အောက်တိုဘာလ ၅ ရက် မြန်မာစံတော်ချိန် နံနက် ၀၆၃၀ နာရီတွင်ရရှိသည့် အချက်အလက်များအရ တောင်တရုတ်ပင်လယ်တွင်ဖြစ်ပေါ်လျှက်ရှိသည့် အပူပိုင်းမုန်တိုင်း (TS) GAEMI – 21W သည် အနောက်ဘက်သို့ တစ်နာရီ ၉ မိုင်နှုန်းခန့်ဖြင့် ဆက်လက်ရွေ့လျားကာ ဗီယက်နန် ကမ်းခြေသို့ ဦးတည်လျှက်ရှိပါသည်။ မုန်တိုင်း GAEMI သည် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်၏ အနောက်ဘက် မိုင် ၂၉၀ ခန့်၊ ဗီယက်နန်နိုင်ငံ ဟိုချီမင်းစီးတီး၏ အရှေ့-အရှေ့မြောက်ဘက် မိုင် ၇၂၀ ခန့်နှင့် ဒါနန်းမြို့ အရှေ့-အရှေ့တောင်ဘက် မိုင် ၅၇၀ ခန့်တွင် ဗဟိုပြုနေပါသည်။
မုန်တိုင်း GAEMI သည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး လာမည့် ၃၆ နာရီ နောက်ပိုင်း(အောက်တိုဘာလ ၇ ရက် ညပိုင်းတွင် ဗီယက်နန် ကမ်းခြေအား Binh-Dinh နှင့် Quang Ngai ပြည်နယ် နယ်စပ်၊ Phổ Châu, Đức Phổ မြို့ Binh Dinh province, Vietnam အနီးမှ ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားပါသည်။
21W GAEMI
05 Oct 2012 0000Z
Location: 14.5 116.6
Winds: 40 knots
Central Pressure: 993 hPa
![]() |
|
![]() |
|
![]() |