ဆာဂျင်တယောက်အတွက် ချုပ်ကြိုးများ

46 views
Skip to first unread message

Htet Aung (DSMA)

unread,
May 6, 2009, 9:24:39 AM5/6/09
to Myanmar Journal of Surgery
ကျွန်တော်တို့သည် မြောက်မြားစွာသော ကြိုးပေါင်းများစွာကို ချည်နှောင်ရန်
(binding) ၊ ချုပ်ရန်(sewing) ၊ အတွက် အဓိက သုံးစွဲကြသည်။ ကြိုးများသည်
တိုးတက်လျှက်ရှိသော ခွဲစိတ်ပညာရပ်ကြီးတစ်ခုလုံးအတွက် အရေးပါသော
အခန်းကဏ္ဍတွင် ပါဝင်လျှက်ရှိသည်။
ချုပ်ကြိုးများ ဆိုင်းကြိုးများ၏ ကူညီမှုကြောင့် ဘ၀တန်ဖိုး
ပြည့်ဝအောင်ရရှိနေသော လူသန်းပေါင်းများစွာရှိနေသည်ဆိုသည်ကို
ငြင်းချက်ထုတ်၍ မရနိုင်ပါ

ကြိုးထုတ်လုပ်သော ကုမ္ပဏီများသည် တစထက် တစ ပိုမိုစိတ်ချရသော ပြီး
ပိုမိုခိုင်ခန့်သော ၊ ခန္တာကိုယ်မှ တုန့်ပြန်မှုနည်းနိုင်သမျှ နည်းစေသော ၊
ကင်ဆာဆဲလ်များကို လှုံဆော်မှု မဖြစ်စေသော ကြိုးများအား အပြိုင်အဆိုင်
ထုတ်လုပ်လျှက်ရှိသည် .။

ကြိုးများ၏ မျက်နှာပြင် အနေအထားအား စိတ်တိုင်းကျ ထိန်းညှိနိုင်ရန်အတွက်
ကြိုးများ၏ အပေါ်ယံ အလွှာကို လူလုပ် ပစ္စည်းတမျိုး ထပ်မံ ဖုံးအုပ်ခြင်းဖြင့်
စိတ်တိုင်းကျ လိုအပ်သည့်နေရာတွင် ကွက်တိ သုံးစွဲနိုင်ရန်
စီမံထုတ်လုပ်လာကြသည်.။
ကြိုးအများစုအား ဂမ်မာရောင်ခြည်နှင့် ပိုးသန့်စင်ကာ
လေလုံပိုးသန့်အိတ်ဖြင့်ထည့်ကာ ဖြန့်ဖြူးကြသည်။
ကျွန်တော်တို့၏ ခန္တာကိုယ်သည် ပြင်ပမှ အသစ်ဝင်ရောက်လာသော ပစ္စည်းများအား
နည်းအမျိုးမျိုးနှင့် တုံပြန့်လျှက်ရှိသော်လည်း တချို့ နေရာများတွင်
လုံးဝမတုန့်ပြန်ခြင်း (သို့) အနည်းငယ်မျှသာ တုံပြန်ခြင်း
များလည်းရှိတတ်သည်။ လုံးဝမတုန့်ပြန်ခြင်းမှာ ကိုယ်ခံအားကျဆင်းနေ၍
သော်လည်းကောင်း ၊ ၀င်ရောက်လာသော ပစ္စည်းသည် ခန္တာကိုယ်ထဲရှိ
ပစ္စည်းများနှင့် ဆင်တူနေ၍ ကိုယ်ခံအားစနစ် အလုပ်မလုပ် တော့ခြင်း စသည့်
အချက်များကြောင့် ဖြစ်နိုင်သည်.။

သဘာဝပစ္စည်းများ ဖြင့်ပြုလုပ်ထားသောကြိုးများသည် ဓါတ်မတည့်မှုဖြစ်စဉ်များ
အများဆုံး ဖြစ်လေ့ရှိရာ ကြိုးထုတ်လုပ်သူများသည် ခန္တာကိုယ်တုန့်ပြန်မှု
နည်းနိုင်သမျှနည်းစေသော (ခွေးရှိသောအိမ်သို့သွားလျှင် ထန်းလျှက်ခဲ
ဆောင်သွားခြင်းမျိုးကဲ့သို့ ) လူလုပ်ပစ္စည်းများဖြင့် အစားထိုးလာကြသည်။
(ဂရိဘာသာစကားဖြင့်ဆိုသော် Syn=အတူတကွ ၊ thesis=ထားရှိခြင်း)

ကြိုးများကို သဘာဝကြိုးများ (ကြောင်အူ) နှင့် လူလုပ်ကြိုးများ (ပရိုလင်း)
တ၀က်တပျက် လူလုပ်ကြိုးများ စသည်ဖြင့် မူလဇာတိကိုလိုက်၍
အမျိုးအစားခွဲခြားနိုင်သကဲ့သို့ ကြိုးများ၏ အရည်အသွေးအပေါ်မူတည်၍
ခန္တာကိုယ်မှ စုပ်ယူချေဖျက်နိုင်သောကြိုးများ Absorbable
ခန္တာကိုယ်မှ စုပ်ယူချေဖျက်နိုင်ခြင်းမရှိသောကြိုးများ non-absorbable
ဟူ၍လည်း ခွဲခြားနိုင်သေးသည်


ကြိုးအမျိုးအစားအလိုက် မတူညီသော ဂုဏ်သတ္တိများ
၁။ ကြောင်အူ (catgut)
သိုး သို့မဟုတ် နွား ၏ အူနံရံရှိ ကော်လဂျင် အမျှင်များကို လိမ်၍
ပြုလုပ်ထားသည်။ ချုပ်ပြီးအချိန်ကာလတစ်ခုရောက်သည်တွင် ခန္တာကိုယ်၏
တုံပြန်မှုကြောင့် ကြိုး၏ ခံနိုင်ရည်လျှောနည်းလာပြီး များမကြာမီတွင်
ခန္တာကိုယ်၏ ကိုယ်ခံအားစနစ်မှ အပြီးတိုင်စုပ်ယူခြင်းခံလိုက်ရသည်။
(ခရိုးမစ် အက်ဆစ် ပါဝင်ပါက ခန္တာကိုယ်မှ ပိုမိုနှေးကွေးစွာ စုပ်ယူသည်)
ကျွဲ နွားတို့မတဆင့ှ်ကူးစက်တတ်သော ဦးနှောက်ရောဂါတစ်မျိုးကြောင့်
အသုံးနည်းလာကြသည်မှာ ယနေ့ထိတိုင် ဖြစ်သည်.။

လူတို့ပြုလုပ်သည့် စုပ်ယူနိုင်သော ကြိုးများလည်း ပေါ်ထွက်လျှက်ရှိရာ
၎င်းတို့သည် ကြောင်အူများထက် ပို၍ ခံနိုင်ရည်ရှိခြင်း ရောင်ရမ်းခြင်း
တုံပြန်မှုဖြစ်စဉ်များ နည်းခြင်း
တွက်ချက် ခန့်မှန်းထားသော အချိန်အတွင်း တိကျစွာ
စုပ်ယူနိုင်ခြင်းတို့ကြောင့် ပိုမို၍ အကျိုးများပြီး လူကြိုက်များလာကြသည်။
လူလုပ် စုပ်ယူနိုင်သောကြိုးများအနက် တချို့သော အမျိုးအစားများသည်
အခြေအနေတချို့တွင် ခန္တာကိုယ်မှ မစုပ်ယူနိုင်သော ကြိုးများထက်
ပိုမိုခိုင်ခန့်သည် ကိုတွေ့ရသည်။

၃။ မိုနိုဖေးလမန့်ကြိုးများ - ချောမွတ်သောမျက်နှာပြင်ရှိပြီး
တချောင်းတည်းအသုံးပြုထားသည့် လူလုပ်ချုပ်ကြိုးဖြစ်သည်။ polydioxanme /
polyglyconate /glycomer 631/ စသည်ပေါ်လီမာများဖြင့် ပြုလုပ်ထားကြသည်။
ခန္တာကိုယ်တွင်းရှိ နူးညံသော တစ်သျှူးများနှင့် ထိတွေရာတွင် ချောမွတ်သော
မျက်နှာပြင်ရှိသောကြောင့် ပွတ်တိုက်မှုအားနည်းကာ အန္တရာယ် ကင်းဝေးသည်။
၎င်းတို့အား ရောဂါပိုးဝင်နေသော ဒဏ်ရာ များတွင် အသုံးပြုရန်သင့်တော်သည်။
၎င်းတို့၏မျက်နှာပြင်ချောမွတ်မှုကြောင့် ပိုးဝင် တစ်သျှုးအဆွေးများနှင့်
ပွတ်တိုက်မိမှုကြောင့် အမှုန်အမွှားများ (Nidus) ထွက်ကျခြင်းများမှ
ကာကွယ်ပေးသည်။

သို့သော် တဖက်တွင်မှု မျက်နှာပြင်ချောမွေ့ခြင်းကြောင့်
ကျွမ်းကျင်မှုအားနည်းသော ခွဲစိတ်ဆရာဝန်တဦးအနေဖြင့်
ကိုင်တွယ်ထိန်းသိမ်းရန် အခက်အခဲရှိခြင်း ၊ ကြိုးထုံးများ အားနည်း၍
အလွယ်တကူပြေလွယ်ခြင်း စသည်များကိုကြုံတွေ့ရသည်။
ထို့အပြင် ကြိုး၏မျက်နှာပြင် အနည်းငယ်ပျက်စီးသွားသည်နှင့် (ဥပမာ-
ဖော့ဆက်ဖြင့် ခပ်ကြမ်းကြမ်း ညှပ်မိခြင်း ၊ ရှတမျက်နှာပြင်များပေါ်တွင်
ပွတ်ဆွဲမိခြင်း) ကြိုး၏တင်းအား နှင့် ခံနိုင်ရည် များစွာကျဆင်းပြီး
ကြိုးတစ်ချောင်းလုံး ပြစ်ရတတ်လေသည်။


4/ မာတီဖေးလမန့်ကြိုးများသည် ကြိုးမျှင်ပေါင်းများစွာကို စုပေါင်း၍
ထုတ်လုပ်ထားသည် ။ ၎င်းတို့တွင် ပေါ်လီဂလက်တင် ၉၁၀ (vicryl) ၊
ပေါ်လီဂလိုင်ကိုးလစ်အက်ဆစ် (Dexon)
လက်တိုမာ ၉၂၁ နှင့် လက်တိုမာ (polysorb) စသည်တို့ပါဝင်သည်။
၎င်းကြိုးများသည် ခွဲစိတ်ဆရာဝန်အတွက် ကိုင်တွယ်ရလွယ်ကူခြင်း ကြိုးထုံးများ
ခိုင်မာပြီး ခန္တာကိုယ်ထဲတွင် ကာလအတို်င်းအတာ တစ်ခုအတွင်း
မပျက်မစီးရှိနေနိုင်ခြင်းစသည့်ကောင်းကွက်များ ရှိလေသည်း။
သို့သော် ကြိုးများစွာကို စုပေါင်း၍ တကြိုးထဲလုပ်ထားသည်ဖြစ်ရာ
မိုနိုဖေးလမန့်များကဲ့သို့ မျက်နှာပြင်ချောမွတ်ခြင်းမရှိသည့် အတွက်
ပိုးဝင်တစ်သျှုးများနှင့် နူးညံသော တစ်သျှူးများပေါ်တွင်
ဖိဆွဲခြင်းမရှိစေရန် အထူးဂရုပြုရန်လိုအပ်သည်။


5 ခန္ဓာကိုယ်မှ မစုပ်ယူနိုင်သည့် သဘာဝကြိုးများ တွင် ပိုးကြိုးများ
(silk) နှင့် လိုင်နင်တို့ ပါဝင်ပြီး ကြိုးထုံးရလွယ်ကူကာ
ခိုင်ခံမှုစိတ်ချရသောကြိုးများ ဖြစ်သည် ။
အခြားလူလုပ်ကြိုးများတွင် ပေါ်လီအီစတာ ၊ ပေါ်လီပရိုပိုင်လင်းနှင့်
ပေါ်လီအေမိုက်များ ပါဝင်ပြီး ခန္ဒာကိုယ် တစ်သျှူးတုန့်ပြန်မှု
နည်းသောကြိုးများ ဖြစ်သည်။
မိုနိုဖေးလမန့်များမှာ ခိုင်မာသော်လည်း ချောမွတ်ပြီး
ကြိုးထုးံပြည်လွယ်သောခြင်းအပြင် မူလထုတ်လုပ် ထုတ်ပိုးထားသော ပုံစံကို
ပြန်လည်ရောက်ရှိနိင်သော ရုန်းပြန်ဂုဏ်သတ္တိလည်း ရှိသေးသည်။ ထို့ကြောင်
စုပ်ယူနိုင်သော မိုနိုဖေးလမန့်များကဲ့သို့ပင် မစုပ်ယူနိုင်သော
မိုနိုဖေးလမန့်ကြိုးများတွင် လည်း အလားတူအားနည်းချက်များရှိလေသည်။
(ဥပမာ-အပေါ်ယံ မျက်နှာပြင်ပွန်းပဲ့သွားသော မည်သည့် မိုနိုဖေးလမန့်
ကြိုးမဆို အက်ကြောင်းထင်နေသော ဖန်ခွက်တခွက်နှင့် တူပြီး အလွယ်တကူ
ပျက်စီးရန် ရာခိုင်နုန်းများလေသည်)


မာလ်တီဖေးလမန့်များမှာမှု ကိုင်တွယ်ထိန်းသိမ်းရန် ကောင်းမွန်ခြင်း
ကြိုးထုံးကောင်းမွန်ခြင်း စသည့် အကျိုးကျေးဇူးများ ရှိသည်။
စတီး (stainless steel) ဖြင့်ပြုလုပ်သော ကြိုးမျှင်များမှာ ခန္ဒာကိုယ်
တစ်သျှူးတုံပြန်မှု အလွန်နည်းသော်လည်း ကိုင်တွယ်ရာတွင် ပျော့ပြောင်းမှု
မရှိခြင်း နှင့် ကြိုးခေါက်ခြင်း လိမ်ခြင်းများတွင်
အလွယ်တကူပျက်စီးတတ်သောကြောင့် လူသုံးနည်းပါးလျှက်ရှိသည်။


http://mmarmydoctor.ning.com မှကူးယူဖေါ်ပြပါသည်။ မူလ Author
အားကျေးဇူးအထူးတင်ရှိပါသည်။
မူလ Author - တောကျီးကန်း

Reply all
Reply to author
Forward
0 new messages