Groups
Groups
Sign in
Groups
Groups
mmweather
Conversations
About
Send feedback
Help
၁၉-၅-၂၀၁၂ နေ့မှာ အနောက်တောင် မုတ်သုန်လေဦး ကပ္ပလီပင်လယ်သို့ ဝင်ရောက်နိုင်မည် - ဒေါက်တာထွန်းလွင်
2 views
Skip to first unread message
mmweather-admin
unread,
May 15, 2012, 1:17:31 AM
5/15/12
Reply to author
Sign in to reply to author
Forward
Sign in to forward
Delete
You do not have permission to delete messages in this group
Copy link
Report message
Show original message
Either email addresses are anonymous for this group or you need the view member email addresses permission to view the original message
to mmwe...@googlegroups.com
(၁၉-၅-၂၀၁၂) ရက်နေ့ မှာ အနောက်တောင် မုတ်သုံလေဦး ကပ္ပလီ ပင်လယ်ပြင် အတွင်း ၀င်ရောက်နှိုင် ပါတယ်။
(၁၄-၅-၂၀၁၂ ရက်၊ နေ့ ၁၂း၂၄ နာရီ)
အဘဦးထွန်းလွင်၏ မူရင်း article အား ကြည့်ရှုရန်
လာ...လာချေပြီ။
ရာသီဥတုနဲ့ ပတ်သက်လာရင် အခုအချိန်မှာ အရေးတကြီး စောင့်ကြည့်ရမယ့်အရာ ဦးစားပေး (၄)မျိုးရှိပါတယ်။
အဲဒါတွေ ကတော့
(၁)အပူရှိန် မြင့်တက်မှုရယ်၊
(၂) မိုးတိမ်တောင်ဖြစ်ထွန်းမှုရယ်၊
(၃) မုန်တိုင်း ဖြစ်ပေါ်နှိုင်မှုရယ် နဲ့
(၄) မုတ်သုံလေ၀င်ရေက်နှိုင်မှုရယ် စတာတွေပဲ ဖြစ်ပါတယ်။
အပူရှိန်မြင့်တက်မှု အနေနဲ့တော့ နေရာ အလိုက် မေလကုန်အထိ တစ်ခါတစ်ခါ သတိမထားမိပဲ မြင့်တက်နေတတ်ပါတယ်။ ရက်ဆက်တိုက်လည်း မဟုတ်ပါဘူး။ တစ်ရက်တစ်ရက်မှ ထိုးထိုးတက်လာတတ်လို့ လက်သီးပုန်းထိုးခံရသလို မထင်မှတ်ပဲ ဖြစ်တတ် ပါတယ်။ ဒါကြောင့် အန္တရာယ် ပိုကြီးပါတယ်။
မိုးတိမ်တောင်ကတော့ အခုမှ ပွဲကြမ်းတုံးလို့ ဆိုရမှာပါပဲ။ သူလည်း မေလကုန်ပြီး ဇွန်လဆန်းအထိ ရှိနေဦးမှာပါ။
မုန်တိုင်းကတော့ အားလုံးက ဖိမ့်ဖိမ့်တုန်အောင် ကြောက်နေကြရတဲ့ "လူကြမ်းကြီး" ပေါ့။ လာမယ် ကြာမယ် ဇာတ်ခင်းနေပါတယ်။
မုတ်သုံ..။ သူကလည်း ဟန်ရေးသာပြနေတာ အင်အားမရှိရှာပါဘူး။ ကြည့်လေ အခုပဲ၊ ပုံမှန်ဝင်ရက်နောက် (၁၀)ရက်လောက် နောက်ကျနေပါပြီ။
အခုတော့ ဒီနှစ်အဖို့ အနောက်တောင်မုတ်သုံလေဦးဟာ မြန်မာ့ပိုင်နက်အတွင်း စတင်ဝင်ရောက်တော့မယ့် လက္ခဏာတွေ တွေ့လာနေရပါပြီ။ အခြေအနေအရပ်ရပ်အပေါ်က တွက်ချက်ရတာကတော့ ကပ္ပလီပင်လယ် ပြင်မြောက်ပိုင်းကို မေလ(၁၉)ရက်နေ့လောက် ရောက်လာလိမ့်မယ်လို့ မှန်းဆရပါတယ်။ စ၀င်တာ ကတော့ မေလ(၁၅)ရက်လောက်က စပါလိမ့်မယ်။
သိတယ်မဟုတ်လား။ မုတ်သုံဝင်တယ်ဆိုတာ ငြိမ်ငြိမ်ဆိမ်ဆိမ် တိုးတိုးတိတ်တိတ် မရှိပါဘူး။ အားလုံး အုန်းအုန်းကြွက်ကြွက် နဲ့၊ မိုးခြိမ်းသံတွေ၊ လျပ်စီးလက် တာတွေ၊ လေပြင်းတိုက်တာတွေ၊ မိုးသည်းတာတွေ အားလုံး အုံနဲ့ကျင်းနဲ့ လာပါလိမ့်မယ်။
မိုးဦးလေဦးဆိုတာ အန္တရာယ်ရှိလှသမို့ သတိထားဖို့ကတော့ လိုလှပါတယ်။
ပင်လယ်ပြင်မှာတော့ လေရယ်၊ လှို်င်းရယ် မကြာမကြာ မြူးတတ်လို့ အထူးအန္တရာယ် ပေးတတ်ပါတယ်။
အဆိုးဆုံးကတော့ မုတ်သုံအ၀င်မှာ မုန်တိုင်းစီးပြီး ၀င်မလာဖို့ပါပဲ။
အခုကစပြီး ပိုသတိထားကြဖို့ လိုပါပြီ။
MCCW
Reply all
Reply to author
Forward
0 new messages