ဖိလစ်ပိုင်ပင်လယ်တွင် ဖြစ်ပေါ်လျှက်ရှိသည့် လေဖိအားနည်းရပ်ဝန်း 08W(EIGHT) သည် ဇူလိုင်လ ၁၆ ရက် ၊ မြန်မာစံတော်ချိန် နံနက်ပိုင်းတွင် ရရှိသည့် အချက်အလက်များအရ ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာ၏ အရှေ့ဘက် မိုင် ၂၄ဝ ခန့်၊ တရုတ်(တိုင်ပေ)၏ တောင်-အရှေ့တောင်ဘက်(bearing 163.63˚) မိုင် ၇ဝဝ ခန့်အကွာ ဖိလစ်ပိုင်ပင်လယ်ပြင် မြောက်ပိုင်းတွင် ဗဟိုပြုနေပြီး မြောက်-အနောက်မြောက်(Heading 324.39˚)သို့ ဆက်လက်ရွေ့လျားကာ ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းစွန်းအား ဖြတ်ကျော်၍ တောင်တရုတ်ပင်လယ်သို့ ဆက်လက် ရွေ့လျားနိုင်မည်ဖြစ်ကြောင်း ခန့်မှန်းထားပါသည်။(ပုံ – ၁)
08W အား ဖိလစ်ပိုင် မိုးလေဝသဌာနမှ ဖိလစ်ပိုင်အမည် ISANG ဟု ပေးထားပြီး၊ ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းစွန်း(Northern Eastern Cagayan)အား ဖြတ်ကျော်ပြီးနောက် လာမည့် ၂ ရက်အတွင်း (ယနေ့ ညနေပိုင်း သို့မဟုတ် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်း)မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိကာ၊ ထိုင်ဝမ်ကျွန်းတောင်ပိုင်းစွန်းအား ဖြတ်သန်းပြီး၊ သောကြာနေ့တွင် တရုတ်ပြည်မ အရှေ့တောင်ဘက်ကမ်းခြေ၊ Fujian ပြည်နယ်ကမ်းခြေအား ဖြတ်ကျော်၍ ကုန်းတွင်းသို့ ဝင်ရောက်မည်ဖြစ်ကြောင်း ခန့်မှန်းထားပါသည်။(ပုံ – ၂)
လေဖိအားနည်းရပ်ဝန်း 08W EIGHT
16 Jul 2013 0000Z
Location: 15.3 124.5
Winds: 25 knots
Central Pressure: 1004 hPa
| ပုံ – ၁ |
![]() |
| ပုံ – ၂ |
![]() |