ခွဲစိတ်ခံပြီး သေဆုံးခဲ့သည့် ကျောင်းသူလေးကိစ္စ
စုံစမ်းရေးအဖွဲ့က စုံစမ်းဖော်ထုတ်မည်
၃၀ နိုဝင်ဘာ ၂၀၀၉
ရန်ကုန်တွင် ပြီးခဲ့သည့် အောက်တိုဘာလ (၂၇) ရက်နေ့က ရွှေ့ဂုံတိုင်ရှိ S S C
အထူးကုဆေးခန်းတွင် အူအတက်ရောင်သည်ကို ခွဲစိတ်ပြီးနောက်
ကွယ်လွန်သွားခဲ့သော အသက် (၁၅) နှစ်အရွယ် (၉) တန်းကျောင်းသူကလေး
မခိုင်ရွှန်းလဲ့ရည်နှင့် ပတ်သက်၍ စုံစမ်းရေးအဖွဲ့ဖွဲ့ကာ တပတ်အတွင်း
စုံစမ်းဖော်ထုတ်မည်ဟု ယနေ့ထုတ် ကျန်းမာရေးဂျာနယ်ဖြစ်သော Health Digest
ဂျာနယ်တွင် ပါရှိသည်။
ယင်းစုံစမ်းရေးအဖွဲ့ကို မြန်မာနိုင်ငံဆေးကောင်စီက
အရေးပေါ်ဖွဲ့လိုက်ခြင်းဖြစ်ပြီး သေဆုံးသွားသော ကျောင်းသူလေး၏
မိသားစုဝင်များကို နိုဝင်ဘာ (၂၆) ရက်နေ့တွင် ခေါ်ယူကာ
အစည်းအဝေးတခုပြုလုပ်ခဲ့သေးကြောင်း ဆေးကောင်စီအဖွဲ့ဝင် ဆရာဝန်တဦးက
ပြောသည်။
ယင်းစုံစမ်းရေးအဖွဲ့တွင် စီမံခန့်ခွဲမှုဆိုင်ရာ ဆရာဝန်ကြီးများ၊
ခွဲစိတ်အထူးကု ဆရာဝန်ကြီးများ၊ ကလေးအထူးကု ဆရာဝန်ကြီးများနှင့်
မှုခင်းဆိုင်ရာဆရာဝန်ကြီးများ ပါဝင်ကြောင်း အဆိုပါဂျာနယ်တွင် ပါရှိသည်။
ပြီးခဲ့သည့် တပတ်ကစ၍ အဆိုပါကျောင်းသူကလေးနှင့်ပတ်သက်သော သတင်းများအား
ဂျာနယ်များတွင် ဖော်ပြခြင်းကို စာပေစိစစ်ရေးက တားမြစ်ထားကြောင်း
ရန်ကုန်စာနယ်ဇင်းအသိုင်းအ၀ိုင်းမှ သိရသည်။
အဆိုပါ ကျောင်းသူကလေး၏သတင်းမှာ ကျန်းမာရေးဂျာနယ်တစောင်ဖြစ်သော Health
Digest ဂျာနယ်တွင် ပါရှိပြီးနောက် လျှပ်တပြက်သတင်းဂျာနယ်က
အသေးစိတ်ရေးသားဖော်ပြခဲ့ကြောင်း၊ ထို့နောက် ၀ိကလီးအလဲဗင်းဂျာနယ်နှင့်
မြန်မာတိုင်းမ်သတင်းဂျာနယ်တို့က ရေးသားသည့်သတင်းများကြောင့်
ရန်ကုန်ပြည်သူများက ကျောင်းသူလေးနှင့်ပတ်သက်၍ သနားကရုဏာပိုကာ
ခွဲစိတ်ဆရာဝန်ကြီးကို ဒေါသဖြစ်လျက်ရှိကြောင်း သိရသည်။
ကျောင်းသူလေး မခိုင်ရွှန်းလဲ့ရည်သည် ပြီးခဲ့သည့် အောက်တိုဘာ(၂၁) ရက်တွင်
စတင်ဖျားပြီး (၂၅) ရက်တွင် S S C ဆေးခန်း သို့ သွားရောက်ပြသရာ
ခွဲစိတ်ကုသမှုခံခဲ့ရကြောင်း၊ (၂၇) ရက်နေ့တွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း
သတင်းဂျာနယ် များတွင် ဖော်ပြသည်။
မခိုင်ရွှန်းလဲ့ရည်အား အောက်တိုဘာ (၂၅) ရက်တွင် ခွဲစိတ်ပြီးနောက်
အောက်တိုဘာ (၂၆) ရက်၊ နေ့လယ်အချိန် ဆေးခန်းတာဝန်ကျဆရာဝန်က လူနာတွင်
သွေးလွန်တုပ်ကွေးရောဂါ ပါလာကြောင်း လာရောက်ပြောဆိုသည်ဟုလည်း
ဂျာနယ်များတွင် ပါရှိသည်။
သေဆုံးသွားသော ကျောင်းသူလေးနှင့် နီးစပ်သည့်အသိုင်းအ၀န်းများ၏
ပြောပြချက်အရ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်နေသည်ကို အူအတက်ရောင်သည်ဟု ယူဆကာ
ခွဲစိတ်လိုက်ကြောင်း သိရသည်။
ခွဲစိတ်ပေးသည့်ဆရာဝန်မှာ အစာအိမ်နှင့် အူလမ်းကြောင်း ခွဲစိတ်ဆရာဝန်
ဦးကြည်စိုးဖြစ်ပြီး S S C အထူးကုဆေးခန်း၏ ရှယ်ယာဝင်တဦးဖြစ်ကြောင်း
သိရသည်။
The New Era Journal http://www.khitpyaingnews.org/news/Nov09/301109d.php
| ကျောင်းသူလေးကို ခွဲစိတ်သည့်ဆရာဝန်ကြီး ဆေးကုသခွင့် (၅) နှစ်ရပ်စဲ |
||
| ||
http://www.scribd.com/doc/24030877/3-Articles-From-Email
ခင်မင်လေးစားစွာဖြင့်
စွမ်းထက်အောင်
On Dec 13, 11:43 pm, "Doctor . Htet Aung" <doctor.hteta...@gmail.com>
wrote: