လေဖိအားနည်းဆဲလ် အိန္ဒိယ အရှေ့တောင်ဘက်ကမ်းခြေဆီသို့ ဦးတည်ရွေ့လျားလျှက်ရှိ

0 views
Skip to first unread message

mmweather-admin

unread,
Apr 23, 2012, 11:25:02 PM4/23/12
to mmwe...@googlegroups.com

လေဖိအားနည်းဆဲလ် 90B သည် အားကောင်းလာခြင်း မရှိပဲ ဧပြီ ၂၄ ရက် မြန်မာစံတော်ချိန် နံနက် ၆နာရီခွဲအချိန်တွင် ရရှိသည့် NRL data များအရ -
အိန္ဒိယနိုင်ငံ၊ တမီလ်နာဒူးပြည်နယ်၊  (Chennai)ချင်းနိုင်းမြို့ အရှေ့တောင်ဘက် ၃၂၅ မိုင်ခန့်၊ Thanjavur မြို့၏ အရှေ့-အရှေ့တောင်ဘက် မိုင် ၃၀၀ ခန့် အကွာ၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် ဆက်လက်တည်ရှိနေပြီး၊ လွန်ခဲ့သော ၆ နာရီအတွင်း အနောက်မြောက်ဘက်(အိန္ဒိယ အရှေ့မြောက်ကမ်းခြေသို့) တစ်နာရီ ၄ မိုင်နှုန်းခန့်ဖြင့် ရွေ့လျားခဲ့ပါသည်။

LPC 90B – 24 Apr 2012 0000Z
Location: 9.4 83.3
Winds: 15 knots
Central Pressure: 1010 hPa

 
ဧပြီ ၂၄ ရက် မြန်မာစံတော်ချိန် နံနက် ၉ နာရီ METEO-7 ဂြိုလ်တုဓါတ်ပုံတွင် လေဖိအားနည်းဆဲလ် 90B ဖြစ်ပေါ်လျှက်ရှိသည့် ဒေသတွင် တိမ်ထုစုဖွဲ့ဖြစ်ပေါ်မှု အခြေအနေနှင့် တိမ်ထိပ်အပူချိန် ကျဆင်းမှုများကို အောက်ပုံတွင် လေ့လာနိုင်ပါသည်။
 




MMW Blog Mobile Link http://tinyurl.com/6h4nyso

 

မုန်တိုင်းဖြစ်ပေါ်နိုင်ခြေ   90B, ဘင်္ဂလားပင်လယ်အော်, လေဖိအားနည်းဆဲလ် 
Reply all
Reply to author
Forward
0 new messages