တောင်တရုတ်ပင်လယ်သို့ ရောက်ရှိလာသည့် မုန်တိုင်းငယ် CIMARON(08W)သည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး ဟောင်ကောင်အရှေ့ဘက် မိုင် ၁၈ဝ ခန့်၊ တရုတ်(တိုင်ပေ)၏ အနောက်တောင်ဘက် ၃၃၅ မိုင်ခန့်၊ တရုတ်(ပြည်မ) Guangdong ပြည်နယ် Shantou မြို့ တောင်-အရှေ့တောင်ဘက် မိုင် ၄ဝ ခန့်အကွာ တောင်တရုတ်ပင်လယ်ပြင် မြောက်ပိုင်းတွင် ဗဟိုပြုနေပါသည်။
မုန်တိုင်းငယ်သည် အနောက်မြောက်ဘက်(Heading 285ْ) သို့ ဆက်လက်ရွေ့လျားကာ လာမည့် ၁၂ နာရီအတွင်း Guangdong ပြည်နယ် ကမ်းမြေအား ဖြတ်ကျော်၍ ကုန်းတွင်းသို့ ဝင်ရောက်မည်ဖြစ်ကြောင်း ဇူလိုင် ၁၈ ရက်၊ မြန်မာစံတော်ချိန် နံနက် ၁ဝး၃ဝ နာရီတွင် – နောက်ဆုံး ရရှိသည့် အချက်အလက်များအရ သိရပါသည်။
မုန်တိုင်းငယ် 08W CIMARON
18 Jul 2013 0600Z
Location: 22.8 116.9
Winds: 35 knots
Central Pressure: 996 hPa
![]() |
![]() |