|
ဟန်းဖုန်းသုံးစွဲသူတွေက တခြားသာမန်လူတွေထက် စမ်းသပ်လို့ မပေါ်နိုင်တဲ့ ဦးနှောက်အကျိတ်ဖြစ်နိုင်ပြီး အဆိုးဆုံး က ဦးနှောက်ကင်ဆာအထိ ဖြစ်သွားနိုင်တယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆောင် ၁၊ ၂ မှပါမောက္ခဒေါက်တာဦးချစ်စိုးထံ မှ သိရတယ်။ ဟန်းဖုန်းမှာ ဓာတ်မှန်ရိုက်တဲ့ ဓာတ်ရောင်ခြည်လိုမျိုးပါတယ်။ ပုံမှန်အားဖြင့် အန္တရာယ်မရှိပေမဲ့ ခဏခဏ ဓာတ်မှန် ရိုက်မယ်ဆိုရင် ကြာတဲ့အခါ ကင်ဆာဖြစ်လာနိုင်တယ်။ ဟန်းဖုန်းစသုံးသုံးချင်းဖြစ်တာမဟုတ်ဘဲ ငါးနှစ်လောက်ကြာမှ ဖုန်းရဲ့ ဆွဲအားပြင်းထန်တာကြောင့် ဦးနှောက်ဆဲလ်ရဲ့ ဗီဇပြောင်းလဲလာတာလို့ သိရတယ်။ ပါမောက္ခဒေါက်တာဦးချစ်စိုးက အင်တင်နာတိုင်ပါတဲ့ ဖုန်းတွေကပိုပြီး အန္တရာယ်ရှိတယ်။ ဆွဲအားများလေ အန္တရာယ် များလေပဲ၊ ဦးနှောက်ကပျော့တော့ တော်ရုံတန်ရုံ အလုံးပေါ်လာရင်တောင် ဖြစ်တဲ့နေရာမှာပဲ ချိုင့်သွားတယ်။ အပြင်ကို အလုံး က ပေါ်မလာဘူး။ စမ်းမိလောက်အောင်လဲ မပေါ်ဘူး။ ဦးနှောက်ကင်ဆာက တဖြည်းဖြည်းချင်းမှ လက္ခဏာပေါ်လာတာလို့ ပြောတယ်။ တချို့ အသုံးချမှုနည်းတဲ့နေရာမှာ အကျိတ်ဖြစ်ရင် မသိသာပါဘူး။ ဥပမာ နဖူးနေရာမှာ ဖြစ်နေရင် လက်လှုပ်လို့ရ တယ်။ စကားပြောလို့ရပါတယ်။ ကိုယ်ကိုယ်တိုင်မသိလိုက်ဘဲ အမူအရာပြောင်းလာမယ်။ တစ်ခါမှမလုပ်ဖူးတဲ့ အပြုအမူတွေ လုပ်လာမယ်။ အရှက်အကြောက်နည်းလာမယ်။ ခဏခဏ ခလုတ်တိုက်လာမယ်။ မျက်လုံးဝါးတယ်။ ခေါင်းကိုက်တယ်ဆိုရင် သက်ဆိုင်ရာ ဆရာဝန်တွေနဲ့ စမ်းသပ်စစ်ဆေးမှုပြုလုပ်သင့်ပြီလို့ သူ့အတွေ့အကြုံနဲ့ ယှဉ်ပြီး ပြောပြတယ်။ လိုင်းဆွဲအားကောင်းတဲ့ ဟန်းဖုန်းက အန္တရာယ်ရှိတယ်ဆိုရာမှာ နဂိုမူလဆွဲအားကောင်းတဲ့ ဟန်းဆက်ထက် ဆွဲအား မကောင်းကောင်းအောင် အင်တင်နာတိုင်တပ်ထားတဲ့ ဟန်းဆက်အသုံးပြုတာကို ဆိုလိုတယ်လို့ ပါမောက္ခဒေါက်တာဦးချစ်စိုး က ဆိုတယ်။ အနောက်နိုင်ငံတချို့ မှာ ဖုန်းရဲ့ ကြိမ်နှုန်း(frequency) ကြောင့် ဦးနှောက်ဆဲလ်တွေ ဘာဖြစ်မလဲဆိုပြီး စမ်းသပ်စစ် ဆေးမှုပြုလုပ်ကြတယ်။ အဖြေသေချာရှာမတွေ့သေးပေမဲ့ ဆိုးကျိုးတစ်စုံတစ်ရာရှိနိုင်ခြေများတယ်လို့ နိုင်ငံတကာသတင်းတ ချို့ မှာ ဖော်ပြထားတာတွေ့ရတယ်။ ယခုလက်ရှိ ပြည်တွင်းမှာ ဟန်းဖုန်းအသုံးပြုသူများပြားလာတယ်။ ယခင်က မြန်မာ့ဆက်သွယ်ရေးမှ ဆယ့်ငါးသိန်း တန်ဂျီအက်စ်အမ်ဖုန်းတွေ စတင်ချပေးစဉ်က လူတန်းစားတစ်ရပ်အတွက် သီးသန့်လို ဖြစ်ခဲ့တယ်။ အခုငါးသိန်းတန်စီဒီအမ် အေ၊ ဂျီဖုန်းတွေချပေးလိုက်တဲ့အခါမှာ ဟန်းဖုန်းကိုင်နိုင်သူများလာပြီး ဆက်သွယ်ရေးလွယ်ကူလာတယ်။ ဖုန်းလျှောက်ရတာ လွယ်ကူပြီး ချက်ချင်းရတဲ့အပြင် လက်လှမ်းမီလောက်တဲ့ ဈေးနှုန်းဖြစ်တာကြောင့် ဟန်းဖုန်းကိုင်သူဦးရေများလာတယ်လို့ သိ ရတယ်။ ဖုန်းဟန်းဆက် အရောင်းဆိုင်တစ်ဆိုင်မှ ဆိုင်မန်နေဂျာကို ကိုဝဏ္ဏက အခုချပေးတဲ့ ငါးသိန်းတန်ဖုန်းတွေမှာ အင် တာနက်သုံးလို့ရအောင် ဖွင့်ပေးလိုက်တော့ ပိုသုံးစွဲလာကြတယ်။ အင်တာနက်ကို ရူးသွပ်ကြတာကိုး၊ လိုင်းဆွဲအားလဲ ကောင်း တယ်။ စီဒီအမ်အေ ၈၀၀၊ ၄၅၀ ဟန်းဆက်တွေဆိုရင် နေ့စဉ်အရောင်းရှိတယ်လို့ ပြောပါတယ်။ ဂျီအက်စ်အမ်ဖုန်းက ဆက်သွယ်မှုဧရိယာပြင်ပအရောက်များလာတာ၊ ဆက်သွယ်မှုလိုင်းမအားတာတွေရှိလာလို့ ဂျီ ကိုင်သူအချို့ ကငါးသိန်းတန်စီဒီအမ်အေဖုန်းတွေ တွဲကိုင်တာတွေရှိလာလို ဖုန်းဈေးတွေက ယခင်ကထက် ကျတဲ့အတွက် လူ ငယ်အများစုလက်ထဲမှာ ဖုန်းကိုင်လာနိုင်တာ တွေ့ရတယ်။ အသက်သိပ်ငယ်သူနဲ့ အသက်ကြီးသူတွေမှာ ပြန်ပြုပြင်နိုင်တဲ့ ဆဲလ်တွေ မသန်စွမ်းတော့လို့ ကင်ဆာဖြစ်နိုင်ခြေပို များတယ်။ အခုလို ဟန်းဖုန်းအရမ်းသုံးတဲ့ပုံစံနဲ့ဆိုရင် လူငယ်တွေမှာပါ ဦးနှောက်ကင်ဆာဖြစ်လာနိုင်တယ်။ တကယ်လို့ ကြိုး ဖုန်းရှိရင် ကြိုးဖုန်းကိုပဲ အဓိကအသုံးပြုပြီး ဟန်းဖုန်းက အရေးပေါ်ဆက်သွယ်ဖို့ပဲ ဖြစ်သင့်တယ်။ အပျင်းပြေသုံးတာ မဖြစ်သင့် ဘူး။ ဟန်းဖုန်းကိုတစ်ခါပြောရင် လေးငါးမိနစ်၊ တစ်နေ့လုံးမှ လေးဆယ့်ငါးမိနစ်လောက်ပဲ သုံးဖို့အကြံပြုချင်တယ်လို့ ပါမောက္ခ ဒေါက်တာဦးချစ်စိုးက ဆိုပါတယ်။ |