံး ထိခိုက်ခံစားနေရသော အရေးအခင်းတခု အဖြစ် မြင်ပါသည်။ ရိုဟင်ဂျာဆိုသည့် အငြင်းပွားဖွယ်ရာ စကားရပ် အသုံးအနှုန်းကို မိုးမခမီဒီယာက လက်ခံခြင်းမရှိပါ။ မိုးမခမီဒီယာ)
Posted by MoeMaKa at 10:38 AM 0 comments  
Labels: Ashin WirathuOp-Ed

Zaw Aung (Mone Yar) - Articles

ဆင်ခရွန်ကကိုလတ်နဲ့ ၂၀၁၂ စင်ကာပူ၊ မြန်မာအခြေအနေ
ဇော်အောင် (မုံရွာ)
ဇူလိုင် ၂၁၊ ၂၀၁၂



ကျွန်တော့်မှာ ခင်မင်လေးစားရဲ့ သူငယ်ချင်းတစ်ယောက်ရှိပါတယ်။ ၁၉၉၀ခုနှစ်လောက် ကျွန်တော်တို့ အင်ဂျင်နီယာပေါက်စများစွာ မြန် မာပြည်က နည်းအမျိုးမျိုးနဲ့ထွက်လာပြီး စင်ကာပူမှာ သူများမလုပ်ချင်တဲ့ သင်္ဘောကျင်း၊ ဆောက်လုပ်ရေးအလုပ်တွေကို လာလုပ်ချိန်မှာ ကိုလတ်ဆိုတဲ့ အီလက်ထရွန်းနစ်ပညာကျွမ်းကျင်တဲ့ မိတ်ဆွေတစ်ယောက်ကို ခင်မင်ရပါတယ်။ သူ့ရဲ့အလုပ်ကြိုးစား၊ တတ်သိကျွမ်းကျင် မှုကြောင့် သူအလုပ်လုပ်တဲ့ Syncron ဆိုတဲ့ သင်္ဘောအော်တိုမေးရှင်းကုမ္ပဏီလေးမှာ သူဌေးတော်တော်အားကိုးရတဲ့လူ ဖြစ်လာပါတယ်။

သူလည်းပဲ မြန်မာပြည် ဖားအံဘိလပ်မြေစက်ရုံက Government Gazetted Office ဘ၀ကနေထွက်လာပြီး စင်ကာပူအလုပ်လာရှာတဲ့အချိန် Syncron မှာလုပ်နေတဲ့ ဗမာတစ်ယောက်က တစ်လစာ ပွဲခပေးရမယ်ပြောပြီး အလုပ်ရခဲ့ပါတယ်။ အဲဒီခေတ်က အခုခေတ်လို အလုပ်မရခင် ဒေါ်လာ၃ထောင်ကျော် ပွဲစားခပေးရတဲ့ခေတ်မဟုတ်သေးပါဘူး။ ပွဲစားဆိုတာလည်း ရှားပါတယ်။ ခပ်ရှင်းရှင်းပြောရရင် ဗမာနည်းသေးတော့ လပ်ပေးတဲ့အကျင့် (ဆောရီး .. လက်ဆောင်ပေးတဲ့အကျင့်) ရနေတဲ့ ဗမာများကို ကူညီမဲ့ပွဲစားလူတန်းစား နည်းပါးတဲ့အချိန်ပါ။ အဲ .. လကုန် တော့ အတူအလုပ်လုပ်နေတဲ့ စီနီယာ မြန်မာအစ်ကိုကြီးကို ကိုလတ် တစ်လစာပေးလိုက်ရပါတယ်။ ပွဲစားကိုပေးရမယ်ဆိုလို့ တစ်လစာ (အဲ ဒီခေတ်က ဒေါ်လာ၁၅၀၀) ပေးလိုက်ရပေမဲ့ ဘယ်ကျေနပ်နိုင်မလဲ။ ကုမဏ္ဍီမှာ လအနည်းငယ်လုပ်ပြီးတာနဲ့ အဲဒီပွဲစားဟာ သူနဲ့အတူလုပ်နေ တဲ့ ဗမာမိတ်ဆွေအစ်ကိုကြီးကိုယ်တိုင်ဖြစ်နေတာ မသိချင်ဟန်ဆောင်နေရပါတယ်။

မကြာခင်မှာပဲ ကိုလတ်အလုပ်လုပ်တာ သူဌေးကသဘောကျလာတယ်။ မြန်မာပြည်ကထွက်လာသူ ဗမာများကလည်း ဗမာရှိတဲ့ကုမ္ပဏီကို လိုက်ရှာပြီး လည်တဲ့လူက တိုက်ရိုက် ကုမဏ္ဍီကို ဖုန်းဆက်၊ အလုပ်လျှောက်လွှာပို့ လုပ်ကြတယ်။ ဒါပေမဲ့ သူဌေးက ကိုလတ်ကို Recommend လုပ်ခိုင်တယ်။ ကိုလတ်ကလည်း အဲဒီ အလုပ်လာလျှောက်တဲ့ ဗမာတွေကို တကယ့်ဘွဲ့ရ အင်ဂျင်နီယာဟုတ်တယ် .. သိတာကြောင့် သူဌေးကို အလုပ်ခန့်ဘို့ ထောက်ခံလိုက်ပါတယ်။ အဲဒီလူတွေကိုလည်း သူ့ရှေ့က အစ်ကိုကြီးလုပ်သွားသလို .. အီးပီ(Employment Pass) ကျရင် တစ်လစာပွဲခပေးရမယ်နော် .. သူဌေးကိုပေးရသလို၊ စာရေးမကို ပေးရသလို၊ အပြင်က ပွဲစားတစ်ဦး စာရွက်စာတမ်းလုပ်ပေးသူကို ပေးရသလို ... အလုပ်သိပ်လိုချင်နေတဲ့ လူငယ်အင်ဂျင်နီယာလေးကလည်း အခုချက်ချင်းပေးစရာမလိုဘူး ..ပထမလခထုတ်မှ ပေးရမယ်ဆိုတော့ ... ပေးမယ်ပေါ့ဗျာ။ ဒါနဲ့ ဗမာလေးတွေ ၃ယောက်လောက် အလုပ်ခန့်လိုက်ပါတယ်။

• ၁၉၉၀ ခေတ် စင်ကာပူ ကနဦးမြန်မာများ
စကားမစပ်ပြောရရင် အဲဒီခေတ်က စင်ကာပူမှာ Work Permit ဆို မလေးရှား၊ အိန္ဒိယား အလုပ်သမားတွေလောက်ပဲ အစိုးရက ချပေးပြီး ဗမာဆိုရင် အီးပီ Employment Pass ပဲရှိတယ်။ စင်ကာပူ ပီဒင်ကိုစင်တာက အင်မီဂရေးရှင်းဌာနမှကိုယ်တိုင်သွားတင်ရတယ်။ ကုမဏ္ဍီက စာရေးမတွေက မအားတော့ အလုပ်သမားကိုပဲ ကိုယ့်ဖာသာသွားတင်ခိုင်းတယ်။ တစ်လကနေ ၂ လအထိ စောင့်ရတယ်။ အီးပီမကျခင် အ လုပ်လုပ်ခွင့်မရပေမဲ့ Visa ကိုတော့ တစ်လပြီးတလ သက်တမ်းတိုးပေးပါတယ်။ ၂ လကျော်လာရင် Visa Extension ပေးတော့ဘူး။ မလေး ရှားက စင်ကာပူနဲ့ကပ်ရပ် ဂျဟိုးမြို့လေးကို ရေလက်ကြားကျော်ပြီး စတေးရှောင်ရတယ်။ အဲဒီခေတ်တုန်းက ဗမာပတ်စပို့ဆိုရင် အရှေ့တောင် အာရှနိုင်ငံအားလုံးကို ဗီဇာမလိုဘူး။ ၀င်ထွက်သွားလာလို့ရတော့ စင်ကာပူမှာ နောက်ဆုံးအချိန်အထိ ကုတ်ကပ်နေပြီး စတေးမရတော့ဘူးဆိုမှ မျက်နှာဇီးရွက်လောက်နဲ့ ဂျဟိုးမြို့လေးကို ထွက်ခွာရပါတယ်။

ဂျဟိုးမှာ အခုခေတ် ၂၀၁၂ မှာဆို ဟိုတယ်၊ စားသောက်ဆိုင်တွေမှာ ဗမာအလုပ်သမားတွေ အများကြီးဖြစ်နေပီ။ အဲဒီဗမာလေးများနဲ့ တွေ့ဆုံ စကားပြောချိန်မှာ သူတို့ကပြောတယ်။ တဖက်ကမ်းက စင်ကာပူမြို့ကြီးကို လှမ်းလှမ်းကြည့်ပြီး စင်ကာပူမှာအလုပ်သွားလုပ်ချင်နေကြတာ အခုခေတ် ဂျဟိုးမြို့က ဗမာကလေးများရဲ့ ရည်မှန်းချက်ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ အနှစ်၂၀က ဂျဟိုးမြို့ရောက် ဗမာကလေးများရဲ့ ရည်မှန်းချက်ကတော့ အလုပ်မရှိ၊ တနေ့ စင်ကာပူ ၅ ဒေါ်လာပေးပြီး အလှည့်ကျ ချက်ပြုတ်စားသောက်ရတဲ့ ဗမာတည်းခိုခန်းလေးမှာ စင်ကာပူတစ်ခေါက်ပြန်ဝင်ခွင့်ရရေးပါပဲ။ အခု ပင်နီစူလာပလာဇာမှာ မြန်မာဆိုင်ကြီး တွေဖွင့်ပြီး သူဌေးလုပ်နေတဲ့ ဗမာများဟာ တခါက ဂျဟိုးဘာရူးဆိုတဲ့မြို့ကလေးကို မျက်နှာငယ်ငယ်နဲ့ ရောက်ခဲ့ဖူးသူများ ဖြစ်ပါတယ်။ ထားပါတော့။

ကိုလတ် အကြောင်းဆက်ပါမယ်။

အဲဒီ ကိုလတ်ရဲ့ ထောက်ခံစာနဲ့ ခန့်လိုက်တော့ ကုမ္ပဏီမှာ ယာယီအလုပ်လုပ်ခွင့်ရတယ်။ တစ်နာရီကို ၉ဒေါ်လာလောက် သူဌေးကပေးတယ်။ ၀ပ်ရှော့မှာလည်း အလုပ်တွေအများကြီးဆိုတော့ အပြင်က စင်ကာပူလူမျိုးအလုပ်သမားကို ခေါ်ခိုင်းရင် တစ်နာရီ ဒေါ်လာ ၂၀ လောက်ပေး ရပြီး သိပ်ခိုင်းမကောင်းဘူး။ ဗမာကတော့ အိုဗာတိုင်လည်းရတော့ ခိုင်းလို့တအားကောင်းတယ်။ ညနက်သန်းကောင်လည်း မညီးမငြူလုပ်ပေး တယ်။ အီးပီမကျခင် တစ်လလောက် အလုပ်လုပ်ခွင့်ရတဲ့ပိုက်ဆံ ဒေါ်လာ ၁၅၀၀ လောက်ဟာ စင်ကာပူ၊မလေးရှားမှာ ၃ လလောက် ကောင်း ကောင်းစားသောက် နေထိုင်လို့ရတယ်။ မြန်မာပြည်က ထွက်လာကတည်းက ချေးငှားထွက်လာသူများပါ။

အီးပီကလည်း ကုမ္ပဏီသိပ်မကောင်းရင် Reject ဖြစ်လေ့ရှိပါတယ်။ ဖောင်ဖြည့်ကတည်းက ကိုယ့်ဘွဲ့၊ အလုပ်အကိုင်စာရင်းတွေမှာ ကို့ရိုကားယားဖြစ်သွားရင်၊ ဥပမာ ဘွဲ့ရတဲ့ခုနှစ်ထက် အလုပ်စလုပ်တဲ့ခုနှစ်ကစောနေရင် Reject ဖြစ်သွားတယ်။ ကုမ္ပဏီမှာ နိုင်ငံခြားသား သိပ်များနေရင်လည်း Reject ဖြစ်သွားတယ်။ ကိုလတ်သူဌေးကတော့ တနာရီ ၉ ဒေါ်လာနဲ့ ဈေးချိုချိုဗမာများကိုအုပ်ချုပ်တတ်တဲ့ ဗမာ အင် ဂျင်နီယာပေါက်စ ကိုလတ်လည်း ရှိပြီးသားဆိုတော့ ကိုလတ်ထောက်ခံရင် အီးပီတင်ပေးလိုက်တယ်။ အီးပီမကျသူတွေပဲ များပါတယ်။ ဒါပေမဲ့ အလုပ်အသစ်မရှာခင် ဗမာပြည်ကငွေထပ်မှာစရာမလိုတော့ဘူးပေါ့။ အီးပီကျသွားရင်တော့ ကိုလတ်က တစ်လစာ ပွဲစားခရမယ်လေ။ တကယ်လည်း အီးပီကျလာတဲ့အချိန် ကိုလတ်ရဲ့နှလုံးသားက ပထမအစ်ကိုကြီးလောက် မခက်ထန်ပါဘူး။ လူကသာ မာကြော၊ပြတ်သား၊ အလုပ်လုပ်တတ်၊ ခိုင်းတတ်ပေမဲ့ နှလုံးသားကနူးညံ့တော့ သူတို့ချွေးနဲစာ တစ်လစာကိုယူရမှာ စိတ်မသန့်ဘူး။ အရေးထဲ အီးပီကျသွား သူတွေက ကိုဘိုလတ်ရယ် ခဏဆိုင်းပါဦး။ နောက်လပေးပါမယ် ... ဘာညာနဲ့လုပ်တော့ ကိုလတ်က စိတ်ပျက်လာပြီး ပေးမနေပါနဲ့တော့ကွာ ဆိုပြီးပွဲခမယူတော့ဘူး။ အဲဒီနောက်ပိုင်း ကိုလတ် ဘယ်တော့မှပွဲခယူတဲ့အလုပ် မလုပ်တော့ပါဘူး။ သူ့ရဲ့ ရိုးသား ဖြောင့်မတ်၊ တည့်တည့် ပြောတတ်တဲ့အကျင့်နဲ့ ပွဲစားလုပ်စားလို့ မရဘူးဆိုတာ ခပ်စောစောပဲ သဘောပေါက်သွားခဲပါတယ်။

ခပ်တိုတိုရေးရင် ကိုလတ်တို့မိသားစု စင်ကာပူကို ရောက်လာကြတယ်။ အမျိုးသမီး မကြည်ကလည်း ခပ်ထက်ထက် စီးပွားရေးတက္ကသိုလ်က ပညာထူးချွန်သူ။ ကိုလတ်ကလည်း အာအိုင်တီ ရန်ကုန်စက်မှုတက္ကသိုလ်က ပညာထူးချွန်တဲ့လူ။ အရင် ရွှေပြည်သာမြို့ငယ်လေးမှာတုန်းကတော့ ပညာတော်တဲ့ ကောင်ကလေးနဲ့ကောင်မလေးတို့ ရန်ကုန်မြို့ကြီးမှာ ကျောင်းလာတက်ကြတယ်။ သူတို့မိဘများကတော့ အသွင် မတူတဲ့အသိုင်းအ၀ိုင်း၊ ကိုလတ်ဇနီးသည်အမျိုးများက ရွှေပြည်သာမှာ ကုန်သည်ပွဲစား၊ ငွေကြေးအသင့်တင့်ရှိသူများ၊ ကိုလတ်အမျိုး များ ကတော့ အေးအေးဆေးဆေးဝန်ထမ်းမျိုး။ နှစ်ဘက်သောမိဘများက ရန်ကုန်တက္ကသိုလ်သွားတက်တဲ့ သားသမီးများအတွက် ဂုဏ်ယူ၊ ပြိုင် ဆိုင်ကြတာပေါ။ နောက်ဆုံး အာအိုင်တီနဲ့အီကိုခေတ်ဆိုတော့ ကိုလတ်နဲ့ မကြည် ၂ ယောက် လူကြုံပစ္စည်းပို့၊ တွေ့ကြရင်းကနေ ဘွဲ့ရပြီး နောက်ပိုင်း ညားလေသတည်း ဖြစ်သွားတယ်။ နှစ်ဖက်သောမိဘများကတော့ ဖြစ်မှဖြစ်ရပလေ.. ငါ့သား၊ ငါ့သမီး .. ငါတို့နဲ့ အဆင်သိပ်ပြေ တဲ့လူနဲ့ ညားစေချင်ပေမဲ့ ကံတရားအတိုင် ကိုလတ်၊ မကြည်တို့ ပညာတတ်မောင်နှံရဲ့ ဘ၀ခရီးအစပေါ့။ မကြည်ကို ရန်ကုန်မှာ ကျောင်း ထားပေးတဲ့ အဒေါ်အရင်းခေါက်ခေါက် (ပါမောက္ခချုပ်ကတော်ကြီး) ဆိုရင် ဖြစ်မှဖြစ်ရပလေ ငါ့တူမရယ်ဆိုပြီး သူပြုစုပျိုးထောင်ထားတဲ့ တူမလေးကို နှမျောရှာတယ်။ ကိုလတ်ကတော့ ခပ်တည်တည်ပေါ့။

• မြန်မာပြည်အိမ်ဈေးကြီးမှု (ပထမအကြိမ်)
စင်ကာပူမှာ ၁၀နှစ်ကျော်လုပ်ပြီးတဲ့နောက် ၁၉၉၇ ခုနှစ် ကမ္ဘာ့စီးပွားရေးကပ်ဖြစ်နေချိန်မှာ ကိုလတ် မြန်မာပြည်ပြန်ပြီး စီးပွားရေးလုပ်ချင် စိတ်ပေါက်လာတယ်။ ဇနီးသည်ကလည်းတားပေမဲ့ နောက်ဆုံး နှစ်ဦးသဘောတူစုဆောင်းထားတဲ့ငွေတွေ ဒေါ်လာသိန်းချီထုတ်ပြီး ဗမာ ပြည်ပြန်၊ အိမ်ငှား၊ ကားဝယ်၊ စီးပွားရေးလုပ်ကြတယ်။ အဲဒီအချိန် စီးပွားရေးသမားတွေက အစိုးရငွေကို တရားမ၀င်ကြေငြာမှာ အရမ်း ကြောက်တော့ ငွေကိုလက်ထဲကိုင်မထားချင်ဘူး။ ကားစုတ်တွေကိုလည်း သိန်းရာ၊ထောင် ပေးပီးဝယ်ရတယ်။ တယ်လီဖုန်းတလုံးကိုလည်း သိန်း ၅၀ လောက် ဈေးပေါက်နေချိန်။ (ငွေလဲနှုံးက US$1=S$1.7, Kyat 200 in 1997) အချိန်မှာဆိုတော့ ဒေါ်လာဈေးသိပ်ကောင်းတဲ့အချိန်ပဲ။ တိုက်ခန်းတစ်ခန်းကို သိန်း ၅၀၊ ၁၀၀ ပတ်ဝန်းကျင် ကန်ထရိုက်တိုက်တွေ ခေတ်စားနေချိန်၊ စီးပွားရေးလုပ်ချင်နေတဲ့ ကိုလတ်၊ မကြည်တို ၀ယ်ရောင်း ချက်ချင်း၊ လက်ငင်း အမြက်ငွေရတဲ့ မြေကွက်၊ လက်ညှိုးထိုးရောင်းဝယ်တဲ့လုပ်ငန်းထဲ ရောက်သွားတယ်။ ဈေးကလည်း တက် လိုက်တာ သိန်း ၂၀ နဲ့မြေကွက်၊ နောက်လူတစ်ယောက်က သိန်း ၂၅ သိန်းပေးတော့ ချက်ချင်းရောင်းပစ်တယ်။ တစ်လအတွင် စာရင်းချုပ် လိုက်တော့ သိန်း ၅၀ လောက် အမြတ်ထွက်တယ်။ စင်ကာပူမှာ စင်ကာပူဒေါ်လာ ၄ သောင်းကြီးများတောင် တစ်လအတွင်း အမြက်ထွက်သွား တာ၊ ကိုယ်တွေ့ဆိုတော့ ဆက်လုပ်တာပေါ့။ ၀ယ်ထားတာတွေ ရောင်းလိုက်တော့ သိန်း ၂၀၀ လောက်ဖြစ်လာရင် .. အဲဒီခေတ်က ငွေကို ဆာလာအိတ်နဲ့ သယ်တဲ့ခေတ်။ အမြင့်ဆုံးငွေစက္ကူက ကျပ် ၂၀၀ တန်ပဲရှိတော့ သိန်း ၅၀ ဆို ဆန်အိတ် ၅ အိတ်လောက် အထုတ်ကြီးဖြစ် လာတယ်။ ငွေတွေတရားမ၀င်ကြေငြာလိုက်ရင် ဒုက္ခပါပဲ .. အိပ်မပျော်ဘူး။ ဒီငွေတွေကို သေချာတဲ့ Property အိမ်မြေအဖြစ်၊ မြန်မြန်ပြောင်း ထားမယ်ဆိုပြီး နောက်နေ့မှာ မြေတွေလိုက်ဝယ်ပစ်လိုက်တယ်။ ၀ယ်ထားတဲ့ မြေကွက်တွေရဲ့ ကာလပေါက်ဈေးတန်ဘိုးတွေကို လင်မယား ၂ ယောက် တွက်ချက်ကြည့်ရင်း စင်ကာပူက ဗမာပြည်ပြန်လာတာမှန်သွားပြီလို့ ထင်ကြတယ်။

သိပ်မကြာပါဘူး။ ငွေတွေလည်း တရားမ၀င်မကြေငြာပဲ၊ အစိုးရက သွင်းကုန်တွေပိတ်လိုက်တယ်။ စီးပွားရေးလုပ်ငန်းတွေ ရပ်သွားတယ်။ မလေးရှားအစိုးရ ၀န်ကြီးချုပ် မဟာသီယာကလည်း စီးပွားရေးကပ်ဟာ အမေရိကန်က ဂျူးသူဌေးကြီး ဂျော့ဆိုးရိုးကြောင့်ဆိုပြီး မလေးရှားရင်း ဂစ်ငွေလဲနှုံးကို မြန်မာအစိုးရ တစ်ဒေါ်လာ ၆ ကျပ်ခွဲ အသေသတ်မှတ်သလို၊ သူကလည်း အမေရိကန်တစ်ဒေါ်လာ မလေးရှား ၄.၈ ရင်းဂစ် အသေသတ်မှတ်ပစ်တယ်။ ထိုင်းဘုရင်ကလည်း ထိုင်းနိုင်ငံ စီးပွားရေးကပ်ကထွက်ဖို့ ပြည်သူပြည်သားများ ရှိတဲ့ရွှေငွေ၊လက်ဝတ်လက် စားတွေ လာရောက်အပ်နှံရန် အားပေးလို့ ထိုင်းလူမျိုးတွေ မျိုးချစ်စိတ်နဲ့ တိုင်းပြည်ကိုကယ်တင်ဖို့ ရွှေငွေလက်ဝတ်လက်စားတွေ အစိုးရဆီ လာရောက်အပ်နှံကူညီကြတယ်။ (တနှစ်လောက်အတိုးမဲ့ အစိုးရကို ငွေချေးတာပေါ့။ နောက် ..ပြန်ပေးပါတယ်။ မြန်မာအစိုးရက နောက်ပိုင်း မှာ ငွေတရားမ၀င်မကြေငြာပဲ ဘဏ်ထဲအပ်ထားတဲ့ ပြည်သူ့ငွေတွေကို ထုတ်ခွင့်မရအောင် ဘဏ်တွေကိုပဲ တရားမ၀င်ကြေငြာပစ် လိုက်ပါ တယ်။ အံ့ဘွယ်လုပ်ရပ်ပါ။

ဘာပဲပြောပြော နောက် ၃ လလောက်အကြာမှာ ရန်ကုန်မှာ ပေါ်ပင်၊ မြေအရောင်းအ၀ယ်အလုပ် ရပ်သွားပါတယ်။ အစိုးရက ငွေတွေ တရား မ၀င် မကြေငြာတော့ဘူး။ သေချာတော့ ဌာနေသူဌေးများ၊ စီးပွားရေးသမားများကတော့ ဗိုလ်နေမြဲ၊ ကျားနေမြဲ ချမ်းသာလျှက်ပါပဲ။ စီးပွားရေး လောကထဲ အခုမှကောက်ဝင်လာတဲ့ ဒေါ်လာငွေတွေ ပိုက်ပြီးပြန်လာတဲ့ ကိုလတ်တို့တော့ မြေပိုင်ရှင်ကြီးဘ၀နဲ့၊ စင်ကာပူမှ သမီးရှေ့ရေး ချန်ထားတဲ့ ဒေါ်လာငွေတွေလည်း ကုန်သွားတယ်။ စင်ကာပူက ဗမာပြည်အပြီးပြန်လာပြီး ၆ လအတွင်း ဆွေမျိုးတွေကလည်း ယုံလို့ (အတိုး ရမှာသေချာလို့) ချေးထားတဲ့ အကြွေးတွေနဲ့ မြေပိုင်ရှင်ကြီးဘ၀အဖြစ်သို့ ရောက်ရှိသွားပါတယ်။

နောက်ပိုင်းတော့ ကိုလတ် စင်ကာပူ Syncron မှာ ၂ နှစ်ပြန်လာလုပ်ပြီး အကြွေးတွေကျေအောင် ဆပ်ပေးပါတယ်။ ပြီးတော့ အပြီးတကာ အပြီးဆိုပြီး ဗမာပြည်ကို ပြန်သွားပြီး အကြွေးမဲ့၊ မြေပိုင်ရှင်ဘ၀နဲ့ အေးအေးဆေးဆေး တရားအားထုတ်နေထိုင်လျှက်ရှိပါတယ်။ အခုဒီစာရေး ချိန်မှာ သူအသက်က ငယ်ပါသေးတယ်။ ၅၀ ကျော်ကျော်လေးပဲရှိပါသေးတယ်။ ဇနီးသည်ကတော့ အိမ်၊မြေအကျိုးဆောင်ဘ၀နဲ့ မြန်မာပြည် မှာ အေးဆေးစွာနေထိုင်ကြပါတယ်။

ဒါနဲ့ ၂၀၁၁ အရပ်သားအစိုးရတက်ချိန် စီးပွားရေးအပြောင်းအလဲ၊ ဖြစ်ပြန်ပါပြီ။ အခြေအနေမကောင်းသေးပါဘူး၊ အိမ်မြေဈေးတွေ အရမ်း တက်နေပြန်ပါပြီ။ ကမ္ဘာ့စီးပွားရေးလည်း မကောင်းလှပါဘူး။ စင်ကာပူမှာ လုပ်ကိုင်ရတာလဲ အိမ်ဈေး၊ ခရီးစရိတ်၊ စားစရိတ်တွေ တက်၊ အလုပ်ကလည်း ရှားလာတယ်။ မြန်မာပြည်ပြုပြင်ပြောင်းလဲမှုကြောင့် ကျပ်ငွေဈေးနှုန်းကောင်းလာတော့ မြန်မာပြည်ပြန်ပို့သူများ မကိုက် တော့ဘူး ဖြစ်လာတယ်။ ဒေါ်လာဈေးကလည်း ၄ နှစ်အတွင်း S$1=Kyat 900 to 600 ကျဆင်းသွားပါတယ်။ မြန်မာပြည်ပြန်၊ စီးပွားရေးလုပ် ဖို့တော့ ခေတ်ပျက်ကြီးမှာ ပိုပြီးခက်ခဲပါတယ်။ မြန်မာအစိုးရကို ယုံကြည်စွာ ၀င်လာ၊ရင်းနှီးမြုတ်နှံတဲ့ ကုမဏ္ဍီတွေ အလွန်နဲလှပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းလဲ အလွန်ရှားနေသေးတယ်။ ပွဲစား၊ လခစားလုပ်နေကျ ပြည်ပရောက်မြန်မာများအနေနဲ့ အလုပ်ပေးနိုင်တဲ့ ကုမဏ္ဍီကြီးများမြန်မာပြည်ကိုဝင်လာမှ ပြည်တော်ပြန်သင့်ပါတယ်။ စီးပွားရေးလုပ်ချင်သပ ဆိုရင်တော့ ငွေမရင်းနှီးပဲ၊ လူပဲရင်းနှီးတဲ့လုပ်ငန်းပဲ ပြန်လုပ်ကြဖို့ တိုက်တွန်းလိုပါတယ်။


မြန်မာကျပ်ငွေနှင့်စင်ကာပူတစ်ဒေါ်လာ 1991 - 2011 ဇယား

• ၂၀၁၂ မြန်မာပြည်အိမ်ဈေးကြီးမှု (ဒုတိယအကြိမ်)
အခု ဇူလိုင်လမှာ မြန်မာပြည်ကအိမ်ယာဈေးကြီး နေရာများ အရောင်းဝယ်ရပ်တံ့သွားပါပြီ။ မြန်မာတပြည်လုံး သိန်း ၁၀၀ တန်တဲ့အိမ်ကို သိန်း ၅၀၀၊ သိန်း ၁၀၀၀ စသဖြင့် ၂ နှစ်ရှိပြီ၊ အရောင်းဝယ်တွေဖြစ်လိုက်ကြတာ။ ၂၀၁၁ အစိုးရသစ်တက်လာကတည်းက စီးပွားရေး ၀ိသမ သမားတွေရဲ့ ကျားပါစပ်ထဲကို အာဏာရှိသူများ၊ ငွေရှိသူများ ကားယားပြီးဝင်လာကြပါတယ်။ ကားပါမစ်ဆိုတော့လည်း သူတို့ပဲ လက်ဦး အောင်လုပ်တယ်။ ထားဝယ်ရေနက်ဆိပ်ကမ်းဆိုလဲ သူတို့ပဲ။ အစိုးရသစ်က လူတော်လူကောင်းများနဲ့ အတိုက်အခံက လူတော်လူကောင်းများ ၀ိသမစီးပွားရေးသမားများနဲ့ ဉာဏ်ပြိုင်ဆိုင်မှုပြောရမဲ့ မြန်မာပြည်ပြုပြင်ပြောင်းလဲရေးအစခရီးပါ။ ပိုက်ဘောမိသူများစွာရှိသော်လည်း လော ကဓမ္မတာပဲ ဖြစ်ပါတယ်။

ကိုလတ်တို့လည်း ထပ်မံပြီး ၂ ခါရှိ ၂ ခိရှာ မဖြစ်ပါစေနဲ့လို ဆုတောင်းပါတယ်။

ဘာကြောင့် မြန်မာပြည်က အိမ်ဈေးတွေ မတရားဈေးကြီးနေရသလဲ။ စင်ကာပူ ပင်နီစူလာဆိုင်ခန်းငှားခတွေ အရမ်းဈေးကြီးနေရပါသလဲ ။ ဆန်းစစ်ကြည့်တော့ ဘယ်သူမပြု မိမိမှုလို့ပဲ ကောက်နုတ်ပါတယ်။

• ကိုလတ် (သို့မဟုတ်) ကိုလတ်လိုမြန်မာများရေ
ငွေကို ရင်းနှီးပြီးလုပ်တဲ့ စီးပွားရေးတိုင်း၊ CEO ကောင်းကောင်းငှားခန့်ထားရတဲ့ ၂၁ရာစု၊ စီးပွားရေးခေတ်ကြီးပါ။ မြန်မာပြည်ခေတ်ဆိုးကြီးကို ကျော်လွန်တော့မယ် မျှော်လင့်ပါတယ်။ အခုဆို မြန်မာပတ်စပို့ဆိုရင် အရှေ့တောင်အာရှနိုင်ငံတချို့ ( Indonesia, Philippine, Cambodia , Malaysia စင်ကာပူမပါ) Arrival Visa or Transit Visa ပေးနေပါပြီ။

မြန်မာပြည်ပြန်ချင်တဲ့ မြန်မာလူငယ်တဦးက သူ့ရဲ့ကုမ္ပဏီဘော့စ်ကိုမေးတယ်။ Can our company to go Myanmar? ဆိုတော့ မြန်မာတွေ ကိုနားလည်တဲ့ဘော့စ်ဖြစ်လို့ Boss answered with smile, "of course. When we go Myanmar to extend business - you have to go with me" .. မြန်မာပြည်မှာ ကုမ္ပဏီလုပ်ငန်းတွေချဲ့ရင်၊.... ဘော့စ်က ပြုံးပြီး၊ ခင်ဗျားတို့ကိုပဲ ခေါ်သွားရမှာပဲလို့ပြောတယ်။

ဖတ်ရှုသူမိတ်ဆွေများ ရွှင်လန်းပါစေလို့ ....

Ku Mojo - Cartoon

ပြည်သူ့သဘောထား 
ကူမိုးကြိုး
ဇူလိုင် ၂၁၊ ၂၀၁၂


Posted by Aung Htet at 9:40 AM 0 comments  

Photo News

မစိုးရိမ်တိုက်သစ် ဝါဆိုသင်္ကန်းကပ်လှူပွဲကျင်းပ (ဓာတ်ပုံသတင်း)
မိုးမခမိတ်ဆွေ 
ဇူလိုင် ၂၁၊ ၂၀၁၂

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၌ သီတင်းသုံးဝါကပ်မည့် နာယက၊ စာချ၊ စာသင်သံဃာတော်အပါး (၃၀၀၀) အား ဦးမောင်ကို + ဒေါ်ရွှေဥ (ထာဝရကုမ္ပဏီနှင့် ရွှေဥသြ ရွှေဆိုင်) မိသားစုမှ ဝါဆိုသင်္ကန်းကပ်လှူပွဲကျင်းပရာ မစိုးရိမ်တိုက်သစ် နာယကချုပ် ဆရာတော်ကြီးက ရေစက်ချအနုမောဒနာတရား ဟောကြားချီးမြှင့်ခဲ့ပါသည်။

ပထမဦးစွာ အလှူရှင်မိသားစုက သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ လောင်လှူပြီး၊ မစိုးရိမ်တိုက်သစ်နာယကဆရာတော် (၁၆) ပါးက ကြီးကြပ်ဆောင်ရွက်တော်မူကြပါသည်။

စာအောင်သံဃာများအတွက် ပဒေသာပင် ငွေကျပ်သိန်း (၁၀၀) လှူဒါန်းကာ သင်္ကန်းနှင့် လှူ ဖွယ်ပစ္စည်းအမျိုးအမည် (၁၃) မျိုးအပါအဝင် လှူဒါန်းကြကြောင်း သိရပါသည်။








Posted by Aung Htet at 9:31 AM 0 comments  

Po Htet - Heart Broken National Flag


အသဲကွဲ နိုင်ငံတော် အလံ
 ဖိုးထက်၊ ဇူလိုင် ၂၁၊ ၂၀၁၂
အနှီ အမျိုးသား တစ်ယောက်သည် အကြင် အမျိုး သမီး တစ်ယောက်အား ချစ်ခွင့်ပန်သည် ဆိုပါအံ့။ ထို အမျိုးသမီးက ချက်ချင်း လက်ငင်း တစ်ထိုင်တည်း တုန့်ပြန် ဆုံးဖြတ် နိုင်သည်။ ချစ်ပါသည်။ မချစ်နိုင်ပါ။ မဖြစ်နိုင်ပါ။ သို့တည်းမဟုတ် စဉ်းစားပါရစေ၊ လေ့လာပါရစေဟု ဆိုအံ့။ မချစ်နိုင်၊ မဖြစ်နိုင်ဘူး ဆိုသည့် အဖြေများနှင့် စာလျှင် စဉ်းစား၊ လေ့လာခွင့်ပေးပါ ဆိုသည့် အဖြေသည် ချစ်ခွင့်ပန်သည့် ယောင်္ကျား တစ်ယောက်အတွက် ကြိုးစားခွင့် အခွင့်အရေး အများကြီး ရှိသည်ဟု ဆိုရမည်ပင်။
            ကျနော် ကေသီ့ကို ချစ်ခွင့်ပန်သော အခါ ရှက်ရွံ့သည့် မျက်နှာ အမူအရာဖြင့် လေ့လာအုံးမယ်ဟု အဖြေပေးသည်။ လိုချင်သည့် အဖြေကို ချက်ခင်း မရပေမယ့် ငါ့မှာ အခွင့်အရေးတွေ ရှိတာဘဲ ဟု ဖြေသိမ့်လိုက်နိုင်ပါသည်။ ဖြစ်နိုင်ခြေတွေ အများကြီးရှိနေတာဘဲ ဟုလည်း တွေးမိသည်။ မိမိကြိုးစားလျှင် ကြိုးစားသလောက် ဖြစ်နိုင်သော အရာ။ အခွင့်အရေးက ကျနော့် လက်ထဲမှာ။ ဆယ်တန်းနှစ် အစ အချိန်များလို ကျနော် ခံစားမိသည်။ တက်ကြွ ကြိုးစားချင်စိတ်များ တဖွားဖွား ပေါ်လာပါ၏။
            ကေသီနေသော အမျိုးသမီး အဆောင်နှင့် ကျနော် နေသော အမျိုးသား အဆောင်က မနီးမဝေးတွင် တည်ရှိသည်။ သူတို့ အဆောင်တွင် ဘယ်သူနေသည်။ ဘယ်သူက ဘယ် ကုပ္မဏီမှာ အလုပ် လုပ်သည်ဟု ကျနော်တို့ သိသလို ကျနော်တို့ အဆောင်က ယောင်္ကျားလေးများ၏ အူချာပေါက် အလေ့အကျင့်များကိုလဲ သူတို့ လွယ်လွယ်သိနိုင်ကြ၏။ ထို့အပြင် ရပ်ကွက်အတွင်းရှိ တစ်ခုတည်းသော လ္ဘက်ရည်ဆိုင်သည် သူတို့ မိန်းကလေး အဆောင်သူများ အဖွဲ့နှင့် ကျနော်တို့ အဖွဲ့၏ အပြန်အလှန် လေ့လာစောင့်ကြည့်စရာ သတ်ကွင်း တစ်ခုဆိုလျှင် မှားအံ့မထင်။
            သူတို့ အဆောင်သူ မိန်းကလေး အဖွဲ့များထဲတွင်မှ ကေသီ့ကို ထူးထူးခြားခြား သတိထားမိ၏။ အရပ်ပုပု။ ဆံပင်ရှည်ရှည်။ သွက်လက် ချက်ချာဟန်ရှိသည့် သူ့ကို ကျနော်က ချစ်စရာလေးဟု မှတ်ချက်ပေးသောအခါ အားလုံးက မင်းကောင်မလေးဟု တညီတညွတ်တည်း လက်ရှောင်ကြပါ၏။ မိန်းမများ၏ မွေးရာပါ အရည်အချင်းဟု သတ်မှတ်ရမည်ထင်သည့် အရည်အချင်း တစ်ခု ရှိသည်။ မိမိကို စိတ်ဝင်စားနေသော ယောင်္ကျားတစ်ယောက်ကို ဆဌမအာရုံအရ အလိုလို သိခြင်း ဖြစ်သည်။ ကေသီ့ကို ကျနော် က  ချစ်စရာလေးဟု ပြောမိသော အချိန်မှစ၍ ကေသီသည် ကျနော့်ရှေ့ ရောက်လျှင် ခြေလှမ်းတွေ မှား၏။ မ၀ံ့မရဲ ခိုးခိုးကြည့်၏။ သူတို့မိန်းများသာ တတ်မြောက်သော ဘာရယ်မသိသော အကြည့်ဖြင့် ကြည့်၏။
            သူတို့ အဆောင်သို့ ဂစ်တာ လေး ငါး ခါလောက်သွားတီး၊ သူ အလုပ်သွားချိန် မရောင်မလည် ဖြင့် နောက်မှ လိုက်ပြီး သကာလ သူမ၏ အပါးတော်မြဲ ဖြစ်သွားခဲ့လေပြီ။ မနက်ခင်း အလုပ် လိုက်ပို့သည်။ ညနေ သွားကြို၏။ မုန့်အတူတူ စား၏။ သူကြိုက်သော ဖန်စိမ့် လ္ဘက်ရည်ကို ကျနော်မှာပေးသည်။ ကျနော်သောက်သော ပေါ့စိမ့်ကို သူက မှာပေး၏။ သူစိတ်ကောက်ခြင်းကို ချော့ရ၏။ သူချမှတ်သသော စည်းကမ်းများကို ကျနော် လိုက်နာရ၏။ သပ်သပ်ရပ်ရပ် ၀တ်စားရ၏။ ရေမွှေးတစ်မျိုးမျိုး သုံးပါဆိုသဖြင့် မရှိမဲ့ ရှိမဲ့ မုန့်ဖိုးဖြင့် ၀ယ်သုံးရသည်။ ဘောလုံးပွဲ ညနက်ကြီး မကြည့်ပါနှင့် ဆိုသဖြင့် ခိုးကြောင်ခိုးဝှက် ကြည့်ရ၏။
            ထိုကဲ့သို့ သူမ၏ စည်းကမ်းများကို လိုက်နာပြီး၊ လိုက်နာချင်ယောင်ဆောင်ပြီး သကာက ကျနော် ချစ်ရေးဆိုသောအခါ လေ့လာပါရစေဟု အဖြေသည် အနည်းငယ်တော့ အူကြောင်ကြားနိုင်လှသည်ဟု ထင်မိသည်။ သို့သော် ကျနော်ခွင့်လွှတ်နားလည်နိုင်ပါ၏။ မစဉ်းစားတော့ဘဲ အင်း ဟု လွယ်လွယ်ခေါင်းငြိမ့်လိုက်လျှင် ကျနော့် စိတ်က တစ်မျိုး တစ်မည် ဖြစ်သွားနိုင်သေးသည်။ စဉ်းစားပါရစေဟု အဖြေ၏ နောက်ကွယ်တွင် ကျနော့်ကို လေးလေးနက်နက်စဉ်းစားရှာသားဘဲဟု မသိစိတ်ထဲမှ အမှတ်အပြည့် ပေးမိသည်။ လေးနက် တည်ကြည်သော မိန်းကလေးပေဘဲ။ စဉ်းစားတတ်တဲ့ မိန်းမတစ်ယောက်ဘဲဟု ပိုချစ်သွား၏။
            မိန်းမတစ်ယောက်နှင့် ယောင်္ကျားတစ်ယောက်၏ ဘ၀ လက်တွဲဖော် အရေးအတွက် ယောင်္ကျားများက စတင်ချစ်ရေးဆိုရမည်ဟု သတ်မှတ်ထားကြသည် ထင်သည်။ မိန်းမများက ယောင်္ကျားများအပေါ် လေ့လာကြသည်။ စူးစမ်းကြသည်။ ဘ၀တစ်လျှောက်လုံး အားကိုးထိုက်၊ ယုံကြည်ထိုက်သည့် လူတစ်ယောက်လား ဆိုသည့် စေ့ငုခြင်းကို ခံရ၏။ သဘာဝလဲ အတော်ကျသည်ဟု ဆိုရမည်ပင်။ သို့သော် လောကကြီးသည် တစ်ခါတစ်ရံ မထင်မှတ်ထားသော အကြောင်းချင်းအရာများ ဖြစ်လာတတ်သည်။ ကေသီက ကျနော့် အပေါ်လေ့လာဆဲ အချိန်များတွင် ကျနော့် မသိစိတ်ထဲမှလည်း ကေသီ့ကို မသိမသာ လေ့လာနေမိသည် ထင်သည်။
            မြသန်းတင့်၊ လူထု ဒေါ်အမာ ဆိုတာ ဘယ်သူတွေလဲဟု မေးကတည်းက သူ၏ စာဖတ်အားကို ကျနော် တွန့်ဆုတ်သွားပါ၏။ “ဒီဖိနပ်များ ဘယ်လောက်တန်တယ် ထင်လို့လဲ ။ အောင်မာ “ ဟု သူ့ဖိနပ်ကို မတော်တဆ တက်နင်းမိသော ကျနော့်ကို ဆူ ငေါက် ချင်သော သူ့ကို နားလည်ပေးနိုင်သည်။  ကျနော် ၀ယ်လာသော ရှားပါး စာအုပ် အဟောင်းတစ်အုပ်ကို “ဟယ် ဈေးကြီးလိုက်တာ” ဟု မှတ်ချက်ပေးသော သူ့ကို ကျနော် သိပ် စိတ်မရှည်ချင်။ အာဇာနည်နေ့ဆိုတာ ရုံးပိတ်ရက်၊ ဗိုလ်ချုပ်အောင်ဆန်း အသတ်ခံလိုက်ရတဲ့ နေ့ဟု ဆိုရုံမှ လွဲပြီး ဘယ်နှစ်ယောက် အသတ်ခံလိုက်ရတယ်ဆိုတာ ရိုးသားစွာ သူမသိ။
            ကေသီ့ကို ကျနော် အပူကပ်၊ နားပူ နားဆာ တိုက်လွန်းမှ ကျနော် နှင့် အတူ ရုပ်ရှင်အတူသွားကြည့်ဖို့ သဘောတူသည်။ ဒါတောင်မှ ရုပ်ရှင်ရုံထဲတွင် လက်မကိုင်ရ။ အသားချင်း မထိရ။ မကိုင်ရ။ နှစ်ယောက်တွဲ ထိုင်ခုံမှ မကြည့်ရ စသည့် စည်းကမ်းများကို လွယ်လွယ်ကူကူ ကျနော် လိုက်နာနိုင်ပါသည်။ လေ့လာပါရစေဟု အဆိုပြုထားသည့် မိန်းကလေး တစ်ယောက်ကို စိတ်ပျက်၊ အယုံအကြည်ကင်းမဲ့အောင် မလုပ်ကောင်းတာ လူအ မဟုတ်၊ လူလည် မဟုတ် ကျနော်က ကောင်းမွန်စွာ သဘောပေါက်ပါ၏။ သို့ဖြင့် ကေသီကြိုက်သော ကလိကြားထိုးရီခိုင်းသည့် ခပ်ပေါပေါ မြန်မာရုပ်ရှင်ဇာတ်ကိုးကို ကြည့်ရှူရန် လက်မှတ် ကြိုတင် ဖြတ်လိုက်သည်။
            ရုပ်ရှင်ရုံ မ၀င်ခင်ကတည်းက ယုံကြည်လို့ လိုက်ကြည့်တာနော်။ မဟုတ်တာ လုပ်မယ်ဆိုရင်တော့ အပြတ်ဘဲနော်ဟု လိုလားအပ်စွာ မှာတမ်းချွေသော သူ့ကို ကျနော် ပိုမို ချစ်ခင်တွယ်တာမိသည်။ ရုပ်ရှင်ရုံထဲ ရောက်တော့ ထင်သလောက် လူမများ။ ကျနော်က ကြိုတင် ကြံစည်မှုဖြင့် လက်မှတ်ကြိုတင် ဖြတ်ထားသော အကောင်ပေဘဲလေ။ ထောင့်ခပ်ကျကျ နေရာမှာ ကျနော်တို့ နှစ်ယောက်ထိုင်ခုံ ရသည်။ အားလုံးက ကြည်နူး ချမ်းမြေ့စရာ အတိပြီးသည်။ ကေသီသာ ကျနော့် အချစ်ကို လက်ခံပြီးပါက လက်ထပ်ဖို့ ရည်ရွယ်ပြီး အလုပ် လုပ်ရမည်။ ပိုက်ဆံ စုရမည်။ သားသား မီးမီးလေးတွေ မွေးရမည်။ ယောင်္ကျားလေး မွေးလျှင် သူ့လို အရပ်ပုလို့ မဖြစ်ဆိုတာ စနောက် ဖို့ တေးထားသည်။ မိန်းကလေးဆိုလျှင်လဲ ကျနော့်လို ကြမ်းကြမ်းတမ်းတမ်းကြီး မဖြစ်ဘူးဟု သွက်လက် သော သူက ပြန်စ နောက်လေမည်လား။
            အတွေးများဖြင့် တစ်ယောက်တည်း ရှုပ်ရှက်ခပ်နေရင်း အမှတ်များသည်ထက် များအောင်၊ ဂုဏ်ထူးမှတ်မှီအောင် နေကြာစေ့များ အခွံ့ နွှာပေးသည်။ ရေဗူးကို ပိုက်တပ်ပေးသည်။ ပိုက်လေးကို ငုံပြီး ရေကို စုပ်သောက်နေသော သူ့နှုတ်ခမ်း ဖူး ဖူး ရဲရဲလေးကို အလင်းရောင် မလုံလောက်မှုများ ကြားထဲမှ သတိထားဖြစ်အောင် ထားမိလိုက်သေးသည်။ ကျနော် ကမ်းသော တစ်ရှူးလေးကို လှမ်းလင့်သော သူ့လက် သွယ်သွယ် လှလှလေးက ကျနော့် အသက်ရှူသံကို မှားစေပါသည်။ အဲယားကွန်း အနံ့များကြားထဲမှာမှ သူ့ဆံပင် ပျော့ပျော့အိအိလေးများ၏ မွှေးအီနေသော အနံ့ကို တပ်မက်မိသည်။
            ရုပ်ရှင် မပြခင် ၊ ကြေငြာများ မ၀င်ခင် မီးများ မှိတ်ကတည်းက ကေသီသည် ကျနော့်ကို အန္တရာယ်ရှိသော သတ္တ၀ါ တစ်ကောင်ကဲ့သို့ သတိထားနေသည်ကို ပြုံးမိသည်မှ လွဲပြီး စိတ်အနှောင့် အယှက်မဖြစ်မိပါ။ ကျနော့်ကို သူမည်သို့ အမှတ်ဖြတ်နေသည် မသိ။ ကျနော်က သူ့ကို အမှတ်တွေ အများကြီး ပေးနေတုန်းမှာ ပိတ်ကားဖြူဖြူကြီးပေါ်တွင် နိုင်ငံတော်အလံကြီး ပျံ့လွင့်လာသည်။ ကျနော် ထအရပ်တွင် ကေသီက ကျနော် ဖောက်ပေးထားသော အချဉ်ပေါင်းထုပ်၏ အပေါက်ကို လိုက်ရှာနေသည်။ ထိုင်ရာမှ မထ။ တုတ်တုတ်မျှ မလှုပ်။  နိုင်ငံတော် သီချင်း တီးလုံး ဖွင့်ပေးနေချိန်တွင် သူ့ အချဉ်ပေါင်းထုပ်၏ ကြိုး ကြိုး ကြွတ် ကြွတ် မြည်သံများက စိတ်အနှောင့် အယှက်ဖြစ်စရာ။ ပိတ်ကားပေါ်မှ နိုင်ငံတော် အလံ ပျောက်ကွယ်သွားချိန် ကျနော် ပြန်ထိုင်ပြီး ဘာလို့ ထမရပ်တာလဲဟု မေးမိသည်။ “အို ရှုပ်ပါတယ်။ ကေသီ ထမရပ်လဲ ဘယ်သူ သိတာမှ မဟုတ်တာ။ ထရ ထိုင်ရတာ အလုပ်ရှုပ်တာဘဲ အဖတ်တင်မယ်။”ဟု သူမကို ကျနော် မျက်လုံးပြူးကြည့်မိသည်။ ကျနော့် မျက်လုံးများ ပြူးသွားသည်ကို အမှောင်ထုက အကာအကွယ် ပေးထားသည် ထင်ပါသည်။ ကေသီ သတိမထားမိသလို ကျနော်ကလဲ ဆက်ပြီး ပြောမနေချင်တော့။
            ရုပ်ရှင်ဇာတ်လမ်းမှ အရေမရ အဖတ်မရ မရီ ရ ရီရအောင် ချက်အောက်ပိုင်း ပျက်လုံး ဟာသများကြောင့် ဖြစ်ပေါ်လာသော ဆည်းလည်းသံ ရီသံလွင်လွင်လေးများသည် ကျနော့်အတွက် ငှက်ဆိုးကြီး ဘေးမှာ ကပ်ပြီး အော်ရီနေသလို ခံစားလာရသည်။ နိုင်ငံတော် အလံတစ်ခု ဂုဏ်သရေ ရှိရှိ ဒီလို လွှင့်ဖို့ရဖို့ ဘယ်သူတွေ ဘယ်ဝါတွေ အနစ်နာ ခံထားရသည်ဆိုတာကို ကျနော် ရှင်းပြနေလျှင်လဲ ထုံးစံအတိုင်း အပိုတွေဟု ပြောမှာလား။ ကျနော် စိတ်ကူးယဉ်ထားသော သားသား မီးမီးများကို နိုင်ငံချစ်တတ်ဖို့ ၊ တန်ဖိုးထားတတ်ဖို့ ကျနော် တစ်ယောက်တည်း ဆို ဆုံးမလို့ ရမှ ရပါ့မလား။ ကျနော့် သား၊ သမီးများ နိုင်ငံတော်အလံကို တန်ဖိုးမထားတတ်ခဲ့လျှင် နိုင်ငံကို ဖျက်လို ဖျက်ဆီး လုပ်ဖို့ အတော်ကြီးနီးစပ်တဲ့ မျိုးဆက်တွေ ဖြစ်လာမလား။  ဗိုလ်ချုပ်တို့ အသက်ပေးသွားတာ အလကားများ မှတ်နေသလားကွဟု ငေါက်ဆတ်ဆတ်ပြောလိုက်ချင်သောကြောင့် ဒေါသထွက်နေသော ကျနော့်ကို သတိထားမိဟန်မတူ။ အမှိုက်ထည့်ဖို့ပေးထားသော ကြွတ်ကြွတ်အိတ်ကို မေ့လျော့ကာ အမှိုက်များကို ကြမ်းပြင်ပေါ်သို့ အပြစ်ကင်းစွာ ပြစ်ချနေ၏။ အိတ်ထဲ ထည့်ပါကွာ ဟု ပြောလိုက်ချင်ပေမယ့် ပိုက်ဆံပေးကြည့်တာ အလကားကြည့်တာ မဟုတ်ဘူးဟု စသလိုလို ၊ ပြောင်သလိုလို ပြန်ပြောမှာစိုးသဖြင့် မပြောဖြစ်။
            ရုပ်ရှင်ရုံမှ ပြန်ထွက်လာတော့ ကျနော် အသံတိတ်နေတာကို သတိထားမိဟန်တူသည်။ “ဘယ်ဆိုးလဲ ပြောတဲ့ အတိုင်း လိုက်နာသားဘဲ” ဟု အမှတ်ပေးသည်ကို ကျနော် ကျေနပ်ဂုဏ်ယူစိတ် မဖြစ်မိ။ နောက်ရက်တွေမှာ ရုပ်ရှင် ကြည့်ချင်ရင် ကြိုပြောနော်ဟု ကျနော့်ကို အခွင့်အရေးပေးသော်လည်း စိတ်ပျက်လက်ပျက် ခံစားမှုကြီးထပ်မဖြစ်ချင်တော့သောကြောင့် အင်းမလုပ်၊ အဲမလုပ် နေလိုက်သည်။
            ထို့နောက်..ထို့နောက်..ကေသီ ကျနော့်အပေါ် ချမှတ်ပေးထားသော အ၀တ်အစားသပ်သပ်ရပ်ရပ်ဝတ်ဖို့ စည်းကမ်းကို အားမစိုက်ရဘဲ စည်းကမ်းဖောက်နေမိသည်။ ဘောလုံးပွဲ ညနက် သွားမကြည်ရဟု သတ်မှတ်ထားသော စည်းကမ်းကို လွယ်လွယ် ချိုးဖျက်မိသည်။ ကေသီ့မျက်နှာဖူးဖူးရွရွလေးကို တွေ့တိုင်း “အို ရှုပ်ပါတယ် “ ဟု ရုပ်ရှင်ရုံထဲတွင် ပြောဘူးတာကို မေ့ဖျောက်လို့ မရ။
လူသတ္တ၀ါသည် သက်ရှိ လောကထဲတွင် အသိဥာဏ် အဆင့်အမြင့်ဆုံး သတ္တ၀ါဟု ဆိုကြ၏။ ကေသီသည်လည်း လူဖြစ်သောကြောင့် အသိဥာဏ် ရှိသူပီပီ ကျနော်၏ ပေါ့ပျက်ပျက် ဖြစ်လာမှုကို သတိထားမိလာသည်။ သူ အဆောင်ပြောင်းသွားတာကိုတောင် ကျနော့်ကို အသိပေးမသွားတော့ပေ။ တစ်ရက်က စာအုပ် အဟောင်းတန်းမှာ အားရ ပါးရ ကျနော် ဖွနေတုံး ခပ်လှမ်းလှမ်းမှာ အမျိုးသားတစ်ယောက်နှင့် လက်တွဲသွားသည်ကို တွေ့လိုက်ရသည်။ နိုင်ငံတော် အလံကို တန်ဖိုးထားတတ်တဲ့ လူတစ်ယောက် ဖြစ်မှ ဖြစ်ပါ့မလားဟု တွေးရင်း  ကျနော် ဆွေးသွားပါ၏။ ၀မ်းနည်းသွားပါ၏။ သို့သော် နှမြောစိတ်တော့ မဖြစ်မိပေ။
စာအုပ် အဟောင်းဆိုင်မှ အပြန်မှာ ကျနော် တစ်ယောက်တည်း ရုပ်ရှင်ဝင်ကြည့်ဖြစ်ခဲ့သည်။ နိုင်ငံတော် အလံကြီး တလူလူလွင့်လာချိန်မှာ ကျနော့် ကိုယ်ခန္ဓာကို တောင့်နေအောင်ရပ်၊ လက်သီး နှစ်ဖက်ကို ဆုပ်ပြီး ပေါင်ဘေးမှာ ကပ်ထားခဲ့သည်။ နိုင်ငံတော် သီချင်း သံ ကို နားစွန့်ရင်း ကျနော့် မျက်လုံးများက စိုစွတ်လာခဲ့သည်။ ကေသီ့အတွက် ကျတဲ့ မျက်ရည်များဟု ကျနော် ၀န်မခံချင်ပါ။ သို့သော် ကျနော့်ကို အသဲကွဲစေသော အလံကြီး ဖြစ်ကြောင်းကိုတော့ မရှက်တမ်း ၀န်ခံချင်နေပါတော့သည်။

Posted by MoeMaKa at 9:29 AM 0 comments  

Kyaw Thu - FFSS Yangon Activity,

အကြောအဆစ်ရောဂါနှင့် ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေးဋ္ဌာန ဖွင့်လှစ်ပြီ
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
ဇူလိုင် ၂၁၊ ၂၀၁၂

၂ဝ၁၂ ခုနှစ်၊ ဇူလိုင် (၁၉) ရက်နေ့ အာဇာနည်နေ့တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းတွင် အများပြည်သူ တို့အတွက် ဆေးဝါးကုသမှုတစ်ရပ်အား တိုးချဲ့ဖွင့်လှစ်ကာ (အခမဲ့) ကုသပေးလိုက်ပြီဖြစ်ပါသည်။ အကြောအဆစ်ရောဂါနှင့် ကိုယ်အင်္ဂါပြန် လည်သန်စွမ်းရေးဋ္ဌာန (Derartment of Physical Medicine and Rehabilation) ဟု ခေါ်ဆိုအပ်သော ခေတ်မီကုထုံးကုနည်း ပညာရပ်ဖြင့် ပါမောက္ခ ဒေါက်တာဦးသန်းတိုးမှဦးဆောင် ၍ ဒေါက်တာဒေါ်ဝါဝါအောင်၊ ဒေါက်တာဒေါ် သန်းသန်းဋ္ဌေး၊ ဒေါက်တာ ဦးအောင်ကိုဦး၊ ဒေါက်တာ ဒေါ်မွန်မွန် ခိုင်၊ ဒေါက် တာ ဒေါ်ခင်စောဦး၊ ဒေါက်တာဒေါ်သိင်္ဂိလှိုင်တို့မှ အကြောအဆစ်ရောဂါဝေဒနာရှင်တို့အား အလှည့်ကျကုသိုလ်ဖြစ် ကု သမှုအခမ်းအနားအား သုခကုသိုလ်ဖြစ်ဆေးခန်းတွင် နံနက် (၉းဝဝ) နာရီအချိန်၌ ဖွင့်လှစ်ကုသပေးခဲ့ပါသည်။











ယင်းအခမ်းအနားတွင် နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူမှ ကြွရောက်လာကြသောဧည့်ပရိသတ်များ၊ ဆရာဝန်ကြီးများ၊ အလှူရှင်များ၊ လူနာများအား အမှာစကားပြောကြားရာတွင် “ယခုလို အာဇာနည်နေ့ထူးနေ့မြတ်တွင် ဗြဟ္မစိုရ်တရားလက်ကိုင်ပြုကာ အများ ပြည်သူတို့အတွက် ဆေးဝါးကုသပေးကြသော စေတနာရှင်ဆရာဝန်ကြီးများအား လူမှုရေးသူရဲကောင်း ဆရာဝန်ကြီးများဖြင့်တင်စား၍ အ ထူးကျေးဇူးတင်ရှိပါကြောင်း” ပြောကြားခဲ့ကာ ပါမောက္ခဒေါက်တာဦးသန်းတိုးမှ အကြောအဆစ်ရောဂါနှင့် ကိုယ်အင်္ဂါပြန်လည်သန် စွမ်းရေး ဋ္ဌာန (Derartment of Physical Medicine and Rehabilation) ဖွင့်လှစ်ကုသပေးရခြင်းနှင့်ပတ်သက်၍ “လွန်ခဲ့သော (၂) နှစ်ခန့်ကတည်းက ဦးကျော်သူ နှင့် အကြောအဆစ်ရောဂါ ဝေဒနာသည်များအား ပြန်လည်သန်စွမ်းနိုင်ရေးအတွက် ကုသခန်းဖွင့်လှစ် မည့်ကိစ္စကို ပြောကြားခဲ့ ဖူးကြောင်း၊ မည်သို့စတင်ကြမလဲ။ တဖြည်းဖြည်း အချိန်ပေးလာနိုင်ခဲ့ရင်း ယခုမှ အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့သည့်အတွက် များစွာဝမ်းသာခဲ့ မိကြောင်းနှင့်ကုသမှုပိုင်းတွင် ဝိုင်းဝန်းကူညီပေးကြသော ဆရာဝန်ကြီးများအားလည်း ကျေးဇူးအထူးတင်ပါကြောင်း၊ အရင်တုန်းက အ ကြောအဆစ်တို့နာကျင်ရင် ဘယ်မှာကုရမှန်း မသိကြဘူး။ တရုတ်အားကိုးပြီး သွားရောက်နှိပ်နယ်ပြုကြတယ်။ မဖြစ်သင့်တာတွေဖြစ်တယ်။ နှိပ်သင့်တဲ့နေရာကို မနှိပ်ဘူး။ မနှိပ်သင့်တဲ့နေရာကို နှိပ်ကြတယ်ပေါ့။ ဦးကျော်သူတို့ သုခဆေးခန်းမှာ လူနာတွေများတယ်။ တစ်နေ့ကို အ ယောက် (၂ဝဝ) နီးပါး ကုသပေးနေတယ်။ ဆင်းရဲတဲ့ သူများတယ်။ ကုသမှုပိုင်းအတွက် အထောက်အကူပြုပစ္စည်းများအား မညီးမညူ လိုလေသေးမရှိ စီစဉ်ဆောင်ရွက်ပေးတဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်) မှ တာဝန်ရှိသူများ၊ အသင်းသား/သူများအားလည်း ကျေးဇူးတင်ရှိ ပါကြောင်း၊ အခုချိန်မှာတော့ တစ်နိုင်ပေါ့ Basic ရှိသင့်/ရှိအပ်တဲ့ စက်ပစ္စည်းများဖြင့် စတင်ထားရှိပြီးနောက်ပိုင်းတွင် လုပ်ငန်းနှင့် လူနာများ ပေါ်ကြည့်ပြီး တိုးချဲ့သွားပြီး အောင်မြင်အောင်လည်း ကြိုးစားသွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့ကာ နာရေးကူညီမှု အသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့်အတူ ပါမောက္ခ ဒေါက်တာဦးသန်းတိုးတို့မှ ဖဲကြိုးဖြတ်ကာ ကုသမှုခန်းမအား ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ကြွရောက် လာကြသော အလှူရှင်များ၊ ဆရာဝန်ကြီးများ၊ ဧည့်သည်တော်များ၊ မီဒီယာများအား ကုသမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများအား ဒေါက်တာ ဦးသန်းတိုးနှင့် ဆရာဝန်ကြီးများတို့မှ လိုက်လံရှင်းလင်းပြောကြားခဲ့ပြီး လက်တွေ့လူနာများအား စတင်ကုသမှုကို ပြုလုပ်ခဲ့သည်။

ယင်းအခမ်းအနားသို့ နာရေးကူညီမှုအသင်း (ရန်ကုန်) ရာသက်ပန်အသင်းဝင် ဦးရဲလွင်၊ ကိုဆောင်းဦးလှိုင်တို့ပါ တက်ရောက်ချီးမြှင့်ခဲ့ကာ ဧည့်ပရိသတ်များအား ကော်ဖီ၊ မုန့်တို့ဖြင့် ကျွေးမွေးဧည့်ခံခဲ့ပါသည်။ ယနေ့ အကြောအဆစ်ရောဂါနှင့် ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေးဋ္ဌာန (Derartment of Physical Medicine and Rehabilation) တွင် အကြောအဆစ် ဝေဒနာသည် (၁ဝ) ဦးတို့အား စတင်ကုသပေးခဲ့ကာ နေ့စဉ်နေ့တိုင်း ဆရာဝန်ကြီးများမှ အလှည့်ကျ ကုသပေးသွားတော့မည်ဖြစ်ပါသည်။ ယခင်က နာရေးကူညီမှုအသင်း (ရန်ကုန်) တွင် တစ် ကြိမ်တည်းဖြင့် အသက်နှစ်ချောင်း ကယ်တင်ရာရောက်သည့် ကိုယ်ဝန်ဆောင်မိခင်များအား ခွဲစိတ်မွေးဖွားမှုကို စတင်ပြုလုပ်ပေးခဲ့ရာမှ သုခကုသိုလ်ဖြစ်ဆေးခန်းဟူ၍ ၂ဝဝ၇ ခုနှစ်တွင် ဖွင့်လှစ်နိုင်ခဲ့ရာ အထွေထွေ၊ အရိုးအကြော၊ အရေပြား၊ ကလေး၊ မျက်စိ၊ နား နှာခေါင်း လည်ချောင်း၊ သွား၊ အပ်စိုက်၊ ဓါတ်မှန်၊ USG ၊ ECG ၊ ဓါတ်ခွဲခန်း၊ မီးယပ်နှင့် သားဖွား၊ အသေးစား ခွဲစိတ်ကုသမှုတို့အပြင် အစိုးရဆေးရုံကြီး (၈) ရုံတွင် တက်ရောက်ကုသကြသော လူနာများအတွက် ဆေးကူညီမှု ထောက်ပံ့ခြင်းတို့ကို (အခမဲ့) ကူညီပေးခဲ့ရာမှ ယနေ့ (၆၅) နှစ် မြောက် အာဇာနည်နေ့တွင် အကြောအဆစ်ရောဂါနှင့် ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေးဋ္ဌာန (Derartment of Physical Medicine and Rehabilation) ဟူ၍ တိုးချဲ့ကုသပေးမှုကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့ပြီ ဖြစ်ပါသည်။

Posted by Aung Htet at 7:53 AM 0 comments  

Aurora Movie Shoot Outs and Country reaction in solidarity


ဒင်းဗား၊ သြရိုရာ ရုပ်ရှင်ရုံ ပစ်ခတ်သတ်ဖြတ်မှုနဲ့ လူထု၏ တုန့်ပြန်ပုံ
နိုင်ငံတကာသာဂိ၊ ဇူလိုင် ၂၁၊ ၂၀၁၂
ဇူလိုင် ၁၉ ၊ ညသန်းကောင်ယံ၊ ရုပ်ရှင်ကားသစ်တခုဖြစ်တဲ့ The Batman, The Dark Knight Rises အထူးပွဲကို ကိုလိုရာဒို၊ ဒင်းဗား၊ သြရိုရာမြို့ကလေးမှာ ပြသတယ်။ အဲသည်မှာ ဂျိန်းဟုမ်းစ်ဆိုတဲ့ အသက် ၂၄ နှစ်အရွယ် တက္ကသိုလ်ကျောင်း ဘွဲလွန်အတန်းကျ လူငယ်တဦးက ရုပ်ရှင်ရုံထဲက လူတွေကို သေနတ်နဲ့ ပစ်သတ်တာ လူ ၁၂ ဦးသေတယ်။ လူ ၆၀ လောက် ဒဏ်ရာရသွားတယ်။ ၅ မိနစ်အတွင်းမှာ တရားခံကို ရဲတွေက ရုပ်ရှင်ရုံအနောက်ဖက် ကားရပ်ကွင်းထဲမှာ ဖမ်းမိတယ်။ လက်နက်ချ အဖမ်းခံတယ်။ အမေရိကန်တပြည်လုံး သောကြာနေ့ မနက်ခင်း၊ ဇူလိုင် ၂၀ နေ့မှာ သတင်းတွေ ပြန့်နှံပြီး တုန်လှုပ်သွားကြတယ်။
သူက လွန်ခဲ့တဲ့ ၂ လကတည်းက လက်နက်ခဲယမ်းတွေ ၀ယ်စုထားတယ်။ ရုံထဲကို သာမန်ပွဲကြည့်သလို ၀င်လာပြီးတော့ အရေးပေါ်ထွက်ပေါက်ကနေ ဖုံးလာလို့ ထွက်ပြောသလို ထွက်သွားတယ်။ တံခါးကို စေ့ထားခဲ့တယ်။ ပြီးတော့ တကိုယ်လုံး ကျည်ကာ သံချပ်ကာဝတ်စုံ ခေါင်းကနေ ခြေဖျားအထိ အနက်ရောင်ဝတ်၊ မျက်ရည်ယိုဗုံး မျက်နှာဖုံးကိုတပ်၊ သေနတ် ၄ လက်နဲ့ ပြန်ဝင်လာတယ်။ မျက်ရည်ယိုဗုံးတွေနဲ့ ရုပ်ရှင်ရုံထဲကို ပစ်သွင်းပြီး မီးခိုငွေ့တွေကြား အငိုက်မိသွားတဲ့ ပရိသတ်ကို မဲမဲမြင်ရာ ပစ်သတ်တာပဲ။ လူတွေထဲမှာ ၃ လ ကလေးကနေ ၄၅ နှစ် လူကြီးအထိ ထိခိုက်ကုန်တယ်။ ၁၀ ဦး ရုံထဲမှာ ပွဲချင်းပြီး သေတယ်။ နောက် ၂ ဦးက အပြင်မှာ သေတယ်။ ချက်ခြင်း ရဲတွေ၊ မီးသတ်တွေ၊ အရေးပေါ်တွေ ရောက်လာတယ်။ စောင့်ရှောက်မှုပေးတယ်။ သူ့ကို အရှင်ဖမ်းမိပြီးတော့ သူ့အခမ်းကို ၀င်စစ်တော့ သူငှားနေတဲ့ အခမ်းတခုလုံးကို ပေါက်ကွဲအောင် ဗုံးတွေ ထောင်ခြောက်တွေ ဆင်ထားလို့ အတော်ရှင်းရတယ်။ လွန်ခဲ့တဲ့ ၁၀နှစ်ကျော် (၁၉၉၉ ခုနှစ်)  က ကိုလိုရာဒိုမှာ ကိုလမ်ဘိုင်းကျောင်း ပစ်ခတ်သတ်ဖြတ်မှု ဖြစ်ဖူးတယ်။ သည်တခါ အဆိုးဆုံး တခုပဲ။
သြရိုရာမြို့နယ်တခုလုံးသာမက အမေရိကန်တပြည်လုံးက ပြည်သူတွေ ၀မ်းနည်း ကြေကွဲကြတဲ့ နေ့ဖြစ်တယ်။ သမ္မတ အိုဘားမားဟာ မဲဆွယ်ဖို့ ဖလော်ရီဒါကို ရောက်နေတယ်။ ချက်ခြင်း လူထုနဲ့ တိုင်းပြည်ကို မိန့်ခွန်းပြောတယ်။ အစိုးရက အစွမ်းကုန် ဆောင်ရွက် အရေးယူပေးမယ်လို့ ပြောတယ်။ သေဆုံးသူ ဒဏ်ရာရသူတွေအတွက် ၀မ်းနည်းစကား ပြောကြားတယ်။ ၀မ်းနည်းခြင်း တတိုင်းပြည်လုံး အလံတွေ တိုင်ဝက် လွှင့်ထူတယ်။ ဘ၀ရဲ့ လမ်းခုလတ်မှာ ကံဆိုးမိုးမှောင်ကျပြီး ထွက်ခွာရတဲ့အတွက် သံဝေဂစကားပြောတယ်။ တရားစကားပြောတယ်။ ပြည်သူတွေဟာ မိသားစုတွေအဖြစ် တန်ဖိုးရှိတဲ့ အချိန်တွေ၊ ချစ်ခြင်းမေတ္တာတွေနဲ့ ရင်ဆိုင်ဖို့ ပြောတယ်။ မဲဆွယ်ပွဲအတွက် ပြိုင်ဖက်သမ္မတလောင်းကို ဝေဖန်တိုက်ခိုက်တဲ့ ထုတ်လွှင့်နေတဲ့ ရုပ်သံကြော်ငြာတွေကို ခေတ္တရုပ်သိမ်းတယ်။ နိုင်ငံရေးတွေကို ဒီနေ့မှာ လုပ်ဖို့ မလိုဘူး၊ ဒါတွေက စောင့်နိုင်ပါတယ်လို့ ပြောလိုက်တယ်။ ပြိုင်ဖက်သမ္မတလောင်းကလည်း ၀မ်းနည်းကြောင်း ထုတ်ပြန်တယ်။ သူ့မဲဆွယ်ရုပ်သံတွေကို နောက်ဆုတ်ပေးလိုက်တယ်။
အဲသည်နေ့ တနေ့လုံးဟာ တပြည်လုံးဟာ ၀မ်းနည်းတဲ့သတင်းတွေ၊ အဲသည်အဖြစ်အပျက်ကို ပြန်လည် သုံးသပ်တဲ့သတင်းတွေ၊ အဲသည်ရဲ့ နောက်ခံအကြောင်းနဲ့ တရားခံအကြောင်း စုံစမ်း လေ့လာ သုံးသပ်တင်ပြတဲ့ သတင်းတွေချည်းပဲ။ မနှစ်တုန်းကလည်း အာရီဇိုးနားမှာ အမတ်မင်း အမျိုးသမီးတဦးကို စိတ္တဇသမားတဦးက ၀င်သတ်လိုက်တာ အမတ်မင်း ဦးနှောက်ထိခိုက်ပြီး အခြား လူ ၆ ဦး သေခဲ့တယ်။ ပြည်သူတွေဟာ အမုန်းကြောင့် ဖြစ်တဲ့ သွေးစွန်းမှုတွေကို ဆင်ခြင်တုံ့တရား အပြည့်နဲ့ ရင်ဆိုင်ကြတယ်။ တရားခံရဲ့ မိဘတွေက ကယ်လီဖိုးနီးယား တောင်ပိုင်း ဆန်ဒီယေဂိုးကနေ ချက်ခြင်း ကိုလိုရာဒိုကို အရောက်လာပြီး ရဲတွေ နဲ့ လာရောက်တွေ့ဆုံ စစ်ဆေးတာကို ခံယူတယ်။
စိတ်ကစဥ့်ကလျားဖြစ်ပြီး လူသတ်တဲ့ လူငယ်အကြောင်းကို ၀ိုင်းပြီး စုံစမ်း သုံးသပ်ကြတယ်။
ဘာကြောင့် သေနတ် ခဲယမ်းတွေကို အများအပြားဝယ်ယူတာကို မစုံစမ်းမိလိုက်တာလဲ မေးခွန်းထုတ်ကြတယ်။
ရုပ်ရှင်ရုံတွေက လုံခြုံရေးတွေ တိုးမြှင့်ကြတယ်။ Batman ဇာတ်ကားသစ်ကို ကြည့်ကြသူတွေကိုလည်း သတိထားဖို့ ပြောတယ်။ ဇာတ်ကားထုတ်သူတွေ၊ အဖွဲ့သားတွေကလည်း ၀မ်းနည်းကြောင်း ပြောတယ်။ သူတို့က ဖျော်ဖြေရေးအတွက် တင်ပြတာ၊ အခုလို ဖြစ်တာအတွက် ထိခိုက်ဝမ်းနည်းကြောင်း တင်ပြတယ်။ ပြည်သူတွေဟာ အဲသည်သြရိုရာမြို့နယ်က ထိခိုက်သူတွေဆီကို မက်ဆေ့ခ်ျတွေ ပို့တယ်။ ၀မ်နည်းကြောင်း ၀က်ဆိုက်တွေ အင်တာနက်တွေမှာ တင်ကြတယ်။ တဦးကို တဦး သည်လို အကျည်းတန်တဲ့ဖြစ်ရပ်ကနေ အပြန်အလှန် အပြစ်တင်တာ၊ တုန့်ပြန်ကြတာတွေကို အတတ်နိုင်ဆုံး ရှောင်ကြတယ်။
အထူးသဖြင့်ကတော့ သတင်းသမားတွေဟာ အယင်ကဆိုရင် အဆိုးမြင်တဲ့ လူထုစိတ်ကို နှိုးဆွတဲ့ သတင်းထုတ်ပြန် ပြောဆိုချက်တွေနဲ့ စွဲဆောင် လှုံဆော် ပြောဆိုတာတွေ မလုပ်ဘဲ သည်အတွက် အထူးသတိထားပြီး ထုတ်ပြန်တယ်။ ညဖက်မှာ တိုက်ရိုက်လွှင့်တဲ့ အခြားဖျော်ဖြေရေးသမားတွေ၊ လူရွှင်တော် ကွက်စိတ်သမားတွေကိုယ်တိုင်က ၀မ်းနည်းကြောင်း သူတို့ရိုက်ကူးထားတဲ့ အကွက်တွေထဲက အခု  Batman အကြောင်း ပျက်ထားတာတွေ ဟာသလုပ်ထားတာတွေကို ရုပ်သိမ်းလိုက်ကြောင်း၊ ဖြတ်တောက်ပြီးမှ ပြန်လည် ပြင်ဆင် ထုတ်လွှင့်ကြောင်း ထုတ်ပြောတယ်။
အဲသည်မတိုင်ခင် Batman ကားသစ်ဟာ အကြမ်းဖက်တယ်၊ အဆိုးမြင်တယ်။ Dark story ဖြစ်လွန်းတယ်၊ နိုင်ငံရေးတွေပါတယ်။ ဘာညာနဲ့ ဝေဖန်တာတွေ၊ ဟာသလုပ်တာတွေ မျိုးစုံရှိတာကို သူတို့ ရပ်ဆိုင်းလိုက်တယ်။ နောက်ထပ် အဲသလိုမျိုး အမှောင်ကျတဲ့ ဇာတ်ကားတခုကို ကြော်ငြာနေတာမျိုးကိုလည်း ကြော်ငြာရှင်တွေက ခေတ္တ ရပ်ဆိုင်းထားလိုက်တယ်။
ဒါတွေဟာ တိုင်းပြည်တခုနဲ့ နိုင်ငံသားတွေအားလုံးရဲ့ သွေးစွန်းတဲ့ အကြမ်းဖက်မှုတခုကို တုန့်ပြန်ကြပုံပါ။ ဒါကို သူတို့က ဖုံးကွယ်ထားခြင်း၊ ဖော့ထားခြင်း မရှိဘဲ တိုက်ရိုက်ရင်ဆိုင်တယ်။ ထိန်းသိမ်းတယ်။ အဆိုးဖက်ကနေ အပြုဖက်ကို ဖြစ်အောင် သူတို့ ရင်ဆိုင်တာကို ပြသတာ ဖြစ်ပါတယ်။ နိုင်ငံရေးအရ အခြား အယူအဆရေးရာအရ အငြင်းပွားမယ်၊ ပြောဆို ပုတ်ခတ်ကြမယ်၊ ဘယ်လိုပဲ ရှိရှိ တိုင်းပြည်နစ်နာတဲ့ ကိစ္စမှာ အားလုံးဟာ ဘက်တဘက်တည်းက ရှိတယ်ဆိုတာကို သည်နေရာမှာ သင်ခန်းစာယူပြီး တွေးမိတယ်။ မြင်မိတယ်။
ဒါနဲ့ ဆက်စပ်ပြီး တွေးမိတာက မြန်မာပြည်မှာ တိုင်းရင်းသားတွေမှာ ငြိမ်းချမ်းရေး မရှိဘူး။ လူတွေ သေနေတယ်။ ရခိုင်မှာ အစွန်းရောက်အကြမ်းဖက်သူတွေကြောင့် ဒေသခံပြည်သူတွေမှာ ခိုကိုးရာမဲ့ ဖြစ်နေတယ်။ လူတန်းစား ပေါင်းစုံဟာ အထွေထွေ အကြပ်အတည်း မျိုးစုံ ရင်ဆိုင်နေရတယ်။ တိုင်းပြည်နဲ့ လူမျိုး မျက်နှာကိုသာ ကြည့်ကြမယ်ဆိုရင် ခေါင်းဆောင်တွေက စပြီး ပြည်သူတရပ်လုံးဟာ တဖက်တည်းက ရပ်တည်ပြီး အပြုသဘောနဲ့  ငြိမ်းချမ်းရေးကို ဆောင်ရွက်နိုင်ကြမယ် ထင်ပါတယ်။ ဒါကို မသိချင်ယောင်ဆောင်ပြီး ကိုယ်နဲ့ မဆိုင်သလို ဟန်မပျက်နေပြနေကြရင် အမုန်းကြောင့်၊ လောဘ၊ ဒေါသ၊ မောဟတွေကြောင့် ပြစ်မှုကျူးလွန်နေသူတွေကို အမျိုးသားရေး အတိုင်းအတာနဲ့ တားမြစ်နိုင်မယ် မဟုတ်ဘူးလို့ တွေးမိတယ်။



--
Send email to - edi...@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives
Reply all
Reply to author
Forward
0 new messages