ဖိလစ်ပိုင် မေယွန် မီးတောင်အနီး လေယာဉ် မပျံသန်းရန် ညွှန်ကြားထား

2 views
Skip to first unread message

Soe Htaik

unread,
Dec 30, 2009, 2:25:51 AM12/30/09
to mmweather

ဖိလစ်ပိုင် မေယွန် မီးတောင်အနီး လေယာဉ် မပျံသန်းရန် ညွှန်ကြားထား

E-mail Print PDF
alt

ပေါက်ကွဲရန် အဆင်သင့် အနေအထားနှင့် ချော်ရည်ပူ ပြာမှုန့်များ လွှတ်ထုတ်နေသည့် မေယွန်မီးတောင် @ ( ဓါတ်ပုံ - wikimedia )

အချိန်မရွေး ပေါက်ကွဲ နိုင်ကြောင်း ပညာရှင် များက သတိ ပေးထားသည့် မေယွန် မီးတောင်အနီး လေယာဉ်များ ပျံသန်းခြင်း မပြုရန် သက်ဆိုင်ရာ တာဝန် ရှိသူများက ညွှန်ကြားထား ကြောင်း သိရှိရသည်။

ဖိလစ်ပိုင် မီးတောင်ဗေဒ ပညာရေး ဌာနက မီးတောင်ရုတ်တရက် ပေါက်ကွဲ ပါက လွင့်စင် ထွက်လာသည့် ပြာနှင့် အခြား အမှုန်အမွှား များက အနီးအနား လေထုကို အကြီးအကျယ် အနှောင့်အယှက် ပေးနိုင်သဖြင့် လေယာဉ် ပိုင်းလော့များမှာ မီးတောင် အနီးကပ်၍ ပျံသန်းမှုကို ရှောင်ကြဉ် သင့်ကြောင်း အကြံပြုထားသည်။

ပြည်သူ့ လေကြောင်း အာဏာပိုင်များ အနေနှင့် ပိုင်းလော့ များအား မီးတောင်နှင့် ခပ်ဝေးဝေးမှ ရှောင်ကွင်း ပျံသန်းရန် စီစဉ် ညွှန်ကြားသင့်ကြောင်း ပညာရှင်များက ပြောကြားခဲ့ပြီး၊  ဒီဇင်ဘာ (၂၈)ရက် နေ့က မီးတောင်အတွင်းမှ ပြာမှုန်များ ကန်ထွက်လာသည့် ပေါက်ကွဲမှုပေါင်း (၉)ခုကို တွေ့ရှိရသော်လည်း အကြီးစား ပေါက်ကွဲမှုကြီး တခုထပ်မံ ဖြစ်လာ နိုင်သေးကြောင်း ပညာရှင် များက ဒီဇင်ဘာ (၂၉) ရက်နေ့ နံနက်ပိုင်းက ပြောကြားခဲ့သည်။

ဒီဇင်ဘာ (၂၈)ရက် နေ့က မီးတောင်အနီးတွင် ငလျင်လှုပ်ရှားမှု (၃၈)ကြိမ် နှင့် မြေပြိုမှု (၁၇၁)ကြိမ် ဖြစ်ပွားပြီးနောက် သတိပေးချက်ကို အမြင့်ဆုံး အဆင့်အဖြစ် ဆက်လက် ထုတ်ပြန် ထားဆဲ ဖြစ်သည်။ ထို့အပြင် ထိုနေ့က တိုင်းတာမှုအရ မီးတောင်မှ မှုတ်ထုတ်နေသည့် ဒိုင်အောက်ဆိုက် အဆိပ်မီးခိုး ဓာတ်ငွေ့များ၏ ပမာဏမှာ တနေ့လျှင် (၃၄၁၆)တန် အထိ ရှိနိုင်ကြောင်း သိရှိရသည်။

ဖိလစ်ပိုင် အာဏာပိုင်များသည် မီးတောင်အနီးမှ ပြည်သူများကို ရွှေ့ပြောင်း ပေးထား သော်လည်း ၎င်းတို့က နေရပ် ပြန်လိုကြောင်း တောင်းဆိုမှုများ ကိုလည်း ဖြေရှင်း ပေးနေရဆဲ ဖြစ်သည်။

http://www.peoplemediavoice.com/regional/pilots-warned-against-flying-close-to-mayon.html




--
သူကြီး

MMWEATHER

unread,
Dec 30, 2009, 2:58:30 AM12/30/09
to mmweather
ကျေးဇူးပါ သူကြီးရေ အခု ဒီဘက်မှာလဲ ဆက်ပြီး တင်ပေးထားပါပြီ
http://mmweather.wordpress.com/2009/12/30/02-30dec09/
Reply all
Reply to author
Forward
0 new messages