ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သည့် INVEST 92B သည် ပိုမိုအားကောင်းလာပြီး အပူပိုင်းမုန်တိုင်း(Tropical Storm-TS)အဆင့်သို့ ရောက်ရှိလာပြီး အမည် SIX(06B) အဖြစ်ပေးထားပြီ ဖြစ်ပါသည်။
မုန်တိုင်း 06B သည် နောက်ဆုံးရရှိသည့် အချက်အလက်များအရ အိန္ဒိယနိုင်ငံ ချင်နိုင်းမြို့ အရှေ့တောင်ဘက် မိုင် ၃၃ဝ ခန့်၊ မြန်မာနိုင်ငံ ကိုကိုးကျွန်း အနောက်တောင်ဘက် ၇၁ဝ မိုင်ခန့်၊ စစ်တွေမြို့ အနောက်တောင်ဘက် မိုင် ၉၃ဝ ခန့်အကွာ ပင်လယ်ပြင်တွင် ဗဟိုပြုနေပြီး လွန်ခဲ့သည့် ၆ နာရီအတွင်း မြောက်-အနောက်မြောက်ဘက် heading 335 degrees သို့ တစ်နာရီ ၃ မိုင်နှုန်းခန့်ဖြင့် ဖြည်းညှင်းစွာရွေ့လျားခဲ့ကြောင်း တွေ့ရပါသည်။ မုန်တိုင်း ဆက်လက်ရွေ့လျားနိုင်မည့် လမ်းကြောင်း ခန့်မှန်းပုံ(JTWC warning-01)အား တင်ပြထားပါသည်။
မုန်တိုင်းဖြစ်ပေါ်သည့် အရှိန်ကြောင့် မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ကြောင်း မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှလည်း သတင်း ထုတ်ပြန်ထားပါသည်။
Tropical Storm 06B SIX
06 Dec 2013 0000Z
Location: 9.8 83.8
Winds: 35 knots
Central Pressure: 996 hPa
FB Comment 2 comments to ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းမှ 92B မုန်တိုင်း 06B ဖြစ်လာပြီ
ဒီဇင်ဘာလ ၁၂ ရက် ည သန်းခေါင်ကျော်အချိန်ထိ GFS ကွန်ပျူတာမော်ဒယ် ကြိုတင်ခန့်မှန်းချက်အရ မုန်တိုင်း 06B သည် မြန်မာနိုင်ငံအတွက် စိုးရိမ်စရာ အခြေအနေဖြစ်ပါသည်။ SEA Games ရွက်လှေပြိုင်ပွဲများ ကျင်းပမည့် ငွေဆောင်-ချောင်းသာ ကမ်းခြေများအတွက်လည်း သတိထားစောင့်ကြည့်ကာ မုန်တိုင်းအန္တရာယ် ကင်းဝေးစေရေးအတွက် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်မည်ဖြစ်ကြောင်း အသိပေး တင်ပြလိုက်ပါသည် –

Facebook MMWeather Page မှ follow up comment များ ဖြစ်ပါသည်။
ဒီဇင်ဘာလ ၁၃ ရက်နေ့ မြန်မာစံတော်ချိန် ၁၅း၃ဝ နာရီအထိ GFS
ကွန်ပျူတာမော်ဒယ်မှ ကြိုတင်ခန့်မှန်းချက်၌ မုန်တိုင်း 06B သည်
စစ်တွေနှင့်ကျောက်ဖြူမြို့ကြားမှ ရခိုင်ကမ်းရိုးတန်းအား
ဖြတ်ကျော်ဝင်ရောက်နိုင်ခြေရှိကြောင်း တွေ့ရပါသည်။
ပြောင်းလဲဖြစ်ပေါ်နိုင်မည့် အခြေအနေနှင့် လမ်းကြောင်း
ကြိုတင်ခန့်မှန်းချက်များကို ဆက်လက်စောင့်ကြည့် တင်ပြပေးသွားပါမည်။
JTWC warning-01 မှ ကောက်နှုတ်ချက် …
HOWEVER, DUE TO LARGE SPREAD AMONG THE INDIVIDUAL
MODELS AND THE COMPLEX STEERING ENVIRONMENT, CONFIDENCE IN THE CURRENT TRACK FORECAST IS LOW.
ကွန်ပျူတာမော်ဒယ်များ၏ ခန့်မှန်းချက်နှင့် Steering Layer တည်ငြိမ်မှု
မရှိသေး၍ ယခု ခန့်မှန်းလမ်းကြောင်းအတိုင်း ဖြစ်နိုင်ခြေအား
အတည်ပြုနိုင်သည့် အဆင့် LOW ဖြစ်ပါသည်၊ (ဖြစ်နိုင်ခြေ နည်းပါးနေဆဲ ဟု
ဆိုလိုပါသည်) ထို့ကြောင့် ဖြစ်ပေါ်ပြောင်းလဲမှု အဆင့်ဆင့်အား ဆက်လက်၍
စောင့်ကြည့် တင်ပြပေးသွားပါမည်။
