Fwd: ကင်ဆာမဖြစ်အောင်နေထိုင်/စားသောက်နည်း

12 views
Skip to first unread message

Zampa

unread,
Nov 13, 2011, 8:23:30 AM11/13/11
to berna dine, ngen...@gmail.com, morris LN, mdy...@googlegroups.com, msmon.85, sengaunglin, vanlals...@googlemail.com, <pakar>salaikar, waimin chit, winsuh, whiteboy.ch, lonely...@gmail.com

Subject: Fwd: ကင်ဆာမဖြစ်အောင်နေထိုင်/စားသောက်နည်း
To:


ကင်ဆာမဖြစ်အောင်နေထိုင်/စားသောက်နည်း

ကင်ဆာရောဂါရှိနေပြီ ဆိုရင် အရမ်းကြောက်ကြပါတယ်..
ကင်ဆာရောဂါ မဖြစ်အောင် ဘယ်လိုနေထိုင်စားသောာက် ရမယ်ဆိုတာ သိတဲ့သူ နည်းပါးပါတယ်။
HIV ရောဂါပြီးရင် ကင်ဆာရောဂါက အဆိုးဆုံးပါ သေမိန်ကျတဲ့သူနဲ့ အတူတူပါပဲ..ရောဂါက ဆိုးဝါးသလို
ဒီရောဂါတွေရှိနေပြီ ဆိုကတည်းက  စိတ်ဓါတ်ပါကျဆင်းသွားတာက ပိုလို့ ဆိုးပါတယ်
ဘယ်ရောဂါမဆို ဖြစ်မှကုသတာထက် မဖြစ်ခင် ကြိုတင် ကာကွယ်ထားတာက အကောင်းဆုံးပါပဲ
အောက်ပါအချက်အလက်တွေကို တတ်နိုင်သလောက်လိုက်နာပါမိတ်ဆွေ
သင့်ကို ကင်ဆာမဖြစ်အောင် ကာကွယ်ပေးတဲ့ နည်းလမ်းတွေပါပဲ..။
ကင်ဆာရောဂါ ကာကွယ်ကုသရေးမှာ ဆရာဝန်တွေဟာ လူအား ငွေအား တွေအများကြီးသုံးကြပါတယ်။
ဒါပေမဲ့ ကင်ဆာမဖြစ်အောင် ဘယ်လို ရှောင်ရမယ် ဆိုတာ သူတို့ရဲ့ လူနာတွေကို ပြောပြဖို့ကျတော
့ အချိန်သိပ်မပေးတတ်ကြဘူး။ ကင်ဆာဖြစ်နိုင်တဲ့အကြောင်းအရာတွေကို ရှောင်လိုက်ရင်
ကင်ဆာ အန္တရာယ် မှ ၈၀ % လျှော့ချပြီးသားဖြစ်ပါတယ်..။

 
၁။ ဆေးလိပ်၊ ဆေးတံ မသောက်ပါနဲ့။ ပြီးတော့ ဆေးလိပ်သောက်သူတွေနဲ့ ဝေးဝေးနေပါ။

၂။ အဆီပေါတဲ့ ၊ အဆီများတဲ့ အစားအသောက်တွေကိုရှောင်ပါ တတ်နိုင်ရင် မစားတာ အကောင်းဆုံးပါ..။
ဥပမာ-၀က်သားlမလှိုင်lမြေပဲlသီဟိုလ်စေ့

၃။ အသားတွေကို တတ်နိုင်သလောက် လျှော့စားပါ

၎။ အသီးအရွက် အစိမ်း (မချက်မပြုတ်ဘဲ စားလိုရတာ)တွေ အများကြီးစားပါ။
မစားခင်မှာ အသီးအရွက်တွေကို ရေနဲ့ စင်ကြယ်အောင် သေချာ ဆေးကြောပါ..။

၅။ အမျှင်ပါတဲ့ Fiber အစားအသောက် နဲ့ လုံးတီးဆန် ၊ လုံးတီး ဂျုံတို့နဲ့ လုပ်တဲ့ အစားအစာတွေ အများကြီးစားပါ။

၆။ မလိုအပ်ဘဲ ဓာတ်မှန်တွေမရိုက်ပါနှင့်။

၇။ နေပူထဲမှာ အကြာကြီးမနေပါနဲ့။

၈။ လျှပ်စစ်ဓာတ်ကြိုးတွေအောက် ဒါမှမဟုတ် ဓာတ်ကြိုးတွေနဲ့နီးနီးမှာ ၊ ဓာတ်အားပေးစက်ရုံနဲ့ နီးနီးမှာ နေထိုင်တာမျိုး မလုပ်ပါနဲ့ လျှပ်စစ်အသုံးအဆာင် ပစ္စည်းတွေနဲ့ သိပ်ကပ်ပြီး ထိုင်တာ၊ အိပ်တာ တွေ မလုပ်ပါနဲ့။

၉။ အရသာ ထူးကဲစေတဲ့ ထပ်ဖြည့် ပစ္စည်းတွေ အများကြီးပါတဲ့ အစားအသောက်တွေကို ရှောင်ပါ။
ကြာရှည်အထားခံအောင် ဓာတုဗေဒ ဆေးတွေသုံးပြီးပြုပြင်ထားသော အစားအစာ မှန်သမျှကို လုံးဝ မစားပါနဲ့

၁၀။ ကိုယ်အလေးချိန် ကိုထိန်းပါ။

၁၁။ အရက်ကို အနည်းဆုံးဖြစ်အောင်လျှော့သောက်ပါ။
၁၂။ အသားငါး ကျပ်တင်၊ ဆားနယ်၊ ဆားစိမ် ဒါမှမဟုတ် မီးကင်တွေ မစားပါနဲ့။
၁၃။ ကွမ်းစားခြင်းရှောင်ပါ
ခန္ဓာကိုယ်တွင် မည်သည့် အစိတ်အပိုင်းမဆို ကင်ဆာဖြစ်နိုင်ပါသည် .။ သတိထား၍ ရှောင်ရှားနိုင်ကြပါစေ..။
သူငယ်ချင်းအားလုံကို  လေးစားလျှက
အောင်နိုင်သူ



ထာဝရသူငယ်ချင်းများ ၀ှပ်ဆိုဒ်မှ ဆရာ အောင်နိုင်သူ ရေးထားတဲ.စာဖြစ်ပါတယ်။ ကျနော် အတွက်အကျိုးရှိလို. သူငယ်ချင်းများအတွက်လဲ အကျိုးရှိမယ် ထင်လို. ပြန်ပြီး E-mail ကနေ မျှဝေပေးတာဖြစ်တယ်။




Zampa

unread,
Nov 13, 2011, 8:26:13 AM11/13/11
to morris LN, msmon.85, mdy...@googlegroups.com, lonely...@gmail.com, sengaunglin, <pakar>salaikar, sengb, Pum Khat Suanh

--
You received this message because you are subscribed to the Google Groups "Haltu Community Group" group.
To post to this group, send an email to hal...@googlegroups.com.
To unsubscribe from this group, send email to haltuca+u...@googlegroups.com.
For more options, visit this group at http://groups.google.com/group/haltuca?hl=en-GB.

Reply all
Reply to author
Forward
0 new messages