{mmFun Club} Fwd: ကျွန်တော်တို့စဉ်းစားသင့်ပါပြီ

3 views
Skip to first unread message

Thet Tun (Po Shan)

unread,
May 25, 2010, 12:15:00 AM5/25/10
to mmfunclub, SLA, zin.kyaw76, Ernest Thant, pho kaung, pokalar, Saw Khaing Latt
Dear All,

Read following message from my friend of his thinking, please brain
storm how can we do for better world.

Thanks and best regards,

Thet Tun (Po Shan)

---------- Forwarded message ----------
From: SLA <sla...@gmail.com>
Date: Tue, 25 May 2010 09:42:46 +0630
Subject: ကျွန်တော်တို့စဉ်းစားသင့်ပါပြီ
To: "Thet Tun (Po Shan)" <posha...@gmail.com>

2008 ခုနှစ်ကစလို့ 2010 ခုနှစ်အထိ ကျွန်တော်တို့ ကြုံတွေ့ခဲ့ရတဲ့ သဘာဝ
ဘေးအန္တရာယ်တွေကို
ကြည့်ရင် တစ်ခါမှ အတွေးထဲမှာ မရှိခဲ့သေးတာတွေဖြစ်နေပါတယ်
နာဂစ်မုန်တိုင်း၊မန္တလေးရတာန
ာပုံ ဈေးကြီးမီးလောင်မှု၊အညာဒေသနဲ့မြန်မာပြည် အနှံ့အပြားမှာ သောက်သုံးရေ
ပြတ်လပ်မှု၊ နောက်ဆုံး အခု မင်္ဂလာဈေးမီးလောင်မှု
အဲဒါတွေက တကယ်တမ်းကျတော့ ဆုံးရှုံးရမှာထက်ပိုပြီး ဆုံးရှုံးခဲ့ရတဲ့ ကိစ္စတွေပါဘဲ။
အဲဒီအတွက် ကျွန်တော်တို့မှာ ကျွမ်းကျွမ်းကျင်ကျင်ဖြေရှင်းပေးမဲ့ အဖွဲ့အစည်းကြီး
တစ်ခုမှကြိုတင် ဖွဲ့စည်းထားခြင်းမရှိ ခဲ့ပါဘူး တကယ်တန်းဆိုရင် 2008
ခုနှစ်နောက်ပိုင်းမှာ အဲဒီလိုကိစ္စတွေအတွက် အစုးရမဟုတ်တဲ့ NGO
အဖွဲ့အစည်းတစ်ခုရှိနေခဲ့သင့်ပါတယ်
နောက်ဆုံးအထပ်မြင့် မီးလောင်ရင်တောင် ကျွမ်းကျွမ်းကျင်ကျင် ငြိမ်းသတ်မဲ့ NGO
တစ်ခုတော့ရှိနေခဲ့သင့်ပါတယ်
မန္တလေးရတာနာပုံဈေးမီးလောင်မှုမှာဆိုရင် အထပ်မြင့်အဆောင်အဦးတွေဆောက်စဉ်က
ခောတ်မှီ မီးဘေးကာကွယ်မှုအ အစီအမံတွေမရှိခဲ့သလို မင်္ဂလာဈေးမီးလောင်မှုမှာလဲ
အတူတူပါဘဲ နောက်တစ်ခါ မီးလောင်ပြန်တော့ အထပ်မြင့်အဆောက်အဦးတွေ မီးငြိမ်းသတ်ရေး
အတွက် လုံလောက်တဲ့ ပစ္စည်းကိရိယာတွေ မပြည့်စုံခဲ့ပါဘူး။ (
တကယ်တန်းကတော့နောက်ပိုင်းအထပ်မြင့်အဆောက်အဦတွေဆောက်ရင် မီးဘေးကာကွယ်ရေး
အတွက် သေချာစီမံသင့်ပါတယ် အဓိကအကြောင်းအရင်းက
အဲဒီမီးဘေးကာကွယ်ရေးအစီအမံတွေမရှိလို့
ဆုံးရှုံး ရတာပါ အဲဒါတွေရှိခဲ့ရင် မီးခိုးတွေထွက်လာကထဲက မီးငြိမ်းပြီးသားပါ
တကယ်လို့မငြိမ်းရင်တောင်အထပ်တိုင်းမှာ မီးသတ်ပိုက်တွေရှိရင်ရပါတယ် မီးသတ်ဘူးတွေ
တစ်ဆိုင်မှာ တစ်ဘူးဆိုပြီး နောက်ဆုံး အဲဒီအထပ်မြင့် အဆောက်အဦးတွေမှာ
ကိုယ်ပိုင် မီးသတ်ထပ်ဖွဲ့တောင်ရှိသင့်ပါတယ်ဗျာ )
ထားပါတော့ သောက်ရေတွေပြတ်လပ်တော့လဲ ကျွန်တော်တို့တစ်တွေက တတ်နှိုင်သလောက်
လှူဒါန်းခဲ့ပေမဲ့ ဘယ်နေရာမှာ ဘယ်လောက်လိုတယ် ဘယ်နေရာမှာတော့
ဘယ်လောက်အခက်အခဲဖြစ်နေတယ် ဘယ်နေ့မှာ ဘယ်သူတွေ ဘယ်နေရာကိုသွားမယ်ဆိုတာတွေကို
တစ်ယောက်နဲ့တစ်ယောက် မသိခဲ့ကြတော့ ထိရောက်မှုရှိသင့်သလောက်မရှိခဲ့ဘူးလို့ထင်ပါတယ်။
ဒေသဆိုင်ရာ အာဏာပိုင်တွေကတော့ သူတို့ တတ်နှိုင်သလောက် ပံပိုးပေးနေပါတယ်။ ဒါမေပဲ့
နိုင်ငံတော်မှာ ဒီထက်အရေးကြီးတာတွေကိုလုပ်နေရတဲ့
သူတွေအနေနဲ့ အဲဒီလောက်ဘဲလုပ်ပေးနှိုင်မှာပါ။ ငွေရေးကြေးရေးကလည်း စကားပြောတယ်လေ။
လှူမဲ့တန်းမဲ့ လူတွေလဲ လိုသေးတာပေါ့။
ဒါတွေပြောရင် မောပါတယ် အဲဒီတော့ ကျွန်တော်တို့အနေနဲ့ အဲဒီကိစ္စတွေနောက်ပိုင်းမှာ
ဖြစ်လာခဲ့ရင်
တစ်နေရာထဲကနေ သတင်းတွေသိနှိုင် အဲဒီသတင်းတွေကနေပြီးတော့ လိုအပ်တဲ့
အကူအညီကိုပေးနှိုင်တဲ့ Crisis Management ကိုတကယ်တတ်ကျွမ်းတဲ့သူတွေပါဝင်တဲ့
အဖွဲ့အစည်းကြီးတစ်ခုတော့ရှိသင့်နေပါပြီ
ကျွန်တော်ပြောတာက အစိုးရအဖွဲ့အစည်းကိုပြောတာမဟုတ်ပါဘူး။ကျွမ်းကျင်တဲ့ ခောတ်မှီ
NGO တစ်ခုကိုပြောတာပါ
အစိုးရမှာက လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
ကရှိပြီးသားပါ။
အဲဒီအဖွဲ့ကို ဘယ်လိုဖွဲ့မလဲဆိုတာကတော့ ကျွန်တော်က မစွမ်းနှိုင်ပေမဲ့ ဒီစာကို
ဖတ်မိတဲ့သူတွေထဲမှာ စွမ်းနှိုင်တဲ့သူ
တွေပါနေခဲ့ရင် ဆိုတဲ့ အတွေးလေးနဲ့ ဒီစာကိုရေးလိုက်ရပါတယ်
တကယ်တန်းဆို သဘာဝဘေးအန္တရယ်တွေက လူသားတွေရဲ့ စည်းကမ်းမရှိမှုကြောင့် ထပ်ပြီး
ပေါ်လာဦးမှာ
အသေအချာပါဘဲဗျာ ကျွန်တော်ရေးထားတာတွေက ဆန္ဒစောနေခဲ့တယ်ဆိုရင်လဲ
စေတနာဆန္ဒသာဖြစ်မှာပါဗျာ
မတွေးဝံ့တွေးဝံ့တွေးရရင်တော့ ရေတွေကြီးလာခဲ့ရင်ကော
အခုပြောပြေနေတဲ့ မြစ်တွေကောသွားတဲ့ကိစ္စ
နောက်တစ်ခါ အင်းလေးကန်ကြီးရေခန်းလာတဲ့ကိစ္စ ......ကိစ္စ.........ကိစ္စ
ကျွန်တော်မသိတဲ့ကိစ္စတွေလဲ ရှိနေပါသေးတယ်
ဝါးဘလောက်သောက်မြစ်ကတော့ သေဆုံးသွားခဲ့ပြီလို့သိရပါတယ်

--
You received this message because you are subscribed to the Google Groups "mmFun Club" group.
To post to this group, send email to mmfu...@googlegroups.com.
To unsubscribe from this group, send email to mmfunclub+...@googlegroups.com.
For more options, visit this group at http://groups.google.com/group/mmfunclub?hl=en.

Reply all
Reply to author
Forward
0 new messages