တောင်တရုတ်ပင်လယ်မှ လေဖိအားနည်းဆဲလ် INVEST 90W သည် ဗီယက်နန်နိုင်ငံ ဟိုချီမင်းစီးတီး အရှေ့ဘက် ၆၁၅ မိုင်ခန့်၊ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ အနောက်တောင်ဘက် ၄၀၅ မိုင်ခန့် အကွာ တောင်တရုတ်ပင်လယ်ပြင်တွင် ဆက်လက်တည်ရှိနေဆဲဖြစ်ပါသည်။ ပစိဖိတ်သမုဒ္ဒရာ အနောက်မြောက်ပိုင်း PALAU ကျွန်းအနီး ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းဆဲလ် 91W မှာ ပျက်ပြယ်သွားပြီဖြစ်ပါသည်။
လေဖိအားနည်းဆဲလ် 90W သည် မုန်တိုင်းဖြစ်ပေါ်နိုင်ခြေ မရှိသော်လည်း တိမ်ထုစုဖွဲ့မှု အားကောင်းလာပြီး လွန်ခဲ့သည့် ၁၈ နာရီအတွင်း အနောက်-အနောက်တောင်ဘက်သို့ တစ်နာရီ ၈ မိုင်နှုန်းခန့်ဖြင့် ရွေ့လျားခဲ့ကြောင်း သိရပါသည်။
မြန်မာစံတော်ချိန် မေလ ၁၂ ရက် ညနေ ၆ နာရီခွဲတွင် ရရှိသည့် NRL data
90W – 12 May 2012 1200Z
Location: 11.7 115.7
Winds: 15 knots
Central Pressure: 1010 hPa
MMW Blog Mobile Link http://tinyurl.com/6h4nyso