Fwd: "သစ်ပင်သုံးပင်" -

0 views
Skip to first unread message

Zampa

unread,
Nov 27, 2011, 8:52:13 AM11/27/11
to berna dine, morris LN, mdy...@googlegroups.com


---------- Forwarded message ----------
From: Robert Piltun Thang <piltunt...@gmail.com>
Date: 2011/10/9
Subject: Fwd: "သစ်ပင်သုံးပင်" -
To: hal...@googlegroups.com, thang...@gmail.com, thangm...@gmail.com, ramtu...@gmail.com, than...@gmail.com



 


တခါတုန်းက တောင်ပေါ်သစ်တောရဲ့  တောင်ထိပ်ပေါ်မှာ သစ်ပင်ငယ်လေး သုံးပင် ပေါက်နေတာကိုတွေ့ ရှိရပါသည်။

အဲဒီသစ်ပင်ငယ်လေးသုံးပင်က သူတို့ ရဲ့ မျှော်လင့်ချက် နဲ့ အိပ်မက်များ အကြောင်းကို ဆွေးနွေးနေကြပါသည်။

ပထမသစ်ပင်က ပြောပါတယ်။ တနေ့ မှာ ငါဟာ ဘုရင်များရဲ့ ရတနာသေတ္တာဖြစ်လာပြီး၊ ငါ့အထဲမှာ ရွှေ၊ငွေ၊ ကျောက်သံပတ္တမြားတွေနဲ့ အမြဲပြည့် နေကြောင်း၊ ငါ့အပြင်ဘက်က အသားလွှာကိုလည်း အထူးလှပစွာ ပုံဖေါ်တန်ဆာဆင်ထားတာကို လူတိုင်းတွေ့ ရှိလာကြ လိမ့်မယ်လို့ မျှော်လင့်ကြောင်းပြောပါတယ်။

ဒုတိယသစ်ပင်ကလည်း ပြောပြန်တယ်။ တနေ့ မှာ ငါဟာ ဘုရင်တကာနဲ့ မိဖုရားများကိုသယ်ဆောင်သွားရတဲ့ အင်မတန်ခန့် ငြားထည်ဝါကြီးမားတဲ့သင်္ဘောကြီးတစင်း ဖြစ်လာပြီး၊ ကမ္ဘာကြီးရဲ့ တနေရာကနေ အခြားအစွန်း တနေရာထိ ပင်လယ်ပြင်အနှံ့ ဖြတ်သန်းသွားနိုင်လို့  သူ့ ကိုစီးလာကြတဲ့ လူအများဟာ သူ့ ရဲ့ ကြံ့ ခိုင်တဲ့အင် အားကြောင့် လုံခြုံမှုကို ရကြပါသတဲ့။

တတိယသစ်ပင်ကတော့ ဘယ်မှမသွားချင်ဘဲ တောင်ထိပ်သစ်တောထဲမှာဘဲ အရှည်ဆုံး နဲ့ အဖြောင့်ဆုံး သစ်ပင်ကြီးတပင် အဖြစ်နဲ့ သာကြီးထွားချင်ကြောင်း၊ လူတွေအားလုံးဟာ တောင်ထိပ်ပေါ်မှာရှိတဲ့သူ့ ကိုမြင် ကြပြီး၊ သူ့ ရဲ့ အကိုင်းအဖျားတွေကို ဆက်လက်၍မျှော်ကြည့် တဲ့အခါ၊ မိုးကောင်းကင်ထက်မှာရှိတဲ့ ဘုရားရှင် ကို သတိရလာနိုင်ပြီး၊ ငါ့ ကိုလည်း ဘုရားရှင်နဲ့ အလွန်နီးကပ်စွာ ရောက်ရှိနေသူအဖြစ် သိမြင်လာကြလိမ့် မယ်။ သစ်ပင်တကာတို့ အထဲမှာလည်း ငါဟာအကြီးကျယ်ဆုံး သစ်ပင်တပင်အဖြစ် အမှတ်ရနေကြလိမ့်မယ် လို့ပြောပြန်ပါတယ်။

ဒီလိုနဲ့  သူတို့ ရဲ့ အိပ်မက် ဆန္ဒတွေအတွက်၊ ဘုရားထံမှာ ဆုတောင်းလာကြတာ၊ နှစ်အတန်ကြာတော့ သစ်ခုတ်သမားတဖွဲ့  ဟာ၊ သူတို့ သစ်ပင်တွေစီကို ရောက်လာကြပါရောတဲ့။

သစ်ခုတ်သမားတယောက်ဟာ ပထမသစ်ပင်နားရောက်တော့ "ဒီသစ်ပင်ကိုကြည့် ရတာ အသား အလွန်ကောင်းလို့ လက် သမားဆရာကို ရောင်းချလျှင် ပိုကောင်းလိမ့်မည်"ဟု စိတ်ကူးပြီး၊ သစ်ပင်ကြီးကို ခုတ်ချပါသတဲ့။ ပထမသစ်ပင်ကလည်း၊ လက်သမားဆရာအားဖြင့် ငါဟာ ဘုရင့်ရတနာသေတ္တာဖြစ်လာတော့မည်ဟုထင်ပြီး ပျော်နေပါသတဲ့။

ဒုတိယသစ်ပင်နားရောက်လာတဲ့ သစ်ခုတ်သမားကလည်း "ဒီသစ်ပင်ကိုကြည့် ရတာ အလွန်ခိုင်မည့် ပုံဖြစ်လို့  သင်္ဘောကျင်း ဆရာကို ရောင်းချလျှင် ပိုကောင်းလိမ့်မည်"ဟု စိတ်ကူးပြီး၊ သစ်ပင်ကြီးကို ခုတ်ချပါသတဲ့။ ဒုတိယသစ်ပင်ကလည်း သူဟာ အင်မတန် ခန့် ငြားထည်ဝါကြီးမားတဲ့ သင်္ဘောကြီးတစင်းဖြစ်လာဘို့  လမ်းပေါ်ရောက်လာပြီလို့ နားလည်ပြီး၊ ပျော်ရွှင်နေပါ သတဲ့။

တတိယသစ်ပင်နားရောက်လာတဲ့ သစ်ခုတ်သမားကိုမြင်တော့ တတိယသစ်ပင်က ထိတ်လန့် သွားပါတယ်။ အကြောင်းက တော့ သူခုတ်ချခံရရင်၊ သူ့ မျှော်လင့်ချက် မပြည့် ဝလာနိုင်တော့တာကြောင့်ဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီသစ်ခုတ်သမားက "ငါ့အတွက်တော့ ဘာသစ်ပင်ဖြစ်ဖြစ် အလုပ်ဖြစ်တာပါဘဲ၊ အထွေအထူးလုပ်ဆောင်စရာ မရှိ လို့  ဒီသစ်ပင်ကိုဘဲယူမယ်" ဟုဆိုပြီး၊ တတိယသစ်ပင်ကို ခုတ်ပိုင်းချလိုက်ပါတယ်။

အဲသလိုနဲ့ ဘဲ ပထမသစ်ပင်ဟာ လက်သမားဆရာစီရောက်လာတော့၊ တိရစ္ဆာန်တွေကိုကျွေးဘို့  နွားစား ခွက်အဖြစ် ပြုလုပ်ခံရပြီး၊ စပါးကျီထဲမှာဘဲ ကောက်ရိုးတွေနဲ့ အတူထားခြင်းခံရပါတယ်။ သူဆုတောင်းခဲ့ တာ ဒီလိုမျိုး ဖြစ်လာဘို့ မဟုတ်ဘူးလေ။

ဒုတိယသစ်ပင်ဟာလည်း သေးငယ်တဲ့ တံငါလှေကလေးအဖြစ် ဖြတ်တောက်တည်ဆောက်ခြင်းခံရ ပါတယ်။ သူ့ ရဲ့ မျှော်လင့်ချက်ဖြစ်တဲ့ ရှင်ဘုရင်တွေ နဲ့  မိဖုရားတွေကို သယ်ဆောင်သွားမဲ့ ဧရာမ သင်္ဘောကြီးအဖြစ် အိပ်မက် အဆုံးသတ်သွားရပါသည်။

တတိယသစ်ပင်ကတော့ ကြီးမားတဲ့သစ်တိုင်များအဖြစ် ဖြတ်တောက်ခံရပြီး အမှောင်ထဲမှာဘဲ သီးခြားထား ခြင်းခံရပါတယ်။

ဒီလိုနဲ့  နှစ်များစွာကြာလာတော့ သစ်ပင်တွေဟာ သူတို့ ရဲ့  အိပ်မက်တွေကို မေ့လာခဲ့ပါတယ်။

တနေ့ မှာ အမျိုးသားတဦးနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးဟာ၊ သူတို့ ရှိတဲ့ စပါးကျီကို ရောက်လာပါတယ်။ အမျိုးသမီးက ကလေးမွေးဖွားခဲ့ပြီး၊ သူငယ်ကို နွားစားခွက်ထဲမှာထည့် သိပ်ထားပါသည်။ အဲဒီ နွားစားခွက်ဟာ ပထမသစ်ပင်ကနေပြုလုပ်ထားတာဖြစ်တယ်လေ။ အမျိုးသားကြီးက သူငယ်အတွက် ပုခက်လုပ် ချင်နေတာ ဒီနွားစားခွက်က အတော်ဘဲဖြစ်သွားတာပေါ့၊ အဲဒီကလေးသူငယ်ကို ယေရှု လို့  ခေါ် ကြောင်းသိလာရပါတယ်။

ပထမသစ်ပင်ဟာ ဒီအဖြစ်အပျက်ရဲ့ အရေးကြီးမှုကို ခံစားမိပြီး၊ သူဟာ လောကမှာ အမြတ်ဆုံးရတနာကို ချီပိုက်ထားမိပါလား လို့  နားလည်သွားပါတယ်။

နောက်နှစ်များကြာလာတော့ လူတစုဟာ ဒုတိယသစ်ပင်နဲ့ လုပ်ထားတဲ့ တံငါလှေကို စီးလာကြပါ တယ်။ အဲသည်အထဲက လူတဦးဟာ ပင်ပမ်းပြီး အိပ်ပျော်လာပါတယ်။ ဒီလိုနဲ့ ဘဲ လှေစီးလာကြ ရာမှာ၊ ကြီးမားတဲ့မုန်တိုင်းကြီးတခုနဲ့ ဆုံတော့ ဒုတိယသစ်ပင်က၊ လှေပေါ်ကလူတွေကို ကာကွယ် ပေးနိုင်လောက်တဲ့ခွန်အား သူ့ မှာမရှိကြောင်း စဉ်းစားမိတယ်။ အိပ်ပျော်နေတဲ့သူကို လူ တွေက ဝိုင်းနှိုးကြတယ်။ ထိုသူကို သခင်ယေရှု လို့ ခေါ်ကြတယ်။ သခင်ယေရှုက ထလာပြီး၊ "ငြိမ်လော့"ဟု ဆိုလိုက်တာနဲ့  မုန်တိုင်းကြီး ငြိမ်သက်သွားပါတယ်။

အဲဒီအချိန်မှာ ဒုတိယသစ်ပင်က သူဟာ၊ ဘုရင်တကာတို့ ရဲ့ ဘုရင်ကို လှေနဲ့ သယ်ဆောင်လာပါ လားလို့ သိရှိသွားပါတယ်။

နောက်ဆုံးတော့ တစုံတယောက်ဟာ တတိယသစ်ပင်ကနေလုပ်ထားတဲ့ သစ်တိုင်ကြီးကို လာသယ်ယူပါတော့တယ်။ သူဟာ လူတွေလှောင်ပြောင်ကြတဲ့ လမ်းတလျှောက်လုံးမှာ သစ်တိုင်ကြီးကိုထမ်းလာရပြီး၊ ရပ်နားတဲ့အခါ၊ အဲဒီသစ်တိုင်မှာဘဲ သံမှိုနဲ့ရိုက်ခတ်ခံရပြန်ပါ တယ်။ အဲဒါတင်မကဘူး၊ တောင်ထိပ်ပေါ်မှာ သေတဲ့အထိ၊ လေထဲမှာလွှင့်ထူထားခြင်းကိုပါ ခံရပါတယ်။

တနင်္ဂနွေနေ့ (ထမြောက်တော်မူရာနေ့ )ရောက်တော့၊ တတိယသစ် ပင်က သူဟာတောင်ထိပ်ပေါ်မှာ အခုလိုမားမားမတ်မတ် ရပ်တည် နိုင်ရလောက်အောင်ခိုင်ခန့် ရခြင်းဟာ သစ်တိုင်ပေါ်မှာ အသေ သတ်ခြင်းခံသွားပြီး၊ သုံးရက်မြောက်နေ့ မှာ ရှင်ပြန်ထမြောက်တော် မူခဲ့တဲ့ သခင်ယေရှုဘုရားကြောင့်သာဖြစ်ကြောင်း နှင့် ဘုရားရှင်နဲ့လည်း ပို၍ နီးကပ်လာကြောင်းကို သတိရဆင်ခြင်မိလာ ပါတယ်။

တခါတရံမှာ အရာရာဟာ သင်ဖြစ်စေချင်သလိုဖြစ်မလာတဲ့အခါ၊ ဘုရားရှင်က သင့်အတွက် အကြံအစည်ရှိနေတာကို သတိရလိုက် ပါ။ မိမိရဲ့ အကြံအစည်ကို ကိုယ်တော်ထံ စိတ်ချအပ်နှံထားလိုက်ပါ က ကြီးမားသောဆုကျေးဇူးကို ခံစားရပါလိမ့်မည်။

သစ်ပင်တပင်စီဟာ သူတို့ စိတ်ကူးထားသကဲ့သို့ လိုချင်တာမျိုးကိုရရှိလာခြင်းမဟုတ်ဘဲ၊ သာ၍ကြီးကျယ်တဲ့ ပုံစံနဲ့ ရရှိလာခဲ့ ကြတာ ဖြစ်ပါတယ်။

ကျွန်ုပ်တို့ အတွက် ဘုရားရှင်၏အကြံအစည်တော်ကို ကျွန်ုပ်တို့ သည် အမြဲတမ်းသိနိုင်စွမ်းမည် မဟုတ်ပါ။

နောက်ဆုံးသိလာရတာကတော့ ကိုယ်တော်ရှင်၏အကြံအစည်တော်ဟာ ကျွန်ုပ်တို့ ၏အကြံအစည်နဲ့ မတူပေမဲ့၊ ကျွန်ုပ်တို့  အတွက် အကောင်းဆုံးဆိုတာပါဘဲ။


မှတ်ချက်
forward mail မှ တဆင့်

__._,_.___
 

--
 

--
You received this message because you are subscribed to the Google Groups "Haltu Community Group" group.
To post to this group, send an email to hal...@googlegroups.com.
To unsubscribe from this group, send email to haltuca+u...@googlegroups.com.
For more options, visit this group at http://groups.google.com/group/haltuca?hl=en-GB.

Reply all
Reply to author
Forward
0 new messages