မြန်မာ့ပင်လယ်ပြင်တွင် တိမ်ထုစုဖွဲ့မှုများအားကောင်းလာ

0 views
Skip to first unread message

mmweather-admin

unread,
May 4, 2012, 10:43:09 AM5/4/12
to mmwe...@googlegroups.com

By mmweather.ygn, on May 4th, 2012

မြန်မာစံတော်ချိန် မေလ ၄ ရက် ည ၈ နာရီတွင် ရရှိသည့် ဂြိုလ်တုဓါတ်ပုံ(အောက်)၌ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် တနင်္သာရီတိုင်းတစ်ခုလုံးတွင် တိမ်ထုများ အားကောင်းစွာဖြင့် စုဖွဲ့လျှက်ရှိနေကြောင်း တွေ့ရပါသည်။ အလားတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတို့တွင် တိမ်များစုဖွဲ့မှု အားကောင်းလျှက်ရှိသည်ကိုတွေ့မြင်နိုင်ပါသည်။

မိုးလေဝသပညာရှင်များ၏ ကြိုတင်ခန့်မှန်းချက်များအရ မေလ ၁၅ ရက်ခန့်တွင် မြန်မာနိုင်တောင်ပိုင်းနှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများသို့မုတ်သုန်လေ စတင်ဝင်ရောက်နိုင်ဘွယ်ရှိကြောင်း သိရှိရပြီး၊ ကဆုန်လပြည့်နေ့နှင့် နီးကပ်လာသည်နှင့်အမျှ မြန်မာ့ပင်လယ်ပြင်အတွင်း တိမ်တိုက်များ ထူထပ်စွာဖြစ်ပေါ်လာကြောင်း တွေ့ရပါသည်။

သို့ရာတွင် ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တို့တွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နိုင်မည့် အခြေအနေ ယခု post ရေးသားချိန်အထိ မရှိကြောင်း တွေ့ရပြီး ထူးခြားသည့် အခြေအနေဖြစ်ပေါ်ပါက ဆက်လက်တင်ပြသွားပါမည်။

 








MMW Blog Mobile Link http://tinyurl.com/6h4nyso

ပင်လယ်ပြင်အခြေအနေ   ကပ္ပလီပင်လယ်, တိမ်ထုစုဖွဲ့မှု, ဘင်္ဂလားပင်လယ်အော်
Reply all
Reply to author
Forward
0 new messages