Thumbnail ပုံများပေါ်တွင် Mouseover လုပ်၍ မိမိကြည့်လို့သည့် မြို့၏ ဇယားကို ရွေးချယ်ပါရန် ..
တောင်တရုတ်ပင်လယ် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်လျှက်ရှိသည့် တိမ်တိုက်သည် တောင်တရုတ်ပင်လယ်အလယ်ပိုင်းမှတစ်ဆင့် ထိုင်းပင်လယ်ကွေ့သို့ လာမည့် ရက်အနည်းငယ်အတွင်း ဆက်လက်ရောက်ရှိလာနိုင်ပြီး ၄င်းတိမ်တိုက်မှ လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်ခြင်း ရှိ/မရှိ ဆက်လက်စောင့်ကြည့်ရမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံ တောင်ပိုင်း၊ မုတ္တမကွေ့နှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ အနောက်တောင်ပိုင်းတို့တွင် တိမ်အနည်းငယ် ပြန်လည်ဖြစ်ထွန်းလာသည်ကို တွေ့ရှိနိုင်ပါသည်။ ရန်ကုန်မြို့ပေါ်တွင် လာမည့် စနေနေ့ ည ပိုင်းမှ တိမ်ထုဖုံးလွှမ်းမှု ၅၀% ကျော် ဖြစ်ထွန်းလာပြီး တနင်္ဂနွေနေ့ နံနက်အစောပိုင်းမှသာ မိုးထစ်ခြုန်းရွာနိုင်ဘွယ်ရှိကြောင်း WUND ခန့်မှန်းချက်၌ ဖေါ်ပြထားပါသည်။
