Fwd: [Matu Khihca Groups] ဆီးချိုသွေးချိုရောဂါ အကြိုအဆင့်အကြောင်း သိသင့်သောအချက်များ (Prediabetes)

6 views
Skip to first unread message

Zampa

unread,
Apr 26, 2011, 2:53:16 AM4/26/11
to berna dine, ngen...@gmail.com, bawkhtoimdy, nyeinls, 2ma, mdy...@googlegroups.com, morris LN, msmon.85, sengaunglin, haltuca


ဆီးချိုသွေးချိုရောဂါ အကြိုအဆင့်အကြောင်း သိသင့်သောအချက်များ (Prediabetes)

သွေးတွင်း သကြားဓာတ်က ပုံမှန်ထက် ပိုများနေတာကို ဆီးချိုသွေးချို ရောဂါ
အကြိုအဆင့် (Prediabetes) လို့ ခေါ်ပါတယ်။  ဒီအဆင့်ကို အမျိုးအစား (၂)
ဆီးချိုသွေးချို ရောဂါလို့ မသတ်မှတ်နိုင်ပါဘူး။ ဒီအချိန်မှာ လုံလောက်တဲ့
ထိန်းသိမ်း စောင့်ရှောက်မှု မရှိရင် ဆီးချိုသွေးချိုရောဂါ အကြိုအဆင့်ကနေ နောက်
၁၀ နှစ်လောက် အတောအတွင်းမှာ အမျိုးအစား (၂) ဆီးချိုသွေးချို ရောဂါကို
ဖြစ်လာနိုင်တဲ့ အလားအလာ ရှိနေပါတယ်။ ဒါပေမဲ့ ဆီးချိုရောဂါ အကြိုအဆင့် ကာလမှာ
ကျန်းမာရေးနဲ့ လျော်ညီတဲ့ ဘဝနေထိုင် စားသောက်မှု ပုံစံကို လိုက်နာပေးလိုက်ရင်
သွေးတွင်း သကြားဓာတ်က ပုံမှန် ဖြစ်သွားပါလိမ့်မယ်။

*ဆီးချိုသွေးချိုရောဂါ အကြိုအဆင့်တွင် ပြတတ်သော ရောဂါလက္ခဏာများ*
များသောအားဖြင့် ဆီးချိုသွေးချိုရောဂါ အကြိုအဆင့်ဖြစ်ရင် ဘာလက္ခဏာမှ
မပြသတတ်ပါဘူး။ အသားမာတက်တာလို့ ခေါ်တဲ့ အရေပြားနေရာ အရောင်ရင့်လာတာက
ဆီးချိုသွေးချိုရောဂါ အကြိုအဆင့်ရဲ့ လက္ခဏာတစ်ရပ် ဖြစ်တတ်ပါတယ်။ အသားမာ
တက်တတ်တဲ့ နေရာတွေကတော့ လည်ပင်း၊ ချိုင်း၊ တံတောင်ဆစ်၊ ဒူးနဲ့ လက်ဆစ်တွေမှာ
ဖြစ်ပါတယ်။ ဒါ့အပြင် ရေငတ်တာ၊ ဆီးမကြာခဏ သွားတာ၊ နုံးတာ၊ အမြင်ဝေဝါးတာ စတဲ့
လက္ခဏာတွေလည်း ဖြစ်တတ်ပါတယ်။

*ဖြစ်ရသော အကြောင်းရင်းများ*
ဆီးချိုသွေးချိုရောဂါ အကြိုအဆင့်ဖြစ်ရတဲ့ တိကျတဲ့ အကြောင်းရင်းကို မသိကြပါဘူး။
ဝမ်းဗိုက်အဆီများတာနဲ့ ကိုယ်လက်လှုပ်ရှားမှု နည်းပါးတာ စတဲ့ အကြောင်းတွေနဲ့တော့
ဆက်စပ်နေပါတယ်။

*ဆီးချိုသွေးချိုရောဂါ အကြိုအဆင့် ဖြစ်နိုင်ခြေများသော အကြောင်းရင်းများ*
အမျိုးအစား(၂) ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ခြေများတဲ့ အကြောင်းရင်းတွေနဲ့
ဆီးချိုသွေးချိုရောဂါ အကြိုအဆင့် ဖြစ်နိုင်ခြေများတဲ့ အကြောင်းရင်းတွေက အတူတူပဲ
ဖြစ်ပါတယ်။

*ကိုယ်အလေးချိန် များခြင်း*
ပုံမှန်ထက် ကိုယ်အလေးချိန် များတာဟာ ဆီးချိုသွေးချိုရောဂါ အကြိုအဆင့်
ဖြစ်နိုင်ခြေကို များစေပါတယ်။

*ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်း*
လှုပ်ရှားမှု နည်းပါးလေလေ၊ ဆီးချိုသွေးချိုရောဂါ အကြိုအဆင့် ဖြစ်နိုင်ခြေ
များလေလေ ဖြစ်ပါတယ်။

*အသက်အရွယ်*
ဆီးချိုသွေးချိုရောဂါ အကြိုအဆင့် ဖြစ်နိုင်တဲ့ အန္တရာယ်ဟာ အသက်ကြီးလာလေလေ
ပိုမြင့်မား လာလေလေပါပဲ။ အထူးသဖြင့် အသက် ၄၅ နှစ်ကျော်ချိန်မှာ အဖြစ်များပါတယ်။
အသက်ကြီးလာတဲ့အခါ ကြွက်သားထုထည် ဆုံးရှုံးမှု နည်းတာ၊ ကိုယ်အလေးချိန်
မြင့်တက်တာနဲ့ ကိုယ်လက်လှုပ်ရှားမှု နည်းပါးတာတွေ အဖြစ်များတာကြောင့်ပါ။

*မျိုးရိုးရှိခြင်း*
မိဘ ဒါမှမဟုတ် မောင်နှမတွေမှာ အမျိုးအစား(၂) ဆီးချိုသွေးချိုရောဂါ ရှိရင်
ဆီးချိုသွေးချိုရောဂါ အကြိုအဆင့် ဖြစ်နိုင်ခြေ များပါတယ်။

*ကိုယ်ဝန်ဆောင်စဉ် ဆီးချိုသွေးချိုရောဂါ ရှိခြင်း*
ဆီးချိုသွေးချိုရောဂါ ဖြစ်ခဲ့ပါက နောက်ပိုင်းမှာ ဆီးချိုသွေးချိုရောဂါ
ဖြစ်နိုင်ခြေ များပါတယ်။

*အခြားအကြောင်းရင်းများ*
သွေးတိုးတာ၊ ကောင်းတဲ့ ကိုလက်စထရော (HDL) လျော့ကျတာ၊ သွေးတွင်းမကောင်းတဲ့
အဆီများတာ၊ အိပ်ချိန် နည်းလွန်းတာ စတဲ့ အကြောင်းရင်းတွေဟာလည်း
ဆီးချိုသွေးချိုရောဂါ အကြိုအဆင့်ကို ဖြစ်နိုင်ခြေများစေပါတယ်။

*နောက်ဆက်တွဲ အကြောင်းရင်းများ*
ဆီးချိုသွေးချိုရောဂါ အကြိုအဆင့်ကို ကောင်းကောင်းထိန်းချုပ် ကုသမှု မခံယူပါက
အမျိုးအစား(၂) ဆီးချိုသွေးချို ရောဂါကို ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင်
အမျိုးအစား(၂) ဆီးချိုသွေးချိုရောဂါကြောင့် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ
ပြဿနာတွေကတော့ - သွေးတိုးတာ၊ သွေးတွင်းမကောင်းတဲ့ ကိုလက်စထရော များတာ၊
နှလုံးရောဂါ၊ လေဖြတ်ရောဂါ၊ ကျောက်ကပ်ရောဂါ၊ အမြင်ဝါးတာ စတာတွေ ဖြစ်ကြပါတယ်။
တကယ်လို့ သင့်မှာ ဆီးချိုသွေးချိုရောဂါ အကြိုအဆင့် ဖြစ်နိုင်တဲ့
အကြောင်းရင်းတွေ ရှိနေရင် ဆေးစစ်ဆေးဖို့ ဆရာဝန်နဲ့ တွေ့ဆုံသင့်ပါတယ်။

*ဆရာဝန်နှင့် ပြသင့်သောအချိန်*
ဆီးချိုသွေးချိုရောဂါ မျိုးရိုးရှိရင် ဒါမှမဟုတ် ဆီးချိုသွေးချို ရောဂါလက္ခဏာ
တွေကို ခံစားနေရရင် ဆရာဝန်နဲ့ တွေ့ဆုံပြီး သွေးတွင်း သကြားဓာတ်ကို
စစ်ဆေးသင့်ပါတယ်။ သင့်မှာ အောက်ပါ လက္ခဏာတွေ ရှိနေရင်လည်း သွေးတွင်း
သကြားဓာတ်ကို စစ်ဆေးကြည့်သင့်ပါတယ်။
-ကိုယ်အလေးချိန် များနေရင်၊ အဝလွန်နေရင်
-အသက် ၄၅ နှစ်နဲ့ အထက် ဖြစ်နေရင်
-ကိုယ်ဝန်ဆောင်စဉ်မှာ သွေးတွင်း သကြားဓာတ် များခဲ့ရင် ဒါမှမဟုတ် ကိုယ်အလေးချိန်
ကိုးပေါင်ကျော်တဲ့ ကလေး မွေးခဲ့ဖူးရင်
-သွေးတိုးရောဂါ ရှိရင်
-သွေးတွင်း မကောင်းတဲ့ အဆီ များနေပြီး ကောင်းတဲ့အဆီ နည်းနေရင်
-ညတိုင်းလိုလို အချိန် ငါးနာရီခွဲနဲ့အောက်ပဲ အိပ်စက်ဖြစ်ရင်
-သားဥအိမ်မှာ သားဥ မကြွေနိုင်ဘဲ ရေအိတ်ငယ်တွေ ဖြစ်တည်လာတဲ့ ဟော်မုန်းဆိုင်ရာ
ရောဂါစု (Polycystic Ovary Syndrome) ရှိရင်

*ရောဂါ ကာကွယ်မှု*
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်စားသောက်မှု ပုံစံကို ရွေးချယ်လိုက်နာတာက
ဆီးချိုသွေးချိုရောဂါ အကြိုအဆင့် မဖြစ်အောင်ရော၊ အမျိုးအစား(၂)
ဆီးချိုသွေးချိုရောဂါ မရှိအောင်ပါ ကာကွယ်ပေးနိုင်ပါတယ်။ တကယ်လို့ သင့်မှာ
မိသားစုမျိုးရိုး ရှိနေရင်တောင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဘဝနေထိုင်စားသောက်မှု
ပုံစံကြောင့် ရောဂါ မဖြစ်အောင် ကာကွယ်ထားနိုင်မှာ ဖြစ်ပါတယ်။

*လိုက်နာသင့်တဲ့ နည်းလမ်းတွေကတော့*
- ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရ ပြည့်ဝတဲ့ အစားအသောက်တွေကို စားပါ။ အချိုရည်၊
အဆင်သင့်အစာ (Fast Food) တွေကို တတ်နိုင်သမျှ ရှောင်ပါ။

-လေ့ကျင့်ခန်းများများ လုပ်ပါ။ နေ့စဉ်လုပ်ရတဲ့ လုပ်ဆောင်မှုတွေမှာ ကိုယ်ခန္ဓာ
လှုပ်ရှားဖြစ်အောင် ဆောင်ရွက်ပေးပါ။
-ကိုယ်အလေးချိန် များနေရင် အပို ကိုယ်အလေးချိန်ကို လျှော့ချပါ။

--
Ye' Kyaw Naing
Mandalay

Reply all
Reply to author
Forward
0 new messages