Re: ဘန်ကောက်တွင် စစ်တပ်နှင့် ဆန္ဒပြသူများ ပဋိပက္ခ အကြီးအကျယ် ဖြစ်ပွား၊ လူ ၂၄ ဦးသေဆုံးပြီး ၁၈၇ ဦးဒဏ်ရာရ

0 views
Skip to first unread message

awm ngai

unread,
May 17, 2010, 9:46:08 PM5/17/10
to min...@googlegroups.com


2010/5/16 long soe <malsa...@gmail.com>



ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်တွင် မေလ ၁၄ ရက်နေ့နှင့် ၁၅ရက် နေ့တို့တွင် ဆန္ဒပြ သူများနှင့် ထိုင်းစစ် တပ်အကြား ပဋိပက္ခအကြီးကျယ် ဖြစ်ပွားခဲ့ရာ ပစ်ခတ်မှုများကြောင့် လူ ၂၄ ဦးသေဆုံးခဲ့ပြီး ၁၈၇ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။ 

 ရှပ်နီများက ဆုတ်ခွာပေးရန် ငြင်းဆန်နေသော မြို့လယ်ခေါင်ရှိ  ၁ ဒသမ ၂ စတုရန်းမိုင်မျှရှိသော နယ်မြေကို သိမ်းယူရန်ထိုင်းစစ်တပ် က ပစ်ခတ်မှုများပြုလုပ်ခဲ့ရာ အသေအပျောက်များပြားခဲ့သည်။ ရှပ်နီတို့က ပြန်လည်တိုက်ခိုက်မှုများလည်း ရှိခဲ့သည်ဟု ထိုင်းစစ်တပ်ကထုတ်ပြန်သည်။ သို့ရာတွင်ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရ၊ သေဆုံးသူအများစုမှာ လက်နက်ကိုင်ဆောင် ထားခဲ့သည်။ ထိုင်းဝန်ကြီးချုပ်အဘ်ဟီးဆစ် ၀ိဇ္ဇာဇီဝက စစ်သည်များ စစ်ဆင်ရေးကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ရှပ်နီလူနည်းစုသည် ဆွေးနွေးရန်မလိုလားဘဲ တိုင်းပြည်ကိုပြည်တွင်းစစ်ဖြစ်စေရန် ဆောင်ရွက်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ ကိုင်တွယ်ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ကြေညာသည်။တွ့ရကြောင်း မျက်မြင်သက်သေများက ဆိုသည်ဟု စီအင်န်အင်န်သတင်းဌာနက ဖော်ပြသည်။

 
ဆန္ဒပြသူများက ဆုတ်ခွာမည့် အရိပ်အယောင် မပြသောကြောင့် အရပ်သားသေဆုံးမှုများမှာ ဆက်လက်မြင့်တက်လာဖွယ်ရှိသည်။ မတ် လ ၁၂ ရက်နေ့ ကစခဲ့သောချီတက် ဆန္ဒပြမှုများမှသည် ထိုင်းတွင် ၁၈ နှစ်အတွင်း အဆိုးရွားဆုံးပဋိပက္ခ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မေလ ၁၃ ရက် နေ့က စတင်ပစ်ခတ်မှုမပြုမီ နှစ်လ အတွင်း၌ပင် လူ ၂၉ ဦးသေဆုံးခဲ့ ပြီး ၁၄၀၀ ခန့် ဒဏ်ရာရခဲ့ပြီးဖြစ်သည်။ အများစုမှာဧပြီလ ၁၀ ရက် နေ့က ထိခိုက်ခဲ့ကြခြင်းဖြစ်သည်။ ၁၄ ရက်နေ့က ဖမ်းဆီးမိခဲ့သည့် ရှပ်နီ ၂၇ ဦးကိုလည်း ထောင်ခြောက်လစီ ချမှတ်ခဲ့သည်။

 

        ၁၄ ရက်နှင့် ၁၅ ရက်နေ့များတွင် ပစ်ခတ်မှုများကြောင့် ဒဏ်ရာရသူ ဂျာနယ်လစ်လေးဦးမျှ ရှိသွားပြီဖြစ် ပြီးပြီးခဲ့သည့်လက တစ်ဦးသေဆုံးခဲ့သည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်က အခြေအနေများကို စိုးရိမ်ပူပန်ကြောင်းပြောကြားခဲ့ပြီး အခြေအနေကိုထိန်းသိမ်းရေး ပြန်လည်တွေ့ဆုံဆွေးနွေးကြရန် တိုက်တွန်းခဲ့ သည်။

 

--
You received this message because you are subscribed to the Google Groups "Haltu Community Group" group.
To post to this group, send an email to hal...@googlegroups.com.
To unsubscribe from this group, send email to haltuca+u...@googlegroups.com.
For more options, visit this group at http://groups.google.com/group/haltuca?hl=en-GB.

Reply all
Reply to author
Forward
0 new messages