ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းမှ
လေဖိအားနည်းဆဲလ် 90B သည် အနောက်တောင်ဘက်သို့ ရွေ့လျားသွားပြီး
သီရိလင်္ကာကျွန်းအားဖြတ်ကျော်ကာ အာရေဗျပင်လယ်တောင်ပိုင်းသို့
ရွေ့လျားလျှက်ရှိကြောင်း ယနေ့ မြန်မာစံတော်ချိန်နေ့လည် ၁၂၃၀ နာရီတွင်
ရရှိသည့် NRL data များ အရ သိရပါသည်။
ထို့ကြောင့် NRL ၏ ယခု တိုင်းတာမှု မှန်ကန်မည်ဆိုလျှင် ဘင်္ဂလားပင်လယ်အော်၌ မုန်တိုင်းဖြစ်လာနိုင်ခြေ ရှိတော့မည် မဟုတ်ပါ။
90B ပျက်ပျယ်သွားသည်အထိ ဆက်လက် စောင့်ကြည့်ရန်လိုအပ်မည်ဖြစ်ပါသည်။
90B – 24 Apr 2012 0600Z
Location: 6.4 77.6
Winds: 15 knots
Central Pressure: 1010 hPa