Fwd: [mfc] (6 days - Quiet Time by Rick Warren) ပဌနာတော်ကျမ်းစာလေ့လာခြင်း

34 views
Skip to first unread message

Zampa

unread,
Jan 28, 2012, 2:03:09 AM1/28/12
to berna dine, biaktling, bwe law, pu, haltuca, msmon.85, mdy...@googlegroups.com, morris LN, Van Blessing, vanlia...@gmail.com, vanlai...@gmail.com


---------- Forwarded message ----------
From: Simon Role <revsim...@gmail.com>
Date: 2012/1/28
Subject: Re: [mfc] (6 days - Quiet Time by Rick Warren) ပဌနာတော်ကျမ်းစာလေ့လာခြင်း
To: m...@yahoogroups.com


 

thank for sending this message, God bless you and ur family.

2012/1/26 M. Zaw Aung <uzaw...@gmail.com>

 

ငြိမ်ဝပ်စွာနေချိန် ၌ ပဌနာတော်ကျမ်းစာလေ့လာခြင်း (6 days - Quiet Time by Rick Warren)

Monday, 31 January 2011 14:05 Rick Warren
E-mail Print PDF

နိဒါန်း

အခြေနေတိုင်း၊ နေ့ရက်တိုင်း ဘုရားရှင်ကိုသာ အကြီးကြီးဖြစ်စေရမည်။သို့ဖြစ်လျှင် ပြဿနာများသည် ဘုရားရှင်အားဖြင့် သေးသေးသွားလိမ့်မယ်။ Rick Warren ရစ်ဝါရင်၏ Jan 25, 2010 ရက်နေ့   ဆရာကြီးရစ်ဝါရင်၏ နေ့စဉ်မျှော်လင့်ခြင်းတွင် ပဌနာတော်ဟု ကျွန်ုပ်တို့ ခေါ်ဝေါ်သော သခင်ယေရှု၏ ဆုတောင်းနည်း ပို့ချချက်မှာ မဿဲ၆မှ ကျမ်းချက်၆ချက်ကို တစ်ရက်စီ လေ့လာ၊ရှင်းပြသွားပါသည်။ သခင်ခရစ်တော်၏ ဆုတောင်းနည်း သင်ကြားပို့ချမှုအကြောင်း သွန်သင်ထားပါသည်။ ကျွနိုပ်တို့ အမြဲအလွတ်ရွတ်ဆိုနိုင်ကြပါသည်။


ဘာသာပြန်ချက်

၁။ ဘုရားကိုအမြဲသတိရခြင်းဖြင့် တစ်နေ့တာစတင်မှု ဆုတောင်းချက်

"ကောင်းကင်ဘုံ၌ရှိတော်မူသော အကျွန်ုပ်တို့အဘ၊ ကိုယ်တော်၏ နာမတော်ကို ရိုသေလေးမြတ်ခြင်း ရှိပါစေသော်။ နိုင်ငံတော်တည်ထောင်ပါစေသော်။"

နေ့စဉ် ငြိမ်ဝပ်စွာနေချိန် Quiet Time ယူပြီး ဘုရားနဲ့ တစ်နေ့တာကို စတင်ရန်။ ပြဿနာများနဲ့ အပြစ်များအကြောင်း မေ့ထားပြီး ဘုရားရှင်ဟာ မိမိအဘဖြစ်ကြောင်း၊ မိမိကို ချစ်သည်၊ရရုနာထားသည်။ ဂရုစိုက်သည်။ မိမိအတွက် ဘုရားရှင်မတတ်နိုင်တာဘာမှမရှိ ... ဆိုသည်ကိုပဲစဉ်းစားပါ။  "ကိုယ့်ဘာပဲ လုပ်နေပါစေ အဖဘုရားကတော့ မိမိကို ချစ်နေမှာပဲ၊ မိမိအနားမှာ အမြဲထာဝရ၊ အတူရှိနေမယ်" .. သိထားပြီး၊ ဘုရားကို ဗဟိုပြုကာ တစ်နေ့တာ စတင်ရပါမည်။

 

တစ်နေ့တာ အကောင်းဆုံး စတင်ရာတွင် ၂ချက်ရှိပါတယ်။ မိမိဘ၀ပြည့်စုံမှု နဲ့ ဘုရားရှင်ရဲ့စွမ်းအား တို့ဖြစ်သည်။ တို၂ချက်ကို မည်သို့ရယူနိုင်မည်နည်း။

ဘုရားရှင်၏ ချစ်မေတ္တာနှင့် ကြွမ်းဝင်မှုအတွေ့အကြုံမှာ ရပါသည်။ နေ့စဉ် ငြိမ်ဝပ်စွာနေချိန် စတင်ရာတွင် ဘုရားရှင် သင့်ကိုမည်မျှချစ်သည်ကို သတိရပါ။ သတိရပြီးလျှင် ဘုရားရှင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါ။ ဘုရား၏ ချစ်မေတ္တာနှင့်ခွင့်လွှတ်ခြင်း တို့ကို ကျေးဇူးတင်ပါ။ ချီးမွမ်းပါ။...



၂။ ဘုရားထံအပ်နှံခြင်း (လက်မြောက်အရှုံးပေး၊အညံ့ခံခြင်း) ဆုတောင်းချက်

"အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာပြည့်စုံပါစေသော်။ "

သခင်ယေရှုက တပည့်တော်များကို  လက်နက်ချအရှုံးပေးရန်၊ ဆုတောင်းရန်ပြောနေခြင်းပါ။ ဘ၀အသက်တာကို ဘုရားအလိုတော်အတိုင်း အသက်ရှင်ဖို့ ခေါ်နေခြင်းဖြစ်ပါသည်။

ဒုတိယ ဆုတောင်းချက်ကျမ်းပိုဒ်ဖြစ်ပါတယ်။ ၀ိညာဉ်ရေးဆိုင်ရာ အဓိကသော့ချက်ဖြစ်ပါသည်။  "ဘုရားရှင်ကို သင့်ဘ၀အသက်သာ၌ မပါဝင်စေပဲ

ဘယ်လိုလုပ်ပြီး ဘ၀အောင်မြင်မှုရမှာလဲ။ ကျွန်တော့မှာ အကြံရှိပါတယ်.. ဘုရားသခင်လာရောက်ပါ" .. ဟု ဆုမတောင်းပါနဲ့။   "အိုး..ဘုရား၊

ဘုရားရဲ့အကြံတော်များတွင် အကျွန်ုပ်အားပါဝင်စေပါ"  ..လို့ပဲ ဆုတောင်းရပါမည်။ သင့်အကြံကို သင်မပြောလဲ ဘုရားသိပါတယ်။ ဒီတော့ မိမိ ဘာဆိုဘာမှ..  မသိပါဘူး ဟု ဘုရားရှင်ထံ ၀န်ခံပြီး၊ ကျိုးပဲကြေမွသောနှလုံးသားနဲ့ လက်မြှောက်အရှုံးပေး ဆုတောင်းရပါမည်။

ဤသည်မှာ ဆုတောင်းခြင်း၏ တန်ဖိုးဖြစ်သည်။  ကောင်းကင်ဘုံမှတဆင့် မြေကြီးပေါ် အလိုတော်ပြည့်စုံပါမည်။ သင့်အကြံအားလုံးကို ဘုရားရှင်ထံ လက်မြှောက်အရှုံးပေး အပ်နှံလိုက်ပြီး ပြောဆိုရမည်မှာ .. "ဘုရာရှင်... ဘုရား၏ အစီအစဉ်မှာ ကျွန်တော်ပါဝင်လိုပါသည်။ ကျွန်ုပ်အသက်တာကို အပ်နှံပါသည်။ ကျွန်ုပ် လက်များ၊ ဦးခေါင်း၊ နှလုံးသား၊ မျက်လုံး အားလုံးကို ဘုရားအကြံတော်အတွက် အသုံးပြုတော်မူပါ။ ဘုရားရှင် အလိုရှိသလို သုံးပါ။ ကျွန်ုပ်၏  နှုတ်၊လျှာ၊ ခြေထောက်၊ ခန္တာကိုယ် .. အားလုံးပါ"။


၃။ ယုံကြည်ကိုးစားခြင်း ဆုတောင်းချက်


"နေ့စဉ်လိုသောအစာကို အကျွန်ုပ်တို့အား ယနေ့ပေးသနားတော်မူပါ"

ဆုတောင်းသူ၏ ယုံကြည်ကိုးစားမှုဖြစ်သည်။ သင်၏စိုးရိမ်စောင့်ကျမှုအတွက် တစ်ပိုဒ်တည်းနှင့်ယုံကြည်မှုရစေ၍  ဤသို့ ဆုတောင်းလျှင် သင့်စိတ်ဖိစီးမှုများ လျော့ကျသွားသည်ကို ခံစားရမည်။


ဘုရားထံ သင့်လိုအပ်ချက်များကို ပြောပြရန် မကြောက်ပါနှင့်။ ကျွန်ုပ်သားသမီး၊မြေးများကို ကျွန်ုပ်ကို ယုံကြည်ကိုးစားမှုကို ကျွန်ုပ် နှစ်သက်သလို ဘုရားရှင်ကလည်း သူ့သားသမီးများ သူ့အပေါ်ယုံကြည်ကိုးစားမှုကို ကြိုင်္ကနှစ်သက်ပါသည်။


ဘုရားရှင်ကို ယုံကြည်ကိုးစားလျှင် နှုတ်မှပြောရန်မှာ "အိုး..ဘုရားရှင်၊ ကျွန်ုပ်ပန်းကန်တွင် စားစရာများစွာရှိသည်။ ထိုစားစရာများကို ကျွန်ုပ်မလုပ်နိုင်ပါ။ မည်သည့်အရာက အရေးကြီးသည်၊ မည်သည့်အရာမ အရေးမကြီးသည်ကို ကျွန်ုပ်အား သိနားလည်စေပါ။ အရေးမကြီးသောအရာများ မပြီးစီး၊ မရရှိ ဖြစ်နေခြင်းအတွက် ကျွန်ုပ်မစိုးရမ်လိုပါ။"  ဒီကနေ့အတွက် အရေးပါသည့် အရာများကိုသာ ပြီးစီး၊ရယူနိုင်ရေး အာရုံစူးစိုက် လုပ်ကိုင်ဖို့ ခွန်အားပေးတော်မူပါ။ ပြီးစီးရန်လိုအပ်သော ငွေ၊ပစ္စည်း၊ စိတ်အင်အား အားလုံးအတွက် ဘုရားရှင်အကူညီပေးတော်မူရန် ဆုတောင်းပါ။


သခင်ယေရှုက "တစ်လစာ"   "တစ်ပတ်စာ" တောင်းဆိုခိုင်းခြင်းမဟုတ်ပါ။ "တစ်နေ့စာ" အတွက်တောင်းဆိုခိုင်းခြင်းဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ၂၄ နာရီအတွက်သာ ဘုရာရှင်ထံမှ တောင်းဆိုခြင်းဖြစ်သည်။ တနှစ်လုံးကုန်သွားမှ ဘုရားကိုသင်ယုံကြည်ကိုးစားဖို့ မဟုတ်ပါ။ တစ်ရက်အတွင်းတွင် တစ်နေ့တာအတွက်လိုအပ်သော ကျေးဇူးတော်၊ စွမ်းအင်၊ ခွန်အားများကို ဘုရားရှင်ပေးမည်ဖြစ်သည်။


"ငါ၏ဘုရားသခင်သည် ဘုန်းအာနုဘော်၌ စံပယ်တော်မူသော စည်းစိမ်ရှိ သည်အတိုင်း၊ သင်တို့အလိုရှိသမျှတို့ကို ယေရှုရစ်အားဖြင့် ပြည့်စုံစေတော်မူလိမ့်မည်" ဟု ဖိလိပ္ပိ ၄း ၂၅ တွင်ရေးထားသည်။


၎။ ခွင့်လွှတ်ခြင်း ဆုတောင်းချက်

"သူ့တပါးတို့၏ အပြစ်ကို ကျွန်ုပ်တို့ ဖြေလွှတ်သကဲ့သို့ ကျွန်ုပ်တို့၏ အပြစ်များကို ဖြေလွှတ်တော်မူပါ" ပဌနာတော် ဆုတောင်းချက်ပါ။ လူမှုဆက်ဆံရေးအခက်အခဲမှာ သူ့အပြစ်ကိုလွတ်ဖို့အတွက် ဆုတောင်းခြင်းဖြစ်သည်။ သို့မှာသာ ဘုရားရှင်က မိမိအပြစ်ကို လွှတ်ပါမည်။


ပြိုပျက်နေပြီး၊ မပြည့်စုံသော လောကကြီးမှာ နေထိုင်စဉ် အမှန်စင်စစ် ကျွန်ုပ်တို့အားလုံးသည် အတ္တသမားများဖြစ်ကြသည်။ မိမိအကြောင်းပဲ ကိုယ်စဉ်းစားနေကြပါသည်။ သင်လည်း သင့်အကြောင်းပဲ စဉ်းစားနေမှာပါမည်။ ရံဖန်ရံခါ မထင်မှတ်ပဲ သူများကို ထိမိခိုက်မိ လုပ်မိသွားသလို၊ တခါတရံ တမင်သက်သက်ကို ထိမိခိုက်မိ လုပ်လိုက်တာတွေ ရှိပါသည်။ .

ကျွနုပ်သူများကို နာကြင်အောင်လုပ်လျှင် အပြစ်ရှိတယ်လို့ ခံစားရသည်။ သူများက ကျွန်ုပ်ကို နာကြင်အောင်လုပ်လျှင် အနိုင်ကျင့်၊အရှက်ခွဲ ခံရသည်ဟု ခံစားရသည်။ ဘုရားရှင်သည် ဒီလိုခံစားမှု ၂ခုကို မလိုလားပါ။


သင့်ဘ၀ပန်းတိုင်ကို ၀န်ထုတ်ကြီးတွေထမ်းပြီး သွားလျှင် ဘယ်တော့မှ ရောက်မည်မဟုတ်ပါ။ ဘုရားရှင်က သင့်ရဲ့ခွင့်လွှတ်ခြင်းကိုသာ တောင်းဆိုပါသည်။ သင့်ကို နာကြင်အောင်လုပ်သူကို အရင်ခွင်လွှတ်ဖို့ ဆုတောင်းခြင်းပါ။ သို့မှသာ ဘုရားရှင်ရဲ့ ခွင့်လွှတ်ခြင်းကို သင်ခံစားရပြီး ဘ၀ခရီးဆက်ရန်ဖြစ်သည်။

သူ့တပါးရဲ့ အပြစ်လွှတ်ပေးဖို့ပဲ မြဲမြံစွာဆုတောင်းပါ။ ဘုရားရဲ့ခွင့်လွှတ်ခြင်းကိုရပြီး အပြစ်သားဘ၀က လွှတ်မြောက်ပြီး ဘုရားသားအမြဲဖြစ်နေပါမယ်။ သင်သည် သူတပါး၏ အပြစ်များကို မလွှတ်နိုင်သေးသရွှေ့ ထိုဝန်ထုတ်ကြီးကြောင့် ပန်းတုံးတိုင်ကို သွားတဲ့အမြန်နှုံးမှာ တစ်ဝက်ပဲ ဖြစ်နေပါမည်။



၅။ ကွယ်ကာစောင့်ရှောက်မှုအတွက် ဆုတောင်းချက်

"အပြစ်သွေးဆောင်ရာသို့မလိုက်မပါစေပဲ မကောင်းသောအမှုအရာ မှလည်း ကယ်နှုတ်တော်မူပါ"  မဿဲ ၆း၁၃ - ပဌနာတော်ကျမ်းပုဒ်


လူအများမှာ မိမိဘ၀အသက်တာ ပြောင်းလဲမှုတစ်ခုအတွက် အစကောင်းသော်လည်း အဆုံးသတ်မကောင်းကြပါ။ မိမိအသက်တာမှာ ဘုရားရှင်ရဲ့ကွယ်ကာစောင့်ရှောက်ခြင်းအတွက် အဓိကဆုတောင်းချက်ဖြစ်သည်။


ဘ၀ရုန်ကန်မှုများတွင် ဘုရားရှင်အကူညီ ဆိုတာဘာလဲ? မေးခွန်ရှိသည်။ ဥပမာ သင်အကြွေးတင်တင်နေရင် - အကြွေးမှလွတ်မြောက်ရန် လုပ်ဆာင်မှုမှာ .. ဘာကြောင့်အကြွေးတင်ရသလဲ၊ မလိုအပ်ပဲဝယ်လိုက်တာတွေကြောင့်လာ?။ စဉ်းစား၊ရေးချလိုက်ပါ။ ထိုအချက်များမှာ လိုချင်စိတ်ရဲ့ ဆွဲဆောင်မှုများဖြစ်သည်။ နောက်တစ်ဖန် မလုပ်ရန် ဘုရားရှင်သို့ နေ့စဉ်ဆုတောင်းရမည်။


ဘ၀အသက်တာရည်မှန်းချက်ကို စာတန်ဆွဲဆောင်မှုများ ၀င်လာသော်လည်း မိမိရည်မှန်းချက်သို့ ရောက်စေရမည်။ ရောက်ရန်လည်း "ဘုရားရှင် .. ကူညီပါ။ ကယ်မပါ။ မကောင်းသောအမူရာများမှ ကယ်နှုတ်တော်မူပါ။ မှောင်မိုက်တံခိုး နတ်ဆိုးဆွဲဆောင်မှုအောက် မရောက်ပါစေနှင့်" ဟု ကွယ်ကာစောင့်ရှေက်ရန် ဆုတောင်းရမည်။

ဘုရားရှင်ထံမှ ခွန်အားကို တောင်းပါ။ နေ့စဉ်တောင်းပါ။ နေ့တိုင်း လုပ်ဆောင်ရန်အချက်များကို စာရင်းမှတ်ရေးပြီး ပြီးစီးဆောင်ရွက်နိုင်ရန် ပြန်ဖတ်ရှု၊ကြည့်ရှုရင်း နှုတ်မှလည်း "အိုအဖ.. ဒီတစ်နေ့တာ ပြီးမြောက်ရမဲ့ လုပ်ငန်းများကို ဘုရားရှင်မကူညီ၊မကယ်မရင် ကျွန်ပ်ဖာသာ လုပ်ဖို့ မဖြစ်နိုင်ပါ။ အားလျှော့၊ စိတ်ပျက်ဖွယ်၊ အနှောက်အရှက်များ ပေါ်လာရင် ကယ်နှုတ်တော်မူပါ " ဟု ဆုတောင်းပါ။


စွဲကိုင်ရန် ကျမ်းချက် နှစ်ချက်ရှိပါသည်။


ငါ့ကို ခွန်အားနှင့် ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်းနိုင်၏။ ဖိ ၄း ၁၃ ခရစ်တော် သင့်အထဲမှာရှိလျှင် ဘာမဆိုလုပ်နိုင်သော ပါဝါ၊အားအင်များရှိသည်။


လူ၌ဖြစ်တတ်သော စုံစမ်းနှောင့်ရှက်ခြင်းကိုသာ သင်တို့သည်ခံရကြ၏။ ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော် မူသည်ဖြစ်၍၊ သင်တို့မခံနိုင်သော စုံစမ်းနှောင့်ရှက်ခြင်းကို သင်တို့၌ ရောက်စိမ့်သောငှါ အခွင့်ပေးတော်မမူ။ သင်တို့ သည် ခံနိုင်မည်အကြောင်း စုံစမ်းနှောင့်ရှက်ခြင်းအရာနှင့်တကွ၊ ထွက်မြောက်သော လမ်းကိုလည်း စီရင်ပြုပြင်တော် မူလိမ့်မည် ၁ကော ၁၀း ၁၃


ထို့ကြောင့် သင့်ကိုယ်ကိုပြောပါ။ "ငါဟာ ယုံကြည်သူပဲ။ ဒါပေမဲ့ ငါကိုယ်ကို ငါမကူညီ၊မကယ်နိုင်ဘူး" .. သင်ဟာ ထိုကဲ့သို့ အားနည်း၊လဲကျနေသော်လည်း "ငါ လွတ်မြောက်ရာလမ်းကို ပြင်ဆင်ပေးမယ်" ဟု ဘုရားရှင်ပြောထားပြီးဖြစ်သည်။


ဘုရားရှင်က လွတ်မြောက်ရာလမ်းကို ပြင်ဆင်ပေးမည်ဟု ကတိပေးထားပြီးဖြစ်သောကြောင့် ဘုရားရှင်မှာ ကွယ်ကာစောင့်ရှောက်မှုအတွက် နေ့စဉ် ဆုတောင်းပါ။



၆။ အောင်ပွဲခံခြင်း ဆုတောင်းချက်

"နိုင်ငံတော်၊ တန်ခိုးတော်၊ ဘုန်းတော်တို့သည် ကမ္ဘာအဆက်ဆက် ကိုယ်တော်၌ ရှိသောကြောင့်တည်း"  အာမင်။


၅ရက်လုံး ငြိမ်ဝပ်စွာဆုတောင်းခြင်းအတွက် သခင်ယေရှု သင်ကြားပေးသော ဆုတောင်းချက်များ ဖြစ်သည်။ ယခု ၆ရက်မြောက်မှာ အောင်ပွဲခံခြင်း ဆုတောင်းချက်ဖြစ်သည်။ ကျွန်ုပ်သည် အဆုံးသပ်တွင် အောင်နိုင်ခြင်းရရှိသော ယခုဆုတောင်းချက်ကို နှစ်သက်လှသည်။် "နိုင်ငံတော်၊ တန်ခိုးတော်၊ ဘုန်းတော်တို့သည် ကမ္ဘာအဆက်ဆက် ကိုယ်တော်၌ ရှိသောကြောင့်တည်း"  အာမင်။ ... ဖြင့် အဆုံးသပ်သည်။


အရေးကြီးဆုံး အဆုံးသပ်ချက်မှာ နှိုင်ဆမရနိုင်သောအောင်ပွဲအတွက် ဘုရားရှင်ကို ကျေးဇူးတင်ခြင်းဖြစ်သည်။ ဘုရားရှင်ကို နှုတ်ဖြင့်မျြွှတ်ဆိုရမည်မှာ  "အို..အဖ၊ ဒီကနေ့ ဘာလိုပဲဖြစ်နေပါစေ၊ ဒီနေ့အစကို ဘုရားရှင်နဲ့ပဲ စတင်ပါမယ်။ ဘာတွေ အကောင်း၊အဆိုး ဖြစ်လာဦးမယ် မသိပေမဲ့ ကျွန်ုပ်လုံးဝအောင်နိုင်ရပါမယ်။ ကျွန်ုပ်ရဲ့ ကယ်တင်ခြင်းမဆုံးနိုင်တဲ့အတွက်ဖြစ်တယ်" ဟူ၍ ဖြစ်ပါသည်။


တစ်နေ့မှာ ဘာဝေဒနာမှ မခံစားရတော့ဘူး  ဆိုတာကို ကျွန်ုပ် သဘောကျလှပါတယ်။ စိုးရိမ်ကြောင့်ကျမှု၊ အထီးကျန်မှု၊ စိတ်ဖိစီးမှု၊ မနာလိုမှု၊ အရှုပ်အထွေး၊ ၀မ်းနည်းမှု စတဲ့ ကမ္ဘာလောကကြီးရဲ့ ဖြစ်ပျက်ခံစားမှုများဟာ ပျောက်ကွယ်သွားမည်ဖြစ်သည်။ ကျွန်ုပ် ကောင်းကင်ဘုံတွင် စံစားရမည်ဆိုသည့်အချက်ကို မည့်သူမျှမတားဆီးနိုင်ပါ။

ထိုတရားကိုငါ၌ အပ်ပေးတော်မူသည်ဖြစ်၍၊ ငါ့ကိုခွန်အားနှင့် ပြည့်စုံစေတော်မူသော ငါတို့သခင် ယေရှုခရစ်၏ ကျေးဇူးတော်ကို ငါချီးမွမ်း၏။  ၁တိ ၁း ၁၂ ဘုရားရှင်သည် ကွ်ျန်ုပ်ကယ်တင်ခြင်းကို စိတ်ချစေပါသည်။ ထိုအချက်သည် သတင်းကောင်းဖြစ်ပြီး ... ထိုကောင်းမွန်သောသတင်းနှင့် ကျွန်ုပ်၏ ငြိမ်ဝပ်စွာနေချိန် ကို အဆုံးသပ်လိုက်ပါသည်။


Pastor Rick (Daily Devotion)

Jan 30, 2011

မှတ်ချက်။  Pastor Rick Warren (born 1954) သည် အမေရိကန်နိုင်ငံ၊ ကာလီဖိုးနီးယား Saddleback Church အခြေပြုသော ဓမ္မဆရာ၊သင်းအုပ်ဖြစ်သည်။ ဘုရားကိုသာဗဟိုပြုခြင်းများကို အထူးပို့ချ၊ ရေးသားပြီး၊ ဘုရားသခင်ရှိကြောင်း သက်သေခံ၊ ပြောဆိုနေသူဖြစ်သည်။ သူရေးသော Purpose Driven Life (@2001) စာအုပ်မှာ သန်း၃၀ကျော်ရောင်းချရသည်။



--
With Faithfully
Zaw Aung
Mobile: +65 93360662
Email: uzaw...@gmail.com

Grace be with you all

http://www.murann.com/ezine/index.php?option=com_content&view=article&id=409:daily-hope-&catid=5:dailyhope&Itemid=6


__._,_.___
.

__,_._,___

Reply all
Reply to author
Forward
0 new messages