http://blog.mmweather.com/2013/05/28/invest-94b-bay-of-bengal-7/
မေလ(၂၈)ရက် မြန်မာစံတော်ချိန် ညနေ ၁၈၃ဝ နာရီတွင် ရရှိသည့် NRLdata များအရ လေဇိအားနည်းဆဲလ် 94B သည် ဗဟိုဖိအား 1004hPa သို့ ကျဆင်းကာ ပိုမိုအားကောင်းလာပြီး ဘင်္ဂလားဒေ့ရှ်ကမ်းခြေအား ကျော်ဝင်ရန် တာစူနေရာမှ တောင်ဘက်တည့်တည့်သို့ ပြန်လည်ချိုးကွေ့လာကြောင်း အံ့အားသင့်ဘွယ် တွေ့ရပါသည်။ တောင်ဘက်သို့ ချိုးကွေ့ပြီးနောက် ရွေ့လျားမှုနှုန်း တစ်နာရီ ၁၄ မိုင်နှုန်းခန့်ရှိနေပါသည်။ လေဖိအားနည်းဆဲလ်၏ ဗဟိုတွင်လေတိုက်နှုန်းမှာလည်း ၂၅ နော်တီကယ်မိုင်(တစ်နာရီ ၂၈ မိုင်နှုန်းခန့်)အထိ ရှိလာပါသည်။
နောက်ဆုံးရရှိသည့် အချက်အလက်များအရ 94B သည် မြန်မာနိုင်ငံ စစ်တွေမြို့ အနောက်ဘက် ၂၁၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့၏ တောင်-အရှေ့တောင်ဘက် ၁၇၅ မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့ အနောက်တောင်ဘက် မိုင် ၂ဝဝ ခန့်သို့ ရောက်ရှိဗဟိုပြုပြီး ဆက်လက်ရွေ့လျားမည့် အခြေအနေနှင့် အင်အား အခြေအနေတို့ကို စောင့်ကြည့်တင်ပြပေးသွားပါမည်။
လေဖိအားနည်းဆဲလ် 94B
28 May 2013 1200Z
Location: 20.3 89.6
Winds: 25 knots
Central Pressure: 1004 hPa
JTWC မှ ထုတ်ပြန်ချက်အရ INVEST 94B သည် ပိုမို၍ အားကောင်းလာနေပြီး ၂၄ နာရီအတွင်း မုန်တိုင်း ဖြစ်ပေါ်နိုင်ခြေအဆင့် LOW ဖြစ်ကြောင်း ထုတ်ပြန်ထားပြီ ဖြစ်ပါသည်၊ ထုတ်ပြန်ချက်တွင် မုန်တိုင်း ဖြစ်လာနိုင်ခြေရှိနေသော်လည်း ကွန်ပျူတာ မော်ဒယ် ခန့်မှန်းတွက်ချက်မှုများအရ လာမည့် ၁ ရက်မှ ၂ ရက်အတွင်း ဘင်္ဂလားဒေ့ရှ့်ကမ်းခြေကို ဝင်ရောက်သည့်အခါ အင်အားပျော့သွားနိုင်ကြောင်း ရှင်းလင်းထားပါသည်။
AN AREA OF CONVECTION HAS PERSISTED NEAR 20.9N 89.8E, APPROXIMATELY 125 NM SOUTHEAST OF KOLKATA, INDIA.
ANIMATED MULTISPECTRAL SATELLITE IMAGERY DEPICTS A BROAD, PARTIALLY-EXPOSED LOW-LEVEL CIRCULATION CENTER (LLCC) WITH DEEP CONVECTIVE BANDING DISPLACED OVER THE SOUTHERN PERIPHERY OF THE LLCC AND FRAGMENTED BANDING ELSEWHERE.
A 280240Z SSMIS IMAGE SHOWS FORMATIVE BANDING; HOWEVER, CONVECTIVE ORGANIZATION IS CURRENTLY WEAK DUE TO THE SYSTEM’S PROXIMITY TO LAND AND MODERATE TO STRONG (20 TO 30 KNOTS) VERTICAL WIND SHEAR (VWS).
DESPITE THE LACK OF ORGANIZATION, RECENT SCATTEROMETER DATA INDICATES A DEFINED CIRCULATION WITH 20 TO 25 KNOT WINDS.
DYNAMIC MODELS INDICATE SLIGHT DEVELOPMENT AS THE SYSTEM DRIFTS SLOWLY NORTHWARD INTO BANGLADESH OVER THE NEXT 1 TO 2 DAYS.
MAXIMUM SUSTAINED SURFACE WINDS ARE ESTIMATED AT 20 TO 25 KNOTS.
MINIMUM SEA LEVEL PRESSURE IS ESTIMATED TO BE NEAR 1004 MB.
DUE TO LAND INTERACTION AND VWS, THE POTENTIAL FOR THE DEVELOPMENT OF A SIGNIFICANT TROPICAL CYCLONE WITHIN THE NEXT 24 HOURS IS LOW.