မုန်တိုင်းရာသီအစ လေဖိအားနည်းဆဲလ်များ ဖြစ်ပေါ်မှု အခြေအနေ

3 views
Skip to first unread message

mmweather-admin

unread,
Apr 26, 2012, 12:44:55 AM4/26/12
to mmwe...@googlegroups.com

အိန္ဒိယ သမုဒ္ဒရာ မြောက်ပိုင်း အာရေဗျပင်လယ်အတွင်း အန္ဒိယနိုင်ငံတောင်ပိုင်း KERALA ပြည်နယ်၊ Kochi မြို့ အနောက်ဘက် ၇၅ မိုင်ခန့် အကွာ အာရေဗျပင်လယ်တွင် လေဖိအားနည်းဆဲလ် 91A စတင်ဖြစ်ပေါ်လျှက်ရှိကြောင်း ယနေ့နံနက်ပိုင်းတွင် ရရှိသည့် NRL data များ အရ သိရပါသည်။

91A – 26 Apr 2012 0000Z
Location: 10.2 75.2
Winds: 15 knots
Central Pressure: NA hPa

ပစိဖိတ်သမုဒ္ဒရာ အနောက်မြောက်ပိုင်း PALAU ကျွန်းတောင်ဘက်၊ မိုင် ၂၆၀ ခန့်တွင် လေဖိအားနည်းဆဲလ် 97W မှာ ဆက်လက်တည်နေပြီး ၂၄ နာရီအတွင်း မုန်တိုင်း ဖြစ်ပေါ်နိုင်ခြေ LOW အဆင့်၌ ဆက်လက်တည်ရှိပါသည်။

97W – 26 Apr 2012 0000Z
Location: 3.6 135.4
Winds: 20 knots
Central Pressure: 1007 hPa

ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းမှ လေဖိအားနည်းဆဲလ် 90B မှာ ယမန်နေ့ကပင် အိန္ဒိယနိုင်ငံ ကုန်းတွင်း၌ ပျက်ပျယ်သွားပြီး ဖြစ်ပါသည်။

Click on picture below to view full size ….

မုန်တိုင်းဖြစ်ပေါ်နိုင်ခြေ   90B, 91A, 97W, ပစိဖိတ်အနောက်မြောက်, အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်း, လေဖိအားနည်းဆဲလ်
Reply all
Reply to author
Forward
0 new messages